အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့်
အစ်ကိုနှင့် လက်ထပ်ခြင်း
အပိုင်း ၁၁
ယန်ဝေ့သည် ယန်ယဲ့ကို အပြင်းအထန် ငြင်းဆိုပြီး
နောက်ဆုံးတွင် ကျိုးချောင်ချောင်သည် အာရုံပြန်လည်လာပြီး ယန်ဝေ့အား စိတ်၀င်တစား ကြည့်နေ၏။
ယန်ဝေ့က ဘာဖြစ်ခဲ့တယ်ဆိုတာ မသိသော်လည်း ကျိုးချောင်ချောင်
စိတ်၀င်တစားရှိနေသည်ကို အတော်ပင် ကျေနပ်နေခဲ့သည်။
"ငါ မင်းကို ပြန်လိုက်ပို့မယ် " ယန်ဝေ့သည်
ထရပ်လိုက်ပြီး ကျိုးချောင်ချောင်ကို ပြောလိုက်၏။
ကျိုးချောင်ချောင်က အံ့အားသင့်ပြီး ပြောလိုက်သည်။"မလိုပါဘူး
ကျွန်မ ရှင့်ကို မတားချင်ဘူး"
ယန်ဝေ့သည် ခဏလောက် တွေးဆနေ၏။ သူ့နာရီကို ကြည့်လိုက်သည်။"မင်းအိမ်ကို
ရောက်တဲ့ဘက်စ်ကားက ခုလောက်ဆို ရပ်နေလောက်ပြီ"ဟုပြောရင်း သူမကို မော့ကြည့်လိုက်သည်။
ကျိုးချောင်ချောင်သည် အထိတ်တလန့် ဖြစ်သွားပြီး
ဖုန်းထုတ်ကာ ကြည့်လိုက်၏။ ထို့နောက် ယန်ဝေ့အား မော့ကြည့်ကာ ပြုံးလိုက်သည်။"ကျွန်မ
ရှင့်ကို တကယ် နှောင့်ယှက်နေမိတာပဲ။ ရှင့်ကို ကျေးဇူးအများကြီး တင်ပါတယ်"
ယန်ဝေ့ - "…" ဒီမိန်းကလေးက အောက်ကျို့တဲ့
နေရာမှာ တကယ် တော်တာပဲ။
(TL:ပိုရိုးရှင်းသည့် ဖြေရှင်းချက်က အလုပ်ဖြစ်သောအခါ
ပြဿနာကို ဖြေရှင်းဖို့ မလိုအပ်သောနည်းလမ်းကိုအသုံးပြုရန်။ - သူမသည် စီးဖို့အတွက် သူ့ရဲ့ကမ်းလှမ်းချက်ကို လက်ခံပြီးနောက်
ပထမတွင် ကျိုးနွံကာ ဟန်ဆောင်လေသည်။)
မောင်လျန့်သည် သူတို့နှစ်ယောက်ကို မြို့ပြင်သို့
မောင်းပို့ခဲ့၏။ ထို့နောက် မြို့သေးသေးလေး တစ်ခုဆီသို့ မောင်းပြီး ရက်ကွက်သေးသေးလေးတစ်ခု၏
အ၀င်တွင် ကားကိုရပ်လိုက်သည်။ ထိုနေရာသို့ ရောက်ရန် တစ်နာရီမျှကြာခဲ့လေသည်။
ယန်ဝေ့က ဆွံ့အစွာပြောလိုက်သည်။"မင်း နေရာက
အတော်ဝေးသေးလား?"
