အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း
အပိုင်း ၁
ကျိုးချောင်ချောင် ငြီးငွေ့ဖွယ်ကောင်းသော ဘ၀တွင် ထပ်ပြီး ရှင်သန်မနေချင်တော့ချေ။
"ဘယ်သူ့ဘ၀က သူမလိုမျိုး အဆုံးသတ်လို့လဲ...ကံမကောင်းတာလဲ ကန့်သတ်ချက် တစ်ခုခုတော့ ရှိသင့်တယ်မဟုတ်လား..."
သို့သော် ကျိုးချောင်ချောင် အတွက်သာလျှင် မဟုတ်ပါ။ သူမသည် သူမအမေ၏ ၀မ်းထဲတွင်ရှိခဲ့ချိန်တွင်မကြာခဏဆိုသလို လှုပ်ရှားခဲ့သောကြောင့် သူမ၏အမေအား ပုံမှန်မအိပ်နိုင်မစားနိုင်ဖြစ်အောင်ပင်ခြောက်လှန့်နေခဲ့ပြီး သူမကိုစောစီးစွာ မွေးဖွားခဲ့လေ၏။
မွေးကင်းစချောင်းချောင်းလေးသည် အိမ်သို့မပြန်ခင်အရေးပေါ်အခန်းတွင် သုံးပတ်လောက် နေခဲ့ရ၏။သို့သော် သူတို့သည်လမ်းမပေါ်တွင် လမ်းလျှောက်နေခဲ့ချိန်တွင် တစ်စုံတစ်ယောက်သည် သူမတို့အား ၀င်တိုက်ခဲ့သောကြောင့် သူမသည် ပြုတ်ကျသွားခဲ့လေ၏။ထို့ကြောင့် ထိုနေ့တစ်နေ့တည်းတွင် သူမအား မွေးကင်းစအရေးပါ်အခန်းသို့ ပြန်ပို့ခဲ့ရပြန်၏။
နောင်တစ်ချိန်တွင် သူမ၏ အမေသည် သူမအားဦးနှောက်မကောင်းဘူးဟု အမြဲပြောခဲ့၏။ ထိုသို့ဖြစ်ရခြင်းမှာ သူမကလေးဘ၀က ပြုတ်ကျခဲ့သောကြောင့်ဟုကျိုးချောင်ချောင် အမြဲမသင်္ကာဖြစ်ခဲ့ရသည်။
ကျိုးချောင်ချောင်၏ ဘ၀အစတွင် ကံဆိုးမှုများနှင့်ကြုံရ၏။ သူမအရွယ်ရောက်ခဲ့ချိန်တွင် ပို၍ဆိုးလာခဲ့၏။
ဆေးရုံမှဆင်းပြီးနောက် ကျိုးချောင်ချောင်၏ အမေသည် သူမအားနို့တိုက်၍မရတော့ပေ။ သူမသည် အချိန်အတော်ကြာ ဆေးရုံတက်နေခဲ့ရသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် သူမသည် နို့မှုန့်များကိုသာဖျော်၍ သောက်ခဲ့ရ၏။ ထိုသို့မသောက်ရခင် နှစ်လအလိုတွင်သူမ၏အဖေသည် ဒေဝါလီခံခဲ့ရ၏။ ထို့ကြောင့် သူမအားနို့မှုန့်နှင့် ဆန်ပြုတ်များကိုသာ တိုက်ခဲ့ရ၏။
နောက်ပိုင်းတွင် သူမ၏အဖေ၌ အလုပ်တစ်ခုရှိခဲ့ပြီးသူမအတွက်မောင်လေးတစ်ယောက် ထပ်ယူပေးခဲ့၏။ သူသည်မတော်တဆ လှေကားပေါ်မှပြုတ်ကျပြီး သေဆုံးခဲ့သောကြောင့် သူမ၏အမေသည် အလွန်၀မ်းနည်းခဲ့ရပြန်၏။
