အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့်
အစ်ကိုနှင့် လက်ထပ်ခြင်း
အပိုင်း ၁၂
ကျိုးချောင်ချောင်သည် လျန့်ကျားမင်၏ ချစ်စရာကောင်းပြီး
ရိုးသားသော အကြည့်ကို တွေ့လိုက်ရသောအခါ သူမ၏ အမူအရာကို လိုက်တုပြီး မေးလိုက်၏။"ကျားမင်
နင် မပျော်ဘူးလား?"
ဤဟိုတယ်သည် စီးပွားရေးကောင်း၏။ များသောအားဖြင့်
သူတို့သည် လူအုပ်စု နည်းနည်းလေးအတွက် စားပွဲကြီးများကို ပေးလေ့မရှိပေ။ သင်ဟာ သူတို့၏
ဆုံးရှုံးမှုများအတွက် ပေးရန် ဆန္ဒမရှိဘဲ။ ကျိုးချောင်ချောင်သည် စားသောက်ဆိုင်ရှိ အယောက်နှစ်ဆယ်
ဆန့်သည်စားပွဲကို သီးသန့်မှာထားပြီး စားပွဲအကြီးအကုန်လုံးကို နေရာယူထားနှင့်ပြီးလေပြီ။
ထို့ကြောင့် ကျိုးချောင်ချောင်သည် ၎င်းအတွက် ပိုက်ဆံပိုပေးခဲ့ရသည်ကို သူမ သိခဲ့၏။
သူမသည် မကူညီနိုင်ခဲ့ပေ။ သို့သော် ပြောလိုက်သေးသည်။"နင်
ရူးနေလား? ဒီလို စားပွဲအကြီးကြီးမှာ စားရတာ အဆင်မပြေဘူး။ စားပွဲသေးတဲ့ဟာဆီ ပြောင်းရအောင်"
ကျိုးချောင်ချောင်သည် ရှားလော့ဟုမ်းပုံစံမျိုး
အသွင်ဆောင်ရင်း လက်ညှိုးခါကာ ပြောလိုက်၏။"ရေတစ်စက်ကို စိမ့်စမ်းနဲ့ ပြန်ပေးရမယ်လို့
အမေက ပြောခဲ့ဖူးတယ်။ ငါ့မှာ ပိုက်ဆံမရှိတုန်းက နေ့တိုင်း ငါ့အတွက် နင်မှာပေးခဲ့တယ်။
ငါအလုပ်လက်မဲ့ ဖြစ်ပြီး ပိုက်ဆံမရှိတော့ ညတိုင်း အစားအစာတွေကို နင်ယူလာပေးခဲ့တယ်။ ငါစားရတာ
မကောင်းရင် ပိုကောင်းတဲ့ အစားအစာတွေ စားဖို့ နင်ငါ့ကို မကြာခဏ အပြင်ကို ခေါ်သွားတယ်။
ငါ ဒါတွေအကုန်လုံးကို မှတ်မိတယ်...."
ကျိုးချောင်ချောင် ပြောလိုက်သောကြောင့် သူမသည်
ကောင်းကင်ကို မော့ကြည့်ရင်း မရှိသည့်မျက်ရည်ကို ဟန်ဆောင်သုတ်ပြီး လက်သီး ဆုပ်ထားလေ၏။
"နောက်တော့ ငါအောင်မြင်လာရင် ငါပြန်ဆပ်မယ်လို့ နင့်ကို ပြောခဲ့တယ်လေ။
အဲ့ဒါကြောင့် ဒီနေ့ ငါဒါကိုလုပ်တာ။ငါ နင့်ကို
အများကြီးကျွေးမယ်။ ပင်လယ်မျှော့သုတ် အသစ်ကို နင် စမ်းမစားကြည့်ချင်ဘူးလား?
သူမပြောလိုက်သည်ကြောင့် လျန့်ကျားမင်၏ မျက်လုံးများသည်
လှုပ်ရှားမှုမရှိတော့ပေ။
"ပင်လယ်မျှော့က ဈေးကြီးတယ်လေ" တစ်ပန်းကန်ကို
366ယွမ်ဝောာင် ကျဝာာ။ ပြီးတော့ တစ်ခုပဲရှိတာ။ သူမ ရူးနေသည်မှာ မဟုတ်ပေ။ ဘာလို့ အရမ်းဈေးကြီးတဲ့ဟာကို
သူမ မှာခဲ့တာပါလိမ့်။
"ငါ နင့်ကို ၀ယ်ကျွေးပါ့မယ်" ကျိုးချောင်ချောင်သည်
သူမရင်ဘက်ကို ပုတ်ပြီး ပြောလိုက်၏။
"ပုဇွန်နဲ့ ပင်လယ်စာပြုတ်ကိုရော နင် မစားကြည့်ချင်ဘူးလား?"
