အပိုင်း ၅
Viewers 1k

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း

 

အပိုင်း ၅

 

 

 

ကျောက်လင်သည် ANလို့ အမည်တွင်သော အစားပျက်သည့် အကြောင်းကို သိခဲ့၏။(TL: Anorexia Nervosaရဲ့အတိုကောက်လို့ ကျွန်မထင်သည်။)

 

 

သူ့ကိုဖြစ်စေသော အကြောင်းရင်းများသည်များသောအားဖြင့် ခက်ခဲရှုပ်ထွေးသည်။ လူမှုရေး၊ယဉ်ကျေးမှု၊ စိတ်ပညာ၊ ဇီ၀ဗေဒ စသည်တို့၏ လွှမ်းမိုးမှုများ အပါအ၀င် များစွာသော အကြောင်းရင်းများပါ၀င်သည်။

 

 

ယနေ့လူ့အဖွဲ့အစည်းတွင် AN လူနာအများစုသည်အမျိုးသမီးများ ဖြစ်ကြသည်။ သေးသွယ်လာရန်အတွက် အမြဲလူ့အဖွဲ့အစည်း ဖိအားများနှင့် အစားလျှော့စားခြင်းသည် အောင်မြင်မှုကို ဖြစ်‌စေသည်ဆိုသောထင်မြင်ယူဆချက်များကို အားပေးသော မီဒီယာဈေးကွက်များကြောင့် မိန်းကလေး အဝောာ်များများကသေးသွယ်ကျစ်လျစ်ခြင်းသည် ပို၍ဆွဲဆောင်မှုရှိပြီးပိုအောင်မြင်လွယ်သည်ဟု ယုံကြည်လာကြသည်။

 

 

ကောင်းပြီ သူမရှေ့ရှိလမစ်စတာယန်အတွက်တော့ တစ်ခုမှ လုပ်စရာမရှိပါ။

 

 

သူက ယောက်ျားတစ်ယောက်ဖြစ်သည်။

 

 

သူသည် အလွန်ကြည့်ကောင်းသော ယောက်ျားတစ်ယောက်ဖြစ်၏။ ကျောက်လင်သည် သူ၏အခြေအနေကိုလွှဲပြောင်းယူခဲ့သောအခါ သူမအဖေက ယန်ဝေ့သည်အစားအသောက် ပျက်နေတာတင် မဟုတ်၊ အလွန်အိပ်မပျော်သောရောဂါကိုပါ ခံစားနေရသည်ကို သူမကိုပြောခဲ့၏။

 

 

သို့သော် သူသည် မစားနိုင်၊မသောက်နိုင်ဖြစ်နေသည်တော့မဟုတ်ပါ။ သူ့ခန္ဓာကိုယ်က လိုအပ်သည့်အချိန်တွင်အလွန်အကျွံ စားနိုင်သောက်နိုင်ပြီး နေထွက်ချိန်ထိအောင်အိပ်နိုင်သည်။

 

 

သို့သော် သူ၏ခန္ဓာကိုယ်သည် တစ်ကြိမ်သာ ထိန်းထားနိုင်သည်။ သူသည် အစားမှန် အအိပ်မှန်ရန် ငြင်းဆိုလေ့ရှိ၏။ တစ်ခါတုန်းက သူသည် ဒေါက်တာကျောက်ကိုပြောခဲ့၏။ သူသည်ထိုင်ပြီး စားရင်တောင်မှ အစားအစာများသည် သူ့အတွက် အရသာမရှိလှပါ။ စောစောအိပ်ရာ၀င်ခဲ့ရင်တောင်မှ နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ပါ။

 

 

ရလဒ်အနေဖြင့် တစ်နှစ်ပတ်လုံး သူသည်မျက်ကွင်းများညိုနေသည်သာဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာ သူ၏ကိုယ်ကျန်းမာရေးကို ကြီးကြီးမားမားမထိခိုက်ခဲ့ပါ။

 

 

နှစ်ရှည်လများ သူ့တွင်ဆာလောင်မှုကြောင့် အနည်းငယ်မူးဝေသော အခြေအနေတစ်ရပ်သာ ရှိခဲ့လေ၏။

 

 

