အပိုင်း ၂
Viewers 12k

အတူတူကြီးပြင်းလာသော သူ၏ညီလေးက ကျန်းဇီမော့ကို သဘောမကျကြောင်းစစ်ကျွင်းတောက် သိပေမဲ့ ဘာကြောင့် သဘောမကျလဲတော့ညမသိပေ။ သူအနေနဲ့ ပြောရရင်တော့ ကျန်းဇီမော့က မကောင်းတာလဲမလုပ်ဘူးသလို သူအပေါ်လည်း အမြဲတမ်းကြင်နာလေ့ရှိပေသည်။
စစ်ကျွင်းတောက် ဝမ်မင်ယီ၏လက်ကို အသာပုတ်၍ ပြောလိုက်သည်။ မင်းသူအပေါ်မကောင်းမြင်နေတယ်ဆိုမှတော့ နောက်ဆိုရင် သူနဲ့များများပေါင်းသင်းကြည့်ပါလား...ဒါဆိုရင် သူအပေါ် အမြင်တွေပြောင်းသွားမှာ ပေါ့။
ဝမ်မင်ယီ တအံတသြဖြင့်မျက်လုံးအပြူးသားဖြစ်သွားသည်။ ငါကမကောင်းမြင်တယ်။
ပြီးတော့....
ငါရဲ မကောင်းမြင်စိတ်ကိုပျောက်ဖို့တွက် သူနဲ့များများတွေ့ရမယ်ဟုတ်လား...
ဝမ်မင်ယီ အနေဖြင့်တော့ သူကိုကိုက ဗီလိန်ဇာတ်ညွှန်းကို ကိုင်ပြီး အတွေးလွန်နေသည်ဟုသာ မြင်မိလေသည်။ ဘယ်တော့ကများ ဗီလိန် ဇာတ်ကောင်နဲ့ ဇာတ်လိုက်နဲ့ တည့်တာရှိဘူးလို့လဲ။
ဇာတ်ကောင်တွေက တစ်ယောက်နဲ့ တစ်ယောက် မမြင်ချင်ယောင်ဆောင်ပြီး နေနိုင်တယ်ဆိုရင်တစ်မျိုးပေါ့....
အခု စစ်ကျွင်းတောက်သာ အဝတ်စားလဲပြီး ကျန်းဇီမော့နဲ့သွားတွေ့မယ်ဆိုရင် ဇာတ်ကြောင်းအတိုင်းလိုက်ပြီး နောက်ဆုံးတစ်ယောက်တည်း ကျန်ခဲ့မှာက အသေချာပဲ။
ဝမ်မင်ယီ အရမ်းပင်ပန်းလာသလို ခံစားမိလေသည်။ သူအခုလေးတင် ပြန်လည် နှိုးထလာပြီးကိုယ့်ကိုယ့်ကို ကယ်တင်ခဲ့ရသည်။
အခု အားလုံး အစဉ်ပြေပြီးထင်သည့်အချိန်၌ ကန်းနေသည့်သူ၏ကိုကို ကိုကယ်တင်ရပေဦးမည်။
ဝမ်မင်ယီ မျက်လုံးအားကောင်းပြီး မျက်မှန်တောင် မတပ်ရသေးသည့် စစ်ကျွင်းတောက်ကို စိတ်အချဉ်ပေါက်စွာကြည့်လိုက်သည်။
သူဘာလို့များ အဲလောက်ကန်းရတာလဲ....
တချို့သော သူတွေက မျက်လုံးဖွင့်ထားရဲ့သားနဲ့ မမြင်နိင်ပဲ ကန်းနေကြသည်။ အဲဒါကသူ၏ ကိုကို စစ်ကျွင်းတောက်လို လူမျိုးသာဖြစ်သည်။
"ခဏနေပါဦး....
ကိုကိုက အခုမှ အလုပ်က ပြန်လာတာလေ ကျွန်တော်ကလည်း အိမ်မှာရှိနေတယ်။ အခုမှ ပြန်လည် သင့်မြတ်သွားတာဆိုတော့ ကျွန်တော်တို့နှစ်ယောက့် ဆက်ဆံရေးလေးတိုးတက်သွားအောင်အရင်ဆုံးမလုပ်သင့်ဘူးလား..."
"နောက်တစ်ခေါက်မှ လုပ်ကြတာပေါ့..."
