အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့်
အစ်ကိုနှင့် လက်ထပ်ခြင်း
အပိုင်း ၁၃
အပြင်တွင် ကားပါကင်ထိုးထားသော မောင်လျန့်သည် ၀င်လာခဲ့လေ၏။
သူ့က သူ့ကိုယ်သူတွေးနေ၏။ "မစ် မင်းကို ဒီလိုမျိုး ချက်ချင်း မေးလိုက်မယ်ဆိုရင်
မင်းဘာလုပ်မယ်လို့ တွေးဖူးလဲ? မင်းရဲ့ကျန်နေတဲ့ဘ၀မှာ သူဌေးနဲ့အတူ စားသောက်ဖို့ ပြင်ဆင်နေမှာလား?"
မောင်လျန့်သည် ဤကဲ့သို့ တွေးခဲ့သော်လည်း မိုက်မဲလှသော
မိန်းကလေးအား ဤသို့ပြောပြီး မနှောင့်ယှက်ခဲ့ပေ။
သူသည် ယန်ဝေ့ဘက်သို့ လှည့်ပြီး ပြောလိုက်၏။
"သူဌေး ကားကိုပါကင်ထိုးထားပြီးပြီ။"
ယန်ဝေ့က သူ့ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။"ထိုင်လေ!"
ထို့နောက်
မောင်လျန့်သည် အခြားတစ်ဖက်သို့ သွားပြီး ကုလားထိုင်ကို ဆွဲယူကာ ထိုင်လိုက်၏။
လျန့်ကျားမင်သည် ၀င်လာနေသော နောက်ထပ် ကြည့်ကောင်းသော
ယောက်ျားကို တွေ့ခဲ့ရလေသည်။ သူသည် အသားညိုညို၊ ဆံပင်တိုတိုနှင့် ကြွက်သားများဖြင့်
စွမ်းဆောင်ရည် အပြည့်ရှိ၏။ သူမ မချုပ်တည်းနိုင်ခဲ့ပေ။
သို့သော် အလွန်ဆွဲဆောင်မှုရှိသည်ကို ခံစားမိလေသည်။သူသည်
သူမ၏ အကြိုက်မျိုးသာဖြစ်၏။သူမသည် ထိုင်နေသော မောင်လျန့်ကို တွေ့ပြီး မြားနတ်မောင်သည်
သူမဆီသို့ မြားတစ်စင်း ပစ်လိုက်သလို ချက်ချင်း ခံစားလိုက်ရ၏။" ဒင်!" သူမနှလုံးသား၏
ညာဘက်ခြမ်းကို အပစ်ခံလိုက်ရသလိုပင်။
လျန့်ကျားမင်သည် ကျိုးချောင်ချောင်ကို သတိထားကာ
ဆွဲခေါ်လိုက်ပြီး မေးလေသည်။"သူက ဘယ်သူလဲ?"
ကျိုးချောင်ချောင်သည် ပင်လယ်စာဟင်းချို သောက်နေရင်းနှင့်
ပြောလေသည်။"သူက မစ်စတာယန်ရဲ့ ကားမောင်းသမားလေ!"
လျန့်ကျားမင်သည် အနည်းငယ် ရှက်သွေးဖြာပြီး ပြောလိုက်၏။
"သူ့ကို ငါနဲ့ မိတ်ဆက်ပေး!"
ကျိုးချောင်ချောင်သည် မောင်လျန့်ကို လျန့်ကျားမင်နှင့် ပွင့်ပွင့်လင်းလင်းပဲ
မိတ်ဆက်ပေးလိုက်သည်။"လျန့်လျန့် ဒါက ငါ့သူငယ်ချင်း ကျားမင်ပါ"
မောင်လျန့်က အံ့အားသင့်သွားပြီး ပြောလေ၏။"အား!
ဟဲလို"
လျန့်ကျားမင်က ခေါင်းငုံ့ပြီး ပြောလိုက်သည်။"ဟဲလို
များများစားနော်!"
