စစ်ကျွင်းတောက်သူ့ရဲ့မေးခွန်းကြောင့် ဝေခွဲမရဖြစ်သွားခဲ့သည်။သူအတော်ကြာအောင် တွေးပြီးပြောလိုက်သည်။
"မင်းအခုလို အစ်ကိုနဲ့ နှစ်ယောက်တည်း ရှိနေတဲ့အချိန်ဆို ပြောလို့ရတယ်..."
"ဒါဆို ကျွန်တော် အစ်ကို့ကို အခုပြောမယ်...သူကအရမ်းကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်...အရမ်းပြောရခက်တယ်...အရမ်းလည်း မုန်းစရာကောင်းတယ်..."
"မင်းသူ့ကို အစကတည်းက သဘောမှမကျတာ.
.."
စစ်ကျွင်းတောက် က တည်ငြိမ်စွာနဲ့ပြောလိုက်၏။
"ဒါဆိုရင် သူ ခုနကလုပ်ခဲ့တဲ့ လုပ်ရပ်ကစိတ်အနှောင့်အယှက် ဖြစ်စရာမကောင်းဘူး...အရမ်းကို အမြင်ရှိတယ်ချစ်စရာကောင်းတယ်လို့အစ်ကို ထင်လား..."
စစ်ကျွင်းတောက်သက်ပြင်းချလိုက်သည်။
"မင်းကသူကို တမင်အပြစ်ရှာနေတာလေ..."
"အစ်ကိုက သူ့အတွက် ပြစ်ချက်ဖယ်ပေးတဲ့မျက်မှန်ဝတ်ထားတာပဲ..."
ဝမ်မင်ယီ ရွဲ့ပြောလိုက်သည်။
"ပါဝါ၁၅၀၀နဲ့ မျက်မှန်မျိုး Beauty Effect
တောင် ပါသေးတယ်..."
စစ်ကျွင်းတောက်ရယ်လိုက်ပြီးတော့ ဘာမှမပြောလိုက်တော့ပေ။
ဝမ်မင်ယီစိတ်မပျော်ရွှင်စွာနဲ့ မေးလိုက်သည်။
"ကျွန်တော်နဲ့ကျန်းဇီမော့ နဲ့ ရေထဲကို အတူကျသွါးရင် အစ်ကိုဘယ်သူ့ကို ကယ်မှာလဲ..."
စစ်ကျွင်းတောက်အော်ရယ်လိုက်တော့သည်။
"အစ်ကို ဘယ်သူ့ကို ကယ်မှာလည်းပြောအစ်ကိုတစ်ယောက်ကိုပဲ ရွှေးရမှာ..."
ဝမ်မင်ယီတိုက်တွန်းကာ မေးလိုက်သည်။
စစ်ကျွင်းတောက် မင်မင်ကတကယ်ကို ကလေးဆန်တယ်လို့တွေးလိုက်မိသည်။သူ ဝမ်မင်ယီ ကို ကြင်နာစွာကြည့်လိုက်ပြီးတော့ ခေါင်းလေးကို ပွတ်လိုက်
ပြီးပြောလိုက်သည်။
"စိတ်မပူပါနဲ့ ...မင်း ဘယ်သူနဲ့ရေထဲကို အတူကျကျ အစ်ကိုက အမြဲတမ်းမင်းကိုပဲကယ်ဖို့ရွေးမှာ..."
စစ်ကျွင်းတောက် ခေါင်းငြိမ့်လိုက်သည်။ဝမ်မင်ယီကျေနပ်စွာ ပြုံးပြီးတော့ ပြောလိုက်သည်။
"ကောင်းပြီလေ...ကျွန်တော်တို့ ဒီကိစ္စကို
ဒီမှာပဲ ရပ်လိုက်မယ် ကျန်းဇီမော့ အကြောင်းကိုဆက်မပြောကြရအောင်..."
ဒီထက်ပိုပြီး လုပ်ရမယ့်အရေးကြီးကိစ္စတွေရှိသေးသောကြောင့် သူလည်း ကျန်းဇီမော့ကြောင့် ဝမ်မင်ယီ နှင့်ပြဿနာမဖြစ်ချင်ပေ။
"ဒါဆို ဆေးရုံသွားကြစို့..."
