Chapter 57
Viewers 4k

👻Chapter 57

- မျက်နှာမဲ့သရဲ (7)




ချူဟွိုက်နှင့် ကျင်းထျန်းယိတို့က ထိုနေရာဆီ လျှောက်သွားလိုက်သည်။


အနားရောက်သွားသည့်အချိန် ချူဟွိုက်က ကောင်လေး၏ မျက်နှာလေးကြောင့် တစ်စက္ကန့်မျှ တောင့်တင်းသွားရသည်။


ကောင်လေးက အရမ်း ငယ်သေးပြီး ဆယ့်ခြောက် ဆယ့်ခုနစ် အရွယ်သာရှိသေးကာ နူးနူးညံ့ညံ့မျက်နှာအစိတ်အပိုင်းလေးများနှင့် မျက်မှန်တပ်ထား၍ စာကြမ်းပိုးလေးနှင့် တူသည်။


ကျောင်းသားကောင်းပုံစံ ရှိသော်လည်း မျက်နှာ၏ ဘယ်ဘက်ခြမ်း၌ ပုလင်းအဖုံးအရွယ် ခရမ်းရောင် ကုတ်ရာကြီး ရှိနေသည်။


စစ်ယွီက ချူဟွိုက်၏ သက်သေရှာနေသည့် အကြည့်ကို သတိထားမိ၍ တည်တည်ငြိမ်ငြိမ် ရှင်းပြလိုက်သည်


 " ဒဏ်ရာက ရန်ဖြစ်တာကနေ ရထားတာ...."   


ချူဟွိုက်က အနည်းငယ် အံ့သြသွားသည် " မင်းက အထက်တန်းကျောင်းသား မဟုတ်ဘူးလား...."


သူ၏မျက်လုံးများက အုန်းခွံရောင် ဆံပင်ဆီ အကြည့်ရောက်သွားသည်။


"အရင်တုန်းကပါ...."စစ်ယွီက စကားရပ်သွားပြီး လက်ဖြန့်ပြလာသည် 


" အခု မဟုတ်တော့ပါဘူး.....ရန်ဖြစ်လို့ ကျောင်းထုတ်ခံထားရတာ....ဒါကြောင့် ဆံပင်ဆေးဆိုးလိုက်တာလေ...."


စစ်ယွီကိုင်ထားသည့် လက်ထဲက သွေးစွန်းအရုပ်လေးက အရွယ်အစား ၈စင်တီမီတာခန့် အရှည် ၂၀စင်တီမီတာခန့်သာ ရှိသည်။ သွေးစွန်းမနေသည့် အပိုင်းက အဖြူစွတ်စွတ်ဖြစ်နေ၍ အသစ်လုပ်ထားသည်နှင့်တူသည်။

  

အရုပ်ကလေးက ဓါတုပစ္စည်းများသုံးပြီး လုပ်ထား၍ နေရောင်နှင့် စိုစွတ်သော ပတ်ဝန်းကျင်နှင့် ထိတွေ့သောအခါ အဝါရောင်ပြောင်းသွားသည်။ 


ကျင်းထျန်းယိ " ဒီအရုပ်က....." သူ့စိတ်ထဲ ခန့်မှန်းချက်တစ်ခု ကြိုရောက်နေပြီ ဖြစ်သည်။


တစ်ချက်စဥ်းစားလိုက်ပြီးနောက် ကောင်လေးက သူတို့နှစ်ယောက်ကို ဦးဆောင်ခေါ်သွား၍ ရိုလာကိုစတာ၏ နားနေခန်းထဲ ရောက်သွားကြသည်။ 


ချူဟွိုက်က နောက်ကလိုက်လာ၍ နားနေခန်းထဲတွင် အရှည်တူပြီး ပုံစံကွဲနေသော အရုပ်လေးရုပ်ကို ရုတ်တရက် တွေ့လိုက်ရသည်။


အရုပ်တစ်ရုပ်က မီးခိုးရောင် ဆံပင်များရှိ၍ မျက်လုံးမလွှဲနိုင်အောင် ဆွဲဆောင်မှုရှိလှသည်။


စစ်ယွီဆိုသည့် ကောင်လေးက ရှင်းပြပေးလာသည်


 " ကျွန်တော်က အပြင်ကနေ တက်မလို့လုပ်နေတုန်း နားနေခန်းရဲ့ ပြတင်းပေါက်က ပွင့်နေမှန်း တွေ့လိုက်ရတာ....ဒီအရုပ်တွေက ပြတင်းပေါက်ရှေ့မှာ စီစီရီရီလေး ရှိနေတာလေ...." 


