Chapter 74
Viewers 4k

👻 Chapter 74

သူမ ကိုယ်ဝန်ရှိနေပြီ (7)


ကျို့ယွမ်ရှေ့က စောင်ဖုံးထားသည့် နေရာတွင် သွေးပေါက်ကြီးတစ်ခု ရှိနေသည်။ ဒဏ်ရာက နက်ရှိုင်းပြီး သေစေနိုင်မည့်နေရာကို အတိအကျထိထားသည်။


ချူဟွိုက် လက်ပြန်ရုတ်လိုက်ပြီး လက်သီးတင်းတင်း ဆုပ်ထားမိသည်။


စွန်းကျားမူက သက်ပြင်းချလိုက်ရင်း ထူးဆန်းသောလေသံနှင့် ပြောလာသည်


 " မင်းရဲ့ အနံ့ခံအာရုံက အရမ်းကောင်းနေမယ်လို့ မထင်ထားခဲ့ဘူး...ငါက အဝတ်ဝတ်ပြီး ကြောက်ချင်ယောင်ဆောင်မလို့ရှိသေး မင်း ရောက်ချလာတော့တာပဲ...."


ချူဟွိုက်က လှောင်ရယ်လိုက်သည် " ဒါဆို မနေ့ညက ကျွန်တော်ပြောခဲ့တဲ့ စကားလုံးတွေက ခင်ဗျားအတွက် ဆင်ခြေရသွားတာပေါ့.... ခင်ဗျားကတော့ ဒီလို ပြောမှာပဲလေ...ကွမ်ရင်မယ်တော်လေးဆီကနေ ထိန်းချုပ်ခံလိုက်ရလို့ ဘာဖြစ်သွားမှန်း မသိလိုက်ရဘူးဆိုပြီး....ဟုတ်တယ်မို့လား...."


" ဟာကွက်တွေ များတာပဲ....ခင်ဗျားက လူတိုင်းကို အရူးလုပ်နိုင်မယ်လို့ ထင်နေတာလား...." ချူဟွိုက်က တစ်ချက်တည်းနှင့် ထိသွားစေမည့် စကားမျိုး ပြောလိုက်သည်။ 

 

စွန်းကျားမူက ချူဟွိုက်ကို ထူးထူးဆန်းဆန်း ကြည့်လိုက်ရင်း ရုတ်တရက် ရယ်မောလိုက်ပြီး အမြန်စဥ်းစားနိုင်သည့် ချူဟွိုက်ကို အံ့သြသွား၍ မေးလိုက်မိသည်


 " မင်းကို လိမ်ဖို့တော့ မစဥ်းစားထားပါဘူး....ဟိုအရူးတွေနဲ့တင်ရတယ်....ပြီးတော့ ငါထင်တာတော့...."


“ ဘာလဲ...." ချူဟွိုက်က မေးလိုက်သည်။


" ဒီတစ်ကြိမ်မှာတော့ မင်း ငါ့ဘက်က ရပ်တည်ရလိမ့်မယ်...." စွန်းကျားမူက ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်ရင်း ပြုံးပြလာသည်။


 " မင်းက ဥာဏ်ကောင်းတာပဲ....ငါ ဘာလို့ ကျို့ယွမ်ကို သတ်ရလဲ မင်းသိမှာပါ...."

  

“ မင်း သိလောက်မှာပါ...." စွန်းကျားမူက တမင်သက်သက် သံရှည်ဆွဲလိုက်ရင်း ရက်စက်သည့် မျက်လုံးများနှင့် ပြုံးပြနေသည်


 " ငါက ကျို့ယွမ်ရဲ့ အမည်ခံ ဇနီးကို သတ်ခဲ့တာကိုလည်း မင်းသိထားတယ် မဟုတ်လား...."


