အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့်
အစ်ကိုနှင့် လက်ထပ်ခြင်း
အပိုင်း ၉
သူမသည် အချို့သော စကားလုံးအသစ်များကို နားမလည်ခဲ့ပေ။
သို့သော် tortellini အောက်ရှိ စာတိုလေးကို "ခရင်မ်နှင့်လုပ်ထားသည်"ဟု ဖတ်လိုက်၏။
ခရင်မ်နဲ့လုပ်တာ ဘာဖြစ်နိုင်မလဲ? ကျိုးချောင်ချောင်၏ ပထမဆုံး ထင်လိုက်သည်က စပါကတီ ဖြစ်၏!
ခရင်မ်ပါသော စပါကတီ သံသယဖြစ်ဖွယ်မရှိအောင် အရသာရှိလှသည်။
ယန်ဝေ့သည် အီတလီအစားအစာ tortellini တစ်ပန်းကန်ကို
မှာလိုက်ပြီး ဂုဏ်ယူနေပုံရ၏။ သူသည် စားသောက်ဖွယ်စာရင်းကို စားပွဲထိုးအား ပေးလိုက်ချိန်တွင်
ပြုံးပြီး ခေါင်းခါရင်း ပြောနေ၏။"ဒီနေ့ စားဖိုမှူးရဲ့ ထောက်ခံချက်ပေးတာကို စားရအောင်"
စားပွဲထိုးသည် စားသောက်ဖွယ်စာရင်းကို ပြန်လက်ခံပြီး
သိမ်းလိုက်၏။
ထိုအချိန်တွင် ကျိုးချောင်ချောင်သည် သူမသည်လည်း
ဤကဲ့သို့ မှာသင့်သည်ဟု တွေ့ရှိသွားလေ၏။ သူမ၏ မျက်နှာတွင် ပူပန်နေပုံပေါက်နေသည် -
"…"
ယန်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။"…"
ညစာစားဖို့ သူမကို ခေါ်လာတာ ဘယ်လိုလုပ်ပြီး အသုဘကို သွားနေတဲ့ ပုံပေါက်နေတာလဲ။
ကျိုးချောင်ချောင်သည် သူမဒီလိုလုပ်ခဲ့လျှင်ဟု
အံ့ဩရင်း ငေးကြည့်နေလေသည်။ ကျိုးချောင်ချောင်သည် မိုက်မဲသော်လည်း သူမ၏ ပင်ကိုစရိုက်မှာ
လုံး၀မကောင်းသည်တော့ မဟုတ်ပေ။ မဟုတ်လျှင် သူမသည် ဒီအသက်အရွယ်ထိ ရှင်သန်နိုင်လိမ့်မည်
မဟုတ်ပေ။
ပျော့ညံ့သူအဖြစ် တွေ့ရသည်ကို မကြိုက်ခြင်းသည်လည်း
သူမ၏ သိမ်ငယ်စိတ်ရှုပ်ထွေးမှုနှင့် ဆက်စပ်နေပေမည်။ ထို့ကြောင့် သူမသည် အမြဲတမ်း ဒေါသနည်းနည်းနဲ့
သက်သေပြဖို့ စိတ်အားထက်သန်လေသည်။
သူမ မသိသောဟင်းကို မှာယူပြီးနောက် ယန်ဝေ့မှာယူသည့်
ပုံစံသည် တစ်ခဏလောက် သူမကို စိတ်ပျက်စေခဲ့၏။
ယန်ဝေ့သည် စားပွဲပေါ်ရှိ ဖန်ခွက်မြင့်မြင့်တစ်လုံးကို
ကောက်ယူကာ သူမကိုတစ်ချက်မျှ ကြည့်လိုက်ပြီး မေးလိုက်၏။"မင်း ဘာကြည့်နေတာလဲ?"
