အပိုင်း ၁၀
Viewers 1k

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း

 

အပိုင်း ၁၀

 

 

 

ကျိုးချောင်ချောင် စားပြီးနောက် သူမမျက်နှာချင်းဆိုင်တွင် ထိုင်နေသော ထိုလူ၏အကြည့်များသည် ပို၍ပြင်းထန်လာသည်။ ဇွန်းပေါ်ရှိ Panna cotta  သည် ရုတ်တရက် မလှုပ်တော့ဘဲ အနည်းငယ် တုန်သွားသည်။

 

 

ကျိုးချောင်ချောင်သည် သူ့ကို သတိထားပြီး မျက်လုံးပင့်ကြည့်လိုက်၏။ အမှန်တကယ်တွင် ယန်ဝေ့သည် သူမကို စိုက်ကြည့်နေခဲ့သည်။

 

 

Panna cotta ကိုကိုင်ထားရင်း ကျိုးချောင်ချောင်သည် ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်လေသည်။ယန်ဝေ့သည် သူမကို စူးစိုက်ပြီး ကြည့်နေ၏။

 

 

တကယ်တော့ သတိပြုမိတဲ့ အာရုံကောင်းကောင်း ရှိသော ကျိုးချောင်ချောင်တွင် ထူးဆန်းသော အတွေးများ မရှိဘဲ မေးလိုက်၏။

 

 

"ရှင် panna cotta နည်းနည်းလောက် စားချင်လို့လား?"

 

 

ယန်ဝေ့သည် ငေးကြည့်နေခြင်းကို တိတ်တိတ်လေး ရှောင်လွှဲလိုက်၏။ ကျိုးချောင်ချောင်သည် panna cotta ကို သူ့ဆီသို့ တွန်းပြီး မေးလိုက်သည်။ "ရှင် နည်းနည်းလောက် စားချင်လား?"

 

 

ယန်ဝေ့က လှောင်ရယ်လိုက်၏။"ဟာ ငါနည်းနည်း စားထားတယ်လေ"

 

 

ကျိုးချောင်ချောင်က မြန်မြန်ပြန်ယူလိုက်ပြီး ပြောလိုက်သည်။"ကျွန်မလည်း အဲ့လိုထင်တာပဲ"

 

 

ယန်ဝေ့သည် သူ့ဘေးနားရှိ ၀န်ထမ်းဘက်သို့ လှည့်ပြီး ပြောလိုက်၏။" နောက်ထပ် panna cotta ယူလာပေးပါ" ထို့နောက် သူသည် ကျိုးချောင်ချောင် ဘက်သို့ လှည့်ပြီး သေသေချာချာ ပြောလေသည်။"အချိုပွဲတွေကို သင့်လျော်တဲ့ အစားအစာလို့ မသတ်မှတ်ဘူး"

 

 

ကျိုးချောင်ချောင် - "……"

 

 

panna cotta စားပြီးနောက် ကျိုးချောင်ချောင်သည် ကိုယ်တိုင်မှာယူထားသော panna cotta ကို စားနေသော ယန်ဝေ့ကိုကြည့်ပြီး ခက်ခက်ခဲခဲ မေးလိုက်၏။"ရှင် အချိုပွဲကြိုက်လား?"

 

 

ယန်ဝေ့သည် နောက်ဆုံး panna cotta ကို မျက်ရည်ကျလုနီးပါး စားလိုက်သည်။ ဖယောင်းလို အရသာဆိုတာ ဘာကို ဆိုလိုတာလဲ? သူစားသည့် အစားအစာတိုင်းကို သူ့စိတ်နှင့် ခန္ဓာကိုယ်မှ ခုခံပြီး သူသည် ၎င်းကို မျိုချရန်ငြင်းဆန်တာကို ဆိုလိုသည်။

 

 

အရသာမကောင်းဘူး! အစားအစာတွေ အကုန်လုံး စားချင်စရာမကောင်းဘူး!

 

 

သူသည် အစားအစာများ၏ အရသာကို အလွယ်တကူ မခံစားနိုင်ပေ။ ဇီ၀ဗေဒအရ သူသည် မည်သည့် အစားအစာကိုမျှ လက်ခံ၍မရပေ။

 

 

အချိုပွဲလား?