ထို့ကြောင့် သူသည် တခြား ANလူနာများလောက် ကိုယ်အလေးချိန် ကျဆင်းမှုကို မကြုံတွေ့ရပါ။ သူ၏ကြည့်ကောင်းနေသော ရုပ်ရည်ရူပကာကို ထိန်းထားတုန်းပင်ဖြစ်သည်။

 

 

သူ၏မျက်လုံးတစ်ဝိုက်တွင် ညိုနေသော်လည်း ကြည့်ကောင်းသော ရုပ်ရည်ရှိသည့် လူများအတိုင်းပင်ဖြစ်၏။မျက်ကွင်းညိုများနဲ့တောင်မှ သူသည်အနည်းငယ်ယိုယွင်းပုံပေါ်နေသည်သာဖြစ်ပြီး သူ၏ရုပ်ရည်အသွင်အပြင်အား ထိခိုက်မှုမရှိပါချေ။

 

 

ထို့ကြောင့် ကျောက်လင်သည် ယန်ဝေ့၏ အခြေအနေကိုသူမ၏အဖေထံမှ လွှဲပြောင်းယူလိုက်သောအခါ သူမသည်ရှက်သွေးဖြာပြီး နှလုံးခုန်သလိုခံစားရ၏။ သူမသည်ဆေးနှင့် နှီးနွယ်သော မိသားစုမှသာမန်ကလေးတစ်ယောက်သာဖြစ်ခဲ့သည်။ သူမ၏ဘ၀သည်အလယ်အလတ်တန်းစားထက် ပိုကောင်းမွန်ခဲ့၏။သို့သော် ပြည့်စုံသောဘ၀နှင့် နေထိုင်ခဲ့သည်ဟုဆိုလိုခြင်းမဟုတ်ပါ။ ထို့အပြင် ဆရာ၀န်တစ်ယောက်အနေနှင့်သူမ၏အသက်မွေးလုပ်ငန်းသည် အလုပ်များပြီး အခြားအသိုင်းအဝိုင်းများနှင့် ပေါင်းသင်းဆက်ဆံရန်အခွင့်အရေး နည်းပါးခဲ့လေသည်။

 

 

သူမသည် မကြာသေးမီကမှ ဆရာ၀န်ဖြစ်လာသောကြောင့် ကြွယ်၀ချမ်းသာပြီး ရုပ်ရည်ရှိသောယန်ဝေ့သည် သူမ၏စိတ်ကူးများကို ချက်ချင်းပင်ဖြည့်ဆည်းပေးလိုက်သလိုဖြစ်၏။ သူမကို သတိထားမိပြီးချစ်ကျွမ်း၀င်လိမ့်မည်ဟု သူမကိုခံစားစေပြီးတစ်ခါတစ်ရံ သူမသည်ထင်ယောင်ထင်မှားဖြစ်ခဲ့လေ၏။

 

 

ဤသို့ ယန်ဝေ့၏ အေးစက်သောအကြည့်ကို သူမပထမဆုံးမြင်ခဲ့ရခြင်းဖြစ်သည်။ သို့သော် သူမသည်သူမအဖေ၏ စကားများကိုနားလည်ခဲ့လေ၏ - သူဖျားနေတယ်လို့ လူတွေကပြောရင် သူမကြိုက်ဘူး ဒီအကြောင်းကိုဂရုစိုက်ဖို့လိုတယ်။

 

 

အစက သူမသည် ယန်ဝေ့အား သူ့ရောဂါကို၀န်ခံစေချင်ခဲ့၏။ သို့သော် သူမသည် သူ၏အကြည့်အောက်တွင်အရှုံးပေးခဲ့လေသည်။

 

 

ယန်ဝေ့သည် မျက်လုံးမှိတ်ပြီး ကျောက်လင်ကို မကြည့်တော့ပါ။ ဘေးတွင်ထိုင်နေသော ဖုန်းရှီယွမ်သည်ကျောက်လင်ကို မကြည့်ဘဲ လှောင်ပြုံးပြုံးခဲ့လေ၏။သူမသည် ယန်ဝေ့ဘက်သို့လှည့်ပြီးပြောလိုက်သည်။"ကျွန်မ သွားတော့မယ် ကိုယ့်ကိုယ်ကိုဂရုစိုက် "

 

 

ယန်ဝေ့သည် မျက်လုံးမှိတ်လျက်သားနှင့်ခေါင်းညိတ်ခဲ့ပြီးတိုးတိုးလေးပြောလိုက်၏။ "မောင်လျန့် မင်းကိုအိမ်ပြန်ပို့ပေးလိမ့်မယ် "