ကျိုးချောင်ချောင်သည်လည်း ၀မ်းနည်းပက်လက်ဖြစ်ခဲ့ရလေ၏။ သို့သော် အချိန်ကြာကြာ ၀မ်းမနည်းခဲ့ရပါ။သူမ၏အဖေသည် နောက်ထပ်မိန်းမတစ်ယောက်အားအိမ်သို့ ခေါ်လာခဲ့သောကြောင့် ဖြစ်၏။
သူမဘ၀၏ ကံဆိုးမိုးမှောင်ကျခြင်းသည် စတင်ခဲ့လေပြီ။ သူမ၏ အမေမရှိတော့ဘဲ အနေဆင်းရဲအစားဆင်းရဲဖြင့်ဘ၀တွင် စိတ်သောကများနှင့် နေခဲ့ရ၏။ ဤသို့ဖြင့်အနှစ်နှစ်ဆယ်ကြာခဲ့ရာ မိထွေးဖြစ်သူသည် ကျိုးချောင်ချောင်ကို ဒုက္ခပေးနေတုန်းပင်ဖြစ်၏။ သူမသည်ကျူရှင်ခနှင့် အသုံးစရိတ်ကိုပင် မတတ်နိုင်ခဲ့၍ ၀မ်းနည်းမနေနိုင်တော့ပါ။
နောက်ဆုံးတွင် ချွေတာစုဆောင်းပြီးနောက် သူမသည်ရှင်သန်ရပ်တည်နိုင်ခဲ့လေသည်။ ယနေ့ခေတ်အဖွဲ့အစည်းမှပေးအပ်သော ထောက်ပံ့ကြေးငွေယွမ်သုံးရာကိုအမှိီပြုကာ ဘွဲ့ရရှိခဲ့၏။
သို့သော် သူမ၏အတန်းဖော်သည် ဘွဲ့လွန်ကျောင်းတက်ရန်ထောက်ခံချက်တစ်ခုအား ရရှိရန် သူမ၏ အခွင့်အရေးအား ရယူသွားခဲ့လေ၏။ ထိုသို့ဆိုလျှင်ညသူမသည်အဖွဲ့အစည်းထဲတွင် အလုပ်တစ်ခုရှာရမည်ဖြစ်၏။ သို့သော် လူတွေ့မေးမြန်းသည့် အခွင့်အရေးအားတခြားတစ်ယောက်မှ ရသွားလေသည်။
နောက်ဆုံးတွင် ကျိုးချောင်ချောင်သည်ဘတစ်လလျှင်ယွမ်နှစ်ထောင့်ငါးရာ ရသောအလုပ်နှင့် ကျေနပ်လိုက်ရလေ၏။
သို့သော် ရက်အနည်းငယ်အကြာတွင် သူမ၏မိထွေးသည် အလုပ်မှရရှိသော စုဆောင်းထားသမျှကိုတွေ့ကာယူသွားခဲ့ပြန်၏။ ကျိုးချောင်းချောင်းသည် စိတ်ဆိုးလျက် အိမ်မှ ထွက်သွားလေ၏။ ကံမကောင်းစွာဖြင့်သူမသည် ကားတိုက်ခံရပြီး ကားမောင်းသမားသည်ထွက်ပြေးခဲ့သောကြောင့် ကိစ္စများ ပိုဆိုးလာခဲ့၏။ ရဲများသည် တရားခံအား နှစ်ရက်လောက် ရှာခဲ့သော်လည်း မတွေ့ခဲ့ပါ။
သူမသည် ထိခိုက်ဒဏ်ရာနှင့် ဆေးရုံတက်ခဲ့ရသောကြောင့် သူမ၏ကုမ္ပဏီသည် သူမအားအလုပ်ထုတ်ခဲ့ကာ ကျန်ရှိသေးသောလ၏ လုပ်အားခကိုပင်ပေးရန် ငြင်းဆိုခဲ့၏။ ကျိုးချောင်ချောင် အလုပ်သမားဌာနသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရပေ။
