ဝမ်မင်ယီမတ်တပ်ထရပ်ခါ သူလက်မောင်းကိုဖက်လိုက်ပြီး လိမ်မာသော ကလေးလေးတစ်ယောက်လိုပြုံးပြလိုက်သည်။
"ကောကော...ကောစိတ်မပူနဲ့တော့...
ကောရဲ့စကားကိုတည်ပြီး သူနဲ့အဆက်သွယ်ဖြတ်လိုက်တာနဲ့ ကျွန်တော်က ယောက်ကျားလေးတွေကိုကြိုက်မှာမဟုတ်တော့ဘူး...ကျွန်တော်က ဝါးပင်လိုမျိုးဖြောင့်တန်းနေမှာ..."
စစ်ကျွင်းတောက် ထိုပြုံးနေသောမျက်နှာကိုကြည့်၍ ရိုက်ပစ်ချင်မိသွားသည်။သို့သော်လည်းသူ၏ဘိုးဘေးလေးကို သူ မဆုံးမနိုင်ပေ။
"သွား...အဝတ်စား သွားလဲ...အလုပ်ကိုသွားရအောင်..."
ဝမ်မင်ယီ အပြုံးလေးဖြင့်တုန့်ပြန်လိုက်ပြီး စစ်ကျွင်းတောက်၏လက်ကိုလွှတ်လိုက်ည်။ ထို့နောက်သူတွက်အဝတ်စားရွေးလိုက်လေသည်။သူကျန်းဇီမော့နှင့်တွေ့မည့်အကြောင်းကိုစဉ်းစားမိသွားပြီး အဝတ်စားကိုသေချာရွေးချယ်လိုက်၏။
အဲဒီကြာပန်းဖြူကောင် သူရှေ့မှာ ရှက်ရွံသွားလောက်အောင်ခံစားစေဖို့တွက်သူဘယ်လိုအဝတ်စားမျိုးကိုဝတ်သင့်လဲ...
သိုးမွှေးချည်ထည်ဝတ်သင့်တာလား...
ရလဒ်အနေဖြင့်စစ်ကျွင်းတောက်အဝတ်စားလဲ ပြီးပြန်ရောက်လာသည်အချိန်၌ အဝတ်ဗီဒိုရှေ့၌ရပ်၍ စူးစိုက်ကြည့်နေသောဝမ်မင်ယီကိုတွေ့လိုက်ရသည်။
သူဝမ်မင်ယီအတွက်အဝတ်စားတစ်စုံကိုထုတ်ပေးရင်းပြောလိုက်သည်။
ဝမ်မင်ယီ သူရှေ့မှ အနက်ရောင်ရှပ်အင်္ကျီနှင့်ဂျင်းဘောင်းဘီကိုကြည့်ပြီးမျက်မှောင်ကြုတ်လိုက်သည်။
"ဒါကအရမ်းကိုရိုးရှင်းနေတယ်..."
"မင်း ကုမဏ္ဏီသွားမှာလား..
ရှိုးလျှောက်မှာလား..."
စစ်ကျွင်းတောက် သူလက်ထဲမှအဝတ်များကိုထိုးပေးပြီးထပ်မံပြောလိုက်သည်။
"အခုအဝတ်မြန်မြန်လဲလိုက်တော့။
ကောအပြန်မှာစောင့်နေမယ်..."