လျန့်ကျားမင်သည် ဆက်ပြီး အသက်မဲ့နေပုံပေါက်နေကာ
ပြောလေသည်။"ပုစွန်ထုတ်ကလည်း အရမ်းဈေးကြီးတယ်..."
"ငါကျွေးတာ!" ကျိုးချောင်ချောင်က ဆက်ပြီး
ရင်ဘက်ကို ပုတ်ကာ ပြောလိုက်သည်။"အနက်ရောင် ရွှေပင်လယ်ခရုနဲ့ ဆာကေးရော?"
လျန့်ကျားမင်သည် တခစ်ခစ်ရယ်လိုက်ပြီး ပြော၏။"ငါ
အစားချင်ဆုံး ဟင်းက ကနေဒီယမ် ကမာကောင်နဲ့ အနက်ရောင်မှို။ နင်လငါ့ကို ၀ယ်ကျွေးမလား?
" ဒီဟင်းသည် ဆိုင်တွင် ဈေးအကြီးဆုံးဖြစ်၏။
ပြင်သစ်မှ တိုက်ရိုက် တင်သွင်းပြီး ဈေးနှုန်းမှာ
ရွှေနဲ့ယှဉ်လို့ရသည်။ ၎င်းသည် ဟိုတယ်၏ အသိအမှတ်ပြုဟင်း ဖြစ်ပြီး ကြိုတင်မှာယူထားမှသာ
ပြင်ဆင်ပေးနိုင်မည်ဖြစ်သည်။
လျန့်ကျားမင်သည် သူမ၏ ဉာဏ်ကောင်းမှုကို မကျေမနပ်ဖြစ်ချင်မိခဲ့၏။
သို့သော် ကျိုးချောင်ချောင်သည် ပြုံးရုံသာပြုံးလိုက်ပြီး ပြောလေသည်။" နင် စားကြည့်ချင်တာကို
ငါ့သိတယ် အဲ့ဒါကြောင့် မနက်တည်းက ငါအဲ့တာကို မှာထားတာ စရံတောင်ပေးထားပြီးပြီ ဟားဟားဟား..."
လျန့်ကျားမင်အား အံ့အားသင့်သွား စေခဲ့၏။ သေချာတယ်၊
သူမရူးသွားပြီ။
နောက်ဆုံး၌ နှစ်ယောက်လုံး ထိုင်ပြီးနောက် လျန့်ကျားမင်က
စိုးရိမ်လာပြီး ပြောလိုက်သည်။"နင် ရူးနေတာလား? ဈေးကြီးတဲ့ ဟင်းတွေအများကြီးကို
နင် တကယ်ပဲ မှာထားဝာာလား? ဟေး နင် ဘာလို့ ဦးထုပ်ဆောင်းထားတာလဲ?"
သူမ၏ ဦးထုပ်ကို လှမ်းယူလိုက်၏။သို့သော် ကျိုးချောင်ချောင်က
မြန်မြန် ကိုင်ထားလိုက်ပြီး ပြောလေသည်။"မချွတ်နဲ့ ငါ နင့်ကို တိတ်တိတ်လေး ပြမယ်…"
လျန့်ကျားမင်သည် တောက်ပနေသော အယ်လ်အီးဒီ မီးရောင်အောက်တွင်
ပြောင်လက်နေသော သူမ၏ ကတုံးပြောင်ကို တွေ့လိုက်ရလေသည်။
လျန့်ကျားမင်က လန့်သွားပြီး မေးလိုက်သည်။"နင်
နင့်ရဲ့ ဆံပင်တွေကို မရောင်းဘူးမလား?"
