အပိုင်း ၇
Viewers 12k

"ကျွန်တော် ကောကော စကားကို နားထောင်လိုက်မယ်..."
ဝမ်မင်ယီ ရိုးသားတဲ့ဖိုးသခွား မျက်နှာလေးနဲ့သဘောတူလိုက်သည်။
စစ်ကျွင်းတောက် အံဩစွာနဲ့ မျက်ခုံးပင့်လိုက်မိ၏။နောက်ဆုံးတစ်ခေါက် ဝမ်မင်ယီ ဒီလိုပြောတာကို သူကြားခဲ့တာ လွန်ခဲ့လေးနှစ်လားငါးနှစ်လားမသိတော့ပေ။စစ်ကျွင်းတောက် သူ့ကို ဝမ်မင်ယီ ဒီလိုထပ်ပြောတာကို သူ့ဘဝမှာ ကြားရသေးတယ်ဆိုတာကို မယုံကြည်နိုင်ဖြစ်နေမိသည်။
ဒါကဝမ်မင်ယီအခုလေးတင် ခွေးအဖြစ်ပြောင်းသွားလို့ ကြောင်သွားတာ လို့တောင် ထင်လိုက်မိသည်။သူစိတ်ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်သည်။
"မင်းသာ ဒီလို အမြဲလိမ္မာနိုင်ရင် သိပ်ကောင်းမှာပဲ..."
"ဒါဆိုရင် ကျွန်တော် အမြဲလိမ္မာပါ့မယ်... အပြန်အလှန်အနေနဲ့ ကောကောလည်းကျန်းဇီမော့ကိုအဖတ်မလုပ်နဲ့နာ် အဆင်ပြေလား..."
စစ်ကျွင်းတောက် ဘာမှပြန်မပြောသောကြောင့် ဝမ်မင်ယီ ဒေါသထွက်သွားလေသည်။
"ခင်ဗျားကြီးက ကျွန်တော်ခင်ဗျားကြီးကို စိတ်မဆိုးဆိုးအောင်လုပ်နေတာပဲ ခင်ဗျားကြီးက လိမ္မာ
တဲ့ကျွန်တော်နဲ့ မတန်ဘူး စိတ်တိုတတ်တဲ့ကျွန်တော်နဲ့ပဲတန်တယ်..."
ဝမ်မင်ယီ စောင်ကိုဖယ်၍ မွေ့ရာပေါ်ကဆင်းလိုက်သည်။မထွက်ခင်မှာလည်းဟွန့် ဆိုပြီး နှာမှုတ်ဖို့ကိုလည်း မေ့မသွားခဲ့ပေ။
စစ်ကျွင်းတောက် ကူရာကယ်ရာမဲ့ ဖြစ်သွားခဲ့သည်။သူ ဝမ်မင်ယီ ဘာလို့ကျန်းဇီမော့ကိုအဲ့ဒီလောက်မုန်းနေတာလဲ ဆိုတာကို တကယ်နားမလည်နိုင် ဖြစ်နေမိသည်။
"သူတို့နှစ်ယောက်က သိပ်လည်းမဆက်ဆံဖြစ်တာကို ဘယ်လိုလုပ်ကြီးမားတဲ့မုန်းတီးမှုက ရှိနိုင်ရတာလဲ..."
သူထလိုက်ပြီးတော့ ဝမ်မင်ယီ ရဲ့အိပ်ခန်းဘက်ကို လျှောက်သွားလိုက်သည်။ရေကျသံကြားလိုက်သောကြောင့် ဝမ်မင်ယီရေချိုးနေမှန်း သူသိလိုက်သည်။သူမွေ့ရာပေါ်မှာ ထိုင်လိုက်ပြီးတော့ ခဏစောင့်နေလိုက်သည်။ဝမ်မင်ယီရဲ့ ဖုန်းသံကြားချိန် သူ screenကို ကြည့်လိုက်ရာ ယန်ကျဲ လို့ခေါ်တဲ့တစ်ယောက်က we chat က စာ ပို့ထားတာကိုမြင်လိုက်ရသည်။
"ဒီနေ့ လက်မှတ်ထိုးဖို့ Companyကို လာခဲ့မြန်မြန်လာခဲ့..."
