အပိုင်း ၈
Viewers 1k

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း

 

အပိုင်း ၈

 

 

အငြင်းခံရမည်ဟု သူ မမျှော်လင့်ခဲ့ပါ။

 

 

ဟုတ်တယ် တကယ်တော့ သူ့တွင်ရုပ်ရည်ရူပကာ၊မိသားစုနောက်ခံ နှင့် အရည်အချင်းများ ရှိသောကြောင့် သူမကို အပြင်သို့ ခေါ်သွားရမည်မှာ လွယ်ကူလိမ့်မည်ဟု ယန်ဝေ့ထင်မိခဲ့၏။

 

 

 သို့သော်လည်း ဒီမိန်းကလေး၏ ငြင်းဆိုမှုသည် သဘာ၀ဆန်လွန်းပုံရသည်။ ယခုတော့ ကျိုးချောင်ချောင်အား တည်ကြည်စွာ ကြည့်လိုက်ရင်း တစ်ခဏလောက် သူသည်ဘာတစ်ခုမျှ မပြောနိုင်ခဲ့ပါ။

 

 

" အခုထိ ကူညီပေးလို့ ရှင့်ကို ကျေးဇူးတင်ပါတယ် "

 

 

ကျိုးချောင်ချောင်တွင် အသိစိတ်အနည်းငယ် ရှိတုန်းပင်ဖြစ်၏။ သူမသည် သူ့ကို ပြုံးပြပြီး ပြောလိုက်သည်။

 

 

ယန်ဝေ့က မျက်စောင်းထိုးပြီး အရှက်မဲ့စွာ ပြောလိုက်လေသည်။"ငါကသာ မင်းကို ကူညီခဲ့တာပါ"

 

 

ကျိုးချောင်ချောင်က ခေါင်းညိတ်ပြီး ပြန်ပြောခဲ့၏။"ဟုတ်တယ်!" ယန်ဝေ့သည် သူမကို ဆက်လက်ဦးဆောင်ပြီး မေးလေ၏။" အဲ့ဒိကျေးဇူးက တော်တော်ကြီးမားတယ်နော် ဟုတ်တယ်မလား "

 

 

ကျိုးချောင်ချောင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။"ဟုတ်ကဲ့" ၎င်းသည် ယွမ်းငါးသိန်းဝောာင် တန်၏။

 

 

ယန်ဝေ့က ဆက်ပြောလိုက်သည်။"အဲ့ဒါကြောင့် မင်းက ငါနဲ့ ထမင်းစားဖို့တောင် ဆန္ဒမရှိတာလား"

 

 

ကျိုးချောင်ချောင်သည် ခေါင်းညိတ်တာကို ရပ်လိုက်၏။ သူမသည် စဉ်းစားမရသည့်ပုံပေါက်နေပြီး မျက်တောင်ခတ်ကာ ယန်ဝေ့အား တစ်ခဏလောက် ကြည့်လိုက်သည်။ ထို့နောက် မသေချာသလိုမျိုး မေးလိုက်သည်။"ထမင်းစားတယ် ဆိုတာ ဘယ်လိုမျိုးလဲ "

 

 

ယန်ဝေ့သည် ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်လိုက်၏။ "သွားကြရအောင်"

 

 

ထို့ကြောင့် ကျိုးချောင်ချောင်သည် ကျေးဇူးတင်ခြင်းနှင့်အတူ ယန်ဝေ့နောက်မှ လိုက်ပြီး သူ့နောက်မှ ဓါတ်လှေကားထဲသို့ ၀င်လိုက်လေသည်။ ယန်ဝေ့သည် လူဆိုးတစ်ယောက်ဖြစ်ကြောင်းကို သူမ မစိုးရိမ်ခဲ့ပါ။ တကယ်တော့ လူတိုင်းသည် ခုချိန်ထိတိုင် သူ၀င်သွားသည့်အခါ  မန်နေဂျာယန်ဟု ခေါ်နေကြတုန်းပင် ဖြစ်၏။

 

 

သူသည် သာမန်လူတစ်ယောက် မဟုတ်သည်ကို တွေ့မြင်နိုင်ပြီး သူ၏အရည်အချင်းသည်လည်း ပေါ့သေးသေး မဟုတ်ပေ။ ထို့ကြောင့် သူမကို မကောင်းတာတစ်ခုခုလုပ်ရန် သူ့အတွက် မလိုအပ်ပေ။

 

 

သူသည် အမျိုးသားဇာတ်လိုက် ယန်ယဲ့၏ အဖေတောင် ဖြစ်ကောင်းဖြစ်နိုင်၏။

 