ကျိုးချောင်ချောင်က ခေါင်းခါလိုက်ပြီး ယန်ဝေ့သည်
ဝိုင်ခွက်ကို လှုပ်ယမ်းလိုက်သည်။ ဖန်ခွက်ထဲရှိ ဝိုင်သည် ဝိုင်နံ့ထုတ်ရင်း သူ့လှုပ်ရှားမှုနှင့်အတူ
လည်ပတ်နေသည်။
ယန်ဝေ့သည် ဖန်ခွက်နှုတ်ခမ်းကို စောင်းလိုက်ပြီး
သူမကိုမေးလိုက်၏။" 'ဝိုင်အရှည် 'ဆိုတာ ဘာကိုဆိုလိုလဲ မင်းသိလား?"
ကျိုးချောင်ချောင်သည် သူမခေါင်းထဲတွင် မေးခွန်းကြီးသုံးခုပေါ်လာသည်နှင့်အတူ
သူ့အား ကြည့်လိုက်သည်။ယန်ဝေ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ ဝိုင်တစ်ငုံလောက်သောက်ကာ
မျက်လုံးမှိတ်ပြီး ခဏလောက်အရသာခံလိုက်သည်။
"အရှည်ဆိုတာ ဝိုင်ကိုအရသာခံတဲ့ အချိန်ကိုဆိုလိုတာ။အချိန်ကြာလေ
အရသာ ပိုကောင်းလေပဲ။ ခုငါတို့မှာရှိတဲ့ ဝိုင်လိုမျိုးပဲ အဲ့ဒါရဲ့အချိုဓါတ်တွေ၊ အချဉ်ပေါက်တာတွေ၊တန်းနစ်အက်စစ်
ပါတာတွေက ကောင်းမွန်တဲ့ အနေအထားကို ရောက်သွားတာ"
ကျိုးချောင်ချောင်သည် သူ့အား ငြိမ်သက်စွာ နားထောင်နေ၏။
ယန်ဝေ့၏ ကျဉ်းမြောင်းလှသော ဖီးနစ်မျက်လုံးများသည် ကမ္ဘာကြီးကို ပျော်ရွှင်စရာ ကျမ်းစောင်ပေးနေသလို
သူမကို အသာအယာ ဖျက်ကနဲကြည့်လိုက်သည်။
"မင်းမှာ မေးစရာ တစ်ခုခုရှိလား "ယန်ဝေ့က
သူမကိုမေးလိုက်သည်။ သူသည် စကားများသောလူ မဟုတ်ပါ။သို့သော် ကျိုးချောင်ချောင်ကတော့ မတူပေ။
ဒီနေ့ ကုမ္ပဏီတွင် သူတို့တွေ့သောအခါ ဒီမိန်းကလေးသည် အတော်ထူးခြားသည်ဟု သူ ခံစားမိ၏။
သို့သော် သူသည် ဒီမိန်းကလေး ဘာထူးခြားလဲဆိုသည်ကို
အတိအကျ မပြောနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် အပေါ်ထပ်သို့ သူမနောက်မှ လိုက်ခဲ့သည်။ တကယ်တော့
ယန်ဝေ့သည် ယွီယောင်ဖျော်ဖြေရေး၏ ဥက္ကဌငယ် တစ်ယောက်ဖြစ်၏။ သူသည် အသောက်အစား အပျော်အပါး
များနှင့် တစ်ခုမှ ကင်းကွာမနေခဲ့ပေ။ သူလိုချင်သည့် အရာတိုင်းကို ရအောင်ယူလေ့ရှိသည်။
သူ့လိုလူတစ်ယောက်အတွက် သူ့အတွေးနှင့် လုပ်ရပ်ကို
ဖိနှိပ်ရန် လိုအပ်ပါသလား? ဥပဒေချိုးဖောက်ရသည်ကိုတော့ သူမကြိုက်ပေ။
