အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့်
အစ်ကိုနှင့် လက်ထပ်ခြင်း
အပိုင်း ၇
"ကိစ္စမရှိပါဘူး" ဟု ယန်ဝေ့က ပြောလိုက်သည်။
သူကူညီခဲ့တာကြောင့် ကျိုးချောင်ချောင်သည် မတ်တပ်ရပ်လိုက်သည်။ ကျိုးချောင်ချောင်က ခေါင်းကုပ်လိုက်ပြီး
သူမ၏မေးခွန်းသည် ရိုင်းရာကျသွားသည်ကို နားလည်သဘောပေါက်ခဲ့၏။ သူမက တောင်းပန်ခဲ့သည်။"
တောင်းပန်ပါတယ်! ကျေးဇူးတင်တယ်နော်! မဟုတ်ရင် ကျွန်မ မြေကြီးပေါ် လဲကျသွားမှာ"
ယန်ဝေ့က သူမခေါင်းကို လှုပ်ခါလိုက်၏။ ကျိုးချောင်ချောင်က
သူမကိုထိသွားသော ထိုလူကိုလှည့်ကြည့်လိုက်သည်။ သို့သော် သူတို့ကို ဘယ်မှာမှ မတွေ့ရဝောာ့ပါ။
ယန်ဝေ့နောက်မှ လိုက်လာသော မောင်လျန့်သည် ရှေ့သို့တိုးလာပြီး
ပြောလိုက်သည်။" ဒါက ဒါရိုက်တာကျန်းရဲ့ ဖုန်းပဲ"
ယန်ဝေ့သည် မောင်လျန့်လက်ထဲမှ ဖုန်းကိုယူပြီး ကျိုးချောင်ချောင်ကို
တစ်ချက်မျှ ကြည့်လိုက်လေသည်။
ကျိုးချောင်ချောင်သည် သူမ၏ဦးထုပ်ကို သေသပ်အောင်
လုပ်လိုက်ပြီး သူမ၏ နက်မှောင်တောက်ပနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်၏။ ယန်ဝေ့က
သူမ၏ဦးထုပ်အောက်တွင် ဆံပင်မရှိသည်ကို သတိထားမိခဲ့လေသည်။ သူသည် မျက်ခုံးပင့်လိုက်ပြီး
အဖြေခလုတ်ကို နှိပ်လိုက်သည်။
ကျန်းကော်အန်း၏ အသံသည် တခြားဖုန်းဆီမှ လာခဲ့၏။
သို့သော် ယန်ဝေ့သည် ၎င်းကို မကြားသည့်ပုံပေါ်နေပြီး ဟင်းလင်းပြင်ထဲကိုသာ ငေးကြည့်နေလေသည်။
ကျိုးချောင်ချောင်သည် သူမကိုယ်သူမ ပြင်ဆင်လိုက်ပြီး
ယန်ဝေ့အား ပြောလိုက်၏။ "ရှင့်ကို ကျေးဇူးတင်ပါတယ်! ခုကျွန်မသွားတော့မယ်"ထို့နောက်
သူမသည် ယန်ဝေ့ကို လက်ပြနှုတ်ဆက်လိုက်ပြီး ဓါတ်လှေကားဆီသို့ ပြေးသွားလေသည်။ ထိုအချိန်တွင်
ဖုန်းဆီမှ ကျန်းကော်အန်းသည် အော်ပြောနေလေ၏။ "လောင်ယန်း မင်းငါပြောတာ ကြားရဲ့လား
ဒီရင်းနှီးမြှုပ်နှံမှုကို မင်းဘယ်လိုထင်လဲ "
ယန်ဝေ့သည် ဖုန်းချလိုက်ပြီး မောင်လျန့်ကိုပြောလိုက်၏။"
ကားသွားယူလေ "
မောင်လျန့်သည် ချီတုံချတုံဖြစ်ကာ ညည်းတွားလိုက်၏။"
အား ဒါရိုက်တာကျန်း..."
