အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့်
အစ်ကိုနှင့် လက်ထပ်ခြင်း
အပိုင်း ၆
အစ်မရှု အားလုံး ထုပ်ပိုးထားပြီးသွားပြီပင်။နေကာမျက်မှန်နှင့်
အစ်ကိုသည် သေတ္တာထဲတွင်ထည့်စရာများထည့်ပြီး သူမကို ကူညီရန် သူ၏ QQကားသေးလေးကို ဖွင့်လိုက်၏။
ကျိုးချောင်ချောင်သည် သူ၏QQကားသေးလေးကိုကြည့်ပြီး
မေးလိုက်လေသည်။"ဒီကားက ဈေးကြီးလား"
အစ်မရှုကို လက်ကျန်ငွေပေးချေပြီးနောက်နေကာမျက်မှန်နှင့်
အစ်ကိုသည်ကားတံခါးကိုဖွင့်ပြီးပြောလိုက်သည်။"အရမ်းဈေးပေါတယ်"
ကျိုးချောင်ချောင်သည် ကားထဲသို့၀င်လိုက်ပြီး
"ဈေးပေါတယ်လား ဟားဟား..."ဟုပြောရင်းသားရေထိုင်ခုံများကို ထိကြည့်လိုက်သည်။
ထိုသို့မေးပြီးနောက်သူမသည် ရုတ်တရက် ပျော်ရွှင်စွာပြုံးလိုက်၏။
ကားစက်နှိုးပြီးသော် မျက်မှန်နှင့်အစ်ကိုကြီးမှာ
သူ့ခန္ဓာကိုယ်မှကြက်သီးများကို ဖယ်ရှားလိုက်ပြီး သူမကိုမေးလိုက်၏။ "မင်း ဘာကို
ရယ်နေတာလဲ"
"ကျွန်မလည်း တစ်စီးလောက် ၀ယ်ကောင်း၀ယ်နိုင်မယ်လို့တွေးနေတာ
အဲ့ဒါကြောင့်ဈေးသင့်တင့်တဲ့အိမ်တစ်လုံးငှားပြီး အလုပ်လုပ်ရတဲ့နေရာက ဝေးနေလည်း ကိစ္စရှိမှာမဟုတ်ဘူး"
ကျိုးချောင်ချောင်က ရေရွတ်လိုက်ပြန်၏။
"မြို့ထဲကအိမ်တွေက ဈေးကြီးပြီးသေးတယ် အလုပ်အတွက်တော့
အဆင်ပြေတယ် ဒါပေမယ့် ငွေကြေးအတွက်ကတော့ ၀မ်းနည်းစရာပဲ အလုပ်လုပ်တဲ့နေရာနဲ့ ဝေးတဲ့အိမ်တွေကတော့
ကြီးပြီးနေရတာ ဇိမ်ရှိတယ် ပြီးတော့ ဘက်စ်ကားခကလည်း ဈေးမများဘူး ဒါပေမယ့် အဲ့ဒါကကျဝောာ့
ဝေးပြီးသွားရတာပင်ပန်းတယ် "
"မင်းက ယာဉ်မောင်းရတာအတွက် ကုန်ကျတဲ့
ဂက်စ်ဖိုးကို မစဉ်းစားဘူး!!! " သူက အကြုံပြုခဲ့လေ၏။"မင်းဘာလို့
အိမ်ငှားခထဲမှာ ဂက်စ်ဖိုးမပါတာလဲ ပြီးတော့ မြို့ထဲမှာအိမ်ကောင်းတစ်လုံးငှားနိုင်လို့လား
"
ကျိုးချောင်ချောင်က အံ့အားသင့်သွားလေ၏။နေကာမျက်မှန်နှင့်
အစ်ကိုကို မျက်စိမှိတ်ပြလိုက်ပြီးနောက် ခဏချင်းနားလည်သွားလေသည်။ "အိုး အိုး ဟုတ်တာပေါ့!
