Chapter 204 [End Of Story]
Viewers 29k

🌱[End Of Story]

Ch 204

တစ်ချိန်က ရင်းနှီးခဲ့သည့်နေရာများသို့ ထပ်မံသွားရောက်လည်ပတ်ခြင်း (၂)



စွေ့ချီချောင်း အုပ်ချုပ်ခဲ့သည့်ကုန်းမြေမှာ တိုက်ကြီးတစ်ခုလုံးတွင် လူဦးရေအများဆုံးဖြစ်ကာ နေထိုင်ရန် အားကျစရာအကောင်းဆုံးဖြစ်လာ၏။ ၄င်းတွင် အမြင့်ဆုံး ချမ်းသာမှုရှိကာ အမြင့်မားဆုံးသောပျော်ရွှင်မှု မှတ်တမ်းရှိလေသည်။ ကုန်းမြေကို လူငယ်အုပ်ချုပ်သူတစ်ဦးက စောင့်ကြည့်သည်ဖြစ်သော်လည်း မရေမတွက်နိုင်သော လူများက ဤနေရာသို့ လာရောက်ချင်နေဆဲ ဖြစ်၏။ 


အများစုမှာ ဤနေရာသို့ပင် မရောက်ဖူးကြပေ။ သူတို့က ပုံပြင်များကြားဖူးကာ သူရဲကောင်းများ၊ စီးပွားရေးသမားများနှင့် ဝတ္ထုဆရာများထံမှ အစီရင်ခံစာများဖတ်ဖူးခြင်း ဖြစ်သည်။ ထိုနေရာရှိ ဥပဒေက အတန်ပင် ထူးခြားသည်ဟု ဆိုကြလေသည်။ ဥပမာဆိုရသော် လွန်ခဲ့သည့် သုံးလက နောက်ဆုံးကျွန်အဖွဲ့မှာ လွတ်လပ်သူများအဖြစ် လွတ်ပေးခြင်း ခံလိုက်ရပေသည်။ ယခုတွင် ထိုနေရာ၌ နေထိုင်နေသည့်ကျွန် မရှိချေ။ 


အနိမ့်ဆုံးမြေကျွန်များသည်ပင် ဇိမ်ခံကျောက်တုံးအိမ်များတွင်နေနိုင်ပြီး ဆန်ဖြူနှင့် အဖိုးတန်သကြားညိုကို စားသောက်နိုင်သည်။ ထိုနေရာတွင် ကမ္ဘာ့နာမည်ကျော် ဝိုင်ထုတ်လုပ်သည့် အလုပ်ရုံတစ်ခုပင်ရှိရာ နေထိုင်သူများလည်း ၄င်းကို ဝင်ခွင့်ရှိပေသည်။


သူတို့တွင် အလိုအလျောက် ရေသွင်းပေးသည့် ရေလှောင်ကန်များရှိကာ သူတို့၏ စိုက်ပျိုးမြေများက အင်းဆက်များနှင့် ပိုးမွှားများ ကင်းမဲ့နေပြီး ထိုနေရာတွင် လူတိုင်းနီးပါးက သတ္ထုလယ်စိုက်ပစ္စည်းများ ပိုင်ဆိုင်ကြသည်။ ထို့အပြင် သူတို့က ဖျားနာနေသည့် ကျွဲနွားများနှင့် မြင်းများကို ကုသရန်အတွက် အဆင့်မြင့်နည်းပညာဖြင့်ပြုလုပ်ထားသည့် ကိရိယာများကို အသုံးပြုကြသည်။ သူတို့၏ စိုက်ပျိုးရေးအကျိုးအမြတ်က အလွန်မြင့်မားသည့်ရလာဒ်အနေဖြင့် သူတို့အားလုံးက ပိုင်ဆိုင်သည့် မြေပေါ်တွင် အခက်အခဲမရှိ လယ်အလုပ်များကို အလွယ်တကူ ပြီးမြောက်နိုင်ပေသည်။ သူတို့ထုတ်လုပ်သည့် များပြားသော အထွက်နှုန်းက သူတို့မိသားစုများ၏ ဘဝများကို ပို၍သက်သောင့်သက်သာဖြစ်အောင် ပြုလုပ်နိုင်ပြီး အခြားတိုက်များမှ စောင်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ပရိဘောဂများ အစရှိသည်တို့ကို ရေလမ်းကြောင့်ဖြင့် သယ်ပို့နိုင်ပေသည်။ 


ကျွန်စနစ်ဖျက်သိမ်းခြင်းအတွက် အလဲအလှယ်အနေဖြင့် မဖြစ်မနေ စစ်မှုထမ်းရသည့် စနစ်ရှိပေသည်။ ထိုသူများက စစ်သားများဖြစ်လာနိုင်သည့် လယ်သမားများ ဖြစ်ကြလေသည်။ သူတို့က ပေါက်တူးများကို မြှောက်လိုက်သည့်အခါ စစ်သားများအဖြစ် ပြောင်းလဲသွားကြလေသည်။ 


