အပိုင်း ၆
Viewers 12k

သူ့အရှေ့မှာ ရှိနေတဲ့ ဟက်စကီး ကို ကြည့်ရင်းစစ်ကျွင်းတောက်ရဲ့နှလုံးသားထဲ ရှုပ်ထွေးသွားခဲ့သည်။
ဝမ်မင်ယီကတော့ သူ့လောက်ရှုပ်ထွေးမနေခဲ့ပေ။သူ့ရဲ့ လက်ကအဖြူအမွှေးတွေကိုငုံ့ကြည့်လိုက်သည်။သူ့အမြင်တွေ မှောင်မိုက်သွားခဲ့သည်။
သွားပြီ ကြောင်ပဲ ငါ ကြောင်ဖြစ်သွားသွားပြန်ပြီ...
သူ စစ်ကျွင်းတောက်ကို သနားစရာကောင်းစွာနဲ့ကြည့်လိုက်ပြီး ဝမ်းနည်းစွာဖြင့် ခေါ်လိုက်သည်
"ကော…"
ဒါပေမဲ့ ဝမ်မင်ယီ "ဝုတ် "ဟုသောအသံကို
သာကြားလိုက်ရသည်။သူ ကြောင်အသွားခဲ့သည်
ဝုတ်တဲ့လား...
ဘာလို့ အဲ့ဒါက "ဝုတ်"ဖြစ်နေရတာလဲ..."
သူစိတ်ပူစွာနဲ့ ခေါ်လိုက်သည်။
"ကော..."
ဒါပေမဲ့ သူ့ရဲ့နားထဲမှာ ကြားနေရသေးတာကဝုတ် ဆိုတဲ့ အသံတိုးတိုးလေးပဲ ဖြစ်နေခဲ့သည်။ဝမ်မင်ယီ ရုတ်တရက် အနောက်ကို လန့်ကာဆုတ်လိုက်မိသည်။သူ့ရဲ့ ခွေးခြေလေးတွေကမခိုင်တော့ဘဲ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားလေသည်။
ဘာတွေဖြစ်ကုန်တာလဲကြောင်ဖြစ်ရမယ့်အစားခွေးဖြစ်သွားတာလား...ငါကဘဝမှာအောင်နိုင်သူပဲ ခွေးရော ကြောင်ရောဖြစ်လာတာပဲ အားးး...
ဝမ်မင်ယီ ဝေခွဲမရဖြစ်နေတဲ့ ခွေးမျက်လုံးလေးတွေနဲ့ စစ်ကျွင်းတောက်ကို ကြည့်လိုက်သည်။
အစ်ကိုကြီးရေ ကျေးဇူးပြုပြီး ကျွန်တော့်ကိုဖြေရှင်းချက်လေး ပေးပါဦး...အစ်ကို အရင်ကသင်ယူတဲ့နေရာမှာ အတော်ဆုံး နတ်ဘုရားကြီးမဟုတ်ဘူးလား...
သို့သော်လည်း သင်ယူမှုနတ်ဘုရားဟောင်းကြီးစစ်ကျွင်းတောက်ကတော့ သူ့ကို တိတ်ဆိတ်စွာသာကြည့်နေခဲ့သည်။မနေ့အချိန်ကစပြီး အခုထိ သူကလေးကတည်းကသင်လာခဲ့တဲ့ သိပ္ပံနိယာမတွေက ထိုးနှက်ခံရပြီးတစ်စစီ ဆွဲဖြဲခံလိုက်ရလို့ တစ်မှုန်တောင်မနေခဲ့ဘူး ဟု ခံစားရသည်။
စစ်ကျွင်းတောက်သက်ပြင်းချလိုက်သည်။သူဝမ်မင်ယီရဲ့ ခွေးခေါင်းလေးကို ပုတ်ပြီးပြောလိုက်သည် ။
"သတင်းကောင်းက မင်းဒီနေ့ကြောင်ဖြစ်မလာဘူး..."
ဝမ်မင်ယီ: ........
"သတင်းဆိုးကတာ့ မင်းအခု ဟက်စကီး ဖြစ်သွားတယ်..."