တကယ်ဆိုလျှင် ကျိုးချောင်ချောင်၏ ဘ၀သည် ဤမျှသာ ကံမကောင်းသည်မဟုတ်ပါ။ သို့သော် ယခုအဖြစ်အပျက်မှ သူမ၏ ဘ၀မည်မျှခက်ခဲသည်ကိုကျွန်ုပ်တို့ သိနိုင်လေသည်။ ပိုဆိုးသွားစေတာကတော့ သူမနှင့် သွေးတစ်ဝက်တော်သည့်မောင် ကျိုးရှုံးရှုံးသည် သူ့အကြွေးကို ဆပ်ရန်အတွက် ဧည့်သည်များကိုအဖော်ပြုပေးဖို့ သူမကိုနိုက်ကလပ်သို့သွားစေရန်လှည့်ဖျားလိုက်သည်။
ထိုသည်ကို သည်းခံနိုင်ပါမည်လား? လုံးဝမဖြစ်နိုင်ပေ။
ကျိုးချောင်ချောင်သည် သူမဟာပစ်မှတ်ထားရန်လွယ်ကူနေခဲ့တယ်လို့ထင်ခဲ့၏။ သို့သော်မိုက်မဲသည့်သူများသည် အတော်ပင်ခေါင်းမာကြ၏။ ကျိုးရှောင်းရှောင်း ထပ်ပြီးမနေတော့ဖို့ ဆုံးဖြတ်ခဲ့၏။
နိုက်ကလပ်၏ ၀င်ပေါက်တွင်မတ်တပ်ရပ်ပြီး ကျိုးချောင်းချောင်းသည် သစ်သီးခွဲသည့် ဓားတစ်လက်အားလက်ထဲတွင် ကိုင်ထား၏။ နိုက်ကလပ်ရှိလုံခြုံရေးအစောင့်များသည် ကြောက်လန့်ခဲ့ပြီး သူမအားရပ်လိုက်ရန်ကြိုးစားကြ၏။ ရုတ်တရက် သူတို့သည်ဘေစင်အရွယ်အစားလောက်ရှိသော အနီရောင်ပန်းအိုးကိုတွေ့ခဲ့ပြီး သူမ၏ ခေါင်းကို ရိုက်ခွဲခဲ့သောကြောင့် လဲကျသွားလေ၏။
ပန်းအိုးဖြင့်ရိုက်လိုက်ပြီးနောက်တွင် အပေါ်ထပ်မှအော်သံအကျယ်ကြီးပေါ်ခဲ့၏။"အမယ်လေး...ငါ့ရဲ့ပန်းအိုး ဘယ်ရောက်သွားပြီလဲ"
အပေါ်မှ ထိုအသံကြားပြီးနောက်တွင် နေကာမျက်မှန်တပ်ထားသော လုံခြုံရေးအစောင့်နောက်တွင် ပါလာသောလူငယ်တစ်ဦးသည် သူ့ရှေ့ရှိ သူဌေးအား သတိထားလျက်မေးနေ၏။ "အသံက အရမ်းမြင့်တဲ့အထပ်ကနေလာတာတော့ မဖြစ်သင့်ဘူးမဟုတ်လား။"အဲ့လိုဆို သူမ အရိုက်ခံရပြီးမသေသင့်ပါ။
"သူမ သေသွားရင် ကျွန်တော်တို့မှာရော တာ၀န်ရှိမှာလား"ဟုလူငယ်တစ်ယောက်မှ စိုးရိမ်စွာမေးခဲ့သည်။ သူတို့ ပြေးသွားသောလူနောက်သို့ လိုက်ခဲ့ကြသည်။သို့သော် လူကိုတော့ မသတ်ခဲ့ပါ။
နေကာမျက်မှန်တပ်ထားသော လုံခြုံရေးအစောင့်သည်သူမ၏ ခေါင်းမှ သွေးတွေ အများကြီး ထွက်နေသည်ကိုအံ့အားသင့်နေသော မိန်းမကြီးအား စိုက်ကြည့်ပြီးအော်ပြောခဲ့လေ၏။"နင်ဘာကြည့်နေတာလဲ...သူမကိုကူညီလိုက်လေ...ဘယ်သူက နိုက်ကလပ်ကို ဒီပန်းအိုးယူလာတာလဲ..."