စစ်ကျွင်းတောက် ပြန်ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ....ဒီနေ့ကပိုကောင်းတယ်မဟုတ်ဘူးလား...
အကောင်းဆုံးနေ့ဆိုတာက ဒီနေ့ပဲ..."
"မင်မင် လူတစ်ယောက်က စကားပြောထားပြီးရင် ပြောတဲ့စကားကိုကတိတည်ရဆိုတဲ့ အကြောင်းကို မင်းကိုထပ်သင်ပေးစရာမလိုတော့ဘူးဟု ကိုကိုထင်တယ်..."
စစ်ကျွင်းတောက်က ပြောရင်းဖြင့်ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ ဝမ်မင်ယီက လည်း အနောက်မှ လိုက်လာ၍ အကြံဉာဏ်အကုန်ထုတ်ကာ ထပ်ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော်လည်း လိုက်မယ်...
ကိုကိုပြောတယ်မဟုတ်လား...
ကျွန်တော်ကသူကို မကောင်းမြင်နေလို့ များများထိတွေ့ဆက်ဆံသင့်တယ်လို့လေ။
စစ်ကျွင်းတောက် သူကို သံသယ မျက်လုံးများဖြင့်ကြည့်၍ပြောလိုက်သည်။
"ငါက အဲဒီအကြောင်းပြချက်ကို ယုံမယ်များထင်နေလား..."
"ကိုကို ယုံကြည်ဖို့ကြိုးစားကြည့်လို့ရပါတယ်..."
"ဒာဆိုရင်လည်း ဒီတစ်ခေါက်ဖြစ်စရာမလိုဘူး...
မင်း ပုံစံကိုလည်း ကြည့်ဦးလေ မင်းက စိတ်ပြောင်းလဲပြီးသွားတွေ့မဲ သူနဲ့မတူပဲ ပြဿာရှာဖိူ့သွားမဲသူနဲတူနေတယ်..."
"ကျွန်တော်က အဲလိုလုပ်မဲ့သူလား...
ကိုကိုစိတ်ထဲမှာ ကျွန်တော်ကို အဲလိုလူမျိုးလို့မြင်နေတာလား..."
"မင်းက အဲလိုလူမျိုးပဲမဟုတ်ဘူးလား..."
စစ်ကျွင်းတောက် ဝမ်မင်ယီကို ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
"မင်းက အတိအကျကို အဲလိုလူမျိုးပဲဟာ..."
"ကျွန်တော် ကျိန်ဆို ပါတယ်နော်...
ကျွန်တော် လိမ်လိမ်မာမာလေးနေပြီးတော့ မကောင်းစကားတစ်ခွန်းမပြောပါဘူး..."
ဝမ်မင်ယီက လက်သုံးချောင်းထောင်၍ မိုးကောင်းကင်ကိုတိုင်တည်၍ ကျိမ်ဆိုလိုက်သည်။
ကျွင်းတောက် အခန်းထဲဝင်သွားလိုက်ပြီးနောက် ဝမ်မင်ယီကိဲုဲပြန်လှည့်ကြည့်ကာပြုံးပြလိုက်သည်။ထို့နောက်.သူ့မျက်နှာရှေ့မှာပင် တံခါးကို ဘန်းခနဲမြည်အောင် ဆောင့်ပိတ်လိုက်လေသည်။
ဝမ်မင်ယီ တံခါးကို လှည့်ဖွင့်လိုက်သော်လည်း လော့ချထားကြောင်းသိလိုက်ရလေသည်။
သူစိတ်တိုတိုဖြင့် တံခါးကိုစောင့်ကန်ပြီးအော်လိုက်သည်။
"ဘာလို့တံခါးကိုပိတ်သွားတာလဲ
ကိုကို အင်္ကျီ လဲရုံပဲမဟုတ်ဘူးလား...
ကိုကို ခန္ဓာကိုယ် ကို ကျွန်တော် မမြင်ဘူးလို့လား...
ကျွန်တော်တို့ငယ်ငယ်တုန်းက တူတူရေချိုးခဲ့ကြတာကိုမေ့သွားပြီလား..."