ယန်ဝေ့သည် "ငါ သူတို့ကို ညစာစားဖို့ မဖိတ်ခဲ့ဘူးလား"ဟု
တွေးနေရင်း ကြောင်ကြည့်နေခဲ့၏။
သို့သော် ယန်ဝေ့သည် ဤကိစ္စများကို ဂရုမစိုက်ခဲ့ပေ။သူသည်
ပန်းကန်လုံး တစ်လုံးယူပြီးပုစွန်ထုပ်ပင်လယ်စာဟင်းချို ခပ်နေသော ကျိုးချောင်ချောင်အား
ကြည့်နေ၏။ သူမ အံ့ဩစွာပြောလိုက်သကဲ့သို့ သူမမျက်လုံးများ
ကျယ်သွား၏။"ကောင်းလိုက်တာ~အရမ်း လန်းဆန်းသွားတာပဲ!"
ထိုအရာသည် သူ့ကို စားချင်စိတ်ဖြစ်အောင် လုပ်လိုက်သလိုပင်။
ထို့ကြောင့် ယန်ဝေ့သည် တစ်ပန်းကန်ခပ်ပြီး သောက်ကြည့်၏။ ဟမ်~ ၎င်းသည် ကြည်လင် မွှေးပျံ့ပြီး
အရသာကောင်းလေသည်။
ခရုသည် ပင်လယ်အရသာ ပြင်းပြင်းနှင့် နူးညံ့ပြီး
အနံ့မှာ ပြီးပြည့်စုံ၏။
တကယ်ကို လတ်ဆတ်ပြီး အရသာရှိလှ၏။
…
ကျိုးချောင်ချောင် တစ်ပန်းကန်ပြီး တစ်ပန်းကန်
စားသလိုမျိုး လိုက်စားရင်း ယန်ဝေ့သည် တဖြည်းဖြည်း ဗိုက်ပြည့်လာ၏။
သူဟာ ဒီလိုမျိုး အများကြီး စားပြီး အလွန်ကြိုက်ခဲ့တဲ့
နောက်ဆုံးအချိန်ဟာ ဘယ်တုန်းကလဲ? ဟုတ်သည်။ သူမှတ်မိ၏။ ၎င်းသည် သူငယ်ရွယ်စဉ်က ဖြစ်ခဲ့၏။
ယန်ဝေ့သည် တူကို ချထားပြီး သူ့ဘေးရှိ သံပုရာရည်ကို
တစ်ငုံလောက် သောက်လိုက်သည်။
သစ်သီးအချဉ်ဓာတ်အား
ဆောင်ယူလာသောလတ်ဆတ်မွှေးပျံ့သည့် အရသာကို သူ့ပါးစပ်ထဲ တွင် အရသာခံလိုက်၏။
ယန်ဝေ့သည် အားရပါးရ သက်ပြင်းချလိုက်ပြီး အစားအသောက်များ
ရှင်းရန် သူ၏ အနက်ရောင် ကဒ်ကို သုံးရတော့မည်ကို တွေးနေ၏။ သူသည် မောင်လျန့်အား ကဒ်ကို
ပေးချင်ခဲ့လေသည်။ သို့သော် သူတို့ အိမ်ထောင်စုစာရင်း အကြောင်း ဆွေးနွေးသလိုမျိုး လျန့်ကျားမင်သည်
မောင်လျန့်ကို ဝိုင်းထား၏။ ယန်ဝေ့သည် ထိုအကြောင်းကို တွေးခဲ့ပြီး သူတို့အား မနှောင့်ယှက်ရန်
ဆုံးဖြတ်လိုက်သည်။ ထိုအစား သူကိုယ်တိုင် ဘေရှင်းရန် ထလိုက်လေသည်။
မောင်လျန့် - "…"
ကျိုးချောင်ချောင်သည် ထပြီး ဘားဆီသို့ ယန်ဝေ့နောက်မှ
လိုက်ခဲ့၏။ လမ်းလျှောက်နေရင်း သူမက ပြောလိုက်၏။" တကယ်တော့ ကျွန်မ ရှင်းပေးနိုင်ပါတယ်။
ဒီနေ့ ကျွန်မ လျော်ကြေးငွေ ရခဲ့တာမလို့ ခုကျွန်မမှာ ပိုက်ဆံ ရှိနေပါပြီ"