ကျိုးချောင်ချောင်က လျန့်ကျားမင်အား ဂရုဏာသက်ဖွယ်
ကြည့်ပြီး ပြောလိုက်၏။"နင် ရူးနေလား? ငါ့ဆံပင်က အဲ့လောက်အများကြီး တန်နေရင် အရင်တည်းက
ငါရောင်းပြီးနေလောက်ပြီ"
သူတို့သည် ဟင်းလျာများကို စောင့်နေခဲ့သောကြောင့်
လျန့်ကျားမင်သည် ဖြစ်စဉ်အကုန်လုံးကို တဖြည်းဖြည်း နားလည်ခဲ့ပြီး ကျိုးချောင်ချောင်အတွက်
ကြေကွဲမှုနှင့် ပျော်ရွှင်မှုကို ခံစားခဲ့ရလေသည်။
ဤနေရာရှိ ဟင်းလျာများသည် တကယ်ပင် ကောင်းလှ၏။ ယွမ်
လေးထောင် ငါးထောင်၀န်းကျင် ကုန်ကျ၏။ ကျိုးချောင်ချောင်သည် ထိုဈေးကြီးသော ဟင်းများကို
မှာယူခဲ့သည်သာမက ပင်လယ်စာ ဟင်းအများအပြားကိုလည်း မှာခဲ့လေသည်။
လျန့်ကျားမင်က သက်ပြင်းချပြီး ပြောလေ၏။"ခု
နင်ချမ်းသာရင်တောင်မှ ဒီလိုမျိုးပိုက်ဆံတွေကို နင်တကယ် မသုံးသင့်ဘူး"
"ဟားဟားဟား" ကျိုးချောင်ချောင်က ရယ်ပြီး
သူမကို ပုတ်လိုက်၏။"မစိုးရိမ်ပါနဲ့ ငါရေခဲသေတ္တာတစ်လုံး
၀ယ်ပြီးပြီ။ ကျန်တဲ့ဟာတွေကို ထုပ်ပိုးထားပြီး တစ်ပတ်လောက် စားမယ်!"
လျန့်ကျားမင် - "…"အဲ့လိုဆို နင်ဘာတွေကို
သေချာ စီစဉ်နေတာလဲ?
နှစ်ယောက်သား စားနေကြချိန်တွင် မီးခိုးရောင် ၀တ်စုံနှင့်
ယောက်ျားတစ်ယောက်သည် သူတို့ဆီသို့ လျှောက်လာလေသည်။ လျန့်ကျားမင်က မျက်မှောင်ကြုတ်ပြီး
အံ့အားသင့်စွာ ပြောလိုက်သည်။"ချောင်ချောင် ကြည့်ပါဦး ကြည့်ကောင်းတဲ့လူတစ်ယောက်ပဲ!"
ကြည့်ကောင်းသည်ဆိုသည့် ယန်ဝေ့သည် သူတို့စားပွဲသို့
ရောက်လာခဲ့ချေပြီ။ သူသည် ကျိုးချောင်ချောင်နှင့် လျန့်ကျားမင်ကို အေးစက်စက်အမူအရာနှင့်
ကြည့်ပြီး ပြောလေသည်။"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ"
ကျိုးချောင်ချောင်က သူ့ကိုမှတ်မိသွားပြီး သူမမျက်လုံးများကို
ပုတ်ခက်ကာ ပြောလိုက်၏။ "အမ် ယွီယောင်ဖျော်ဖြေရေးက ဒီလမ်းကနေသွားရတာ မဟုတ်ဘူး လို့
ကျွန်မသိထားတာ…"
ယန်ဝေ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ပြောလေသည်။
"ဟုတ်တယ် မင်းမမှားဘူး ဒါပေမယ့် ငါ့အိမ်က ဒီကနေသွားရတာ"
ကျိုးချောင်ချောင်သည် ပိုပြီး မသေချာသလိုဖြစ်သွားပြီး
မေးလိုက်၏။" ရှင် မဟုတ်လောက်....."
သူမဘာပြောတော့မည် ဆိုသည်ကို ယန်ဝေ့မသိခဲ့ပေ။ ထို့ကြောင့်
သူသည် သူမကို သာမန်မျှသာ ကြည့်လိုက်၏။ ထို့နောက် ကျိုးချောင်ချောင်က သေချာစွာ မေးလေသည်။"
ကျွန်မ ရှင့်ကို ပြန်၀ယ်ကျွေးရမှာကို ကျွန်မကို လာသတိပေးတာလား?"
ယန်ဝေ့ - "…"တစ်ခါတလေတော့လည်း သူမက
စိတ်အနှောင့်အယှက်ဖြစ်စေသားပဲ။
ယန်ဝေ့က ပြန်မဖြေဘဲ "တကယ်ပဲ ငါ့ဆီက အကြွေးရဖို့
မင်းဒီမှာ ရှိနေတာလား?"ဟု မေးလိုက်ချိန်တွင် ကျိုးချောင်ချောင်မှာ အထိတ်တလန့်
ဖြစ်သွားရလေသည်။
ယန်ဝေ့သည် ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး ထိုင်ကာ
ပြောလေ၏။"ငါ ဖြတ်သွားသလို ဖြစ်သွားတယ်။ မင်း အဲ့လို ပြောလိုက်တာမလို့ အတူတူ စားရအောင်!"