စစ်ကျွင်းတောက်ခပ်တိုးတိုးရယ်လိုက်ပြီး အင်္ကျီချွတ်လိုက်သည်။ သူဝမ်မင်ယီကို ရေချိုးပေးခဲ့သည့်အချိန်ကို မမှတ်မိပဲ နေပါ့မလား။
အခုဆိုးချက်ကတော့ လက်ကုန်ပဲ...
သူ ကောင်းကင်ကို ပစ်ဖောက်တော့မဲ့ ဒုံးပျံလိုပဲ...
စစ်ကျွင်းတောက် ခေါင်းခါရမ်းရင့်း ရုပ်ရှင်ရုံသွားဖိူ့အစဉ်ပြေမည့် အင်္ကျီ ရှာဝတ်ရန် ဗီဒိုတံခါးကိုဖွင့်လိုက်သည်။
ဝမ်မင်ယီ တံခါးကို မှီထားပြီးလက်ပိုက်၍ စောင့်နေလေသည်။မီးပုံဘေးနားမှာ ကစားချင်နေသော သူအကိုကို ဘယ်လိုကယ်တင်ရမလဲ စဉ်းစားနေလေ၏။
အတွေးထဲ နှစ်မြှပ်နေသည့် အချိန်မှာပင် စစ်ကျွင်းတောက်က တံခါးဖွင့်လိုက်သောကြောင့် နောက်ပြန်လှန်ကျလုမတတ်ပင်ဖြစ်သွားလေသည်။သို့သော်လည်း သူ၌ မည်သည့်အကြံမှ ထွက်မလာသေးပေ။
အဝတ် အစားလဲပြီးသွားသော စစ်ကျွင်းတောက်က သူကို ဝမ်းနည်းရိပ်သန်းနေသော မျက်ဝန်းလေးများဖြင့်ကြည့်နေသည့် ဝမ်မင်ယီကို မြင်ပြီးနောက် စိတ်ပျော့ပျောင်းစွာဖြင့်ပြောလိုက်သည်။
"လာ အောက်ကိုဆင်းရအောင် အကိုမင်းနဲအတူတူ ထမင်းစားပေးမယ်..."
"ထမင်းပဲ အတူတူစားပေးမှာလား...
ကျွန်တော်က ရုပ်ရှင်လည်း တူတူကြည့်ချင်တာ..."
ဝမ်မင်ယီ အခွင့်အရေးယူကာ ထပ်ပြောလိုက်သည်။
"ရုပ်ရှင်လက်မှတ်က ဇီမော့ မဲပေါက်ခဲ့တာ လတ်မှတ်က နှစ်စောင်ထဲ အကိုလဲဘာမှမတတ်နိုင်ဘူး..."
"ရုပ်ရှင်လက်မှတ်က ကျွန်တော့်ဘာသာဝယ်နိုင်တယ်လေ..."
ဝမ်မင်ယီ အနေဖြင့် ဒါကပြဿာနာမဟုတ်ကြောင်းတွေးလိုက်လေသည်။
သို့သော်လည်း စစ်ကျွင်းတောက်က သူဘယ်လိုပြေဲာပြောလက်မခံပေ။
ဝမ်မင်ယီ ဒေါသချောင်းချောင်းထွက်လာတော့သည်။ ကျွန်တော်ရဲ့ တုံးအတဲ့ အကိုကြီးရေ ဘယ်လိုဖြစ်လို့အဲလောက်တောင်များတုံးအနေရတာလဲ မီးပုံထဲက ကယ်ဆယ်ဖို့ ခက်လိုက်တာ ကျန်းဇီမော့ဆီက ဆေးများမိထားတာလား။
ဝမ်မင်ယီ စိတ်ပျက်လက်ပျက်ဖြင့် ထမင်းစားပွဲမှ ထိုင်၍သူကိုစိုက်ကြည့်နေလိုက်သည်။
စစ်ကျွင်းတောက်က တူတူစားပေးမည့်ဟုပြောခဲ့သော်လည်း တစ်ကယ်တမ်းတစ်လုတ်နှစ်လုတ်မျှသာ စားခြင်းဖြစ်သည်။သူက ခဏမျှကြာ၌ နာရီကိုကြည့်လိုက်ပြီးနောက် ကိုးနာရီထိုးခါနီးပြီဖြစ်သောကြောင့်အိမ်မှ ထွက်ရန်ပြင်လိုက်သည်။
ဝမ်မင်ယီ စားနေသည်ကိုရပ်ထားပြီး ချက်ချင်းပဲပြောလိုက်သည်။
"ကျွန်တော် ခေါင်းတွေကိုက်နေတယ်..."