"ကောင်းပြီလေ။ ဒီတစ်ခါတော့ ငါ မင်းကို ကျွေးမယ်။နောက်တစ်ခါကျ
မင်း ငါ့ကို ဒီလို ကျွေးလို့ရတယ်လေ" ယန်ဝေ့သည် ငွေရှင်းကောင်တာသို့ သူ့ကဒ်ကို
ပေးရင်း ပြောလိုက်၏။
ကျိုးချောင်ချောင်သည် သူဘေရှင်းသည်ကို ကြည့်ပြီး
အဆင်မပြေဖြစ်ခဲ့၏။ သူမသည် ဤသို့သော လူမှုဆက်ဆံရေးတွင် မကောင်းပေ။ ပြီးတော့ သူမသည် ဟွားကော်တွင်
တွေ့ရလေ့ရှိသော တိုးကြိတ်သည့် အပြုအမူအား မကြိုက်ပေ။ ထို့ကြောင့် သူမသည် နောက်တစ်ခါကျ
သူ့အား အစားအသောက်ကောင်းများ ၀ယ်ကျွေးရန် တိတ်တိတ်လေး ကတိပေးခဲ့လေသည်။
ဘေရှင်းပြီးနောက် ယန်ဝေ့သည် အလေးထားသည့် ပုံနှင့်
သူမကို မေးလိုက်၏။"ဒါဆို မင်းလျော်ကြေးငွေ ရပြီပေါ့ ဟုတ်လား? သူတို့ သေချာရော
တွက်ပေးရဲ့လား?"
ကျိုးချောင်ချောင်က ခေါင်းခါပြီး ပြောလိုက်သည်။
"ဟုတ်တယ် သူတို့သေချာ တွက်ပေးတယ်"
ယန်ဝေ့က ခေါင်းညိတ်ပြီး မောင်လျန့်အား ခေါ်ရန်
စားပွဲဘက်သို့ လှည့်လိုက်၏။ မောင်လျန့်သည် အတွေ့အကြုံမှ တုန်လှုပ်နေဆဲဖြစ်ပြီး ယန်ဝေ့အား
သူတို့နှစ်ယောက်လုံးကို ပြန်ပို့ရန် ကူညီပေးခဲ့၏။ ယန်ဝေ့သည် သူမတိုက်ခန်းကို ပြန်လာစဉ်
ကြည့်နေခဲ့၏။ သူ့မျက်လုံးထဲတွင် အလင်းရောင် မှိန်မှိန်လေးဖြတ်ပြေးသွားသလိုပင်ဖြစ်၏။
"မစ်စတာယန် မင်း သူမအကြောင်း စုံစမ်းချင်လား?"
မောင်လျန့်သည် ယန်ဝေ့၏ နောက်ခံအကြောင်း သိလေသည်။အပြင်သို့ နှစ်ခါလောက် သူ့နောက်မှလိုက်ပြီးနောက်
သူလည်းပဲ ကျိုးချောင်ချောင်၏ ထူးခြားသော လက္ခဏာများကို သိနားလည်ခဲ့လေသည်။
သူမသည် အလွန်ထူးခြားသောကြောင့် မိတ်ဆွေအဖြစ် ဖြစ်စေ၊
အလုပ်အတွက် သူမကိုခန့်ထားရသည် ဖြစ်စေ သူမကို သူ့အနားထားရန် လိုသော တစ်နေ့တော့ ရှိလာလိမ့်မည်ဖြစ်၏။
သူမနှင့် နီးစပ်ရန် တစ်နည်းနည်းဝောာ့ ရှိလိမ့်မည်။
ယန်ဝေ့သည် အဆောက်အဦးထဲ ၀င်သွားသော သူမကိုကြည့်ပြီး
ပြောလေ၏။"မလိုပါဘူး"
သူမသည် အလွန်ထူးခြားသောကြောင့် အစတည်းက သူမကို
လေးလေးစားစားနှင့် ဆက်ဆံသင့်၏။ နောင်တွင် ဘယ်သူက ဘယ်သူ့ရဲ့ အကူအညီ လိုအပ်မည်ဆိုသည်ကို
ဘယ်သူက သိပါ့မလဲ?
