အပိုင်း ၃
Viewers 2k

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း

 

အပိုင်း ၃

 

 

 

အစတွင်ယန်ယဲ့၏ နောက်တွင်ရှိသော ရှန်လင်ထုံသည်မေးခွန်းကြောင့် အံ့အားသင့်ရ၏။ ထို့နောက် သူမသည်တောင်းပန်သောလေသံဖြင့် ပြောလိုက်သည်။" ဒါတွေအားလုံး ငါ့အပြစ်တွေပါ ငါခေါင်းမာပြီး နိုက်ကလပ်ကိုပန်းအိုးယူလာခဲ့မိဝာာ အင်း...နင်အဆင်ပြေရဲ့လား"

 

 

ကျိုးချောင်ချောင်သည် ဒေါသတကြီးထထိုင်လိုက်ပြီးပြောလိုက်လေသည်။"ငါဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ ငါ့မှာဒဏ်ရာရခဲ့တာ သေလုနီးပါးပဲ!"

 

 

ရှန်လင်ထုံသည် တောင်းပန်ရုံမျှသာ တတ်နိုင်ပြီးပြောလိုက်၏။ "ငါတောင်းပန်ပါတယ် ငါတောင်းပန်ပါတယ် ဒါတွေအားလုံး ငါ့အပြစ်တွေပါ နင်သိပါတယ် ငါနင့်ကိုပိုက်ဆံနဲ့လျော်ကြေးပေးလို့ ရနိုင်မလား"

 

 

နေကာမျက်မှန်နှင့် အစ်ကိုသည် မနေ့ကမှ အသက်ကယ်ထားရုံရှိသေးသော ကျိုးချောင်ချောင်ဟာ ဒီနေ့တော့ဒေါသတကြီးနှင့် ထထိုင်နေသည်ကို ကြည့်လိုက်မိ၏။သူ၏နှလုံးသားထဲတွင် အေးကနဲဖြစ်သွားသည်။ ဒီမိန်းမရူးများနေသလား။ သူမ ဘယ်လိုလုပ်ပြီး အရမ်းတက်ကြွနေနိုင်တာလဲ။

 

 

ကျိုးချောင်ချောင်သည် တစ်ဖန်အိပ်ရာပေါ်ဖြည်းဖြည်းချင်းလှဲအိပ်ပြီး မေးလိုက်၏။"လျော်ကြေးလား ငါအဲ့ဒါလည်းမလိုချင်ဘူး ငါ့ခေါင်းထိခိုက်ခဲ့ရတဲ့အဖြစ်ကိုပိုက်ဆံနဲ့ ဖြေရှင်းနိုင်လို့လား"

 

 

ယန်ယဲ့သည် အေးတိအေးစက်နှင့် ရယ်လိုက်ပြီးပြောလိုက်၏။ "ဟုတ်တာပေါ့ မင်းခေါင်းကို ဘယ်လောက်ရိတ်ထားလဲဆိုတာ စဉ်းစားလိုက်ရင် ပိုက်ဆံ‌နည်းနည်းလောက်တော့တန်တာပေါ့"

 

 

ကျိုးချောင်ချောင်သည် မျက်တောင်ခတ်ပြီး ပြောလိုက်သည်။"ငါ့ခေါင်းရိတ်တာလား"သူမသည်ကြိုးစားပြီးတော့သူမ၏ ခေါင်းကိုကိုင်လိုက်ပြီး အလန့်တကြားထထိုင်လိုက်၏။"ငါ့ဆံပင်တွေ ဘယ်ရောက်ကုန်တာလဲ ဒေါက်တာ!"