ထို့နောက်သူ ခေါင်းကိုတစ်ချက်နှစ်ချက်မျှနှိပ်ပြလိုက်သည်။
စစ်ကျွင်းတောက်ကသူ၏ ဟန်ဆောင်နေမှန်းသိသာလွန်းသည့်ပုံစံကိုကြည့်၍ပြောလိုက်သည်။
"မိသားစု ဆရာဝန်ကိုခေါ်လိုက်..."
ဝမ်မင်ယီက စစ်ကျွင်းတောက်၏ လက်မောင်းကိုဆွဲလိုက်ပြီး သနားစရာကောင်းစွာပြောလိုက်သည်။
"မိသားစုဝင်တစ်ယောက်ကအနားနားမှာရှိနေပေးဖို့လိုတယ်လေ..."
စစ်ကျွင်းတောက် ကလည်း မယိမ်းယိုင်ပဲ ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် သူလက်မောင်းကိုပြန်ဆွဲ၍ပြောလိုက်သည်။
"ဒါဆို ရင်လည်း မင်းရဲ့အဖေဒါမှမဟုတ် မင်းရဲ့အမေကိုခေါ်လိုက်..."
"ကျွန်တော်က ကိုကိုရဲ့ ဂရုစိုက်မှုကိုပဲလိုတာလေ..."
"ကောင်းကောင်းအနားယူပြီး ရေများများသောက် ကိုကို မကြာခင်ပြန်လာခဲ့မယ်..."
ဝမ်မင်ယီ သူ၏လက်မောင်းကို အတင်းဆွဲ၍တွယ်ကပ်စွာပြောလိုက်သည်။
"ဘယ်လိုပဲ ဖြစ်ဖြစ် ကိုကို ကျွန်တော်ကို ခေါ်သွားရင်ခေါ်သွား ဒါမှမဟုတ် ကိုကိုမသွားရဘူး...ကိုကိုတစ်ခုရွေးလိုက်..."
ဝမ်မင်ယီက ၁၈နှစ်နှင့်မတူပဲ ၈နှစ်သားနဲ့ပိုတူလာသည်ဟု စစ်ကျွင်းတောက် ခံစားလိုက်ရသည်။သူဝမ်မင်ယီ၏ ပုခုံးကိုအသာပုတ်၍ပြောလိုက်သည်။
"လိမ်မာပါတယ်....လက်လွှတ်လိုက်နော်..
"
သို့သော် လည်း ဝမ်မင်ယီ ကလုံးဝမလွှတ်ပေးသောကြောင့် သူ၏လက်ကိုအတင်းကိုဆွဲထုတ်၍ထပ်ပြောလိုက်သည်။
"စိတ်အေးအေးထား ကောင်းကောင်းနေ ဟုတ်ပြီလား...
ရုပ်ရှင်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်..."
သူဘယ်လိုလုပ်ပြီး စိတ်အေးအေးထားနိုင်မှာလည်း...
စစ်ကျွင်းတောက် တံခါးပေါက်ဝသို့ လျှောက်သွားသည်ကိုမြင်လိုက်သည်နှင့် ဝမ်မင်ယီ အနောက်ကနေချက်ချင်းပဲလိုက်လာခဲ့သည်။သို့သော်လည်း သူ ခန္ဓာကိုယ် ကတစ်ခုခုမှားနေသည်ကိုခံစားလိုက်မိ၏။ သူ မည်သို့မျှ မတုန်ပြန်နိုင်ခင်မှာပင် နီးကပ်နေသော ကြမ်းပြင်ကိုတွေ့လိုက်ရသည်။
သူခေါင်းမော့ကြည့်လိုက်သည့်အချိန်၌ ခပ်လှမ်းလှမ်းတွင်ရှိနေသော စစ်ကျွင်းတောက်ကို မြင်လိုက်ရပြီးနောက် လှန့်ဖြန့်သွားကာ နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်မိသည်။
ဒီလူ့ဘီလူးကြီးကဘယ်ကရောက်လာတာလဲ...
ကိုကိုက ဘယ်လိုဖြစ်လို့အဲလောက်အကောင်ကြီးသွားတာလဲ...