ထိုနေရာသို့သွားရန် အခွင့်အရေးရခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်များက မကြာခဏပင် သူတို့က အိပ်မက်တစ်ခုကို ဖော်ပြနေသကဲ့သို့ ပြောတတ်ပေသည်။ နော်သန်ဘာလန်လယ်သမားများက တစ်နှစ်ပတ်လုံး ဖူးပွင့်သည့် တန်ဖိုးကြီးအပင်များနှင့် ပန်းများကို စိုက်ပျိုးရန် ရည်ရွယ်သည့် ဥယျာဉ်များ ရှိပေသည်။ လမ်းများက သန့်ရှင်းကာ ဖြောင့်ဖြူးနေပြီး တံတာဖြတ်သန်းရာ သို့မဟုတ် ပေါင်မုန့်ဖုတ်ရာတွင် အခွန်ပေးရန်မလိုအပ်ပေ။ 


၎င်းက ထိုမျှအံ့ဩစရာကောင်းလှသည့် ကုန်းမြေဖြစ်သည်။ သူတို့၏ အရှင်က အသက် ၂၀သာ ရှိကာ ယခင်အရှင်ထံမှ ကုန်းမြေကို အမွေရထားခဲ့ပေသည်။ သူ့စည်းကမ်းကို လိုက်နာရန်အတွက် လူတိုင်းက နော်သန်ဘာလန်မှာ ယခုအခြေအနေအထိ ဖြစ်လာစေရန်အတွက် လူတိုင်းက လယ်စိုက်ပြီး အလုပ်ကြိုးစားခဲ့ရသည်။ 


ယနေ့မှာ အရှင့်၏ မင်္ဂလာပွဲနေ့ဖြစ်သည်။ ဤသို့ဖြင့် သူက အခြားသော ဒဏ္ဍာရီတစ်ပုဒ်ကို ဖန်တီးနေပေသည်။ မြင့်မြတ်လှသော ကုန်းမြေအရှင်ဖြစ်သည့် သူက သူ့ပိုင်နက်အတွင်းနေထိုင်သည့် သာမန်မြေကျွန်တစ်ဦး၏သမီးကို လက်ထပ်ခြင်းဖြစ်သည်။ 


ကုန်းမြေ၏ မြို့သူမြို့သားများက ဂုဏ်ပြုလက်ဆောင် မျိုးစုံကို ပေးပို့ကာ မြေအရှင်က မီးဖိုဆောင်တစ်ဆောင်ကို ဧည့်သည်များအား ကျွေးမွေးဧည့်ခံရန်အတွက် ဝက်များစွာကို သတ်ဖြတ်ရန် အမိန့်ပေးလိုက်သည်။ ရိုးရာအရ သူတို့က မြက်ခင်းပြင်တွင် ဂုဏ်ပြုညစာစားပွဲ ကျင်းပကြသည်။ ဆင်းရဲသားအမျိုးသမီးများက မီးဖိုချောင်ထဲတွင်နေကာ ဝက်များကိုသတ်ရန် ကူညီပေးသည်။ ဝက်ခေါင်းများကို အတူထားပြီးကင်ကာ ဝက်များမှာ အစာကောင်းကောင်းကျွေးထား၍ဝဖြိုးပြိး သူတို့၏ ပါးစပ်များက ပြုံးနေသဖွယ် စောင်းနေ၏။ 


ကျန်းထန်ဝေ့နှင့် စွေ့ချီချောင်းက နော်သန်ဘာလန်ကို ပြန်လာပြီး မြက်ခင်းလျှောစောက်များကို တက်လိုက်သည့်အခါ မရေမတွက်နိုင်သော ဝက်ခေါင်းများက စီတန်းနေသည့်မြင်ကွင်းကို တွေ့လိုက်ရသည်။


ကျန်းထန်ဝေ့ - "...."


သူက ဒေါသတကြီး ပေါက်ကွဲလုနီးပါးပင် ဖြစ်သွားသည်။ 

"ဒါ ဘာကိုဆိုလိုတာလဲ... သူတို့က ကျွန်တော့်ကို ရန်စနေတာလား..."


စွေ့ချီချောင်းသည်လည်း အံ့အားသင့်နေခြင်း ဖြစ်ရာ ကျန်းထန်ဝေ့ကို တားလိုက်သည်။ 

"နေဦး... အရင်ဆုံး သွားမေးရအောင်..."


LJJရဲ့ ပရိုဂရမ်မာတွေက ရှောင်ပိုင်ကို နောက်ဖို့လောက်နဲ့ ဒီလို အခင်းအကျင်းမျိုး အသေးစိတ် ပြင်ဆင်ထားမှာတော့ မဟုတ်လောက်ဘူးမလား... ဒါမှမဟုတ် သူတို့က တကယ်ကြီး ရှောင်ပိုင့်ကိုကြိုဆိုဖို့ ဝက်ခေါင်းတွေအများကြီး ဒီဇိုင်းဆွဲထားတာလား...