 

 

အမျိုးသားဆရာ၀န်သည် ကျိုးချောင်ချောင်၏ သောကရောက်နေသော အပြုအမူကြောင့် ပြုံးရယ်ပြီးပြောလိုက်၏။ "မိန်းကလေး ငါမင်းခေါင်းကို မရိတ်ဘဲနဲ့ မင်းဒဏ်ရာကို ဘယ်လိုလုပ်ချုပ်ပြီး ကုပေးရမှာလဲ"

 

 

ကျိုးချောင်ချောင်သည် မျက်ရည်ကျလျက်အမျိုးသားဆရာ၀န်ကိုကြည့်ပြီး မေးလိုက်၏။ "ဒီလိုမျိုးရိတ်လိုက်တာပဲလား"

 

 

အမျိုးသားဆရာ၀န်သည် ရယ်မောပြီး သူမကိုစနောက်လိုက်သည်။ "မင်းက ငါ့ကိုဘာလုပ်စေချင်လို့လဲ ငါမင်းမိသားစုဆီက ခွင့်ပြုချက်ယူဖို့ လိုသေးလို့လား"

 

 

ကျိုးချောင်ချောင်သည် နှာခေါင်းရှုံ့ရုံသာ တတ်နိုင်ပြီးပြောလိုက်၏။ "ဆံပင်နည်းနည်းလေးတောင် ရှင်မထားခဲ့နိုင်ဘူးလား"

 

 

တစ်ဖက်တွင်ယန်ယဲ့သည် နှုတ်ခမ်းတွန့်လိုက်ပြီး မပြောချင်ပြောချင်နှင့် ပြောလိုက်သည်။"သူတို့ မင်းအနားတစ်ဝိုက်မှာ ဆံပင်တွေမထားခဲ့ဘူးလား"

 

 

နေကာမျက်မှန်နှင့်အစ်ကိုသည် ကျယ်လောင်စွာရယ်လိုက်ပြီး ကျိုးချောင်ချောင်ကို လက်ညှိုးထိုးရင်းပြောလိုက်သည်။ "ဟားဟားဟား....မင်းလည်းအရိတ်ခံရပြီးပြီ ခုမင်းပုံစံက ဟဲထုန်နဲ့တူနေတယ်"

 

 

ကျိုးချောင်ချောင်သည်လည်း နှုတ်ခမ်းတွန့်လိုက်ကာနေကာမျက်မှန်နှင့် အစ်ကိုကိုကြည့်ပြီးပြောလိုက်၏။ "ရှင် ဘာလို့ရယ်နေတာလဲ ရှင် ကျွန်မကို လိုက်ဖမ်းခဲ့လို့ထိခိုက်မှုဖြစ်ခဲ့တာ မဟုတ်ဘူးလား"

 

 

ထို့ကြောင့်ဆရာ၀န်သည် နေကာမျက်မှန်နှင့် အစ်ကိုကိုထပ်ပြီး တည်ငြိမ်စွာ ကြည့်လိုက်သည်။ နေကာမျက်မှန်နှင့်အစ်ကိုသည် လက်ကိုလျင်မြန်စွာ ဝှေ့ယမ်းပြီးပြောလိုက်သည်။"ငါမင်းနောက်ကို လိုက်ခဲ့တယ်ဆိုတာ မင်းဘာကိုဆိုလိုတာလဲ မင်းပိုက်ဆံကြွေးပေးစရာရှိတာကိုပြေးဖို့ကြိုးစားတယ်။ အဲ့ဒါကြောင့် ငါမင်းကိုလိုက်ဖမ်းခဲ့တာ "

 

 

ဆရာ၀န်၏ အသက်မဲ့နေသော မျက်လုံးက ကျိုးချောင်ချောင်ဆီသို့ ထပ်ရောက်သွားပြန်သည်။ ကျိုးချောင်ချောင်သည် သူမခေါင်းပေါ်ရှိ ပတ်တီးကို ကိုင်ကြည့်ပြီးငိုသံပါဖြင့်ပြောလိုက်၏။" ကျွန်မ ရှင့်ကို ဘာပိုက်ဆံပေးဖို့ရှိလို့လဲ ပိုက်ဆံပေးဖို့ရှိတဲ့လူက ကျိုးရှုံ့ရှုံ့လေ ပြီးတော့ကျွန်မနာမည်က ကျိုးချောင်ချောင် ရှင့်ကိုကျွန်မရဲ့အိုင်ဒီကဒ်ပြဖို့လိုသေးလား "

 

 