ဝမ်မင်ယီ လျှင်မြန်သွက်လက်စွာဖြင့်အဝတ်စားလဲလိုက်ပြီးနောက် သူဖုန်းကိုဆွဲယူကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
သူတို့နှစ်ယောက် မနက်စာစားနေရင်း ဖုန်းမက်ဆေ့များကိုစစ်ဆေးကြည့်လိုက်ရာ၌ မနက်စောစောမှာပင် ယန်ကျဲက စာချုပ်ပို့ထားသည်ကိုတွေ့လိုက်ရသည်။
ဝမ်မင်ယီ နှာခေါင်းရှုံလိုက်မိ၏။
ဘယ်သူမဆိုဒီမှာလက်မှတ်ထိုးနိုင်တယ်။ ဒါပေမဲ့သူတော့ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။
သူအရင်ဘဝက ယန်ကျဲကိုယုံကြည်ခဲ့သည်။ထို့ကြောင့် သူမ၏စကားများကိုနားထောင်ပြီးစာချုပ်တွင်လတ်မှတ်ထိုးခဲ့၏။
နောက်ဆုံးရလဒ်အရ တရားဝင်ကြော်ငြာမှုမပြုခင်မှာပင် ယန်ကျဲက လူအများအတူတကွဖျော်ဖြေရမည့်အဖွဲ့တစ်ခုသို့ပြောင်းလဲခဲ့သည်။
ဝမ်မင်ယီအလွန်ဒေါသထွက်သွားပြီးစိတ်ပျက်သွားသော်လည်း စာချုပ်ချုပ်ဆိုပြီးပြီဖြစ်သောကြောင့်သဘောတူခဲ့ရလေသည်။
သူ မထင်မှတ်ထားသည်က လူသုံးယောက်သည် ကစားပွဲတစ်ပွဲကို ဖန်တီးနိုင်သည်ဆိုလျှင် လူငါးယောက်က ကစားပွဲကြီးတစ်ပွဲ ဖန်တီးနိုင်ခြင်းဖြစ်သည်။
သူအရင်ဘဝမှ မကောင်းသတင်းများသည် သူအဖွဲ့ဝင်များ၏ မဆင်မခြင် လုပ်ရပ်များမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
နောက်ဆုံးတွင် စုန့်ဟယ်မှလွဲ၍ ကျန်သည့် အဖွဲ့ဝင်များအားလုံးတစ်ကွဲတစ်ပြားဖြစ်သွားခဲ့သည်။အင်တာနက်အသုံးပြုသူများကလည်း သူတို့၏ ဆိုးရွားလှသော ရန်ပွဲများကိုကြည့်ပြီးနောက် အင်တာနက် ပေါ်တွင် အပြစ်တင်ဆိုခဲ့ကြသည်။
သူတို့၏ အကြောင်းပြချက်များက တကယ်လို့ဝမ်မင်ယီကသာ မဆိုးရွားနေဘူးဆိုရင် ဘယ်လိဲုဖြစ်ပြီးတော့ အဖွဲ့ဝင်သုံးယောက် ဒါမှမဟုတ် လေးယောက်တောင်မှ ဘသူကိုမကြိုက်ပဲနေမှာလဲ...မဟုတ်ဘူးလား....
ထိုအချက်က သူပါဝင်ဆော့ကစားရန်အတွက်ပင် အလွန်ပင်ကလေးဆန်လွန်းသည်။
ထို့ကြောင့် ဝမ်မင်ယီ လျော်ကြေးပေးပြီး စာချုပ်ကိုဖြတ်သိမ်းကာ အဖွဲ့မှနှုတ်ထွက်လိုက်သည်။
ထိုအဖြစ်အပျက်ကိုမြင်ပြီးနောက် အင်တာနက် အသုံးပြုသူများက ဝမ်မင်ယီသာပြဿာနာရှိသည်ဟု အတည်ပြုဆုံးဖြတ်ခဲ့ကြလေသည်။
ဝက်လို အသင်းဖော်သုံးယောက်ကလည်း အင်တာဗျူးတစ်ခုတွင် ဝမ်မင်ယီကို ထေ့ငော့စောင်းမြောင်းပြောဆိုခဲ့ကြသည်။
ဝမ်မင်ယီ လုံးဝသီးမခံနိုင်သောတော့ပဲ ဝေ့ပေါ်ပေါ်တွင် ထိုသုံးယောက်၏ အတွင်းရေးများနှင့် ရုပ်ဆိုးလှသော မျက်မှာခြမ်းကိုလှစ်ဟပြရန်ပြင်လိုက်သည်။
သို့သော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်၌ကျန်းဇီမော့ကိုမြင်လိုက်ရသည်။သူပထမက ခေါင်းမပါသော ခွေးသုံးကောင်ကို ငရဲထိရောက်အောင်ရိုက်ချင်သော်လည်း ကျန်းဇီမော့ကိုအရင်သင်ခန်းစာပေးရန်ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ထိုငြင်းခုန်စကားများမှုတွင် ကျန်းဇီမော့၏ တွန်းထုတ်မှုကြောင့် သူဘဝအဆုံးသတ်သွားလိုက်မည်ဟု မည်သူများသိနိုင်ခဲ့မည်နည်း။
ဆိုးရွားလှသော အမှတ်တရ များကိုဝမ်မင်ယီ ပြန်တွေးမိနေရင်း သူကိုယ့်သူ အလွန်သနားစရာကောင်းသည်ဟု ခံစားမိပြီး ဝမ်းနည်းလာမိပေသည်။
ဝမ်မင်ယီ ပဲနို့သောက်နေရင်းဖြင့် ယန်ကျဲကိုပြန်ပြောလိုက်သည်။
ယန်ကျဲက သူကိုချက်ချင်းဖုန်းခေါ်လာလေသည်။
"လက်မှတ်မထိုးဘူးဆိုတာဘာအဓိပ္ပါယ်လဲ...နင်... အခုထိ ကောင်းကောင်း မနိုးသေးဘူးလား..."