ကျိုးချောင်ချောင်က သက်ပြင်းချပြီး ပြောလိုက်၏။
"ကျွန်မတို့မြို့ရဲ့ အိမ်ငှားခက အရမ်းဈေးကြီးလွန်းလို့ပါ။ တိုက်ခန်း တစ်ခန်းအတွက်ငှားရမ်းခက
ယွမ်နှစ်ထောင့်သုံးရာ ကနေစတယ်။ ကျွန်မ တစ်ယောက်တည်း အခန်းတစ်ခန်းငှားပြီး အခြားတစ်ယောက်နဲ့ အိမ်သာ အတူသုံးရင် ယွမ် ထောင့်နှစ်ရာ ပေးရသေးတယ်။လောလောဆယ်
ကျွန်မ အလုပ်တစ်ခုရှာနေတာမလို့ ဒီမှာ ခဏနေ နေဝာာ။ အိမ်သာ၊ ရေချိုးခန်း၊ လေသာခန်းနဲ့ အိပ်ခန်းတစ်ခန်း ပါတာကို တစ်လ ယွမ်ရှစ်ရာပဲ ကျတယ်။
တကယ်ကို အများကြီးပဲ။"
ယန်ဝေ့သည် တစ်လယွမ်နှစ်ထောင့်သုံးရာကို အခက်အခဲတစ်ခု
ဟုမထင်ချေ။ တကယ်တော့ သူသည် အဝေးကြီးတွင် နေထိုင်သည်ကိုလည်း အခက်အခဲတစ်ခု ဟုမထင်ခဲ့ပေ။
သူ့ဗီလာမှ မြို့လယ်ခေါင်သို့ ရောက်ရန် တစ်နာရီနီးပါးမျှ ကြာ၏။ သူ့ဗီလာသည် ဈေးမသက်သာပေ။
တွေးကြည့်လျှင် သူသည် ကျိုးချောင်ချောင်နှင့် အတော်တူလေ၏။(TL: အား သူဟာ ဒီလိုမျိုး
တူလိမ့်မယ်လို့ ကျွန်ုပ် မထင်ခဲ့ချေ။)
ကျိုးချောင်ချောင်က ပြုံးကာ "ကျွန်မ ခုသွားဝောာ့မယ်
ရှင့်ကို ကျေးဇူးတင်ပါတယ်!"ဟု ပြောရင်း သူမ၏ ကျောပိုးအိတ်လေးကို ပိုးလိုက်သည်။
ထို့ကြောင့် ယန်ဝေ့သည် ကျိုးချောင်ချောင် ကားထဲမှထွက်ပြီး
ထွက်သွားသည်ကို ကြည့်နေ၏။ သူ့အမူအရာသည် ချက်ချင်း ၀မ်းနည်းအားငယ်သလို ဖြစ်သွားသည်။
မောင်လျန့် - "…ငါတို့ သူဌေး ဘာလို့ မပျော်သလဲဆိုတာ
စဉ်းစားလို့မရဘူး"
ယန်ဝေ့သည် "မိန်းကလေးတွေက ရှက်တတ်တယ် မဟုတ်လား?"ဟု
လေးလေးနက်နက် မေးလိုက်ရင်း သက်ပြင်းချကာ ရှေ့သို့ကြည့်လိုက်၏။
မောင်လျန့်က ခေါင်းကိုစောင်းပြီး မပြောမီ ခဏလောက်
တွေးလိုက်သည်။"ကျွန်တော်လည်း အဲ့လို ထင်တာပဲ....?"
ယန်ဝေ့က ခေါင်းညိတ်ပြီး သေချာပြော၏။"အား
သူမက ကတုံးနဲ့ အတော်လေး ချစ်စရာကောင်းလိုက်တာ"
မောင်လျန့် - "…" ဘယ်နေရာက ချစ်စရာကောင်းနေတာလဲ?
ကျိုးချောင်ချောင်၏ တိုက်ခန်းနေရာသည် နယ်မြေအသစ်တွင်
ရှိပြီး ဤနိုင်ငံလိုမြို့တွင် နေရာကောင်း တစ်ခုဟု ဆိုရပေမည်။ သူမသည် ၆၀စတုရန်းမီတာခန့်
ရှိသော မသေးသော တစ်ယောက်တည်းနေ တိုက်ခန်းတစ်ခန်း ကိုငှားရမ်းခဲ့၏။ သူမသည် ဓါတ်လှေကားခလုတ်ကို
နှိပ်လိုက်ပြီး စောင့်နေစဉ်တွင် သူမ၏ဖုန်းကို ကြည့်လိုက်သည်။ ယန်ဝေ့သည် အရင်က ၀တ္ထုထဲတွင်
ဘာလို့ မပေါ်လာသည်ကို သူမ အံ့ဩနေ၏။
သူ့မိသားစုက သူ့ကို သဘောမကျတာ.....ဖြစ်နိုင်လား?အဲ့ဒါကြောင့်
သူ့ကို သူမလိုမျိုး ကိစ္စတစ်ခုခုကနေ ဖယ်ကြဉ်ထားကြတာနေမှာ။
(TL: သူမ မိသားစုသည်လည်း သူမကို လျစ်လျူရှုထားသည်
ကိုဆိုလိုခြင်းဖြစ်သည်။)