ဝမ်မင်ယီ ဘာဆက်ပြောရမည် မသိအောင်ကိုဆွံ့အသွားလေသည်။စစ်ကျွင်းတောက် သူ့ ခေါင်းနှင့် အမွှေးလေးတွေကိုပွတ်ပေးလိုက်သည်။
"အစ်ကိုတို့ ဆုံးဖြတ်နိုင်တာတစ်ခုကတော့ မင်းညနေ၉နာရီကျရင် ပြောင်းတယ်ဆိုတာပဲ..."
သူတို့ ထမင်းစစားကတည်းက သူ့ ဘေးမှာထိုင်နေတဲ့ ဝမ်မင်ယီ ကိုတစ်စက္ကန့်နှစ်စက္ကန့်တိုင်း သတိထားကြည့်နေခဲ့တာ ဖြစ်သည်။၈နာရီ၅၉မိနစ်မှာ သူကလူ ဖြစ်နေသေးသည်။အဲ့ဒါပြီးတော့ မျက်စိတစ်မှိတ်အတွင်းမှာ ခွေးဖြစ်သွားခဲ့သည်။အသွင်ပြောင်းတဲ့ အချိန်က၉နာရီပဲဖြစ်ရပေမည်။
"ဒအစ်ကို ၈နာရီ၅၀မှာ ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်တုန်းက လူပဲဖြစ်နေသေးတယ်...အစ်ကိုပြန်ထွက်လာတော့ မင်းက ဟက်စကီး ဖြစ်သွားပြီ ...အစ်ကိုမှန်းတာမှန်မယ်ဆိုရင် အသွင်ပြန်ပြောင်းတာက ၉နာရီပဲ..."
စစ်ကျွင်းတောက်တစ်ခုခုကိုတွေးမိသွားရင်း ပြုံးလိုက်မိသည်။သူ ဝမ်မင်ယီရဲ့ နားရွက်လေးတွေ
ကိုထိလိုက်သည်။
"အာ...အဲ့ဒါက စင်ဒရဲလားလေးနဲ့အတော်တူတာပဲ ..."
ခင်ဗျားကြီးကပဲ စင်ဒရဲလား ...ခင်ဗျားတို့တစ်မိသားစုလုံးကပဲ စင်ဒရဲလား
ဝမ်မင်ယီပြန်အော်လိုက်သော်လည်း စစ်ကျွင်းတောက်ကတော့ တဝုတ်ဝုတ်နဲ့ဟောင်နေသံကိုသာ ကြားလိုက်ရသည်။သေချာတာကတော့ဝမ်မင်ယီသူပြောလိုက်တဲ့ စကားကိုမကျေနပ်တာပဲ ဖြစ်ရမည်
။သူTVကိုပိတ်လိုက်ပြီး မနေ့ကလိုပဲ အိပ်ရန်စဉ်းစားလိုက်သည်။သူအခန်းထဲကိုဝင်ဖို့
ဝမ်မင်ယီကို ချီလိုက်သည်။
ဒါပေမဲ့ သူငုံ့ပြီး ဝမ်မင်ယီကို မလိုက်တဲ့အချိန်မှာခွေးခန္ဓာကိုယ်က ကြည့်တော့သာ သိပ်မကြီးပေမယ့်သူထင်ထားတာထက် အများကြီးလေးနေတာကိုတွေ့လိုက်ရသည်။စစ်ကျွင်းတောက်မတ်တပ်ရပ်လိုက်တဲ့ အချိန်မှာလူငယ်တစ်ယောက်ရဲ့ အရပ်လောက်အထိရောက်နေတဲ့ ဟက်စကီး ကို ကြည့်လိုက်သည်။သူ ချီသယ်သွားမယ့် အကြံကို လက်လွှတ်လိုက်ပြီးခွေးခေါင်းလေးကိုပွတ်ကာ ညင်သာစွာပြောလိုက်သည်။
"လာပါ...အခန်းထဲ ၀င်ကြရအောင်..."
ဝမ်မင်ယီ သူ့ကို အံ့ဩစွာဖြင့် ကြည့်လိုက်မိသည်။
အခုနကလေးတင် သူကိုချီမလို့ လုပ်နေ
မဟုတ်ဘူးလား...ဘာလို့ မချီတော့တာလဲမနေ့က ကြောင်ဖြစ်တုန်းကကျတော့ ချီပြီးတော့...ဘာလို့ ခွေးဖြစ်တော့လည်း အတူတူ မလုပ်ရတာလဲ...အရမ်းခွဲခြားလွန်းတဲ့ ဆက်ဆံမှုကြီးပဲ....
