အပိုင်း ၁၄
Viewers 1k

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း

 

အပိုင်း ၁၄

 

 

 

 

"ငါ ဖြတ်သွားရုံပါပဲ" ယန်ဝေ့က ဖွင့်ပြောလိုက်၏။ သူကိုယ်တိုင် မရှင်းပြနိုင်ခဲ့လျှင် ကျိုးချောင်ချောင်သည် အမှန်တရားကို သက်သေပြရန် ရှေ့ထွက်လာပြီး သူ့ဆံပင်ကို ဆွဲလိမ့်မည်ဟု ခံစားမိ၏။

 

 

ကျိုးချောင်ချောင်သည် ဆံပင်တု ပြုတ်ကျမှာကြောက်သော်လည်း ပထမဆုံးအကြိမ် စွပ်ထားလေသည်။ သူမသည် ဆံပင်တုကို ကိုင်ထားပြီး ယန်ဝေ့ကိုမေးလိုက်၏။ "ကျွန်မ ကြည့်ကောင်းလား မစ်စတာယန်?"

 

 

သူဘာကြောင့် ဒီနေရာတွင် ရှိနေသလဲဆိုတာကို သူမလုံး၀ ဂရုမစိုက်ခဲ့ချေ!!! ယန်ဝေ့သည် တုန်လှုပ်ချောက်ချားမှုနှင့်အတူ အသက်ကို ရှိုက်ရှူလုနီးပါး ဖြစ်ခဲ့၏။

 

 

သူ၏ ဖီးနစ်မျက်လုံးများသည် ကျိုးချောင်ချောင်၏ ဝိုင်းစက်သော မျက်လုံးများ တောက်ပမှုကို မြင်ရန် အတွက်သာ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ သူ့နှုတ်ခမ်းမှာ သဘာဝအတိုင်း တွန့်ကွေးပြီး ပါးစပ်လှုပ်ရုံမျှသာ ဖြစ်သော်လည်း ပြုံးလိုက်ဟန်ဖြစ်နေသည်။

 

 

ယန်ဝေ့၏ မကျေနပ်မှုသည် သူမ၏ချစ်စဖွယ် အမူအရာအောက်တွင် လွှင့်စင်ပပျောက် သွား၏။ သူ့နှလုံးသားထဲပင် ယိုးတိုးယွတ ဖြစ်သွားလေသည်။"မင်း ကြည့်ကောင်းတယ်"ဟု သူကပြောလိုက်၏။

 

 

ကျိုးချောင်ချောင်သည် တကယ်လည်း အတော်ပင်လှပ၏။ ဆံပင်တုနှင့်တောင်မှ ပို၍ ကြည့်ကောင်းနေသည်။

 

 

ကျိုးချောင်ချောင်သည် သူမကိုယ်သူမ မှန်ထဲတွင် ကြည့်နေသည့်အလား ဂုဏ်ယူနေပြီး ပြောလိုက်သည်။"ကျွန်မ ပိုက်ဆံအိတ် တစ်လုံးလည်း ၀ယ်ခဲ့သေးတယ်  လှလား? အဲ့ဒါက ၃၉၉ယွမ်ကျတယ်"

 

 

ယန်ဝေ့သည် သူမ၏တင့်တယ်သော အနက်ရောင် သားရေအိတ်ကိုကြည့်ပြီး ပြောလိုက်၏။"ဒါလည်း လှတယ်"

 

 

 ကျိုးချောင်ချောင်သည် သူမပိုက်ဆံအိတ်ကို ပုခုံးပေါ်မှ သိုင်းလွယ်ကာ သူ့ကိုလှည့်ကြည့်လိုက်သည်။ ထို့နောက် သူမသည် လင်းလက်နေသော အလင်းရောင်အောက်တွင် သွားများပေါ်သည်အထိ သူ့အား ပြုံးဖြဲဖြဲ လုပ်လိုက်၏။

 

 