ချူဟွိုက်က ခေါင်းငုံ့လိုက်သည်။ သူ သိထားသည်။ သူသွေးနံ့ကို ရလိုက်ချိန်မှစ ဇာတ်လမ်းတစ်ပုဒ်လုံးကို ပုံဖော်မိသွားပြီ ဖြစ်သည်။


သူက စွန်းကျားမူ၏ ချဥ်းကပ်မှုက မှန်ကန်ကြောင်း ဝန်ခံရပေမည်။


ကလေး၏ မိဘများက ကလေးကို သတ်လိုက်သည်နှင့် ကလေးက အငြိုးကြီးသရဲအဖြစ် ပြောင်းသွားမည် ဖြစ်သည်။ ထို့ကြောင့် ကလေး၏မိဘများ အသတ်ခံရသည်နှင့် ကလေးက အငြိုးကြီးသရဲ ဖြစ်လာတော့မည် မဟုတ်ပေ။ ကလေးက အငြိုးကြီးသရဲ ဖြစ်မလာလျှင် ကျင်းထုံလည်း မစားနိုင်တော့၍ ချက်ချင်း မွေးဖွားလာနိုင်တော့မည် မဟုတ်ပေ။ 


နောက်ထပ် ယောကျ်ားလေးအမွှာကလည်း အနည်းဆုံး နှစ်လခန့် လိုသေး၍ စွန်းကျားမူ၏ လုပ်ရပ်က ကျင်းထုံ၏ မွေးဖွားမှုကို နှောင့်နှေးသွားစေနိုင်သည်။  


လက်ရှိရှုထောင့်အတိုင်းဆိုပါက ၎င်းက သူတို့အတွက် အကျိုးအရှိဆုံး နည်းလမ်းပင်။


“ ငါ ပြောတာ ချက်ကောင်းကို ထိသွားရဲ့လား..." စွန်းကျားမူက ပြုံးပြလိုက်ရင်း မေးလာသည်


 " မင်း အရင်ကတည်းက မသိတာလား...ဒါမှမဟုတ် မသိချင်ယောင်ဆောင်ခဲ့တာလား...."


စွန်းကျားမူက အနားကပ်လာရင်း အထက်စီးဆန်ဆန် ပြောလာသည် " လျိုဟန် ပြောပြီးတာနဲ့ မင်းမှာ ကျို့ယွမ်ကို သတ်ဖို့ နည်းနည်းလေးမှ မစဥ်းစားမိပါဘူးလို့ ပြောရဲလား....မင်းလုပ်ချင်ပေမယ့် မလုပ်ခဲ့တဲ့အရာကို ငါက လုပ်ပေးခဲ့ရုံပဲ...."


သူက မျက်လွှာချထားသည့် ချူဟွိုက်ကို တွေ့လိုက်၍ အပြစ်ရှိသလို ခံစားနေလောက်သည်ဟု တွေးမိပြီး ကျေနပ်သလို ပြုံးမိသည်။


“ မင်းနဲ့ငါက အတူတူပဲ....မင်း ကျင်းထျန်းယိကို စပြီး အသုံးချနေကတည်းက ငါ သိပြီးသား....မင်း ငါ့ကို နားလည်နိုင်တယ်လေ....တစ်ခြားလူတွေ သေတာရှင်တာက ငါနဲ့မဆိုင်ဘူး...." 

  

“ ဒါဆို....ပူးပေါင်းတာက ကောင်းတယ်မို့လား....ငါတို့ပန်းတိုင်က အတူတူပဲလေ....အသက်ရှင်ဖို့ လုပ်ရတာပဲ...." 


စွန်းကျားမူက ပြုံးလိုက်ပြီး ချူဟွိုက်ဆီ လက်လှမ်းလိုက်သည်။


သူက ချူဟွိုက်၏ စွမ်းရည်ကို တွေ့ခဲ့၍ တန်ဖိုးရှိလောက်သည်ဟု ထင်မိသည်။


ချူဟွိုက်က ရုတ်တရက် ပျင်းပျင်းရိရိ ရယ်လိုက်ရင်း တွန့်ဆုတ်မနေပဲ စွန်းကျားမူလက်ကို ပုတ်ထုတ်လိုက်ရာ စွန်းကျားမူမျက်နှာက မည်းမှောင်သွားသည်။


ချူဟွိုက်က ခေါင်းမော့ကြည့်လာရင်း ပြန်မေးလိုက်သည် " ကျွန်တော်နဲ့ ကျို့ယွမ်ကိုသာ နေရာလဲလိုက်ရင် ကျို့ယွမ်ဇနီးက ကျွန်တော့်ဇနီး ဖြစ်လာမှာပဲ....အဲ့လိုဆိုရင် ကျွန်တော့်ကိုရော သတ်မှာလား...." 