ကျိုးချောင်ချောင်ကို လူနာတင်ယာဉ်ဖြင့်ခေါ်သွားချိန်တွင်သူမသည် အသက်ရှူပြီးရင်းရှုခဲ့သည်။ ခုထိဆေးရုံသို့ မရောက်သေးပါ။ သူမ၏ နှလုံးခုန်ရပ်တာကို ကောင်းအောင် လုပ်ပေးသောစက်၏ အသံကို နားထဲတွင်ကြားခဲ့ပြီးနောက် သူမ၏သေဆုံးမှုသည် မအေးချမ်းခဲ့ပါ။
ဒီလိုသေသွားရုံပဲလား။ ဘာလို့ သူမ သေသင့်တာလဲ။သူမ သေရမည်ဆိုလျှင်တောင်မှ သက်တမ်းစေ့ပြီးမှ မသေခဲ့တာလဲ။ ဒီလိုသေဖို့ သူမက အတော်ကံဆိုးခဲ့တာလား။
စက်၏ အဆက်မပြတ် အသံပေးချက်နှင့်အတူ ကျိုးချောင်းချောင်းသည် မိန်းမောတွေဝေလျက် ထူးဆန်းသော ကမ္ဘာသို့ ရောက်ခဲ့သည်ထင်ရ၏။
ဤကမ္ဘာတွင် ကျိုးချောင်ချောင်သည် သူမ မသိခဲ့သောအရာများနှင့် ဤကမ္ဘာရှိ လျှို့ဝှက်ချက်များအားလေ့လာသင်ယူခဲ့၏။
ကျိုးချောင်ချောင် နေခဲ့သောကမ္ဘာသည် "သူဌေး၏ အစားထိုးမိန်းမ"ဟုအမည်ရသော စာအုပ်တစ်အုပ်သာလျှင် ဖြစ်ခဲ့လေသည်။ ဟုတ်၏။...ထိုအရာသည်စာအုပ်တစ်အုပ်ပဲဖြစ်ပြီး ကျိုးချောင်ချောင် တုန်လှုပ်ချောက်ချားသွားခဲ့သည်။ သူမ၏ ကမ္ဘာကြီးအပေါ်အမြင်ကို ကြီးမားစွာ အကျိုးသက်ရောက်ခဲ့လေ၏။
စာအုပ်ထဲရှိ ယောက်ျားလေး ဇာတ်လိုက်မှာ ယန်ယဲ့ဟုခေါ်ပြီး ယွီယောင်ဖျော်ဖြေရေးအဖွဲ့၏ ဥက္ကဌဖြစ်လေသည်။ သူ့တွင်မပိုင်ဆိုင်လိုက်ရသော ရှန့်ချီ၀မ်ဟု အမည်ရသည့်အချစ်ဦးရှိခဲ့၏။ သို့သော်သူမသည်တခြားတစ်ယောက်နှင့် လက်ထပ်သွားခဲ့၏။
ထို့ကြောင့် သူသည် အစားထိုးဖို့ တစ်ယောက်ရှာခဲ့ပြီးအမျိုးသမီးဇာတ်လိုက် ရှန်လင်ထုံအား တွေ့ခဲ့၏။အမျိုးသမီးဇာတ်လိုက်မှာ အမျိုးသားဇာတ်လိုက်၏ နှလုံးသားကို ဘက်ပေါင်းစုံမှ အပိုင်သိမ်းရန်အတွက် စားစရာ၊သောက်စရာများနှင့် ဂိမ်းများကိုသုံးကာ အသုံးပြုခဲ့သည်။