စစ်ကျွင်းတောက် We chatကို ဖတ်လိုက်ပြီးမျက်မှောင်ကြုတ်လိုက်မိသည်။တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးပြီးတဲ့အချိန်ကစပြီးလွန်ခဲ့တဲ့သုံးလလောက်ကတည်းက ဝမ်မင်ယီဘာမှမလုပ်ဘဲ Talent showမှာပဲ ဝင်ပြိုင်ခဲ့သည်။
စစ်ကျွင်းတောက်က သူ့ကို အနုပညာလောကထဲဝင်ပြီးဘာလုပ်မှာလဲ..တက္ကသိုလ်ကိုရော ဘယ်လိုလုပ်မလဲ...ဟု မေးခဲ့သေးသည်။
အကယ်၍ သူ အနုပညာလောကထဲဝင်ချင်လျင် တက္ကသိုလ်ပြီးတဲ့အထိစောင့်ရန်ဖြောင်းဖျခဲ့သည်..သို့သော် ထိုအချိန်က ဝမ်မင်ယီသည် ကလန်ကဆန်လုပ်နေသော အချိန်၌ရှိနေသည်။သူ စစ်ကျွင်းတောက် ကို မြင်တာနဲ့ အေးစက်တဲ့မျက်နှာနဲ့အမြဲပြောလွှတ်လေ့ရှိသည်။
(အဲ့တာက ခင်ဗျားအပူမပါပါဘူး...ထွက်သွားစမ်းပါ...)
သူတို့ စကားပြောခြင်းက နောက်ဆုံး အငြင်းပွားမှုနဲ့ပဲအဆုံးသတ်လေ့ရှိလေသည်။စစ်ကျွင်းတောက်စိတ်အရမ်းတိုခဲ့ပေမဲ့ အနုပညာလောကကိုဝင်မယ့် ဝမ်မင်ယီအတွက် နှလုံးသားနဲ့အားပေးခဲ့သည်။အံဩစရာကောင်းလောက်အောင်သူ့ရဲ့ ကြည့်ကောင်းတဲ့ရုပ်ရည်နဲ့ တောက်ပတဲ့ စင်မြင့် ဖျော်ဖြေမှုတွေကြောင့် Talent show တွင်
ပထမ ရခဲ့လေသည်။
သူ့ဖုန်းရဲ့screenက ဆက်ပြီးလင်းနေလေသည်။
အစ်မ ယန်က ဝမ်မင်ယီကို စာတွေဆက်တိုက်ပို့နေသောကြောင့် Notiသံတွေကခေါင်းလောင်းသံလို ဆက်တိုက်မြည်နေခဲ့သည်။
သိုသော် စစ်ကျွင်းတောက် က လျစ်လျူရှူထားခဲ့လေသည်။နောက်ပိုင်းတွင် ဝမ်မင်ယီဘာကြောင့် အနုပညာလောကထဲကို အရမ်းဝင်ချင်နေသည်ဆိုတာကို မှန်းမိသွားခဲ့သည်။သို့သော်လည်း သူ့ ဝမ်မင်ယီနဲ့ စကားကောင်းကောင်းပြောဖို့အချိန်မရသေးပေ။
စစ်ကျွင်းတောက် သူ့ကို မကြာခင်ပြောဖို့ ဆုံးဖြတ်လိုက်လေသည်။သူတွေးနေတနြ်းမှာပင် ဝမ်မင်ယီ ရေချိုးခန်းက ထွက်လာသည်ကိုတွေ့လိုက်ရလေသည်။
ဝမ်မင်ယီ သူ့ကိုမြင်တာ
နဲ့အေးစက်စွာ လျစ်လျူရှုပစ်လိုက်သည်။မဖုံးကွယ်ထားတဲ့ မကျေနပ်ချက်တွေကမျက်လုံးထဲကနေ ထွက်ကျမတတ်ပင်။
စစ်ကျွင်းတောက် သူ့ကိုလာဖို့ လက်ယပ်ခေါ်လိုက်လေသည်။ဝမ်မင်ယီ ဆံပင်ကို ခြောက်အောင် သုပ်ရင်းပြောလိုက်သည် ။
"ကျွန်တော် ကောကောနဲ့စကားပြောချင်စိတ် မရှိဘူး.
