အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့်
အစ်ကိုနှင့် လက်ထပ်ခြင်း
အပိုင်း ၂
လျှိုယွင်သည် သူမဘာသာ ပျော်ရွှင်စွာတွေးနေခဲ့၏။
"ငါဝိဉာဉ် ကူးပြောင်းလာတာလား...ငါတကယ်ပဲ ဝိဉာဉ်ကူးပြောင်းလာတာလား..."
သူမ မြန်မြန်သိလိုက်ရတာကတော့ သူမဝိဉာဉ် ကူးပြောင်းသွားသောစာအုပ်သည်
"သူဌေး၏ အစားထိုးမိန်းမ"ဟုခေါ်ပြီးစာအုပ်ထဲရှိ အမျိုးသားဇာတ်လိုက်ဖြစ်သူယန်ယဲ့သည်
ဖျော်ဖြေရေးကုမ္ပဏီတစ်ခု၏ ဥက္ကဌဖြစ်၏။ သူ၏ငယ်ချစ်ဖြစ်သူ ပိုင်ယွဲ့ကွမ်း မရှိတော့သောကြောင့်
အစားထိုးဖို့ တစ်ယောက်တွေ့ခဲ့ပြီးတဖြည်းဖြည်း အချစ်စစ်ကို တွေ့ခဲ့လေသည်။
အမျိုးသမီးဇာတ်လိုက် ရှန်လင်ထုံသည် လှည့်စားမှုများသော
ဖျော်ဖြေရေးလောကထဲတွင် တစ်ယောက်တည်းစွန့်စားပြီး အကြီးအကျယ် ဒုက္ခရောက်ခဲ့သော၊ သာမာန်မိသားစုတစ်ခုမှ
သာမန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။
နောက်ဆုံးတွင် သူမသည် ယန်ယဲ့၏ အစားထိုးချစ်သူဖြစ်ရန်
ရွေးချယ်ခဲ့ပြီး သူမ၏စိတ်ခံစားချက်များနှင့်ပတ်သက်၍လည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ရပြန်သည်။
နောင်တစ်ချိန်တွင် သူမသည် ယန်ယဲ့ကိုခွင့်လွှတ်ခဲ့သည်။
သို့သော် သူမထွက်သွားချိန်ကျမှ သူမသည် သူ့အတွက် ဘယ်လောက် အရေးပါသည်ဆိုသည်ကို ယန်ယဲ့သိခဲ့သည်။
ထို့ကြောင့် သူသည် သူမကိုဇွဲမလျှော့ဘဲလိုက်ခဲ့၏။ အချိန်ကြာကြာလိုက်ခဲ့ပြီး နောက်ဆုံးတွင်
သူတို့သည် အတူတကွ ပျော်ရွှင်စွာအဆုံးသတ်ခဲ့ကြလေသည်။
လျှိုယွင် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် ဤသို့သော
အစားထိုးအချစ်ဇာတ်လမ်းကို အမုန်းဆုံးဖြစ်သည်။ အစားထိုးခြင်းသည် အကယ်၍ အောင်မြင်သွားခဲ့လျှင်
အလွန်ကြေကွဲ၀မ်းနည်းစရာကောင်းသောပုံပြင်များသည် ဘယ်ကနေဖြစ်လာခဲ့တာလဲ။ ယောက်ျားတစ်ယောက်သည်
ချစ်ခြင်းမေတ္တာတစ်ခုတွင် အစားထိုးနိုင်ခဲ့သော အကြောင်းမှာ သူသည်သူမကိုအပြည့်အ၀ မချစ်နိုင်ခဲ့၍သာ
ဖြစ်သည်။
လျှိုယွင်သည် သူမ၏ဝေဖန်မှုကို အဆုံးသတ်ပြီးနောက်ရှန့်ချီ၀မ်
ပိုင်ဆိုင်သော ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များကိုခံစားသိခဲ့ရ၏။ သူမနှင့် ယွီယောင် ဖျော်ဖြေရေးအဖွဲ့၏
ဒုတိယမြောက်သား ယန်ယဲ့သည် ကလေးဘ၀ကတည်းက အတူတူကြီးပြင်းခဲ့ကြသည်။
ယန်ယဲ့၏ ငယ်သူငယ်ချင်း ရှန့်ချီ၀မ်သည် ချမ်းသာသောမိသားစုမှ
ဆင်းသက်လာသူဖြစ်၏။ချမ်းသာသော မိန်းကလေးတစ်ယောက်အနေနှင့်သူမ၏ စံနှုန်းသည် အလိုအလျောက်မြင့်မား၏။