 

 

သူသည် အချိုပွဲများကို မကြိုက်ပါ။ အမှန်တကယ် သူသည် မည်သည့် အစားအစာကိုမျှ မကြိုက်ပါ။အစားအသောက်များမှ ပေးသည့် ပျော်ရွှင်မှုကို ခံစား၍မရနိုင်ချေ။

 

 

ထို့ကြောင့် အစားစားခြင်းသည် သူ့အတွက် နှိပ်စက် ညှင်းပန်းနေသဖွယ်ပင် ဖြစ်၏။ သူသည် မစားရသည်ကို နှစ်သက်ပြီး တစ်ခါတရံ အကြောဆေးအရည် သွင်းရန် လိုအပ်လေသည်။

 

 

သို့သော် ဆေးသွင်းခြင်းသည် အစားစားခြင်းထက် သူ့ကို ပို၍သက်တောင့်သက်သာဖြစ်စေ၏။

 

 

သို့သော်လည်း ဤ panna cotta မှာ  မတူညီပေ။

 

 

၎င်းတွင် လူများကို ကြိုက်နှစ်သက်စေသော အရသာချိုသည့် နို့အရသာများ ကြွယ်၀စွာ ပါ၀င်လေသည်။ ၎င်းကို သူမျိုချလိုက်သည့်အခါ သူ့ကိုပေးသည့် ကျေနပ်မှုသည် နှစ်ပေါင်းများစွာ သူမကြုံတွေ့ဖူးသည့် အရာဖြစ်၏။ဒီ panna cotta သည် အရသာ ရှိလှ၏။ သူစားချင်ခဲ့သောကြောင့် အရသာရှိနေခဲ့သည်။ စားနေသည့်အချိန်တွင် သူ့တွင် အခြားမည်သည့် အတွေးမျှ မရှိခဲ့ချေ။ ထိုခဏတွင် သာမန်လူတစ်ယောက်ကဲ့သို့ အစားအစာများကို ခံတွင်းတွေ့လေသည်။

 

 

(TL: အရင်က အသက်ရှင်ဖို့ စားရဝာာကြောင့် သူစားသလိုပဲ ဒါပေမယ့် ကျိုးချောင်ချောင်ကို ကြည့်နေချင်တာမလို့ ဒီအချိုပွဲကို စားချင်စိတ် ဖြစ်မိတယ်။ သနားစရာကောင်လေးပဲ။ဒါပေမယ့် ကျွန်ုပ်သူ့အတွက် ပျော်တယ်။)

 

 

ယန်ဝေ့သည် ဇွန်းချကာ ခေါင်းမော့လိုက်ပြီး ကျိုးချောင်ချောင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။

 

 

ဤမိန်းကလေးသည် သူ့ဘ၀၏ ပဟေဠိတွင် ပျောက်ဆုံးနေသော အပိုင်းလေးနှင့် တူ၏။

 

 

"ဘာဖြစ်လို့လဲ?" ကျိုးချောင်ချောင်သည် သူမနှင့် အဖျားတွင် ထောင်နေသော ဆံပင်အား ယန်ဝေ့ငေးကြည့်သည်ကို ခံစားလိုက်မိ၏။

 

 

ဆံပင်လား?

 

 

အို့ သူမက ကတုံးနဲ့ပဲ။

 

 

"ဘာမှမဟုတ်ဘူး။ ပူတင်းက ဒီလောက်အရသာရှိမယ်လို့ မမျှော်လင့်ထားဘူး" သူသည် ပန်းကန်အလွတ်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။" ပူတင်းက ဒီလောက် အရသာ ကောင်းတယ် ဆိုတာ ငါမသိခဲ့ဘူး"

 

 

"အစ်ကိုလား?"

 

 

ရင်းနှီးနေသော ယောက်ျားအသံက နှောင့်ယှက်သောအခါ ကျိုးချောင်ချောင်သည် တစ်ခုခုပြောတော့မလို ဖြစ်ခဲ့၏။

 

 

သူမသည် စားပွဲနားတွင် ရပ်နေသော ရှန်လင်ထုံနှင့်အတူ ယန်ယဲ့ကို မော့ကြည့်လိုက်သည်။

 

 

ကျိုးချောင်ချောင်က အံ့အားသင့်သွားပြီး သူမနှင့်ရှန်လင်ထုံ နှစ်ယောက်လုံးသည် အံ့အားသင့်စွာ ပြောလိုက်သည်။"အစ်ကိုတဲ့လား?"