.."
"လာခဲ့ဦး..."
စစ်ကျွင်းတောက် ပြောလိုက်သည်။ဝမ်မင်ယီ သူ့ဆီကို လျှောက်သွားပြီးသူ့ဘေးနားမှာထိုင်လိုက်သည်။စစ်ကျွင်းတောက် သူရဲ့စိတ်ဆိုးနေပုံကို ကြည့်လိုက်သည်။ဒီနှစ်ရက်အတွင်း အဆင်ပြေနေတဲ့ သူတို့ရဲ့ဆက်ဆံရေးကို မဖျက်စီးချင်သောကြောင့်သူ့ရဲ့လက်ထဲက မျက်နှာသုတ်ပဝါကို ယူပြီး ခေါင်းကိုညင်သာစွာ သုတ်ပေးရင်း မေးလိုက်သည်။
"မင်းဘာလို့ ကျန်းဇီမော့ကို အရမ်းမုန်းရတာလဲ...အနည်းဆုံးတော့ သူ့ကိုလျစ်လျူရှုဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ကို ပြောလေ..."
"ကောကော အရမ်းတုံးအနေတာပဲလား..."
ဝမ်မင်ယီ သူ့ကိုလှည့်ကြည့်လိုက်ပြီးကျန်းဇီမော့ရဲ့ဟန်ဆောင်မျက်နှာဖုံးကို မမြင်နိုင်ဘူးလားလို့ တွေးလိုက်သည်။
"ကျန်းဇီမော့ ကောကောကို ကြိုက်နေတာကိုမရိပ်မိဘူးလား..."
"မင်းသူ့ကို မုန်းတာ သူက ကောကို ကြိုက်နေလို့လား..."
"မဟုတ်ပါဘူး..."
ဝမ်မင်ယီ သူကတုံးရုံတင်မကဘဲ ကန်းပါကန်းနေသည်ဟု ခံစားမိလိုက်သည်။
"သူနဲ့ ဝမ်ပေါ် က မရှင်းတရှင်းဖြစ်နေတဲ့ဆက်ဆံရေးဆိုတာကို မသိဘူးလား..."
"ဝမ်ပေါ်က သူ့ကို ကြိုက်ပေမယ့် သူက ဝမ်ပေါ်က
ကို အရန်ပစ္စည်းလို သဘောထားတယ်လေ အခု သူလက်နှစ်ဖက်နဲ့ လူနှစ်ယောက်ကို ဆွဲထားရတာ
အရမ်းကိုပင်ပန်း နေမှာပဲ...အကောင်းဆုံးရွေးချယ်မှုကတော့ ကောကိုရဖို့ပေါ့...မရရင်တောင်မှ ဝမ်ပေါ် ဆိုတဲ့ အရန်ပစ္စည်းလေးက လိုရင်သုံးဖို့အသင့်ရှိနေတယ်လေ ကော နားလည်လား..."
"မင်းအတွေးတွေလွန်နေတာပါ..."
စစ်ကျွင်းတောက် ကမျက်နှာသုတ်ပဝါကို ကိုင်ရင်းတည်တည်ငြိမ်ငြိမ်နဲ့ပြောလိုက်သည်။
"သူနဲ့ဝမ်ပေါ်နဲ့ကသူငယ်ချင်းတွေဆိုတာကို ကောကော သိတယ်...အထက်တန်းကျောင်းကတည်းကလေ...ကောကို သူပြောဖူးတယ်...ဝမ်ပေါ်က သူ့ထက်အသက်ပိုကြီးတယ် ဒါကြောင့် သူ့ကိုဂရုစိုက်ပေးတာက ပုံမှန်ပါပဲ...ဒါက ပုံမှန်ပါပဲအခု ကောကောတို့လိုပဲလေ ကောကမင်းထက် အသက်ပိုကြီးတော့ မင်းကို ဂရုစိုက်ပေးသလိုပေါ့..."