“ သတ်မှာပေါ့....မဟုတ်ဘူးလား...." 


သူက စွန်းကျားမူ ပြန်ဖြေလာမည်ကို မစောင့်တော့ပဲ ချက်ချင်း ပြန်ဖြေပေးလိုက်သည်။


စွန်းကျားမူ၏ မျက်လုံးထက် ရန်လိုသည့်အကြည့်တို့ ပေါ်လာသည်။

  

ချူဟွိုက်က ပြောလာသည် " ခင်ဗျား ယုံချင်ယုံ မယုံချင်နေ....ကျို့ယွမ်ကို သတ်ဖို့ တစ်ခါမှ မတွေးမိခဲ့ဘူး...."


စွန်းကျားမူက မယုံသလိုပုံစံနှင့် လှောင်ရယ်လိုက်သည်။


" တကယ်လည်း သူ အသက်ရှင်နေရင် ပြဿနာရှိလာမှာပဲ...." ချူဟွိုက်က မထူးဆန်းသလို ပြောလိုက်သည် 


" အဲ့ဒါဆိုလည်း ဘာဖြစ်လဲ....ကျွန်တော်က အဲ့ဒီပြသနာကို ခံနိုင်ရည်ရှိတဲ့ စွမ်းရည်မျိုး ရှိတယ်လို့ မထင်မိဘူးလား...."

 

မျက်ဆံနက်နက်များက စူးရှနေ၍ စွန်းကျားမူပင် ထိတ်လန့်သွားရသည်။


" ပြီးတော့လည်း...."


 á€á€ťá€°á€Ÿá€˝á€­á€Żá€€á€şá€€ စွန်းကျားမူကို ပေါ့ပေါ့ပါးပါး ကြည့်လာရင်း ပြောလာသည် " ခင်ဗျားရဲ့ နည်းလမ်းကလည်းSchrĂśdinger’s catအတိုင်းပဲ....မစ်ရှင်မပြီးခင်ထိ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး...." 


ချူဟွိုက်က စွန်းကျားမူ၏ နားနားကပ်ပြီး တိုးတိုးပြောလိုက်သည် " ကျင်းထုံရဲ့ မွေးဖွားလာမှုကို နှောင့်ယှက်တဲ့အတွက် ကွမ်ရင်မယ်တော်လေး စိတ်မဆိုးသွားဘူးလို့ ပြောလို့ရနိုင်လား....ပြီးရင်တော့ ခင်ဗျား ကိုယ့်သိင်္ချိုင်းကို တူးထားပေတော့...."


စွန်းကျားမူက တောင့်ခနဲ ဖြစ်သွားရသည်။


ချူဟွိုက်က ပြောပြီးသည်နှင့် လှည့်ထွက်သွားလေသည်။


စွန်းကျားမူက အံတင်းတင်းကြိတ်ပြီး နောက်ကနေ လှမ်းပြောလာသည် " မင်းလုပ်ရပ်အတွက် ရလာမယ့် အကျိုးဆက်ကို ပြင်ထား...."


ချူဟွိုက်က ရပ်သွားပြီး လှည့်ကြည့်လာရာ စွန်းကျားမူမျက်လုံးထဲက ခြိမ်းခြောက်မှုကို တွေ့လိုက်ရသည်။


စွန်းကျားမူက မေးလာသည် " မင်းမှာ အရင်တုန်းက ကာကွယ်ပေးမယ့် ကျင်းထျန်းယိရှိပေမယ့် အခုကတော့...."