၎င်းသည် အဓိပ္ပါယ်ရှိလှသည်။ အလယ်တန်းကျောင်း ပြီးနောက်
ကျိုးချောင်ချောင်သည် အထက်တန်းကျောင်းကို ဘော်ဒါဆောင်တွင် နေခဲ့ပြီး ပိတ်ရက်တွင် အိမ်မပြန်ခဲ့ပေ။
ကောလိပ်ပြီးနောက် သူမသည် ကျောင်းတွင်း အိပ်ဆောင်တွင် နေခဲ့ပြီး အလုပ်တစ်ခုရပြီးနောက်
ကုမ္ပဏီ၏ တည်းခိုရာနေရာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့လေသည်။
တစ်နည်းပြောရလျှင် ကျိုးချောင်ချောင်သည် အလယ်တန်းပြီးနောက်
အိမ်တွင် ပင်ပင်ပန်းပန်းနေခဲ့ရ၏။ ထိုအတောအတွင်း သူမ၏ မိသားစုနှင့် များစွာ မဆက်သွယ်ခဲ့ချေ။
နံနက်စာမှလွဲ၍ မိထွေးဖြစ်သူသည် သူမ၏ နေ့လည်စာနှင့် ညစာကို သူမ ဆရာမဆီသို့ ပို့၏။
ညနေပိုင်း စာကြည့်ချိန်ပြီး၍ သူမ အိမ်သို့ ပြန်လောသောအခါ
တစ်မိသားစုလုံး အိပ်ပျော်နေခဲ့ကြလေသည်။ သူမအမေ သေဆုံးသည့် ဖြစ်ရပ်မှလွဲ၍ သူမနှင့်သူမ၏ဖခင်ကြား
ချစ်ခင်မှုမရှိခြင်းတွင် သူမမိထွေးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အလုပ်စလုပ်ပြီးနောက် အိမ်သို့ ပြန်ရန်မှာ ပို၍ပင်
မဖြစ်နိုင်ခဲ့ပေ။ သူမ ကားတိုက်ခံရသောအခါ လူနာတင်ယာဉ်ကို သူမကိုယ်တိုင် ခေါ်ခဲ့ရ၏။
တိုက်ပြေးပြီးနောက် သူမသည် အိမ်ကိုခေါ်ခဲ့၏။သို့သော်
သူမ ပထမဆုံး ဆေးရုံတက်တုန်းကလိုပင် မိသားစုထဲမှ ဘယ်သူကမှ သူမဆီ မလာခဲ့ချေ။
ထို့ပြင် သူမ၏ ပိုက်ဆံများကို သူမမိထွေးမှ ယူသွားခဲ့၏။
ထို့ကြောင့် သူမ အကူအညီလိုသည့်အတွက် သူမအမေ၏ အစ်ကိုအား ခေါ်ခဲ့ရလေသည်။ ကံကောင်းစွာဖြင့်
သူမ၏ ဦးကြီးသည် သူမကို မှတ်မိသေးပြီး ထိုနေ့က သူမ၏ ဆေးဖိုးကုန်ကျစရိတ်များ ပေးရန် ဆေးရုံသို့
လာခဲ့၏။
နောက်ပိုင်းတွင် သူမ၏ ဦးကြီးကို သူ့မိန်းမမှ အိမ်သို့
ပြန်ခေါ်သွားလေသည်။ ထို့ကြောင့် သူမအား စောင့်ရှောက်ရန် သူမ ဦးလေးကို ခေါ်ခဲ့ရ၏။ သူမဆေးရုံဆင်းသည်
အထိ သူမဦးလေးမှ ဂရုစိုက်ခဲ့၏။
သူမ ဆေးရုံဆင်းချိန်တွင် ကျိုးရှုံ့ရှံ့ ဘာတွေလုပ်ခဲ့ပြီး သူမဆီသို့ လာမတွေ့ခဲ့သည်ကို
သိစေရန် သူမ မိသားစုဆီသို့ ပုံများပို့ခဲ့၏။ ရလဒ်အနေဖြင့် တစ်မိသားစုလုံး တိတ်ဆိတ်သွားပြီး
မည်သူမှ သူမဆီသို့ မလာခဲ့ချေ။
ကျိုးချောင်ချောင် - "…"ခုဒီအကြောင်းကို
တွေးလိုက်ရင် စိတ်ဓါတ်ကျနေရတုန်းပဲ။
အင်တာနက်သုံးသူများသည် ဤအကြောင်းကို ရှာတွေ့ခဲ့လျှင်
သူတို့သေချာပေါက် ပြောလိမ့်မည် - လူတစ်ယောက်က မင်းကို လျစ်လျူရှုရင် အဲ့ဒါသူတို့ရဲ့
အပြစ်ပဲ; လူနှစ်ယောက်က မင်းကို လျစ်လျူရှုရင် သူတို့ရဲ့ အပြစ်ဖြစ်တုန်းပဲ။ သို့သော်
လူတိုင်းက မင်းကို လျစ်လျူရှုလျှင် အဲ့ဒါသည် မင်းရဲ့ ပြဿနာပဲ။ မင်းတစ်ခုခု မှားနေတယ်လို့
တွေးဖူးလား?