"
"အား!"နေကာမျက်မှန်နှင့် အစ်ကိုသည် သက်ပြင်းချပြီးပြောလိုက်သည်။
" ငါက ဘာလို့ အရူးတစ်ယောက်ကို စိတ်ဆိုးနေရတာလဲ "
ကျိုးချောင်ချောင်သည် ငယ်ငယ်ကတည်းက အရူးတစ်ယောက်ဟု
အခေါ်ခံရဖူးခဲ့သောကြောင့် ထိုသို့ခေါ်သည်ကို သူမစိတ်ထဲတွင် မထားပါ။ တကယ်တော့ သူမသည်နည်းနည်းနှေးကွေး၏။
သူမ၏ အမေက သူမသေးသေးလေးတုန်းက လိပ်တစ်ကောင်လို့ ခေါ်လေ့ရှိသည်။ သူမသည် ဉာဏ်အကောင်းဆုံးမဖြစ်ခဲ့ပါ။
သို့သော် သူမသည် ကောလိပ်၀င်ခွင့်စာမေးပွဲတွင်
ကျိုးရှုံ့ရှုံ့ထက် သင်္ချာတွင်ပိုပြီးကောင်းကောင်းဖြေနိုင်ခဲ့သည်။ ထိုစာမေးပွဲသည်
သမိုင်းတစ်လျှောက်တွင် အခက်ခဲဆုံး သင်္ချာစာမေးပွဲဖြစ်ခဲ့၏။ ကျိုးချောင်ချောင်သည် ထို့အတွက်
အချိန်တော်တော်ကြာကြာလောက် ဂုဏ်ယူခဲ့လေသည်။
"စကားမစပ် နေကာမျက်မှန်နှင့်အစ်ကို ရှင့်နာမည်ကဘာလဲ
"ကျိုးချောင်ချောင်သည် သူမဒဏ်ရာရပြီး ဆေးရုံတက်ခဲ့သည်မှစ၍ ဆေးရုံဆင်းချိန်ထိ
နေကာမျက်မှန်နှင့်အစ်ကိုသည် သူမအတွက် အရာအားလုံးကို လုပ်ကိုင်ပေးခဲ့သည်ဟု နားလည်သဘောပေါက်ခဲ့၏။
အခုချိန်ထိ သူမသည် သူ့နာမည်ကို မသိခဲ့ရသေးပေ။
ဒါကတော့ လက်မခံနိုင်စရာဖြစ်နေသည်။
ထိုအကြောင်းကိုတွေးရင်း ဒီတစ်နှစ်လုံးပြီးနောက်
နေကာမျက်မှန်နှင့်အစ်ကိုသည် သူမအတွက် အမှန်တကယ်အကောင်းဆုံးလူဖြစ်၏။
သူမ အမေသေပြီးနောက် သူမသည် မိထွေးနှင့်အဖေဖြစ်သူထံမှ
ချစ်ခြင်းမေတ္တာမရရှိဘဲ နှစ်များစွာကုန်ဆုံးခဲ့လေသည်။ သူမကောလိပ်သို့ ရောက်သောအခါ ထောက်ပံကြေး
ယွမ်သုံးရာနှင့် အမှီပြုနေထိုင်ခဲ့ပြီး အတန်းဖော်များက သူမကို ခွဲခြားဆက်ဆံခဲ့သည်။
ဆိုလိုသည်မှာ အတန်းဖော်များက သူမကိုအထင်သေးကြလေ၏။
နောက်ဆုံးတွင် ဘယ်သူကမှ အဆင့်အတန်းနိမ့်သောသူနှင့် ပေါင်းသင်းဆက်ဆံရသည်ကို မကြိုက်ကြပါ။
ကျိုးချောင်ချောင်သည် လူမုန်းများသောသူ မဖြစ်ချင်ခဲ့ပါ။ ထို့ကြောင့် သူမသည် အလှမ်းဝေးရာတွင်
အမြဲရှိခဲ့လေသည်။
(TL: သူမ၏မိသားစုသည် သူမကို လစဉ်ယွမ်သုံးရာသာ
ပေးနိုင်ခဲ့သောကြောင့် သူမဟာ,တစ်ပြားတစ်ချက်မှ မပါတာကိုဆိုလိုခြင်းဖြစ်သည်ဟု ကျွန်ုပ်ထင်သည်။ထို့ကြောင့်
