အပိုင်း ၃
Viewers 12k

စစ်ကျွင်းတောက် သူ့အရှေ့ကကြောင်ရဲ့ မျက်နှာ ဖောင်းဖောင်းလေးကို ကြည့်လိုက်သည်။ ဝမ်မင်ယီ သူ့ရဲ့နှုတ်ခမ်းမွှေးတွေကို လှုပ်လိုက်ပြီး ပယင်းရောင်မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်သည်။ လူတစ်ယောက်နဲ့ ကြောင်တစ်ကောင် နဲ့ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ဆွံ့အနေခဲ့ကြသည်။ တိတ်ဆိတ်မှုတွေက အခန်းတစ်ခုလုံး လွှမ်းခြုံသွားခဲ့သည်။တိတ်ဆိတ်မှုက ဒီညတော့ Cambridgeရဲ့သီချင်းဟုတ်တော့ပဲ ကြောင်ဖြစ်သြားတဲ့ဝမ်မင်ယီ အတွက် ဖြစ်သွားခဲ့သည်။ နောက်ဆုံးတော့ လိုက်လျောညီထွေစွာနေနိုင်တဲ့ ဝမ်မင်ယီ ကပဲ အရှုံးပေးလိုက်ရသည်။ သူ သူ့ရဲ့ကြောင်ခေါင်းလေးကိုစောင်းပြီးတော့မေးလိုက်သည်။
"အခုဘာလုပ်မလဲ.."

စစ်ကျွင်းတောက် ကြောင်လေးကသူခေါင်းလေးကိုစောင်းပြီးမြောင်လို့အော်တာကို မြင်ပြီး အဲ့ဒါက အရမ်းကိုချစ်စရာကောင်းတယ်လို့ ခံစားမိလိုက်သည်။ သူလက်ကိုဆန့်ပြီးတော့ သူ့ရဲ့ခေါင်းလေးကိုပွတ်သပ်လိုက်သည်။ ဝမ်မင်ယီ အဲ့လိုလုပ်တာကအရမ်းနေလို့ကောင်းကြောင်း ခံစားလိုက်ရသည်။ သူသူ့ရဲ့ခေါင်းကို ဆန့်ထုတ်လိုက်ပြီး မျက်လုံးမှိတ်လျက်သူ့ကိုကိုရဲ့ လက်ဖဝါးနဲ့ ပိုပြီးထိပေးလိုက်သည်။ စစ်ကျွင်းတောက် သူ့ကို ရဲ့လက်မောင်းထဲတင်းနေအောင်ဖက်ထားပြီး သူ့ရဲ့ ခေါင်းကိုသူကြိုက်သလိုပွတ်ပေးရင်း ပြောလိုက်သည်။
"နောက်ကျနေပြီ၊အနားယူကြရအောင် ငါတို့ မင်း မနက်ဖြန်ကျ ပြန်ပြောင်းမလားဆိုတာ ကြည့်ရမယ်...မင်းအနည်းဆုံး သုံးရက်နေလို့မှ ပြန်မပြောင်းရင် ငါတို့ မင်းကို ဆေးရုံပို့ပြီး စစ်ဆေးမှဖြစ်မယ်..."

ဝမ်မင်ယီ "စစ်ဆေးမယ် "ဆို တဲ့စကားလုံး ကြားပြီး လန့်ကာ မေးလိုက်သည်။
"စစ်ဆေးရမယ်"

စစ်ကျွင်းတောက် သူ မြောင် တာကိုနားမလည်ပေမဲ့ ဘာကိုဆိုလိုချင်တာလဲဆိုတာကို ခန့်မှန်းမိလိုက်ပြီးရှင်းပြလိုက်သည်။
"မတတ်နိုင်ဘူးလေ မင်းကြောင် အဖြစ် တစ်သက်လုံးနေသွားလို့မှမရတာ။ စိတ်မပူပါနဲ့....ကိုကိုက မင်းကို အန္တရာယ်ဖြစ်အောင် မလုပ်ပါဘူး"

