"ခင်ဗျား ကိုယ်ပြောတဲ့စကားကိုတောင် ကိုယ်ယုံရဲ့လား....
ခင်များက ငါးရံနှစ်ကောင်ဖမ်းချင်တာပဲ..."
ကျန်းဇီမော့ သူ့ရဲ့စကားကို ကြားပြီး ဒေါသထွက်သွားခဲ့သည် ။
"မင်းက အကျင့်စရိုက်မကောင်းလို့သူငယ်ချင်းနည်းနည်းလေး ရှိတာနဲ့ပဲ တခြားလူတွေအကုန်လုံးကသူငယ်ချင်းမထားနိုင်ဘူးလို့ ထင်နေတာလား...
ငါက ကျွင်းတေ.က် နဲ့ပဲ သူငယ်ချင်းလုပ်တာမင်းရဲ့သူငယ်ချင်းမဟုတ်ဘူး။
မင်းရဲ့ဆုံးဖြတ်ချက်ကိုလည်း ငါမလိုဘူး..."
ပြောရင်းနဲ့ သူတခြားဘက်က ဆိုဖာပေါ်ကို ဆောင့်ထိုင်ချလိုက်သည်။
"ဘယ်သူက ခင်ဗျားကို ထိုင်ခွင့်ပြု
လို့လဲ...ထွက်သွား"
ဝမ်မင်ယီ အော်ပြောလိုက်သည်။
"ဒါက မင်းရဲ့ရုံးခန်းမဟုတ်ဘူး ငါ့ကို
မင်းဘာလုပ်ရမယ်လို့ ပြောပိုင်ခွင့်မရှိဘူး..."
ကျန်းဇီမော့ကြောင့် ဝမ်မင်ယီ စိတ်တိုလာခဲ့သည်။
ဝမ်မင်ယီခြေလှမ်းကြီးကြီးနဲ့သူ့ဘက်ကို
လျှောက်သွားလိုက်သည်။သို့သော် သူခြေနှစ်လှမ်းလောက်လှမ်းပြီးတဲ့ အချိန်မှာပဲတံခါးပွင့်သွားပြီး လင်းမူ.ဝင်လာခဲ့
သည်။
ဝမ်မင်ယီ နှင့်ကျန်းဇီမော့ချက်ချင်း
လင်းမူကို အတူတူကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်လုံးက ဝင်လာတဲ့လူကို
လင်းမူ မဟုတ်ဘဲစစ်ကျွင်း တောက်လို့
ထင်ခဲ့ကြတာဖြစ်သည်။
လင်းမူ က ကျန်းဇီမော့ ကိုကြည့်ပြီး တွေဝေစွာနဲ့မေးလိုက်သည်။
"မင်းက ဘာလို့ ဒီကို ရောက်နေရတာလဲ..."
"ကျွန်တော် ဥက္ကဌစစ်ကို လာရှာတာ..."
ဝမ်မင်ယီ ရယ်လိုက်ပြီးတော့လင်းမူ ကို
ကြည့်ကာ ပြောလိုက်သည်"
"ကျဲကျဲ အစောတုန်းက ကျွန်တော့်
ကိုကိုက ဘာမှာထားခဲ့လဲ..."
လင်းမူ မြန်မြန်လျှောက်ပြီးတော့သူမ၏လက်ထဲက ကိုလာ အအေးကို သူ့ကိုပေးလိုက်ပြီး ပြောလိုက်သည်။
"ကျွန်မ တောင်းပန်ပါတယ်...ရုံးခန်းက ရေခဲသေတ္တာထဲမှာ ကိုလာမရှိလို့
အောက်ထပ်ကိုဆင်းဝယ်လိုက်တာပါစောင့်နေခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်..."
ဝမ်မင်ယီ လက်လှမ်းပြီး ကိုလာ ဘူးကိုယူကာ တောက်ပစွာ ပြုံးပြလိုက်သည်။
"ကိစ္စမရှိပါဘူး...အဓိကကိစ္စက မမ မရှိတုန်းမှာ တစ်ခြားတစ်ယောက်ကရုံးခန်းထဲကို ဝင်လာလို့ပါ..."
"ကျွန်မ နားလည်ပါပြီ..." လင်းမူ ပြောလိုက်ပြီး ကျန်းဇီမော့ ဆီကို သွားလိုက်သည်။
" ဥက္ကဌစစ်က ဒီလူကြီးမင်းကလွဲရင်အခုချိန်မှာ သူ့ရဲ့ရုံးခန်းထဲကိုဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဖို့ မှာထားခဲ့တယ်...ကျေးဇူးပြုပြီး ထွက်ပေးပါ..."
ဝမ်မငိယီ သူ့ရဲ့ကိုလာ ကိုသောက်ရင်း ပိုက်ကိုကိုက်ကာ ကျွတ်...ကျွတ် ဟု တမင်အသံလုပ်ပြီးပြောလိုက်သည်။..
"အခုငါ့မှာ ပြောပိုင်ခွင့်မရှိဘူးလို့ခင်ဗျားပြောနိုင်သေးလား..."