ဆေးရုံလို့ကြားလိုက်တာနဲ့ ဝမ်မင်ယီတစ်ယောက် စစ်ကျွင်းတောက်ရဲ့ လက်မောင်းထဲ ပြေးဝင်မိတော့မလိုတောင်ဖြစ်သွားခဲ့သည်။ကျန်းဇီမော့ကဝံပုလွေဆိုရင် ဆေးရုံက ကျားပင်ဖြစ်သည်။သူ သူ့ကိုယ်သူ ဒီနေ့တစ်နေ့တည်းမှာပဲ ဝံပုလွေတွင်းက လွတ်လာပြီး ကျားဂူထဲ ကျရောက်တော့မည်ကို တွေ့ရသည်။
"အဲ့ဒါက အရမ်းကြောက်စရာကောင်းတယ်..
."
ဝမ်မင်ယီဝမ်းနည်းစွာဖြင့် စစ်ကျွင်းတောက်ကိုကြည့်လိုက်သည်။ဒီတစ်ခေါက်တော့ သူအနစ်နာခံရသူအဖြစ်ဟန်ဆောင်နေတာမဟုတ်ပေ။သူတကယ်ကို နစ်နာသူဖြစ်သွားတာဖြစ်သည်။စစ်ကျွင်းတောက် သူ့ရဲ့ပါးလေးတွေကိုညှစ်ရင်းမညှာမတာပြောလိုက်သည်
"ဒါတွေက အသုံးမဝင်ဘူးနော် မင်းဘယ်လောက်အော်ငိုငို ဒီနေ့တော့သွားကိုသွားရမယ်..."
ဝမ်မင်ယီစိတ်ဓာတ်ကျစွာဖြင့် ခေါင်းငုံ့ကာနေလိုက်သည်။
စစ်ကျွင်းတောက်သူ့ကို သဘောကျ
စွာပြုံးလျက် ပုခုံးကိုပုတ်လိုက်သည်။
ဆေးရုံက စစ်ကျွင်းတောက်သူငယ်ချင်းရဲ့မိသားစုပိုင်ဆေးရုံဖြစ်သည်။ရလဒ်ကတော့ သူတို့ တန်းစီစရာမလိုဘဲ အကုန်လုံး အဆင်ပြေပြေနဲ့ မြန်မြန်စစ်ဆေးပြီးသွားခဲ့သည်။ဝမ်မင်ယီသူ့လက်ထဲကစာရွက်ကို ကြည့်လိုက်သည်။သူ ဘာတွေရေးထားလည်းဆိုတာကို နားမလည်တာကြောင့် သူ့ကို စစ်ဆေးပေးတဲ့ဆရာဝန်ကိုမေးလိုက်သည်
"ပြဿနာတစ်ခုခု ရှိလားဆရာ..."
"ဘာပြဿနာမှ မရှိပါဘူး...ကျန်းမာပါတယ်..."
ဆရာဝန်၏ တုန့်ပြန်စကားကြောင့် ဝမ်မင်ယီစိတ်အေးသွားလေသည်။သို့သော် နောက်ထပ် မပြီးဆုံးနိုင်တဲ့စစ်ဆေးမှုတွေ
ထပ်လုပ်ရတဲ့ အခါမှာတော့ သူ့ရဲ့ စိတ်ရှည်သည်းခံမှုတွေ ပျောက်ဆုံးသွားခဲ့သည်။သူ စစ်ကျွင်းတောက် သူ့ရဲ့ သူငယ်ချင်းနဲ့စကားပြောနေတာအပြီးသတ်ဖို့ကားထဲမှာထိုင်ရင်း ပျင်းရိစွာစောင့်နေခဲ့သည်။
"ဒီနေ့ မရနိုင်သေးတဲ့ ဆေးစစ်ချက်ရလဒ်တွေကလွဲရင် ကျန်တာတွေက အကုန်ကောင်းတယ်...မင်းရဲ့ခန္ဓာကိုယ်က အစ်ကိုထင်တာထက်တောင်ပိုပြီး ကျန်းမာရေး ကောင်းနေသေးတယ်..."
ဝမ်မင်ယီအသက်မဲ့စွာဖြင့် ပြန်ဖြေလိုက်သည်
ဒါက သူ့ရဲ့ ဆေးရုံအတွေ့အကြုံကြောင့် ဆို
တာကို စစ်ကျွင်းတောက်သိတာကြောင့် ဘာမှသိပ်မပြောဘဲမေးလိုက်သည်။
"မင်း ဘာစားချင်တာရှိလဲ...အန်တီ ကျန်း ကို လုပ်ခိုင်းလိုက်မယ်..."
ဝမ်မင်ယီတမင်သက်သက် မေးလိုက်သည်။
"ကျွန်တော်စားချင်တာကို အန်တီကျန်းကိုလုပ်ခိုင်းရမယ့်အစား အစ်ကို ကျွန်တော့်ကို
လုပ်မကျွေးနိုင်ဘူးလား...ကျွန်တော်ကို အစ်ကို
းဟင်းချက်မကျွေးတာ ကြာလှပြီ..."