သူအဲ့လိုပြောမှပဲ ဝမ်မင်ယီ စိတ်အေးသွားတော့သည်။တကယ်ဆို သူက စစ်ကျွင်းတောက်နဲ့အတူကြီးပြင်းလာခဲ့ခြင်းပင်။ သူ့မိဘတွေက စစ် မိသားစုကို ယုံကြည်သောကြောင့် သူမူလတန်းပြီးတာနဲ့ သူ့ကို
စစ်ကျွင်းတောက် လက်မောင်းထဲထိုးထည့်ခဲ့ပြီးသူ့ကိုဂရုစိုက်ပေးဖို့ပြောရင်း နဲ့မှာခဲ့ကြ၏။ (မင်မင် က ကိုကို့စကားကိုနားထောင်ရမယ်နော်)ပြီးတာနဲ့ ချက်ချင်း သူ့တို့အထုပ်တွေထုတ်ပြီး သူ့တို့ရဲ့အိမ်မက်ဖြစ်တဲ့
အလုပ် လုပ်ဖို့ရာထွက်သွားပြီး သူ့ကိုထားရစ်ခဲ့ကြသည်။ သူ့ရဲ့ အားကိုးလို့မရတဲ့ မိဘတွေကိုတွေးမိရင်းဝမ်မင်ယီ စိတ်နာလာခဲ့သည်။ ဝတ္ထုထဲမှာ သူသေပြီးတဲ့နောက် သူ့မိဘတွေကသူတို့ရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့သွားပုံပေါ်သည်။ ကျန်းဇီမော့ရဲ့ ငိုယိုပြီး ဒူးထောက်တောင်းပန်မှုအောက်မှာ သူတို့က ကျန်းဇီမော့က ဝမ်ပော်နှင့်အတူ (ရှောင်မိုက ရယ်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူး သေသွားပြီးတဲ့လူကလည်း ပြန်မရှင်လာနိုင်တာမို့သူ့ကိုယ်သူ သားအဖြစ်နဲ့ အစားထိုးပေးပါမယ်)ဆိုတဲ့ ယုတ္တိမရှိတဲ့စကားတွေကို ခွင့်လွှတ်ပြီး လက်ခံပေးခဲ့ကြသည်။သူတို့ကျန်းဇီမော့ကို သူတို့ရဲ့မွေးစားသားအဖြစ် တကယ်လက်ခံခဲ့၏။ဝမ်မင်ယီက သူတို့မျက်နှာပေါ်သွေးအန်မိတော့မလိုတောင် ဖြစ်သွားခဲ့သည်။
(ခင်ဗျားတို့သားကိုထည့်ထားတဲ့အခေါင်းက သူ့ကိုထိန်းနိုင်တော့မှာမဟုတ်ဘူး။သူကစိတ်တိုလွန်းလို့အခေါင်းထဲကပါထွက်လာတော့မယ်)စစ်ကျွင်းတောက် တစ်ယောက်ထဲကသာ ကျန်းဇီမော့ရဲ့တောင်းပန်မှုတွေနဲ့ အသနားခံမှုတွေကို လက်မခံခဲ့ဘဲ သူ့ကိုထောင်ထဲထည့်ဖို့ ရယ်ရွယ်ချက်ကို စွဲမြဲစွာထားခဲ့သည်။ ဝမ်မင်ယီသက်ပြင်းချလိုက်ပြီး မြောင်-ဟုအသာအော်ကာ စစ်ကျွင်းတောက် ရဲ့ ခန္ဓာကိုယ်ကို ခေါင်းလေးဖြင့်ပွတ်လိုက်သည်။ သူနဲ့ စစ်ကျွင်းတောက် က သွေးသားရင်းတွေမဟုတ်ကြပေမယ့် အတူတူနေလာခဲ့တာ နှစ်တွေအများကြီး ကြာခဲ့ပြီဖြစ်သည်။ သူလူပျိုဝင်ကာစအချိန်တုန်းက ကလေးဆိုးလိုပဲ....

ခေါင်းမာကာပေါက်ကွဲပြီးတောစစ်ကျွင်းတောက်နဲ့ စစ်အေးတိုက်ပွဲတွေတောင် ဖြစ်ခဲ့သေးသည်။ ဒါတောင်အစကနေအဆုံးထိ စစ်ကျွင်းတောက် ကအမြဲတမ်းသူ့ကိုပဲ ဦးစားပေးပြီး ဘာကိုမှပြန်တောင်းတာရယ်ဆိုတာမရှိခဲ့ပေ။ထို့ကြောင့် ဒီတစ်ကြိမ်တော့ စစ်ကျွင်းတောက် ကို အရင်ဘဝကလို ထပ်ဖြစ်မှာကို သူလုံးဝခွင့်ပြုမှာမဟုတ်ပေ။ စစ်ကျွင်းတောက် ခေါင်းကိုငုံ့ပြီး သူ့ကိုကြည့်ကာအမွှေးလေးတွေကို ပွတ်သပ်ပေးလိုက်သည်။ ကြောင်လေးက ကိုင်ရတာအိအိလေး နဲ့ ဝဝကစ်ကစ်လေး အသစ်စက်စက်လုပ်ထားတဲ့ ဝါဂွမ်းသကြားလုံးလေးလိုပဲ နူးညံ့ပြီး နွေးနွေးထွေးထွေးလေး....