ယွီယောင်ဖျော်ဖြေရေးသည် နိုင်ငံရှိထိပ်တန်းမီဒီယာကုမ္ပဏီများထဲမှတစ်ခုဖြစ်သော်လည်း
ထိုအချိန်တွင် ယန်ယဲ့မှာစစ်မှန်သောအာဏာမရှိပါ။
ယွီယောင် ဖျော်ဖြေရေးသည် မူလက ယန်ယဲ့၏ အစ်ကိုယန်ဝေ့လက်အောက်တွင်ရှိခဲ့၏။
၎င်းသည်ယန်ဝေ့၏ ဦးဆောင်မှုအောက်တွင် လျင်မြန်စွာတိုးတက်ခဲ့သော်လည်း ယန်ယဲ့မှာ ယန်ဝေ့၏
ဩဇာအာဏာအောက်မှ ခွေးတစ်ကောင်သာသာ သာဖြစ်ခဲ့သည်။ "ရည်မှန်းချက်ကြီးတဲ့ ရှန့်ချီ၀မ်က
သူ့ကိုဘယ်လိုလုပ်မော်ကြည့်နိုင်မှာလဲ"
"သူမက ယန်ဝေ့ရဲ့လက်အောက်မှာ အလုပ်လုပ်တဲ့
ယန်ယဲ့ကို ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ"
ထို့ကြောင့် ရှန့်ချီ၀မ်သည် လိန်မင် အင်ဂျင်နီယာကုမ္ပဏီဥက္ကဌဖြစ်သူ
ရှန့်လီကို မြန်မြန် လက်ထပ်ရန်ဆုံးဖြတ်ခဲ့သည်။ သူမသည် လိန်မင် အင်ဂျင်နီယာကုမ္ပဏီဥက္ကဌ၏
ဇနီးဖြစ်ခဲ့ပြီး သူမတွင်ပိုက်ဆံနှင့်ရုပ်ရည်ရူပကာပါရှိခဲ့၏။ သူမသည် ဘ၀ကိုသက်တောင့်သက်သာဖြင့်
ပျော်ရွှင်စွာနေခဲ့သည်။
ရှန့်ချီ၀မ်သည် ရှန့်လီကို လက်ထပ်ပြီးနှစ်လအကြာတွင်ယွီယောင်ဖျော်ဖြေရေးဥက္ကဌသည်
နေ့ချင်းညချင်းပြောင်းသွားလေ၏။ သူမအထင်သေးခဲ့သော ယန်ယဲ့သည် အမြင့်သို့တက်လှမ်းသွားပြီး
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူမသည်သေမတတ် အရမ်းပင်ဒေါသထွက်ခဲ့၏။
သို့သော် သူမသည်ရှန့်လီနှင့် လက်ထပ်ပြီးသွားလေပြီ။ ထို့ကြောင့်တစ်ဖက်တွင် သူမသည် ရှန့်၏ဇနီးအဖြစ်
သူမဘ၀ကိုနေထိုင်ခဲ့ပြီး တခြားတစ်ဖက်တွင် ယန်ယဲ့၏ နှလုံးသားကိုဖမ်းစားခဲ့လေသည်။
ရှန့်ချီ၀မ်သည် ယန်ယဲ့ကို သူမကိုယ်တိုင် လက်မထပ်ခဲ့ရသော်လည်း
ယန်ယဲ့ အစားထိုးဖို့တစ်ယောက်ရှာချိန်တွင်သူမ၏ စိုးရိမ်ပူပန်မှုကို မရပ်တန့်နိုင်ခဲ့ချေ။
ဤအချိန်တွင် ရှန့်ချီသည် လိန်မင် အင်ဂျင်နီယာကုမ္ပဏီဟာရန်ပုံငွေများ
ကုန်သွားပြီး အကြွေးသောင်းနှင့်ချီတင်နေသော ကာလတစ်ခုသို့ ရောက်လာခဲ့သည်ကို မသိခဲ့ပေ။
သို့သော်လျှိုယွင်သည် ထိုအကြောင်းကိုသိခဲ့သည်။
ရှန့်ချီ၀မ်၏ မှတ်ဉာဏ်များနှင့် စာအုပ်ထဲမှဇာတ်လမ်းအပေါ်အခြေခံပြီး
လျှိုယွင်သည် ရှန့်လီကိုပစ်သွားပြီးတခြားပါတနာရှာရန် မြန်မြန်ဆုံးဖြတ်ခဲ့သည်။
တကယ်ဝောာ့ ရှန့်လီတွင် အပြင်၌မိန်းမအများကြီးရှိနေခဲ့ပြီး
လျှိုယွင်သည် ထိုသို့သောယောက်ျားကိုရွံရှာစက်ဆုပ်ခဲ့၏။ ထို့ကြောင့် သူမသည် ဖုန်းကိုထုတ်လိုက်ပြီး
ရှန့်လီဆီသို့ မက်ဆေ့ခ်ျတစ်စောင်ပို့ခဲ့သည်။
......