 

 

ဖုန်းရှီယွမ်က ခေါင်းခါပြီး ပြောခဲ့သည်။" မလိုပါဘူး ကျွန်မကားငှားသွားပါ့မယ် မောင်လျန့်က ရှင့်ရဲ့ဒရိုင်ဘာလေ တစ်ခုခုဆို ရှင်သူ့ကိုလိုကောင်းလိုနိုင်တယ် "

 

 

ဖုန်းရှီယွမ်သည် စကားပြောပြီးနောက် ထွက်သွားလေ၏။ ဖုန်းရှီယွမ်၏ သရော်သောအပြုံးသည် ကျောက်လင်ကို ကသိကအောက် ဖြစ်စေသည်။ သူမသည် ဖုန်းရှီယွမ်ကို ကြည့်လိုက်၏။ သူမသည်

အနက်ရောင်ဇာကို တင်းကြပ်စွာ၀တ်ထားပြီး အနက်နှင့်အဖြူစင်းဘောင်းဘီ အကား‌လေးကို ၀တ်ထားလေသည်။ တစ်ကိုယ်လုံး ကြည့်ကောင်းနေ၏။ သူမခြေလှမ်းများမှ ဝံ့ကြွားမှုနှင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုသည် လူတွေကို သူမအား မနာလိုဖြစ်စေသည်။

 

 

ဖုန်းရှီယွမ် ထွက်သွားမှသာ ကျောက်လင်က ယန်ဝေ့ကိုပြောလိုက်၏။ "စစ်ဆေးကြည့်လိုက်တော့ ရှင့်ရဲ့သွေးပေါင်ချိန် နည်းနည်းကျနေတယ် ဒါပေမယ့် သွေးတွင်းအချိုဓါတ်ကတော့ များမနေပါဘူး မကြာခင်က ရှင့်ရဲ့အသားအရေတွေမကောင်းခဲ့တာကိုသတိထားမိသင့်တယ် ရှင်အစားပုံမှန် မစားရင် ရှင့်ရဲ့အခြေအနေပိုဆိုးသွားနိုင်တယ် "

 

 

ယန်ဝေ့သည် မျက်လုံးပွင့်လာပြီး သူ၏ကြည်လင်နေသောမျက်လုံးများက လူတွေကိုအာရုံစိုက်နေသည်ဟုထင်ရလေသည်။ ကျောက်လင်သည် သူ၏အာရုံစိုက်နေသောအကြည့်များအောက်တွင် မကြာခဏဆိုသလို ကျရှုံးခဲ့ရလေ၏။ ထိုတစ်ခဏတွင် သူသည်အဝေးကိုမျှော်ကြည့်နေသောကြောင့် အနည်းငယ် စိတ်ရှုပ်နေပုံရသည်။ ခဏလောက်တွေးတောနေပြီးနောက် သူသည်ခေါင်းညိတ်ပြီး တိုးတိုးလေးပြောလိုက်၏။ "ငါသဘောပေါက်ပြီ"

 

 

ယန်ဝေ့သည် သက်ပြင်းချလိုက်ပြီး တိုးတိုးလေးပြောလိုက်လေသည်။ "တကယ် အရသာမကောင်းဘူး " သူ မျက်လုံးမှိတ်လိုက်၏။ ဘာပဲဖြစ်နေနေ သူအိပ်မပျော်နိုင်ခဲ့ပါ။ သူကောင်းကောင်း အိပ်နေတာ နှစ်ရက်ရှိပြီ။မနေ့က သူဘယ်လောက်ကြာကြာအိပ်ခဲ့တာလဲ။ မဆိုးပါဘူး နှစ်နာရီလောက်တော့ ရှိမည်တူ၏။

 

 

နေကာမျက်မှန်နှင့်အစ်ကိုသည် ကျိုးချောင်ချောင်အတွက် ငွေလာပေးသောအခါ ညည်းညူပြီးပြောလေသည်။ "မင်းဆေးရုံက ဆင်းပြီး ဘာလို့ ငါကလာပြီး မင်းအတွက်ငွေပေးရမှာလဲ "

 

 