ဝမ်မင်ယီ က လိမ်လိမ်မာမာနဲ့ သူနဲ့လက်မောင်းပေါ်မှာ လှဲနေပြီးနှင်းလိုဖြူတဲ့ဝမ်းဗိုက်လေးကို ပြထားသည်။သူအရင်က အိမ်မွေးတိရိစ္ဆာန်တွေမမွေးခဲ့ဖူးဘူးသလို လမ်းပေါ်မှာ တွေ့ခဲ့ရင်တောင် သူလှည့်ကြည့်ဖို့ာင်စိတ်မဝင်စားခဲ့ပေ။ တစ်ခါတုန်းကသူ သူ့မရဲ့ကြောင်ပုံတွေကို သူငယ်ချင်းတွေဆီကို အမြဲပို့တတ်တဲ့အမျိုးသမီးဥက္ကဌတစ်ယောက်နဲ့အလုပ်တွဲလုပ်ခဲ့ဖူး၏။ထို့နောက် အဲ့တစ်ယောက်ကို muteလုပ်ပစ်လိုက်သည်။ သူဘယ်တုန်းကမှ သူကအဲ့လိုတိရိစ္ဆာန်ငယ်လေးတွေကို ချစ်တတ်တဲ့လူ ဖြစ်လာမယ်လို့ မတွေးခဲ့မိပေ။ သူတို့ချစ်စရာကောင်းတာ သူတို့နဲ့ပဲဆိုင်ပြီး သူနဲ့ဘယ်တုန်းကမှမသက်ဆိုင်ခဲ့ဘူး။ သူ သူတို့ကို ကြိုက်လည်းမကြိုက်သလို ချစ်ဖို့ကောင်းတယ်လို့လည်းတစ်ခါမှမတွေးခဲ့ဘူး။ ဒါမေမဲ့ အခုသူ့ရဲ့လက်မောင်းထဲမှာ ဇိမ်ယူပြီးပွတ်သပ်ကာ ကျေနပ်စွာနဲ့ အသံသေးသေးလေးနဲ့အော်နေတဲ့ ကြောင်လေးကို ကြည့်ပြီးစစ်ကျွင်းတောက် ပထမဦးဆုံးအနေနဲ့ကြောင်ဆိုတဲ့ တိရိစ္ဆာန်ငယ်လေးကအရမ်းချစ်ဖို့ကောင်းတယ်လို့ ခံစားမိလိုက်သည်။ သူ ပန်းရောင်သန်းပြီး နူးညံ့အိစက်နေတဲ့ ကြောင်လက်ဖဝါးလေးကို အူးယားလွန်းလို့လက်နဲ့ ဖျစ်ညှစ်ပစ်လိုက်သည်။ ဝမ်မင်ယီ သူ့ကိုကိုက သူ့လက်ဖဝါးတွေနဲ့ဆော့နေတာကိုမြင်တော့ စစ်ကျွင်းတောက်ကို မတော်တဆမခြစ်မိအောင်သူ့ရဲ့လက်သည်းတွေကို အမြန်ဝှက်လိုက်သည်။ စစ်ကျွင်းတောက် သူ့ကိုအသာလေးပုတ်ပြီးကြောင်လေးကို ပွေ့လျက်နှင့် ထလိုက်သည်။
စစ်ကျွင်းတောက်... "အိပ်ကြရအောင် မင်းဒီညတော့ ကိုကိုနဲ့အတူ အိပ်လိုက် မနက်ဖြန်ကျရင် ပြန်ပြောင်းမလားလို့ ကြည့်ရအောင်မပြောင်းခဲ့ရင် ကိုကိုတို့ တခြားနည်းလမ်းစဉ်းစားမှဖြစ်မယ်...."

ဝမ်မင်ယီ သဘောတူတဲ့အနေဖြင့်"မြောင် "ဟု အော်လိုက်သည်။
စစ်ကျွင်းတောက် သူ့ကို အိပ်ရာပေါ်တင်ပြီးပြောလိုက်သည်

"အစ်ကို ရေချိုးလိုက်ဦးမယ် မင်းအိပ်နှင့်လိုက်..."