နောင်သောအခါ ယန်ဝေ့သည် ထိုနေ့က သူ၏ ဆုံးဖြတ်ချက်ကို
အလွန်ကျေနပ်မိလေသည်။အဆုံးမှာတော့ ယန်ဝေ့သည် မာနကိုနှိမ့်ချကာ အပေးအယူ လုပ်ပြီး စုံတွဲများ
ဖြစ်သွားကြလေသည်!
နောက်နေ့တွင် ကျိုးချောင်ချောင်သည် အိပ်ရာမှထပြီး
အပြင်၀တ်စုံကို လဲ၀တ်ကာ ဦးထုပ်အသစ် တစ်လုံးကို ဆောင်းလိုက်၏။
သူမ ဆေးရုံမှဆင်းပြီးသည့် နေ့များတွင် ခေါင်းရှိချုပ်ရိုးများသည်
အတော်ပင် ကျက်နေပြီဖြစ်၏။ သူမခေါင်းသည် ပြင်းပြင်းထန်ထန် ဘာမှမဖြစ်ခဲ့ဘူးဟု ဆရာ၀န်များမှ
ပြောခဲ့သည်။ ထိုသို့ဆိုလျှင်တောင် အမြင့်တစ်နေရာမှ ပန်းအိုးပြုတ်ကျချိန်တွင် အပြင်းအထန်
ဘာမှမဖြစ်သည် ဆိုသည်မှာ အတော်ပင် အံ့ဩစရာကောင်းလှ၏။ သူမသည် နည်းနည်းလောက် ချုပ်ခဲ့ရပြီး
ယခုဝောာ့ ကောင်းသွားပြီ ဖြစ်သည်။ သို့သော် ဆေးလောကတွင် ဤသို့ အံ့အားသင့်ဖွယ်ကောင်းသော
ကိစ္စများ ရှိသည်ကို ဆရာ၀န်များလည်း သိရှိခဲ့ရ၏။...
တကယ်တော့ ကျိုးချောင်ချောင်သည် ဤသို့သော ကိစ္စများကို
မတွေးခဲ့ချေ။ ထိုအချိန်တွင် သူမသည် သူမပြန်လာချိန်တွင် ဆံပင်တုတစ်ခု ၀ယ်သင့်၊ မသင့်ကို
စဉ်းစားနေလေသည်။
ဒီနေ့တော့ ကျိုးချောင်ချောင်သည် ပိုက်ဆံများဆပ်ရန်
သူမဦးလေးအိမ်သို့ သွားခဲ့ရ၏။ နောက်ဆုံးအချိန် သူမကားတိုက်ခံရ ပြီးနောက် သူမဦးလေးသည်
သူမဆေးရုံတက်ပြီး ခွဲစိတ်ကုသခံရမှု အတွက် ယွမ် တစ်သောင်းရှစ်ထောင် ပေးထားခဲ့၏။
ကျိုးချောင်ချောင်သည် ပိုက်ဆံများအားလုံးကို တစ်လျှောက်လုံး
မပေးခဲ့ရသေးပေ။ ထို့ကြောင့် သူမ ပိုက်ဆံများ ရရှိခဲ့ချိန်တွင် သူမသည် နောက်နေ့ သူ့ဆီသွားပြီး
ယွမ်နှစ်သောင်း ပြန်ပေးရန် ဆုံးဖြတ်ခဲ့လေသည။ သူမ လိုအပ်သည့် အချိန်တွင် သူမဦးလေးသည်
ဤပိုက်ဆံများကို ပို့ပေးခဲ့၏။
၎င်းသည် လွန်ခဲ့သော သုံးလ၊လေးလလောက်က ဖြစ်သော်လည်း