သူ စစ်ကျွင်းတောက်ရဲ့ ဘောင်းဘီစကို ကိုက်လိုက်ပြီးရှေ့လက်နှစ်ချောင်းကို ထုတ်ကာ ခွေးနဲ့ကြောင်နဲ့ကိုခွဲခြားပြီး မဆက်ဆံသင့်ကြောင်းကို စစ်ကျွင်းတောက်ကိုသတိပေးလိုက်သည်။
အကုန်လုံးက အစ်ကိုရဲ့ချစ်ညီလေးတွေပဲလေ။ဘယ်သူ့ကိုမှ အစ်ကို ပိုပြီးချစ်မပြသင့်ဘူး...
စစ်ကျွင်းတောက်တစ်ယောက် ဝမ်မင်ယီ သူ့ရဲ့လက်နှစ်ချောင်းကို အရှေ့ထုတ်ပြီး သူ(ဝမ်မင်ယီ)့ခေါင်းကို သူ့(စစ်ကျွင်းတောက်)ရဲ့လက်မောင်းထဲ ထည့်နေတာကို ကြည့်လိုက်
သည်။ဝမ်မင်ယီရဲ့ IQ ကလည်း ခွေးတစ်
ကောင်ရဲ့IQလောက် လျော့ သွားတာဖြစ်ရပေမည်။
"ငတုံးလေး...အစ်ကိုက မချီချင်လို့ မဟုတ်ဘူးအဲ့ဒါကမင်းရဲ့ခေါင်းက ချီဖို့အတွက် အဆင်မပြေဘူး ဖြစ်နေတာ..."
စစ်ကျွင်းတောက်ပြောရင်းနဲ့ သူ့ကို ဓာတ်ပုံရိုက်ပြီး ကြည့်ရန် ပြလိုက်သည်။ဝမ်မင်ယီအနီးကပ်
ကာကြည့်လိုက်သည် ။
ဝိုး...ဘယ်လောက်တောင်ကြည့်လို့ ကောင်းတဲ့ခွေးကြီးလဲ...
သူ သူ့ရဲ့ဓာတ်ပုံကို ပျော်ရွှင်စွာကြည့်လိုက်ပြီးမနေနိုင်ဘဲ ခန္ဓာကိုယ်ကို ပတ်ချာရမ်းပြီးတော့တဝုတ်ဝုတ်ဖြင့်ဟောင်ကာ စစ်ကျွင်းတောက်ကိုနောက်ထပ် ဓာတ်ပုံတွေရိုက်ပေးဖို့ သတိပေးလိုက်သည်။စစ်ကျွင်းတောက်ကတော့ ဝမ်မင်ယီတစ်ယောက်သူကအရမ်းချောနေသလိုမျိုး မျက်ခုံးတွေကိုပင့်ကာ နေပုံကို တိတ်ဆိတ်စွာသာ ကြည့်နေလိုက်သည်။
သူ့ရဲ့ ညီငယ်လေးကတော့ တဖြည်းဖြည်းနဲ့ငတုံး ဟက်စကီး ဖြစ်သွားပြီထင်ပါရဲ့...