ကျိုးချောင်ချောင်က ပြောစရာစကားပျောက်သွား၏။
- "…"
လျန့်ကျားမင်သည် ထိုင်နေသော ကြည့်ကောင်းသည့်သူ
ကိုတွေ့ပြီး နှလုံးခုန်မြန်နေသည်။သူမသည် ကျိုးချောင်ချောင်အား မေးလေ၏။"သူက ဘယ်သူလဲ?"
သူမသည် ချက်ချင်း တအံ့တဩပြောလိုက်၏။"သူက
သူ့ကောင်မလေးနဲ့အတူ နင့်ကို ပန်းအိုးနဲ့ ရိုက်လိုက်တဲ့ တစ်ယောက်လား?"
ကျိုးချောင်ချောင်က လက်ခါပြီး ပြောလိုက်သည်။"မဟုတ်ဘူး
ငါ့ကိုရိုက်လိုက်တဲ့သူရဲ့ အစ်ကို"
ထို့နောက် လျန့်ကျားမင်သည် ပါးစပ်အုပ်ပြီး တိုးတိုးလေးပြောလိုက်၏။"သူက
မဆိုးဘူးပဲ! ကြည့်ကောင်းပြီး ပိုက်ဆံရှိတယ်" ထို့နောက် သူမသည် ဘယ်မျက်လုံးက အပေါ်သို့ဆိုသည့်
စကားလုံးကို ဖော်ပြလိုက်ပြီး ညာမျက်လုံးက အာ ဆိုသည့် စကားလုံးကို ဖော်ပြရင်း ကျိုးချောင်ချောင်အား
အသည်းအသန် မျက်လုံးမှိတ်ပြ လိုက်လေသည်။
သို့သော်လည်း ကျိုးချောင်ချောင်က တည်ငြိမ်စွာ
ပြန်ပြောလိုက်၏။"အဓိက က ငါကကြည့်လည်းမကောင်းဘူး ပိုက်ဆံလည်းမရှိဘူး!"
လျန့်ကျားမင်သည် ရုတ်တရက် သဘောပေါက်သွားပြီး
ပြောလေသည်။"မှန်တယ် မှန်တယ် မှန်တယ်"
ထို့နောက် သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး
ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ ယန်ဝေ့က ရယ်သံကြားလိုက်သည့်အခါ မော့ကြည့်ပြီး ကျိုးချောင်ချောင်၏ တောက်ပသော အပြုံးနှင့်မျက်နှာကို
အလင်းရောင်ထဲတွင် မြင်လိုက်ရ၏။
သူမရယ်လိုက်သောအခါ သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးသည်
လခြမ်းကဲ့သို့ ကွေးညွတ်သွားလေသည်။ သူမ၏ မျက်နှာတစ်ခုလုံးသည် တောက်ပသော အလင်းရောင်ဖြင့်
တန်ဆာဆင်ထားသဖွယ်ဖြစ်နေ၏။
ယန်ဝေ့သည် မျက်လုံးကို အောက်စိုက်ပြီး သူ့ရှေ့ရှိ
စားပွဲကို ကြည့်လိုက်၏။ အရသာရှိသော ဟင်းလျာများသည် သူ့ကို သွားရေကျစေသည်။
"စားလေ " ကျိုးချောင်ချောင်သည် တူကိုယူလိုက်ပြီး
ပင်လယ်မျှော့ နှစ်ပွဲကိုမှာယူခဲ့၏။ ကြက်သွန်နီ အစိမ်းနံ့က သင်းပျံ့လာသည်။ ကျိုးချောင်ချောင်သည်
တစ်ခုကို တူဖြင့်ယူလိုက်ပြီး အကြီးကြီး ကိုက်လိုက်သည်။
ပင်လယ်မျှော့သည် နူးညံ့ပြီး အရသာရှိလှ၏။ ၎င်းကို
သူမ ပထမဆုံအကြိမ် စားဖူးခြင်းဖြစ်သည်။ သူမသည် ရင်သက်ရှုမောဖွယ်ရာ အဖြစ် အလွန် မဖော်ပြနိုင်သော်လည်း
သူမသည် ၎င်းကို အလွန် ကြိုက်၏။