ဝမ်မင်ယီ က အိပ်မပျော်နိုင်တာနဲ့ သူနဲ့အတူရေချိုးခန်းထဲ လိုက်ဝင်လိုက်သည်။ စစ်ကျွင်းတောက်က သူလည်းရေချိုးချင်တာလို့ ထင်လိုက်သော်လည်း ဝမ်မင်ယီက က မျက်နှာသစ်ကန်ပေါ်ကိုခုန်တတ်ပြီးတော့
သူ့ကိုယ်သူ မှန်ထဲကြည့်နေတာကိုတွေ့လိုက်သည်။ ဝမ်မင်ယီ သူ့ကိုယ်သူမှန်ထဲ ကြည့်လိုက်သည်။ဒါဆို သူကကြောင်ကျားလေးပေါ့ ပြီးတော့လည်းသေးသေးလေး။သူ သူ့ကိုယ်သူ ၃၆၀ဒီဂရီလှည့်ပြီးတော့ သူရဲ့တင်ပါးနဲ့ အမြီးကိုပါသေချာကြည့်လိုက်သည်။ စစ်ကျွင်းတောက် သူ သူ့ကိုယ်သူ မှန်ထဲမှာ သေချာကြည့်ပြီး ဖင်လေးကို ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် လုပ်နေတာကို မြင်တော့တိုးတိုးလေးကျိတ်ရယ်လိုက်သည်။ ဝမ်မင်ယီ မှန်ကြည့်ပြီးတာနဲ့ သူကခပ်မိုက်မိုက်နဲ့ မချောပေမယ့်လည်း ချစ်ဖို့ကောင်းနေသေးတယ်ဟုတွေးလိုက်သည်။ ဒါကြောင့် သူကြောင်ဖြစ်သွားတယ် ဆိုတဲ့အချက်ကို သူလက်ခံလိုက်သည်။
သူမျက်နှာသစ်ကန်ပေါ်က ခုန်ဆင်းပြီးတော့ရေချိုးခန်းထဲကနေ ထွက်ခဲ့လိုက်သည်။ စစ်ကျွင်းတောက် လည်း တံခါးကို ပိတ်လိုက်ပြီးတော့ရေစချိုးလိုက်သည်။ ဝမ်မင်ယီ အိပ်ရာပေါ်မှာ ပျင်းပျင်းရိရိနဲ့နေရင်း အိပ်မပျော်နိုင်ပဲ ဖြစ်နေခဲ့သည်။ သူ့ရဲ့လက်ကိုလျက်ရန် လျှာကိုထုတ်လိုက်ပြီး ဘာဆက်လုပ်ရမလဲ ဆိုတာကို တွေးနေခဲ့သည်။ ရုတ်တရက်ကြီး သူ့ရဲ့ ကြောင်ခန္ဓာကိုယ် တစ်ခုလုံးတောင့်ခဲသွားခဲ့သည်။

Fuck...ငါအခု ဘာလုပ်လိုက်တာလဲ....

ဝမ်မင်ယီသူ့ရဲ့ နှင်းလိုဖြူနေတဲ့ လက်ဖဝါးကို ကြည့်လိုက်သည်။ ငါ.ငါ့ရဲ့ လက်တွေကို လျက်လိုက်မိတာပဲ... ဝမ်မင်ယီ၏ ကြောင်မျက်လုံးတွေကကြောက်လန့်တကြားပြူးသွားပြီး သူ့ဘဝကိုတောင် သံသယဝင်မိသွားသည်။သူကြောင်ဖြစ်သွားတာမှမကြာသေးဘူး။
သူက သူလက်တွေကိုစပြီး လျှက်တတ်နေပြီ... သူ လူအဖြစ်နဲ့တုန်းကတောင်လက်ချောင်းတွေကို တစ်ခုမှမစုပ်ခဲ့ဖူးဘူး။ ဒီလိုပုံစံအတိုင်းဆိုရင် သူတကယ့် ကြောင်လိုဖြစ်သွားမှာမဟုတ်ဘူးလား...
ဝမ်မင်ယီ စိတ်ဓာတ်ကျသွားမိသည်။ သူ သူ့ရဲ့လက်ကို လျက်ချင်နေတဲ့ဆန္ဒကိုထိန်းပြီးတော့ ခန္ဓာကိုယ်ကို ချုံခိုတိုက်တော့မဲ့စစ်သားလိုမျိုး မလှုပ်ပဲနဲ့ ခပ်မတ်မတ်နဲ့အိပ်ရာပေါ်မှာ ထိုင်နေလိုက်သည်။ စစ်ကျွင်းတောက် ရေချိုးခန်းထဲက ထွက်လာချိန်တွင် အိပ်ရာပေါ်မှာ ကျောက်ရုပ်လိုမျိုးထိုင်နေတဲ့ ကြောင်လေးကို တွေ့လိုက်ရသည်။သူနဲ့မျက်နှာချင်းဆိုင်က ပြတင်းပေါက်က ဒီညလမထွက်ဖူး ဆိုတာကိုသာ ပြမနေရင် သူ့ရဲ့ကြောင်ညီလေးက အဲ့လကိုကြည့်ပြီး ဝံပုလွေလိုအူတော့မယ် ဟုပင် တွေးမိပေမည်။ သူသွားပြီးတော့ ကြောင်ခေါင်းလေးကို ပွတ်ပေးလိုက် သည်။ဝမ်မင်ယီ သူပွတ်ပေးတာကို ခံစားရပြီးတော့ စိတ်ချလက်ချနှင့် သူ့လက်မောင်းထဲ တိုးကာဝင်လိုက်သည်။ စစ်ကျွင်းတောက် အိပ်ရာထဲဝင်ရန်စောင်ကိုလှန်ပြီး သူ့ကို တစ်ခြားခေါင်းအုံးတစ်လုံးပေါ်တင်ပြီး ပြောလိုက်သည်။