ထိုသည်ကဖြစ်သင့်သောအရာပင်။ ဟုတ်သည်။ ထိုသို့သာဖြစ်သင့်သည်။
"သူဌေး၏ အစားထိုးမိန်းမ"စာအုပ်ထဲတွင် ကျိုးချောင်ချောင်အတွက် ဇာတ်ကောင်တစ်ခုရှိခဲ့သည်။ သူမသည်လုံး၀စွန့်ပစ်ခံရသော သူတစ်ယောက်ဖြစ်ခဲ့ရ၏။အမျိုးသားဇာတ်လိုက် ယန်ယဲ့သည် အမျိုးသမီးဇာတ်လိုက် ရှန်လင်ထုံကို ပျော်ရွှင်စေရန် နိုက်ကလပ်သို့ခေါ်လာခဲ့သောအခါ ကျိုးချောင်ချောင်၏ မောင်ဖြစ်သူကျိုးရှုံးရှုံးသည် ရှန်လင်ထုံအား ပရော်ပရည်လုပ်ခဲ့သည်။
ကျိုးရှုံးရှုံးသည် အကြွးများ မဖြစ်မနေပေးရမည်ဖြစ်၍ ကျိုးချောင်းချောင်အား ခေါ်လာခဲ့ခြင်းဖြစ်၏။ ဒါဟာသူမ၏သေဆုံးခြင်းအား ဖြစ်စေခဲ့ပြီး ဝိဉာဉ်ကို လျှိုယွင်မှယူဆောင်သွား၏။
ဟုတ်သည်။ လျှိုယွင်ရောက်လာပြီးနောက်"သူဌေး၏ အစားထိုးမိန်းမ"သည်"ဝိဉာဉ်ကူးပြောင်းပြီးနောက်ကျွန်မနှင့် အမျိုးသမီးဇာတ်လိုက်၏ အမျိုးသားဇာတ်လိုက်အတွက် တိုက်ခိုက်ခြင်း"ဟုချက်ချင်းဖြစ်လာခဲ့၏။
"ဝိဉာဉ်ကူးပြောင်းပြီးနောက် ကျွန်မနှင့်အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်အတွက် တိုက်ခိုက်ခြင်း"တွင် ကျိုးချောင်ချောင်၏ ခန္ဓာကိုယ်ကို လျှိုယွင်မှယူကာ အသွင်ဆောင်ခဲ့၏။
ကျိုးချောင်ချောင်၏ ခန္ဓာကိုယ်ကို ရရှိပြီးနောက်သူမ၏ မှတ်ဉာဏ်များကို မြန်မြန်ရခဲ့ပြီး အမျိုးသားဇာတ်လိုက်ယန်ယဲ့၏ အာရုံကိုဖမ်းစားနိုင်ခဲ့၏။ ယန်ယဲ့သည် ရှန်လင်ထုံအား ချစ်ကျွမ်းမ၀င်ခင် လျှိုယွင်သည် သူ့အားကြားဖြတ်ပိုင်ဆိုင်ခဲ့ပြီး သူသည် သူမ၏ယောက်ျားဖြစ်ခဲ့၏။
ထိုမှစ၍ သူမ၏ဘ၀သည် မြင့်မားလာခဲ့ပြီးချမ်းသာသော အမျိုးသမီးတစ်ယောက်ဘ၀နှင့် နေခဲ့သည်။ ကျိုးမိသားစုသည် ကျိုးချောင်ချောင်း၏ ဦးဆောင်မှုနောက်လိုက်ခဲ့ပြီး ဘ၀ကိုသက်တောင့်သက်သာဖြင့်နေခဲ့ရ၏။
ဘာကြောင့်လဲ!