"အိုး စကားမစပ် မန်နေဂျာယန် ကျွန်မ ရှင့်ကို အစားအသောက် ၀ယ်ကျွေးပါရစေ!" ကျိုးချောင်ချောင်သည် သူမနာရီကို တစ်ချက်ကြည့်လိုက်ပြီး ၁၂နာရီ ထိုးနေပြီ ဆို‌သည်ကို သိလိုက်၏။ သူမသည် သူ့ကို နှစ်ပွဲ ပြန်ကျွေးရမည်ကို သတိရခဲ့လေသည်။

 

 

ယန်ဝေ့ နှုတ်ခမ်းက တွန့်သွားပြီး သူ့ဆီသို့ လမ်းလျှောက်လာနေသော ကျိုးချောင်ချောင်ကို ကြည့်လိုက်၏။ "ကောင်းပြီလေ" သူသည် တိုးတိုးလေးနှင့် ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူမသည် နွားတစ်ကောင်လောက်ဝောာင် အဖြစ်မရှိပေ။

 

 

ကျိုးချောင်ချောင်သည် ဈေး၀ယ်စင်တာထဲမှ သင့်တင့်သော ထိုင်းစားသောက်ဆိုင် တစ်ခုအား တွေ့ခဲ့ပြီး ယန်ဝေ့က ပျော်ရွှင်စွာ ‌စားသောက်ခဲ့၏။ သူသည် အစားအစာများကို အလွန်ပင် ကြိုက်နှစ်သက်၏။

 

 

ယန်ဝေ့ အစားအစာများ မနှစ်သက်၊ မခုံမင်သည်ကို ကျိုးချောင်ချောင် မသိခဲ့ပေ။ သူမသည် တိတ်တိတ်လေး စိတ်သက်သာရာရပြီး သူမကိုယ်သူမ တွေးနေခဲ့၏။ "အကြွေးကျေဖို့ သူ့ကို ထပ်ပြီး ကျွေးရဦးမယ်"

 

 

ကျိုးချောင်ချောင်နှင့်အတူ စားသောက်ဆိုင်ထဲမှ ထွက်လာပြီးနောက် ယန်ဝေ့သည် စား‌ခဲ့ရသည်များကို ကျေနပ်ပြီး သူမနှင့်အတူ တစ်နေ့လုံး လည်ပတ်ရန် ပြင်ဆင်ခဲ့‌လေသည်။ တကယ်ဝောာ့ သူသည် အရင်ညတွေက အိပ်မပျော်ခဲ့ပေ။

 

 

"ငါ့နာမည်က ယန်ဝေ့။ ငါ့နာမည်အတိုင်း ငါ့ကိုခေါ်လို့ရတယ်။'မစ်စတာ ယန်'လို့ ငါ့ကိုမခေါ်နဲ့" ဟု သူကပြောလိုက်သည်။ ကျိုးချောင်ချောင်အား သူ၏ကျေးဇူးရှင် ကဲ့သို့ပင် ဖြစ်နေ၏။ တကယ်တော့ တန်းတူညီမျှဖြစ်လျှင် ပို၍ပင် ကောင်းလိမ့်မည်။

 

 

ကျိုးချောင်ချောင်သည် ယန်ဝေ့အားကြည့်ပြီး တွေးလိုက်၏ - "တကယ်ကို ကြင်နာပြီး ချမ်းသာကြွယ်၀တဲ့ ယောက်ျားတစ်ယောက်ပဲ!"

 

 

မြိုသိပ်မထားတော့ဘဲ ကျိုးချောင်ချောင်သည် သူ့ကို အော်ပြောလိုက်၏ - "ယန်ဝေ့! ကျွန်မ အခုလုပ်စရာရှိတယ်..."