ကျိုးချောင်ချောင်သည် လှည့်ပတ်ကြည့်ပြီးသူမ၏ ပိုက်ဆံအိတ်လေးကို ရှာလိုက်သည်။ စိတ်လှုပ်ရှားစရာဇာတ်လမ်းကို နားထောင်ပြီး နောက်ဆုံး၌ ဆရာ၀န်သည်သူမကို ကိုင်ထားရင်းထပြောလိုက်၏။"မစ်စ် မင်းခေါင်းမှာချုပ်ရိုးရာတွေ ဝောာ်တော်များတယ် မလှုပ်ရှားနဲ့ဦး "

 

 

ရုတ်တရက် ကျိုးချောင်ချောင်သည် ရယ်မောပြီးပြောလိုက်သည်။ "ကျွန်မအဆင်ပြေပါတယ် ချုပ်ရိုးနည်းနည်းလောက်ထပ်ပြီးတောင် ရနိုင်သေးတယ် ဘာပဲဖြစ်ဖြစ် သူတို့က ငွေပေးမှာပဲလေ "

 

 

ဆရာ၀န်က ပြန်ပြောလိုက်သည်။"မဟုတ်သေးဘူးလေ သူတို့ငွေပေးရင်တောင်မှ ချုပ်ရိုးတွေပဲရမှာက မင်းပဲဖြစ်မှာ "

 

 

ကျိုးချောင်ချောင်က သက်ပြင်းချပြီးပြောလိုက်သည်။"ချုပ်ရိုးနည်းနည်းလောက်ကို ဘာကြောက်စရာရှိလို့လဲ အခုခေတ်မှာ ပိုက်ဆံအကြောင်းပြောတဲ့လူတွေကိုပဲ ကျွန်မကြောက်တာ ပိုက်ဆံနဲ့ လုံခြုံမှုကိုသာပြောနေတာ  ကျွန်မကို လိုက်ဖမ်းပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတဲ့နောက်မှာ ရှင် ကျွန်မဆီက ပိုက်ဆံလိုချင်တုန်းပဲလား "

 

 

နေကာမျက်မှန်နှင့်အစ်ကိုသည် သူ၏သူဌေးဆီမှညွှန်ကြားချက်များကို စောစောရလိုက်ပြီး မြန်မြန်ပြန်ပြောလိုက်သည်။"ငါတို့ဘယ်လိုလုပ်ရဲမှာလဲ မင်းကတံခါးမှာ သတ်သေဖို့ ကြိုးစားခဲ့တာလေ ငါတို့သူဌေးမှာအဲ့ဒါကိုတောင်းဖို့ သတ္တိရှိခဲ့ရင်တောင်မှငါတို့မလုပ်ရဲဘူး ကြည့်ပါလား ငါ့ရဲ့တခြားအစ်ကိုတွေကလည်း မင်းမောင်ကို အဲ့ဒါတောင်းနေမှာပဲ တကယ်လို့မင်းမှာပိုက်ဆံနည်းနည်းရှိရင် မင်းမောင်အစား မင်းပေးလို့ရတာပဲလေ "

 

 

နေကာမျက်မှန်နှင့် အစ်ကိုသည် ကျိုးချောင်ချောင်သိသာစေသောနည်းဖြင့်ယန်ယဲ့ကိုမျက်လုံးမှိတ်ပြလိုက်သည်။"မြန်မြန် ကြည့်လိုက် အဲ့ဒိလူမှာပိုက်ဆံတွေရှိတယ်! သူ့ကိုတောင်းလိုက်!"

 

 

ကျိုးချောင်ချောင်ဟာ လှောင်ပြီးပြောလိုက်၏။"ငါ့မောင်ရဲ့အကြွေးကို ဆပ်ပေးရအောင် ငါက ရူးနေတာပဲဖြစ်ရမယ် သူပိုက်ဆံချေးချိန်တုန်းက ငါ့ကိုသူ့အစ်မအဖြစ် အသိအမှတ်ပြုတာတောင် မဟုတ်ဘူး ပြီးတော့

နိုက်ကလပ်သွားဖို့ ငါ့ကို လိမ်ခေါ်လိုက်သေးတယ်"

 

 