 

ပထမဆုံးအလွှာသို့ ရောက်သောကြောင့် စောစောကလူနောက် လိုက်နေသော လက်ထောက်သည် ၀င်ပေါက်တွင် ပါကင်ထိုးထားသော အနက်ရောင်ကားထဲတွင် ရှိလေသည်။

 

 

ကျိုးချောင်ချောင်သည် ပထမဆုံးအကြိမ် ယွီယောင်ဖျော်ဖြေရေးသို့ ရောက်သော်လည်း အဓိက၀င်ပေါက်တွင် ကားပါကင်ထိုးခြင်းကို ခွင့်ပြုမထားသည်ကို နားလည်သဘောပေါက်၏။ သူတို့သည် ထိုသို့လုပ်ခဲ့လျှင် ကြာကြာနေလို့မရနိုင်ချေ။

 

 

သို့သော်လည်း သူမရှေ့ရှိ အနက်ရောင်ကားကို တားပေးသော ၀န်ထမ်းမရှိဘဲ ထိုနေရာတွင် ဆက်တိုက် ပါကင်ထိုးထား၏။ မန်နေဂျာယန် ဟုခေါ်သော လူသည် တကယ့်ကိုပင် အရေးပါသောသူ ဖြစ်ရပေမည်!

 

 

သူသည် အမျိုးသားဇာတ်လိုက်၏ အဖေဖြစ်ကောင်းဖြစ်နိုင်မည်! ကျိုးချောင်ချောင်သည် သူမဘာသာသူမ တွေးပြီး တခစ်ခစ် ရယ်မောလိုက်သည်။

 

 

ယန်ဝေ့သည် ကားနောက်တံခါးကို သူမအား ဖွင့်ပေးပြီး  ယဉ်ကျေးသော အမူအရာဖြင့် သူ့နောက်ကျောရှိလက်နှင့်  ကျိုးချောင်ချောင်ကို အရင်၀င်ရန် ပြလိုက်သည်။

 

 

 ကျိုးချောင်ချောင်အား ပထမဆုံးအကြိမ်  ညှာတာထောက်ထားပြီး ဆက်ဆံခံရသော အချိန် ဖြစ်လေသည်။သူမသည် မထိုင်မီ ပျော်ရွှင်မှုနှင့်အတူ ရှက်သွေးဖြာနေ၏။

 

 

ယန်ဝေ့သည် သူမအတွက် တံခါးကို ပိတ်လိုက်ပြီး  သူကိုယ်တိုင် ကားထဲသို့‌၀င်ရန် အခြားတစ်ဖက်သို့ သွားလေသည်။

 

 

မောင်လျန့်သည် နောက်ကြည့်မှန်က‌နေ သူတို့ကို ကြိုးစားပြီး ခိုးကြည့်လိုက်၏။ သို့သော် သူ့အားပြန်ကြည့်နေသော ယန်ဝေ့ကို စောစောတွေ့လိုက်ရလေသည်။

 

 

မောင်လျန့်သည် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ပြီး လမ်းပေါ်၌သာ သူ၏အာရုံကို စိုက်ထားလိုက်သည်။

 

 

ထို့နောက် ယန်ဝေ့သည် မောင်လျန့်ကို ပြောလိုက်၏။"Domain"

 

 

မောင်လျန့်ကပြန်ပြောလိုက်၏။ ကျိုးချောင်ချောင်သည်  domain ဆိုတာဘာလဲ? ပြီးတော့ အဲ့တာဘယ်နေရာလဲ?ဆိိုပြီး သူမကိုယ်သူမ စူးစမ်းနေမိ၏။

 

 

သူမသည် ဤမေးခွန်းကို တွေးဆခဲ့သည့်အတိုင်း ရုတ်တရက် နောက်တစ်ခုကို တွေးနေပြန်၏။ ကျိုးချောင်ချောင်သည် ယန်ဝေ့ဘက်သို့ လှည့်ပြီး တိုးတိုးလေး မေးလိုက်လေသည်။"ဘယ်သူက ဘယ်သူ့ကို ထမင်း၀ယ်ကျွေးတာလဲ "

 

 

ယန်ဝေ့သည် မေးခွန်းကြောင့် အကြပ်ရိုက်သွားပြီး သူမဘာကိုဆိုလိုသည်ကို နားလည်ရန် ခဏလောက်အချိန်ယူလိုက်ရသည်။ ရုတ်တရက် သူ့တွင် သူမကို စနောက်ရန် အတွေးပေါ်ခဲ့ပြီး ရပိုင်ခွင့်ဖြင့် ပြောလိုက်သည်။" မင်း ဘယ်လိုထင်လဲ ငါ မင်းကို ကူညီခဲ့တာလေ အဲ့ဒါကြောင့် မင်း ငါ့ကိုကျွေးသင့်တယ် ဒါဟာ ပုံမှန်ပဲမဟုတ်ဘူးလား"

 

 

ပုံမှန်လား?