ထို့ကြောင့် ယန်ဝေ့သည် သူမနောက်ကို လိုက်ပြီး
ညစာစားရန် သူမကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏။
အံ့ဩစရာကဝောာ့ သူခရစ်စမတ်မနက်ပိုင်း နိုးလာချိန်တွင်
ကုတင်ဘေးက လက်ဆောင်လိုပဲ။ သူအိပ်ပျော်နေသောအခါ မသိခဲ့ပေ။
သို့သော် အမှန်တကယ်တွင် အိပ်ဆေးမှလွဲ၍ နှစ်နှစ်ခြိုက်ခြိုက်
အိပ်မပျော်ခဲ့ပေ။ နှစ်ပေါင်းများစွာဒီနေ့နေ့လည်တွင် သူလုပ်ခဲ့သည့်အတိုင်းပါပဲ။
သူမသည် ရတနာသေတ္တာတစ်ခု ဖြစ်ပြီး ဒီနေ့သူသည် အဖုံးဖွင့်ခဲ့ပြီးပြီ။
သူမ၏ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်သည် သူ့ကို၀န်းရံထား၏။ထိုအလင်းရောင်
နောက်တွင် ဘာရှိလဲဆိုတာကို သူရှာချင်ခဲ့လေသည်။
ကျိုးချောင်ချောင်သည် အတော်ထူးခြားပြီး ယန်ဝေ့သည်
သူမရှေ့တွင် အရှိကိုအရှိတိုင်း ပြချင်၏။ ထိုအရာသည် သူ၏ ကြွယ်၀ချမ်းသာမှုဖြစ်စေ၊သူ၏
ကြည့်ကောင်းသော ရုပ်ရည် သို့မဟုတ် သူ၏အဆင့်မြင့်သော အရသာခံနိုင်စွမ်း ဖြစ်စေ။
သို့သော်လည်း......
ကျိုးချောင်ချောင်သည် ခေါင်းငဲ့ပြီး ပြောလိုက်၏။
"ကျွန်မ ဝိုင်မသောက်ဘူး" သောက်ဖို့ပိုက်ဆံမရှိပေ!
ယန်ဝေ့ - "…"
ကျိုးချောင်ချောင်က ဆက်ပြီး မေးလိုက်၏။"ဒါပေမယ့်
ရှင်စကားတွေ အများကြီး ပြောပြီးပြီ ပြီးတော့ ရှင် ဝိုင်တကယ်ကြိုက်တယ် ဆိုတာ ကျွန်မယုံတယ်
မဟုတ်ဘူးလား?"
ယန်ဝေ့က ပြန်ပြောလိုက်သည်။"…" ဟုတ်တယ်
ငါအချိုကြိုက်တယ်။
အချိန်တော်တော်ကြာ နွားတစ်ကောင်နားတွင် ပီယာနိုတီးပြီးနောက်
နောက်ဆုံးတွင် သူတို့သည် လိုရင်းကိုပြောခဲ့ကြသည်။
(TL:နွားတစ်ကောင်နားတွင် ပီယာနိုတီးခြင်းသည် တရုတ်စကားပုံတစ်ခု ဖြစ်သည်။
သင်သည် အရည်အချင်းရှိတဲ့ တစ်စုံတစ်ယောက်ကို သဘောကျသည်၊သို့သော် ထိုလူသည် စိတ်မ၀င်စားဘူး
ဟု ဆိုလိုခြင်း ဖြစ်သည်။)
ဝိုင်အကြောင်းကို ကျိုးချောင်ချောင် လုံး၀စိတ်မ၀င်စားပေ။
ယန်ဝေ့ကိုယ်တိုင်လည်း စိတ်မ၀င်စားချေ။ ဝိုင်မပြောနှင့် ဤအစားအစာကိုပင် သူ,မစားပေ။