ကျိုးချောင်ချောင်သည် ငြီးတွားလိုက်ပြီးအတော်မကျေနပ်ခဲ့ပေ။ နေကာမျက်မှန်နှင့်အစ်ကိုသည် ကျိုးချောင်ချောင်ထံမှ ပိုက်ဆံရရန် မျှော်လင့်ချက်မရှိတော့ဘူးဟုသိလိုက်၏။

 

 

နေကာမျက်မှန်နှင့်အစ်ကိုသည် ချက်ချင်းစိတ်ဆိုးလာသည်။ ကျိုးချောင်ချောင်သည် ယန်ယဲ့ကိုလှည့်ကြည့်ပြီးပြောလိုက်သည်။"ရှင် ကျွန်မကို လျော်ကြေးပေးဖို့ဒီမှာရှိနေတာလား "

 

 

အတော်ကြာကြာ မသိကျိုးကျွန်ပြုပြီးနောက် နောက်ဆုံးတွင် ကျိုးချောင်ချောင်သည် ယန်ယဲ့ကိုသတိထားမိလိုက်လေသည်။ သူသည်အနည်းငယ်ဂုဏ်ယူမိသလိုမျိုးခံစားရ၏။

 

 

ယန်ယဲ့က ပြန်ပြောလိုက်သည်။"...ဟုတ်တယ်" သူသည်သူ၏မာနကြောင့် စက်ဆုပ်ရွံရှာသလိုမျိုး မြန်မြန်ခံစားမိလေသည်။

 

 

ကျိူးချောင်ချောင်သည် သူမ၏ခေါင်းတွင်ရှိသောပတ်တီးကို သူ့အားပြရန် ခေါင်းကိုစောင်းပြီး ပြောလိုက်သည်။"ရှင် ကျွန်မကို လျော်ကြေးဘယ်လောက်ပေးသင့်တယ်လို့ရှင်ထင်လဲ"

 

 

ယန်ယဲ့သည် နှုတ်ခမ်းမဲ့ပြပြီး သူမခေါင်းပေါ်မှ ပတ်တီးကိုကြည့်လိုက်သည်။ "မင်းဘယ်လောက် လိုချင်လဲ"

 

 

ကျိုးချောင်ချောင်သည် အံ့အားသင့်သွားပြီး အရူးတစ်ယောက်လိုဖြစ်နေသော သူ့ကိုကြည့်လိုက်သည်။ သူမသည်သတိထားပြီး မေးလိုက်သည်။"ငါဘယ်လောက်လိုချင်လို့ရလဲ"

 

 

ယန်ယဲ့သည် ဤအမိုက်မကို ခံပြောရန်စိတ်မပါခဲ့ဘဲခေါင်းညိမ့်လိုက်သည်။ ကျိုးချောင်ချောင်သည်တုန်ယင်ပြီး သူမ၏ လက်ဖဝါးကိုဆန့်ထုတ်ပြီးနောက်ယန်ယဲ့ကို သေချာကြည့်လိုက်၏။ သူစိတ်မပါပုံပေါက်‌လျှင် သူမသည် သူမ၏လက်ချောင်းလေးများကိုပြန်ရုတ်သိမ်းရမည်ဖြစ်သည်။

 

 

ယန်ယဲ့သည် သူမ၏ လက်ဖဝါးလေးကိုဖျက်ကနဲ့ကြည့်ပြီးပြောလိုက်သည်။"ယွမ်ငါးသိန်း မင်းဘဏ်အကောင့်နံပါတ်ကဘာလဲ"

 

 

ကျိုးချောင်ချောင်သည် သူ့ကိုအံ့အားသင့်ရင်းစိုက်ကြည့်နေသည်။ ယန်ယဲ့က သူမ မကျေနပ်လောက်ဘူးထင်ပြီးပြောလိုက်၏။

 

 

"မင်းက ငါးမီလီယမ် မလိုချင်ပါဘူး ဟုတ်တယ်မလား မင်းက ငါ့ကိုဉာဏ်နည်းတယ်လို့ ထင်နေတာလား မင်းမှာမလုပ်နိုင်တာမရှိဘူး မင်းလိုအပ်နေတဲ့အရာတွေက ဆေးဖိုး၊အစားအသောက် ကုန်ကျစရိတ်၊အသွားအပြန်စရိတ်၊အလုပ်မရှိတာရယ်၊ သူနာပြုစရိတ်တွေအတွက်လျော်ကြေးပဲလေ"