သူမသည် အတန်းဖော်များနှင့် မပေါင်းသင်းခဲ့ပါ။ သူတို့ အပြင်သွားလျှင် ပိုက်ဆံအကုန်အကျများသောကြောင့်ပင်ဖြစ်၏။)
တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ကံဆိုးမှုများသည်
သူမနောက်လိုက်ပုံပေါ်သည်။ ကျိုးချောင်ချောင်သည် ဦးနှောက်အနည်းငယ် မရှိခဲ့ဘူးဆိုလျှင်
သာမန်လူတစ်ယောက်သည် ထိုအရာကို သည်းခံနိုင်လိမ့်မည် မဟုတ်ပါ။
ဤသို့ဆေးရုံတက်ရခြင်းကို ကြည့်ခြင်းအားဖြင့် ဒါဟာ
ကျိုးရှုံ့ရှုံ့၏ အပြစ် ဖြစ်သည်မှာ ထင်ရှားလေ၏။သို့သော် တကယ်တော့ ကျိုးရှုံ့ရှုံ့သာလုပ်ခဲ့သည်မဟုတ်၊
သူ၏ အမေသည်လည်း သူမကို လာမတွေ့ခဲ့ပါချေ။ သို့သော် သူမ၏ အဖေရင်းသည်လည်း မလာခဲ့ပါ။
ထိုအကြောင်းကိုတွေးရင်း ကျိုးချောင်ချောင်သည်
နေကာမျက်မှန်နှင့်အစ်ကိုကို ပို၍တောင်ကျေးဇူးတင်မိ၏။ တစ်ခါတစ်ရံ သူသည် သူမကိုပြုစုရန်
အလုပ်လုပ်ပြီးနောက် လာခဲ့သည်။ ထို့ကြောင့် သူမသည် ဆေးရုံတွင် အထီးကျန်မနေခဲ့ပါပေ။
နေကာမျက်မှန်နှင့်အစ်ကိုသည်လည်း ကျိုးချောင်ချောင်၏
အမေးကြောင့် အံ့အားသင့်ခဲ့ရလေ၏။ သူတို့နှစ်ယောက်သည် ခဏသာတွေ့ဆုံခဲ့ရပြီး သူ သူမကိုအိမ်ပြန်ပို့ပြီးနောက်တွင်
ထပ်ပြီးမဆုံတွေ့နိုင်တော့ပေ။
"ရှောင်ခိုင်" သူတွေးခဲ့မိသော်လည်း
ရှောင်ခိုင်သည် သူမကိုပြန်ဖြေလိုက်သည်။
"လာခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"ကျိုးချောင်ချောင်သည်
တခစ်ခစ်ရယ်လိုက်ပြီး သူမခေါင်းကိုထိလိုက်၏။ ပတ်တီးအကြီးကို ပတ်တီးအသေးလေးနှင့် အစားထိုးထားလေသည်။
သူမဆံပင်ပေါက်သည့် နေရာတွင် ကတုံးပြောင်ပြီး အကွက်များ ရှိနေ၏။ သူမမှာ ဆံပင်မရှိလျှင်
ကောင်းသေး၏။ သို့သော် ကျိုးချောင်ချောင်၏ ခေါင်းပတ်ပတ်လည်တွင် ဆံပင်များရှိသေး၏။ ထိုအရာသည်
သူမကို ပို၍ပင်ရုပ်ဆိုးသွားစေသည်။
ရှောင်ခိုင် - "...ငါဆိုလိုတာက မင်းဦးထုပ်တစ်လုံးလောက်
၀ယ်ချင်လား "
ကျိုးချောင်ချောင်သည် သူလည်းဦးနှောက်မကောင်းဘူးဟု
ခံစားမိရင်း သူ့ကိုအကြည့်တစ်ချက်ဖြင့် နှစ်သိမ့်ပြီး ပြောလိုက်သည်။ "နွေရာသီအလယ်လောက်မှာ
ကျွန်မရဲ့ဒဏ်ရာတွေကို ချုပ်ထားရတာ ရှင်က ကျွန်မကို ဦးထုပ်ဆောင်းစေချင်တာလား မဆောင်းဘူး
ငါတို့အဲ့လိုမလုပ်ဘူး အိုကေ!"