"မဟုတ်ဘူး..ကျွန်တော်ဒီတိုင်းလက်မှတ်မထိုးချင်ရုံပဲ..."
"ဝမ်မင်ယီ မင်းသေချာစဉ်းစား ဒီအသိုင်းအဝိုင်းထဲမှာအဆိုတော်တွေဆိုတာအများကြီးပဲ မင်းအခုလက်မှတ်မထိုးဘူးဆိုရင် ကုမ္ပဏီ ကနောက်တစ်ချိန်မှာမှ စာချုပ်ချုပ်ဆိုတော့မှာမဟုတ်ဘူး..."
ဝမ်မင်ယီ ပေါက်စီပေါင်းကိုစားနေရင်းတွေဝေမှုမရှိစွာပြန်ပြောလိုက်သည်။
"နင် တစ်ခြား ကုမ္ပဏီ နဲ့ လက်မှတ်ထိုးဖို့ပြင်ဆင်နေတာလား...ငါ နင့်ကိုပြောလိုက်မယ်နော် နင် ပွဲဦးထွက်ထားတဲ့ တဲလန့်ရှိုးကအရမ်းကြော်ကြားတာမဟုတ်ဘူး သာမန်ပဲ...
အဲဒီအခြေအနေနဲ့ ငါတို့ ကုမ္ပဏီက အခုနင်ကိုပေးထားတဲ့ခံစားခွင့်တွေက အရမ်းကိုကောင်းနေပြီ။ဒီလို စာချုပ်မျိုးကို နင်တစ်ခြားဘယ်နေရာမှာမှ ရှာလို့ရမှာမဟုတ်ဘူး..."
ဝမ်မင်ယီ ခေါင်းညိတ်လိုက်ပြန်သည်။
ယန်ကျဲ သူ၏ ဝတ်ကျေတန်းကျေ လေသံကိုနားထောင်ပြီး အနည်းငယ်စိတ်တိုစွာပြောလိုက်သည်။
" နင်တစ်ခြားတစ်ခုခုမပြောတတ်တော့ဘူးလား..."
သူမက အနည်းငယ်စိတ်ရှုပ်စရာကောင်းသည်ဟု ဝမ်မင်ယီတွေးလိုက်မိပြီးနောက်
" ယန်ကျဲပြောလို့ပြီးပြီလား ကျွန်တော်ဖုန်းချတော့မလို့..."
" မင်းတစ်ခြားနေရာရှာတွေ့သွားတာလား..."
"မဟုတ်ဘူး....ရှာမတွေ့သေးဘူး...
ကျွန်တော် ဒီစာချုပ်မှာလက်မှတ်မထိုးချင်ရုံပဲ တစ်ခြားဘာမှမရှိဘူး..."
"ဝမ်မင်ယီ ငါနင်ကိုပြောလိုက်မယ်နော်... နင့်မှာ အခု ပရိသတ်အနည်းငယ်ရှိလာတာနဲ့ပဲ နင်က အရမ်းကြီးကျယ်မြင့်မြတ်တယ်လို့တွေးမနေနဲ့...ဒီပြိုင်ပွဲမှာ နှစ်တိုင်းနှစ်တိုင်းလူပေါင်းများစွာဝင်ပြိုင်ပြီးတော့ သန်းပေါင်းများစွာသော ပရိသတ်တွေကလည်း သူတို့ကိုထောက်ခံအားပေးကြတာ။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီဖျော်ဖြေရေးအသိုင်းဝိုင်းထဲမှာ ဇွန်းတစ်ဇွန်းစာလောက် လူအနည်းငယ်ပဲ ရပ်တည်နိုင်ကြတာ...