 

 

ထိုခဏတွင် ကျိုးချောင်ချောင်၏ ခေါင်းသည်ရုတ်တရက် ဉာဏ်ကောင်းလာပြီး ပြောလိုက်သည်။ "အစ်ကို၊ ရှင်ကျွန်မခေါင်းကို ပန်းအိုးနဲ့ရိုက်ခဲ့တာလေ ဘယ်လိုလုပ်တူနိုင်မှာလဲ"

 

 

ယန်ယဲ့သည် မကျေနပ်သော အသံပြုခဲ့လေသည်။သူ၏လက်ထောက်ရှန်လင်ထုံသည် သူ့ကိုဆွဲထားပြီး သူသည်နောက်ဆုံးတွင် ပြောလိုက်သေး၏။

 

 

"ငါနားလည်ပြီ ငါ မင်းကို ယွမ်ငါးသိန်းလျော်ကြေးပေးမယ် ယွီယောင်ကုမ္ပဏီရဲ့ဘဏ္ဍာရေးဌာနမှာဘယ်လိုကုန်ကျစရိတ်မျိုးမဆို မင်းလျော်ကြေးတောင်းနိုင်တယ် ပြီးတော့ မင်းကိုယွမ်ငါးသိန်းပေးဖို့ အဲ့ဒိမှာ မင်းအကောင့်နံပါတ်ချန်ထားခဲ့"

 

 

စကားပြောပြီးနောက် စိတ်မရှည်စွာဖြင့် သူသည် ရှန်လင်ထုံနှင့် ထွက်သွားရန်ကြိုးစားခဲ့သည်။ ကျိုးချောင်ချောင်က အော်ပြောလိုက်၏။ "နေဦး ရှင့်ဖုန်းနံပါတ်ချန်မထားခဲ့ဘူးလား ရှင်ဘာပြောခဲ့လဲဆိုတာ သူတို့မမှတ်မိရင်ဘယ်လိုလုပ်မလဲ ကျွန်မ ရှင့်ကို ဘယ်မှာရှာရမလဲ"

 

 

"ကျစ်! အတော်များလွန်းတဲ့တောင်းဆိုမှုတွေ "

ယန်ယဲ့သည် ရွှေရောင်တံဆိပ်တုံးထုထားသော အ‌နက်ရောင်စီးပွားရေးကဒ်ကို သူ၏၀တ်စုံအိတ်မှ ထုတ်လိုက်ပြီး "မင်းတစ်ခုခု လိုအပ်ရင် ငါ့ကိုခေါ်လိုက် ဒါဆိုလုံလောက်ပြီလား"ဟုပြောရင်း ကျိုးချောင်ချောင်ကိုပေးလိုက်သည်။

 

 

ကျိုးချောင်ချောင်သည် ကဒ်ကိုယူလိုက်ပြီး "ဝေါင်း ငါဟာလျော်ကြေးအနေနဲ့ယွမ်ငါးသောင်းပဲ လိုချင်ခဲ့တာ ခုတော့..."ဟုတွေးနေရင်း ခေါင်းညိမ့်လိုက်လေသည်။

 

 

ကဒ်ပေါ်တွင်ရှိသော နာမည်ကိုကြည့်ရင်း ယန်ယဲ့၏ နာမည်သည် ပြောင်ချောနေပြီး ထူးခြားစွာပြောင်လက်နေသည်။ ၎င်းအောက်တွင်"ယွီယောင်ဖျော်ဖြေရေး၏ဥက္ကဌ"ဟုရေးထားသည်။ အမျိုးသားဇာတ်လိုက်များလား။

 

 