သူ ဝမ်မင်ယီရဲ့ သဘောအတိုင်း ရှုထောင့်ပေါင်းစုံကနေ ပုံအမျိုးမျိုးကို သူ့စိတ်ကြိုက်ရိုက်ပေးလိုက်သည်။ဝမ်မင်ယီသူ့ရဲ့ကိုယ့်ကိုကိုယ် ဇွတ်အထင်ကြီးနေတဲ့ပုံကို ပြပြီးတော့သူ့ကိုယ်သူ ခွေးတွေရဲ့ကြားမှာ အချောမောဆုံးဗိုလ်ချုပ်ကြီး Lu buဖြစ်သွားတယ်ဟု ခံစားလိုက်
ရသည်။
{Lu Buက အရင်ခေတ်က တရုတ်ပြည်သမိုင်းမှာကျော်ကြားတဲ့နာမည်ကြီးစစ်သူကြီးပါ}
သို့သော်လည်း ဝမ်မင်ယီ သူက ခွေးမဟုတ်ဘဲ လူဆိုတာကို သတိရသွားခဲ့သည်။ဒီ Lu Bu လေးက စိတ်ဓာတ်ကျစွာဖြင့်ခေါင်းငိုက်စိုက်ရင်း လှေကားကို တစ်ထစ်ခြင်းတတ်သွားခဲ့သည်။
စစ်ကျွင်းတောက်က တည်ငြိမ်အေးဆေးနေလေသည်။
သူမှန်းတာသာမှန်မယ်ဆိုရင် ဝမ်မင်ယီ က မနက်ဖြန်မနက်၉နာရီမှာပြန်ပြီးပြောင်းမှာ သေချာသည်။သူပိုပြီး အာရုံစိုက်မိပြီး သိချင်နေတာကဝမ်မင်ယီ က မနေ့ကကျ ကြောင်ဖြစ်ပြီးဒီနေ့ ခွေးဖြစ်လာတာကို ပဲ ဖြစ်သည်။
အဲ့ဒီလိုဆိုရင်နောက်နေ့တွေကျရင် တခြားသတ္တဝါတွေအဖြစ်ပြောင်းဦးမှာလား...ခွေးနဲ့ ကြောင် အဖြစ်ပြောင်းတာက ပြဿနာမ
ရှိဘူး...ဒါပေမယ့် သူက ပန်ဒါလိုမျိုး သတ္တဝါအဖြစ်ပြောင်းရင် ပြဿနာတက်နိုင်တယ်...
ဘာလို့ဆို ဝမ်မင်ယီကို သူများတွေရှာတွေ့သွားရင် သူက နိုင်ငံတော်ကို ဝမ်မင်ယီကို ပေးလိုက်ရမယ်မဟုတ်လား...
စစ်ကျွင်းတောက်တစ်ယောက် ခေါင်းကိုက်စရာများလာသည် ဟုခံစားမိလိုက်သည်။သူ မနက်ဖြန်တခြားအကောင်တွေမပြောင်းစေရန် တိတ်တိတ်လေးဆုတောင်းလိုက်သည်။
သို့သော် ဝမ်မင်ယီစိတ်ထဲ၌ ထိုသို့ အတွေးမျိုး ရှိမနေခဲ့ပေ။
သူ့ရဲ့အခန်းနားကဖြတ်လျှောက်မိတာနဲ့ ချက်ချင်းအခန်းထဲဝင်ပြီး သူ့၏ အလွန်ခန့်ညားနေတဲ့ရုပ်ကိုပြေးကြည့်လိုက်သည်။သူ သူ့ကိုယ်သူအရမ်းကိုကောင်းတဲ့ခွေးလို့ ခံစားမိလိုက်သည်။
ပြီးတော့အရမ်းလည်း Handsomeဖြစ်တယ်...မနေ့က ကြောင်ဝါထက်စာရင် ပိုကြည့်ကောင်းတယ်...အဲ့ကြောင်က အရမ်းသေးပြီး အရမ်း
နူးညံ့လွန်းအားကြီးတယ်...သူလို ယောကျာ်းရင့်မာကြီးတစ်ယောက်နဲ့လုံးဝမလိုက်ဘူး...
စစ်ကျွင်းတောက် သူ့ရုပ်သူ မှန်ထဲမှာ ကြည့်ပြီးခံစားနေတဲ့ ဟက်စကီး ကို မေးလိုက်သည်။
"ဒီည ကိုယ့်အခန်းမှာပဲ ကိုယ်ဘာသာအိပ်တော့မှာလား..."