ကျိုးချောင်ချောင်သည် ယွမ်နှစ်သောင်း ချက်ချင်း ပြန်ပေးရန် ဆုံးဖြတ်ခဲ့ပြီးလေပြီ။ ထို့နောက်
သူမသည် သူအသက်ကယ်တင်သည်ကို ကျေးဇူးတင်သောအားဖြင့် စာအိတ်အနီရောင် တစ်အိတ်ကိုလည်း သူ့ကို
ပေးရလိမ့်မည် ဖြစ်၏။
ပထမဆုံး သူမသည် ယိဝူမြို့ထဲမှ ကြီးမားသော ဈေး၀ယ်စင်တာ၏
ဒုတိယထပ်တွင် ရှိသော ဆံပင်တု သီးသန့်ရောင်းသော ဆိုင်သို့ သွားခဲ့၏။
ကျိုးချောင်ချောင်၏ သွင်ပြင်လက္ခဏာသည် ကြည့်မကောင်းလှပေ။
သို့သော်လည်း မဆိုးလှပေ။ သူမသည် ခဏလောက် ဆိုင်ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး pear
blossom ဆံပင်ပုံစံနှင့် ဆံပင်တုတစ်ခုကို ရွေးလိုက်သည်။ ဤဆံပင်တုသည် သူမမျက်နှာနှင့်
အလွန်လိုက်ဖက်ပြီး ဆံမြိတ်နှင့် သူမ၏ မျက်နှာသည်
အလွန်သေးသွယ်ပုံ ပေါက်ခဲ့၏။
ပုံမှန်အားဖြင့် ဆံပင်တုများကို ကောင်းသည်၊မကောင်းသည်၊
လေ၀င်လေထွက်ကောင်းသောနှင့် မကောင်းသော ဆံပင်တုများဟု ခွဲခြားထားလေသည်။ကျိုးချောင်ချောင်သည်
ပိုက်ဆံများသုံးရန် နှမြော၏။
သို့သော် သူမသည် ဆံပင်တုကိုတော်ဝောာ်ကြာကြာ စွပ်ထားရမည်ဟု
ခံစားမိသည်။ ထို့ပြင် သူမခေါင်းတွင် ဒဏ်ရာတစ်ခုလည်း ရှိနေ၏။ ထိုအချိန်တွင် လျှိုယွင်က
သူမခန္ဓာကိုယ်ထဲ ၀င်ရောက်လာသောအခါ သူမလည်း ဆံပင်တု ကောင်းကောင်း တစ်ခုကို ၀ယ်လိုက်၏။
(TL: လျှိုယွင်သည် ဝိဉာဉ်ပြောင်းသူ ဖြစ်၏။)
ထို့ကြောင့် ကျိုးချောင်ချောင်သည် သူမစိတ်ကို
ပြင်ဆင်လိုက်ပြီး အထူးဈေးဖြင့် ရောင်းချသော ထုတ်ကုန်အသစ်တစ်ခု ဖြစ်သည့် ၄၈၉၉ယွမ် ကုန်ကျသော
ဆံပင်တု တစ်ခုကို ၀ယ်ခဲ့လေသည်။ သူမ၏ ခေါင်းပုံသဏ္ဍာန်အရ နေရာကို သေချာညှိနိုင်ပေသည်။
သူမသည် ဈေးကြီးပေး၀ယ်ခဲ့၏။ သို့သော် အကျိုးတရားမှာလည်း
ကောင်းလှ၏။
ဆံပင်ပုံစံကြောင့် ဘယ်တုန်းကမှ ပိုက်ဆံမသုံးချင်သော
ကျိုးချောင်ချောင်သည် မှန်ထဲတွင် သူမကိုယ်သူမ ကြည့်ပြီး သူမဖက်ရှင်ကို ရုတ်တရက်ခံစားမိကာ