ပြဿနာဆိုတာ ဘာလဲ?
ဖြစ်နိုင်သည့် တစ်ခုတည်းသော ပြဿနာမှာ သူမအမေ၏
သေဆုံးမှုသည် ကျိုးမိသားစုအပေါ် သက်ရောက်ခဲ့ခြင်းဖြစ်၏! ထိုအချိန်တွင် ကြားလိုက်ရသည်က
ကျိုး၏အဘွား ဖျားသွားသည်အထိ ကြောက်ခဲ့သည် ဟူ၏။ ကျိုးအမေ၏ ဈာပနအတွက် စီစဉ်မှုများသည်
အလျင်စလိုနှင့် ရှုပ်ယှက်ခတ်နေ၏။
"ဘီပ်" ဓါတ်လှေကား ပွင့်သွား၏။ ကျိုးချောင်ချောင်က
၀င်လိုက်ပြီး အပေါ်ရှိ နံပါတ်များကို ငေးကြည့်နေ၏။
သူမ၏ဘ၀သည် ယခုမှ စတင်ခဲ့သည်။
ကျိုးချောင်ချောင်သည် စခရင်ကို စိုက်ကြည့်နေသည်။စကားဝှက်၏
နောက်ဆုံး စာလုံးကို နှိပ်လိုက်သောကြောင့် သူမလက်တုန်နေခဲ့သည်။
ပြထားသည့် ရွေးချယ်စရာများမှာ - သွင်းငွေ၊ထုတ်ငွေ၊
လက်ကျန်ငွေ စစ်ဆေးခြင်း......
ကျိုးချောင်ချောင်က မျက်လုံးမှိတ်ကာ လက်ကျန်ငွေ
စစ်ဆေးခြင်းကို ကြိုးစားပြီး နှိပ်လိုက်သည်။ထပ်ပြီး သူမမျက်လုံး ဖွင့်လိုက်ချိန်တွင်
စခရင်တွင် ၅၂၉၁၄၆ဟု ဖတ်လိုက်၏။
"အားးး!!!" ကျိုးချောင်ချောင်သည် သူမနောက်တွင်
တန်းစီသည့် လူများကို ထိတ်လန့်ရင်း အံ့အားသင့်စွာ အော်လိုက်၏။
ကျိုးချောင်ချောင်သည် ပါးစပ်ပိတ်ပြီး သူတို့ကို
တောင်းပန်လိုက်လေသည်။ သူမသည် သုံးရာထုတ်ခဲ့ပြီး သူမဖုန်းနောက်တွင် ထားလိုက်၏။ ထို့နောက်
ပျော်ရွှင်စွာဖြင့် သူမပိုက်ဆံအိတ်ထဲသို့ ကဒ်ကို
ပြန်ပြီး ထည့်ထား၏။
အား အား အား အား အား အား အား!!! ($ 0$ )
ငါ့မှာ ပိုက်ဆံရှိပြီ! ငါ့မှာ ပိုက်ဆံရှိပြီ!
ငါ့မှာ ပိုက်ဆံရှိပြီ!!!
ကျိုးချောင်ချောင်သည် နှစ်ကြိမ်လောက် နေရာတွင်
စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေခဲ့သည်။ သူမ၏ အသံကို နှိမ့်ရင်း ပြောလေသည်။"ရိယားရိယားယား
ငါ ပိုက်ဆံနည်းနည်းလောက် သုံးချင်တယ်"
ကျိုးချောင်ချောင်သည် နေရာတွင် လှည့်ပတ်ကြည့်လိုက်ပြီး
လျန့်ကျားမင်ဆီသို့ စာတစ်စောင် ပို့လိုက်၏။" နင် ဘယ်အချိန် အလုပ်ဆင်းမှာလဲ? ဟင်?"
ဟု မေးလိုက်သည်။
လျန့်ကျားမင်က စာတစ်စောင်အား မြန်မြန် ပြန်ပို့လိုက်သည်။"
ဒီနေ့ ငါးနာရီမှ အလုပ်ဆင်းမှာ"
ကျိုးချောင်ချောင်မှ "အိုကေ" ဟုပြန်ပြောကာ
"ဒီည ငါနင့်ကို ညစာကျွေးမယ်။ အရင်က နင်ငါ့ကို
ခဏခဏ ၀ယ်ကျွေးပြီးပြီ။ အဲ့ဒါကြောင့် ခု နင့်ကို ၀ယ်ကျွေးရမယ့် အလှည့်ပဲ။ နင်ကြိုက်တဲ့
စားသောက်ဆိုင် တစ်ခုခု ရွေးပြီး ငါ့ကို မငဲ့နဲ့" ဟုပြောလေသည်။
လျန့်ကျားမင်၏ စာမှာ"နင်က ပိုက်ဆံနဲ့ပတ်သက်ရင်
နင့်မိထွေး လှည့်စားတာ ခံနေရတဲ့သူ မဟုတ်လား? အဲ့အစား ငါ နင့်ကိုပဲ ကျွေးပါရစေ!"
