အပိုင်း ၄
Viewers 1k

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း

 

အပိုင်း ၄

 

 

 

 

 

 

ကျိုးချောင်ချောင်သည် ချောမောလှပသော ကလေးတစ်ယောက်ဖြစ်ခဲ့သည်။ သူမ ထက်ပိုပြီး ချောမောလှပသောမိန်းကလေး ကမ္ဘာပေါ်တွင် မရှိလောက်ဘူးဟုယုံကြည်ခဲ့၏။ သို့သော် သူမကြီးပြင်းလာသောအခါသူမ ရုပ်ဆိုးလာသည်ဟု သူမအမေက သူမကိုပြောခဲ့သည်။ သူမ၏မိထွေးသည် သူမ၏ညီမလေးဖြစ်သောကျိုးရှင်းရှင်းကို မွေးပေးခဲ့ချိန်တွင် သူမ၏ ရုပ်ရည်က ပိုဆိုးလာသည်ဟု ကျိုးချောင်ချောင် ခံစားရလေသည်။

 

 

တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ကျိုးချောင်ချောင်၏ အဝါဖျော့ဖျော့အသားအရေက ဖြူပြီးနူးညံ့လာသည်။သူမ၏ ခြောက်သွေ့သောဆံပင်သည် နူးညံ့လာပြီးသူမ၏ ၁.၅၈မီတာရှိသော အရပ်တောင်မှ ၃စင်တီမီ‌တာလောက် ကြီးထွားလာပုံရသည်။

 

 

သူမ၏အချစ်ဆုံး သူငယ်ချင်း လန့်ကျားမင်က ဒါဟာသူမ၏ဒုတိယမြောက် အပျိုဖော်၀င်ခြင်းဖြစ်သည်ဟုပြောလိုက်သည်။ သူမ၏ရင်ဘက်ကို ဆုပ်ကိုင်ပြီးတောင်မှ ပြောလိုက်သေး၏။" ဂုဏ်ယူပါတယ် နင့်ပေါက်စီသေးသေးလေးတွေက အခုတော့အသားပေါက်စီကြီးတွေ ဖြစ်သွားပြီ "

 

 

ကျိုးချောင်ချောင်သည် ဂုဏ်ယူစွာဖြင့် သူမ၏ရင်ကိုကော့လိုက်သည်။ အဲ့ဒီတော့ သူမမှာအသားပေါက်စီကြီးတွေရှိတော့ဘာဖြစ်မှာလဲ။ သူမမှာ တတိယအပျိုဖော်၀င်ခြင်းရှိကောင်းရှိနိုင်တာပဲ။ အဲ့ဒိနောက် သူမမှာပိုကြီးသော အသားပေါက်စီတွေရှိလိမ့်မည်။

 

 

ကံမကောင်းစွာဖြင့် အသက်၂၄ နှစ်အရွယ်တွင် သူမသည် ယခုအတိုင်း အတူတူဖြစ်နေတုန်းပင်။

 

 

သူမသည်ကြီးမားပြီး အသက်ဝင်သော မျက်လုံးများဖြင့်ရုပ်ရည်ချောမောသူဟု သတ်မှတ်ခံရသည်။ အပေါ်နှုတ်ခမ်းပါးပါး အောက်နှုတ်ခမ်းထူထူ၊နှစ်လိုဖွယ်ကောင်းသောနှာတံနှင့် အတူ သူမ၏သေးသွယ်သောမျက်နှာလေးသည် နူးညံ့ပြီး ချစ်စရာကောင်းနေသည်။

 

 

သူမ၏ ပါးပြင်သည် သဘာ၀အတိုင်း ပန်းနုရောင်သမ်းနေ၏။ သူမ၏ အရပ်သည် ၁.၆၁ မီတာလောက်ရှိပြီး မရှည်လွန်းမပုလွန်းဖြစ်၏။ သူမရင်သားမှာ B cup အရွယ်အစားဖြစ်ပြီး အရမ်းလည်း မသေးအရမ်းလည်းမကြီးပေ။

 

 