သူ၏ အနီးမှ ရုတ်တရက်ကြီးလူကောင်ကြီးသွားသော စစ်ကျွင်းတောက်ကို ကြောင်အမှင်သက်စွာကြည့်နေမိသည်။
မျက်တောင်တစ်ခတ်စာ အချိန်တိုအတွင်းဘယ်လိုလုပ်အဲလောက်လူကောင်ကြီးသွားတာလဲ...
သူ မသင်္ကာစွာဖြင့် ဘေးနားမှပစ္စည်းများကိုဝေ့ဝဲကြည့်လိုက်သည်။
သောက်ကျိုးနည်း...
ဧရာမ ကော်ဖီစားပွဲကြီး...
ဧရာမ ဆိုဖာကြီး.....
မတရားကြီးတဲ့ TV ကြီး...
တအားရှည်နေသည့်ကြောင်လိမ်လှေကားကြီး...
ဝမ်မင်ယီ ကြောက်အားလန့်အားဖြင့် သူကိုယ့်သူပြန်ကြည့်လိုက်သည့်အချိန်၌ ဖြူဖွေးပြီး အမွှေးပွပွနှင့် ချစ်ဖို့ကောင်းသည့်ကြောင်လက်လေးနှစ်ဖက်ကိုတွေ့လိုက်ရသည်။
လခွမ်း....
ဒါက ဘယ်လိုဖြစ်သွားတာလဲဟ...
ဝမ်မင်ယီ အော်ပြောလိုက်သော်လည်း.
. 'မြောင်...မြောင်...မြောင် 'ဟူသည့် အသံကိုသာကြားလိုက်ရလေသည်။
မြောင် မြောင် မြောင်....

စစ်ကျွင်းတောက် ခေါင်းငုံပြီး ဖိနပ်စီးတော့မည့်အချိန်မှာပင် ကြောင်အော်သံကိုကြားလိုက်ရသည်။
ထူးဆန်းလိုက်တာ အိမ်မှာလဲ ကြောင်မမွေးထားပဲနဲ့ ဘယ်ကကြောင်အော်သံရောက်လာတာလဲ....
သူ တွေ့းလိုက်မိသည့်အချိန်မှာပင် ကြောင်အော်သံက်ု ပို၍ထင်ထင်ရှားရှားကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်လေရာ အဝါရောင်ကြောင်လေးတစ်ကောင်က တမြောင်မြောင်အော်ရင်း သူဆီသို့တန်းတန်းကြီးပြေးလာလေသည်။ ဒီကြောင်လေးက ရုတ်တရက်ကြီးဘယ်ကရောက်လာတာလဲ။စစ်ကျွင်းတောက် နားမလည်နိုင်ဖြစ်နေမိသည်။
ဝမ်မင်ယီ သူကိုကိုပေါ်ကို ခုန်တတ်လိုက်ပြီးနောက် သူကိုယ့်သူနှင့် သူကိုကို ကိုတစ်လှည့်ဆီကြည့်လိုက်သည်။
"ကျွန်တော်က ဘယ်လိုဖြစ်ပြီး ကြောင်ဖြစ်လာတာလဲ...
ကိုကို ကျွန်တော်ကြောင်မဖြစ်ချင်ဘူး..."
သို့သော်လည်း စစ်ကျွင်းတောက်ကြားနေရသည်က မြောင် မြောင် မြောင်...
ဝမ်မင်ယီ ငိုချင်လာမိပေသည်။ သူလက်အဖြစ်နေနေတာအကောင်ကြီးကနေ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြောင်ဖြစ်သွားရတာလဲ။
ကြောင်လေးတွေကချစ်ဖို့ကောင်းတယ်ဆိုပေမဲ့လည်း သူက လူဖြစ်ရတာပဲ ကြိုက်တယ်လေ။
ဝမ်မင်ယီ စိုးရိမ်တကြီးဖြင့် စစ်ကျွင်းတောက် ၏ဘောင်းဘီအစကို ကိုက်ထားလိုက်သည်။
မသွားရဘူး....
ကျွန်တော်က ဒီလိုမျိုးဖြစ်နေတာတောင် ကိုကိုက ကြာပန်းဖြူကောင်နဲ့ သွားပြီးအကြည်ဆိုက်ချင်တာလား။
သွားမတွေ့ရဘူး။
ကျွန်တော်ကိုပဲ ကြည့်နေ...