 

 

ကျိုးချောင်ချောင်သည် ယန်ဝေ့ကို ကြည့်လိုက်၏။ထို့နောက် ယန်ယဲ့အားကြည့်၏။ သူမသည် ယန်ဝေ့ကိုပြောလိုက်၏။"ရှင်က သူ့အစ်ကိုလား?"

 

 

ယန်ဝေ့က ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး ပြောလိုက်သည်။"ဟုတ်ပါတယ် ငါက သူ့အစ်ကိုပါ"

 

 

ယန်ယဲ့လည်း ကျိုးချောင်ချောင်ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး ရှန်လင်ထုံအား ပြောလေ၏။"သူက ငါ့အစ်ကိုပဲ  အဲ့ဒါဘာထူးဆန်းလို့လဲ?'

 

 

ကျိုးချောင်ချောင်က အံ့အားသင့်စွာဖြင့် ပြောလေ၏။" သူက ရှင့်အစ်ကိုဆိုတာ ရှင်ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး!"

 

 

ယန်ယဲ့က မျက်မှောင်ကြုတ်ပြီး ကျိုး‌ချောင်ချောင်ကို မေးလိုက်၏။" မင်းက ဘယ်သူလဲ? သူက ငါ့အစ်ကိုဆိုတာ ငါက မင်းကို ဘာလို့ ပြောရမှာလဲ?"

 

 

ရှန်လင်ထုံလည်း ရယ်မောစွာ ပြုံးပြီး ပြောလိုက်၏။ "ရှင့်မှာ အစ်ကိုတစ်ယောက် ရှိတယ် ဆိုတာ ရှင်ဘယ်တုန်းကမှ မပြောဖူးဘူး"

 

 

ယန်ယဲ့သည် ပို၍မျက်မှောင်ကြုတ်လာပြီး သူပြောချင်ခဲ့၏။ "မင်းမှာ ဘာအရည်အချင်းတွေ ရှိလို့လဲ ဟု မေးရမယ်။ "သို့သော် နောက်ဆုံးတွင် သူပြောခဲ့၏။"မင်း ဘယ်တုန်းကမှ မမေးတာ"

 

 

ရှန်လင်ထုံသည် ပြုံးရုံသာပြုံးလိုက်ပြီး တစ်ခုမျှမပြောနိုင်ခဲ့ပေ။

 

 

ကျိုးချောင်ချောင်သည် ယန်ဝေ့ကို အထိတ်တလန့် ကြည့်ပြီးပြောလေသည်။"တကယ်တော့ ရှင်က သူ့အစ်ကိုပဲ ကျွန်မထင်တာ ရှင်က....."

 

 

ယန်ဝေ့က သူမကို မေးလိုက်သည်။"ငါ့ကို ဘာလို့ မင်းထင်တာလဲ?"

 

 

ကျိုးချောင်ချောင်သည် "အဖေ"ဆိုသည့်စကားကို မနည်းမျိုသိပ်ကာ ပြောလိုက်၏။"သူ့ရဲ့...တူ"

 

 

ကျိုးချောင်ချောင်သည် ယန်ယဲ့ကို မသိခဲ့ပေ။ သူမ မေ့မြောနေသည့်အချိန်တွင် ကမ္ဘာ့လျှို့ဝှက်ချက်များကို သူမကို ပြောသောအခါ အမျိုးသားဇာတ်လိုက်တွင် အစ်ကိုရှိသည်ကို မပြောခဲ့ဖူးချေ။ ထို့အပြင် ကုမ္ပဏီရှိ လူတိုင်းက သူ့ကို "ဥက္ကဌယန်"ဟု ‌ခေါ်ကြပြီး ယန်ယဲ့ကို "ဥက္ကဌငယ် ယန်"ဟု ခေါ်ကြ၏။ ထို့ကြောင့် သူဟာအမျိုးသားဇာတ်လိုက်၏ အဖေလားဟု သူမ အမှန်တကယ် မ‌ထင်ခဲ့သော်လည်း သူမသည် နောက်ပြောင်သလိုမျိုးဖြင့် အဲ့လို တွေးခဲ့မိလေသည်။

 

 

တကယ်တော့  "ဥက္ကဌ၏ အစားထိုး ဇာတ်လမ်းနောက်ကွယ် "တွင် အမျိုးသားဇာတ်လိုက်၏ အဖေသည် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်သာ ရှိပြီး အရမ်းငယ်ရွယ်ပုံပေါက်၏။ ထိုသို့ သူမတွေးလိုက်သည့်အတွက် မည်သူမှ သူမကို အပြစ်မတင်သင့်ပေ!