 

 

ဟုတ်တာပေါ့ ပုံမှန်ပဲ!

 

 

သို့သော် ခုလောလောဆယ် သူမတွင် ပိုက်ဆံမရှိပေ။

 

 

ထို့ကြောင့် ကျိုးချောင်ချောင်သည် မောင်လျန့်ဘက်လို့ မြန်မြန်လှည့်ပြီး ပြောလိုက်၏။"၀မ်ဟူလမ်း၊ ကောယွင် ဟော့ပေါ့ဆိုင်ကို သွားပါ"

 

 

မောင်လျန့်က အံ့အားသင့်သွားပြီး နောက်ကြည့်မှန်ကနေ ယန်ဝေ့အား ကြည့်လိုက်၏။ ယန်ဝေ့က သူ့ကိုပြောလိုက်သည်။"ဆက်မောင်း "

 

 

မောင်လျန့်သည် လမ်းပေါ်တွင်သာ ပြန်အာရုံစိုက်လိုက်ပြီး ယွီကျင့်ဘက်သို့ ဆက်မောင်းခဲ့လေသည်။

 

 

ယန်ဝေ့သည် ကျိုးချောင်ချောင်ဘက်သို့ လှည့်ပြီး မေးလိုက်၏။"အဲ့ဒါ ဘယ်နေရာလဲ"

 

 

"အဲ့ဒါ သိုးသားဟော့ပေါ့ ရောင်းတဲ့ စားသောက်ဆိုင်တစ်ဆိုင်ပဲ!" ဟု ကျိုးချောင်ချောင်က ပြန်ပြောလိုက်၏။ ထိုနေရာသည် သူမတွင်ရှိသောပိုက်ဆံနှင့် ယန်ဝေ့အား ၀ယ်ကျွေးရန် သူမတတ်နိုင်သော နေရာသာဖြစ်၏။ ယန်ဝေ့က နေရာရွေးပြီးပြီ ဆိုလျှင် အနည်းဆုံးယွမ်ထောင်ဂဏန်းလောက် ကုန်ကျမည်ဟု သူမ ခန့်မှန်းမိလေသည်။

 

 

ယန်ဝေ့က သက်ပြင်းချပြီး ပြောလိုက်သည်။"ထားလိုက်ဝောာ့ ဒီတစ်ကြိမ်တော့ ငါ မင်းကို ၀ယ်ကျွေးမယ် နောက်တစ်ကြိမ် မင်းမှာပိုက်ဆံရှိတော့မှ ငါ့ကို၀ယ်ကျွေး"

 

 

ကျိုးချောင်ချောင်သည် မြန်မြန် ခေါင်းညိတ်ပြီး ပြောလိုက်၏။"ကောင်းပြီလေ နောက်လာမယ့် တနလ်ာနေ့ ကျွန်မမှာ ပိုက်ဆံရှိတော့မှာ ကျွန်မ ရှင့်ကို အသား၀ယ်ကျွေးပါ့မယ်"

 

 

မောင်လျန့် - "..."သူသည် မေ့လွယ်ပြီး အလွန်ပျော်ရွှင်နေသော ကျိုးချောင်ချောင်ကို ကြည့်လိုက်သည်။ သူမသည် ယန်ဝေ့၏ လှည့်စားမှုအောက်တွင် အလွယ်တကူ ကျရှုံးခဲ့သည်ကို မယုံကြည်နိုင်ဖြစ်ခဲ့၏။

 

 

ယန်ဝေ့သည် သေချာခေါင်းညိတ်လိုက်ပြီး ကျိုးချောင်ချောင်သည် စိတ်သက်သာရာရသွားလေသည်။ သူမသည် အနည်းငယ်ပင်ပန်းပြီး သတိမထားမိဘဲ ကားထဲတွင် မကြာမီအိပ်ပျော်သွားခဲ့၏။

 

 

သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး သူမနိုးလာချိန်တွင် တောက်ပသော ကောင်းကင်ကြီးသည် မှောင်မိုက်သွားသည်ကို တွေ့ရ၏။

 

 

သူမသည် ခဏလောက် စိတ်ရှုပ်သွားခဲ့ပြီး ရုတ်တရက် သဘောပေါက်ခဲ့၏။ သူမဟာ နေ့လည်တည်းကနေ ညအထိ ကားထဲမှာ ထိုင်နေခဲ့တာလား?