ကျင်းထျန်းယိက ထိုစကားကြားသောအခါ ပြတင်းပေါက်နား လှည့်ပတ်ကြည့်မိသည်။ သူ့အမြင်တွင် အရုပ်ခေါင်းက ပြတင်းပေါက်အောက်ခြေထက် ပိုမြင့်နေသည်။ သူတို့ပုံစံက ချစ်စရာကလေးငယ် လေးယောက်က အပြင်ထွက်ချင်၍ သခင်ကို မျှော်နေကြသည်နှင့်တူသည်။


ချူဟွိုက်က မျက်လုံးအကြည့်နှင့် လှမ်းမေးလိုက်ရာ ကျင်းထျန်းယိက ခေါင်းညိမ့်ပြလာသည်။


စစ်ယွီ " အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့တစ်ဖွဲ့လုံး မြင်ခဲ့ကြတယ်.....အဲ့ဒါနဲ့ ကျွန်တော်က ဒီအရုပ်တွေက ကျွန်တော်တို့နဲ့တူတယ်....သဲလွန်စဖြစ်နိုင်တာမို့ အတူခေါ်သွားသင့်တယ်လို့ ပြောပြခဲ့ပေမယ့် သူတို့က ထောင်ချောက်လို့ ထင်ခဲ့ကြတာ....သရဲက အရုပ်ထဲ ရှိနေနိုင်တယ်လို့လည်း တွေးခဲ့ကြတာပေါ့...."

 

စစ်ယွီ " သူတို့ကိုယ်တိုင်လည်း မယူသွားကြသလို ကျွန်တော့်ကိုလည်း မယူခိုင်းကြဘူး....ကျွန်တော်က အကုန်ယူသွားချင်ပေမယ့် သူတို့ကို ထိခိုက်မှာလည်း စိုးတော့ တစ်ရုပ်လောက်ပဲ ကိုယ့်ဘာသာကိုယ် တိတ်တိတ်လေး အိပ်ကပ်ထဲ ထည့်ခဲ့လိုက်တာ...."

  

“တကယ်တော့ သေရေးရှင်ရေး အစပျိုးမလာခင် ရွေးချယ်ရမယ့် နည်းလမ်းက SchrĂśdinger's catလိုမျိုးလဲ...." ချူဟွိုက်က တစ်ဝက်တစ်ပျက်နှင့် စကားစရပ်သွားသည် "  အစားထိုးတာလား...."[SchrĂśdinger's cat =သူက ကိုယ့်ဥာဏ်စွမ်းရှိသမျှ ထုတ်သုံးရတာမျိုးပါ]

 

သူက စစ်ယွီလက်ထဲရှိ ခေါင်းဒဏ်ရာရထားသော အရုပ်လေးကို ကြည့်လိုက်ရင်း ချက်ချင်း သဘောပေါက်သွားသည်။


စစ်ယွီ " ကျွန်တော်လည်း အဲ့လိုထင်ခဲ့တာ...ဒါပေမယ့် အကြောင်းရင်းကို နားမလည်ဘူး.... ကျွန်တော်တော့ ကံကောင်းပြီး အသက်ရှင်သွားတယ်လို့ပဲ ပြောနိုင်တော့တယ်...." 


ချူဟွိုက်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး ကျင်းထျန်းယိနှင့် အကြည့်ချင်းဖလှယ်လိုက်ရင်း ရိုလာကိုစတာ၏ သဲလွန်စကို ချိတ်ဆက်မိသွားကြသည်။


"ရိုလာကိုစတာရဲ့ သဲလွန်စက ဒမ်မိုကလိစ်ရဲ့ ဓါးသွားပဲ..... ဒီသွယ်ဝိုက်စကားကို 'ဒမ်မိုကလိစ်ရဲ့ ဓါးသွား'လို့ ခေါ်ပေမယ့်....."

 

ချူဟွိုက်က စကားရပ်သွားပြီး ကူကယ်ရာမဲ့သလို ပြောလာသည် " ဒီဓါးသွားက အစကတည်းက ဘုရင်ကြီးရဲ့ ခေါင်းပေါ်မှာ ချိတ်ထားပြီးသား ဖြစ်နေတယ်...."


စစ်ယွီ၏ မျက်ဆံများက ကျုံ့ဝင်သွားရင်း ချက်ချင်း နားလည်သွားသည်။


"အန္တရာယ်က မူလက ဘုရင်ကြီးဆီ ရောက်ရမှာ....ပြောရရင် ဒမ်မိုကလိစ်က ဘုရင်ကြီးအစား ဖြစ်သွားရတာလေ...."