 

 

"ဘာကိစ္စလဲ?" ယန်ဝေ့သည် သူမကို ဖြတ်ပြောလိုက်သည်။

 

 

သူစိတ်၀င်စားပြီး သေချာမေးလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ ထို့ကြောင့် သူမသည် ယန်ဝေ့မေးသည်ကို ကြားလိုက်ချိန်တွင် သူမအံ့အားသင့်သွားပြီး လေးနက်သော အပြုံးနှင့် သူ့အား အပေါ်အောက် ကြည့်နေမိသည်။

 

 

ယန်ဝေ့ - "......" သူမ ဘာကိုရယ်နေသည် ဆိုသည်ကို သူ မသိချင်ခဲ့ပေ။

 

 

အတွင်းစိတ်တွင် ကျိုးချောင်ချောင်၏ အသံသည် သွေးရူးသွေးတန်းနှင့် အော်ပြောနေ၏။"ငါ မမျှော်လင့်ခဲ့ဘူး မစ်စတာယန်လည်း စပ်စုတတ်မယ်ဆိုတာကို မမျှော်လင့်ခဲ့ဘူး! ဟားဟားဟား…"

 

 

"အဟမ်း" ကျိုးချောင်ချောင်က ချောင်းဆိုးလိုက်၏။သူမကိုယ်သူမ နောက်ဆုတ်ပြီး ပြောခဲ့၏။"အိုး ကျွန်မဦးလေးကို အရင်တုန်းက ပိုက်ဆံအချို့ ဆပ်ဖို့ရှိသေးတယ် ကျွန်မသူ့ကို ခုသွားပြီး ပြန်ပေးရတော့မှာ"

 

 

ယန်ဝေ့က သူမအား မေးလိုက်၏ -"မင်း ဦးလေးက ဘယ်မှာ နေတာလဲ?"

 

 

ကျိုးချောင်ချောင်က ခန့်မှန်းပြီး ပြောလေသည်။

"ရထားနဲ့ဆို အဲ့ဒီကိုရောက်ဖို့ နှစ်နာရီလောက် ကြာတယ်! ကားနဲ့ဆို လေးနာရီအောက်ပဲ ပြီးဝောာ့ ကျွန်မ အဲ့ဒီကို ညနေပိုင်းလောက် ရောက်မှဖြစ်မှာ"

 

 

ယန်ဝေ့စိတ်ထဲတွင် "ဒင်"ဆိုသည့် အသံဖြစ်သွား၏၊ လေးနာရီတောင်လား?

 

 

မင်း လေးနာရီလောက် အိပ်လို့ရတယ်လို့ ဆိုလိုတာလား?

 

 

ရုတ်တရက် ယန်ဝေ့ မျက်နှာတွင် ကြင်နာသောအပြုံးရိပ် သန်းခဲ့လေသည်။ သူသည် ကျိုးချောင်ချောင်ကို ကြည့်ပြီး ပြောလေသည်။ "ငါ မင်းကို အဲ့ဒိကို ခေါ်သွားပေးပါ့မယ်"

 

 

ကျိုးချောင်ချောင်မှာ အံ့ဩသွားခဲ့ရ၏။ ဟယ် ငါ့ကို အဲ့ဒိကိုခေါ်သွားဖို့ လေး‌နာရီတောင် သူကားမောင်းဖို့ ဆန္ဒရှိနေတာလား? သူတကယ်ပဲ ငါ့ကို သဘောကျတာလား?

 

 

ကျိုးချောင်ချောင်သည် သူ့ကို လျော့တိ‌လျော့ရဲ ကြည့်လိုက်ပြီး မေးလိုက်၏။ "ရှင် အလုပ်မသွားရဘူးလား?"

 

 

ယန်ဝေ့မှ သူသည် ကွန်ပျူတာနှင့် ဖုန်းမှတဆင့် အဝေးကနေ အလုပ်လုပ်လို့ ရသည်ဆိုသည်ကို ရှင်းပြရန် အကြောင်းဖန်လာခဲ့၏။ သို့သော် သူသည် အကြောင်းပြချက်အနည်းငယ် အတွက် ရုတ်တရက် သူ့စိတ်ကိုပြောင်းလိုက်သည်။ သူသည် သူ့မျက်လုံးများကို အနည်းငယ်ငုံ့ပြီး ကျိုးချောင်ချောင်အား ကြည့်လေသည်။ သူ့မျက်နှာတွင် အထီးကျန်သော အမူအရာ ရှိနေခဲ့၏။

