Chapter 10
Viewers 2k

🌍Chapter 10




ထန်မော့အနီးဆုံးဆီဆိုင်သို့ ကားကိုမောင်းလာခဲ့သည်။ ဆီဖြည့်သည့်နေရာတွင် မည်သူမျှရှိမနေချေ။

ဆီဖြည့်သောပိုက်များမှာ ကြမ်းပြင်ပေါ် သည်အတိုင်းပြုတ်ကျနေကာ ပါတ်၀န်းကျင်တစ်ခုလုံး ဓာတ်ဆီနံ့များမွှန်ထူနေ၏။


ကြည့်ရသည်မှာ ၀န်ထမ်းများ ဆီဖြည့်နေတုန်းတန်းလန်း ပျောက်ကွယ်သွားကြပုံပင်။


ထန်မော့ ကားထဲမှထွက်ရန်ပြင်ပြီးမှ တုန့်ဆိုင်းသွားခဲ့ပြီး မျက်နှာသေဖြင့်ပင် နောက်ခန်းမှ ပိုက်ဆံအိတ်အားလှမ်းယူလိုက်သည်။


ဆီဆိုင်တွင် မည်သူမျှမရှိသော်လည်း သူကသေချာစေရန်အလို့ငှာ အော်မေးလိုက်သည်။


"တစ်ယောက်ယောက်ရှိလား"


မည်သည့်တုန့်ပြန်မှုမှမကြားရလျှင် ထန်မော့ကိုယ့်ဘာသာပင် ဆီဖြည့်သည့်နေရာဆီလျှောက်သွားလိုက်သည်။


ဤဆီဖြည့်သည့်ဆိုင်မှာ ဆီဖြည့်ရန်နေရာ၌ ၀န်ထမ်းများ၏ကဒ်ကို ထည့်ထားပြီးသားဖြစ်သည်။ ယဉ်မောင်းများအတွက်လိုအပ်သောပမာဏကို ဖြည့်ပေးနိုင်ရန် လုံလောက်သောပမာဏအား ကဒ်ထဲတွင်ဖြတ်ပေးပြီးသားပင်။


ထန်မော့တွင်ကားမရှိတာကြောင့် သဘာ၀ကျစွာပင် 

ဆီဖြည့်သည့်ကဒ်လည်းမရှိပေ။ သူအိမ်ရှင်၏ကားကို ဆီဖြည့်တိုင်း၀န်ထမ်းကဒ်ကိုသုံး၍သာဖြည့်လေ့ရှိသည်။


တိတ်ဆိတ်ပြီး လူသူမဲ့နေသောဆီဆိုင်တွင် အရပ်မြင့်မြင့်နှင့်သွယ်ကျကာ နက်မှောင်သောဆံပင်တို့ဖြင့်

လူရွယ်လေးက အလျင်အမြန် ဆီဖြည့်နေသည်။

မှောင်မိုက်သောညက စိတ်ကိုမသက်မသာဖြစ်စေသည်။ ပုံမှန်ဆိုလျှင် လူစည်ကားနေတတ်သော 

စုကျိုးမြို့လယ်မှ ဆီဆိုင်တွင် အခုတော့ ထန်မော့တစ်ယောက်သာ တိတ်တဆိတ်ရပ်ပြီး ဆီဖြည့်နေခဲ့ခြင်း။


အမှောင်ထုထဲတွင် တစ်စုံတစ်ခုကပုန်းကွယ်နေပုံဖြင့် 

ညခင်း၏အေးစက်သောလေက ဖြတ်၍တိုက်လာသည်။


ထန်မော့က ဆီပိုက်ကိုပြန်ထားလိုက်ပြီး ထွက်သွားရန်ပြင်လိုက်သည်။ 


သို့သော် တစ်စုံတစ်ခုကိုသတိရသွားပြီး သူ၏အမူအယာကတောင့်တင်းသွားသည်။ သူကခပ်တည်တည်ပင် သူ့ဘောင်းဘီအိတ်ထဲမှ ယွမ်၂၀၀ကိုထုတ်လိုက်ကာ ဆီဆိုင်ကြမ်းပြင်ပေါ်တွင် ခဲတုံးဖြင့် ဖိကာထားခဲ့လိုက်သည်။