ကျေနပ်စွာ ရယ်မောလိုက်၏။
ကောင်းသော
ဆံပင်ပုံစံ ရှိသောအခါ သူမသည် ကြည့်ကောင်းသည့် အသွင် ပေါ်လာသည်။အရင်က သူမတွင် အနက်ရောင်
ဆံပင်လိပ် အမြဲရှိခဲ့ပြီး ဘယ်တော့မှ မပြောင်းခဲ့ပေ။
ကျိုးချောင်ချောင်သည် ဘယ်ညာလှည့်ရင်း မှန်ထဲတွင်
သူမကိုယ်သူမ ကြည့်လိုက်၏။ သူမမျက်နှာကို ထိလိုက်လျှင် တောင်မှ သူမ၏ ကိုယ်ပိုင်အလှသည်
တစ်ခဏချင်း ညှို့ယူဖမ်းစားနေသလိုပင်ဖြစ်သည်။
ဆိုင်အပြင်ဘက်တွင် မတ်တပ်ရပ်ရင်း ယန်ဝေ့သည် တိတ်တိတ်လေး
ကြည့်လိုက်၏။ ဘာကြောင့် ဤရူးကြောင်ကြောင် မိန်းကလေးနောက်ကို သူလိုက်နေသည်ကို တစ်ခဏလောက် မသိခဲ့ပေ။
သူမနောက် လိုက်ရန် သူဆုံးဖြတ်ခဲ့ချိန်တွင် သူဘာကို
တွေးနေခဲ့တာလဲ? နောက်ဆုံးတွင် တစ်ယောက်ယောက်၏ လူသားဆန်မှုကို ဖျက်ဆီးပစ်နိုင်သောအရာ၂
ခု မှာ အစားနှင့်အအိပ်ဖြစ်လေသည်။
ဤသို့တွေးနေရင်း ကျိုးချောင်ချောင်သည်လည်း ဆိုင်ထဲကနေ
သူ့ကို တွေ့သွားသည်ကို သူမြင်ခဲ့၏။ သူမက အံအားသင့်စွာဖြင့် အော်ပြောလိုက်လေသည်။"
မစ်စတာယန် ရှင် ဒီမှာဘာလုပ်နေတာလဲ?"
သူမ အံ့အားသင့်စွာ ပြောလိုက်ပြီးနောက် ဆိုင်ထဲရှိ
လူများသည် ကျိုးချောင်ချောင်အား ကြည့်လေသည်။ထို့နောက် အပြင်၌ရပ်နေသော ယန်ဝေ့ကိုလည်း
ကြည့်ကြ၏။ ဤသို့ ကြည့်ကောင်းပြီး သွက်လက်သော လူချမ်းသာတစ်ယောက်သည် ဘာကြောင့် တံခါးအပြင်ဘက်တွင်
ရပ်နေသည်ကို သူတို့ အံ့ဩခဲ့ရ၏။
ထို့နောက် မှန်ရှေ့တွင် ရပ်နေသေးသော ကျိုးချောင်ချောင်က
တအံ့တဩ မေးလိုက်သည်။ "မစ်စတာယန် ရှင်လည်း ဆံပင်တု ၀ယ်မလို့လား?
ချက်ချင်းပင် ယန်ဝေ့သည် သူ့အားစပ်စုသည့် အကြည့်နှင့်
ကြည့်ရင်း အကုန်လုံး၏ မျက်လုံးများသည် သူ့ဆီသို့ ရောက်နေသည်ကို သိလိုက်ရ၏။ သူ မတတ်နိုင်ခဲ့ပေ။
သို့သော် တွေးလိုက်၏။ 'ဒီကောင်မလေးဟာ စကားမပြောခင် ဘယ်တော့မှ စဉ်းစားမှာလဲ?'