"အိပ်တော့ Goodnight..."
ဝမ်မင်ယီ" မြောင် " ဟုပြန်အော်ပြီး မျက်စိမှိတ်ကာ အိပ်သွားတော့သည်။

.........

နောက်နေ့မနက်၌ စစ်ကျွင်းတောက်တစ်ယောက် အိပ်ရာကအိပ်ချင်မူးတူးနိုးလာပြီး ဘေးကိုကြည့်လိုက်ချိန် ခေါင်အုံးပေါ်က ကြောင်ဝါလေးတစ်ကောင်ကိုတွေ့ပြီး လန့်သွားခဲ့သည်။ မြန်မြန်ဆန်ဆန်ပဲမနေ့ညက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကိုပြန်မှတ်မိလိုက်သည်။ ဒါက အရမ်း မသင်္ကာစရာကောင်းတယ်လို့ စစ်ကျွင်းတောက် တွေးလိုက်မိသည်။ မင်မင်က ရုတ်တရက်ကြီး ဘာလို့ ကြောင်ဖြစ်သွားရတာလဲ...


သူမျက်မှောင်ကြုတ်ကာ တွေးတောရင်းနာရီကို ကြည့်လိုက်မိသည်။ ၈နာရီ၅၀ကျော်နေပြီ။ ပုံမှန် ဒီအချိန်ဆို သူရုံးခန်းထဲရောက်နေပြီ။ဒါပေမဲ့မနေ့ညကဖြစ်သွားတဲ့ ဝမ်မင်ယီရဲ့ကိစ္စကြောင့် သူအိမ်မှာ ကြောင်လေးကို တစ်ကောင်တည်း မထားခဲ့နိုင်တာကြောင့် သူမအိပ်ခင်မှာ သူရဲ့လက်ထောက်ကို ဒီနေ့အနားယူမယ် ဟုကြိုမှာထားလိုက်သည်။ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ကြောင်ဝါလေးကိုကြည့်ပြီး မနေနိုင်ဘဲလက်ညှိုးဖြင့်ထိုးလိုက်မိသည်။ အအိပ်လွန်နေတဲ့ကြောင်လေးကတော့ လက်ညှိုးနဲ့ထိုးမှန်းတောင် ခံစားမိတဲ့ပုံမပေါ်ဘဲနည်းနည်းလေး တောင်လှုပ်မလာခဲ့ပေ။ စစ်ကျွင်းတောက် ဆော့လို့ပြီးတာမျက်နှာသစ်ဖို့ ထသွားခဲ့သည်။
သူပြန်လာပြီးတော့ဝမ်မင်ယီ ကို နှိုးရန်ပြင်လိုက်၏။ သို့သော် သူလှမ်းကြည့်မိလိုက်တဲ့အခါမှာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားခဲ့သည်။ နှစ်မီတာကျော်ကျယ်တဲ့ အိပ်ရာကြီးအပေါ်မှာဆံပင်အနက်ရောင်နဲ့ ခပ်ချောချောကောင်လေး အိပ်နေခဲ့တယ်။ သူရဲ့မျက်နှာက ကြွေရုပ်လေးလိုဖြူဖွေးနေပြီး နှုတ်ခမ်းလေးကလည်းနီနီရဲရဲလေးနဲ့ နွေဦးမှာပွင့်တော့မယ် ပန်းရောင်ပန်းဖူးလေးနှစ်ဖူးလိုဖြစ်နေခဲ့တယ်။ ဒါက မနေ့ညကကြောင်အဖြစ်ပြောင်းသွားခဲ့တဲ့ ဝမ်မင်ယီပဲလေ...