ကျန်းထန်ဝေ့မှာ အနည်းငယ် စိတ်ဆိုးနေဆဲ ဖြစ်သော်လည်း နာနာခံခံနှင့်ပင့် စွေ့ချီချောင်းနောက်လိုက်ကာ လဟာပြင် မီးဖိုချောင်သို့ သွားလိုက်သည်။ 


အလုပ်များနေသည့် ဆင်းရဲသားအမျိုးသမီးများထဲမှ တစ်ဦးက နောက်လှည့်ကာ သူတို့ကိုမြင်သည့်တိုင် သတိမပြုမိချေ။ သူက အံ့အားသင့်စွာဖြင့် မဆိုဘဲ မနေနိုင်ချေ။ 

"နယ်စားအရှင်..."


မူလက သူတို့က သူမကို ကြားသည့်အခါ ကျန်အမျိုးသမီးများက ထိုရာထူးကို အမွေရထားသည့် အရှင်လန့်စ်ကို ခေါ်နေသည်ဟု ထင်နေကြသည်။ သို့သော် သူတို့အားလုံး နောက်လှည့်ကာ ကြည့်လိုက်သည့်အချိန်တွင် အရှင်ထရစ်စတန်ကို တွေ့လိုက်ရသည်။ 


‌နော်သန်ဘာလန်၏ ပြည်သူများက သူတို့၏ အရှင်များကို မယုံနိုင်လောက်အောင် ကျေးဇူးသိတတ်ပေသည်။ အရှင်လန့်စ်က သူတို့၏ နှလုံးသားထဲ၌ ဒုတိယနေရာ ဖြစ်ခဲ့လျှင် အရှင်ထရစ်စတန်က ပထမဖြစ်သည်မှာ မယုံနိုင်စရာပင်။ သူ နော်သန်ဘာလန်မှ ထွက်ခွာသွားကာ အခြားတိုက်ကြီးအား လှည့်လည်သွားလာနေသည့်တိုင် လူတိုင်းက သူ့ကို တစ်ချိန်လုံး တွေးမိနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ အချိန်အလွန်ကြာပြီးနောက် သူ့ကို မြင်သည့်အခါ အော်သံများက နေရာတိုင်းမှ ထွက်လာလေသည်။


ဤသို့ရုတ်ရုတ်သဲသဲဖြစ်သွားရာ လန့်စ်သည်ပင် ဘာဖြစ်နေသည်ကို လာကြည့်ရပေသည်။ သူက မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီးဖြစ်ကာ သူ့သတို့သမီးလက်ကို ဆွဲထားသော်လည်း ဦးရီးတော်ထရစ်စတန် လာသည်ဟု ကြားသောအခါ အလွန်စိတ်လှုပ်ရှားသည့် ခံစားချက်ဖြင့် အလျင်အမြန် ရောက်လာပေသည်။ 


စွေ့ချီချောင်း လန့်စ်ကို နောက်ဆုံးတွေ့ခဲ့သည်မှာ အလွန်ကြာပြီဖြစ်သည်။ ယခုတွင် ထိုကောင်လေးမှာ လူကြီးတစ်ယောက်ဖြစ်နေပြီဖြစ်ရာ စွေ့ချီချောင်းက အလွန်ကျေနပ်နေ၏။ 

"လန့်စ်...."


"ဦးရီးတော်... ပြန်မလာတာ တော်တော်ကြာပြီနော်...."

လန့်စ်က ဒူးတစ်ဖက်ထောက်ကာ စွေ့ချီချောင်း၏ ခါးကို ဖက်ထားပြီး သူ့ပါးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေလေသည်။ 


သူ့သတို့သမီးမှာလည်း ဘာလုပ်ရမည် မသိဘဲ ရိုးရှင်းစွာပင် နောက်မှလိုက်ကာ ဒူးတစ်ဖက်ထောက်လိုက်သည်။ 


စွေ့ချီချောင်းက သူတို့၏ အဝတ်အစားများကို ကြည့်ကာ ဝက်ခေါင်းညစာစားပွဲကို တွေးမိသွားသည်။ 

 "ဒီနေ့က မင်းရဲ့ မင်္ဂလာဆောင်လား.... တိုက်ဆိုင်လိုက်တာ...."


"ကျွန်တော့်ရဲ့ မင်္ဂလာဆောင်အကြီးအမှူး လုပ်ပေးပါနော်..."

လန့်စ်က လူတစ်ယောက်ကို ဖိတ်ကြားထားပြီး ဖြစ်သော်လည်း စွေ့ချီချောင်းပြန်လာသည်ဖြစ်ရာ သူက ထိုရာထူးကို ကိုင်တွယ်နိုင်သည့် တစ်ဦးတည်းသော လူ ဖြစ်ပေသည်။ 


"ဒါက ကျွန်တော့်ရဲ့ဇနီးလောင်း အန်နာဘဲတဲ့..."