ကျိုးချောင်ချောင်သည် ခဏလောက် ဝိုင်အရသာခံသည့်
အကြောင်းကို နားထောင်နေခဲ့၏။ သို့သော် ထိုအကြောင်းကို သူမ လုံး၀နားမလည်ခဲ့ပေ။ သို့သော်လည်း
သူမသည် ယဉ်ကျေးမှုအရ မနှောင့်ယှက်ခဲ့ပါ။ အစားအသောက်များ ရောက်လာသည့်အခါ ဆန်းပြားသော
စကားပြောဆိုမှုမှ လွတ်မြောက်ခဲ့လေသည်။
ဖက်ထုပ်နှင့်တူသော တစ်စုံတစ်ခုအား အပေါ်ဆုံးတွင်
အရွက်စိမ်းစိမ်း အနည်းငယ်နှင့် ဘေးပတ်လည်တွင် အစိမ်းရောင်အမှုန့်များ ဖြူးထားပြီး အဖြူရောင်
အီတလီပန်းကန်ပြား ပေါ်တွင် ထားရှိထား၏။ ပန်းကန်ပြား အောက်တွင် နို့နှစ်ရောင်ဟင်းရည်
အချို့နှင့်အတူ ဖက်ထုပ်များကို အဝါရောင် တစ်ခုခုနှင့် ထုပ်ထားပုံပေါက်နေသည်။
ကျိုးချောင်ချောင်က မေးလိုက်၏။"ဒါဟာ...အီတလီပါစတာ
အမျိုးအစားသစ် တစ်မျိုးလား?"
"ဒါက အီတလီဖက်ထုပ်" ကျိုးချောင်ချောင်၏
သံသယများကို ပျောက်စေရင်း စန္ဒယားတစ်လုံး၏ အနိမ့်ပိုင်းမှတ်စုများကဲ့သို့ပင် အသံသည်
စားပွဲ၏ မျက်နှာချင်းဆိုင်ဘက်မှ လာခဲ့လေသည်။
ယန်ဝေ့သည် အမဲသားအပိုင်းတစ်ခုကို လှီးလိုက်ပြီး
သပ်ရပ်စွာစားရင်း ပါးစပ်ထဲသို့ ထည့်လိုက်သည်။သူသည် သူမကို ပြောလိုက်၏။"ချိစ် အဆာနဲ့"
ကျိုးချောင်ချောင်သည် ယပ်တောင်တစ်ခုလို အပြစ်ကင်းစင်စွာ
လွင့်နေသော သူမ၏ ရှည်လျားသော မျက်တောင်များကို ပုတ်ခတ်လိုက်သည်။ သူမသည် သူ့ကိုကြည့်ပြီး
ပြောလေ၏။ "…"
သို့သော် ဘာပြောရမှန်း မသိဖြစ်ခြင်းသည် သူမရှေ့တွင်
အဆင်မပြေမှုများကို မဖြေရှင်းနိုင်ခဲ့ပေ။ ထို့ကြောင့် ကျိုးချောင်ချောင်သည် ထိုအရာကို
စားရန် ဆုံးဖြတ်လိုက်သည်။ သူမသည် သူမပါးစပ်ထဲသို့ ခက်ရင်းနှင့်အပြည့် ထည့်လိုက်၏။ မသေသပ်သော
ဖက်ထုပ်များကို ခရင်မ်ဖြင့်ချက်ပြုတ်ပြီး ချိစ်နှင့်ဖုတ်ထားသည်။
တစ်ကိုက် ကိုက်ကြည့်သည်နှင့် ခရင်မ်ရည်နှင့် ရောထားသော
ချိစ်အရသာပြင်းပြင်းသည် ချက်ချင်းပင် သူမ၏ ခံတွင်းထောင့် များတွင်ပြည့်လေ၏။
အရမ်းပဲ...အီလွန်းတယ်!
ငရဲကျနေသလိုပဲ ဒါကချိစ်ဗုံး တစ်လုံးများလား?