ကျိုးချောင်ချောင် မယုံနိုင်ဖြစ်ခဲ့၏။
"ဘာလို့ငါရဲ့ခန္ဓာကိုယ်နဲ့တုန်းကကျ ငါ့ဘ၀ကို ဒီလိုမျိုးနေရတာလဲ။ တခြားတစ်ယောက်က ငါ့ရဲ့ခန္ဓာကိုယ်ကိုယူသုံးတဲ့အခါကျတော့မှ ဘာလို့သူတို့က ချမ်းသာပြီးတည်ငြိမ်သွားကြတာလဲ"
သူမသည်စိတ်ဆိုးပြီး သူမဘ၀က စာအုပ်နှင့်အံကိုက်ဖြစ်နေသည့် အချက်ကို လျစ်လျူရှုခဲ့သည်။သူမ၏ ခန္ဓာကိုယ်သည် စာအုပ်ထဲမှရက်စက်သောဘ၀နှင့် နေရန်အကြောင်းဖန်လာခဲ့ပြီဖြစ်၏။
ကျိုးချောင်ချောင်သည် ဤခန္ဓာကိုယ်ထဲတွင်သာ နေပြီးထွက်မသွားရန် ဆုံးဖြတ်ခဲ့လေ၏။
ဆေးရုံရှိဆရာ၀န်များသည် အီးစီဂျီစက်မှ ပထမဆုံးဆိုးရွားသော အချက်ပေးသံအား ကြားခဲ့ရ၏။ ထို့နောက်တွင် နှလုံးခုန်သံသည်။ "ဒုန်း...ဒုန်း...ဒုန်း...ဒုန်း..."နှင့် ပုံမှန်သို့ပြန်ရောက်ခဲ့လေ၏။
ဆရာ၀န်များသည် စိတ်လှုပ်ရှားခဲ့ပြီး အော်လိုက်၏။ "မြန်မြန်!..မြန်မြန်!..သူမအသက်ရှင်လာပြီ!..သူမအသက်ရှင်လာပြီ"
စကားဆုံးသည်နှင့် အီးစီဂျီစက်သည် "တီ....."ဟုအချက်ပေးသံထပ်မြည်ခဲ့၏။
ဆရာ၀န်များ တုန်လှုပ်သွားခဲ့ပြီး "ငါတို့အမှားတစ်ခုခုလုပ်ခဲ့ကြလို့လား.."လို့မေးကြ၏။
တစ်ဖန်အီးစီဂျီစက်မှ နှလုံးခုန်သံသည် "ဒုန်း...ဒုန်း...ဒုန်း...ဒုန်း..."နှင့် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။
"တီ...."
"ဒုန်း...ဒုန်း...ဒုန်း...ဒုန်း..."
အီးစီဂျီစက်သည် ဆရာ၀န်များအား မူးနောက်အောင်လုပ်ခဲ့၏။ "သူမ သေတာလား...မသေတာလား" ဟုအံ့ဩခဲ့ရ၏။
တကယ်တော့ ရယ်စရာကောင်းသော်လည်း လူတိုင်းက သူမကိုကယ်ရန် အကောင်းဆုံး ကြိုးစားခဲ့ကြ၏။နောက်ဆုံး တစ်နာရီလောက်အကြာတွင် သူတို့သည်အီးစီဂျီစက်နှင့် ရင်ဆိုင်အသက်လုပြီး ထူးဆန်းသောဝိဉာဉ်ရှိသည့် အမျိုးသမီးအား ကယ်နိုင်ခဲ့လေသည်။
ကျိုးချောင်ချောင်သည် ဆေးရုံ၏ အဖြူရောင်မျက်နှာကြက်အား ကြည့်လိုက်ပြီး ဂုဏ်ယူသော အပြုံးပြုံးရင်း"ဟဲဟဲ...ငါနိုင်ခဲ့ပြီ"ဟုတွေးနေသည်။
တစ်ချိန်တည်းမှာပဲ တစ်မြို့ထဲတွင်ရှိသော တခြားဆေးရုံတွင် ရှန့်ချီ၀မ်သည်လည်း နိုးလာခဲ့သည်။ပထမဆုံး သူမ၏လက်များကို ကြည့်လိုက်ပြီးနောက်သူမ၏ အသွင်အပြင်အားကြည့်ရန် မှန်တင်ခုံဆီသို့ သွားလေသည်။ ထို့နောက် "ငါ ဝိဉာဉ် ကူပြောင်းသွားခဲ့တာလား..."ဟုပြုံးရင်း ပြောနေခဲ့သည်။