  

“ဒီစကားစုမှာကိုက 'အစားထိုး' လိုမျိုး ပါပြီးသားပဲ ...ဒါကြောင့် ရွေးရမယ့်နည်းလမ်းက SchrĂśdinger’s cat လိုမျိုး မဟုတ်ပဲနဲ့ ဒီနည်းလမ်းကပဲ အသက်ရှင်နိုင်မယ့် နည်းလမ်း ဖြစ်နေတာ...." 


ချူဟွိုက်က အရုပ်ကို တွေ့ပြီးသည်နှင့် အသက်ရှင်နိုင်မည့် နည်းလမ်းက မခက်တော့သလို ခံစားရသည်။ ထို့ကြောင့် သေသွားသည့် ပြိုင်ပွဲဝင်များက လမ်းလွဲသွားကြခြင်းသာ ဖြစ်သည်။


ထိုကောင်လေးက ပြန်ပြောပြလာသည် " အဲ့ဒီအချိန်တုန်းက ကျွန်တော်က အရုပ်ကို လက်ထဲဖွက်ထားပြီး ရိုလာကိုစတာပေါ် ထိုင်နေခဲ့တာ....ကိုယ့်ကိုယ်လည်း သိပ်မသေချာခဲ့ဘူး...


.ဟိုအတန်းကြီး ပြိုကျလာတော့ ကျွန်တော်တော့ သေပြီလို့ တွေးခဲ့မိတာ.....ဒါပေမယ့် ကျွန်တော်က ထူးဆန်းတဲ့ အခြေအနေထဲ ရောက်သွားသလို ခံစားရတယ်.....ခဏလောက် သတိလစ်နေပြီး ပြန်နိုးလာတော့ လက်ထဲက အရုပ်က ခေါင်းပြုတ်သွားမှန်း တွေ့လိုက်ရတယ်.....


အရုပ်မှာ ဘာသွေးမှ မရှိခဲ့ဘူး.....သွေးတွေက ကျွန်တော့သွေးလည်း မဟုတ်ဘူး သူများရဲ့ သွေးတွေလည်း မဟုတ်ဘူး....တစ်ချိန်လုံး ကျွန်တော့်လက်ထဲ ပိုက်ထားခဲ့တာ....ဒါပေမယ့် ကျွန်တော် ပြန်ထုတ်ကြည့်လိုက်တော့ သွေးတွေစွန်းနေခဲ့တယ်....အဲ့ဒါနဲ့ ကျွန်တော်လည်း လွှင့်မပစ်လိုက်ပဲ ဒီအရုပ်လေးက ကျွန်တော့အစား သေသွားခဲ့တာ ဖြစ်နိုင်တယ်လို့ တွေးခဲ့မိတယ်...."စစ်ယွီက ရှက်ကိုးရှက်ကန်း ပြောပြလာသည်။


ချူဟွိုက်၏ ယခင်ခန့်မှန်းချက်က ယေဘုယျသဘောသာ ဖြစ်သော်လည်း အသေးစိတ်စဥ်းစားကြည့်လျှင် ပြဿနာတစ်ခု ရှိနေသည်။ 


စကားစုထဲမှ ဒမ်မိုကလိစ်က ပြိုင်ပွဲဝင် မဟုတ်ပဲ အရုပ် ဖြစ်နေပြီး ပြိုင်ပွဲဝင်များက ဘုရင် ဖြစ်နေသည်။ အရုပ်က ပြိုင်ပွဲဝင်၏ အစားထိုးခံအနေနှင့် ပြုတ်ကျလာသော ဓါးသွားကြောင့် သေရမည် ဖြစ်သည်။


တစ်ချိန်တည်းမှာပင် လော့ဇီယန်နှင့် ယဲ့ယွမ်တို့က ဂရိဒဏ္ဍာရီလာပြတိုက် ဝင်ပေါက်သို့ အချိန်မှီ ရောက်သွားကြသည်။

 

သူတို့က အထဲဝင်ရန် ပြင်လိုက်စဥ် တံခါးပေါ် ချိတ်ထားသည့် စာကို တွေ့လိုက်ရသည် " ကျေးဇူးပြုပြီး မြေပုံနဲ့ လမ်းကြောင်းအစီအစဥ်အတွက် ပရောဂျက်ရုံးခန်းသို့ အရင်သွားပေးပါရန်...."