ကောင်းကင် ရောက်လောက်အောင် အီလွန်းတယ်။
မျက်ရည်စက်လက်ဖြင့် နှစ်ခုလောက် စားပြီးနောက်
ကျိုးချောင်ချောင်သည် သူမပါးစပ်မှ ကျလာသော သားရေများနှင့် မျက်နှာချင်းဆိုင်ရှိ မီးခိုးငွေ့ထွက်နေသော
အမဲသားအား စိုက်ကြည့်ရင်း အရှုံးပေးလိုက်ပြီး ခက်ရင်းကိုချလိုက်သည်။
ယန်ဝေ့သည် စိတ်ကောင်း၀င်နေပြီး ကျိုးချောင်ချောင်ရှေ့တွင်
အမဲသား တစ်တုံးလုံးကို စားလိုက်၏။ ပြီးနောက်တွင် cappuccino-style porcini မှိုစွပ်ပြုတ်၊pan-seared
ပင်လယ်ငါးအသားလွှာ၊ ချဉ်သောခရမ်းချဉ်သီး စသဖြင့် ပန်းကန်များကို ဆက်တိုက်ထားရှိလေသည်။
နောက်ဆုံးတွင် လတ်ဆတ်သောလိမ္မော်ရောင်ခရင်မ် caramel ပူတင်းရှိလေသည်။
အီတလီအစားအစာ tortellini သာရှိသော ကျိုးချောင်ချောင်သည်သာလျှင်
ဘာမှမပြောနိုင်ခဲ့ပေ - "…"
ယန်ဝေ့သည် သန့်စင်သော အဖြူရောင် အ၀တ်ဖြင့် ပါးစပ်သုတ်လိုက်ပြီး
စိတ်ပျက်သည့် အမူအရာ ရှိနေသော ကျိုးချောင်ချောင်ကို ဖျက်ကနဲ ကြည့်လိုက်သည်။သူကမေးလိုက်သည်။
"မင်း ဘာလို့ မစားတာလဲ?"
ကျိုးချောင်ချောင်သည် သူ့အတွက် အစေခံယူသွားသော
ပန်းကန်အလွတ် နှင့် သူမရှေ့ရှိ ကျန်နေသော tortellini ဆယ်ခုကို ကြည့်လိုက်၏။ သူမသည်
ပါးစပ်ဟပြီး သူမပြည့်နေသည် ဟု ပြောချင်ခဲ့၏။ သို့သော် မတုံ့ပြန်နိုင်ဘဲ အကူညီမဲ့သော
လေသံဖြင့် ပြောလိုက်သည်။"ကျွန်မ အချိုပွဲလည်း စားချင်သေးတယ်"
ဘယ်လောက်တောင် ရိုးအလိုက်တဲ့ မိန်းကလေးလဲ။
ယန်ဝေ့က ပေါ့ပေါ့ပါးပါး ရယ်လိုက်၏။ တကယ်တော့ သူသည်
အများကြီး စားပြီးနောက် တစ်ခုခုကို အရသာခံလေ့မရှိပါ။ သူသည် သူမကို စ,ရသည်ကိုသာ သဘောကျ၏။
သူမကို စနောက်ပြီးနောက် စားရန် တစ်ခုခု သူမကို ကျွေးသင့်သည်။ သူသည် ဘေးနားမှ စားပွဲထိုးကို
ပြောလိုက်၏။
"သူမအတွက် tortellini ကိုယူသွားပြီး တူနာဆော့စ်
အမဲသားလိပ်၊ porcini မှိုစွပ်ပြုတ်၊ salted chocolate chips၊ espresso panna cotta
အချိုပွဲ တစ်ပွဲ ယူလာပေး"
ယန်ဝေ့သည် တရုတ်လို ရည်ရွယ်ချက်ရှိရှိနှင့် ပြောခဲ့၏။သူ
စကားပြောပြီးနောက် ကျိုးချောင်ချောင်ကို ကြည့်ပြီး မေးလိုက်သည်။ "အခြား တစ်ခုခုများ
မင်း မှာချင်သေးလား?"