သူ့မျက်လုံးများက ကျန်းထန်ဝေ့ဆီသို့ မသိစိတ်ဖြင့် ဆက်တိုက်ရောက်သွားကာ သူ့ဦးလေးနှင့် အလွန်ရင်းနှီးနေသည့် လူစိမ်းက မည်သူဆိုသည်ကို သိလိုနေ၏။ 


စွေ့ချီချောင်းက တွေးတွေးဆဆနှင့် သူတို့၏ ဆက်ဆံရေး သဘာဝကို လန့်စ်အား တီးတိုးဆိုလိုက်သည်။ သူက ဤခေတ်တွင် လိင်တူဆက်ဆံရေးများအား လူများလက်မခံကြသည့် ပမာဏမှာ ကြောင်များအပေါ် သူတို့၏ မုန်းတီးမှု၊ အနိုင်ကျင့်မှုတို့နှင့် ဆင်တူသည်ကို သိပေသည်။ 


လန့်စ်က နားထောင်နေစဉ် သူ့မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာပြီး သူတို့ကို အလန့်တကြား ကြည့်လိုက်သည်။ အတန်ကြာပြီးနောက် သူက သတင်းကို နားလည်အောင်ပြုလုပ်ကာ ကျန်းထန်ဝေ့အား သမားရိုးကျစွာဖြင့် အရိုအသေပေးလိုက်သည်။ 

"မင်္ဂလာပါ... အန်တီ..."


ကျန်းထန်ဝေ့က လန့်စ်အား ဆဲရေးမိလုနီးပါး ဖြစ်သွားသော်လည်း သူ့ကိုယ်သူ စိတ်ထိန်းထားလိုက်သည်။ 


...


လန့်စ်၏ မင်္ဂလာဆောင် အစီအစဉ်မှူးအနေဖြင့် စွေ့ချီချောင်းက အခမ်းအနားကြီးကို တက်ရန်လိုအပ်ပေသည်။ သူ့ကိုမြင်ကြသည့် နိုင်ငံသားများအားလုံးက နောက်ဆုံးတွင် သူတို့ ယနေ့ချစ်မြတ်နိုးရသော ‌နော်သန်ဘာလန်ကို အုတ်မြစ်တည်ခဲ့သည့် လေးစားရသည့် ရှေ့ဆောင်လမ်းပြသူ အရှင်ထရစ်စတန်ကို နောက်ဆုံးတွင် မြင်နိုင်ခဲ့ပေသည်။ သူက ၇နှစ်သာ အုပ်ချုပ်ခဲ့ပြီး ထို၇နှစ်အတွင်း ကမ္ဘာမြေတုန်လှုပ်စေနိုင်သည့် ပြောင်းလဲမှုများပြုလုပ်ကာ ယနေ့တွင် နိုင်ငံသားများအားလုံးကို အကျိုးအမြတ်ရစေခဲ့သည်။ 

သူတို့က စပါးကျီနှင့် သူတို့အိမ်များကိုကြည့်ရန် စွေ့ချီချောင်းကို ဖိတ်ခေါ်လိုကြသော်လည်း အရေးအကြီးဆုံးမှာ  သူတို့၏ လယ်ကွင်းများထဲရှိ ဂျုံအပင်ပေါက်များနှင့် သူတို့ တိရိစ္ဆာန်ခြံထဲရှိ ဝက်များကို ကြည့်ပေးရန်လည်း အလိုရှိနေ၏။ 


နိုင်ငံသားများထဲမှ အသိအမှတ်ပြု ခံထားရသူတစ်ဦးက အော်လိုက်သည်။ 

"ဘယ်သူမှ ငါနဲ့ မငြင်းအခုန် မလုပ်သင့်ဘူး... ငါက ငါ့အိမ်က ဝက်မကြီးကို အရှင်ထရစ်စတန်ကို ဆက်သမယ်... အရင်တုန်းက သူဒီကောင်ကြီးကို ကုပေးထားတာ... ပြီးတော့ အဲ့ကတည်းက ဝက်မကြီးက ဝက်ကလေးတွေ မွေးတဲ့နေရာမှာ အရမ်းကို ဝီရိယရှိလာတာ...."


စွေ့ချီချောင်း - "....."


‌နော်သန်ဘာလန်မှာ ယခင်အတိုင်းပင်ဖြစ်ကာ လုံးဝ မပြောင်းလဲဘဲ ရှိနေသည့်ပုံပင်...


စွေ့ချီချောင်းက ကယ်တင်ခဲ့ပြီး မင်္ဂလာပွဲကျင်းပသည်ကိာ သူစောင့်ကြည့်ခဲ့ရသည့်  လီလီနှင့် တွေ့ခဲ့ရသည်။ သူမက ယခုတွင် ကလေးသုံးယောက်၏ မိခင်ဖြစ်နေပြီး ရဲတိုက်ကြီး၏ အိမ်စေဖြစ်လာပေသည်။ သူမက ကိုယ်ပိုင်မိသားစုကို ပိုင်ဆိုင်ပြီးနောက် များစွာရင့်ကျက်လာပြီဖြစ်သည်။ သူမက တဖြည်းဖြည်းနှင့် မိန်းမငယ်လေးတစ်ယောက်အနေဖြင့် ကြုံတွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်အတွေ့အကြုံကြောင့် ဒုက္ခဖြစ်ရခြင်းကို ရပ်တန့်ကာ ထိုအတွေ့အကြုံများ၏ ဝေဝေဝါးဝါးမြူထဲမှ လျှောက်ထွက်ခဲ့ပြီး ဖြစ်သည်။ 


ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်များအားလုံးက ယခုတွင် သူတို့ ကိုင်တွယ်ရမည့် တာဝန်များကို ဦးဆောင်နိုင်ပြီး ဖြစ်လေသည်။ သူတို့က တစ်နှစ်ပတ်လုံး ကုန်သွယ်နေသည်ဖြစ်ကာ ယခုတွင် နယ်စားအရှင်၏ မင်္ဂလာဆောင်အတွက် အမျိုးမျိုးသော အထူးလက်ဆောင်များနှင့် ပြည်မကြီးသို့ ပြန်လာလေသည်။ သူတို့က အရှင်ထရစ်စတန်ကိုတွေ့သည့်အခါ ပျော်ရွှင်စွာဖြင့် သတိလက်လွတ် ဖြစ်သွား၏။ 


သူတို့တွေ့ခဲ့ရသည့် စိတ်ဝင်စားစရာအကောင်းဆုံးလူမှာ လန့်စ်၏ဖခင် ဂါဗင်ဖြစ်သည်။ လန့်စ်က နယ်စားအရှင်ဖြစ်လာသည့်အချိန်မှစ၍ ဂါဗင်မှာ ရံဖန်ရံခါ လန့်စ်ဆီမှ လွတ်မြောက်ရန် ကြိုးစားသော်လည်း အမြဲလိုလို ပြန်ဖမ်းမိကာ သူ၏ပိုင်နက်ကိုတိုးတက်အောင် ပြန်ပို့ခြင်း ခံရသည်။ ယနေ့တွင် သူက မင်္ဂလာဆောင်တက်ရန် အထူးလာရောက်ခဲ့သည်။ ဤနှစ်များအတွင်း သူ့၏ စားသောက်သည့်ပုံစံက လုံးဝ မပြောင်းလဲရာ မူလက ချောမောသောသွင်ပြင်က အနည်းငယ် ဝဝတုတ်တုတ်အသွင်ပြောင်းသွား၏။ စွေ့ချီချောင်းက သူ့ကို မမှတ်မိလုနီးပါးဖြစ်နေလေသည်။


အစားအသောက်များ တည်ခင်းနေစဉ်တွင် စားကောင်းသောက်ဖွယ် ပန်းကန်များကို ယူဆောင်လာလေသည်။ စားပွဲတိုင်းတွင် ပါးစပ်ထဲ၌ ပန်းသီးတစ်လုံးကိုက်ထားသည့် ဝက်ခေါင်းတစ်ခု ရှိနေပေသည်။ ၎င်းက ကျန်းထန်ဝေ့ထိုင်နေသည့် အဓိကစားပွဲတွင် ပါဝင်လေသည်။ သူရှေ့တွင်ဝက်ခေါင်းကို ထားလိုက်သည့်အခါ သူ့မျက်နှာက မဲမှောင်သွားလေသည်။ စွေ့ချီချောင်းက ၄င်းကိုမြင်ပြီး အစေခံတစ်ဦးအား တီးတိုးဆိုကာ ခေါင်းကို သူနှင့်ဝေးဝေးသို့ ရွှေ့ခိုင်းလိုက်သည်။ ကျန်းထန်ဝေ့က သိသိသာသာ စိတ်အေးသွားပုံရပြီး အသားပိုင်မုန့်ကို ငုံ့စားလိုက်သည်။ 


စွေ့ချီချောင်းက ပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်ရာ နိုင်ငံသားများအားလုံးက သူတို့၏ အစားအသောက်များ စားသောက်နေသည်ကိုတွေ့၍ ယခင်က စွေ့ချီချောင်းသွားရောက်လည်ပတ်ခဲ့သည့် CUကျောင်းသားများ၏ ပုံရိပ်နှင့် ထပ်ကာ မြင်လိုက်ပေသည်။  ဝက်ခေါင်းမှာ သူ မှတ်ဉာဏ်တုလေယာဉ်မှ မထွက်ခွာမီ တည်ခင်းခဲ့သည်များထက် ပိုကြီး၍ ဝက်များကို ကောင်းမွန်စွာ ကျွေးမွေးထားသည်ကို သက်သေပြနေသည်ကို တွေ့လိုက်သည်။ ဤသည်ကိုသိရာ သူက ပျော်ရွှင်သည့်အပြုံးတစ်ခု မပြသဘဲ မနေနိုင်ချေ။ 


......