 

ချူဟွိုက်က စိတ်ရှုပ်ခံပြီး သူ့ကို မပြောချင်၍ ဖွဖွလေး ပြုံးလိုက်ပြီး ခေါင်းစဥ်ပြောင်းပြောလိုက်သည် 


" ခင်ဗျားရဲ့ညီကို ခင်ဗျား သတ်လိုက်တာမို့လား..."


စွန်းကျားမူက အမွေးတို့ ထောင်ထွက်သွားပြီး ဒေါသတကြီး အော်ပြောလာသည်


 " မင်း ဘာတွေ ပြောနေတာလဲ...."


ချူဟွိုက်က စနောက်ရုံသာ လုပ်လိုက်သော်လည်း စွန်းကျားမူက တစ်ခုခုဖြစ်သွားသလို ပြင်းပြင်းထန်ထန် တုံ့ပြန်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။


စွန်းကျားမူက လှောင်ရယ်လိုက်ပြီး လက်သုံးချောင်းထောင်ပြလာသည်


 " မိုးနတ်မင်းကို ကျိန်ပြီး ပြောရဲတယ်... ငါ ငါ့ညီလေးကို မသတ်ခဲ့ဘူး..."


ချူဟွိုက်က မျက်ခုံးပင့်လိုက်ရင်း အမှန်တကယ် အံ့သြသွားရသည်။


စွန်းကျားမူက သူ့အနေနှင့် ကြောက်စရာတစ်ခုမှ မရှိကြောင်း ပြချင်၍ တက်တက်ကြွကြွ ပြောလာသည် 


" တကယ်လို့ ငါလိမ်နေတယ်ဆိုရင် ကွမ်ရင်မယ်တော်လေးက ငါ့ကို သတ်သွားပါစေ...."


ချူဟွိုက်က အနည်းငယ် တုံ့ပြန်လာသော်လည်း သူ့ရင်ထဲ သံသယအစိုင်အခဲများ ရှိနေသေးသည်။ 


စွန်းကျားမူ၏ စောစောက အပြုအမူက ချူဟွိုက်၏ သံသယများကို ပိုတိုးသွားစေသော်လည်း ယခုလို အခိုင်အမာ ကျိန်ဆိုလာ၍ သူများ နားလည်မှုလွဲသွားသလား ထင်မိသည်။


စွန်းကျားမူက မာန်ပါပါ ပြောလာသည် " မင်းက ငါနဲ့ပူးပေါင်းဖို့ ငြင်းလိုက်တယ်ဆိုမှတော့ ဒါတွေပြီးလို့ ဘာတွေပဲဖြစ်လာဖြစ်လာ...."

 

ချူဟွိုက်က သူ့စကားကို ကြားဖြတ်ပြီး တည်တည်ငြိမ်ငြိမ် ပြောလာသည် " စိတ်ချပါ....ခင်ဗျားက သေချာပေါက် ကျွန်တော့်ထက်အရင် သေရမှာပါ..."


စွန်းကျားမူက ခနဲ့လိုက်သည် " စကားလုံးချိုချိုလေးတွေကတော့ လူတိုင်း ပြောတတ်ကြတာပဲလေ...."


ယခင်မစ်ရှင်များတွင် ချူဟွိုက်ကို ကျင်းထျန်းယိက ကာကွယ်ပေးခဲ့သော်လည်း ယခုမစ်ရှင်တွင် သူတစ်ယောက်တည်းသာ ရှိသည်။ မထင်မှတ်ထားသည့် ကိစ္စတစ်ခုခု ဖြစ်လာခဲ့လျှင်လည်း သူနှင့် လားလားမျှ မဆိုင်ချေ။


ထို့ပြင် ဤမစ်ရှင်က သူ၏ နောက်ဆုံးသော မစ်ရှင် ဖြစ်သည်။ သူသာ အောင်အောင်မြင်မြင် လုပ်ပြီးသွားသည်နှင့် ကမ္ဘာအစစ်သို့ ချက်ချင်း ပြန်နိုင်မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူက ကောင်းကင်ကြီး ဘယ်လောက် မြင့်မြင့် ရှင်ဘုရင်က ဘယ်လောက်ပဲ အလှမ်းဝေးနေနေ စိုးရိမ်စရာ မရှိတော့ပေ။