 

 

အမျိုးသားဇာတ်လိုက်မှာ တကယ်ပဲ အစ်ကိုတစ်ယောက် ရှိတာလား?

 

 

"အမ် ခုလိုမေးရတာ မယဉ်ကျေးရာဖြစ်ပေမယ့်လည်း ရှင့်နာမည်ကဘာလဲ" ကျိုးချောင်ချောင်သည် ယန်ဝေ့ကို သေချာ မေးလိုက်သည်။

 

 

ယန်ဝေ့က ပြုံးပြုံးလေးနှင့် ကျိုးချောင်ချောင်ကို စီးပွားရေးကဒ် ပေးပြီးပြောလိုက်သည်။"ငါက ယန်ဝေ့ပါ။ ယွီယောင်ဖျော်ဖြေရေးရဲ့ အရင်ဥက္ကဌပါ"

 

 

ကျိုးချောင်ချောင်က ငွေရောင်သစ်သားဖြင့် ပြုလုပ်ထားသော လုပ်ငန်းကတ်အဖြူနှင့် ယန်ဝေ့ဆိုသည့် ဖောင်းကြွ အနက်ရောင်စာလုံးများကို  အံ့အားသင့်စွာ ကြည့်လေသည်။

 

 

ယန်ယဲ့က ကျိုးချောင်ချောင်ကို စောင်းငဲ့ကြည့်လိုက်သည်။ စားသောက်ဆိုင်ထဲတွင် ဦးထုပ်ဆောင်းထားသည့် တစ်စုံတစ်ယောက်ကို တွေ့ရသည်မှာ ရှားလှ၏။

 

 

သူသည် သူမဦးထုပ်အောက်ကို မြန်မြန်စောင်းကြည့်လိုက်၏။ သို့သော် သူမ၏ဆံပင်ကို တွေ့ပုံမရခဲ့ပေ။ သူသည် နောက်ထပ် မစစ်ဆေးနိုင်ခဲ့ဘဲ သူ့အစ်ကိုဘက်သို့ လှည့်ပြီး ပြောလေ၏။"အစ်ကို မင်းဒီမှာ ဘာလုပ်နေတာလဲ?"

 

 

ယန်ဝေ့က သူ့ကို အထင်သေးသလို ကြည့်ပြီး ပြောလိုက်သည်။"ဒါဟာ စားသောက်ဆိုင် တစ်ဆိုင်လေ"

 

 

ယန်‌ယဲ့က တွန့်ဆုတ်ပြီး မေးလေ၏။"ဒါပေမယ့် မင်းက မစားဘူး.....မင်းက ဒီမှာ မင်းကောင်မလေးနဲ့လား?"

 

 

သူ၏အစ်ကိုသည် မစားနိုင်ပေ။ သို့သော် သူသည် စားသောက်ဆိုင်တွင် ရှိခဲ့လေသည်။ ဒီမိန်းကလေးက သူ့အစ်ကိုရဲ့ ကောင်မလေး ဖြစ်နိုင်ပါ့မလား???

 

 

ယန်ဝေ့ကပြုံးကာ အနည်းငယ် နှုတ်ခမ်းတွန့်ပြီး ပြောလေ၏။"မဟုတ်ဘူး သူမက ငါ့ရဲ့ကောင်မလေး မဟုတ်ဘူး ဒါပေမယ့် သူမက မင်းရဲ့အကြွေးရှင်"

 

 

ယန်ယဲ့ အံ့အားသင့်သွားလေ၏။"အကြွေးရှင်လား?"

 

 

ကျိုးချောင်ချောင်က ခေါင်းစောင်းပြီး မေးလိုက်သည်။"ရှင် နိုင်ငံခြားသွားနေတာလို့ မပြောခဲ့ဘူးလား ဒါရိုက်တာယန်?"

 

 

ယန်ယဲ့သည် ကျိုးချောင်ချောင်ကို ထူးဆန်းစွာကြည့်ပြီး မေးလိုက်၏။"နိုင်ငံခြားလား?"