သူကထရပ်ပြီးသူ့ကားထံပြန်သွားရန်ပြင်လိုက်သော်လည်း အေးစက်သောတစ်စုံတစ်ခုက သူ၏ခါးနောက်ကို ထောက်ထားသည်ကိုရုတ်ချည်းခံစားလိုက်ရသည်။ ထန်မော့က နဂိုအတိုင်းပင် ဆက်ထိုင်နေလိုက်ပြီး မလှုပ်တော့။


"မလှုပ်နဲ့ မင်းပိုက်ဆံအိတ်ကိုထုတ်ပေးစမ်း မြန်မြန်လုပ်"


စုကျိုး၏ရာသီဥတုမှာ အေးစက်နေပြီး ထန်မော့က သိုးမွေးဆွယ်တာနှင့် အပေါ်ကုတ်ကို၀တ်ဆင်ထားသည်။ အေးစက်ပြီးချွန်ထက်သောတစ်စုံတခုက သူ၏ထူထဲသောအကျီအထပ်များကိုတောင် ထုတ်ချင်းဖောက်ကာ ခါးကိုလာထိနေခြင်းပင်။


ထန်မော့မှာ မြေပြင်မှထခါနီး ကုန်းလျက်အနေအထားဖြင့်ပင် မလှုပ်ပဲ ထိုသည်မှာဓားဖြစ်သည်ကို သိလိုက်သည်။


ထိုလူကစိတ်ရှည်ပုံမပေါ်


"​မင်းအ​မေပဲ ၊ မသေချင်ရင် မင်းသောက်ပိုက်ဆံအိတ်ကိုထုတ်လိုက် မြန်မြန်"


ထန်မော့က ခပ်တိုးတိုးပင် ပြောလိုက်သည်။


"ခင်ဗျားရဲ့ဓားကိုနောက်ကို နည်းနည်းဆုတ်ပေးပါလား ကျွန်တော်ကောင်းကောင်းရပ်ပါရစေ ထုတ်ပေးပါ့မယ် "


"သောက်စကားမများနဲ့"


ထိုလူကဓားကိုအနည်းငယ်ဆုတ်ပေးလိုက်သည်။


ထန်မော့ကထရပ်လိုက်ပြီးနောက် နောက်သို့မလှည့်ပဲသူ၏ပိုက်ဆံအိတ်ကိုကမ်းပေးလိုက်သည်။

သူ့ပိုက်ဆံအိတ်ကိုဆွဲယူလိုက်ပြီးနောက် ထိုလူကဆဲရေးလိုက်သည်။


"ငိုး ဒီလောက်ပဲလားဟမ် ဒီကားကမင်းဟာလား

အထဲမှာ သော့ရှိလား"


"ရှိတယ်"


"မလှုပ်နဲ့ ငါမင်းလည်ချောင်းကိုဖြတ်ပစ်လိုက်မယ်"


ဓားကသူ၏ခါးမှတဖြည်းဖြည်းဆုတ်ခွာသွားပြီး ထန်မော့မလှုပ်လိုက်ပေ။

ထိုလူမှကားတံခါးကိုဖွင့်ကာ စက်နှိုးဖို့ကြိုးစားနေသည်ကိုသာ ကြားလိုက်ရသည်။


ထန်မော့ကနောက်လှည့်မကြည့်ပဲ လေသံကျယ်ကျယ်ဖြင့်မေးလိုက်သည်၊


"ကျွန်တော်လွယ်အိတ်ကနောက်ခန်းမှာ၊ ကျွန်တော်လွယ်အိတ်လေးတော့ယူလို့ရလား"


ကားကစက်နိုးသွားလိုက်ပြန်ရပ်လိုက်ဖြစ်နေကာ

ထိုသူခိုးမှာစိတ်ရှည်တော့ပုံမပေါ်ပေ။


"မင်းက​သောက်ရူးလား ။ မင်းလွယ်အိတ်လည်း ငါ့ဟာပဲ။ သောက်အဓိပ္ပာယ်မရှိတာတွေမေးမနေနဲ့ "


"ရာသီဥတုအရမ်းအေးနေလို့ပါ။ ကျွန်တော့်အ၀တ်လေးနည်းနည်းလောက်ပဲယူလို့ရမလား။ မဟုတ်ရင်ခဲပြီးသေသွားလိမ့်မယ်၊ ကျေးဇူးပြုပြီးကူညီပါ၊ တစ်ထည်လောက်ဆိုရပါပြီ"