ကျိုးချောင်ချောင်သည် နှုတ်ခမ်းကိုက်ပြီး ခေါင်းခါလိုက်၏။
သူမသည် ရှက်ကိုးရှက်ကန်းဖြင့် သူမ၏ အစားအစာများကို
စောင့်နေစဉ်တွင် ယန်ဝေ့သည် အလွန် တိတ်ဆိတ်ပုံပေါက်နေသည်။
သူသည် အထီးကျန်သောလူ တစ်ယောက်ဖြစ်၏။ သူ စကားမပြောချင်တဲ့အခါ
သူ့ပတ်ပတ်လည်ရှိ လေတောင်မှ လူများကို တွန်းထုတ်လိုက်သလိုပင်။ သူဘာကြောင့် ရုတ်တရက်
တိတ်ဆိတ်သွားသည်ကို ကျိုးချောင်ချောင် မသိခဲ့ပေ။ ထို့ကြောင့် သူမသည် သူ့ကို စပြီး စကားမပြောခဲ့ချေ။
အရှက်လွန်သွားပြီးနောက် သူမသည် သူမ၏ အစားအသောက်များကို
ပျော်ရွှင်စွာ စောင့်ဆိုင်းနေလေသည်။ သူမသည် မြေပြင်ပေါ်တွင် သူမ၏ ခြေချောင်းများကို
လျှောရင်း ကြမ်းပြင်ပေါ် ငုံ့ကြည့်ရင်း ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။
အစားအစာများသည် မြန်မြန် ရောက်လာခဲ့၏။ ကျိုးချောင်ချောင်သည်
အီသောအရသာကို ငြီးငွေ့ပြီးလေပြီ။ အသင့်စား ခေါက်ဆွဲဖြစ်ဖြစ် သူမခံတွင်းရှင်းစေရန်
အခြားတစ်ခုခုကို စားချင်မိခဲ့၏။ ထိုခဏတွင် သူမ၏ အသုံးအဆောင် ပစ္စည်းများယူပြီး အားရပါးရ
စားလေသည်။
ကျိုးချောင်ချောင်သည် တကယ့်ကို အရသာရှိရှိ စားလိုက်ရသည်။
သူမ ဆေးရုံတက်ခဲ့ချိန်တွင် ရှောင်ခိုင် (နေကာမျက်မှန်နှင့်အစ်ကို) သည် သူအလည်လာတိုင်း
သူမနှင့် စားခဲ့၏။ သူမနှင့်အတူ စားနေစဉ်တွင် သူသည် နောက်ထပ် တစ်ပန်းကန်စားနိုင်ခဲ့သည်ဟု
အမြဲပြောလေ့ရှိသည်။
ကျိုးချောင်ချောင်သည် သူမပါးစပ်ထဲသို့ ကြီးလှသော
အစားတစ်လုတ်ကို ထည့်သွင်းလိုက်၏။ သူမ၏ ပါးပြင်များသည် တက်လိုက်ဆင်းလိုက် လှုပ်ရှားနေပြီး
သူမကို ရှဉ့်တစ်ကောင်နှင့် တူစေသည်။ သူမ မျိုချလိုက်သည့်အခါ အမြဲစိတ်ကျေနပ်ခဲ့ရလေ၏။
သူမဟာ အစားအစာများကို ဝါးပြီး မျိုချရသည်ကို နှစ်သက်ပြီး
ထိုအရာသည် သူမအား ပျော်ရွှင်စေသည်။
ယန်ဝေ့သည် အဝေးသို့စိုက်ကြည့်နေရင်း မျက်လုံးထောင့်ကနေ
သူမကိုကြည့်နေသည်ကို ကျိုးချောင်ချောင် မသိခဲ့ပေ။
သူသည် သွားရေများမျိုချပြီး ပထမဆုံးအကြိမ် အစားစားချင်စိတ်
ဖြစ်မိလေသည်။