ဒီပြိုင်ပွဲမှာ ပထမနေရာကိုအနိုင်ရခဲ့တာနဲ့တင် နင်ကကြီးကျယ်မြင့်မြတ်တယ်လို့ထင်မနေနဲ့... တကယ်လို့နင်သာ ဒီကုမ္ပဏီ နဲ့စာချုပ်မချုပ်ထားဘူးဆိုရင် နောက်ဆုံးမှာတော့ မသိလိုက်ဘာသာမေ့ပျောက်ခံရတဲ့လူတစ်ယောက်ဖြစ်သွားမလားဆိုတာကိုဘယ်သူသိနိုင်မှာလဲ..."
ဝမ်မင်ယီ အေးစက်စွာနှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးဂရုမစိုက်စွာဖြင့်ပြန်ပြောလိုက်သည်။
သူ၏ ပေါ့ပေါ့တန်တန်သဘောထားက ယန်ကျဲကိုဒေါသထွက်သွားစေလေသည်။
"ကောင်းပြီလေ....
နင်မှာစွမ်းရည်တွေရှိနေတယ်ဆိုတော့လည်း နင်နောက်ထပ်ဘယ်လိုတွေဖြစ်လာမလဲဆိုတာငါကြည့်ချင်ပါသေးတယ်...နောက်လအနည်းငယ်ကြာမှ ငါ့ ဆီလာပြီးငိုမနေနဲ့နော်..."
"ယန်ကျဲက အတွေးလွန်နေပြန်ပါပြီ..."
ဝမ်မင်ယီ မနက်စာကိုပလုတ်ပလောင်းစားနေရင်းအေးဆေးစွာပင်တုန့်ပြန်လိုက်ပြန်သည်။
"ယန်ကျဲ ကျွန်တော့်ကိုသိနေတာပဲ ကျွန်တော်ကအဲလိုလူမျိုးလား..."
ထို့နောက် အံတကြိတ်ကြိတ်ဖြင့်ဒေါသထွက်နေသော ယန်ကျဲကိုလျစ်လျူရှူကာ ဖုန်းချလိုက်လေသည်။
ထိုအဖြစ်အပျက် စကားဝိုင်းတစ်ခုလုံးကိုကြည့်ရှုနားထောင်နေသော စစ်ကျွင်းတောက်က ဝမ်မင်ယီ ဖုန်းချလိုက်သောအချိန်၌ ချက်ချင်းမေးလိုက်သည်။
ဝမ်မင်ယီ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီးနောက် တဲလန့်ရှိုးတွင်ဝင်ရောက်ပါဝင်ခဲ့သည်အား စစ်ကျွင်းတောက်မကျေမနပ်ဖြစ်နေမှန်းသတိပြုမိခဲ့သည်။
သူသေချာစွာတွေးပြီးနောက် ပြန်ဖြေလိုက်သည်။
"ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုက ကျွန်တော်နဲ့စာချုပ်ချုပ်ချင်တာ ဒါပေမဲ့ ကျွန်တော်ငြင်းလိုက်တယ်..."
"မင်းကဖျော်ဖြေရေးအသိုင်းဝိုင်းထဲမှာဆက်နေဖို့စဉ်းစားထားတုန်းပဲလား..."
ဝမ်မင်ယီ ထိုမေးခွန်းကိုမည်သို့ဖြေရမည်မသိပဲပန်းကန်ပြားပေါ်ရှိကြက်ဥကိုသာစိုက်ကြည့်နေလိုက်သည်။
စစ်ကျွင်းတောက် သူလက်ထဲမှ တူကိုချလိုက်ပြီး အနည်းငယ်တွန့်ဆုတ်စွာဖြင့်အသံတိုးတိုးဖြင့်မေးလိုက်သည်။
"မင်း....ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲကိုဝင်ချင်တာမင်းအဖေကြောင့်လား..."
ဝမ်မင်ယီ ခေါင်းမော့၍ စစ်ကျွင်းတောက်မျက်နှာကိုကြည့်လိုက်မိသည်။
စစ်ကျွင်းတောက်က ငြင်သာနူးညံသောမျက်ဝန်းများဖြင့်သူကိုကြည့်နေလေသည်။
ထိုမျက်ဝန်းများကအဆုံးအဆမမြင်ရသော ကောင်းကင်နှင့်အောက်ခြေကိုမမြင်ရသော သမုဒ္ဒရာ များကဲသို့ပင်...