ကျိုးချောင်ချောင် နိုးလာခဲ့ချိန်တွင် သူမ၏ လုပ်ဖော်ကိုင်ဖက်၊
နေကာမျက်မှန်နှင့် အစ်ကိုသည် အလွန်ငိုကြွေးခဲ့သည်။ သူသည် ကျိုးချောင်ချောင်အားကြည့်လိုက်ပြီး"မစ်စ်..မင်းအဆင်ပြေရဲ့လား"ဟုမေးခဲ့သည်။
သူမသည် ကျေနပ်အားရသောအပြုံးဖြင့် ပြုံးလိုက်ပြီးပြောလိုက်၏။
"ငါအဆင်ပြေတယ်...ငါ့ရဲ့ခန္ဓာကိုယ်ကိုလိုချင်တဲ့ဝိဉာဉ်ကို နှင်ထုတ်လိုက်ပြီ။ ဒါက
ငါ့ရဲ့ခန္ဓာကိုယ်ဖြစ်နေတုန်းပဲ..."ဟုပြောလိုက်သည်။ ဤသို့တွေးနေရင်း ကျိုးချောင်ချောင်သည်
ထပ်ပြီးဂုဏ်ယူစွာပြုံးလိုက်ပြီး ပြောလိုက်၏။ "ဟွန့်..."
နေကာမျက်မှန်နှင့်အစ်ကိုသည် သူမဘာကြောင့်ရယ်နေသည်ဆိုသည်ကို
စဉ်းစားမရဘဲ နားမလည်နိုင်ဖြစ်ခဲ့၏။ "???" သူမ ဘာလို့ ပျော်နေတဲ့ပုံပေါက်နေတာလဲ?
ကျိုးချောင်ချောင်၏ ဂုဏ်ယူစရာ အခိုက်အတန့်ပြီးသွားပြီးနောက်
သူမသည် နေကာမျက်မှန်နှင့်အစ်ကိုဘက်သို့လှည့်လိုက်ပြီး" ရှင်က ဘယ်သူလဲ "ဟုမေးလိုက်သည်။
နေကာမျက်မှန်နှင့် အစ်ကိုသည် ထပ်ပြီးအံ့အားသင့်ခဲ့ရပြီးအလန့်တကြား
အော်ပြောလိုက်၏။ "ဒေါက်တာ၊မြန်မြန်လာပါဦး...။ဒီလူနာ အတိတ်မေ့သွားပြီ!!!"
မကြာမီအပြင်ဘက်မှ ဆရာ၀န်၏ အသံကိုကြားခဲ့ရ၏။
"ဘာဖြစ်လို့လဲ...ဘာဖြစ်လို့လဲ...ဆေးရုံထဲမှာတိတ်တိတ်နေပါ။ မင်းမှာပြဿနာတစ်ခုခုရှိရင်မင်းခုတင်ခေါင်းရင်းမှာ
ခေါ်ဖို့ခလုတ်မရှိဘူးလား..."