"ဒါက ဘယ်လိုလုပ် တူရမှာလဲ..."
ဝမ်မင်ယီ တကယ်ကို သူ့ကိုကိုရဲ့ ခေါင်းကိုခွဲပြီး သူ့ရဲ့ဦးနှောက်ရေထဲမျှောသွားပြီလားလို့ ကြည့်လိုက်ချင်သည်။
"ဝမ်ပေါ် နဲ့ ကျန်းဇီမော့နဲ့က ဘယ်လိုလုပ်ကျွန်တော်တို့နဲ့ တူနိုင်မလဲ... ဝမ်ပေါ်ကကျန်းဇီမော့ ကို ကြိုက်တယ်လေ...ကော ကသူ့လိုမျိုး ကျွန်တော့်ကို ကြိုက်လို့လား... မကြိုက်ဘူးလေပြီးတော့ ကျွန်တော်ကရောတခြားသူနဲ့ပရောပရီလုပ်နေလို့လား...မလုပ်ဘူးလေ...ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ကြီးမြတ်လှတဲ့
အစ်ကိုကြီးရယ် အသိစိတ်ပြန်ဝင်ပါတော့..."
စစ်ကျွင်းတောက် သူ့ရဲ့ စကားတွေကြောင့် ရယ်လိုက်ပြီး ဝမ်မင်ယီကို သည်းခံမှု
အပြည့်နဲ့ ကြည့်နေလိုက်သည်။
"ဘာလို့ ရယ်နေတာလဲ..."
ဝမ်မင်ယီပေါက်ကွဲတော့မလို ဖြစ်လာတော့သည်။
"ဘာကအရမ်းရယ်စရာကောင်းနေလို့လဲ...ကောကော ကျွန်တော့်စကားကို နားထောင်လိုက်ပါ မြန်မြန်လေး သူ့နဲ့ အဆက်အသွယ်အကုန်ဖျက်ပစ်ပါ သူက တကယ်ကို လူကောင်းတစ်ယောက် မဟုတ်လို့ပါ ကော ကျွန်တော့်ကို ယုံမှဖြစ်မယ်နော်..."
ဝမ်မင်ယီ ပြောလိုက်သည်။ရုတ်တရက်အတွေးတစ်ခုကသူ့ဦးနှောက်ထဲ ပေါ်လာခဲ့လေသည်။
"ဒီကမ္ဘာကြီးကဝတ္ထုဆိုတာရယ်သူက ပြန်မွေးဖွား လာတယ်ဆိုတာကို သူ့ကိုကို ကိုပြောလိုက်လို့ ရတာပဲ စစ်ကျွင်းတောက် သာ ကျန်းဇီမော့ က သူ့ကိုသတ်မယ်ဆိုတာကိုသိရင် သူဘယ်တော့မှ ကျန်းဇီမော့ကိုအဆက်အသွယ် လုပ်တော့မှာမဟုတ်ဘူး...တကယ်ဆို သူသိပ္ပံပညာနဲ့ ဆန့်ကျင်နေတဲ့ဒီကိစ္စတွေကို မပြောသင့်ဘူး သူများတွေအတွက်ဒါကအရမ်းကို ယုံကြည်ဖို့ ခက်ခဲတယ်ဆိုပေမယ့်သူအခု ခွေးရောကြောင်ရော အဖြစ်ပါပြောင်းပြီးသွားပြီလေဒါနဲ့ယှဉ်ရင် Rebirtlhက ကိစ္စအသေးအမွှားလေးပဲ...."
ဝမ်မင်ယီ ပြောပြဖို့ တစ်ခါတည်း စိတ်ဆုံးဖြတ်လိုက်သည်။
"ကော ကို ကျွန်တော် ပြောစရာတစ်ခုရှိတယ်...ကျွန်တော် ပြောမယ့်ဟာတွေက အမှန်တွေပါဆိုတာကို ကျွန်တော် ကျိန်ဆိုပါတယ်...ကျွန်တော့်ကို ယုံကြည်မှ ဖြစ်မယ်...ပြီးတော့သူများတွေကိုလည်း ပြန်ပြောလို့ မရဘူးနော်..."
"ကောင်းပြီ ပြောလေ..."