"မင်းက သူရဲ့ အာရုံစိုက်မှုကိုဆွဲဆောင်ချင်တာလား..."
ဝမ်မင်ယီ အချိန်အတော်ကြာတိတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်သည်။
ကြီးမားသော စီးပွားရေးအင်ပါယာဖြစ်သော စစ်ကျွင်းတောက်၏မိသားစုနှင့်မတူညီစွာပင် ဝမ်မင်ယီ၏မိသားစုတစ်ခုလုံးကအနုပညာရှင်များနှင့်သာပြည့်နှက်နေသည်။
ဝမ်မင်ယီ၏ အမေ ဝမ်ဝေ့သည် ကမ္ဘာလုံးဆိုင်ရာကျင်းပသော နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွင် နိုင်ငံတကာအသိအမှတ်ပြုဓာတ်ပုံဆုရရှိထားသူဖြစ်သည်။သူ၏ ဘဝတွင် အရာရာအားလုံးက်ို မှတ်တန်းတင်သိမ်းယူရခြင်းအားအလွန်ပင် ချစ်မြတ်နိုးလှပေသည်။ အထူးသဖြင့်သူမ၏ မြတ်နိုးသော ကင်မရာဖြင့် အဆုံးစွန်ဆုံးသော အလှပများနှင့် သဘာဝ၏ခြောက်ခြားဖွယ်ရာများကိုရိုက်ယူရခြင်းဖြစ်သည်။ သူမကကင်မရာကို မြတ်နိုးသောကြောင့်ပင် သူမကိုနှစ်သက်သူများစွာထဲမှအသင့်တော်ဆုံးဖြစ်သော ကျောက်ဝမ်ယွီကိုရွေးချယ်ခဲ့သည်။
ထိုသူသည်လည်း ရိုက်ကူးရခြင်းကိုနှစ်သက်မြတ်နိုးသော ကမ္ဘာကပင် အသိအမှတ်ပြုထားသည့် တရုတ်ဒါရိုက်တာတစ်ယောက်ဖြစ်သည်။သူရိုက်ကူးသောရုပ်ရှင်များကလည်းအလွန်ပင်ဆွဲဆောင်မှုရှိသည်ဟု ကြော်ကြားလှသည်။အသက် ၂၂နှစ်တွင် ပွဲဦးထွက်လုပ်ကိုင်ခဲ့သောထိုသူက နိုင်ငံတကာရုပ်ရှင်ပွဲတော်မှ Golden phoenix ဆုက်ိုဆွတ်ခူးရရှိနိုင်ခဲ့သည်။
ထို့နောက် သူ၏ ပြောင်မြှောက်လှသော စွမ်းဆောင်ရည်ဖြင့် ပြည်တွင်းပြည်ပ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာဆုက်ိုဆွတ်ခူးနိုင်ခဲ့သည်။သူက ပထမဆုံး၂နှစ်မှာပင် အော်စကာဆုပေးပွဲသို့ စကာတင်ဝင်ရောက်နိုင်ခဲ့သည်။
ထို့ကဲ့သိုသောလူတစ်ယောက်နှင့် ထက်မြက်သော အမျိုးသမီးတစ်ယောက်တို့၏ ယှဉ်တွဲမှုသည် နတ်ဖက်သောစုံတွဲများကဲ့သို့ပင်။ ကင်မရာကို ဘဝဟုသတ်မှတ်ထားသော လူနှစ်ယောက်က ရိုးရှင်းစွာပင်လက်ထပ်ခဲ့ကြသည်။
သူတို့အိမ်ထောင်ကြပြီးနောက်ကလေးနှစ်ယောက်ရရှိခဲ့သည်။ ဝမ်ဝေ့က သူမ၏ မျိုးရိုးအမည်ကိုကလေးများ၏ မျိုးရိုးအမည်ဖြင့်သတ်မှတ်ရန်စိတ်အားထက်သန်ခဲ့သည်။
ကျောက်ဝမ်ယွီက ကလည်း ထိုကိစ္စကိုမကန့်ကွက်ပေ။ သူတို့၏ကလေးများတွင် တောက်ပသောအနာဂတ်ပိုင်ဆိုင်လာလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် အေးချမ်းစွာနာမည်မှဲ့ပေးခဲ့ကြသည်။