ကျိုးချောင်ချောင်သည် မျက်တောင်ခတ်လိုက်ပြီးသူမ၏
ကုတင်ခေါင်းရင်းဘက်ရှိ ဝိုင်ယာကြိုးတစ်ခုနှင့်ဆက်သွယ်ထားသော အနီရောင်ခလုတ်အဝိုင်းလေးအားမော့ကြည့်လိုက်သည်။
သူမကောင်းနေတာတောင်မှ ဘာလို့ခလုတ်ကိုနှိပ်သင့်တာလဲဟု အံ့ဩရင်းမျက်လုံးလှန်ကြည့်လိုက်၏။
သူမခေါင်းကိုလှည့်ကြည့်လိုက်တော့ သူမ၏ ကုတင်ဘေးမှ
သူမကိုပြုံးပြနေသော ခြေထောက်တွင်ပတ်တီးနှင့်လူကြီးတစ်ယောက်ကို တွေ့ခဲ့သည်။"ဟေး...နေကောင်းရဲ့လား"
ထိုလူသည် ကျိုးချောင်ချောင်ကိုနှုတ်ဆက်လိုက်သည်။ သူသည် ဆေးရုံ၀တ်စုံကို၀တ်ဆင်ထားပြီး
သူ့ကုတင်ဘေးရှိ စားပွဲတွင်ပစ္စည်းများနှင့်ပြည့်နေ၏။ သူသည် ကျိုးချောင်ချောင်နိုးလာသောကြောင့်ပျော်နေခဲ့ပြီး"နင်တစ်ညလုံး
အိပ်နေခဲ့တာ.."ဟုပြောလိုက်၏။
ထိုလူကြီး၏ စကားဆုံးပြီးနောက်နားကြပ်နှင့် ဆရာ၀န်သည်၀င်လာခဲ့လေသည်။
ကျိုးချောင်ချောင်သည်လူကြီးအား စကားပြန်ပြောရန် အချိန်မရခဲ့ပေ။ သူမသည် မျက်မှန်တပ်ထားသော
အသက်လေးဆယ်ကျော် သက်လတ်ပိုင်း ဆရာ၀န်တစ်ယောက်အား လှည့်ကြည့်လိုက်၏။ သူသည်အခန်းထဲမှ
လူများကိုမေးလိုက်သည်။ "ဘယ်သူခေါ်တာလဲ..."
နေကာမျက်မှန်နှင့်အစ်ကိုသည် မြန်မြန်လက်ထောင်လိုက်ပြီး"ဒီမှာပါဆရာ
သူမမှတ်ဉာဏ်တွေ ပျောက်သွားတယ်..."
ဆရာ၀န်သည် အထင်သေးသောအကြည့်ဖြင့် သူ့အားကြည့်လိုက်ပြီး
ပြောလိုက်၏။"မင်း တီဗီဒရာမာ အတော်များများ ကြည့်ဖူးလား"
သူသည် ကျိုးချောင်ချောင်ဆီသို့လျှောက်လာပြီး အိတ်ကပ်ထဲမှ
ဓါတ်မီးအသေးလေးအား ထုတ်လိုက်သည်။ သူသည် သူမ၏မျက်လုံးကို ၎င်းဖြင့်ထိုးကြည့်ပြီးပြောလိုက်သည်။"ဒါက
နည်းနည်းတော့ နေရခက်နိုင်တယ်...ဒါပေမယ့် သည်းခံလိုက်ပါ"
သူမ၏ မျက်လုံးကို စစ်ဆေးကြည့်ပြီးနောက် ဆရာ၀န်သည်
ကျိုးချောင်ချောင်ကို မေးလိုက်သည်။"ဒီဆေးရုံကိုဘယ်လိုရောက်လာတာလဲဆိုတာ သတိရသေးရဲ့လား..."
ကျိုးချောင်ချောင်သည် ခေါင်းညိမ့်ပြီးပြောလိုက်၏။
"ဟုတ်ကဲ့.."
ဆရာ၀န်သည် နေကာမျက်မှန်နှင့်အစ်ကိုအား အသက်မပါသောမျက်လုံးဖြင့်
ချက်ချင်းကြည့်လိုက်လေသည်။နေကာမျက်မှန်နှင့် အစ်ကိုသည် အိန္ဒြေမဲ့စွာရယ်လိုက်ပြီးပြောလိုက်၏။
"နားလည်မှုလွဲသွားတာ!...နားလည်မှုလွဲသွားတာ!..."
ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်အပြင်မှလမ်းလျှောက်ပြီး၀င်လာချိန်တွင်
ဆရာ၀န်သည်နေကာမျက်မှန်နှင့်အစ်ကိုအား ပညာပေးရန် အကြောင်းပေါ်ခဲ့သည်။
ယောက်ျားဖြစ်သူတွင် ဖွာကြမ်းနေသောဆံပင်အညိုရောင်ရှိသည်။
သူသည်ကော်လံနှင့် အနားတွင်အနီရောင်နှင့်အနက်ရောင်အစင်းရှိသော မီးခိုးရောင်တီရှပ်ကို၀တ်ဆင်ထား၏။
သူသည်အနက်ရောင်ဒိုင်ခွက်ပါသည့်အနက်ရောင် သားရေနာရီကို ဘယ်ဘက်လက်ကောက်၀တ်တွင် ပတ်ထား၏။
အနက်ရောင်သေးသွယ်သော ဘောင်းဘီ၊တီရှပ်တို့နှင့်သူသည်အတော်ပင်ကြည့်ကောင်း၏။
သူ၏မျက်လုံးကျဉ်းကျဉ်းလေးနှင့် နှာတံဖြောင့်စင်းနေမှုသည်
သူ၏အသွင်အပြင်ကို အများကြီးပေါ်လွင်စေသည်ကို မဖော်ပြလိုဝောာ့ပါ။ သူ့နောက်ရှိ မိန်းမသည်အရောင်ဖျော့သော
ဂျင်းအင်္ကျီလက်တိုကို ၀တ်ထားပြီးအောက်ခံနို့ရောင်နှင့် အနက်ရောင်အစက်အပြောက်သေးသေးလေးများရှိသည့်
စကတ်ကိုတွဲဖက်ထားသည်။
သူမ၏ ညှပ်ရိုးထိ ရှည်သောဆံပင်သည် သူမကိုအတော်ပင်
ချစ်စရာကောင်းစေသည်။ ဤအချိန်တွင်သူမ၏ မျက်၀န်းတွင် ခံစားချက်များနှင့်ပြည့်နေသည်။ သူမနှုတ်ခမ်းလေးများမှာ
အနည်းငယ်စူနေကာ ကျိုးချောင်ချောင်ကို တောင်းတောင်းပန်ပန်နှင့် ကြည့်နေလေသည်။
ယောက်ျားဖြစ်သူသည် သူ့နောက်မှ မိန်းမကို ဆွဲထုတ်လိုက်ပြီး
ကျိုးချောင်ချောင်ကို သရော်သလိုလို ကြည့်ပြီး မေးလိုက်သည်။"မင်းက ကျိုးချောင်ချောင်လား..."
ကျိုးချောင်ချောင် ခေါင်းညိမ့်လိုက်၏။
ထိုလူသည်လှောင်ပြီး ပြောလိုက်သည်။"ဟင်း...ငါ့ပန်းအိုးနဲ့
မင်းကိုရိုက်မိတာလို့ ငါကြားခဲ့တယ် ..ဟုတ်လား"
ကျိုးချောင်ချောင်သည် သူ သူမကို စိန်ခေါ်နေတာလားဟုတွေးရင်း
ထိုယောက်ျားကို ကြောင်ပြီးငေးနေမိသည်။
ယောက်ျားသည် ကျိုးချောင်ချောင် တွန့်ဆုတ်နေသည်ဟုတွေးခဲ့ပြီး
မေးလိုက်၏။"ဒါကို မင်း ဘယ်လောက်နဲ့ ကျေအေးလိုက်ချင်လဲ..."
သူတို့ဘေးရှိ ဆရာ၀န်သည် ထိုအရာကိုကြားပြီးမျက်မှောင်ကြုတ်နေသည်။
သို့သော်လည်းအိပ်ရာထဲတွင် လှဲနေရင်း ကျိုးချောင်ချောင်သည်
သူမ၏စိတ်ထဲတွင် အချက်ပေးသံတစ်ခုလိုခံစားလိုက်သည်။
သူက ပိုက်ဆံကိုပြောတာလား...
ပိုက်ဆံက
အရာရာကို ဖြေရှင်းနိုင်တာလား...
ကျိုးချောင်ချောင်သည် ထိုအရာကို သူမကိုယ်သူမမေးနေခဲ့ပြီး
သေချာသော အဖြေတစ်ခုရခဲ့လေသည်။
ဟုတ်သည်။ ပိုက်ဆံနဲ့ပဲ ဒါကိုဖြေရှင်းနိုင်သည်။
သူမ၏ ခေါင်းကိုရိုက်ခဲ့သည်။ သူမ ဆေးရုံတက်ခဲ့ရ၏။ သူမ နစ်နာကြေးရမည် မဟုတ်လား။ မေးစရာရှိတာကနစ်နာကြေးအတွက်ရော
တရားမစွဲဘူးလား။
ထို့ကြောင့် ကျိုးချောင်ချောင်သည် ပျော်ရွှင်စွာမေးလိုက်၏။
" စကားမစပ်..ရှင်က ဘာလို့နိုက်ကလပ်ကို ပန်းအိုးတစ်လုံးယူလာခဲ့တာလဲ..."
ယန်ယဲ့က ပြန်ပြောလိုက်သည်။" မင်း ကိစ္စမဟုတ်ဘူး၊
ငမိုက်မလေး..."
နေကာမျက်မှန်နှင့်အစ်ကို - "သေစမ်း..မင်း
ငါ့ကို သေလောက်အောင်ကြောက်စေတာပဲ..ပိုက်ဆံ ဘယ်လောက်လဲလို့ မေးမယ်လို့ ငါထင်ခဲ့တာ..."