‌နော်သန်ဘာလန်မှ ထွက်ခွာလာပြီးနောက် သူတို့ ရပ်လိုက်သည့် နောက်တစ်နေရာမှာ လူသူမဲ့ဂြိုလ်၏ အပင်စိုက် စခန်းဖြစ်သည်။ သူတို့အသုံးပြုနေသော အာကာသယာဉ်မှာ ယခင်ကနှင့် အတူတူဖြစ်သော်လည်း ဤတစ်ကြိမ်တွင် အမြင့်ဆုံးဩဇာရှိရာ သူတို့၏ ဆင်းသက်မှုက အတားအဆီး မရှိပေ။ ယခင်ကနှင့် မတူဘဲ သူတို့၏ အပင်စိုက်စခန်း၏အရွယ်မှာ ပိုကြီးလာကာ အလိုအလျောက်ပြုလုပ်ခြင်းမှာ အထမြောက်နေသည်မှာ ကြာပြီဖြစ်လေသည်။ 


သူက စခန်းရှိ မည်သူ့ကိုမှ သူလာမည်ကို မည်သူ့ကိုမှမပြောထားရာ ဂြိုလ်ပေါ်တွင် မည်သူမှ မရှိပေ။ သို့သော် စွေ့ချီချောင်းက ဂရုမစိုက်ပေ။ သူက ရိုးရှင်းစွာပင် ဤနေရာ၏ အခြေအနေကို လေ့လာရန် လမ်းတစ်လျှောက် လျှောက်သွားလိုက်သည်။ သူ လမ်းလျှောက်နေရာတွင် စခန်းမှ ရရှိခဲ့သည့် ဟင်းသီးဟင်းရွက် အစဉ်များကို ခေါ်ကာ ကြည့်လိုက်သည်။


သူတို့၏ စိုက်ပျိုးရေးအဖွဲ့အစည်းမှာ စကြဝဠာတစ်ခုလုံးတွင် အန္တရာယ်အများဆုံး ဖြစ်လာလေသည်။ သူတို့၏ စီးပွားရေးကို နဂါးငွေ့တန်းတစ်ခုလုံးအပေါ်တွင် သီးခြားရပ်တည်မှုများနှင့် ရင်ဆိုင်လိုက်သည်။ အမှန်တကယ်တွင် အပင်စိုက်စခန်းမှာ နေရာအမျိုးမျိုးတွင် အခြားသော စခန်းများစွာကို ထူထောင်ထားပြီး လူသူမဲ့ဂြိုလ်၏ ကြယ်အစုအဝေးနယ်ပယ်မှ ချဲ့ထွင်လာလေသည်။ 


စွေ့ချီချောင်းက စွေ့ထင်နှင့် အခြားသူများကို စာတစ်စောင်ပို့လိုက်ပြီး သူက လူတိုင်းနှင့် တွေ့ချင်၍  နဂါးငွေ့တန်းများကို လေ့လာနေရာမှ ပြန်လာရန် ပြောလိုက်သည်။ ထို့နောက် သူက ဆက်လက်၍ လှည့်ပတ်ကြည့်နေလိုက်သည်။


သူထွက်သွားပြီးနောက် စွေ့ထင်နှင့် အခြားသူများက သူယခင်က နေထိုင်ခဲ့သည့် အိမ်လေးကို ပြန်လည်သိမ်းဆည်းကာ အမှတ်တရလက်ဆောင်အနေဖြင့် မူလကိုဩဒိနိတ်များပေါ်တွင်ပင် တည်ဆောက်ထားသည်။ မည်သို့ပင်ဆိုစေ စွေ့ချီချောင်း ထွက်သွားသည်နှင့် သူတို့က မည်သည့်သတင်းမှ ပြန်မကြားခဲ့ပေ။ သူက မည်သည့် ကြယ်အစုအဝေးနယ်ပယ်တွင် ရှိနေသည်ကိုပင် မည်သူမှမသိချေ။ 


စွေ့ချီချောင်းက ဤနေရာတွင် သူနေထိုင်ခဲ့သည့် အချိန်များအားလုံးကို ပြန်လည်တွေးတောကာ တံခါးကို တွန်းဖွင့်လိုက်သည်။ သူက အိမ်ထဲသို့ ကျန်းထန်ဝေ့နှင့်အတူ လျှောက်ဝင်လိုက်သည်။ ကျန်းထန်ဝေ့မှာလည်း ဤအိမ်နှင့် အတန်ပင် ရင်းနှီး၍ သူက ဟိုဟိုဒီဒီလျှောက်ထိကာ ဆိုလိုက်သည်။ 

"ကျွန်တော် ဒီမှာထိုင်ပြီး မင်း ဟင်းသီးဟင်းရွက်တွေ စိုက်တာကို ပျင်းပျင်းနဲ့ ကြည့်ခဲ့တာ..."


စွေ့ချီချောင်းက ပြုံးလိုက်သည်။ 

"ဟုတ်တယ်... နောက်ကျတော့ မင်းက ထွန်စက်မောင်းတောင် သင်လိုက်သေးတယ်..."