ဝမ်မင်ယီရဲ့ပျော်ရွှင်နေတဲ့
အမူအရာကိုကြည့်ပြီး သူ့ကိုနှိမ်နေသလို ခံစားလိုက်ရပြီး ကျန်းဇီမော့ ပြန်ပြောလိုက်သည်။
"ကျွန်တော် ဒီမှာပဲစောင့်မယ်...လက်ထောက် လင်းကျွန်တော်ကို အာရုံမထားပါနဲ့..."
လင်းမူ တကယ်ကိုနားမလည်နိုင်ခဲ့ဘူး သူဘယ်လိုတောင် သူမကို သူ့ကိုဂရုမစိုက်ဖို့ ပြောနိုင်တာလဲဆိုတာကို။
သူစကားပြောရင် သူ့ ဦးနှောက်ကို
ရောသုံးရဲ့လား...သူမက ဥက္ကဌစစ် က ဘယ်သူ့ကိုမှမဝင်စေဖို့ မှာတာကိုခံခဲ့ရတဲ့
လက်ထောက်တစ်ယောက်...အဲ့ဒါကို သူမမရှိတဲ့အချိန်မှာ ကျန်းဇီမော့ က ဝင်လာပြီးတော့သူမကိုတောင် သူ့ကိုလျစ်လျူရှုစေချင်တယ် ပေါ့...
သူကငါ့ကိုအလုပ်ပြုတ်စေချင်နေတာလား...
သို့သော် ကျန်းဇီမော့ကဥက္ကဌနဲ့ ဆက်ဆံရေးကောင်းနေတာကို ထည့်တွေးပြီးတော့သူမ လေးလေးစားစားပဲပြန်ပြောလိုက်သည်။
"ရှင်ဥက္ကဌကိုစောင့်ချင်ရင် အပြင်နေ
စောင့်လို့ရပါတယ်...ရှင်ဆက်ပဲနေဖို့ပဲ စဉ်းစားတယ်ဆိုရင်တော့...ကျွန်မ လုံခြုံရေးကိုခေါ်ရလိမ့်မယ်..."
ကျန်းဇီမော့ သူမကို မကျေမနပ်စွာ စိတ်တိုတိုနဲ့မျက်စောင်းထိုးကာ ကြည့်လိုက်သည်။
လင်မူ ကသူမရဲ့ ယဉ်ကျေးတဲ့အပြုံးကိုထိန်းထားရင်း ပြောလိုက်သည်။
"ဘာလဲ မင်းကိုသူများက ရိုရိုသေ
သေပြောနေတဲ့အချိန်မှာ မထွက်သေးဘဲနဲ့ မင်းတကယ်ကို လုံခြုံရေးခေါ်မှဘဲ ထွက်
တော့မှာလား..."
ဝမ်မင်ယီ ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
"တော်တော်ကို အရှက်မရှိတာပဲ"
ကျန်းဇီမော့ သူ့ကို နာကျင်မုန်းတီမှုတွေနဲ့
ပြည့်နေတဲ့ မျက်လုံးတွေနဲ့စူးစိုက်ကြည့်လိုက်သည်။
ဝမ်မင်ယီလက်ကိုဝေ့ပြရင်း ပြောလိုက်သည်။
လင်းမူ က သူ့ကို တိုက်တွန်းလိုက်
သည်။
"ကျန်းဇီမော့သှားရအောင်..."
ကျန်းဇီမော့ ရွေးချယ်စရာမရှိတဲ့
နောက်မတ်တပ်ရပ်ပြီး သူမနောက်မှလိုက်
သွားခဲ့သည်။
သူရုံးခန်းထဲကထွက်ခဲ့ပေမယ့်ပြန်သွားဖို့
လက်မခံခဲ့ဘူး။
လင်းမူ က သူ့ကိုမတတ်နိုင်တဲ့အဆုံးစစ်ကျွင်းတောက်ရဲ့ရုံးခန်းဘေးက နားနေခန်းထဲမှာစောင့်ခိုင်းခဲ့သည်။
ဝမ်မင်ယီ ပိုက်ကိုကိုက်ပြီးတော့ သူစတင်ပြီးတိုက်ရိုက်လှုပ်ရှားသင့်လားလို့စဉ်းစားနေခဲ့သည်။
တကယ်လို့ သူဒီအချိန်မှာကျန်းဇီမော့ ကို တစ်ခုခုလုပ်လိုက်လျှင် အဲ့ဒါက စစ်ကျွင်းတောက် ကိုကျန်းဇီမော့ ဆီတန်းပို့လိုက်တာနဲ့ တူသွားလိမ့်မယ်။
တကယ်တမ်းကျတော့ သူကလွဲပြီး
တော့ ဘယ်သူကမှ သူကျန်းဇီမော့ ရဲ့လက်ထဲမှာ သေခဲ့တယ်ဆိုတာကို မသိကြဘူး။
သူက ကျန်းဇီမော့ ကို ရိုက်နှက်လိုက်ရင် ကျန်းဇီမော့ က မတရားခံရတဲ့သူဖြစ်သွားပြီးဝမ်ပေါ်က ကလည်း သူ့ကို