လော့ဇီယန်က သတ္တိမွေးလိုက်ရင်း ယဲ့ယွမ်ကို ဆွဲခေါ်သွားသည်။ ယခင်ကနှင့် တစ်ပုံစံတည်းတူသည့် လက်တစ်ဖက်က ပြတင်းပေါက်မှ ထွက်လာပြီး မြေပုံလေးတစ်ခု ထုတ်ပေးလာသည်။ လော့ဇီယန်က တံတွေးမြိုချလိုက်ရင်း မြေပုံကို အမြန်ယူလိုက်ကာ တံခါးဆီ ပြန်သွားလိုက်၏။


လက်မှတ်ပေးလိုက်ပြီးနောက် လော့ဇီယန်က မြေပုံကို ဖွင့်ဖတ်လိုက်သည်။ မြေပုံတစ်ခုလုံးက သိုးမွေးရောင်ရှိပြီး ငွေရောင်လိုင်းတွန့်မျဥ်းတစ်ခုနှင့် အနီခြစ်အမှတ်နှစ်ခု ဆွဲထားသည်။


ယဲ့ယွမ် " ဒီအနီခြစ်နှစ်ခုက ကျွန်တော်တို့ သွားရမယ့် နေရာဖြစ်လောက်မယ်...."


လော့ဇီယန်က ခေါင်းညိမ့်ပြလိုက်သည်။


ပထမဆုံးအနီမှတ်က သူတို့နှင့် သိပ်မဝေးလှပေ။ မြေပုံ၏ အလယ်တည့်တည့်တွင် ရှိနေသည်။ အနီမှတ်အနီးတွင် အပြာရောင်နယ်မြေကြီးတစ်ခု ရှိနေသည်။


လော့ဇီယန်က အံ့သြနေသည် " ဒီအပြာရောင်က ဘာကို ပြောချင်တာလဲ....ရေလား....ရေကန်လား...."


ယဲ့ယွမ်ကလည်း အနည်းငယ် ဝေခွဲရခက်နေသည်


 " သွားပြီး ကြည့်မှ သိမှာပေါ့...."


ပြတိုက်ထဲမှ အစိမ်းရောင်လွှမ်းသည့် နေရာများက အလွန်လှပပြီး ချုံပုတ်လေးများကလည်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားဟန်တူသည်။


သူတို့လျှောက်သွားသည့်အချိန် အလည်တည့်တည့်၌ ချုံပုတ်များ ပန်းရုံများနှင့် ပြည့်နေသည့် နတ်ဘုရားရုပ်တုများကို တွေ့လိုက်ရသည်။ ရုပ်တုများက မြင့်မားလှပြီး အဖြူရောင် သုတ်ထားသည်။ စိတ်ထင်၍လား မသိသော်လည်း အလင်းဖျော့ဖျော့ တစ်ခု ထုတ်လွှင့်နေသလို ခံစားရသည်။


စစ်နတ်ဘုရား အေသီနာ၏ ငါးမီတာအမြင့်ရှိ ရုပ်တုကြီးနား ဖြတ်လျှောက်သွားစဥ် လော့ဇီယန်က ရုတ်တရက် ပေါ်လာသော မြင်ကွင်းကြီးကို တွေ့လိုက်ရ၍ ပြောစရာစကားပင် ပျောက်ရှသွားသည်။


ကမ္ဘာအသစ်တစ်ခု.....ကြည့်လိုက်သည့်နေရာတိုင်း အပြာရောင်က ကြီးစိုးနေသည်။

 

မြေပြင်က နဂါးငွေ့တန်းလို အပြာရောင်ရှိပြီး မလှမ်းမကမ်းမှ အဖြူရောင် အလင်းတန်းသေးသေးလေးများကို တွေ့လိုက်ရသည်။


မီးအိမ်က အလွန်သေးငယ်၍ စိန်တုံးလေးများက အကွက်တစ်ခုလို ခွဲဖြာသွားပြီး အဖြူရောင်အလင်းဖျော့ဖျော့တစ်ခု ထုတ်လွှတ်ပေးနေသည့်အတိုင်းပင်။ လော့ဇီယန်က ကြယ်အပြည့်နှင့် ကောင်းကင်ကို ရောက်သွားသည့်အတိုင်း ခံစားရသည်။


ကစားကွင်းထဲတွင် လမ်းမီးမရှိ၍ အလင်းရောင် အားနည်းလှသည်။ လမ်းတစ်လျှောက်တွင် လော့ဇီယန်က အမှောင်ထဲမှ သရဲပေါ်လာမလား စိုးရိမ်နေခဲ့သော်လည်း ယခုတွင် နေ့အချိန်လို လင်းထိန်နေသည်။  

 