ရှောင်ခိုင်က သူရဲ့အကြုံပြုချက်ဟာ မကောင်းသည်သာမက
အမှန်တကယ်တော့ ပုံမှန်ပါပဲဟု ခဲစားမိရင်း နက်ရှိုင်းစွာ သက်ပြင်းချလိုက်မိသည်။ ဖြစ်နိုင်သည်ကတော့
သာမန်လူများ၏ မျက်လုံးထဲတွင် သူမကအရူးတစ်ယောက်ဟုပင်။ သူမမျက်လုံးထဲတွင်လည်း သာမန်လူများဟု
သူခေါ်သောလူများမှာ တကယ်အဲ့လောက်မထက်မြက်ကြပေ။
ကျိုးချောင်ချောင်သည် သူမ၏ဆံပင်ကို ဆုပ်ကိုင်ရင်း
၀မ်းနည်းစွာပြောလိုက်၏။"စိတ်မပူပါနဲ့ ဒီညပြန်ရောက်တဲ့အခါ ကျွန်မရဲ့ကျန်တဲ့ဆံပင်တွေကို
ရိတ်ပလိုက်မယ် ကျွန်မ ဒဏ်ရာတွေ သက်သာလာတဲ့အခါ
ဦးထုပ်တစ်လုံး ၀ယ်ဆောင်းလိုက်မယ် အယ်လဲ့!ဒီအရေပြားပေါ်က အဖုလေးတွေက ထပ်ပြီး ဆံပင်ရှည်နိုင်မယ်လို့ကျွန်မ
မထင်ဘူး"
ရှောင်ခိုင်က သူမကိုနှစ်သိမ့်ရန် "မကြာမီပေါ့"
ဟုသာ ပြောနိုင်ခဲ့သည်။
ကျိုးချောင်ချောင်သည် ရှောင်ခိုင်အား သူမအိမ်သို့သွားသည့်
လမ်းကိုပြခဲ့၏။ ရှောင်ခိုင်သည် မြိုထဲမှ မြို့စွန်သို့မောင်းခဲ့ပြီး ဆွံ့အစွာ ပြောလိုက်သည်။"
အလုပ်သွားဖို့ မနက်ပိုင်း မင်းအချိန်ထလဲ"
ကျိုးချောင်ချောင်က ပြန်ပြောလိုက်၏။ "အလုပ်ရှင်ပေးထားတဲ့
တည်းခိုခန်းရှိတဲ့ မြို့ထဲကနေရာမှာ ကျွန်မ နေခဲ့တယ်။ နောက်ဆုံးအချိန် ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာ
ကုမ္ပဏီက ကျွန်မကို အလုပ်ထုတ်ခဲ့တာ ရှင်သိလား"
ရှောင်ခိုင်က အံ့အားသင့်သွားပြီး မေးလိုက်၏။
" မင်း ကားတိုက်ခံရတာလား"
"အင်း! ကျွန်မ လေထဲတောင်လွင့်နေခဲ့တာ ဒါပေမယ့်
ကံကောင်းထောက်မ,စွာနဲ့ပဲ ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ဘူး ဟားဟားဟား..."သူမခေါင်းကိုမော့ရင်း
ဂုဏ်ယူစွာ ရယ်မောရင်း ပြောလိုက်သည်။
ရှောင်ခိုင်က မေးလိုက်၏။" မောင်းတဲ့သူကရော
"
"သူက ထွက်ပြေးသွားတယ်။ ကျွန်မ ခြေထောက် ဒဏ်ရာအတွက်
ကျွန်မဦးလေးပိုက်ဆံတွေကို ခုထိပေးဖို့ရှိနေတုန်းပဲ "ကျိုးချောင်ချောင်သည် သူမလက်ကို