ကလေးမွေးဖွားပြီးအချိန်၌ သူတို့နှစ်ဦးလုံး၏အလုပ်ချိန်က လျော့နည်းသွားခဲ့လေသည်။ဝမ်ဝေ့ ဓာတ်ပုံရိုက်ခြင်းကိုခဏအနားယူခဲ့ပြီးအိမ်မှာတွင်သာနေခဲ့သည်။ဝမ်မင်ယီ မူလတန်းကျောင်းပြီးသည့်အချိန်ထိ ထိုအခြေအနေတိုင်းပဲဆက်သွားခဲ့ကြသည်။
စစ်ကျွင်းတောက်၏ အမေကျိစစ်ယောင်နှင့် ဝမ်ဝေ့တို့က သူငယ်ချင်းကောင်းများဖြစ်ကြသည်။သူတို့မိသားစုနှစ်စုက နီးကပ်စွာနေထိုင်ခဲ့ကြပြီးကျိမိသားစုသည်ဝမ်မင်ယီ ကြီးပြင်းလာပုံကိုအနီးကပ်စောင့်ကြည့်ခဲ့ကြရသည်။
အထူးသဖြင့် စစ်ကျွင်းတောက်ပင်....
သူက ဝမ်မင်ယီကို သူ၏ ညီငယ်လေးတစ်ယောက်လိုဂရုတစိုက်ချစ်ခင်ခဲ့လေသည်။
ထို့ကြောင့်ဝမ်ဝေ့နှင့်ကျောက်ဝမ်ယွီတို့က သူကိုယုံကြည်စွာဝမ်မင်ယီကို အပ်နှံထားခဲ့ခြင်းဖြစ်သည်။
"လိမ်လိမ်နေနော်...ကောကောရဲ့စကားကိုနားထောင်ရမယ်ဟုတ်ပြီလား..."
ထိုသို့မှာကြားပြီးသည်နှင့်သူတို့နှစ်ယောက်က ပစ္စည်းများထုတ်ပိုးသိမ်းဆည်းကာသူတို့၏အလုပ်များဆီသိဲုပြန်လည်ဝင်ရောက်သွားခဲ့လေသည်။
မူလထဲက သူတို့နှစ်ယောက်စလုံးသည် ကျင်လည်ရာအသိုင်းအဝိုင်းတွင် ထင်ရှားကျော်ကြားသူများဖြစ်ကြသည်။ဝမ်မင်ယီကို ပြုစုစောင့်ရှောက်သည့်အချိန်၌ သူတို့၏အလုပ်များကိုလျော့ချထားခဲ့ကြသည်။
ယခု သူတို့ပြန်လည်တဖန်စတင်လိုက်သည်နှင့်အလုပ်များသောပျားများဖြစ်နေပေသည်။သူတို့စတင် အလုပ်လုပ်သည်နှင့်ဝမ်မင်ယီကို လအနည်းငယ်ကြာမှသာတစ်ကြိမ်လာတွေနိုင်ကြသည်။အချိနိကြာလာသည်နှင့်အမျှ တစ်နှစ်ကိုတစ်ကြိမ်သာပြန် လာကြတော့သည်။
အစောပိုင်းတွင် ဝမ်မင်ယီက ငိဲုကြွေး၍ သူ၏မိဘများကိုရှာဖွေတတ်သေးသည်။သို့သော် အချိန်ကြာလာသည်နှင့်အမျှသူမိဘများ၏ ပျက်ကွက်မှုကို အသားကျလာကာ စစ်ကျွင်းတောက်၏ အိမ်တွင်ပင်နေထိုင်တော့သည်။
ထို့နောက်သူ၏ မိဘများကိုဆွဲဆောင်နိင်စေရန်ရည်ရွယ်၍ ထက်သန်စွာဖြင့်ပုန်ကန်မှုများပြုလုပ်ခဲ့သည်။ ထိုအကြောင်းကိုပြန်တွေးကြည့်မိဆိုလျှင် အထက်တန်းကျောင်းသားဘဝကသူ၏ ပုန်ကန်မှုကာလသည်အလွန်ပင်ကြာရှည်လှသည်။