မြေပြင်ပေါ်ရှိ အပြာရောင်မှတ်က အချင်းဝက် တစ်ကီလိုမီတာခန့်ရှိသည့် စက်ဝိုင်းအကြီးကြီး ဖြစ်နေသည်။


သူ့နောက်က ယဲ့ယွမ်က ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး အနီးနားရှိ မီးရောင်များကို တွေးတွေးဆဆ ကြည့်နေမိသည်။ နက်ပြာရောင် နောက်ခံ၊ အဖြူရောင် မီးလုံးများနှင့်အတူ မီးရောင်၏ အကွက်ကလည်း ကြယ်ပုံစံအကွက်နှင့် တော်တော်လေးဆင်နေသည်။ 

 

ယဲ့ယွမ် " အစ်ကိုလော့....ရှေ့သွားလိုက်ကြအောင်....အနီမှတ်ကို မရောက်သေးဘူး....အဲ့ဒါက ဒီအဝိုင်းကြီးရဲ့ အလယ်လောက်မှာ ရှိနိုင်တယ်...."


အလင်းရောင်က လော့ဇီယန်ကို လုံခြုံစိတ်ပေးနေ၍ သူက သတ္တိရှိသည့်ပုံ ဟန်ဆောင်လိုက်ရင်း ယဲ့ယွမ်ကို ဆွဲကာ ကြယ်စုတန်းဆီ ခြေချလိုက်၏။


ပတ်ပတ်လည်က မှောင်မည်းနေသော်လည်း လော့ဇီယန်က မြေကြီးပေါ်ရှိ အလင်းရောင်က စူးရှနေ၍ ခေါင်းတစ်ဝက်ငုံ့ပြီး လမ်းလျှောက်နေရသည်။


ဆယ်မိနစ်ခန့် လျှောက်သွားပြီးနောက် အနီမှတ်ရှိသည့် အလယ်ပိုင်းသို့ ရောက်သွားလေသည်။ ယင်းက အလွန်သေးငယ်သည့် ရေကန်လေးတစ်ခု ဖြစ်ကာ ရေက ပြာမနေပဲ အဖြူရောင်သန့်သန့်လေး ဖြစ်သည်။

 

ရေစပ်တွင် သစ်ပင်ရိပ်များ ယိမ်းထိုးနေကြ၍ လော့ဇီယန်က ယဲ့ယွမ်ကို ခေါ်ပြီး အနားတိုးကြည့်လိုက်ရာ သစ်ပင်ရိပ်အောက်တွင် အဖြူစွတ်စွတ် ကြာမြစ်လို ပစ္စည်းတစ်ခု ရှိနေသည်။


ကြာမြစ်နှစ်ခုက ညယံထက် ရစ်မူးစေမည့် အလင်း

ရောင်တို့ ဖြန့်ကျက်ပေးနေသည်။


လော့ဇီယန်ကို ပိုပြီး အံ့အားသင့်သွားစေသည့် အရာက ထိုကြာမြစ်နှစ်ခု၏ ဆစ်ပိုင်းများက အမှန်တကယ် ရွေ့နေကြခြင်းပင်။


ကြာမြစ်က ရေတိမ်ပိုင်းတွင် ရှိနေပြီး ရှေ့နောက် ရွေ့နေ၍ ရေသံများထွက်လာပြီး ရေလာစင်သည်။


သူ့ရှေ့က မြင်ကွင်းက အလွန် ထူးဆန်းလှ၍ လော့ဇီယန်၏ ခြေထောက်တို့ တုန်ယင်လာရသည်။ 


ယဲ့ယွမ်၏ နှုတ်ခမ်းစွန်းတို့ ကော့တက်သွား၏


 " အစ်ကိုလော့....သူ့ခြေထောက်ကို ကြည့်နေတာ နှစ်မိနစ်လောက် ရှိနေပြီနော်....."


လော့ဇီယန်က တစ်စက္ကန့်မျှ အံ့သြသွားရင်း ချက်ချင်း စိတ်အေးသွားမိသည် " ဒါဆို ဒါက ခြေထောက်တွေပေါ့...."


သူ့မျက်နှာအမူအရာက ရုတ်တရက် တောင့်ခဲသွားရင်း မျက်ရည်မထွက်ပဲ ငိုချင်လာရသည်


 " ဒါက ကြောက်စရာကောင်းတဲ့ ခြေထောက်တွေပဲ...."


လော့ဇီယန်က အသက်ပြင်းပြင်းရှူလိုက်ပြီး အလန့်တကြား အော်လိုက်သည် " သရဲ....အား....."