သူခိုးက အကြိမ်အနည်းငယ်ဆဲရေးလိုက်ပြီးနောက် 

ကားတံခါးကိုဖွင့်ကာဆင်းလာခဲ့သည်။ ထို့နောက်ထန်မော့၏ကျောအား ဓားဖြင့်ထောက်လိုက်ပြီး စိတ်မရှည်စွာ 


"မြန်မြန်လုပ် တစ်ထည်ပဲယူနော်။ မဟုတ်ရင်အသေထိုးပစ်မယ် ကြားလား"


ထန်မော့လှည့်ကြည့်လိုက်ရာ ထိုသူခိုး၏ပုံစံကိုသေချာမြင်လိုက်ရသည်။


ထိုလူမှာ အဆီပြန်နေသောဆံပင်နှင့် ပေကျံနေသော အင်္ကျီတို့ကို၀တ်ဆင်ထားသည်။ ထန်မော့က သူ့အားကြည့်လိုက်သည်ကိုမြင်လျှင် ထိုလူမှာနေရခက်သွားဟန် ဒေါသထောင်းခနဲထွက်သွားသည်။

၄င်းမှာအကြည့်ခံရတာကြိုက်ပုံမပေါ်ပေ။


သူကထန်မော့အားဓားဖြင့်ပို၍ထောက်လိုက်ပြီး 


"မြန်မြန်လုပ် ယူစရာရှိတာယူ"


ထန်မော့ခေါင်းငြိမ့်လိုက်သည်။


ဤလူမှာ လမ်းဘေးမှာနေသော ခါးပိုက်နှိုက်တစ်ဦးဦးသာဖြစ်ပုံပင်။


ထန်မော့က ကားနောက်ဖုံးထံသွားကာ ဖွင့်လိုက်သည်။


"ဒါကဘာကြီးလဲ မီးခြစ်ဆံ"


သူခိုးကထူးဆန်သောအမူအယာဖြင့်မေးလာခဲ့သည်။


ထန်မော့မှာ သူ၏ကျောပိုးအိတ်ကို လက်လှမ်းလိုက်လျှင် ကားနောက်ဖုံးမှာ အသံမြည်လျက် သူ၏ဖြူကြည်သောအသားအရည်ရှိသည့် လက်များပေါ် အရာများထင်သည်အထိ ပိတ်ကျသွားသည်။


ထန်မော့ မျက်မှောင်အသာကျုံ့ကာ သူ၏ကျန်သောလက်ဖြင့် ထိုမီးခြစ်ဆံကြီးကို တိုက်ရိုက်ဆွဲယူလိုက်တော့သည်။


"ဒါ ဘာကြီးလဲ မင်း အား... "


ကြီးမားသောမီးခြစ်ဆံကြီးကာ ထိုသူခိုး၏ခေါင်းကို ခွပ်ခနဲရိုက်မိသွားပြီးနောက် သွေးများပန်းထွက်လာလေသည်။


ထန်မော့သည်ဤမီးခြစ်ဆံမှာ ဤမျှစွမ်းလိမ့်မည်မထင်ထားပေ။ သူ၏လက်ထဲရှိမီးခြစ်ဆံမှာ ပေါ့ပေါ့လေးဖြင့် သာမာန်သစ်သားမီးခြစ်ဆံတစ်ခုဟုသာထင်ရသည်။ သို့သော်အခုလေးတင် ရိုက်မိသော ကျယ်လောင်သောအသံကြောင့် သူ၏လက်ထဲတွင် 

သံမဏိချောင်းတစ်ချောင်းကို ကိုင်ထားသလိုခံစားလိုက်ရသည်။


ထိုသူခိုး၏ညည်းညူသံအရ အလွန်နာကျင်သည့်ပုံပင်။


သာမာန်လူဆိုလျှင် ဦးခေါင်းထက်ခြမ်းစိတ်ကာ 

သေလောက်ပြီ။ သို့သော်ထိုသူခိုးမှာမူ နောက်သို့အနည်းငယ်သာ တွန့်သွားပြီး​သွေးများဖြင့်ပေကျံနေသောမျက်နှာဖြင့် သူ့အားဒေါသတကြီးကြည့်လာသည်။