 

ချူဟွိုက်က ပုခုံးတွန့်ပြလိုက်ပြီး ခပ်ထေ့ထေ့ပြုံးရင်း အပြင်ဘက်ဆီ တည့်တည့်လျှောက်သွားလိုက်သည်။


သူက ယခုတွင် မိန်းကလေးလို မဝတ်ထား၍ အားနည်းချင်ယောင်ဆောင်ဖို့ မလိုအပ်သလို သဘောကောင်းသလိုလည်း ဟန်ဆောင်ဖို့ မလိုတော့ပေ။ စွန်းကျားမူလို ငါးဆားနူးကောင်မျိုးက အသတ်ခံရမည်ဆိုလျှင် သတ်ကိုသတ်ခံရမည် ဖြစ်သည်။


စွန်းကျားမူက စိတ်အေးသွားဟန် သက်ပြင်းချလိုက်ရင်း ချူဟွိုက်၏ ပုံရိပ်လေး ပျောက်ကွယ်သွားသည်ထိ ကြည့်နေပြီး မျက်လုံးထက် နာကျည်းရိပ်များ သန်းနေသည်။


သူ မလိမ်ခဲ့ပေ။ သူက ပရလောကထဲ အချိန်ကြာကြာနေခဲ့ရ၍ ကံကို ယုံကြည်ပြီး သူ့ကိုယ်သူလည်း ထိုသို့ ကျိန်ဆိုရန် မလိုအပ်လှပေ။ 


သူပြောခဲ့သည့် အရာတိုင်းက အမှန်တရား ဖြစ်သည်။ သူက သူ့ညီလေးကို မသတ်ခဲ့ပေ။ အကြောင်းမှာ သူ့တွင် ညီလေး မရှိ၍ ဖြစ်သည်။ သူက သူ့အစ်ကိုကိုသာ သတ်ခဲ့လေသည်။


သူ့အစ်ကိုကို ရေထဲ တွန်းချလိုက်ပြီး သူ့အစ်ကိုပုံစံ ဟန်ဆောင်လိုက်ကာ အစ်ကိုနေရာကို ယူထားခဲ့သည်။


သူ့လမ်းတွင် လာရပ်သူမှန်သမျှ အသက်ရှင်ရမည် မဟုတ်ပေ။


ကျို့ယွမ်၏ အခန်းမှ စုန့်ချင်း၏ စူးစူးဝါးဝါးအော်သံပေါ်ထွက်လာ၏။


ချူဟွိုက်က ထိုအကြောင်းကို ဖြတ်ခနဲ ပေါ်သွား၍ ကျို့ယွမ်ဇနီး၏ အလောင်းကို တွေ့သွားခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။


ချူဟွိုက် အပြေးရောက်သွားချိန် လျိုဟန်ကလည်း ရောက်နေသည်။


လျိုဟန်၏ မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးအစုံက ပြူးကျယ်နေသည်။ သူက ချူဟွိုက်က အကြောင်းရင်းကို ချက်ချင်း ရှာတွေ့သွားမှန်း မြင်လိုက်၍ သူ့ကိုယ်သူ အပြစ်တင်ရင်း တုန်တုန်ယင်ယင် ပြောလာသည်


 " သူမ....သူမက ချက်ကြိုးကြောင့် လည်ပင်းညစ်ခံရပြီး သေသွားတာ....တကယ်....တကယ်လို့ နေ့ခင်းတုန်းက ကျွန်တော်သာ မေ့ဆေးထိုးမပေးလိုက်ဘူးဆိုရင် ရုန်းကန်နိုင်ဦးမှာ...."