ကျိုးချောင်ချောင်သည် ဓါတ်လှေကားထဲသို့၀င်ပြီးနောက်
ဘဏ္ဍာရေးဌာနက မည်သည့်အလွှာတွင်ရှိသည်ကို သူမ မသိမှန်း နားလည်လိုက်၏။ သူမသည် ဓါတ်လှေကားထဲမှ
လူများကို မေးခဲ့ပြီး ယွီယောင်ဖျော်ဖြေရေး၏ ဘဏ္ဍာရေးဌာနကို မြန်မြန်ရှာတွေ့ခဲ့လေသည်။
သူမ၀င်လိုက်သောအခါ အခန်းထဲတွင် လူအများအပြားရှိနေကြပြီး
သူတို့သည် အနည်းငယ်အံ့အားသင့်သွားသည်ကို သူမ တွေ့ခဲ့၏။ သူမသည် သူမကိုယ်သူမ တီးတိုးစွာပြောလိုက်သည်။"ငါအလုပ်လုပ်တဲ့နေရာမှာ
ဘဏ္ဍာရေးဌာနက တစ်ခုပဲရှိတယ် ဘာလို့ဒီနေရာမှာ အများကြီးရှိနေတာလဲ "
ကြမ်းပြင်ကို နူးညံ့သောကော်ဇောဖြင့် အုပ်ထား၏။အပေါ်ဘက်ရှိ
အယ်လ်အီးဒီမီးများသည် နေ့ဘက်တွင် မလိုအပ်သော်လည်း အခန်းကိုအလွန်တောက်ပစေသည်။
အလုပ်သမားတစ်ဦးစီတွင် နေရာအလုံအလောက်ရှိသော ကန့်သတ်ထားသည့်
အခန်းငယ်များရှိကြ၏။ ပတ်ပတ်လည်တွင် အစိမ်းရောင်အပင်များနှင့် စာအုပ်စင်တောင်မှ ရှိလေသည်။
ကျိုးချောင်ချောင်က အခန်းထဲတွင် မုန့်အများအပြားကို တွေ့ခဲ့လေသည်။
စာရေးစားပွဲနောက်တွင် ထိုင်နေသော လူတစ်ယောက်သည်
သူမကိုမြင်ပြီးနောက် မေးလိုက်၏။"နင် ဘယ်သူ့ကိုရှာနေတာလဲ "
ကျိုးချောင်ချောင် က အလျင်စလိုပြောလိုက်သည်။"အာ!
ကောင်းပြီ အရင်တုန်းက ယန်ယဲ့က ကျွန်မကို ပန်းအိုးတစ်အိုးနဲ့ ပစ်ပေါက်ခဲ့တယ် ပြီးတော့သူက
ကုန်ကျစရိတ်တွေအတွက် ဒီနေရာကို ကျွန်မကိုလာဖို့ တောင်းဆိုခဲ့တယ်"
ထိုလူသည် အဖြူရောင် အင်္ကျီလက်တိုနှင့် တင်ပါးဆုံနားတွင်
တင်းကြပ်သော အဝါရောင်စကပ်အား၀တ်ဆင်ထားလေသည်။ သူမ၏ ပရော်ဖက်ရှင်နယ်၀တ်စုံသည် ကျိုးချောင်ချောင်၏
ဈေးပေါပေါဂါ၀န်နှင့် မတူဘဲ အလွန်တောက်ပြောင်ပြီး စတိုင်ကျလှ၏။
အမျိုးသမီးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး
သူမသိခဲ့သော မစ်စတာယန်ဟု မထင်မိခဲ့ပါ။ထို့ကြောင့် သူမသည်မေးလိုက်၏။ "ဘယ်သူက နင့်ကို
ကုန်ကျစရိတ်တွေ ပေးဖို့ရှိတာလဲ"
ကျိုးချောင်ချောင်သည် ဘယ်သူက ကုန်ကျစရိတ်ပေးရမယ်မှန်း
မသိခဲ့ချေ။ ထို့ကြောင့် သူမသည် ရိုးသားစွာဖြင့် ခေါင်းခါလိုက်သည်။
ထိုအမျိုးသမီးက မေးလိုက်၏။" နင်က ဒါရိုက်တာ