"အဲ့ဒါ ဘယ်သူ့အပြစ်တွေလဲ..."
စစ်ကျွင်းတောက်သူ့ကိုကြည့်လိုက်သည် ။
"အိမ်ကနေအတင်းဆင်းပြီးတော့ အပြင်မှာနေပြီး ၃နှစ်လုံးလုံးအစ်ကိုနဲ့ စကားကောင်းကောင်းမပြောဘဲနေတာအဲ့ဒာအစ်ကိုလား မင်မင်..."
ဝမ်မင်ယီမလုံမလဲဖြစ်သွားပြီးပြတင်းပေါက်အပြင်ကို ကြည့်ကာရှက်ရှက်ဖြင့်ပြောလိုက်သည်
"ဘာလို့ အတိတ်က အကြောင်းတွေကို ပြန်
အစဖော်နေတာလဲ..."
စစ်ကျွင်းတောက်ရယ်လိုက်မိသည်။ဝမ်မင်ယီလည်း သူရယ်နေတာမြင်တော့ပို၍ရှက်လာခဲ့သည်။သူ ကားပြတင်းပေါက်ကို မှီပြီးတော့ကန်းချင်ယောင်သာ ဆောင်နေလိုက်တော့သည်။စစ်ကျွင်းတောက်သူ့ကို စခဲ့ပေမယ့် အိမ်ပြန်ရောက်တာနဲ့သူ့ကို ချက်ကျွေးဖို့ အင်္ကျီလက်ကိုမတင်ပြီး
မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။ဝမ်မင်ယီမီးဖိုချောင်နံရံကိုမှီပြီးတော့ သူ့ရဲ့နောက်ကျော
ကိုငေးကြည့်နေရင်း သူမေးလိုက်သည်။
"ကော မနက်ဖြန်ရုံးသွားမှာလား..."
"အဲ့တာက မင်းကြောင်အဖြစ် ပြောင်းမလားမပြောင်းဘူးလား အပေါ်မှာ မူတည်တယ်..."
သူ့စကားကို ကြားလိုက်တာနဲ့ ဝမ်မင်ယီတကယ်ကို ခေါင်းစားသွားခဲ့သည်။သူဘာလို့ကြောင်အဖြစ် ပြောင်းလဲဆိုတာကို သူတကယ်နားမလည်ပေ။
"အဲ့ဒါက ပြန်လည်ရှင်သန်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးလာပြီးတော့ ဘာလို့အဲ့လိုဆိုးကျိုးမျိုး ရှိရတာလဲ..."
သူ နံရံကို ခြေဖနောင့်နဲ့ စိတ်ရှုပ်စွာကန်လိုက်ရင်းမနေ့ကအဖြစ်အပျက်က မတော်တဆပဲဖြစ်ပါစေဟု မျှော်လင့်လိုက်သည်။ဒီနေ့ကနေစပြီး သူလူပဲဖြစ်ပါရစေ...
သူတို့ ထမင်းစားပြီးတော့ ဧည့်ခန်းထဲမှာTVကြည့်ရင်း ဝမ်မင်ယီ ကြောင်အဖြစ်ပြောင်းမလား စဉ်းစားနေကြတဲ့ အချိန်မှာသူတို့ လုံးဝမမျှော်လင့်ထားတဲ့ အရာဖြစ်သွားခဲ့သည်။၉နာရီထိုး ၍နာရီသံမြည်သွားခဲ့သည်။စစ်ကျွင်းတောက်
သူ့ရဲ့ဘေးက ဝမ်မင်ယီကို လှည့်ကြည့်လိုက်သည်။ သူကကြောင်အဖြစ်ပြောင်းမသွားခဲ့ပေ။သို့သော် သူက မီးခိုရောင်နဲ့ အဖြူရောင် အမွှေးတွေရှိတဲ့ ခွေး( ဟက်စကီး)ကြီးအဖြစ်ပြောင်းသွားခဲ့လေသည်။
ဝမ်မင်ယီ "...."ဝု ဝု ဝု...ဘာလို့ကျွန်တော်ကခွေးအဖြစ်ပြောင်းသွားတာလဲ...
စစ်ကျွင်းတောက် "...."အခုငါ့မှာ ခွေးတစ်ကောင်နဲ့ ကြောင်တစ်ကောင်ရှိပြီ...ငါက ဘဝမှာ အောင်နိုင်သူပဲ...