အရာရာတိုင်းသည် သူမလိုပဲဖြစ်၏။ မကောင်းပါ သို့သော်လည်း မဆိုးလွန်းပါ။ အနည်းဆုံးတော့ သူမသည် အသက်ရှင်နေတုန်းပင်ဖြစ်သည်။

 

 

ထိုနှစ်က ကျိုးချောင်ချောင်သည် သူမ၏အမေလှေကားမှပြုတ်ကျသည်ကို ကြည့်ပြီး နောင်တွင်သူမ၏ဦးနှောက်သည် ပို၍မကောင်းဘဲ ဖြစ်လာ၏။ သူ၏အဖေသည် သူမကို ဉာဏ်နည်းသည်ဟုအထင်သေးခဲ့သည်။ သူမ၏မိထွေးသည်လည်း သူမကို၀န်ထုပ်၀န်ပိုးတစ်ခုလိုသာ မြင်သည်။ သို့သော် သူမသည်...အသက်ရှင်နေတုန်းပင်ဖြစ်သည်။

 

 

သူမသည်၂နှစ်လောက် အလုပ်လုပ်ခဲ့ပြီး ယွမ်၂သောင်းစုထား၏။ သို့သော် သူမ၏ မိထွေးယူသွား၏။ ခုတော့သူမတွင် ယွမ်၅သိန်းရှိနေပြီပင်။

 

 

ဆိုရိုးစကားအတိုင်း ကံကောင်းမှုတွေသည် ကံဆိုးမှုနောက်လိုက်မြဲဖြစ်၏။

 

 

ဤယွမ်၅သိန်းနှင့်အတူ သူမ၏ အနာဂတ်သည် ပို၍ လွယ်ကူလာလိမ့်မည် မဟုတ်လား။

 

 

သူမသည် သူမ၏အဖေနှင့် မိထွေးအပေါ် မှီခိုမနေခဲ့ပါ။သူမ ဒီအတိုင်းဆက်ပြီး နေထိုင်သွားလိမ့်မည်ဟု အစကထင်ခဲ့သည်။ သို့သော် ယခုတော့ သူမသည် ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိခဲ့သည်။ သူမတစ်ကြိမ်သေပြီးတည်းက သူမ အသက်ပြန်ရှင်လာပါက အမျိုးသားဇာတ်လိုက်အတွက် အမျိုးသမီးဇာတ်လိုက်နှင့် ယှဉ်ပြိုင်ရမည် ဟုတွေးခဲ့လေသည်။

 

 

သူမ အခြားသူများထက်တော့ ပိုမဆိုးနိုင်ဘူး မဟုတ်လား။ တခြားသူများထက် ပိုဆိုးတာလား။ တခြားသူများသည် ကောင်းမွန်သောဘ၀နှင့် နေထိုင်နိုင်လျှင်သူမသည်လည်း အဲ့လိုနေနိုင်ရမည်ဖြစ်၏။

 

 

အကျိုးရလဒ်အနေဖြင့် သူမနိုးလာသောအခါ အမျိုးသားဇာတ်လိုက်သည် ယွမ်၅သိန်းပို့ပြီးနေပြီဖြစ်သည်။

 

 

"ဘာလို့အမျိုးသားဇာတ်လိုက်ကို အတိုက်အခံလုပ်ရင်းနှောင့်ယှက်ရမှာလဲ"

 

 

သူမ အလုပ်တစ်ခုရှာရန်ထွက်သွားပြီး နောက်ဆုံးတွင်သူမ စိတ်‌အေးချမ်းသာစွာဖြင့် တစ်လပြီးတစ်လငွေသုံးဖြုန်းနိုင်ပေလိမ့်မည်။ တွက်ကြည့်ရအောင် သူမသည်အတိုးရရန် ဘဏ်တွင် ယွမ် ၅ သိန်းထားမည်ဆိုလျှင်တစ်နှစ်လျှင် သူမအတိုး မည်မျှရရှိနိုင်မည်နည်း။

 

 