သူက ထပ်ခါတစ်လဲလဲ မလိုက်နာမှုပုန်ကန်မှုက်ိုသာရွေးချယ်ခဲ့လေသည်။သို့သော် သူအလယ်တန်းကျောင်းသားဘဝ၌ တစ်စုံတစ်ယောက်က သူနောက်ကွယ်၌ သူအကြောင့်းပြောနေသည်ကိုကြားခဲ့ရသည်။
ထိုသူက သူသည် စစ်မိသားစုမဟုတ်သော်လည်း အရှက်မဲ့စွာဖြင့်စစ်မိသားစုထဲနေထိုင်ခဲ့သည်ဟုပြောခဲ့သည်။တစ်ခြားအတင်းပြောသူများက သူသည် သူမိဘများကမလိုချင်သည့် သနားစရာကောင်းသော ပိုးမွှားလေးတစ်ကောင်သာဖြစ်သောကြောင့်စစ်ကျွင်းတောက်အပေါ်တွင်သာ မှီခိုနိုင်သည်ဟုဆိုကြပေသည်။
ထိုစကားလုံးများ၏ နောက်ကွယ်၌ မနာလိုမှာများပြည့်နှက်လေသည်။
သူတို့သည် မျက်စိရှေ့တွင်မြင်နေရသော စစ်မိသားစုနှင့် စစ်ကျွင်းတောက်၏ အကြောင့်းကို နှိုင်းယှဉ်ပြောဆိုခဲ့ကြသော်လည်း မနေ့တစ်နေ့က ပင် သူတို့ချီးကျူးခဲ့သော ရုပ်ရှင်က ဝမ်မင်ယီ၏ အဖေဖန်တီးထားကြောင်းကိုမည်သူမျှမသိခဲ့ကြပေ။
ထို့အပြင် ရှာဖွေမှုများပြားသော ကျော်ကြားသည့်ဓာတ်ပုံပြပွဲကလည်းဝမ်မင်ယီ၏ အမေစီစဉ်ကျင်းပမှန်းမည်သူမျှမသိခဲ့ကြပေ။
ဝမ်မင်ယီကလည်း ထိုအကြောင်းကိုထုတ်ဖော်ပြောပြလိုခြင်းမရှိပေ။ ထိုကောလဟာလများပျံ့သွားချိန်မှစတင်၍ဝမ်မင်ယီသည် သူ၏ မကျေနပ်မှုများကိုသူမိဘများနှင့်စစ်ကျွင်းတောက်အပေါ်သို့ပုံချလိုက်လေသည်။
သူမိဘများက သူကိုဂရုမစိုက်ပဲ အလုပ်များနေခြင်းအပေါ် စိတ်နာကျည်းခဲ့သလို...စစ်ကျွင်းတောက်နှင့်စိတ်ချနိုင်သည့်အထိ လွှမ်းမိုးနိုင်ခဲ့သော စစ်ကျွင်းတောက် ဂရုစိုက်မှုများကိုလည်းဒေါသထွက်ခဲ့သည်။
သူ သူမိဘများနှင့်စကားပြောဆိုတိုင်းသူတို့ပြန်ပြောတတ်သည်မှာ (မင်းကို စောင့်ရှောက်ဖို့ ကျွင်းကျွင်းရှိတယ်လေ..မင်မင်မှာ မားကိုမပြောချင်တဲ့ဘယ်လိုအရာမျိုးမဆို ကောကောကိုပြောလိုက်လို့ရတယ်လေ။ ကောကောပြောတာကို သေသေချာချာနားထောင် ဟုတ်ပြီလား)
ထိုအချိန်၌ စစ်ကျွင်းတောက်သာ မရှိလျှင် သူမိဘများထိုမျှထိစိတ်အေးလက်အေးဖြစ်နေမှာမဟုတ်ဟု ဝမ်မင်ယီခံစားမိလေသည်။
သူတို့က သူ့က်ိုတစ်ယောက်တည်း ပြစ်ပယ်ထားလိမ့်မည်မဟုတ်သလို နှစ်သစ်ကူးများတွင်တောင်မှ သူတို့ကိုမမြင်လိုက်ရပဲ နေရမည်မဟုတ်ပေ။
ထိုခံစားချက်က စစ်ကျွင်းတောက်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးဆုံးသည့်အခ်ျိန်၌ပို၍ဆိုးရွားလာခဲ့သည်။