ကျိုးချောင်ချောင်သည်လည်း မှားတယ်ဟု ခံစားရပြီးပြောလိုက်၏။ "ယန်ယဲ့က သူထွက်သွားပြီးတည်းကကျွန်မကို လာပြီးမတွေ့ဘူး ကျွန်မကို ပိုက်ဆံလည်းမပို့ခဲ့ဘူး ကျွန်မမှာ ပိုက်ဆံမရှိဘူး! "

 

 

နေကာမျက်မှန်နှင့်အစ်ကိုသည် ဘာပြောရမှန်းမသိ‌ဖြစ်သွားပြီး "မင်းအဲ့လောက်တောင် ဆင်းရဲနေတာလား နှစ်နှစ်လောက် မင်းအလုပ်လုပ်နေခဲ့တာလို့ ငါကျိုးရှုံ့ရှုံ့ဆီကနေကြားခဲ့တယ် ယွမ်နှစ်သောင်းသုံးသောင်းတောင်ပေးဖို့ မင်းမတတ်နိုင်ဘူးလား "

 

 

ငွေရှင်းသည့်ကောင်တာတွင် မတ်တပ်ရပ်နေရင်း ကျိုးချောင်ချောင်သည် ဆူပူကြိမ်းမောင်းမှုကြောင့် ခေါင်းမမော့နိုင်ခဲ့ပေ။ နေကာမျက်မှန်နှင့် အစ်ကိုသည်ဆက်ပြီးညည်းတွားရင်း ပြောလေသည်။"ဒီဆေးရုံက အွန်လိုင်းကနေငွေပေးချေလို့ မရတာရယ်စရာတော့အကောင်းသား "

 

 

အရှေ့နှင့်အနောက်တွင် တန်းစီနေသောလူများသည်နေကာမျက်မှန်နှင့် အစ်ကိုကို ကြည့်နေ

ပြီး တစ်ခုခုပြောချင်နေကြ၏။ ဒါဟာတခြားတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေသည်။

 

 

နောက်ဆုံးတွင် နေကာမျက်မှန်နှင့် အစ်ကိုဘေးမှတန်းစီသည့်အထဲမှလူကြီးတစ်ယောက်သည် သည်းမခံနိုင်တော့ဘဲပြောလိုက်လေသည်။ "ကောင်လေး မင်းရဲ့ကောင်မလေးက နေမကောင်းဖြစ်ပြီး ပိုက်ဆံလိုနေတယ် ဘာလို့ မင်းသူမကို ဒီလိုစကားမျိုးပြောရတာလဲ လူတွေဆေးရုံလာရတာကို ကြိုက်တယ်လို့များ မင်း‌ထင်နေတာလား "

 

 

နေကာမျက်မှန်နှင့်အစ်ကိုသည် ခဏလောက်အံ့အားသင့်သွားပြီး ရုတ်တရက် အော်ပြောလိုက်သည်။"မဟုတ်ဘူး သူမက ကျွန်တော့်ကောင်မလေးမဟုတ်ဘူး! ကျွန်တော့်အကြိုက်က အဲ့လိုဆိုးဝါးနေပါ့မလား "

 

 

"ပိုတောင်ဆိုးသွားပြီ သူမက မင်းကောင်မလေးမဟုတ်ရင် ဘာလို့ သူမကို ဒီလိုမျိုး ဆူပူကြိမ်းမောင်းဝံ့တာလဲ သူမက မင်းရဲ့ညီမလား "

 

 

နေကာမျက်မှန်နှင့် အစ်ကိုက ရှင်းပြလိုက်၏။"မဟုတ်ဘူး ကျွန်တော့်မှာ အဲ့လိုဦးနှောက် မကောင်းတဲ့ညီမ မရှိဘူး "

 

 

ကျိုးချောင်ချောင် ဘလက်မခံတော့ဘဲ ကျယ်လောင်စွာပြောလိုက်သည်။"ကျွန်မက သူ့ရဲ့ညီမ မဟုတ်ပေမယ့်ကျွန်မခေါင်းက ဒဏ်ရာက သူ‌ကြောင့်ဖြစ်ရတာ! သူကျွန်မအတွက် အရင်ဆုံးငွေပေးချေရမှာ ကျွန်မပြန်ရတော့မှ သူ့ကိုပြန်ပေးမှာ "

 

 

နေကာမျက်မှန်နှင့်အစ်ကို - "......"