ကျားမင်သည် ယခုဘဏ်တစ်ခုတွင် အလုပ်လုပ်ပြီး နောက်ဆုံးအချိန် သူမနှင့်တွက်ကြည့်တုန်းက အတိုးနှုန်းများသည် နှစ်ကြာလာသည်နှင့် ကျဆင်းနေခဲ့သည်။သို့သော်လည်း ပုံမှန်အပ်နှံသော ငွေအတွက် အတိုးနှုန်းသည်မြင့်မားပြီး အပ်တာကြာလေ အတိုးပိုရရှိမည်ဖြစ်၏။

 

 

ကျိုးချောင်ချောင်သည် သုံးနှစ်လောက် ငွေအပ်နှံထားရန်စီစဉ်လေသည်။ ကျားမင်နောက်ဆုံးအချိန်ပြောခဲ့တုန်းက ဒါကဘယ်လောက်ရှိခဲ့ပါလိမ့်။ ၃.၈၅%ဖြစ်ပုံရတယ် မဟုတ်လား။ ထိုနှစ်အတိုးနှုန်းနဲ့ဆိုလျှင် သူမသည်ယွမ်တစ်သောင်းကျော် အတိုးရနိုင်ပေမည်။

 

 

ဝိုး ! အရမ်းများတဲ့ ပိုက်ဆံတွေပဲ! ဘ၀က ဘာလို့အရမ်းဆန်းကြယ်နေရတာလဲ။

 

 

လား လား လား လား...

 

 

သူမ မချုပ်တည်းထားနိုင်တော့ဘဲ စောင်ကိုကိုင်ရင်း ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။

 

 

ထို့နောက် သူမသည် တံခါး‌ဘေးကနေ သူမကိုခိုးကြောင်ခိုးဝှက် ဖျက်ကနဲ ကြည့်နေပြီး ဖော်မပြနိုင်သောအကြည့်ဖြင့် ခေါင်းကိုတစ်ဖက်လှည့်သွားသောအစ်ကိုတစ်ယောက်ကို တွေ့ခဲ့ရလေသည်။

 

 

နေကာမျက်မှန်နှင့် အစ်ကိုသည် နေ့လည်စာထမင်းဘူးနဲ့ပြန်ရောက်လာသောအခါ အခန်းတွင်တိတ်ဆိတ်နေသည်ကိုတွေ့ခဲ့၏။ သူသည်တံခါးဘေးက အစ်ကိုအားမေးလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ"

 

 

သူသည်ကျိုးချောင်ချောင်ကို တစ်ချက်ငဲ့ကြည့်ပြီးနေကာမျက်မှန်နှင့် အစ်ကိုကို ပြောလိုက်သည်။ "မင်း သူ့ကို ဒီလိုဖြစ်အောင် တွန်းခဲ့တာလား"

 

 

တံခါး‌ဘေးမှအစ်ကိုသည်‌ ကောင်းမွန်‌သောအကြံပြုကာနေကာမျက်မှန်နှင့် အစ်ကိုကို ကြည့်ရင်း သူ၏ခေါင်းကိုလက်ညှိုးထိုးပြလိုက်၏။

 

 

သူမခေါင်းမှာ ဒဏ်ရာရှိခဲ့တာလားဟု သူထင်ခဲ့၏။နေကာမျက်မှန်နှင့် အစ်ကိုသည် သူ၏နေကာမျက်မှန်ကိုတင်ပြီးပြောလိုက်သည်။ "မဟုတ်ဘူး သူမ တကယ်ကိုဦးနှောက်မကောင်းတာ သူမ‌ခေါင်းကို ရိုက်လိုက်လို့မဟုတ်ဘူး "

 

 

တံခါးဘေးမှအစ်ကို - "..."

 

 

ကျိုးချောင်ချောင် - "..." I @#¥ ...

 

 

နေကာမျက်မှန်နှင့် အစ်ကိုသည် နေ့လည်စာထမင်းဘူးကိုချထားပြီးနောက် ကျိုးချောင်ချောင်ကို ပြောလိုက်သည်။

 

 

"ငါ မင်းအတွက် ထမင်းဘူးယူလာခဲ့တယ် မင်းသတိရလာမှပဲ ငါ့သူဌေးစိတ်သက်သာရာ ရတော့တယ် ခုမင်းကိုစောင့်ရှောက်ဖို့ လူတစ်ယောက်ကို ငါတွေ့ထားတယ် နေ့လည်လောက်ကျ သူမ လာလိမ့်မယ် သူမရဲ့ပြေစာလက်မှတ်ရဖို့ မမေ့နဲ့ဦး မဟုတ်ရင် မင်းကုန်ကျစရိတ်တွေကို နောက်ပိုင်းကျ ပြန်ပေးနိုင်တော့မှာ မဟုတ်ဘူး "