မန်နေဂျာ ဒါမှမဟုတ် ကြီးကြပ်သူကို ရှာနေတာလား ဘယ်သူက လျော်ကြေးပေးရမယ်မှန်း နင်မသိရင်
ဘယ်သူက နင့်ကို ပြေစာတစ်စောင် ပေးရဲမှာလဲ"
ကျိုးချောင်ချောင်သည် အမျိုးသမီး၏ အထင်သေးသော
စကားလုံးများကြောင့် မှားသွားပြီဟု ခံစားလိုက်ရ၏။ သူမ၏ စီးပွားရေးကဒ်ကို ထုတ်ပြီး ယန်ယဲ့ကိုခေါ်သင့်လားဟု
တွေးရင်း ခေါင်းငိုက်စိုက်နှင့် ထွက်သွားလေသည်။
ထို့နောက် သူမသည် သူမ၏မြင်ကွင်းထဲတွင် ပေါ်လာသော
လက်တစ်ဖက်အား တွေ့မြင်ခဲ့လေ၏။ ကျိုးချောင်ချောင် ပြန်၍မတုံ့ပြန်မီ သူ၏ သေးသွယ်သော လက်ချောင်းများသည်
စီးပွားရေးကဒ်ကို ဆွဲယူပြီးလေပြီဖြစ်၏။
"ဟာ!" ကျိုးချောင်ချောင် လန့်သွားပြီး
မော့ကြည့်လိုက်၏။
အောက်ထပ်တွင် သူမအားကူညီခဲ့သောလူ ဖြစ်နေသည်။ သူသည်
အကြည့်တစ်ချက်နဲ့ပဲ သူမနောက်ထပ်တစ်ခုခုပြောမည်ကို ရပ်လိုက်ရင်း ကျိုးချောင်ချောင်ကို
ဘာသိဘာသာ ကြည့်လိုက်လေသည်။
သူသည် စီးပွားရေးကဒ်ကို စိတ်၀င်တစားဖြင့် ကြည့်လိုက်ပြီး
နူးညံ့သည့်အသံ ဆောင်ထားပုံရသော ဆွဲဆောင်မှုရှိသည့် အသံမျိုးဖြင့် ပြောလေသည်။
"ယန်ယဲ့လား မင်း သူ့ကို ရှာနေတာလား"
ကျိုးချောင်ချောင်က ခေါင်းညိတ်လိုက်ပြီး စီးပွားရေးကဒ်အား
ကြိုးစားယူလိုက်လေ၏။ သို့သော် ယန်ဝေ့က လက်မြှောက်လိုက်၏။ ယောက်ျားနှင့် မိန်းမကြားက
ကွဲပြားခြားနားမှုသည် ရုတ်တရက် ပေါ်လာသည်။ ကျိုးချောင်ချောင်သည် စီးပွားရေးကဒ်ကို မရနိုင်၍
ယန်ဝေ့ကို ကြည့်ပြီးပြောလိုက်၏။ "အဲ့ဒါ ကျွန်မဟာ "
ယန်ဝေ့ကပြုံးပြီး သူမကိုမေးလိုက်သည်။"မင်း
ဘာအတွက် သူ့ကို လိုချင်တာလဲ"
"သူ ကျွန်မကို ပိုက်ဆံပေးဖို့ရှိတယ်
" ဟု ကျိုးချောင်ချောင်က မတုံ့မဆိုင်းဘဲ ပြောလိုက်လေသည်။
ယန်ဝေ့ကို စိတ်ပျက်အံ့အားသင့်သွားစေပြီး သူသည်မေးလိုက်၏။"သူ
မင်းကို ဘယ်လောက် ပေးဖို့ရှိတာလဲ"
"စုစုပေါင်းဆိုရင် ယွမ် ၅၂၈,၆၂၃"ဟု
ကျိုးချောင်ချောင်က အခိုင်အမာ ပြောဆိုလိုက်၏။
ယန်ဝေ့သည် မကူညီနိုင်ခဲ့ပါ။ သို့သော် သူသည် သူမ၏
လေးနက်သော အမူအရာအား ရယ်မောလိုက်သည်။ ပိုက်ဆံများ ပေးရန်ရှိသော ယန်ယဲ့အကြောင်းကိုလည်း
ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။ "အဝောာ်များတဲ့ ငွေပမာဏပဲ "
ကျိုးချောင်ချောင်က ခေါင်းညိတ်ပြီး ပြောလိုက်၏။"ဟုတ်တာပေါ့
အဝောာ်များတဲ့ငွေပဲ"
ယန်ဝေ့က နှုတ်ခမ်းချွန်ပြီး ဆက်မေးလိုက်၏။
"မင်း ပိုက်ဆံတွေ ရပြီးပြီလား"
ကျိုးချောင်ချောင်က ခေါင်းခါပြီး ပြောလိုက်၏။"မရသေးဘူး
"
"အဲ့လိုဆို မင်းသူ့ကို ခေါ်ချင်လား"
ယန်ဝေ့ကမေးလိုက်၏။
ကျိုးချောင်ချောင်က ခေါင်းညိတ်လိုက်သည်။"ဟုတ်
"
ယန်ဝေ့သည် စီးပွားရေးကဒ်ကို သူ၏၀တ်စုံအိတ်ကပ်ထဲ့
ထည့်လိုက်ပြီး ကျိုးချောင်ချောင်အား ပြောလိုက်၏။ "ငါ မင်းကို ကူညီပါရစေ!"
ကျိုးချောင်ချောင်သည် သူ့ကို တအံ့တဩဖြင့် စိုက်ကြည့်ပြီး
ယန်ဝေ့က သူမကိုကြည့်လိုက်၏။ ကျိုးချောင်ချောင်သည် ရုံးခန်းထဲသို့ သူ့နောက်မှ အလျင်အမြန်
လိုက်သွားလေသည်။
ယန်ဝေ့အားမြင်လိုက်သောကြောင့် အရင်ကအလုပ်မရှိသော
လူစုများသည် မတ်တပ်ရပ်ပြီး အော်လိုက်၏။ "မစ်စတာယန်"
နောက်ထက်တွေးမိသည်မှာ ယန်ဝေ့ကို ဒါရိုက်တာဘုတ်အဖွဲ့မှ
အလုပ်ထုတ်ပစ်ပြီးလေပြီ။ သို့သော် သူတို့သည်။ "မန်နေဂျာယန်"ဆိုသည့်အခေါ်အဝေါ်ကို
မသုံးဘဲ သူ့အား မည်သို့ခေါ်ရမည်ကို မသိသောကြောင့် သူ့ကို အဆင်မပြေစွာ စိုက်ကြည့်နေကြလေသည်။
ယန်ဝေ့သည် လူစုများကိုဖြတ်၍ ကျိုးချောင်ချောင်ကို
ဦးဆောင်ကာခေါ်သွားပြီး ရုံးခန်းတံခါးကို ချက်ချင်း ခေါက်လိုက်၏။ မကြာမီ အနီရောင်၀တ်စုံကို
၀တ်ထားသော အမျိုးသမီးတစ်ယောက်သည် တံခါးကိုဖွင့်ပြီး ယန်ဝေ့ကို မြင်သော် အထိတ်တလန့်ဖြစ်သွား၏။
သူမသည် မတ်မတ်ရပ်လိုက်ပြီး "မန်နေဂျာယန် ရှင်ဘာလို့ ဒီကိုရောက်လာတာလဲ "ဟုသူ့ကို
ခေါ်လိုက်သည်။
ယန်ဝေ့က ကျိုးချောင်ချောင်ကို လှည့်ကြည့်ပြီး
ပြောလိုက်၏။ "၀င်လာခဲ့လေ " ကျိုးချောင်ချောင်သည် ရုံးခန်းထဲသို့ အိပ်မက်မက်နေသည့်အလား
သူ့နောက်က လိုက်၀င်ခဲ့သည်။ ယန်ဝေ့က ဆက်ပြောလိုက်၏။ "ယန်ယဲ့က သူမကို ပိုက်ဆံပေးဖို့ရှိတယ်
လို့ ငါကြားခဲ့တယ် အဲ့အကြောင်းမေးဖို့ သူမကို ဒီကို ခေါ်လာခဲ့တာ "
အမျိုးသမီးသည် ကျိုးချောင်ချောင်ကိုကြည့်ပြီး