ဖြစ်လေ၏။
ကျိုးချောင်ချောင်က ရယ်ပြီး ပြောလိုက်သည်။"လွန်ခဲ့တဲ့
နှစ်ပတ်လောက်က နိုက်ကလပ်တစ်ခုရဲ့ အ၀င်မှာ ပန်းအိုးတစ်လုံးနဲ့ ငါအရိုက်ခံခဲ့ရတယ်။ အဲ့လိုလုပ်ခဲ့တဲ့သူက
ငါ့ကို ဒဏ်ရာရသွားတဲ့ အတွက် လျော်ကြေးပေးခဲ့တာ"
လျန့်ကျားမင် - "…"ဒါဆို လျော်ကြေးငွေ
ရဖို့ ဒဏ်ရာအရခံနေရတာပေါ့။
ညနေပိုင်းတွင် လျန့်ကျားမင်သည် သူမ၏ယူနီဖောင်းကို
လဲရန် အချိန်မရှိတော့ဘဲ ကျိုးချောင်ချောင်နှင့် တွေ့ရန် ချိန်းထားသော စားသောက်ဆိုင်သို့
အလျင်စလို သွားခဲ့၏။
ဤပင်လယ်စာဆိုင်သည် သူမ ကျိုးချောင်ချောင်ကို ညစာ
မကြာခဏ ၀ယ်ကျွေးခဲ့သော ဆိုင်ဖြစ်၏။သူမသည် ဆွေမျိုးတစ်ယောက်၏ မင်္ဂလာဆောင်ဧည့်ခံရန်
ဒီနေရာကို လာခဲ့တုန်းက ဟင်းပွဲများကို သဘောကျခဲ့လေသည်။ ထို့ကြောင့် သူမသည် ကျိုးချောင်ချောင်ကို
ကျွေးရန် ဒီနေရာသို့ မကြာခဏ ခေါ်ခဲ့လေ၏။
စားသောက်ဆိုင်ထဲသို့ ၀င်လိုက်သောကြောင့် လျန့်ကျားမင်သည်
အလွန်ကြီးမားသော စားပွဲတွင် တစ်ယောက်တည်း ထိုင်နေသော ကျိုးချောင်ချောင်ကို တွေ့လိုက်၏။
"အလွန်ကြီးမားတယ်ဆိုတာ"ဘာကို ဆိုလိုတာလဲ? သူတို့နှစ်ယောက်လုံး အတွက်ပဲ ညစာစားမယ်လို့
ထင်ခဲ့မိ၏။ သို့သော် ဒီအရူးမလေးသည် ဘာရည်ရွယ်ချက်ကြောင့် လူအယောက်နှစ်ဆယ်စာ စားပွဲတွင်
ရှိရတာလဲ?
လျန့်ကျားမင်သည် သူမဆီသို့ မြန်မြန်ပြေးသွားပြီး
မေးလိုက်၏။"ချောင်ချောင် နင် တခြားလူတွေလည်း ဖိတ်ထားခဲ့တာလား?"
ကျိုးချောင်ချောင်က ဂုဏ်ယူစွာပြုံးပြီး ပြောလေသည်။"ကျားမင်
ဒါက ငါတို့နှစ်ယောက်အတွက်ပဲ ဖယောင်းတိုင်မီးနဲ့ ကျင်းပတဲ့ ညစာ"
လျန့်ကျားမင်က မေးလိုက်သည်။"ဒါဆို ပိုနေတဲ့
ခုံ၁၈ခုံက ဘယ်သူတွေ အတွက်လဲ?
ကျိုးချောင်ချောင်သည် အထက်စီးဆန်သော ဥက္ကဌတစ်ယောက်လို
ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်၏။"ကျားမင် ကြည့်လိုက်ဦး ဒီထိုင်ခုံတွေအကုန်လုံးကို
ငါက နင့်အတွက် ကြိုငှားထားတာ"
လျန့်ကျားမင် - "…" ဒါ ရူးနေတာပဲ! ပန်အိုးနဲ့
အရိုက်ခံရလို့ သူမ ရူးသွားခဲ့တာလား?