 

 

ကျိုးချောင်ချောင်မှ သူမတွင် မရှိသည့် အရာတစ်ခုကို ပြောခဲ့လျှင်ဟု အံ့ဩရင်း လန့်သွားခဲ့လေသည်။

 

 

ယန်ဝေ့သည် သူ့ခေါင်းကို အဝေးသို့လှည့်နေပြီး စက်ြန်လမ်းတွင် သွားလာနေသော လူများကို ကြည့်နေလိုက်၏။ သူ့အသံသည် ဘဝတစ်လျှောက်လုံး မြင်ခဲ့ရသလို အားကိုးရာမဲ့နေ၏။ သူက ပြောလိုက်၏။" ယွီယောင် ရှယ်ယာသမားတွေက ငါ့ကို ထုတ်ပစ်လိုက်ပြီ"

 

 

ထို့နောက်တွင် ကျိုးချောင်ချောင်သည် သတိရမိလိုက်၏။ အစတုန်းက ယန်ဝေ့ သူ့ကိုယ်သူ မိတ်ဆက်ခဲ့ချိန်တွင် သူသည် ယွီယောင်ဖျော်ဖြေရေး၏ အရင်ဥက္ကဌဟု ဖော်ပြခဲ့လေသည်။ ယွီယောင် ဖျော်ဖြေရေး၏ ယခုဥက္ကဌမှာ သူ၏ညီ ယန်ယဲ့ဖြစ်နေသည်။

 

 

ထို့ကြောင့် သူ့ကို ရှယ်ယာသမားများမှ ထုတ်ပစ်ခဲ့ပြီး သူ့ညီက ထိုနေရာကို ယူခဲ့တာလား?

 

 

ရှယ်ယာသမားတွေက သူ့ရဲ့ညီ ဒီနေရာကို ရစေဖို့ သူ့ကို ထုတ်ပစ်ခဲ့တာလား? ဒီနေရာမှာ သိသိသာသာ လျှို့ဝှက် ပူးပေါင်းပြီး ကြံစည်တာ ရှိနေတယ်!

 

 

သူတို့ ညစာအတူတူ စားခဲ့စဉ်တွင် သူ၏ညီနှင့် မပျော်ရွှင် ဖြစ်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။

 

 

ဒါဆို အဲဒါက ဘယ်လိုလဲ!

 

 

ကျိုးချောင်ချောင်က သူမသည် အမှန်တရားကို သိလိုက်ရပြီဟု ခံစားမိလေသည်။ သူမသည် ယန်ဝေ့ကို သနားစဖွယ် ကြည့်လိုက်ပြီး သူအခု အလုပ်တစ်ခု တွေ့ပြီးပြီလား ဆိုသည်ကို မမေးဝံ့ခဲ့ပေ။ တကယ်တော့ အလုပ်ရှိတဲ့သူ သို့သော် ယန်ဝေ့လို အချိန်ဖြုန်းနေတုန်းလား?

 

 

ဆိုလိုသည်မှာ သူသည် ဈေး၀ယ်ထွက်နိုင်၊စားနိုင် သောက်နိုင်ပြီး အလုပ်သွားမည့်အကြောင်းကို လုံး၀ စိတ်မပူခဲ့ပေ။ သူသည် အချိန်ကိုတောင်မှ ဂရုမစိုက်ဘဲ နေ့လည်စာစားရန် သူမနောက်မှ လိုက်ခဲ့သေးသည်။

 

 

ဒါဟာ သူသည် အိမ်တွင် ထိုင်စားနေသည်!