ယဲ့ယွမ်က မျက်နှာကြီး မည်းမှောင်သွားသည် "....." ဒီရှက်စရာကောင်းတဲ့ ကောင်ကို သတိမေ့သွားအောင် ကန်ပစ်လိုက်ချင်တယ်.....


ယဲ့ယွမ်က လော့ဇီယန်ကို ဆွဲခေါ်လိုက်ပြီး ချုံပုတ်ကို တွန်းဖယ်ကြည့်လိုက်ရာ လှပသော ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။


ထိုပုံရိပ်လေးက သူ့ခြေထောက်ကို ကန်နေ၍ သူတို့ဆီ လှည့်လာခြင်းဖြစ်သည်။


ယဲ့ယွမ်က ချုံပုတ်နောက်ရှိ အမှိုက်ပုံးအရွယ်သာသာ ရုပ်တုလေးတစ်ခုကို ကြည့်လိုက်ရင်း သူ့မျက်လုံးတို့ အနည်းငယ် ကျဥ်းမြောင်းသွားရသည်။


ရုပ်တုက အရွယ်အစား သေးငယ်ပြီး နေရာကလည်း သိုဝှက်လှ၍ သတိမထားမိလျှင် တွေ့နိုင်မည်မဟုတ်ပေ။ 


ရုပ်တုက ပင်လယ်ရေမှော်လို ဆံနွယ်အထူကြီးရှိသည့် မိန်းမလှလေးတစ်ယောက် ဖြစ်ပြီး ခေါင်းထိပ်တွင် ပန်းပွင့်သရဖူလေး ပန်ထားကာ အသက်ဝင်နေသည့် မျက်နှာအစိတ်အပိုင်းများရှိသည်။  


ရုပ်တုက ကောင်းကောင်းဝတ်စားထား၍ စစချင်းတွင် မစဥ်းစားမိသော်လည်း နောက်မှ ယဲ့ယွမ်က မိန်းကလေး၏ မျက်လုံးထောင့်ရှိ မျက်ရည်တစ်ချို့ကို သတိထားမိသွားသည်။


သူမက ဂရိဒဏ္ဍာရီထဲကလား.....။ သူ ဘာလို့ မမြင်ဖူးရတာလဲ.....။ ပြီးတော့ အေသီနာရဲ့ ငါးမီတာရုပ်တုကြီးနဲ့စာရင် ဒီရုပ်တုက သိပ်အရေးမပါသလိုပဲ...   


ရေကန်အနီးရှိ ထိုအရာက ပင်လယ်ရေမှော်လို ဆံနွယ်အထူကြီးရှိပြီး ပန်းပွင့်ဖတ်များလည်း ရှိနေသည်။


လော့ဇီယန်က ယဲ့ယွမ်၏ အင်္ကျီစကို ဆွဲလာသည် " ရှောင်ယဲ့.....ဒါက နတ်ဘုရားလား...."


ယဲ့ယွမ်က စိတ်အေးသွား၍ စကားတစ်ခွန်း ဆိုမလာချေ။


ထိုအရာ၏ ကိုယ်အပေါ်ပိုင်းက တဖြေးဖြေးရွေ့လာ၍ လော့ဇီယန်၏ မျှော်တလင့်လင့် အကြည့်အောက် ရောက်ရှိလာသည့်အချိန် .....

 

လော့ဇီယန်မှာ တုံ့ခနဲဖြစ်သွားရသည် " အား....."


ဒါ မျက်နှာမဲ့သရဲကြီး.....


သရဲမက ယဲ့ယွမ်ဆီ ခေါင်းလှည့်လာပြီး သူမ၏ လှပသော လက်ကလေးကို လော့ဇီယန်ဆီ ဆန့်ထုတ်လာသည်


 " ဘပ်က်ခပ်စ်.....ရှင်က ကျွန်မကို သစ္စာတောင် ဖောက်နေပြီပေါ့.....ဒါက ရှင့်ချစ်သူအသစ်လား...."