ပြုံးလိုက်သည်။"မန်မေဂျာလေး ယန်က အဲ့လိုပြောတာ ကျွန်မ မကြားဖူးဘူး"
ကျိုးချောင်ချောင်က ချက်ချင်းပြောလိုက်သည်။"မှန်တယ်
သူနဲ့သူ့ကောင်မလေးဟာ နိုက်ကလပ်ကို ပန်းအိုးအကြီးတစ်လုံး ယူလာပြီး အပေါ်ထပ်ကနေ အောက်ကိုပစ်ချလိုက်တာ
ကျွန်မခေါင်းကို ထိခိုက်မိသွားတယ် "
ယန်ဝေ့ - "...ပန်းအိုးလား"
အမျိုးသမီး - "...နင့်ကို ရိုက်လိုက်တာလား"
ကျိုးချောင်ချောင်က ဦးထုပ်ချွတ်လိုက်ပြီး
"ကြည့်ပါလား အကုန်ပျက်စီးသွားတာ ယန်ယဲ့ အဲ့ဆိုးတဲ့အကောင် ငြင်းမှာ မဟုတ်ဘူးမို့လား"ဟု
သူမ၏ ခေါင်းပြောင်ကို လက်ညှိုးထိုးပြလိုက်လေသည်။
အမျိုးသမီးသည် ကျိုးချောင်ချောင်၏ ခေါင်းပေါ်မှ
ဖြစ်ပျက်နေမှုကြောင့် တွေဝေသွားပုံပေါ်၏။ သို့သော် သူမသည် တာ၀န်ကျေပွန်စွာ မေးလိုက်သည်။
"မန်နေဂျာလေးယန်ကို ကျွန်မမေးလိုက်ပါ့မယ်
ဒါပေမယ့် သူနိုင်ငံခြားကို ခရီးသွားနေတယ် လောလောဆယ် သူနဲ့ဆက်သွယ်လို့မရနိုင်ဘူး ရက်အနည်းငယ်လောက်မှ
ပြန်လာမယ်ဆိုရင်ရော ဘယ်လိုလဲ "
ယန်ဝေ့၏ မျက်လုံးများသည် တောက်ပနေသည်။ ဆက်သွယ်လို့
မရနိုင်ဘူးလား? ဒါဟာ သူတို့ကို နှင်ထုတ်သောနည်း တစ်နည်းပင် ဖြစ်၏။ ယန်ယဲ့သည် နိုင်ငံခြားမှာဆိုရင်တောင်မှ
သူ့ကိုဖုန်းခေါ်လို့ ရနိုင်သေးသည်။ ကုမ္ပဏီတစ်ခု၏ ဥက္ကဌအဖြစ် တစ်စုံတစ်ယောက်ကိုတွေ့ဖို့
လိုအပ်နေတဲ့ အဓိကပြဿနာကို ရင်ဆိုင်ရချိန်မှာ တစ်ယောက်သောသူက ဘာလုပ်သင့်သနည်း။
ယန်ဝေ့ဟာ သူ၏သေးသွယ်ပြီး ဖြူသော လက်ညှိုးဖြင့်
ကုလားထိုင်၏ လက်ရန်းကို ပုတ်လိုက်ပြီး ညင်သာစွာပြောလိုက်၏။"သူမကို စာရင်းရှင်းပေးလိုက်ပါဦး!
သူ့ကိုဆက်သွယ်ဖို့ မလိုပါဘူး ပြဿနာတစ်ခုခုရှိရင် ငါ့ဆီသာလာခဲ့"
အမျိုးသမီးသည် သိသိသာသာ အံ့အားသင့်သွားလေသည်။
ယန်ဝေ့ကို သူ၏အေးစက်ပြီး အကြင်နာကင်းမဲ့သော အမူအကျင့်ကြောင့် သိကြပြီးဖြစ်၏။ သူသည်
တခြားလူများ၏ ကိစ္စများတွင် မနှောင့်ယှက်တတ်ပေ။ဒီရယ်စရာကောင်းသော ကောင်မလေးသည် သူ့အတွက်
အရေးပါသည်ဆိုသည်မှာ ဖြစ်နိုင်ပါ့မလား? သူမသည် သူ၏ဂျူနီယာ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်၏
ညီမများလား?