စစ်ကျွင်းတောက် မြန်မြန်လမ်းလျှောက်သွားပြီးသူရဲ့လက်မောင်းကို လှုပ်နှိုးပြီး စိတ်လှုပ်ရှားစွာနှင့်ပြောလိုက်သည်။


"မင်မင် ထတော့"


ဝမ်မင်ယီ ခန္ဓာကိုယ်ကို နည်းနည်းလှည့်လာပြီး မျက်လုံးတွေကိုပွတ်လိုက်ပြီး အိမ်ချင်မူးတူးနဲ့ပြန်ဖြေလိုက်သည်။


"ဘာဖြစ်လို့လဲ"


"မင်းပြန်ပြောင်းသွားပြီ..."


ဝမ်မင်ယီ"အင်း"လို့ဖြေပြီးခေါင်းညိမ့်ကာပြောလိုက်သည်။


"ကျွန်တော်ပြန်ပြောင်းသားပြီ.."


စစ်ကျွင်းတောက် သူ့ရဲ့ပုံစံကို ကြည့်ပြီးတကယ်မနှိုးသေးတာကိုသိလိုက်သည်။
"မင်းကိုယ်မင်းပြန်ကြည့်လိုက်ဦး မင်းပြန်ပြောင်းသွားပြီ မင်းမနေ့ကလို ကြောင်ဝါလေး မဟုတ်တော့ဘူး..."


ဝမ်မင်ယီ လိမ္မာစွာနဲ့ ခေါင်းညိတ်ပေးလိုက်သည်။ ဒါပေမဲ့ သုံးလေးခေါက်လောက် ညိတ်ပြီးတော့မှလန့်နိုးသွားပြီး သူ့ကိုယ်သူအံ့ဩစွာနဲ့ ကြည့်လိုက်မိသည်။ သူ သူ့ရဲ့လက်တွေကို အရင် ကြည့်လိုက်သည်။ပြီးတော့ စောင်ကိုလှန်လိုက်ပြီးတော့ သူ့ရဲရင်းနှီးနေတဲ့အဝတ်အစားတွေကိုပြောလိုက်သည်။


"ကျွန်တော်ပြန်ပြောင်းသွားပြီ..."


ဝမ်မင်ယီ အော်ပြောလိုက်သည်။


"ကျွန်တော်တကယ် ပြန်ပြောင်းသွားပြီ"


စစ်ကျွင်းတောက် ပြုံးရင်းနဲ့ ခေါင်းညိတ်ပြလိုက်ပြီးစိတ်အေးစွာနဲ့သက်ပြင်းလေးချလိုက်သည်။


"ဒါမဲ့ အစ်ကိုတို့ ဆေးရုံကိုတော့ သွားရဦးမယ်...အခု မင်းပြန်ပြောင်းပြီဆိုပေမဲ့အစ်ကိုတို့မင်းခန္ဓာကိုယ်ကို စစ်ဆေးဖို့ ဆေးရုံကိုသွားရမယ်... အစ်ကိုတို့ ဒီကိစ္စကိုသိပ္ပံပညာနဲ့ နားမလည်နိုင်ပေမယ့်မင်းရဲ့ခန္ဓာကိုယ်ကိုတော့ စစ်ဆေးကြည့်သင့်တယ်..."


ဝမ်မင်ယီ ဆေးရုံကို မသွားချင်ခဲ့ဘူး။


သူငယ်ငယ်ကတည်းက ဆေးထိုးရတာရောဆေးသောကျရတာရောကို ကြောက်တာအခုကြီးလာတဲ့အထိပဲ။အခုတောင်သူဆေးရုံတွေကို မကြိုက်ဘူး။မဖြစ်မနေမဟုတ်ရင် သွားကိုမသွားတာ။ဒါပေမဲ့ စစ်ကျွင်းတောက် က ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့သူမငြင်းခဲ့ဘူး။ ဒါကြောင့် ဝမ်မင်ယီမသွားချင်ပေမဲ့ အိပ်ရာထဲကနေ စစ်ကျွင်းတောက်ဆွဲရာနောက်လိုက်ပြီး ရေချိုးခန်းထဲမှာမျက်နှာသစ်ပြီး သွားတိုက်လိုက်ရသည်။
သူတို့နှစ်ယောက်လုံး မနက်စာစားပြီးတော့စစ်ကျွင်းတောက် က ကားမောင်းပြီး သူ့ကိုဆေးရုံပြဖို့ ခေါ်သွားခဲ့သည်။ ဝမ်မင်ယီ သူတို့သွားတဲ့လမ်းတစ်လျှောက်လုံး စိတ်မပျော်နိုင်ဖြစ်နေခဲ့သည်။ သူကိုငယ်ငယ်ကတည်းက ထိန်းကျောင်းလာတဲ့ သူအနေနဲ့ သူဆေးရုံတွေကိုမကြိုက်တာကို သိတဲ့စစ်ကျွင်းတောက် က ချော့လိုက်သည်။


"မင်မင် က ဆေးထိုးစရာမလိုသလိုသောက်စရာလည်းမလိုပါဘူး။ အစ်ကိုတို့ကစိတ်ချရအောင် ဆေးစစ်ဖို့ပဲသွားတာ...အဲ့လိုမှ မဟုတ်ရင် မင်းမနေ့ကလို အဖြစ်မျိုးနဲ့ အဆင်ပြေမှာလား..."


