စစ်ကျွင်းတောက် ရဲ့မျက်လုံးတွေ မသိလိုက်စွာနဲ့မှောင်မိုက်သွားခဲ့ပြီး သူကလည်း အေးစက်တဲ့အကြည့်တွေနဲ့ ပြန်ကြည့်ပြီး ပြောလိုက်သည်။
"မင်းကဘာလုပ်မှာလဲ...အိမ်ပေါ်ကဆင်းဦးမှာလား...အထက်တန်းတတိယနှစ်ကလိုမျိုး စစ်အေးတိုက်ပွဲ ပြန်လုပ်ဦးမလို့လား...ကျန်းဇီမော့ နဲ့ တွေ့တဲ့အခါမသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုလိုက်ဖို့မင်းအတွက် အရမ်းကိုခက်ခဲနေလား..."
စစ်ကွင်းတောက် သူ့ရဲ့လက်တွေကို ပြန်ရုပ်သိမ်းလိုက်သည်။မျက်နှာသုတ်ပဝါကို လွှင့်ပစ်လိုက်ပြီးစိတ်တိုစွာဖြင့် ပြောလိုက်သည်။
"မင်းစမ်းကြည့်လိုက်လေ ငါမင်းကို ပြန်ပြီးလက်ခံမလား ဆိုတာကို..."
ဝမ်မင်ယီ သူ့ မျက်လုံးထဲက ဒေါသကို
မြင်ပြီး အနည်းငယ်လန့်သွားခဲ့သည်။
သူတကယ်အဲ့လိုပြောဖို့ ရည်ရယ်ထားခဲ့တာ။ဒါပေမဲ့ အခု
တော့အရူးတောင် အဲ့ဒီစကားကို ပြောလို့မရတော့ဘူးဆိုတာကို သိလိုက်မယ်...
မုဆိုးကသေတော့မည့် သားကောင်ကို ကြည့်နေသော အကြည့်မျိုးနှင့်
သူ့ကိုကြည့်နေသည့် စစ်ကျွင်းတောက်ကို သူ ကြည့်
လိုက်ပြီး ပြန်ပြောလိုက်သည်။
"ကျွန်တော်အိမ်ပေါ်က ဆင်းမယ်လို့ ဘယ်သူပြောလဲ..."
ဝမ်မင်ယီ မေးငေါ့ပြပြီး ပြောလိုက်သည်။
"ကျွန်တော့်အိပ်ရာခန်းက ဒီမှာကို ကျွန်တော်
ဘယ်ကိုရွေ့ရမှာလဲ...သူ့ရဲ့အိပ်ခန်းက ဒီမှာ
ရှိနေတာလည်း မဟုတ်ပဲနဲ့..."
သူအကွက်တစ်ခုကိုစဉ်းစားမိလိုက်ပြီး ချက်ချင်းပဲ စစ်ကျွင်းတောက် ကိုကြည့်ပြီး ပြောလိုက်သည်။
"ကောကောကို သူကြိုက်နေတယ်ဆိုတာကိုကောသိတယ်...သိရဲ့သားနဲ့ ဆက်ပြီးအဆက်ဆက်လုပ်နေရင် သူ့ကို ကောရဲ့ချစ်သူအဖြစ်မငြင်းဘူးလို့ ဆိုလိုတာပဲ...အဲ့လိုတကယ်ဆိုရင် ကျွန်တော်လည်း ကောင်လေးတစ်ယောက်ရှာပစ်မယ်...ဘယ်လိုပဲဖြစ်ဖြစ် ကောကကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပဲလေ
ကိုယ့်အစ်ကို့ဆီကအတတ်သင်တာ မမှားပါဘူး..."
"မဟုတ်တဲ့အတွေးတွေကို အခုရပ်ထားလိုက်..."
စစ်ကျွင်းတောက် သူအဲ့ဒီလိုအတွေးမျိုး တွေးလိမ့်မယ်လို့မမျှော်လင့်မိခဲ့ပေ။သူဝမ်မင်ယီကြောင့်ဒေါသထွက်လာမိသည် ။
"မင်း ယောက်ျားတွေကိုမကြိုက်ဘူး... ကောင်လေးတွေရှာမယ်ဆိုပြီးကိုမနောက်နဲ့..."
"ကျွန်တော် အရင်ကမကြိုက်ဘူး..ဒါပေမဲ့ကော ကျန်းဇီမော့ ကိုရွေးမယ်ဆိုရင် ကျွန်တော်လည်း ကျွန်တော့်ကို စွန့်ပစ်ရလောက်တဲ့အထိအဲ့ယောက်ျားဆိုတာက ဘယ်လောက်ကောင်းလဲ
ဆိုတာကို လက်တွေ့စမ်းသပ် ကြည့်ရမှာပေါ့..."
စစ်ကျွင်းတောက် သူ့ကိုဝမ်မင်ယီက စိတ်တိုအောင်တမင်ပြောမှန်းသိပေမယ့် သူ့မှာအဲ့လို
အတွေးမျိုးရှိနေမှာကို ကြောက်မိနေလေသည်။
"မင်းက မင်းအနားကလူတွေ အကုန်လုံးအပေါ်ကိုအရမ်းမသိတတ်တာပဲ..."
"လူငယ်တွေက ငယ်ရွယ်ပြီးတော့ သိပ်အလေးအနက် မထားတတ်ကြဘူး..."