အပြစ်တင်မယ်။စစ်ကျွင်းတောက် ကလည်း သူ့လုပ်ရပ်ကမမှန်ဘူးဆိုပြီးအပြစ်မြင်မှာ သေချာတယ်။
သူအရင်ဘဝက စစ်ကျွင်းတောက်နဲ့
အကြိမ်များစွာရန်တွေဖြစ်ခဲ့ဖူးသည်။
သူမသေခင်အချိန်လေးမှာတောင် သူနဲ့ဘာမှမဟုတ်တဲ့ ပါမွှားကိစ္စလေးအတွက်ရန်ဖြစ်ခဲ့ကြသေးတယ်။
ဒါကြောင့် ဒီဘဝမှာတော့သူအဓိပ်ပါယျမရှိတဲ့ အငြင်းပွားမှုတွေကို ဆက်မဖြစ်ချင်တော့ဘူး။
ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ်စစ်ကျွင်းတောက် က သူသူများတွေကိုအကြောင်းရင်းမရှိဘဲ ရိုက်နှက်ရင်ကြိုက်မှာမဟုတ်ဘူး။
အမှန်တရားကတော့ ဇာတ်လိုက်နဲ့ယှဉ်တိုက်ရတာတကယ်ကို လွယ်ကူမနေဘူး။
ဘယ်လိုပဲဖြစ်ဖြစ်လေ ရှေ့ဆက်ရ
မယ့်ခရီးကအဝေးကြီးလိုပါသေးတယ်။အဓိကအရေးကြီးဆုံးအချက်ကတော့ သူနဲ့ စစ်ကျွင်းတောက်အသက်အန္တရာယ်မကျရောက်ဖို့ဘဲ။
သူတို့ ကျန်းဇီမော့ နဲ့ ခပ်ဝေးဝေး
မှာ နေမှဖြစ်မယ်...
စစ်ကျွင်းတောက်တစ်ယောက် အစည်းအဝေးခန်းထဲမှ ထွက်လာပြီးဝမ်မင်ယီ နှင့်တွေ့ဖို့ အလျင်လိုနေတာကြောင့် ဥက္ကဌဝမ် ကို အမြန်သာပြောခဲ့လိုက်သည်။
"ချန်ပင်း ကပဲ လိုက်ပို့ပါလိမ့်မယ်...see u..."
ဒါပေမယ့် သူရုံးခန်းအဝကို ပြန်ရောက်တာနဲ့ကျန်းဇီမော့ က သူ့ဆီရောက်လာလေသည်။
"ကျွင်းတောက် အစည်းအဝေးက ပြီးလာခဲ့ပြီပေါ့..."
စစ်ကျွင်းတောက် သူဒီမှာရောက်နေမယ်
လို့ မထင်ထားခဲ့မိဘူး။
"ကိစ္စတစ်ခုခု ရှိလို့လား..."
ကျန်းဇိမော့ ပြန်တောင် မဖြေရ
သေးခင်မှာပဲဝမ်မင်ယီ က တံခါးဖွင့်ပြီး အထဲမှ ထွက်လာကာတန်းပြောလိုက်သည်။
"ကိုကို့ ကိစ္စပြီးပြီမလား...ဒါဆို ကျွန်တော်တို့ သွားကြရအောင်..."
ကျန်းဇီမော့ သူတို့ သွားတော့မယ်
ဆိုတာမြင်တော့ မြန်မြန်ပြောလိုက်သည်။
"ငါ့မှာ ပြောစရာစကားရှိတယ်..."
"ဒါဆိုရင်တော့ ဝမ်းနည်းစရာပဲ။ငါ့ရဲ့
ကိုကြီးမှာ မင်းနဲ့ပြောစရာစကားမရှိ
ဘူး"
ဝမ်မင်ယီ ကစစ်ကျွင်းတောက် ရဲ့ လက်မောင်းကို ဆွဲရင်း ပြောလိုက်သည် ။
ကျန်းဇီမော့ လည်း စစ်ကျွင်းတောက် လက်မောင်းကိုဆွဲဖို့ ပြင်လိုက်ပေမယ့်သူထိတောင်မထိရသေးခင်မှာပဲဝမ်မင်ယီရဲ့ မညှာမတာ ရိုက်ချခြင်းကို ခံလိုက်ရသည်။
ဝမ်မင်ယီခန္ဓာကိုယ်ကို အရှေ့တိုးပြီး သူတို့နှစ်ယောက်ကြားထဲကို ဝင်လိုက်သည်။
သူက မျက်နှာထားတင်းတင်းနဲ့ကျန်းဇီမော့ ကို ကြည့်ရင်း ပြောလိုက်သည်။
"ခင်ဗျား ကျွန်တော့်အစ်ကိုနဲ့ ဝေးဝေး
မှာနေ"
စာရေးဆရာမှာ ပြောစရာရှိပါတယ်။
မင်မင် : သွားစမ်း! ငါ့ကိုကြီးကို မထိနဲ့။
ကျန်းဇီမော့ : မင်းငါ့ကိုရိုက်ရဲတယ်။