" ငိုးတဲ့မှ မင်း​တော့သေပြီမှတ်"


သူကဓားကိုမြှောက်ကိုင်ကာ ထန်မော့ထံပြေးလာခဲ့သည်။


ထန်မော့၏ရင်ဘတ်မှာတင်းကြပ်သွားပြီး ဘယ်ခြေကိုမြှောက်လျက် ညာဘက်သို့ရှောင်လိုက်ကာ

သူခိုး၏၀မ်းဗိုက်အား လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူခိုးက ညည်းညူလိုက်ပြီး သူ့လက်ထဲမှဓားကမူ ထန်မော့၏ ပေါင်အားရှပ်ထိသွားခဲ့သည်။

ထက်မြသောဓားက ထန်မော့၏ဘောင်းဘီကို 

ထိုးခွဲသွားပြီး ထန်မော့၏ အရေပြားတွင် အနီရောင်အမှတ်ကိုသာ ချန်ထားခဲ့သည်။


ဓားမှာမာကျောသောတစ်စုံတစ်ခုကို ထိခတ်မိသည့်နှယ် ပွတ်တိုက်သံကျယ်ကျယ်လောင်လောင်ထွက်လာသည်။


သူခိုးကာ သူ၏၀မ်းဗိုက်ကိုဖိထားရင်းပင် 

ထန်မော့ထက် နောက်တစ်ကြိမ်ပြေးလာပြန်သည်။


ထန်မော့ကလျင်မြန်စွာတုန့်ပြန်ပြီး မီးခြစ်ဆံကိုမြှောက်လိုက်သည်။


ချွန်ထက်သောဓားနှင့် မီးခြစ်ဆံတို့မှာ စတီးအချင်းချင်းပွတ်တိုက်မိသော အသံများထွက်လာပြီး

သူခိုး၏ဓားမှာ နှစ်ပိုင်းကျိုးသွားခဲ့သည်။


ထန်မော့ "..."


သူခိုး "..."


ထန်မော့မှာ ဤမီးခြစ်ဆံ ထိုမျှအလုပ်ဖြစ်လိမ့်မည် 

မထင်ထား။ သို့သော် သူကတုန့်ဆိုင်းမနေတော့ပဲ မီးခြစ်ဆံအား ထိုသူခိုးထံဝေ့ယမ်းလိုက်တော့သည်။

သူခိုးမှာ အစောလေးကတင် ထန်မော့အား ဓားနှင့်ထိုးရန်ကြိုးစားခဲ့သည်မို့ နှစ်ဦးသားအလွန်နီးကပ်နေကာ မီးခြစ်ဆံကိုမရှောင်နိုင်လိုက်။


သို့သော်လည်း မီးခြစ်ဆံက ထိုလူ၏ ဦးခေါင်းကိုရိုက်မိခါနီးတွင် ရေတွက်၍မရသော အနီရောင်ပိုက်ဆံများက ကောင်းကင်ပေါ်မှ တဖွဲဖွဲကျလာတော့သည်။


ထန်မော့မှာ သည်လောက်များပြားသည့် ၁၀၀တန်ယွမ်များကို မမြင်ဖူးပေ။ ၄င်းတို့မှာ တောင်ပူစာလေးလို ပုံနေသည်။ ထို၁၀၀တန်ယွမ်များက ထန်မော့နှင့်သူခိုးကြားတွင် ခြားသွားကာ မီးခြစ်ဆံကသူခိုးအား သေချာမရိုက်မိလိုက်တော့ပေ။


"မသတ်ပါနဲ့ ငါ့ကိုမသတ်ပါနဲ့"


သူခိုးကတုန်တုန်ရီရီဖြင့်ပင် အသနားခံလိုက်သည်။


ထန်မော့က မီးခြစ်ဆံကိုအသာအယာပြန်ချလိုက်ပြီး

မြေပြင်ပေါ်ကပိုက်ဆံပုံကြီးကိုကြည့်လိုက်ကာ


"ဒီလောက်ပိုက်ဆံအများကြီး ဘယ်ကရလာတာလဲ

ပြီးတော့ဘယ်ကထွက်လာတာလဲ"