ထိုစကားကို ကြားချိန်၌ ဝမ်မင်ယီမာန်ဖီရင်းနဲ့ စစ်ကျွင်းတောက်ဆီကိုပြေးသွားကာ မကျေနပ်ကြောင်းပြောလိုက်သည်။ ဆက်ဆံတဲ့ပုံကမိုးနဲ့မြေလို ကွာခြားနေတယ်လေဟု ဖော်ပြလိုက်သည်။
"မနေ့ကကျတော့ ခင်ဗျားကြီးကိုယ်တိုင်ကပဲကျွန်တော့်ကို ပွေ့ချီပြီး အခန်းထဲကိုခေါ်သိပ်ခဲ့တာ...အခုကျတော့ ခင်ဗျားကြီးကကျွန်တော့်ကို တစ်ယောက်တည်း အထီးကျန်ခွေးကြီးတစ်ကောင်လိုအိပ်စေချင်တယ်ပေါ့လေ...သူ့ရဲ့ကိုကိုက သမိုင်းဝင်နိုင်တဲ့ ကြောင်ချစ်သူပဲ ဟွန့်...
ဝမ်မင်ယီနှာမှုတ်လိုက်ပြီး သူ့အခန်းထဲကနေ ခေါင်းမော့ကာ အမြီးတမြောက်မြောက်နဲ့ ဟိတ်ကြီးဟန်ကြီးနဲ့လမ်းလျှောက်ထွက်သွားလိုက်လေသည်။သူ စစ်ကျွင်းတောက်ရဲ့အခန်းထဲကိုဝင်ပြီးမွေ့ရာပေါ်ကို ခုန်တတ်ပစ်လိုက်သည်။
စစ်ကျွင်းတောက် မွေ့ရာကနေ"ကျွိ”ခနဲ အသံမြည်သံကိုကြားလိုက်ရသောကြောင့် သူ့ရဲ့ညီငယ်လေးကို မနေနိုင်ဘဲသတိပေးလိုက်သည်။
""မင်းက အခု၅၀ဒါမှဟုတ်၆ဝ ကတ်တီ လောက်ရှိတယ်နော်ဖြည်းဖြည်းလေးပဲ ခုန်ပါ။
(၁ကတ်တီ = ၆၀၀ဂရမ် / ၅၀. ၆၀ ကတ်တီ
ပေါင်ချိန် ၆၀ ကျော်ဝန်းကျင်)
ထိုစကားကို ကြားလိုက်တဲ့အချိန် ဝမ်မင်ယီမနေ့ကသူ ကြောင်ဖြစ်ခဲ့တဲ့အချိန်ကို ပြန်စဉ်းစားမိလိုက်သည်။အဲ့အချိန်တုန်းက သူဘယ်လောက်ပဲခုန်နေနေ စစ်ကျွင်းတောက်က သူ့ကိုနူးညံ့တဲ့မျက်နှာနဲ့ပဲ ပြုံးကြည့်နေခဲ့လေသည်။အကောင်အပေါ်မူတည်ပြီး မျက်နှာလိုက်တာကို မကျေနပ်ကြောင်းပြဖို့ သူတစ်နေရာတည်းမှာပဲနှစ်ကြိမ်လောက်ထပ်ခုန် ပြလိုက်သည်။
"ခွေးအကြီးကြီးတွေမှာလည်းလွတ်လွတ် လပ်လပ် ခုန်ပေါက်ခွင့်ရှိတယ်...
စစ်ကျွင်းတောက်တစ်ယောက် ငါကဒီလိုလူမျိုးပဲဆိုတဲ့ မျက်နှာထား...နဲ့ဝမ်မင်ယီကို ကြည့်ပြီး လွှတ်သာထားလိုက်တော့သည်။
"ဟက်စကီးတွေနဲ့ပတ်သက်ပြီး သူများတွေ ပြောကြတာ မှန်နေတာပဲ မဟုတ်ရင် ဝမ်မင်ယီ တစ်ယောက်အခုဒီလိုပုံမျိုး ဖြစ်နေမှာ မဟုတ်ဘူး..."
သေချာပေါက်တော့ ခွေးတွေကလည်းခုန်ပေါက်ခွင့် ရှိပါတယ်ဒါပေမယ့် ဒီလောက်ကြီးတဲ့ခွေးကြီးမှာတော့မရှိဘူးသူ ကုတင်ကို ထပ်မလိုချင်ဘူး ဆိုရင်တော့ တစ်မျိုးပေါ့...