ဝမ်မင်ယီ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်သည်။
"ဒီလိုဆိုရင်ရော ဘယ်လိုလဲကျွန်တော်ကျန်းဇီမော့လကို သွားရှာမယ် ကျွန်တော်ကသူ့
ကိုသေချာမသိဘဲ မလိုမုန်းထားဖြစ်နေတယ်လို့
အစ်ကိုထင်တယ်မလား... ဒါဆိုရင် ကျွန်တော်
သူ့အကြောင်းကို ပိုသိအောင် လုပ်လိုက်ရင်
မကောင်းဘူးလား...သူကကောင်းရင် သူ့ကို
ကျွန်တော်လိုက်မယ်...ကျွန်တော်သူနဲ့ ရည်းစား
ဖြစ်သွားရင် အစ်ကိုကလည်း သူ့ကိုသဘောကျတယ်ဆိုတော့ ကျွန်တော်နှစ်ယောက် အားပေးထောက်ခံပေးမယ်မလား...ကျွန်တော် သူ့ကိုလိုက်လို့မရဘူးဆိုရင်တောင် သူက အစ်ကိုနဲ့တွဲဖို့ မသင့်တော်တော့ဘူးဆိုတော့ ဝမ်ပေါ်နဲ့ပဲ ဖြစ်သွားလိမ့်မယ်...ကျွန်တော်အစ်ကိုကို့ရှုံးရင် ကျွန်တော်အရှုံးကို လက်ခံမယ် ကျွန်တော်တို့ နှစ်ယောက်လုံးက ဝမ်ပေါ်ကိုရှုံးရင်တော့ ညီအစ်ကိုအဖြစ်နဲ့ တစ်ယောက်ပုခုံးကိုတစ်ယောက်ဖက်ပြီး ငိုကြရင်း ဆုံးရှုံသွားတဲ့အချစ်အတွက် အတူတူဆွေးကြတာပေါ့..."
ဝမ်မင်ယီပြောလို့ပြီးသွားခဲ့သည်။သူပြုံးလိုက်ပြီး မေးလိုက်သည်။
"မင်းက အရိုက်ခံထိ ချင်နေတာပဲ..."
စစ်ကျွင်းတောက်သူက အလျော့ပေးအလိုလိုက်
လွန်းလို့ ဝမ်မင်ယီ ရောင့်တတ်လာပြီး အခုလိုထိန်းမရသိမ်းမရ ဖြစ်လာတယ်လို့ ခံစားမိလိုက်လေသည်။ဝမ်မင်ယီတစ်ယောက် စစ်ကျွင်းတောက်ရဲ့စိတ်တိုနေပေမယ့် ဘာမှမတတ်နိုင်
ဘဲ အကူအညီမဲ့နေတဲ့ မျက်နှာထားကိုကြည့်လိုက်သည်။သူအနည်းငယ်တော့စိတ်သက်သာရာရသွားခဲ့သည်။
“ဘယ်လိုလဲ အစ်ကိုကျွန်တော်တို့နှစ်ယောက်သူ့ကိုအတူတူလိုက်စေချင်လား..."
စစ်ကျွင်းတောက်လက်ကိုမြှောက်ပြီး သူ့ရဲ့နားရင်းကိုရိုက်ချလိုက်သည်။
"နောက်တစ်ခေါက် ထပ်ပြီးငါ့ကို စိတ်တိုအောင် လုပ်ရဲလုပ်ကြည့်.."
ဝမ်မင်ယီ လက်ကိုဆန့်ထုတ်ပြီး အရိုက်ခံလိုက်ရတဲ့ နေရာကိုအသာလေးပွတ်သပ်လိုက်သည်။စစ်ကျွင်းတောက် ရိုက်တာကိုအားအများကြီးထည့်မထားခဲ့ပေ။အရိုက်ခံလိုက်ရပေမယ့် နည်းနည်းလေးတောင် မနာပေ။ဝမ်မင်ယီသူ့ကိုမကြောက်ပဲသူဆက်ပြီးပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်ဆုံးဖြတ်ချက်က အစ်ကိုလက်ထဲမှာပဲလေ...အစ်ကို့ကိုပဲတာဝန်ပေးလိုက်ပြီ ကျွန်တော်ပြောရင်ပြောသလို လုပ်တယ်..."
စစ်ကျွင်းတောက်သက်ပြင်းချလိုက်သည်။နောက်ဆုံးတော့ သူပြောနိုင်တာက ဒါပဲရှိတော့လေသည်။
"အစ်ကို မင်းစကားကိုပဲ နားထောင်လိုက်ပါ့
မယ်ဟုတ်ပြီလား..."
ဝမ်မင်ယီ ချက်ချင်း ပျော်သွားခဲ့သည်။
"တကယ်လား အစ်ကို ကျွန်တော့်ကို တကယ်
ကြီးအရမ်းချစ်တာပဲ..."
စစ်ကျွင်းတောက် မဲ့ရွဲ့ကာ ပြောလိုက်သည်။
"ငါသာ မင်းကိုမချစ်ရင် မင်းကတခြားယောက်ျားတစ်ယောက်ကို သွားချစ်တော့မှာလေငါကဘယ်လိုလုပ် အဲ့ဒါကို ခံစားနိုင်မှာလဲ..."