 

 

ထို့ကြောင့် ကျိုးချောင်ချောင်သည် အကြောင်းအရာကို ပြောင်းပြီး မေးလိုက်၏။ "ဝေးလွန်းတယ် ကျွန်မကို မောင်းပို့ဖို့ ရှင် အဆင်မပြေလောက်ဘူး" ဤကိစ္စများ အားလုံး တွေးနေခြင်းကနေ သူ့ကို ရပ်စေချင်ခဲ့၏။

 

 

"ကောင်းပြီ ဘာပဲဖြစ်ဖြစ် ငါအားနေတာ ပြီးတော့ မောင်လျန့်က ကားမောင်းတာပဲ" ယန်ဝေ့က ပြောလိုက်သည်။

 

 

ကျိုးချောင်ချောင်သည် ထပ်ပြီး အံ့အားသင့်ခဲ့ရ‌ပြန်၏။အလုပ်လက်မဲ့ တစ်ယောက်မှာ ကားမောင်းသမားက ဘယ်လိုလုပ်ပြီး ရှိရတာလဲ? ကားမောင်းသမားကို သက်သက် အလိုရှိတာသာလျှင် ဖြစ်မည်။ မောင်လျန့်အကြောင်း ပြောနေရင်း သူတကယ်ပဲ ငါ့သူငယ်ချင်း မင်ပေါင်ပေါင်ကို လှည့်စားသွားခဲ့တာပဲ။

(TL: သူမသည် လျန့်ကျားမင် အကြောင်း ပြောခြင်းဖြစ်သည်။)

 

 

ကျိုးချောင်ချောင်သည် သူမမျက်နှာ အုပ်ပြီး တွေးလိုက်၏။"မင်ပေါင်ပေါင်က မောင်လျန့်ကို မြင်မြင်ချင်း သဘောကျသွားတာပဲ!"

 

 

ယန်ဝေ့သည် ကျိုးချောင်ချောင်ကို သူ့ကားဆီသို့ ခေါ်သွားခဲ့၏။ကျိုးချောင်ချောင်သည် ယွမ်နှစ်သောင်း ထုတ်ပြီး သူမအိတ်ထဲ ထည့်ထားလိုက်သည်။

 

 

ကားသည် ယိဝူမြို့မှ မြန်မြန် ထွက်ခဲ့ပြီး ရှန်းအန်မြို့သို့ ဦးတည်ခဲ့လေသည်။ ယန်ဝေ့သည် ကျိုးချောင်ချောင်ဘေးတွင် ထိုင်ပြီး သူမဖုန်းကိုပွတ်ဆွဲနေသည်ကို ကြည့်နေခဲ့၏။ ကြာကြာမသွားရသေးမီ သူစပြီး ငိုက်လာ၏။

 

 

အိပ်မပျော်ခင် ယန်ဝေ့သည် သူတကယ်ပဲ ရတနာတစ်ခု တွေ့ခဲ့ပြီဟု တွေးနေရင်း သူ့ဘာသာ ပြုံးလိုက်မိသည်။

 

 

ထိုစဉ် ကျိုးချောင်ချောင်သည် သူမဘယ်ဘက်ပုခုံး လေးလံလာသည်ဟု ခံစားမိကာ သူမကိုယ်သူမ တွေးနေ၏။"ဟယ်! နောက်တစ်ခါတော့ မဟုတ်ဘူးမလား?"

 

 

သူမလှည့်ကြည့်လိုက်သောအခါ ယန်ဝေ့သည် သူမဘေးတွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။ သူမဘက်မှ သူ၏ ရှည်ပြီး ကော့ညွတ်နေသော အနက်ရောင် မျက်တောင်များကို မြင်ခဲ့ရ၏။ သူ၏ ပြင်သစ်စတိုင် ဆံပင်တိုတိုသည် သူ့ကို အလွန်ထက်မြက်ပြီး အနည်းငယ် ခေတ်နောက်ကျသည့်ပုံ ပေါ်စေသည်။

 

 

မောင်လျန့်သည် နောက်ကြည့်မှန်မှ တဆင့် ကျိုးချောင်ချောင်ဘေးတွင် အိပ်ပျော်နေသော ယန်ဝေ့အား တွေ့လိုက်ပြီး အလွန် စိတ်သက်သာရာ ရခဲ့၏။ သူက သူမကို ပြောလိုက်၏။"ခဏလောက် သူအိပ်ပါစေ!"