ဒါတွေအားလုံးမှာ ရေမရောသော၁၀၀တန်ယွမ်အစစ်တွေဖြစ်သည်


သူခိုးမှာ ထန်မော့လက်ထဲမှ မီးခြစ်ဆံကြီးကိုကြည့်ကာ ကြောက်ကြောက်လန့်လန့်ဖြင့်ပင် ဖြေလာသည်။


"ငါ..ငါကသူခိုးပါ။ ဒီနေ့မနက်က မြို့ထဲကလူတွေအကုန် ပျောက်ကုန်လို့ ဒါတွေအကုန်လုံးငါခိုးလာတာ။ ဒီညနေကလည်းဘဏ်တစ်ခုကိုတွေ့တာနဲ့ ငါတွေ့သမျှပိုက်ဆံအကုန်ယူလာခဲ့တာ"


ဒါကထန်မော့လိုချင်တဲ့အဖြေမဟုတ်ပေ။


"ဒီလောက်များတဲ့ဟာတွေ ခင်ဗျားဘယ်လို၀ှက်ထားတာလဲ"


သူခိုးက လက်ကိုမြှောက်လျက် သူ၏ လက်ကောက်၀တ်မှ အပြာနုရောင် တက်တူးအားပြလာသည်။


"ငါဒီကထုတ်လိုက်တာ၊ ငါပိုက်ဆံတွေခိုးနေတုန်းက

ဒီထဲမှ၀ှက်လို့ရတယ်ဆိုတာ သိလိုက်တာ။ ငါ့မှာဒီတက်တူးရှိတာကြာလှပြီ။ ဒီထဲမှာ ငါပိုက်ဆံပဲ၀ှက်လို့ရတယ်။ ငါအခုလေးတင် မင်းဆီကအသတ်ခံရမလိုဖြစ်သွားတော့ လန့်ပြီးထုတ်လိုက်မိတာ"


ထန်မော့ ခေါင်းငြိမ့်ကာ ထိုလူ၏လက်ကောက်၀တ်မှ တက်တူးအားငုံ့ကြည့်လိုက်သည်။


မျက်စိတစ်မှိတ်အတွင်း၌ပင် ပေတစ်၀က်ခန့်ရှည်သောဓားတစ်ချောင်းက ထန်မော့၏မျက်နှာအား ခုတ်ပိုင်းတော့မလိုဖြစ်သွားသည်။ သူခိုးမှာသူသတိမထားမိချိန်ကိုအခွင့်​ကောင်းယူကာ အလစ်တိုက်ခိုက်လာခြင်းပင်


"သွားသေလိုက်တော့"


ထန်မော့က မီးခြစ်ဆံကိုမြှောက်ကာ ထိုဓားကိုရိုက်ချလိုက်ပြီး ဓားလည်းထက်ပိုင်းကျိုးလျက် 

မီးခြစ်ဆံမှာမူ ရှေ့တွင်ရပ်နေသော ထိုသူခိုး၏ခေါင်းသို့တိုက်ရိုက်ကျရောက်သွားတော့သည်။


တိတ်ဆိတ်သောလေထုထဲတွင်တစ်ခုခုကွဲကြေသံ

ထွက်ပေါ်လာကာ သူခိုးမှာမယုံနိုင်သဖွယ် မျက်လုံးများပြူးကျယ်လျက် ထန်မော့နှင့်မီးခြစ်ဆံအားကြည့်နေခဲ့သည်။


ထို့နောက်လေးလံသော ကိုယ်ထည်တစ်ခုက မြေပြင်ပေါ် ဗိုင်းခနဲပြုတ်ကျသွားတော့သည်။


သူခိုးကိုထိကြည့်လိုက်ပြီး ထန်မော့၏အမူအယာမှာ ပြောင်းလဲသွားသည်။


"သေပြီပဲ.. "


ထန်မော့သည် အလောင်းအား စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ ထို့နောက်ခဏစဉ်းစားနေဟန်ဖြင့် ထိုအလောင်း၏လက်ကိုမြှောက်ကာ လက်ကောက်၀တ်မှတက်တူးအား စေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည်။