 

 

နေကာမျက်မှန်နှင့် အစ်ကို၏ အကြံကောင်းသည်ကျိုးချောင်ချောင်ကို‌ နွေးထွေးစေခဲ့သည်။ သူမ ဖြေးညင်းစွာပြုံးပြီး ပြောလိုက်လေသည်။ "ကျွန်မ သိပါတယ် "

 

 

ရလဒ်အနေဖြင့် နေကာမျက်မှန်နှင့် အစ်ကိုကပြောလိုက်၏။ "မင်း ပိုက်ဆံပြန်ဆပ်ပြီး မင်းမောင်ကိုမကူညီချင်တာသေချာလား"

 

 

ကျိုးချောင်ချောင်၏ အိန္ဒြေကြီးသည့် အပြုံးသည်ချက်ချင်း ပျောက်သွားလေသည်။ သူမ သူ့ကိုအေးတိအေးစက် ကြည့်ပြီး ပြောလိုက်၏။ "ဟင့်အင်း"

 

 

"တောက်" နေကာမျက်မှန်နှင့် အစ်ကိုသည် စိတ်ပျက်သောအသံထွက်လာပြီး အရှုံးပေးရုံသာ တတ်နိုင်ခဲ့သည်။

 

 

နေ့လည်တွင် အဲ့ဒီမှာအလုပ်လုပ်သော အစ်မသည်နောက်ဆုံး၌ ရောက်လာခဲ့သည်။ သူမ၏မျိုးရိုးအမည်ကရှုဖြစ်ပြီး လူတိုင်းက သူမကိုအစ်မရှု ဟုခေါ်ကြ၏။အစ်မရှုသည် အသက်ငါးဆယ်အရွယ်ရှိပြီဖြစ်သည်။သို့သော် သူမသည် အလွန်တက်ကြွပုံပေါ်ပြီးသူမ၏လှုပ်ရှားမှုများသည် အလွန်သွက်လက်၏။

 

 

သူမသည် ရောက်လျှင်ရောက်ချင်း နေကာမျက်မှန်နှင့်အစ်ကိုကြောင့် ရှုပ်ပွနေသော စားပွဲကို ရှင်းခဲ့ပြီးဆေးရုံကုန်ကျငွေစာရင်းကို အိတ်တစ်လုံးထဲသို့ သေသပ်စွာစီထည့်လိုက်သည်။ သူမသည် ကုတင်ဘေးရှိရေနွေးအိုးထဲသို့ ရေနွေးပူဖြည့်လိုက်၏။ ထို့နောက် သူတို့ဆရာ၀န်ကိုရှာဖို့ လိုအပ်ခဲ့လျှင်ဆိုပြီး ဘယ်ဆရာ၀န်မှာ တာ၀န်ရှိလဲဆိုတာ အတည်ပြုရန်သွားခဲ့လေသည်။

 

 

ထို့နောက် သူမသည် ကျိုးချောင်ချောင်၏ ဗီရိုလေးကိုစစ်ဆေးကြည့်ပြီး ပစ္စည်းအတော်များများ မရှိသည်ကိုတွေ့ခဲ့ရသည်။ ထို့ကြောင့် လိုအပ်သည်များကို ၀ယ်ရန်အကြုံပြုခဲ့၏။

 

 

ကျိုးချောင်ချောင်သည် ယခုထိ ပိုက်ဆံများမရသေးပါ။နေကာမျက်မှန်နှင့် အစ်ကိုသည် သူမအတွက် ကုန်ကျခဲ့ရသောကြောင့် တတွတ်တွတ်ပြောနေ‌၏။ ကျိုးချောင်ချောင်သည် သူ့ကိုနှစ်သိမ့်လိုက်သည်။ "ကျွန်မနဲ့ ကျိုးရှုံ့ရှုံ့က မတူတဲ့ လူနှစ်ယောက်ပါ ဒီနေ့ရှင်ကျွန်မကိုနာကျင်စေခဲ့တယ်။ ကျွန်မ ရှင်တို့နဲ့ ငွေစာရင်းရှင်းရဦးမယ် ရှင့်သူဌေးက အဲ့ဒါကိုနှုတ်ယူထားပြီး ကျန်တဲ့ဟာကျွန်မကိုပေးဖို့ရှိတယ် "