ဝှေ့ယမ်းလိုက်၏။ သူမက တကယ်သနားဖို့ကောင်းတာပဲဟု ရှောင်ခိုင်က တွေးမိ၏။
သူမသည် ခုပဲဆေးရုံကဆင်းပြီးနောက် ထပ်ပြီး ပြန်ရောက်ခဲ့လေပြီ။
သူသည် မတော်တဆပြုတ်ကျမှာစိုးသဖြင့် အပေါ်ထပ်သို့ သူမ၏ အထုတ်အပိုးများကို သူမအား မသယ်စေချင်ခဲ့ပေ။
ထို့ကြောင့် သူသည် သူမကို ကူညီပေးခဲ့ပြီး သူမ၏ အထုတ်အပိုးများကို အပေါ်ထပ်သို့ပို့ပေးခဲ့လေသည်။
ကျိုးချောင်ချောင်သည် မျက်ရည်ကျပြီး သူ့ကို
နို့လက်ဖက်ရည်တိုက်ချင်သည်ဟု ပြောလိုက်၏။ သို့သော် သူသည် သဘောထားကြီးစွာဖြင့် ငြင်းခဲ့လေသည်။
ကျိုးချောင်ချောင်သည် နှစ်ရက်လောက် အိမ်တွင်နေခဲ့၏။
ပထမဆုံး သူမခေါင်းသွားရိတ်ခဲ့ပီး ထို့နောက်တွင် ယွမ်လေးဆယ်ပေးရသော အသက်ရှူချောင်သော
ကမ်းခြေဦးထုပ်တစ်လုံး၀ယ်ခဲ့၏။ ၎င်းသည် အဝောာ်ပင် ခေတ်ဆန်၏။
ကမ်းခြေဦးထုပ်နှင့် လိုက်ဖက်စေရန် ဂါ၀န်ရှည်တစ်ထည်ကိုရွေးလိုက်သည်။ ကျိုးချောင်ချောင်သည်
ဘယ်တစ်လှည့် ညာတစ်လှည့် ကြည့်ပြီး ယွီယောင်တွင် အကြွေးများစုရန် ဤသို့၀တ်ထားခြင်းသည်
ခေတ်ဆန်တယ်လို့ယူဆနေမိ၏။
ထို့ကြောင့် သူမသည် ယုံကြည်မှုရှိစွာ ဘက်စ်ကားစီးခဲ့၏။
အဝေးတစ်နေရာတွင်နေရသော်လည်း နေရာသည်ကောင်း၏။ ဘက်စ်ကားမှတ်တိုင်သည်
အောက်ထပ်တွင်ရှိ၏။ အသီးရွက်ဈေးသည် အိမ်အနောက်တွင်ရှိပြီး ဘက်စ်ကားမှတ်တိုင်မှ ဖြတ်ကူးလျှင်
စူပါမားကတ် အကြီးတစ်လုံးရှိလေသည်။ မြို့ထဲတွင် အလုပ်မရှာဖြစ်ခဲ့လျှင် ဤနေရာတစ်ဝိုက်တွင်
ဘ၀ကိုကောင်းမွန်စွာနေရန် စဉ်းစားရလိမ့်မည်။
အစတွင် ဘက်စ်ကားပေါ်၌ လူအများကြီး မရှိခဲ့ပါ။တစ်စုံတစ်ယောက်သည်
သူမတွင် ဆံပင်မရှိသည်ကို တွေ့ပြီး ခဏခဏ သူမကို ခိုးကြည့်သည်တိုင်အောင် လူတိုင်းက သူမကို
သတိမထားမိခဲ့ပေ။
ကျိုးချောင်ချောင်သည် ငေးကြည့်နေကြသူများကြောင့်
စိတ်တိုခဲ့ရ၏။ ထို့ကြောင့် သူမသည် ခေါင်းလှည့်ပြီး သူတို့ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်လေသည်။
ရလဒ်အနေဖြင့် သူတို့သည် အထိတ်တလန့်မဖြစ်ခဲ့ဘဲ