 

 

သူသည် ဖုန်းထုတ်ပြီး စစ်ဆေးကြည့်လိုက်၏။ အိုကေ!သူ့ကုမ္ပဏီ၏ CFO သည် စောစောက ခေါ်ထားခဲ့၏။ ယန်ယဲ့သည် CFOမှ ပို့ထားသော အချက်အလက်များကို ကလစ်နှိပ်ကြည့်ပြီး နေ့လည်ပိုင်းတွင် ကုမ္ပဏီ၏ အခြေအနေများကို မြန်မြန် သိလိုက်ရလေသည်။ ဘယ်သူ့ကို အကြွေးရှင်ဟု ခေါ်သည်ကိုလည်း သဘောပေါက်သွား၏။

 

 

ယန်ယဲ့က ချက်ချင်း နားလည်သွားပြီး မေးလိုက်၏။ "မင်းက ကျိုးချောင်ချောင်လား?"

 

 

ကျိုးချောင်ချောင်လည်း ချက်ချင်း သဘောပေါက်သွားလေသည်။"ရှင် ကျွန်မကို စောစောက မမှတ်မိဘူးလား?" သူတကယ်ပဲ ကျွန်မ အကြောင်းကို မေ့သွားတာလား???

 

 

ယန်ယဲ့က ပြုံးပြီး ပြောလိုက်သည်။"မင်းပိုပြီး လှလာလို့ မဟုတ်လား?"

 

 

ယန်ဝေ့သည် ယန်ယဲ့ နားမလည်နိုင်သော အကြည့်မျိူးဖြင့် ငေးကြည့်နေ၏။ ယန်ယဲ့က ဖိန့်ဖိန့်တုန်ပြီး ထူးဆန်းစွာ မေးလိုက်သည်။" အစ်ကို မင်းဘာအတွက်ကြောင့် ငါ့ကိုကြည့်နေတာလဲ?"

 

 

သူလုပ်တာ ဘာမှားနေလို့လဲ?

 

 

ငါ ဘာလုပ်ရမယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ? ဘာလို့ သူက အရမ်းမပျော်ရွှင်နေရတာလဲ?

 

 

ယန်ဝေ့သည် ရှန်လင်ထုံကို ဖျက်ကနဲ ကြည့်ပြီး ပြောလိုက်၏။" မင်းက မင်းကောင်မလေးနဲ့ပဲဟာ! သွားစားပါ!"

 

 

ယန်ယဲ့သည် ချက်ချင်း အထင်သေးသလို ခံစားလိုက်ရ၏။ သူသည် သူ့အစ်ကိုအား မယုံသက်ာနှင့် ကြည့်ပြီး ပြောလေသည်။" ငါတို့ အတူတူ စားလို့မရဘူးလား?"

 

 

ယန်ဝေ့သည် အကြီးအကျယ် စက်ဆုပ်ရွံရှာမှုဖြင့် ပြောနေရင်း စားပွဲပေါ်ရှိ သူ့လက်ညှိုးကို ပုတ်လိုက်သည်။" ငါတို့ စားသောက်လို့ ပြီးသွားပြီ။ ပြီးတော့ ငါလည်း မင်းနဲ့အတူတူ မစားချင်ဘူး"

 

 

ယန်ယဲ့ - "…"သူက သူ့ရဲ့ အစ်ကိုအရင်းပဲလေ!

 

 

ယန်ဝေ့သည် သူ့ရှေ့တွင် ရပ်နေသေးသော ယန်ယဲ့နှင့် သူ့ကောင်မလေးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။သူသည် လက်ကို ခါယမ်းရင်း ပြောလိုက်သည်။"သွားစားပါ! ဒီမှာရပ်နေပြီးတော့ ငါ့စိတ်ကို မနှောင့်ယှက်နဲ့"

 

 

ယန်ယဲ့ -"…"

 

 

ရှန်လင်ထုံ - "…"

 

 

ဥက္ကဌယန်သည် သူ့ညီအရင်းရှေ့တွင် ဒီလိုမျိုး နှိပ်ကွပ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။

 

 

ကျိုးချောင်ချောင်သည် ဆွံအသွားခဲ့၏ - "…"ယန်ဝေ့က တော်တော်လေး အပေါ်စီးက‌နေ ပြောလိုက်တာပဲ!