စစ်ကျွင်းတောက် ကြောင်အဝါလေးကို ကြည့်ပြီး ဘယ်သူမှ ရှိမနေသော ဧည့်ခန်းကိုတစ်ချကဝှေ့ကြည့်လိုက်သည်။
ဝမ်မင်ယီက ရုတ်တရက်ကြီးပျောက်သွားတယ်။သူခုနလေးတင် ဒီမှာရှိနေတာလေ။ ဘယ်လိုလုပ်ပျောက်သွားတာလဲ...
အပေါ်ထပ်ကိုတတ်သွားတာလား။
ဒါပေမဲ့ခြေသံလည်းမကြားမိပါဘူး။
သူ မင်မင်ဟုအော်လိုက်သည်။
သူခြေထောက်နားက ကြောင်ဝါလေးကလည်းချက်ချင်းပင် မြောင်လို့ တုန့်ပြန်လာသည်။
စစ်ကျွင်းတောက် ငုံကြည့်လိုက်သည့်အချိန်၌ ထိုကြောင်လေးက သူ၏ ဘောင်းဘီစကိုလွှတ်လိုက်ပြီး မြောင်လို့အော်ပြီးနောက် ချက်ချင်းပင် ဘောင်းဘီစကိုကိုက်ထားကြောင်းတွေ့လိုက်ရသည်။
စစ်ကျွင်းတောက် သူခြေထောက်နားကကြောင်လေးကိုသေချာစွာကြည့်လိုက်သည်။ကြောင်လေးက အကောင်သိပ်မကြီးပဲ သူလက်မောင်းတစ်ဝက်စာမျှသာရှိသည်။သူရဲ့အ ဖြူနဲ့အဝါကြားအမွှေးလေးတွေ ကနူးညံပြီး ခပ်ပွပွလေး ဖြစ်နေသည်။ ပြီးတော့သူ၏ မျက်နှာဝိုင်းဝိုင်းလေးပေါ်၌ နားရွက်လေးများကလဲထောင်နေသည်။
အဖြူရောင်နှုတ်ခမ်းမွှေးများကလည်း သူ၏ ဘောင်းဘီစကိုကိုက်ထားသောကြောင့် လှုပ်တုပ်တုပ်ဖြစ်နေသည်။
ထိုပုံစံလေးက အရမ်းချစ်စရာကောင်းနေလေသည်။
ထိုအဖြူရောင်ကြားကောင်လေးကိုသူတစ်ခါမျှမမြင်ဘူးကြောင်းသေချာပေသည်။ သို့သော်လည်း ထိုကောင်လေးက သူအိမ်ထဲသို့ရောက်နေကာသူဘောင်းဘီကိုကိုက်ထားနေလေသည်။
တစ်ချိန်ထဲမှာပင် သူအနောက်၌ ရှိနေသင့်သော ဝမ်မင်ယီကလည်းပျောက်သွားခဲ့သည်။စစ်ကျွင်းတောက် ခေါင်းနည်းနည်းပူလာသလိုပင်ခံစားလိုက်ရသည်။
ဘာသာမဲ့တစ်ယောက် ဖြစ်ပြီး သိပ္ပံပညာကိုသာ ယုံကြည်သောသူတစ်ယောက်အနေဖြင့်သူ၏အသိပညာများအားလုံးကိုစွန့်လွှတ်ရမလိုပင်ဖြစ်နေသည်။သူကြောင်လေးကို ငုံကိုင်း၍ပွေ့ချီလိုက်သည်။
ဝမ်မင်ယီ ကြမ်းပြင်နှင့်တဖြေးဖြေးဝေးလာသည်ကိုသိလိုက်ပြီးနောက် ပထမဆုံးကြောက်လန့်သွားသည်။သို့သော်လည်း စစ်ကျွင်းတောက် ၏လက်မောင်းကြားထဲကျရောက်သွားသည်ကိုသိပြီးနောက် သူသက်တောင့်သက်သာဖြစ်သွားလေသည်။
ဟုတ်ပြီလေ ကိစ္စတွေက ဒီလိုတောင် ဖြစ်သွားပြီးဆိုမှတော့ ကိုကိုအိမ်မှာပဲနေဖို့သေချာသွားပြီ။
သူ သူကိုယ့်သူ နှစ်သိမ့်တွေးတွေးလိုက်သည်။
ကျွင်းတောက် သူလက်ထဲကကြောင်လေးကိုကြည့်၍မင်မင်ဟုခေါ်ကြည့်လိုက်သည်။
ကြောင်လေးကလည်း သူကိုပြန်ကြည့်၍မြောင်မြောင်ဟုတုန့်ပြန်လာလေသည်။
သူ မယုံနိုင်စွာဖြင့် အပေါ်အောက် ရှိသမျှအခန်းတိုင်းကိုလိုက်စစ်လိုက်သေးသည်။
ဝမ်မင်ယီသူကိုသတိပေးလိုက်သည်။
ထပ်ရှာမနေပါနဲ့တော့ ကိုကိုရေ ကျွန်တော်ကဒီမှာပာဗျ...