သူမအသံက ငိုနေသလို လှိုင်းသံလေးများပင် ပါနေသည်။ 


ဘပ်က်ခပ်စ်......ဘပ်က်ခပ်စ်....ယဲ့ယွမ်၏ နှုတ်ခမ်းစွန်းတို့ တွန့်ကွေးသွားသည်။ သူက ဖြစ်ပျက်နေသည့်အရာကို သိလိုက်ပြီဖြစ်သည်။


လော့ဇီယန်က ကူကယ်ရာမဲ့သွားသည့် ပုံစံနှင့် ယဲ့ယွမ်၏လက်ကို ချက်ချင်း ဆွဲဖြုတ်လိုက်ပြီး အပြုံးလေးနှင့် ဆိုလာသည်


 " မိန်းကလေး....မဟုတ်သေးဘူး...မိန်းမလှလေးရေ....အဲ့ဒါနဲ့ပတ်သတ်ပြီး စိတ်လှုပ်ရှားမသွားပါနဲ့....စိတ်မလှုပ်ရှားသွားနဲ့နော်....သူက မင်းအပိုင်ပါ....ငါ့မှာ ဘာအဆင့်မှမရှိပါဘူး...."


ယဲ့ယွမ်က သူ့ကို အေးစက်စက်ကြည့်လာသည်။


ယဲ့ယွမ်ကလည်း ပူးပေါင်းပေးလာသည် 


" မိန်းမလှလေး အရီယာနီ.....ငါ့ဘက်က သေချာတယ်....မင်းက ငါ့ဘဝမှာ ချစ်ရတဲ့ တစ်ယောက်တည်းသောသူပဲ...."


အရီယာနီ.....လော့ဇီယန်က မေ့လဲမတတ်ဖြစ်သွားရသည်။ သောက်ကျိုးနည်း ဘာတွေလဲဟ....

 

အရီယာနီ၏ မျက်လုံးထောင့်စွန်းတွင် မျက်ရည်တို့ ခိုတွဲနေလျက် တင်းမာသည့် မျက်နှာထားနှင့် ဆိုလာသည်


 " ကျွန်မ မယုံဘူး...." 


သူမက ရေကန်အပြင်ဘက်သို့ တွားသွားလာပြီး မျက်လုံးများကလည်း နတ်ဆိုးလို ရက်စက်မှု အထင်းသားပေါ်နေသည်။


ခြေထောက်ဖွေးဖွေး နှစ်ချောင်းက အမှောင်ယံညထဲ လှုပ်ရှားလာသည်။


ယဲ့ယွမ်က ကူကယ်ရာမဲ့ဟန် လက်ဖြန့်ပြလိုက်ပြီး လော့ဇီယန်ကို ပြုံးပြလိုက်သည်


 " ဘာလို့ ငိုင်တိုင်တိုင်လုပ်နေသေးတာလဲ.....ပြေးလေ..."


“ဟမ်...." လော့ဇီယန်က တစ်စက္ကန့်မျှ အံ့သြသွားပြီး ချက်ချင်း ပြေးသွားရာ မျက်စိတစ်မှတ်စာအတွင်း မီတာနှစ်ဆယ်ခန့် ရောက်သွားသည်။


နောက်က ကျန်နေခဲ့သည့် ယဲ့ယွမ် "....." ဘေးကြုံလာရင် စိတ်ရင်းအမှန်ကို ပြတယ်ဆိုတာ တကယ်မှန်တယ်.....


ပြေးနေရင်း လမ်းတစ်ဝက်တွင် လော့ဇီယန်က ချက်ချင်း ဘရိတ်အုပ်လိုက်ပြီး အမြန်ကွေ့၍ ပြန့်လှည့်လာကာ ယဲ့ယွမ်ကို ဆွဲကာ ပြန်ပြေးသည်။


သူတို့က အရှိန်မြန်မြန် ပြေးနေကြသော်လည်း ခြေထောက်နှစ်ဖက်သာ ရှိ၍ ကင်းခြေများလို ခြေထောက်ရော လက်ရောသုံးပြီး လိုက်လာသည့် သရဲမက အနားထိ ရောက်လာပြီဖြစ်၏။ 


အချိန်တစ်ခုထိ ပြေးနေပြီးနောက် ယဲ့ယွမ်က သူတို့တွင် အခွင့်အရေးတစ်ခု ရှိသေးမှန်း သိလိုက်ရသည်။


သရဲမက မြေကြီးပေါ်ရှိ မီးအလင်းရောင် သေးသေးလေးများကို ဖြတ်သွားသည့်အချိန် သူမက ကွင်းပြီးသွား၍ ထိုမီးများက အတားအဆီးများ ဖြစ်နိုင်သည်။


"ငါတို့ ဘယ်လိုလုပ်ကြမလဲ...." လော့ဇီယန်က ရှေ့မှ အော်လာသည်။  


ယဲ့ယွမ်က မောဟန်ဆောင်ရင်း အေးအေးဆေးဆေး ပြေးနေ၍ ထိုစကားကြားသောအခါ ပြန်မေးလိုက်သည် " အစ်ကိုလော့ မြောက်ဘက် သရဖူသဏ္ဍာန် ကြယ်အစုအဝေးကို သိလား...."  