ထိုအရာကိုကြည့်ရင်း ကျိုးချောင်ချောင်သည် တွေဝေသွား၏။ ယန်ယဲ့သည် သူမကိုလျစ်လျူရှုပြီး ရှန်လင်ထုံအားခေါ်သွားခဲ့သည်။ ဆရာ၀န်သည် ကျိုးချောင်ချောင်ကိုမှန်မှန်အနားယူရန်နှင့် လှုပ်လှုပ်ရှားရှား မနေရန်ပြောပြီးနောက် ထွက်သွားလေသည်။

 

 

မမျှော်လင့်ဘဲ သူမယွမ်ငါးသိန်းရရှိခဲ့သည်ကိုကြည့်နေရင်း နေကာမျက်မှန်နှင့် အစ်ကိုသည် အားကျစွာပြောလိုက်သည်။"ငါမင်းအတွက် စားစရာနည်းနည်းလောက်သွားဝယ်လိုက်ဦးမယ် "ထို့နောက် သူလည်းထွက်သွားလေသည်။

 

 

အားလုံးထွက်သွားကြပြီးနောက် ကျိုးချောင်ချောင်သည် ရုတ်တရက် နားလည်လိုက်သည်။ ယွမ်ငါးသိန်းတောင်လား။

 

 

ခုတော့ သူမမှာ ယွမ်ငါးသိန်းရှိပြီ။

 

 

ဒါဟာ သူမ အမေ ဘာကိုဆိုလိုခဲ့တာလဲဆိုတာလား။ "ကံဆိုးတာက ဖုံးကွယ်ပြီး တကယ်အကျိုးပေးနိုင်တယ်။ ကောင်းကျိုးတွေကရော ကံဆိုးမှုတွေဖြစ်လာဖို့တကယ် ၀င်လာနိုင်လား"

 

(TL:ကံဆိုးသောအခါ ကံကောင်းမှုပါတည်ရှိနေပြီး ကံကောင်းသောအခါ ကံဆိုးမှုပါတည်ရှိ/တွဲ နေသည်လား?)

 

 

ခုငါ့မှာပိုက်ဆံတွေ ရှိနေတာလား။ ခုငါ့မှာပိုက်ဆံတွေရှိနေပြီ!!!

 

 

ကျိုးချောင်ချောင်သည် စိတ်လှုပ်ရှားပြီး ကောင်းကင်ကြီးကို အော်ပြောလိုက်ချင်မိ၏။ သို့သော် သူမကိုယ်သူမ ထိန်းရပေမည်။ သို့သော်လည်း သူမသည်မမျှော်လင့်ခဲ့သော အကျိုးအမြတ်ရရှိခြင်းမှ သူမကိုယ်သူမ ဘယ်လိုလုပ် ချုပ်တည်းထားနိုင်မှာလဲ။

 

 

လူတစ်ယောက် အရမ်းစိတ်လှုပ်ရှားချိန်တွင် သူ၏ခံစားချက်နှင့် အသံကို ထိန်းချုပ်ထားရန် ခက်ခဲလေသည်။ထို့ကြောင့် ဆေးရုံကုတင်ပေါ်တွင် လှဲအိပ်ရင်းကျိုးချောင်ချောင်သည် တခစ်ခစ်ရယ်ပြီးရင်း ရယ်ရင်းသူမ၏ စောင်ကိုပွေ့ပြီး လိန်လိုက်၏။"ဟီးဟီးဟီးဟီး ဟီးဟီးဟီးဟီး ဟားဟားဟားဟား"

 

 

သူမလှည့်ပတ်ကြည့်လိုက်ချိန်တွင် ဘေးကုတင်ရှိခြေထောက်တွဲလောင်းနှင့် ကောင်လေးကို ရုတ်တရက်တွေ့လိုက်သည်။ သူသည်ရူးနေသောလူကို ကြည့်နေသည့်ပုံဖြင့် သူမကို ငေးကြည့်နေ၏။

 

 

ကျိုးချောင်ချောင်အား ထိုလူမှာ မသိလိုက်မသိဘာသာနောက်အနည်းငယ်ဆုတ်ပြီး သူ့ခေါင်းကိုဘေးလှည့်လိုက်စဉ် သူ့နှုတ်ခမ်းစွန်းတစ်ဖက်တွန့်သွားလေသည်။

 

 

ကျိုးချောင်ချောင် - "..."