 

 

မောင်လျန့်သည် ကားမောင်းသည့်ထိုင်ခုံမှ လှည့်ကြည့်လိုက်သောအခါ သူမသည် လန့်သွားပြီး ထလေသည်။သူ၏လက်ညှိုးကို နှုတ်ခမ်းနားတေ့ပြီး "ရှူး"ဟု သူမကို တိတ်တိတ်နေရန် အမူအရာဖြင့် ပြလိုက်သည်။

 

 

ထို့နောက် ကျိုးချောင်ချောင်သည် သူမ၏ ဘယ်ဘက်ပုခုံးပေါ်တွင် လေးတေးတေးဖြစ်နေသည်ကို သတိထားမိပြီး နားလည်သဘောပေါက်သွား၏။

 

 

"ခဏလောက် သူအိပ်ပါစေ" မောင်လျန့်က တိုးတိုးလေးပြောလိုက်သည်။

 

 

ခဏလောက် အိပ်တာလား? ထိုခဏတာတွင် ကျိုးချောင်ချောင်သည် သူမ၏ ဘယ်ဘက်ပုခုံး နာလာသည်ကို ခံစားမိလေသည်။

 

 

မောင်လျန့် စကားပြောပြီးနောက် ယန်ဝေ့သည် သူ၏ မျက်ခွံကို ဖြေးညင်းစွာ ပင့်ကြည့်လိုက်လေ၏။ သူ၏ ကြည်လင်သော မျက်လုံးများက သူလုံးဝမအိပ်ရဟု ထင်ရသည်။ သို့သော် မောင်လျန့်သည် သူအိပ်ပျော်ခဲ့သည်ကို သိခဲ့လေသည်။

 

 

ယန်ဝေ့သည် ခေါင်းထောင်လိုက်ကာ ရှေ့သို့တည့်တည့်ကြည့်ပြီး ပြောလေ၏။"ဝောာင်းပန်ပါတယ်"

 

 

ကျိုးချောင်ချောင်သည် သူမ၏ဘယ်ဘက်လက်ကို လှုပ်ရှားပြီး ပြောလိုက်သည်။"ရပါတယ် ပြဿနာမရှိပါဘူး ကျွန်မတို့ ရောက်ပြီလား?"

 

 

 သူမကိုဖြတ်ကျော်ပြီး ကြည့်ရန်ကြိုးစားသော်လည်း ယန်ဝေ့၏ အကြည့်များသည် သူမဆီကို ဖြည်းညှင်းစွာလှည့်လာသည်။ သူ၏ အညိုရောင် မျက်၀န်းနက်နက်က ညှို့ယူဖမ်းစားနေသဖွယ် ဖြစ်လေသည်။

 

 

သူ သူမကိုကြည့်လိုက်ချိန်တွင် ကျိုးချောင်ချောင်သည် စိတ်လှုပ်ရှားသွား၏။ ထို့ကြောင့် သူမသည် သူမကိုယ်သူမယုံကြည်မှု‌ရှိစေရန် မှန်မှန် အသက်ရှူပြီး သူ့ကိုမေးလိုက်သည်။"ရှင် ဘာကိုကြည့်နေတာလဲ"

 

 

ယန်ဝေ့ကပြုံးပြီး ပြောလိုက်သည်။"ဘာမှမကြည့်ပါဘူး ငါစိတ်၀င်စားဖို့ ကောင်းတာလေး တွေ့လို့ပါ"

 

 

ကျိုးချောင်ချောင်သည် ခေါင်းကိုငဲ့ကာ သူ့ကိုအံ့ဩတကြီး ကြည့်နေသည်။ မောင်လျန့်သည် ကားထဲမှထွက်ပြီး ကျိုးချောင်ချောင်၏ အတွေးများကို နှောင့်ယှက်ရင်း သူတို့အား တံခါးဖွင့်ပေးလိုက်လေသည်။

 

 