ဝမ်မင်ယီ အဲ့အတိုင်းဆိုအဆင်မပြေဘူးဆိုတာသိတယ်။ဒါကို နားလည်ပေမယ့်လည်း သူကဒီအတိုင်းပဲ ဆေးရုံကိုသွားတာမကြိုက်ဘူး။


"ကျွန်တော်အဆင်ပြေပါတယ်..."


ဝမ်မင်ယီစိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။


"ဒီအတိုင်းပဲ ကျွန်တော့်စိတ်ကပဲဖြစ်နေတာပါ ကိစ္စမရှိပါဘူး ကိုကို စိတ်သိပ်မပူပါနဲ့..."


အဲ့လိုပြောတာကို ကြားပြီး စစ်ကျွင်းတောက်သူ့ကို လှမ်းကြည့်လိုက်သည်။သူအရင်လို စိတ်မကြီးတော့ဘဲ သူ့ကို စိတ်မပူနဲ့လို့ပြောဖို့တောင် နားလည်တတ်လာပြီလို့သူတွေးလိုက်မိသည်။ သူ့ကိုပြန်ကြည့်လာတဲ့ ဝမ်မင်ယီ ရဲ့ ခေါင်းလေးကို လက်နဲ့ဖွပေးလိုက်ပြီး ပြုံး၍ပြောလိုက်သည်။


"မင်းအသက်က ဘယ်လောက်တောင်ရှိနေပြီတုန်း....အခုထိ ဆေးရုံကို ကြောက်နေသေးတယ်"


" အဲ့ဒါ ကြောက်တာမဟုတ်ဘူး၊ မုန်းတာ၊ဘယ်သူကကြောက်တတ်လို့လဲ..."


ဝမ်မင်ယီ မခံမရပ်နိုင်ဘဲ ပြန်ပြောလိုက်သည်။ စစ်ကျွင်းတောက် သူ့ကို ကြည့်လိုက်ပြီးသူ့ရဲ့မျက်လုံးတွေက ပြုံးရောင်သန်းလာသော်လည်း သူ့ရဲ့ လိမ်ညာမှုကိုထုတ်ဖော်မနေတော့ပေ။ မီးနီနေတဲ့အချိန်မှာ စစ်ကျွင်းတောက် ရဲ့ဖုန်းမြည်ခဲ့သည်။သူကိုင်လိုက်ပြီးတော့ ခဏနားထောင်ကာတည်ငြိမ်စွာနဲ့ ပြန်ဖြေလိုက်သည်။


"သူ့ကို နောက်နေ့မှ ပြန်လာဖို့ပြောလိုက်...ငာဒီနေ့ ရုံးကို လာမှာမဟုတ်ဘူး"


ဝမ်မင်ယီ သူ့ကို ကြည့်လိုက်တဲ့အခါမှာသူကမျက်မှောင်ကြုတ်ထားပြီးစကားပြောတာကို တွေ့လိုက်သည်။


"ဒါဆိုရင်လည်း သူ့ကိုထိုင်သာစောင့်ခိုင်းလိုက်...ငါကတော့ဒီနေ့အလုပ်ရှုပ်နေတယ် လာမှာမဟုတ်ဘူး..."


သူပြောပြီးတာနဲ့ ဖုန်းကိုတန်းချပစ်လိုက်သည်။ဝမ်မင်ယီ မေးကြည့်လိုက်၏။


"ကိုကို့ ကုမ္ပဏီမှာ ပြဿနာတစ်ခုခုရှိလို့လား..."


"မရှိဘူး..."