တကယ်လို့ ကျွန်တော် နောက်တစ်ယောက်ကိုသာရှာတွေ့ရင် ကိုကိုပိုပြီးတော့ အံအားသင့်စရာကောင်းသွားလိုက်မယ်....
ဟုတ်ပြီလား.....
ဝမ်မင်ယီကို ရှာမတွေ့သောကြောင့် စစ်ကျွင်းတောက် ကြောင်ကလေးကိုထပ်ကြည့်၍ပြောလိုက်မိဲပြန်သည်။
"မင်းက ဝမ်မင်ယီလား..."
ကြောင်ကလေးက သက်ပြင်းတစ်ချက်ချလိုက်ပြီးမြောင်ဟုပြန်ဖြေလာလေသည်။
"ကျွန်တော်ဒီမှာပါ...မြောင် မြောင်..."
စစ်ကျွင်းတောက် တစ်ချက်မျှစဉ်းစားပြီးနောက် ထပ်မံစမ်းသပ်ရန်ပြင်လိုက်သည်။
"ကျန်းဇီမော့ ...."
ဝမ်မင်ယီ သူ၏ကြောင်လက်ကလေးကိုမြှောက်လိုက်ပြီး အားပြင်းပြင်းနဲ့ရိုက်ချလိုက်သည်။
"ခင်ဗျားကပဲ ကျန်းဇီမော့ ခင်ဗျားတစ်မိသားစုလုံးက ကျန်းဇီမော့
ကျွန်တော်က ဒီလို ဖြစ်သွားတာတောင် ခင်ဗျားက ကျန်းဇီမော့ကိုသတိရနိုင်သေးတယ်ပေါ့လေ..."
ကြောင်လေးက ထပ်၍မြောင်ဟုအော်ရမည့်အစား သူကိုစိတ်ဆိုးမာန်ဆိုးဖြင့်ရိုက်လာသည်ကိုတွေ့လိုက်ရသည်။
စစ်ကျွင်းတောက် တကယ်ကို စိတ်ပင်ပန်းလာသည်။ သူအခန်းထဲရှိဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး ဝမ်မင်ယီဖြစ်နိုင်သည့်ကြောင်လေးကိုကြည့်လိုက်သည်။
ဆယ်စုနှစ်တစ်ခုစာသူသင်ယူလာခဲသော အတွေးအခေါ် ဒသန ပညာများအားလုံး ပလုံသွားသလိုပင်ခံစားလိုက်ရသည်။
စစ်ကျွင်းတောက် ဖုန်းထုတ်လိုက်ပြီး ကျန်းဇီမော့ကိုခေါ်လိုက်ကာ သူအလုပ်ရှိ၍ မလာနိုင်တော့ကြောင်းနှင့် နောက်တစ်ခုမှ လက်မှတ်ဝယ်ပြီး ရုပ်ရှင်ကြည့်မည့်အကြောင်း ပြောလိုက်သည်။
ကျန်းဇီမော့...."ဘာဖြစ်လို့လဲ အရမ်း အရေးကြီးတဲ့ကိစ္စမို့လို့လား...
တကယ်လို့ အရေးမကြီးဘူးဆိုရင် မနက်ဖြန်မှ လုပ်လို့မရဘးလား..."