စစ်ကျွင်းတောက်လမ်းလျှောက်သွားပြီးဝမ်မင်ယီရဲ့ အမွှေးလေးတေကိုသပ်ပေးလိုက်သည်။
"ခွေးမွေးကကြောင်မွှေးလောက် အိမနေပဲထိလိုက်ရင် နည်းနည်းကြမ်း နေပေမယ့်လည်းကိုင်ရတာ ကောင်းတော့ကောင်းပါသေးတယ်...တစ်ကယ်တမ်းတော့ ရုပ်တစ်ခုတည်းပဲကြည့်မယ်ဆိုရင် ဒီခွေးကတကယ်ကို ကြည့်လို့ကောင်းတယ်...သူ့ရဲ့မျက်လုံးတွေက အပြာရောင်ကျောက်လို တောက်ပနေပြီးတော့ မီးခိုး
နဲ့အဖြူစပ်နေတဲ့ အမွှေးတွေကလည်း တောက်
ပြောင်နေတယ် ပြီးတော့သန့်ရှင်းပြီး သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြောင့် ထည်ထည်ဝါဝါနဲ့လူလည်းရှိန်စေတယ်.. သိသိသာသာ ကွာလိုက်တာ...
စစ်ကျွင်းတောက်ပြောရင်း နောက်ကျောနဲ့ခေါင်းကို ပွတ်ပေးလိုက်သည်။မနေ့ကဝမ်မင်ယီ ကြောင်ဖြစ်သွားတုန်းကလည်း စစ်ကျွင်းတောက်ဒီလိုပွတ်သပ်ပေးခဲ့သေးသည်။အဲ့တာက အရမ်းကို ခံစားလို့ကောင်းတယ်။အခုသူ ခွေးဖြစ်နေတဲ့အချိန်စစ်ကျွင်းတောက်ထပ်ပွတ်ပေးတော့လည်း
ဝမ်မင်ယီ ခံစားရတာကောင်းဆဲပင်။
ဝမ်မင်ယီ"ဝုတ်"ဆိုပြီး အသာလေးဟောင်ပြီးသူနားထောင်နေကြောင်း အသိပေးလိုက်သည်။
စစ်ကျွင်းတောက်သူအိမ်ရာပေါ်မှာ အိပ်နေတာကို
ကြည့်လိုက်သည်။သူ ဝမ်မင်ယီရဲ့ခေါင်းလေး သူ့ရဲ့ပေါင်ပေါ်မှီလာတဲ့အထိဖြည်းဖြည်းချင်း ပွတ်ပေးလိုက်သည်။သူ ဝမ်မင်ယီရဲ့ မေးစေ့လေးကို
အသာလေးကုတ်ပေးရင်း ချော့ပြောလိုက်
သည်။
"အခု မင်မင်ရဲ့ ခန္ဓာကိုယ်က မနေ့ကလိုကြောင်အဝါ အသေးလေးနဲ့ မတူဘဲအရမ်းကြီးနေတယ်လေ ...အဲ့ဒါကြောင့် ကြောင်အသေးလေးက ဆော့နိုင်ပေမယ့် ခွေးကြီးတွေမဆော့နိုင်တဲ့
အရာတွေလည်း ရှိတယ်လေ...မင်းကဟက်စကီးပေါက်လေးသာ ဆိုရင်တော့မင်းဆော့ချင်သလို ဆော့လို့ရမှာပေါ့...ဒါပေမယ့်မင်းက Husky အကြီးကြီးလေ..."