"အစ်ကို ဘာလို့ ရုံးကိုသွားမကြည့်တာလဲ"


ဝမ်မင်ယီ သူ့ရဲ့အလုပ်ကို မနှောင့်ယှက်ချင်ဘူး ပြီးတော့ စစ်ကျွင်းတောက် ရုံးကိုသွားရင် သူဆေးရုံကိုသွားဖို့ နောက်ကျသွားမယ်လေ။အဲ့လိုတွေးပြီးတော့သူစိတ်အားထက်သန်စွာနဲ့ ပြောလိုက်တယ်။


"ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက အချိန်သိပ်ကြာမှာမဟုတ်ဘူးလေ။ကျွန်တော်တို့ ဆေးရုံကို ပြီးမှသွားရင်ရတာပဲ"


စစ်ကျွင်းတောက် သေချာပေါက် သူဘာကိုလုပ်ဖို့ကြိုးစားနေတာလဲဆိုတာကို တွေးမိသည်။သူပြုံးပြီးတော့ မေးလိုက်သည်။


"မင်းဆေးရုံသွားရတာကို အဲ့လောက်တောင်မုန်းတာပဲလား..."


"ကျွန်တော်က အစ်ကို့အလုပ်ကိုပျက်စေချင်တာပါ..."


ဝမ်မင်ယီ က နည်းလမ်းတကျဖြင့် ပြန်ပြောလိုက်သည်။


စစ်ကျွင်းတောက် : "အခုပြဿနာကမရှိဘူးဆိုတော့ဆေးရုံအရင်သွားပြကြတာပေါ့"


ဝမ်မင်ယီ : ......."ကောင်းပြီ။ကျွန်တော် ဆေးရုံကို မသွားချင်ဘူးဆိုတာကို ကျွန်တော်ဝန်ခံတယ်"


ဝမ်မင်ယီ စိတ်ညစ်လက်ညစ်ဖြင့်ပြောလိုက်သည်။


"အခု အစ်ကိုပျော်ပြီမလား"


စစ်ကျွင်းတောက် ပြုံးလိုက်ပြီးခေါင်းခါလိုက်သည်။သူချက်ချင်း ကားကိုလှည့်လိုက်ပြီးတခြားလမ်းကြောင်းသို့ ဦးတည်မောင်းလိုက်သည်။စစ်ကျွင်းတောက် ကားက တခြာလမ်းကြောင်းကိုမောင်းလိုက်တာကို မြင်တော့ သူကရုံးကို သွားဖို့ကိုသဘောတူလိုက်ပြီးတော့ သူဆေးရုံပြဖို့ကိစ္စက နှောင့်နှေးသွားပြီဆိုတာကို သူပျော်ပျော်ကြီးနားလည် လိုက်သည်။ တစ်စက္ကန့်လောက်ကြာပြီးတော့သူတစ်ခုကို သတိရသွားသည်။ သူမှတ်မိတာမှန်မယ်ဆိုရင် ဒီအချိန်မှာ ကျန်းဇီမော့က စစ်ကျွင်းတောက် ရဲ့ကုမ္ပဏီမှာ အစမ်းဝန်ထမ်းအဖြစ် အလုပ်ဆင်းနေသည်။ဒာဆိုရင်သူနဲ့ကျန်းဇီမော့ တွေ့ဖို့ ဖြစ်နိုင်ချေများသည်။ သူ ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီးတော့ စစ်ကျွင်းတောက် ကိုမေးလိုက်သည်။


"ကျွန်တော် ချောနေရဲ့လား"


"ချောတယ်" ဟု စစ်ကျွင်းတောက် က သူ့ကိုတစ်ချက်မကြည့်ဘဲ ပြန်ပြောလိုက်သည်။


ဝမ်မင်ယီ : "ဒါဆို ကျွန်တော်နဲ့ကျန်းဇီမော့ဘယ်သူကပိုချောလဲ..."


စစ်ကျွင်းတောက် သူတကယ်ကိုကျန်းဇီမော့ နဲ့ပက်သက်ပြီး စိတ်ပူနေတာပဲဟုတွေးကာ ရယ်လိုက်သည်။


"မင်းပေါ့"


သူ့ရဲ့အဖြေကိုကျေနပ်ပြီးတော့ ဝမ်မင်ယီအဝတ်အစားကို ပြင်လိုက်ပြီးလက်ပိုက်လျက် ခုံကိုမှီကာနေလိုက်သည်။ သူ့ကိုသေစေခဲ့တဲ့အသည်းနက်နဲ့ ကြာပန်းကောင်ကိုဘယ်လိုရင်ဆိုင်ရမလဲဟု စဉ်းစား
လိုက်သည်။
.......
ပြဇာတ်အသေးလေး


ကိုကို....:ဟက်!!!ကြောင်တွေကဘယ်မှာချစ်ဖို့ကောင်း...
မင်မင်....မြောင်
ကိုကို.....အရမ်းချစ်ဖို့ကောင်းတယ်
မင်မင်.....ဟီးးးဟီးး