ယန်ဝေ့ ကျိုးချောင်ချောင်ကို ခေါ်လာသော domain မှာ အဆင့်မြင့် အနောက်တိုင်းစတိုင် စားသောက်ဆိုင်ဖြစ်လေသည်။ သူတို့၀င်သွားချိန်တွင် တေးသွားများဖြင့် သူတို့အား စီးမြော‌စေရင်း စားသောက်ဆိုင်၏ ထောင့်တိုင်းတွင် ပြည့်နေသော သာယာညှင်းပျောင်းသော ဆက်ဆိုဖုန်းဂီတ ဖြင့် သူတို့ကို နှုတ်ဆက်လေ၏။

 

 

တောက်ပနေသော အလင်းရောင်များ၊ရိုးရှင်းပြီး တန်ဖိုးကြီးသော စားပွဲ၊ကုလားထိုင်နှင့် ဘားများသည် စိတ်ကျေနပ်သည့် ခံစားချက်ကိုရစေသည်။ နံရံပေါ်ရှိ ပန်းချီများကို ရွှေသတ္တုဖြင့် ဘောင်ခတ်ထားလေသည်။ သလင်းကျောက်မီးဆိုင်းအောက်တွင် ‌ကောင်းမွန်သည့်လေကို လည်း ထုတ်ပေး၏။

 

 

ယဉ်ကျေးပျူငှာသော စားပွဲထိုးသည် သူတို့နှစ်ယောက်ကို စားပွဲဆီသို့ ပို့ဆောင်ပြီး စားသောက်ဖွယ်စာရင်း ပေးလိုက်၏။

 

 

ကျိုးချောင်ချောင်သည် စားသောက်ဖွယ်စာရင်းကို ဖွင့်ကြည့်သောအခါ တစ်ခဏချင်း စိတ်ရှုပ်သွား၏။ စားသောက်ဖွယ်စာရင်း၏ ပထမဆုံးစာမျက်နှာ တစ်ခုလုံးသည် ရုပ်ပုံမပါဘဲ အင်္ဂလိပ်လိုချည်းဖြစ်နေသည်။ ကျိုးချောင်ချောင်သည် ထိုအရာတို့ကို နားမလည်ခဲ့ပေ။

 

 

Domain ရှိ စားသောက်ဖွယ်စာရင်းသည် အဂ်လိပ်လိုချည်း သီးသန့်ဖော်ပြ‌ထားသော စာမျက်နှာတစ်ခုသာ ရှိ၏။ ကျိုးချောင်ချောင်သည် အမဲသားအချို့ ရှာချင်ခဲ့၏။ သို့သော် ထိုအစား စားသောက်ဖွယ်စာရင်းတွင် "pastrami"ဟု ရေးထား၏။

*pastrami - အမဲ ကျပ်တိုက်သားတစ်မျိုး

 

 

ထို့ကြောင့် တစ်ယောက်ယောက်က အင်္ဂလိပ်စာမတော်လျှင် သူတို့သည် ကျိုးချောင်‌ချောင်ကဲသို့ စိတ်ရှုပ်သွားရပေလိမ့်မည်။ တကယ်တော့ တစ်ချို့အစားအစာတွင် အမျိုးအစား အများအပြား ရှိလေသည်။

 

 

ယန်ဝေ့သည် နားမလည်နိုင်ဖြစ်နေသော ကျိုးချောင်ချောင်အား ပြုံးပြုံးလေးကြည့်ပြီး မေးလိုက်၏။ "ဘာဖြစ်လို့လဲ? ဒါကို နားမလည်လို့လား?"

 

 

ကျိုးချောင်ချောင်သည် သူမအား လွယ်လွယ်ရန်စနိုင်သောကြောင့် လူတွေ သူမကို ရန်စသည်ကို မကြိုက်ပေ။သူမသည် အမျိုးအစားထဲမှ တစ်မျိုးကို ချက်ချင်း လက်ညှိုးထိုးပြလိုက်၏။ "ဒီ tortellini ကျွန်မကို ပေးပါ"

*tortellini - ဖြည့်စွက်စာပါရှိသော လက်စွပ်ပုံသဏ္ဍာန်ပုံစံ ခေါက်ဆွဲ (အသား သို့မဟုတ် ချိစ်ကဲ့သို့)

 

 

သူမဘေးတွင်ရပ်နေသော စားပွဲထိုးသည် ငုံ့ပြီးပြောလိုက်၏။" ဟုတ်ကဲ့ မစ်"

 

 

ကျိုးချောင်ချောင်သည် ပြုံးစိစိလုပ်ပြီး ယန်ဝေ့ကို ပြောလိုက်၏။"ကျွန်မက ခရင်မ် ကြိုက်တယ်"

 

 

ယန်ဝေ့ - "…"