 

 

နေကာမျက်မှန်နှင့်အစ်ကိုသည် နှုတ်ခမ်းတွန့်ပြီးပြောလိုက်လေသည်။" မင်း လျော်ကြေးလိုချင်တုန်းပဲလား မင်းမောင်က နိုက်ကလပ်မှာ ယွမ် ၃ သိန်းပေးဖို့တောင်ရှိတာ! သူတကယ် မင်းကိုပိုက်ဆံပေးဖို့ရှိရင် မင်းအဲ့ဒိကနေယူသွားနိုင်တယ် "

 

 

ကျိုးချောင်ချောင်သည် စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။"ဘာလို့ ငါ့ရဲ့လျော်ကြေးငွေတွေနဲ့သူ့ရဲ့အကြွေးတွေကိုဆပ်သင့်တာလဲ ငါမလုပ်ချင်ရင် အဲ့ဒါကိုမလုပ်ဘူး"

 

 

နေကာမျက်မှန်နှင့်အစ်ကိုသည် ပြုစုစောင့်ရှောက်ပေးသူအား ငွေရှင်းချိန်တွင် ကျိုးချောင်ချောင်ကိုပြောလိုက်သည်။" ခဏစောင့်ဦး ငါပြန်သွားပြီး သူဌေးကိုမေးကြည့်ဦးမယ် သူဒါကို ဘယ်လို ကိုင်တွယ်ဖို့စီစဉ်ထားလဲဆိုတာပေါ့ "

 

 

ထိုသို့‌ပြောပြီးနောက် နေကာမျက်မှန်နှင့် အစ်ကိုသည်နောက်ထပ် အဲ့ဒိတွင် မနေချင်တော့ဘဲ ထွက်သွားလေသည်။

 

 

ကျိုးချောင်ချောင်နှင့် သူနာပြုသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း လူနာဆောင်ထဲတွင် ကျန်ခဲ့လေ၏။

 

 

ယန်ဝေ့သည် ဆေးရုံတွင် သုံးရက်လောက် ရှိခဲ့ပြီဖြစ်သည်။ ဖုန်းရှီယွမ်သည် အပူကာ ထမင်းဘူးအဖုံးကိုဖုံးလိုက်၏။ "ရှင်အစားစားရမယ် မဟုတ်ရင် တစ်နေ့နေ့ငတ်ပြီးသေလိမ့်မယ် "လို့ပြောရင်း ယန်ဝေ့ကို စူးစိုက်ပြီးကြည့်လိုက်သည်။

 

 

မျက်ကွင်းညိုညိုနဲ့ ယန်ဝေ့သည် ကုတင်ပေါ်တွင်လှဲနေပြီး သူ့ဘယ်ဘက်လက်မှ အပ်ကိုကြည့်ပြီးပြောလိုက်သည်။"ငါ အဆင်ပြေပါတယ် ငါတကယ် ဗိုက်ဆာနေရင် တစ်ခုခုစားလို့ရတာပဲ "

 

 

ဖုန်းရှီယွမ်က သူ့အားစိမ်းစိမ်းဝါးဝါးကြည့်ပြီး ပြောခဲ့သည်။" ရှင်တစ်ခုခုသာစားနိုင်ခဲ့ရင် လောင်ကျန်းက ရှင့်ကို ဘာလို့ဆေးရုံကို ခေါ်လာခဲ့မှာလဲ "

 

 

ယန်ဝေ့ မျက်လုံးမှိတ်ပြီး ယဲ့ယဲ့လေးပြောလိုက်၏။ "ငါ့အချိုဓါတ်ကို ပြန်ဖြည့်ဖို့ "

 

 