အမျိုးသမီးသည် အိန္ဒြေမပျက်ဘဲ ပြုံးလိုက်၏။
ယန်ဝေ့၏ အာမခံချက်ကြောင့် သူမသည် စိတ်ချနိုင်ခဲ့၏။
ယန်ဝေ့သည် သူ့စကားကို သူတည်သူ ဖြစ်သည်။ သူတာ၀န်ယူကြောင်း ကတိပေးခဲ့သောကြောင့် သူမသည်
အဲ့ဒါကိုတောင်းဆိုရန် မလိုခဲ့ပေ။ သူ့မျက်နှာသာရတာလည်းကောင်းတဲ့အရာပါပဲ။
"ကောင်းပြီ ကျွန်မသဘောပေါက်ပြီ"ဟု သူမ၏ဖုန်းဖြင့်
အခြားလူများကို ခေါ်ရင်းအမျိုးသမီးကပြောလိုက်၏။စောစောက ကျိုးချောင်ချောင်ကို လက်ခံတွေ့ခဲ့သော
၀န်ထမ်းဖြစ်လေသည်။ ကျိုးချောင်ချောင်သည် ငွေစာရင်းညှိနှိုင်းရန် ထိုလူနောက်သို့ လိုက်သွားခဲ့၏။
ပထမဆုံး သူတို့သည် ဆေးရုံအကောင့်နံပါတ်ကို ပေးခဲ့ပြီး
ကျိုးချောင်ချောင်သည် ယွမ်ငါးသိန်းရကြောင်း လက်မှတ်ထိုးခဲ့လေသည်။ ကျိုးချောင်ချောင်သည်
ထိုလူနှင့်အတူ သူမ၏ အကောင့်နံပါတ်ကိုထားခဲ့၏။ သူတို့သည် တနလ်ာနေ့တွင် တစ်စုတစ်စည်းတည်း
ငွေပေးချေမှု ပြုလုပ်ပြီး ထိုအချိန်မှာပင် ကျိုးချောင်ချောင်ထံသို့ ပိုက်ဆံများ လွှဲပေးမည်ဟု
ပြောခဲ့သည်။
ကျိုးချောင်ချောင်တွင် ကန့်ကွက်ချက် မရှိတော့ဘဲ
သူမသည် ပျော်ရွှင်စွာ ထွက်သွားလေသည်။
သူမထွက်သွားချိန်တွင် မတ်တပ်ရပ်နေသော ယန်ဝေ့ကို
ထိုနေရာတွင် တွေ့ခဲ့ရ၏။ သူသည် လက်တစ်ဖက်တွင် စီးကရက်ကိုညှပ်ပြီး မီးခိုးများမှုတ်ထုတ်ရင်း
နံရံကိုမှီနေသည်။ သူသည် တစ်ခုခုကိုတွေးနေရင်း ခေါင်မိုးကို မော့ကြည့်နေလေသည်။
သူသည် ကျိုးချောင်ချောင်၏အသံ ကြားသောအခါ သူ၏မျက်လုံးများသည်
ဆွဲဆောင်မှုအပြည့်ရှိနေပြီး သူမကို လှည့်ကြည့်လိုက်၏။
"တောင်းပန်ပါတယ် "သူသည် ပြာခွက်ထဲတွင်
စီးကရက်အတိုကို ဖိချေလိုက်၏။ ထို့နောက် ကျိုးချောင်ချောင်ကို အာရုံစိုက်ပြီး မေးလေသည်။
"အတူတူထမင်းစားဖို့ မင်းမှာအချိန်ရှိလား
"
ကျိုးချောင်ချောင်က ခေါင်းခါပြီး ပြောလိုက်သည်။"
မရှိဘူး "
ယန်ဝေ့ - "..." သူ ပိုက်ဆံရဖို့ သူမကို
မကူညီခင် မေးခဲ့သင့်သည်။