သူတို့က နေကာအမိုးအောက်တွင် ထိုင်လိုက်ရာ အပြင်တွင် သူတို့နှင့် နှိုင်းယှဉ်မရအောင် နီးနီးကပ်ကပ်ရှိနေသည့် မစ်ကီဝေးဂလက်ဆီကို မြင်နိုင်ပေသည်။ ကြယ်များမှာ ထိုရက်များက ကြယ်များသဖွယ်တောက်ပနေဆဲ ဖြစ်လေသည်။ 


ကျန်းထန်ဝေ့က စွေ့ချီချောင်း၏ ပခုံးပေါ်တွင် ခေါင်းမှီကာ အတိတ်ကိုလွမ်းဆွတ်မှုကို ခံစားရပြီး ရေရွတ် လိုက်သည်။ 

" ကျွန်တော် လူအဖြစ်မပြောင်းခင် မင်းက မင်းကိုယ်မင်း ဘယ်သူကိုမှ ကတိမပေးလိုက်တာ ကောင်းတယ်... ဒါက အန္တရာယ်အများဆုံး မှတ်ဉာဏ်တုလေယာဉ်ပဲ..."


စွေ့ချီချောင်းသည်လည်း ပြုံး၍ သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။ 

"မင်း ဒီမှာ ရှိတုန်းက အစပိုင်း ငါ့ကို မုန်းပါတယ်... မင်းက ငါ့ကို မျိုးစေ့ ၃ကီလိုနဲ့တောင် မခွဲနိုင်ဘူးလို့ ပြောခဲ့တာ..."


ကျန်းထန်ဝေ့က သူ့ကို စိုက်ကြည့်လိုက်သည်။ 

"အသိသွားလား..."


လူတစ်ဦးနှင့် ကြောင်တစ်ကောင်က မှတ်ဉာဏ်တုလေယာဉ် ပေါ်တွင် အချင်းချင်းအဖော်ပြုကာ မှတ်ဉာဏ်တုလေယာဉ်များစွာ ဖြတ်သန်းခဲ့သည်။ ထိုမှတ်ဉာဏ်တုလေယာဉ်များပေါ်တွင် သူတို့က တစ်ဦးနှင့်တစ်ဦး အမှန်တရားများသာ ပြောခဲ့ဖူးသည်။ ထိုအချိန်က စွေ့ချီချောင်းမှာ သူ့ကို တစ်မိနစ်တွင် ဒေါသထွက်စေကာ ထူးထူးဆန်းဆန်းပင် နောက်တစ်မိနစ်တွင် အပျော်လွန်စေ၏။ ဤခံစားချက်မှာ ကျန်းထန်ဝေ့ စွေ့ချီချောင်းအပေါ် အချိန်ကြာမြင့်စွာ ခံစားခဲ့ရသည့် အချစ်နှင့် အမုန်းနှစ်ခုစလုံးဟု ဖော်ပြနိုင်သည်။ 


စွေ့ချီချောင်းက ကျန်းထန်ဝေ့၏ ခေါင်းကို တောင်းပန်သည့်ဟန်ဖြင့် ပွတ်ပေးလိုက်သည်။

"ငါ မှားခဲ့တာပါ..."


ကျန်းထန်ဝေ့မှာ ချောင်းဟန့်လိုသော်လည်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"ဟင်... အနံ့ရလား..."


စွေ့ချီချောင်း - "ဟင်...."


ရင်းနှီးသော်လည်း မရင်းနှီးသည့် ပျိုးပင်ရနံ့တစ်ခုက သူတို့ကြားမှ နေရာလပ်ကို ဖြည့်စွက်လိုက်သည်။ ၄င်းက အေးစက်သော သတ္ထုအနံ့တစ်ခုနှင့် ရောယှက်နေကာ ကျည်ဆန်ခွံနံ့နှင့် ဆင်တူ၏။ ထိုအချိန်တွင် သူတို့နှစ်ဦးစလုံးက ဤသည်မှာ A/B/O မှတ်ဉာဏ်တုလေယာဉ် တစ်ခုဖြစ်သည်ကို ရုတ်တရက် သတိရသွားလေသည်။ 

သူတို့က  estrusနဲ့ rutကို တစ်ချိန်တည်း ကြုံနေရတာများလား... 


စွေ့ချီချောင်းက အချိန်ကို တွက်ချက်ကြည့်ရာ ဤသည်မှာ အမှန်ပင် သူတို့၏ estrusနှင့် rutအချိန်များ ဖြစ်နေသည်ကို သဘောပေါက်သွားလေသည်။ 


ထူးဆန်းသော သတ္ထုရနံ့မှာ အယ်လ်ဖာတစ်ကောင်၏ ရနံ့နှင့် အလွန်ဆင်၏။

အဲ့ဒါက ရှောင်ပိုင်ရဲ့ ဖယ်ရိုမုန်းအနံ့လား... 


သူက ဤနေရာတွင် ယခင်က ကြောင်တစ်ကောင် ဖြစ်သော်လည်း ယခုတွင် လူသားတစ်ယောက်ဖြစ်၏။ သို့ဖြစ်ရာ သူက ဒုတိယလိင်ကိုယူကာ ဖယ်ရိုမုန်းများ ပေးအပ်ခြင်းခံရမည် ဖြစ်သော်လည်း ယခုအထိ ထိုအတွေးက သူ့စိတ်ထဲသို့ တစ်ကြိမ်မှ မဝင်လာခဲ့ဖူးပေ။ 


စွေ့ချီချောင်းက အလွန်ထူးဆန်းသည်ဟု ခံစားရသည်။  

ရှောင်ပိုင်ရဲ့ ဖယ်ရိုမုန်းက ဘာနဲ့တူသလဲဆိုတာ တစ်ခါမှ မတွေးခဲ့ဖူးဘူး... ဒါပေမဲ့ ဒီအေးစက်တဲ့ သတ္ထုအနံ့က... အာ... ရှောင်ပိုင်က အနံ့နဲ့ လုံးဝကို မလိုက်တာဘဲ... 