ဖုန်းရှီယွမ်သည် အားကိုးမဲ့စွာဖြင့် သူမ ခေါင်းကိုခါပြီး အပူကာ ထမင်းဘူးကို ကြည့်လိုက်၏။" ဒါမှမဟုတ် ဆန်ပြုတ်လေး နည်နည်းလောက် သောက်ရင်ရောဘယ်လိုလဲ "

 

 

ယန်ဝေ့ ခေါင်းခါလိုက်၏။" ဟင့်အင်း မင်းအရင်ပြန်သွားလို့ရတယ်"

 

 

ဖုန်းရှီယွမ်သည် သူ့ကိုကြည့်ပြီး စကားပြောရန်ခ‌ဏလောက် တွန့်ဆုတ်နေသည်။ "ကောင်းပြီလေ ကျွန်မစားပွဲပေါ်မှာ ဆန်ပြုတ်ထားခဲ့လိုက်မယ် ရှင်စားချင်ရင်အပူပေးလိုက်ဦး ကုမ္ပဏီအကြောင်း အများကြီး မစိုးရိမ်ပါနဲ့ လောင်ကျန်းနဲ့ ကျွန်မ ရက်အနည်းငယ်လောက်ဂရုစိုက်ပေးပါ့မယ် "

 

 

သူမစကားပြောနေချိန်တွင် လူနာဆောင်တံခါးတွန်း၍ ပွင့်သွားပြီး ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးဆရာ၀န်သည် ဆေးမှတ်တမ်းစာအုပ်ကို ကိုင်လျက်၀င်လာခဲ့သည်။

 

 

သူမသည် ဖုန်းရှီယွမ်ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ထို့နောက် ယန်ဝေ့ကို သိမ်မွေ့စွာကြည့်ပြီး မေးလိုက်၏။" မစ်စတာယန် ရှင် ဘယ်လိုနေသေးလဲ "

 

 

ယန်ဝေ့ မျက်ဖြူလှန်ကြည့်ပြီး ပြောလိုက်သည်။ " မဆိုးပါဘူး လောင်ကျောက်ဘယ်မှာလဲ "

 

 

ကျောက်လင်သည် တောက်ပစွာပြုံးပြီး ပြောလိုက်သည်။ " ကျွန်မအဖေ ခွဲစိတ်မှုလုပ်နေတယ် ရှင့်အခြေအနေအကြောင်း ကျွန်မကို ပြောထားနှင့်ပြီးပြီ ရှင်စိတ်ချလက်ချ အနားယူနိုင်တယ် မစ်စတာယန် ကျွန်မက ကိုလမ်ဘီယာမှာ စိတ်ပညာမေဂျာယူထားတာ ဒီလိုနေရာမှာ ကျွန်မ ..."

 

 

သူမ၏ နောက်ပိုင်း မိတ်ဆက်ခြင်းမှာ ယန်ဝေ့၏ ဂရုမစိုက်သောအကြည့်ဖြင့် ဝါးမျိုခံလိုက်ရသည်။ပေါ့ပေါ့တန်တန်သာ ကြည့်လိုက်သော်လည်း လူများကိုတဖိမ့်ဖိမ့် တုန်သွားစေသည်။

 

 

ယန်‌ဝေ့ မပြောခင် သူမကိုနှစ်စက္ကန့်လောက်အေးစက်စက် ကြည့်နေလိုက်သည်။"ငါမဖျားပါဘူး"

 

 

ထို့နောက် ကျောက်လင်သည် သက်ပြင်းသာချနိုင်ခဲ့သည်။ သူမ အားယူကာပြုံးပြီး ပြောလိုက်၏။ "ကျွန်မတောင်းပန်ပါတယ် ကျွန်မ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး"

 

 

ယန်ဝေ့က ထပ်တလဲလဲ ပြောလိုက်သည်။ "ငါအစားစားနိုင်တယ်"

 

 

"ငါမစားချင်ရုံဘဲ "

 

 

'ဒါဆို...အဲ့ဒါက စားချင်စိတ်မရှိတာ မဟုတ်ဘူးလား' ကျောက်လင် သူ့ကိုမျက်ဖြူလှန်ပြလိုက်သည်။