ညမှာအလွန်မှောင်နေခဲ့ပြီး အနည်းငယ်အလှမ်းဝေးသည်မို့ ထန်မော့သည် ထိုတက်တူးမှာ "$"ပုံစံ ဖြစ်ကြောင်းသတိမထားမိခဲ့ချေ။ ထို့နောက်ညာဘက်လက်ကောက်၀တ်ကိုပါ စစ်ကြည့်လိုက်ရာ ထိုလက်တွင်မူ ဓားပုံစံတက်တူးနောက်တစ်ခု ရှိနေသည်ကိုတွေ့လိုက်ရသည်။


ထန်မော့ကြည့်နေစဉ်မှာပင် တက်တူးမှာပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် ဓားနှစ်ချောင်းပေါ်လာခဲ့သည်။


ပုံစံတက်တူးလည်းပျောက်သွားကာ မြေပြင်ပေါ်၌ နောက်ထပ် ၁၀၀ယွမ်အပုံလိုက်ကြီးပေါ်လာသည်။


ထန်မော့ကားဆီသို့သွားလိုက်ကာ စာအုပ်ကိုဖွင့်လိုက်သည်။


ဒုတိယစာမျက်နှာကိုလှန်လိုက်သည်နှင့် ထင်သည့်အတိုင်းပင် စာကြောင်းအသစ်များအား ထပ်တွေ့လိုက်ရသည်။


[စွမ်းရည် : ငါ့ရဲ့စိတ်စွမ်းအင်နယ်​မြေကဇာတ်လိုက်​​လောက်​တောင်အသုံးကျမ​နေဘူး]


[ပိုင်ရှင် : ရှန် စန်းခွန် (ခိုး၀င်သူ)]


[အမျိုးအစား : စပါယ်ရှယ်အမျိုးအစား ]


[အသုံးပြုပုံ : ပစ္စည်းတွေကိုတက်တူးမှာထဲ၀ှက်ထားလို့ရ]


[အဆင့် : Level 2 . 

ပစ္စည်းနှစ်မျိုးကိုအရေအတွက်အကန့်အသတ်မရှိ

သိုလှောင်နိုင်]


[ကန့်သတ်ချက် : တူညီသောပစ္စည်းအမျိုးအစားများကိုသာ သိုလှောင်လို့ရ၊ အလောင်းများကို မ၀ှက်နိုင်]


[မှတ်ချက် : ရှန်စန်းခွန်ခမျာ သူရဲ့စိတ်စွမ်းအင်နယ်မြေက ဇာတ်လိုက်​လောက်​တောင်အသုံးမကျရုံတင်မကဘူး။ မီးခြစ်ဆံတစ်ချောင်းကြောင့်အသက်ထွက်သွားရမယ်လို့ ဘယ်ထင်ထားခဲ့ရှာမလဲ ]


ထိုစာလုံးများမှာ အနက်ရောင်ဖြစ်ပြီး ၄င်းအောက်တွင်တော့ အနီရောင်ဖြင့်ဖော်ပြထားသော နောက်ထပ်စာကြောင်းများရှိသည်။


[ထန်မော့ ဗားရှင်းအသုံးပြုရန်အညွှန်း : တူညီသောအမျိုးအစားရှိသည့်ပစ္စည်းတစ်မျိုးကိုသာ သိုလှောင်လို့ရ။ အခြားပစ္စည်းတစ်မျိုးအစားထိုးလို့မရ။


ကိုယ့်လူ မင်းဘာကိုသိုလှောင်ချင်လဲ စဉ်းစားလိုက်ရုံပဲ​နော်]


"ခိုး၀င်သူတဲ့လား"


ထန်မော့ကထိုစာလုံးအား အတော်ကြာကြာစိုက်ကြည့် နေမိသော်လည်း ဘာကိုမှစဉ်းစား၍မရပေ၊

ခဏ​မေ့ထားရန်သာ ဆုံးဖြတ်လိုက်သည်။


သူဒီစာအုပ်ကို ပစ်ထုတ်ချင်ပစ်ထုတ်နိုင်သော်လည်း ၄င်းမှာသူ၏ စွမ်းရည်ဖြစ်နေဆဲပင်။ 


ထန်မော့က ထိုသူခိုး၏စွမ်းရည်နှင့် အသုံးပြုပုံကို အလျင်အမြန်နားလည်သွားခဲ့သည်။




🪩