လျိုဟန်က မချိမဆန့်ဖြစ်သွားဟန် မျက်လုံးပိတ်ထားလိုက်သည်။


ချက်ကြိုးနဲ့ လည်ပင်းညှစ်သတ်ခံလိုက်ရတာလား....ချူဟွိုက်က မျက်လုံးစွေကြည့်လိုက်ရင်း ကျိတ်ရယ်လိုက်သည်။


သူက အမှန်တရားကို ပြောပြချင်စိတ် မရှိပေ။ အသစ်လေးများက ပရေလာကသို့ ဝင်လာကာစဖြစ်၍ သူ့တို့စိတ်က တင်းကျပ်နေပြီး လူသတ်သမား သရဲလောက်နှင့်တင် လုံလုံလောက်လောက် ကြောက်ဖို့ကောင်းနေပြီ ဖြစ်သည်။ လူသတ်သမားက လူဖြစ်နေသည် ဆိုသည့် အချက်ကိုသာ သိသွားကြလျှင် ပြိုလဲသွားကြလိမ့်မည်။

 

ထို့ပြင်က စွန်းကျားမူက လူရိုင်းတစ်ယောက် ဖြစ်၍ သူ့လုပ်ရပ်သာ လူသိသွားသည်နှင့် အသစ်လေးများအတွက် အန္တရာယ်ရှိလာနိုင်သည်။ အမှန်တွင်ဖြင့် စွန်းကျားမူအတွက်က တစ်ယောက်သတ်ရရ သုံးလေးငါးယောက် သတ်ရရ သူ့အတွက် ထူးမခြားသွားပေ။   


သို့သော်လည်း သူက ထိုလူကို တတ်နိုင်သမျှ ဖြေရှင်းဖို့ လိုအပ်သည်ပင်။


ချူဟွိုက်က လျိုဟန်ပုခုံးကို ပုတ်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည် " ဒါက ခင်ဗျားကြောင့် မဟုတ်ပါဘူး...."


စွန်းကျားမူက ခြေတစ်လှမ်း နောက်ကျပြီးမှ ရောက်လာ၍ အခန်းထဲက သူ့လက်ရာကို ကျေနပ်သလို အပြုံးကြီးနှင့် စိုက်ကြည့်နေသည်။

 

စုန့်ချင်းက အလောင်းကို ပထမဆုံး တွေ့ခဲ့သည့်သူဖြစ်၍ သူမတစ်ကိုယ်လုံး တုန်ယင်နေ၏။


သူမက တိတ်ဆိတ်ပြီး သီးသန့်နေသည့်သူ ဖြစ်၍ အဖွဲ့က သူမကို သိပ်ဂရုမထားမိချေ။ ချူဟွိုက်က တစ်ခဏကြာအောင် သူမကို သေသေချာချာ ကြည့်လိုက်မှ တစ်ခုခု ဖြစ်နေသလိုမျိုး မျက်တွင်းတို့ ချောင်ကျနေမှန်း တွေ့လိုက်ရသည်။


သုံးရက်သာ ရှိသေးသော်လည်း ဆယ်နှစ်စာလောက် အိုစာသွားသလိုမျိုး သူမ၏ မျက်တွင်းများက နစ်ဝင်နေပြီး အသားအရေက ခြောက်ကပ်ကပ်နှင့် အဝါရောင်သန်းနေကာ ရှုပ်ပွနေသော ဆံပင်များနှင့် နှုတ်ခမ်းများကလည်း အက်ကွဲပြီး အရေခွံလန်နေသည်။


အိပ်မပျော်နိုင်တဲ့ ပရေလာကမှာ ဆိုရင်တောင်မှ အဲ့လောက်ထိ အဖြစ်မဆိုးနိုင်ပါဘူး....


ချူဟွိုက်က အတွေးနစ်သွားသော်လည်း ရုတ်တရက် စုန့်ချင်းက မျက်လုံးတို့ လိမ့်တက်သွားပြီး အရှေ့ကို လဲကျလာသည်။ ကံကောင်း၍ လျိုဟန်က အမြန်တုံ့ပြန်နိုင်လိုက်၍ မြေကြီးနှင့် ခေါင်းမတိုက်သွားခင် ဖမ်းလိုက်နိုင်သည်။


ချူဟွိုက်ပါ ကူညီပြီး လျိုဟန်နှင့်အတူ စုန့်ချင်းကို အခန်းထဲ သယ်သွားလိုက်ရင်း ချထားပေးလိုက်သည်။


ချူဟွိုက်က စုန့်ချင်းကို ညွှန်ပြလိုက်ရင်း မေးလာသည် " သူမက ကောင်းကောင်း အနားမယူရလို့လား...."