ဝမ်မင်ယီစိတ်ညစ်သွားလေသည်။သူလည်းဒါကို တကယ် ထိန်းချုပ်နိုင်ချင်သည်။သူသာဒီလိုထပ်မဖြစ်တော့ဘူးဆိုရင် သူဘာကိုမှမပြောင်းလဲဘဲ လူကောင်းတစ်ယောက်ဖြစ်ဖို့ပဲဂရုစိုက်လိုက်မည်။သူ "ဝုတ်" ဟုဟောင်ပြီးသဘောတူကြောင်း ပြလိုက်သည်။
စစ်ကျွင်းတောက် ရယ်လိုက်ပြီးသူနဲ့ခဏ
ဆော့ပေးလိုက်သည်။သူ သူ့ရဲ့ လက်ကလေးတွေကိုဖိဆုပ်လိုက်ရင်း အိပ်ဖို့အချိန်ရောက်ကြောင်းသတိပေးလိုက်သည်။
ဝမ်မင်ယီသူပြောတာကို ကြားတဲ့အချိန်မှာအရမ်းပျော်သွားခဲ့တယ်။တကယ်တမ်းပြေါရမယ်ဆို သူမနက်ဖြန်နိုးလာရင် သူလူအဖြစ် ပြန်ပြောင်းမှာက အသေအချာပဲလေ။
သူကုတင်ပေါ်တတ်လိုက်ပြီး တတ်ကြွစွာဖြင့်ပက်လက်လှန်ကာမျက်စိမှိတ်လျက်အိပ်စက်ရန်ပြင်လိုက်သည်။စစ်ကျွင်းတောက်သူက လူတွေအိပ်သလိုမျိုးပက်လက်လှန်ပြီး စောင်ပေါ်လက်နှစ်ဖက်စုပြီးအိပ်နေတဲ့ပုံကို အသာလေး ကြည့်နေလိုက်သည်။
သူ ဝမ်မင်ယီ ရဲ့ ဒီလိုပုံစံလေးကအရမ်းချစ်စရာကောင်းတယ်'ဟုတွေးရင်းသူကို ခဏထိလိုက်ပြီး ရေချိုးရန် ရေချိုးခန်းထဲဝင်သွားခဲ့သည်။
ဝမ်မင်ယီတွေးထားသလိုမျိုးပဲ ဒုတိယနေ့မနက်ခင်း စစ်ကျွင်းတောက်နိုးလို့သူထလာတဲ့အချိန်မှာ သူ လူအဖြစ်ပြန်ပြောင်းသွားခဲ့ပြီးဖြစ်သည်။
"အံ့ဩစရာကောင်းလိုက်တာ..."
ဝမ်မင်ယီသူ့ရဲ့ခြေတွေလက်တွေကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။
စစ်ကျွင်းတောက်လည်း အသက်ရှူချောင်သွားသည်။
သူမှန်းတာ မှန်သွားခဲ့တာပဲ ၉နာရီမှာသူပြန်ပြောင်းတယ်ဆိုတော့ ခန္ဓာကိုယ်ပြောင်းကြာချိန် က၁၂နာရီတိတိပဲ...
"ကော ရုံးသွားတော့မယ်...မင်းကောနဲ့ အတူလိုက်ခဲ့လိုက်..."
"ကုမ္ပဏီကိုပဲ ထပ်သွားဦးမှာလား..."
ဝမ်မင်ယီသူနဲ့အတူ ကုမ္ပဏီကိုမလိုက်ချင်ပေ။
စစ်ကျွင်းတောက်အလုပ်လုပ်နေတဲ့အချိန်မှာ သူကဘာလုပ်နေရမှာလဲ...အရင်တစ်ခေါက်က ဆေးရုံကိုမသွားချင်လို့ ကုမ္ပဏီကို လိုက်သွားခဲ့ခြင်းဖြစ်သည်။
သူဒီနေ့ ဆေးရုံသွားစရာ မလိုဘူးဆိုတော့ ကုမ္ပဏီလည်း သွားစရာမလိုဘူးလေ
ဝမ်မင်ယီ သူ ကုမ္ပဏီကို လိုက်မယ့်အစားကျောင်းပဲသွားတော့မယ် ဟုပြောရန်ပြင်လိုက်သည်။
သို့သော် ကုမ္ပဏီ၌ ကျန်းဇီမော့ရှိသေးကြောင်းကို သူ ရုတ်တရက်သတိရသွားမိသည်။အရင်တစ်ခေါက်တုန်းကကျန်းဇီမော့ကစစ်ကျွင်းတောက်နဲ့ စကားပြောချင်ပေမယ့်သူဝင်ဖျက်လို့ ပြောခွင့်မရလိုက်ပေ။
အခု သူသာမလိုက်သွားလိုက်လျှင် ဒါက ကျန်းဇီမော့အတွက် သူ့ကိုကို ကိုမြူဆွယ်ဖို့အခွင့်ကောင်း ဖြစ်သွားပေလိမ့်မည်။
သူက ဒီလိုမျိုး ဘယ်လိုလုပ် အဖြစ်ခံရမှာလဲ သူသွားမယ် သူသွားကိုသွားမှဖြစ်မယ်...