စစ်ကျွင်းတောက်သူ၏ အင်္ကျီကို လက်သည်းလေးများဖြင့် ကုတ်ကပ်တွယ်ကာ နားတစ်စွင့်စွင့်ဖြင့်နားထောင်နေသော ကြောင်လေးကိုကြည့်လိုက်သည်။
စစ်ကျွင်းတောက်ကြောင်လေး၏ ခေါင်းကိုပုတ်လိုက်သည်။သူက ကြောင်အဖြစ်ပြောင်းသွားပြီးတာတောင်မှ ကျန်းဇီမော့၏အကြောင်းကိုပူပန်နေသေးသည်ကိုကြည့်ပြီး ရယ်ချင်စရာကောင်းသည်ဟုတွေးလိုက်မိသည်။
ဝမ်မင်ယီ စူပုတ်ပုတ်ဖြင့် သူခေါင်းကိုပွတ်နေသော လက်ကိုပုတ်ထုတ်လိုက်ပြီး မကြိုက်ကြောင်းပြောလိုက်သည်။
မြောင် ကျွန်တော်ကို ပွတ်သပ်နေတာရပ်ပြီးတော့ စကားကိုသေချာပြောပါ...
ကျွန်တော်က အဲကြာပန်းဖြူကောင်ဘာပြောမလဲဆိုတာကိုသိချင်နေပြီ...
စစ်ကျွင်းတောက်သက်ပြင်းတစ်ချက်ချ၍ ပြန်တုန့်ပြန်ပြောလိုက်သည်။
"အဲဒါကအရေးကြီးတယ်...ဆောရီးပါ
နောက်တစ်ခါ မှပဲတွေ့ကြရအောင်..."
ကျန်းဇီမော့တစ်ယောက် သူကိုဖိအားပေးလို့လဲမရသောကြောင့်ကိစ္စမရှိပါဘူးဟုသာပြောလိုက်ရသည်။
သူခဏမျှဖုန်းပြောပြီးနောက် မချချင်ချချင်ဖြင့် ဖုန်းချလိုက်ရသည်။
ပြီးနောက်သူခဏမျှ စဉ်းစားလိုက်ပြီး ဝမ်ပေါ်ကိုဖုန်းခေါ်လိုက်သည်။
"ဝမ်ပေါ်အခုအားလားဟင်
ငါနဲ့အတူ ရုပ်ရှင်အတူသွားကြည့်ရအောင်လို့ မင်းကိုခေါ်ချင်လို့..."
"ဘာလို့ရုတ်တရက်ကြီး ရုပ်ရှင်ကြည့်ဖို့ ကိုယ့်ကိုခေါ်ချင်သွားတာလဲ...
မင်း စစ်ကျွင်းတောက်ကိုမခေါ်ဘူးလား..
."
ဝမ်ပော်ရယ်မောရင်းဖြင့်မေးလိုက်သည်။
" ဘာလို့မင်းအဲလိုမေးရတာလဲ...စစ်ကျွင်းတောက်ရော မင်းရောက ငါရဲ့သူငယ်ချင်းတွေလေ ငါကရုပ်ရှင်ကြည့်ဖို့ခေါ်လို့မရဘူးလား..."
"မဟုတ်ပါဘူး... အဲလိုမဟုတ်ပါဘူး ဘယ်နေရာမှာလဲ...
ဘယ်အချိန်လဲ..."
ဝမ်ပေါ်သူစိတ်ဆိုးပြီးစိတ်ပြောင်းသွားမည်စိုးသောကြောင့်မြန်မြန်မေးလိုက်သည်။
ကျန်းဇီမော့..." ၉နာရီ ၅၀မှာပိုလန်ရုပ်ရှင်ရုံမှာတွေ့မယ်..."
ဝမ်ပေါ်..." ဟုတ်ပြီ...ကိုယ်အခုထွက်ခဲ့မယ် ပြီးရင်မင်းကိုအဆောင်ပြန်ပို့ပေးမယ်..."
"အင်း..."
ကျန်းဇီမော့ ခပ်ပြုံးပြုံးဖြင့်သဘောတူလိုက်သည်။
......
စာရေးသူမှာပြောစရာရှိတယ်
ဝမ်မင်ယီ...." ငါဘယ်လိုလုပ်ပြီးကြောင်ဖြစ်သွားတာလဲ မြောင် မြောင် မြောင်..."
စစ်ကျွင်းတောက် ---"သူအရမ်းချစ်ဖို့ကောင်းနေတယ်..."