စွန်းကျားမူက ရယ်မောလိုက်ရင်း စကားဟလာသည် " နောက်ထပ် ဆီပုလင်းတစ်ခု ပါလား...."


သူက ချူဟွိုက်က သူတော်ကောင်းယောင်ဆောင်နေသည်ဟု ခံစားမိသည်။ သူ့အတွက်သူတောင် အသက်ရှင်ဖို့ အနိုင်နိုင်ကြိုးစားနေရတာကို ဘာလို့ တခြားသူတွေရဲ့ သေရေးရှင်ရေးကို ဂရုစိုက်ပေးနေရတာလဲ....


လျိုဟန်က စစ်ဆေးကြည့်လိုက်ရင်း စုန့်ချင်း၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။


ချူဟွိုက်က ပြုံးလိုက်မိသည် " ခင်ဗျားက ဒါလည်း သိတာပဲလား...." 


“ အရင်တုန်းက ပျင်းနေတဲ့အချိန် တရုတ်တိုင်းရင်းဆေးတက်နေတဲ့ ကျောင်းသားတစ်ယောက်ဆီက သင်ခဲ့ရတာ...." လျိုဟန့်စကားထဲတွင် ဒေါသရိပ်တို့ ပါနေသည်။


ချူဟွိုက်၏ မျက်ဆံများက ရုတ်တရက် စုစည်းသွားပြီး မေးလာသည် " ဘာဖြစ်လို့လဲ...."

 

“ ကြည့်ရတာ....သူမက...." လျိုဟန်က စကားရပ်သွားပြီး ပြောလာသည် " ကိုယ်ဝန်ရှိနေတာ...."


ချူဟွိုက်၏ အကြည့်များက နက်မှောင်သွားသည်။


စွန်းကျားမူက နားမလည်သလို အော်ပြောလာသည်


 " ဘာကြီး...."


လျိုဟန်က ပြောင်းလဲသွားသော လေထုကို သဘောမပေါက်ပဲ သနားသည့်အသံနှင့် ပြောလာသည် 


" ကလေးက နှစ်လလောက်ပဲ ရှိဦးမယ်....ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ ဒီလို အဖြစ်ပျက်နဲ့ ကြုံလိုက်ရတဲ့အတွက် စိတ်မကောင်းလိုက်တာ....သူမအခြေအနေနဲ့ဆို ခုနကလို စိတ်သောကရောက်ရတဲ့ အဖြစ်မျိုးလောက် နောက်ထပ် ရှိနိုင်ဦးမှာ မဟုတ်ဘူး..."


ချူဟွိုက်က စုန့်ချင်းပြောဖူးသည့် အကြောင်းရာတစ်ခုကို အမှတ်ရသွား၍ အသံနက်နက်နှင့် ပြောလာသည် 


" စုန့်ချင်းက လက်ထပ်ဖို့ထားလို့ ချစ်သူတောင် မရှိဘူးတဲ့...."


" ဒါဆို ဘယ်လိုလုပ် ကိုယ်ဝန်ရှိသွားရတာလဲ..." လျိုဟန်က ရှုပ်သွားရသည်။


စွန်းကျားမူ၏ မျက်နှာက မည်းမှောင်သွားပြီး ချူဟွိုက်ကို လှမ်းမေးလာသည် " မင်းတို့ ကွမ်ရင်မယ်တော်လေး နတ်နန်းကို သွားတဲ့အချိန် စုန့်ချင်းက ကြေးရုပ်တုကို ထိခဲ့သေးလား...."  


ချူဟွိုက်က မျက်မှောင်ကြုပ်ပြီး ပြန်ဖြေလာသည် 


" ကျွန်တော် မသိဘူး....ဒါပေမယ့် စုန့်ချင်းက ခဏလောက် ပျောက်သွားသေးတယ်...."