 

 

ဤအချိန်တွင်ဘေးတန်းမှ လူကြီးသာမကနေကာမျက်မှန်နှင့် အစ်ကို၏ ရှေ့နှင့်နောက်ရှိ ယောက်ျားများနှင့် မိန်းမများသည် သူ့ကိုအပြစ်ရှာခဲ့ကြလေသည်။"မင်း သူမကို ရိုက်ခဲ့တာလား ဒါက၂၁ရာစုလေ မင်းမိန်းမကို မင်းရိုက်ရဲတုန်းပဲလား "

 

 

"ဒါကအိမ်တွင်းအကြမ်းဖက်မှုလား မင်းအစားရှက်လိုက်တာ "

 

 

"အစ်ကိုရေ ဒါကတော့ မဟုတ်သေးဘူး! မိန်းကလေးတွေကို ကြင်ကြင်နာနာနဲ့ ဆက်ဆံသင့်တယ် အထူးသဖြင့်ရှင့်မိန်းမကိုပေါ့ "

 

 

သူ့ကိုလက်ညှိုးထိုးရင်း သင်ခန်းစာပေးနေသော လူတိုင်းကိုကြည့်ရင်း ကျိုးချောင်ချောင်သည် မျည်ရည်ကျရင်းခေါင်းညိတ်လိုက်ပြီး သူတို့ပြောတာအဓိပ္ပါယ်ရှိသည်ဟု ခံစားမိလေသည်။

 

 

ပြင်းထန်သောဖိအားများအောက်တွင် မခုခံနိုင်သောနေကာမျက်မှန်နှင့် အစ်ကိုသည် မြန်မြန်ပိုက်ဆံပေးခဲ့ပြီးကျိုးချောင်ချောင်ကို လူနာဆောင်ထဲသို့ ဆွဲ‌ခေါ်သွား၏။

 

 

လမ်းခုလတ်တွင် သူသည်စဉ်းစားမရဘဲ မေးလိုက်လေသည်။ "မင်းဘာလို့ ခေါင်းညိတ်ခဲ့တာလဲ"

 

 

ကျိုးချောင်ချောင်သည် အားရ၀မ်းသာဖြင့် ပြန်ပြောလိုက်၏။ "လူတိုင်း ပြောနေကြတာ အဓိပ္ပါယ်ရှိတယ်လို့ကျွန်မထင်တယ် "

 

 

"မင်းခေါင်းညိတ်လိုက်တာက ငါအဝါရောင်မြစ်ထဲခုန်ချခဲ့ရင်တောင်မှ ငါ့နာမည်ကို မရှင်းလင်းစေနိုင်တော့ဘူးဆိုတာ မင်းသိလား"ဟု စိတ်မရှည်တော့သောနေကာမျက်မှန်နှင့် အစ်ကိုက ပြောလိုက်လေသည်။

 

 

လူတိုင်း သူ့ကို အထင်လွဲသွားပြီဟုလည်း ဆက်ပြောသေးသည်။ သို့သော် သူသည် သူမခေါင်းညိတ်သည်ကိုတွေ့လိုက်ရချိန်တွင် ပို၍တောင် စိတ်မကောင်းဖြစ်ပြီးသူမကိုပညာပေးရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလေသည်။

 

 

ကံမကောင်းစွာဖြင့် သူယခုသူမကိုစကားပြောနေသော်လည်း နွားတစ်ကောင်က ပီယာနိုတီးနေသကဲ့သို့ပင်ဖြစ်၏။ (TL:အုတ်နံရံကို စကားပြောနေသည်နှင့်တူ၏။)ကျိုးချောင်ချောင်သည် သူ့ကိုစိတ်ရှုပ်နေသောမျက်နှာနှင့် ကြည့်ပြီး သူမခေါင်းသေချာမခါမီ သူ့ကိုချိုသာစွာဖြင့် ပြုံးပြလိုက်လေသည်။

 

 

နေကာမျက်မှန်နှင့်အစ်ကို - "…" အား ငါ့သွေးပေါင်ချိန်ကတော့!

 

 

သူမက ချစ်ဖို့ကောင်းသည်ဖြစ်စေ စိတ်အနှောင့်အယှက်ဖြစ်စေသည်ဖြစ်စေ နှစ်မျိုးလုံးဖြစ်နိုင်သည်။