“ဘာလဲ...." လော့ဇီယန်က သွေးလေချောက်ချားလာသည် " ဘာကြီးလဲလို့ ..." 


သူက ရှေ့ကိုသာ ပြေးရဲပြီး နောက်လှည့်မကြည့်ရဲချေ။ သူ ကြည့်မိ၍ သရဲကို မြင်လိုက်ချိန် ခြေထောက်ပျော့ခွေလာပြီး ဆက်မပြေးနိုင်ပဲ နေမည်စိုး၍ဖြစ်သည်။


ယဲ့ယွမ်က သူ သဘောမပေါက်မှန်း သိ၍ သက်ပြင်းရှိုက်လိုက်ပြီး ပြောလာသည် 


" ကြည့်....ဒါက လေးနဲ့မြားကို ဆွဲတင်ထားတဲ့ အမဲလိုက်သမားသဏ္ဍာန် ကြယ်စုဝေးကြီးလေ...."


သူက သူ့ခြေထောက်အောက်ရှိ အဖြူရောင် အလင်းကွက်လေးများကို ညွှန်ပြလာသည် 


" ကြယ်တွေဝေတဲ့ ကောင်းကင်ကြီး...."  


လော့ဇီယန်က နောက်ဆုံး သဘောပေါက်သွားသည်။ သူက ဒေါသထွက်သလို ပြောလာသည် " ဒါနဲ့ မြောက်အရပ် ကြယ်စုဝေးကို ရှာရမှာက ဘာဆိုင်လို့လဲ...."


သူတို့နောက်က သရဲမက ယဲ့ယွမ်၏ ခြေကျင်းဝတ်ကို လှမ်းဆွဲရန်ပြင်လိုက်ချိန် ယဲ့ယွမ်က ခေါင်းလှည့်လာပြီး ညစ်ကျယ်ကျယ် ပြုံးပြလိုက်ကာ အဖြူရောင်မီးလုံးပေါ်သို့ ခြေလှမ်းလိုက်သည်။ သရဲမ၏ လက်က မမြင်ရသော အတားအဆီးတစ်ခုမှ ဟန့်တားခံလိုက်ရ၍ သူမ၏နားကို ကုတ်ခြစ်ပြီး ဒေါသတကြီး ခြေဆောင့်လိုက်သည်။   

 

သူမက အားထုတ်ပြီး မီးအိမ်လေးများကို ရှောင်ခဲ့ရသော်လည်း လော့ဇီယန်နှင့် ယဲ့ယွမ်တို့က လွတ်သွားကြပြီဖြစ်သည်။


“သူမခေါင်းပေါ်က ပန်းပွင့်သရဖူကို တွေ့လား..." ယဲ့ယွမ်က မေးလာသည်။


"မကြည့်မိဘူး....မကြည့်နိုင်ခဲ့လို့..." လော့ဇီယန်က ခေါင်းတွင်တွင် ခါပြလာသည်။ သူ ပြန်ပြီး လှည့်မကြည့်ချင်ပေ။


ယဲ့ယွမ်က ဒေါသထွက်ထွက်နှင့် ရယ်မောလိုက်ပြီး ညွှန်ပြလာသည် " မြောက်ဘက် သရဖူသဏ္ဍာန် ကြယ်စုဝေးက စက်ဝိုင်းတစ်ခုပဲ....အနှောင့်အယှက်တွေ ဝင်လို့မရတဲ့ စက်ဝိုင်းတစ်ခုပေါ့....သူက လိုင်ယာ ဗီဂါတို့ တစ်ဆက်တည်းရှိတဲ့နေရာနဲ့ ဘူးရဲ့ ဂျိုအနီးမှာ တည်ရှိတယ်...."  


“လိုရင်းကိုပြော...." လော့ဇီယန်က ထိုစကားလုံးများကို ကြားလိုက်ရချိန် ခေါင်းကိုက်ရလာရသည်။


"မြောက်အရပ် သရဖူက ဘပ်က်ခပ်စ်က သူ့ချစ်သူ အရီယာနီကို ပေးတဲ့ ခန်းဝင်ပစ္စည်းပဲ....ဒဏ္ဍာရီအရဆို အဲ့ဒါက အရီယာနီခေါင်းပေါ်မှာ ပန်ထားတဲ့ ပန်းပွင့်ဖတ်လေးတွေ ဖြစ်မယ်...ပြောချင်တာ အဲ့ဒါက စက်ဝိုင်းပဲ....."



👻