ယန်ဝေ့သည် ကျိုးချောင်ချောင်၏ အနည်းငယ် ကျဉ်းသောမျက်လုံးများနှင့်
အနည်းငယ် ကွေးနေသော ပါးစပ်ထောင့်များကို ကြည့်လိုက်သည်။သူသည် တူကို ယူလိုက်ပြီး ပန်းကန်ပြားထဲမှ
အခြား ပင်လယ်မျှော့ကို ကိုက်လိုက်၏။
အရသာကောင်းလှသည်။ အရည်အသွေး အမြင့်ဆုံး လျောင်တုန်
ပင်လယ်မျှော့ ဖြစ်ပြီး လတ်ဆက်ပြီး နူးညံ့ပျော့ပျောင်း၏။
"ဒါ ကျားမင်ရဲ့ "ကျိုးချောင်ချောင်သည်
စားပြီးသွားသော တစ်လုံးကို နှမြောရင်း၊ ပင်လယ်မျှော့၏
ကျန်တစ်၀က်ကို လုယူရန် တူကိုသုံးရင်း ပြောလိုက်လေသည်။
ယန်ဝေ့၏ လက်သည် အနည်းငယ် တုန်ယင်နေ၏။ သူ့စိတ်ထဲတွင်
ဆဲဆိုနေလေသည် - ဒီမိန်းကလေးဟာ ဘယ်လိုဖြစ်ပြီး အတော် နမော်နမဲ့နိုင်တာလဲ? ငါ အဲ့ဒါကို
စားပြီးသွားပြီလေ။ ငါ တကယ်ပဲ ထွေးထုတ်ရမှာလား?
လျန့်ကျားမင်သည် သူမ မျက်နှာကို အုပ်လိုက်ပြီး
စားပွဲအောက်ကနေ ကျိုးချောင်ချောင်အား ကန်လိုက်လေသည်။
ကျိုးချောင်ချောင်သည် ခဏလောက် တုံ့ဆိုင်းသွား၏။ထို့နောက်
ယန်ဝေ့ကို ကြည့်ပြီး ပြောလေသည်။"ကျွန်မ ဆိုလိုတာက အဲ့ဒါက ကျားမင်ရဲ့ဟာ ဆိုပေမယ့်
ရှင်ကြိုက်တယ်ဆိုရင် စားလို့ရပါတယ် ပင်လယ်မျှော့ တွေ ထပ်ရောက်လာဦးမှာ"
သူမသည် သူစားမည်ကို မငြင်းဆိုခဲ့ပေ။ သူ့အတွက်
အသစ်တစ်ပွဲကိုလည်း မှာယူပေးခဲ့၏။
တောင်းပန်ပါတယ်။ သူမသည် ရုတ်တရက် ပြောလိုက်၏။
သူမနှင့် ကျားမင်သည် တစ်ယောက်တည်း နေလေ့ရှိ၏...
ယန်ဝေ့သည် သူ့ရှေ့ရှိ ပင်လယ်မျှော့ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။"ကောင်းပြီလေ
ဒီအစားအစာတွေ အတွက် ငါပေးပါ့မယ်"
ကျိုးချောင်ချောင်သည် အသက်ပြင်းပြင်း ရှူပြီး
ပြောလိုက်၏။" ကျွန်မ ရှင့်ကို ဘယ်လိုလုပ်ပြီး အဲ့လို လုပ်ခွင့်ပြုနိုင်မှာလဲ?"
ယန်ဝေ့က ကျိုးချောင်ချောင်ကို ကြည့်ပြီး ပြောလေသည်။"အဲ့ဒါဆို
ကောင်းပြီ၊ နောက်နှစ်ပွဲအတွက် မင်းပေးလို့ရတယ် ဒါဆို ငါတို့ ကြေပြီ"
ကျိုးချောင်ချောင်သည် ခေါင်းကိုငဲ့ပြီး တစ်ခဏလောက်
စဉ်းစားနေလေသည်။ ယန်ဝေ့၏ စကားများသည် အဓိပ္ပါယ် ရှိပုံရ၏။ သူသည် ဒီပွဲအတွက် ပေးပြီး
သူမက နောက်နှစ်ပွဲအတွက် စရိတ်စက ရှင်းပေးရမည်။
ကျိုးချောင်ချောင်သည် ပြုံးပြုံးလေးနှင့် ယန်ဝေ့ဘက်သို့
လှည့်ကာ ပြောလိုက်သည်။ "ကောင်းပြီလေ နောက်တစ်ခေါက်မှ ကျွန်မ ရှင့်ကို ကျွေးပါ့မယ်"