စစ်ကျွင်းတောက် နွေးထွေးစွာဖြင့် ပြန်ပြောလိုက်သည်။ဝမ်မင်ယီ သူ့ပါးစပ်ကို ဖွင့်လိုက်သည်။
ဖာ့ခ် သူ့အသံက ထွက်မလာပေ။
ဘာလို့ ပြောလို့မရတာလဲ...
သူ့ သူပါးစပ်ကိုကြိမ်ဖန်များစွာ ပြောဖို့ဖွင့်လိုက်ပေမယ့် ချောက်ခြားစရာကောင်းအောင်သူ့အသံက လုံးဝထွက်မလာခဲ့ပေ။ဝမ်မင်ယီ ပြာယာခတ် သွားလေသည်။သူ သူ့ရဲ့ဖုန်းကို လှမ်းမြင်လိုက်လေသည်။သူ မြန်မြန်လှမ်းယူလိုက်ပြီး ဖုန်းကိုဖွင့်၍ စာစရိုက်လိုက်သည်။ဒါပေမယ့် သူပြောပြချင်
တဲ့စကားတွေကို သူလုံးဝရိုက်ပြလို့ မရဖြစ်နေလေသည်။
သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ..."
အထူးဆန်းကိစ္စက ဒါတွေအကုန်လုံးကို
ကြည့်နေတဲ့ စစ်ကျွင်းတောက် သူ့ရဲ့ပြာယာခပ်မှုတွေနဲ့အကူအညီမဲ့နေတဲ့ပုံကို မမြင်တဲ့အတိုင်း ဘာမှဝင်မပြောဘဲ ထိုင်နေလေသည်။
"ဒါက လုံးဝကို သိပ္ပံနည်းကျမနေဘူး..."
ဝမ်မင်ယီ မျက်မှောင်ကြုတ်လိုက်သည်။သူဖုန်းကို ချလိုက်ပြီး မျက်တောင်အနည်းငယ်ခတ်လိုက်သည်။ခဏကြာပြီးတော့ အချိန်တွေကပြန်စသွားသလိုပဲ စစ်ကျွင်းတောက်က သူ့ကို မေးလာလေသည်။
(မင်း ဘာပြောချင်တာလဲ...တဲ့)
"ကျွန်တော် ပြောချင်တာက ပြောမရဘူး။
ဒီပါးစပ်က အသုံးမဝင်ဘူး..."
ဝမ်မင်ယီ စိတ်ဓာတ်ကျ သွားသည်။သေချာတာပေါ့။လျှို့ဝှက်ချက်တွေကိုဖော်ထုတ်လို့မရပေ။ကြောင်ကနေခွေး ဖြစ်တာကအဆင်ပြေသေးတယ် Rebirthဖြစ်လာတာကို ပြောပြလို့မရပေ။
"ကော The Temptation Of Going Home ကို
ကြည့်ဖူးလား..."
ဝမ်မင်ယီ စိတ်ပျက်ပျက်နဲ့မေးလိုက်သည်။
"အဲဒါကမင်းကအရမ်းကိုကျီစယ်တတ်တာ..."
ဝမ်မင်ယီ နွဲ့တဲ့တဲ့ပုံကို အတုခိုးပြီးပြောလိုက်သည်။
စစ်ကျွင်းတောက်: ......
"ငါသိပြီ မင်းအရိုက်ခံချင်နေတာပဲ..."
"ကျွန်တော်က ကောကို ရည်ညွှန်းပြီးပြောတာ မဟုတ်ဘူး...ကျွန်တော်က ဒီစာသားကို စံနမူနာအနေနဲ့ ပြောပြနေတာ..."
ဝမ်မင်ယီ သူနားလည်အောင် ရှင်းပြလိုက်သည်။
စစ်ကျွင်းတောက် နှုတ်ခမ်းများ ကော့တတ်အောင်ရယ်လိုက်သည်။
"ကျွန်တော် တကယ် ကောကောကိုရည်ညွှန်းတာမဟုတ်ပါဘူးဆို...ကျွန်တော်က ရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောပြချင်လို့ပါ။နားလည်လား..."