စွန်းကျားမူက ခဏလောက် စိတ်လွတ်သွားသလို လှောင်ပြောလာသည် " စိတ်ထားကောင်းနေတာပဲ....ဒါပေမယ့် သူမဗိုက်ထဲက ကလေးက မင်းကလေး မဟုတ်ဘူးလား....မင်းကိုယ်မင်း မထိန်းချုပ်နိုင်ခဲ့တာ မဟုတ်ဘူးလား...." 

 

ချူဟွိုက်က စကားဖြတ်ပြောလိုက်ပြီး မျက်လုံးများက အေးစက်နေသည် " ဒါ ငါ့ကလေး မဟုတ်ဘူး...."


လျိုဟန်က နားမလည်နိုင်တော့၍ မျက်နှာထက် ချွေးအေးတို့ စီးကျလာသည်။


“ မင်းကလေး မဟုတ်ရင် ငါ့ကလေးလား...." စွန်းကျားမူက လှောင်ပြောင်လိုက်ရင်း သူ့မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားကာ အလန့်တကြား အော်ပြောလာသည် 


"ကျောက်စိမ်းရုပ် မိန်းကလေး...."


လျိုဟန်က နောက်ဆုံး နားလည်သွားပြီ ဖြစ်သည်။


" သူမက...." လျိူဟန်က မျက်တွင်းဟောက်ပက်နှင့် ကုတင်ပေါ် လှဲနေသော စုန့်ချင်းကို လှည့်ကြည့်လိုက်ရင်း နှုတ်ခမ်းသပ်လိုက်ပြီး ခက်ခက်ခဲခဲ မေးလာသည် 


" သူမက လွယ်ထားရတဲ့ကလေးက....ကျွန်တော်တို့ အကြာကြီး ရှာနေခဲ့ရတဲ့ ကျောက်စိမ်းမိန်းကလေးပေါ့....ဟုတ်လား..."


“ ကျောက်စိမ်းမိန်းကလေးက ပြန်ဝင်စားနိုင်တော့မယ်...." လျိုဟန်က ရေရွတ်လိုက်ပြီး အင်္ကျီအောက်က လက်များက တုန်ယင်လာသည်။


စွန်းကျားမူက ဒေါသထွက်လာရင်း စုန့်ချင်းကို လက်ညှိုးထိုးလိုက်ပြီး ကျန်သည့်သူများကို အော်မေးလာသည်


 " ဒီလို ငတုံးမျိုး ရှိသေးတာလား..."


သူက ချူဟွိုက်ကို မော့ကြည့်လိုက်သည်


 " မင်း သူမကို ကွမ်ရင်မယ်တော်လေး နတ်နန်းမှာ လျှောက်မထိဖို့ မပြောခဲ့ရဘူးဆိုတာ ငါမယုံဘူး....ဒါပေမယ့်...သူမက....အသစ်တွေအကုန်လုံးက သေဖို့နီးနေပြီနဲ့တူတယ်...."


လျိုဟန်ကလည်း အသစ်ဖြစ်၍ စွန်းကျားမူ၏ စုန့်ချင်းကို ကျိန်ဆဲနေသည့်အသံကို ကြားလိုက်ချိန် မသက်မသာဖြစ်မိသော်လည်း ပြန်လည်း မပြောနိုင်၍ ခေါင်းငုံ့ပြီး ခံနေရသည်။


“ ခင်ဗျားပါးစပ်ကို ပိတ်ထားပေးလို့ ရမလား..." ချူဟွိုက်က ခနဲ့လိုက်သည် " ခင်ဗျားရဲ့ အိုင်ကျူတွေ အကုန်လုံးက ခွေးတွေဆီ ရောက်သွားပြီလား...."


“ သူများကို အပြစ်တင်နေလို့ ဘာအကျိုးရှိသွားလဲ..."


 á€Ąá€„á€ąá€Ťá€€á€şá€á€śá€œá€­á€Żá€€á€şá€›á စွန်းကျားမူ၏ မျက်နှာက စိမ်းတစ်လှည့် ဖြူတစ်လှည့် ဖြစ်သွားလေ၏။


👻