စွေ့ချီချောင်းက အလျဉ်းသင့်သလို တွေးမိနေဆဲမှာပင် ကျန်ထန်ဝေ့၏ မျက်လုံးများက အရောင်လက်လာပြီး ဖြစ်၏။ 

"LJJရဲ့ ပရိုဂရမ်မာတွေက လူကောင်းလေးတွေပါ... သူတို့အလုပ်ကြိုးစားမှုကို မဖြုန်းတီးဘဲ နေရအောင်..."


"နေဦး... အဲဒါက သူတို့ ဒီဇိုင်းဆွဲတာ မဟုတ်လောက်ဘူး... မင်းက ငါ့ရဲ့ estrusကြောင့် လှုံ့ဆော်ခံရပြီး rutဝင်သွားတာ..."

စွေ့ချီချောင်းက ရေရွတ်ကာ သူ့ပခုံးပေါ်ကို လက်ဖြင့်ဖိထားလိုက်သည်။ 


"ကောင်းပြီ... စကားမပြောနဲ့တော့..."

ကျန်းထန်ဝေ့က သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ 

"ကျွန်တော့်ရဲ့ အယ်လ်ဖာခန္ဓာကိုယ်က စိတ်စွမ်းအင်ကို တကယ်ကြီး သက်ရောက်နေတယ်လို့ ထင်တယ်... မင်းက ဘယ်လိုလုပ်ပြီး အရမ်းတည်ငြိမ်အောင် နေနိုင်တာလဲ..."


ကျန်းထန်ဝေ့မှာ စွေ့ချီချောင်းအား ရူးသွပ်စွာ ပွတ်သပ်လာသည်။ 


"မင်းအဆင်ပြေရဲ့လား..."

စွေ့ချီချောင်းက မေးလိုက်သည်။ 


 "မပြေဘူး..."

ကျန်းထန်ဝေ့က အော်လိုက်သည်။ 

" A/B/O မှတ်ဉာဏ်တုလေယာဉ်က အပြာကိစ္စမပါတဲ့ A/B/O ဖြစ်နေသေးလားဆိုတာကို ကျွန်တော် အမြဲတမ်း မေးချင်နေခဲ့တာ..."


စွေ့ချီချောင်းက ရယ်မောလိုက်သည်။ အတန်ကြာပြီးနောက် သူက ကျန်းထန်ဝေ့၏ လက်ကို သူ့ရှပ်အင်္ကျီ၏ ကော်လံသို့ ယူလာလိုက်သည်။ 

 "အဲ့ဒါဆို မင်းက ငါ့ကို A/B/O စံနှုန်းနဲ့ ကိုက်ညီတဲ့ မှတ်ဉာဏ်တုလေယာဉ်တစ်ခုဖြစ်အောင် ကြိုးစားလို့ရတာပဲ... ငါ့ကို အမှတ်အသားပေးပါ ရှောင်ပိုင်..."


ကျန်းထန်ဝေ့ - "..."


ကြယ်အလင်းများအောက်တွင် ကျန်းထန်ဝေ့၏ စိတ်က ရှုပ်ထွေးသွားကာ သူက ခဏအတွင်းမှာပင် မာကြောလာလေသည်။ 


.....


ဤလူသူမဲ့ ဂြိုလ်ပေါ်ရှိ သီးသန့်နေရာလပ်လေး၌ စွေ့ချီချောင်းက နောက်ဆုံးတွင် နှစ်ပေါင်းများစွာကြာပြီးနောက် A/B/O မှတ်ဉာဏ်တုလေယာဉ်၏ ဇာတ်ကွက်ကို "ပြီးမြောက်"စေခဲ့သည်။ သူတို့က ထိုအရာကို တစ်ညလုံး လုပ်ဆောင်နေခဲ့ကြပေသည်။



🌾🌾🌾


The END 


Translated BY -  IQ Team 


နောက်ဆုံးမှာတော့ Extra လေးတွေလည်း အားလုံးပြီးသွားပြီးတော့ ဇာတ်လမ်းလေးလည်း အဆုံးသတ်သွားခဲ့ပါပြီရှင်😭 


စွေ့စွေ့နဲ့ ထန်ဝေ့ကို ချစ်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်💙 ဒါလေးက Teamက ပြန်တဲ့ ဒုတိယမြောက် Arcတွေနဲ့ Novelလေးဖြစ်တဲ့အတွက် လိုအပ်ချက်တွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်ရှင် တခြား Novel တွေမှာ ပြန်တွေ့ကြမယ်နော် 😚