ဆက်ပြီး ငေးကြည့်နေလေ၏။ ထိုအထဲမှနှစ်ယောက်သည် ဓါတ်ပုံရိုက်ယူရန် ဖုန်းကိုပင်ထုတ်ခဲ့ကြသေး၏။
အထိတ်တလန့်ဖြစ်ရင်း ကျိုးချောင်ချောင်သည် သူမမျက်နှာကိုကွယ်ရန်
ဦးထုပ်ကိုမြန်မြန် ဆွဲချလိုက်ပြီး ဘက်စ်ကားက လမ်းဆုံးသို့ရောက်သောအခါ သူမမြန်မြန်ဆင်းသွားလေသည်။
ကျိုးချောင်ချောင်သည် အဝေးတွင်နေခဲ့ပြီး
လမ်းဆုံးသို့ ရောက်ပြီးတာတောင်မှ နောက်ထပ်ဘက်စ်ကားထပ်စီးရန်
လိုအပ်နေပြန်၏။ ယွီယောင်ဖျော်ဖြေရေး၏ ဘက်စ်ကားမှတ်တိုင်သို့ ရောက်ရန် သူမအတွက် တစ်နာရီကြာခဲ့လေသည်။
ခရီးသည်များ၏ စပ်စုသည့် အကြည့်နှင့်အတူ ကျိုးချောင်ချောင်သည်
ဘက်စ်ကားပေါ်မှဆင်းပြီး ဘက်စ်ကားမှတ်တိုင် သင်္ကေတကို ဖြတ်ပြီးနောက် တစ်မီတာကျော်ကျော်လောက်
လမ်းလျှောက်ခဲ့လေသည်။ သူမသည် ယွီယောင် ဖျော်ဖြေရေးဌာနချုပ် အဆောက်အအုံအောက်တွင် လူတွေကိုရှောင်ခြင်းမှ
ကာကွယ်ရန် သူမဦးထုပ်ကို ကိုင်ထားရင်း မတ်တပ်ရပ်နေခဲ့၏။
သူမသည် အလွှာတွေအများကြီးနှင့် မြင့်မားသောအဆောက်အဦးကို
မော့ကြည့်ပြီး တအံ့တဩနဲ့ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရလေသည်။
သူမရှော့ခ်ရပြီး ပြန်မကောင်းမီ တစ်စုံတစ်ယောက်သည်
သူမ ဘယ်လက်မောင်းကို ၀င်တိုက်ခဲ့၏။ ကျိုးချောင်ချောင်သည် နာကျင်စွာ အော်ဟစ်ငိုခဲ့ပြီး
လူတစ်ယောက်၏ လက်မောင်းပေါ်သို့ လဲမကျခင် နှစ်လှမ်းလောက် ရှေ့သို့ ယိုင်တိယိုင်တိုင်
လမ်းလျှောက်ခဲ့၏။
ကျိုးချောင်ချောင်က မော့ကြည့်လိုက်ပြီး ထိုလူတွင်
ကြည့်ကောင်းသော လက္ခဏာများရှိသည်ဟု မြင်မိ၏။ ထိုသူသည် သူမအား ရင်ခုန်စိတ်လှုပ်ရှားစေခဲ့သည်။
သူသည် ကျိုးချောင်ချောင်အား လေးလေးနက်နက် မျက်မှောင်ကြုတ်ပြီး
ကြည့်လိုက်၏။ ပါးစပ်အဟောင်းသားဖြစ်နေသည်ကို တွေ့ရပြီးနောက်ဆုံးမမေးခင် နှစ်ခါပြန်ပိတ်လိုက်လေသည်။"ရှင်
မနေ့က နောက်ကျတဲ့အထိ နေခဲ့တာလား" သူ၏မျက်ကွင်းညိုများကို ရည်ညွှန်းရင်း...
ယန်ဝေ့ - "..."