 

 

ကျိုးချောင်ချောင်သည် စိတ်ထဲမထားဘဲ လျန့်ကျားမင်ဆီမှ စာများကို စစ်ဆေးကြည့်ရန် ဖုန်းကိုကြည့်နေခဲ့၏။ထို့နောက် သူမသည် မောင်လျန့်အား မေးလိုက်၏။"ရှင့် ဝီချတ်က ဘာလဲ?"

 

 

မောင်လျန့် - "…" သူမ မေးလိုက်တာကြောင့် သူလန့်သွားပြီး သူမဘာလုပ်နေတာလဲဟု အံဩသွားခဲ့၏။

 

 

ကျိုးချောင်ချောင်သည် သူမအိပ်ပျော်သွားချိန်ကို မသိလိုက်ပေ။ သို့သော် ယန်ဝေ့ ကားထဲတွင် ထိုင်ရသည်မှာ အလွန် သက်တောင့်သက်သာ ရှိသည်ကို ခံစားမိလေသည်။

 

 

သူမနိုးလာချိန်တွင် သူမသည် ယန်ဝေ့ ရင်ဘက်ပေါ်တွင် ခေါင်းမှီနေသည်ကို သိလိုက်ရ၏။ ထိုစဉ် ယန်ဝေ့ခေါင်းသည် သူမအပေါ်မှ အုပ်မိုးနေပြီး သူတို့၏လက်များသည် နီးကပ်လုနီးပါး ရောယှက်နေ၏။ သူမသည် သူ့ကော်လံမှ အနံ့သင်းသင်းလေးကို ရှူမိ၏။

 

 

မောင်လျန့်သည် ကျိုးချောင်ချောင်ဘက် လှည့်ပြီး တိုးတိုးလေးပြောလိုက်၏။"သူဌေးနိုးလာတာကို စောင့်ရအောင်!"

 

 

သူစကားဆုံးပြီးနောက် ယန်ဝေ့သည် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာ၏။ အရင်ကလိုပင် သူဘယ်တုန်းကမှ မအိပ်ခဲ့ရသလို သူ့မျက်လုံးများသည် ကြည်လင်နေသည်။သူသည် ပျင်းနေသည့် ခံစားချက်မျိုးရနေပြီး နိုးလာလာချင်း သူ့အသံသည် အောနေ၏။ သူက မေးလိုက်၏။ "ငါတို့ ရောက်ပြီလား?"

 

 

ကျိုးချောင်ချောင်ဦးလေး၏ လိပ်စာကို သူသိပြီးပြီဖြစ်သောကြောင့် မြေပုံပေါ်ရှိ ရှန်းအန် မြို့ထဲမှ တုန်အန်းလမ်းကို သူတို့အလွယ်တကူ ရှာတွေ့ခဲ့လေသည်။

 

 

ကျိုးချောင်ချောင်သည် သူမသားရေအိတ်ကို ကောက်ယူပြီး ဆံပင်တုကို သေသပ်အောင်လုပ်ကာ ပတ်ပတ်လည် လှည့်ကြည့်ပြီး ယန်ဝေ့အား ပြုံးပြလိုက်၏။ "လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်! ကျွန်မ အရင် သွားနှင့်တော့မယ်…"

 

 

သူမသွားဖို့ ကြိုးစားလိုက်ချိန်တွင် ယန်ဝေ့သည် သူမလက်ကို လှမ်းဆွဲလိုက်၏။ ကျိုးချောင်ချောင်က သူ့ကို သတိထားပြီး ကြည့်နေသည်။

 

 

ယန်ဝေ့သည် စကားမပြောခင် တစ်ခဏလောက် သူမကို စူးစူးစိုက်စိုက် ကြည့်နေ၏။"အတူတူ သွားရအောင်! ငါ မင်းနဲ့ အပေါ်ကို လိုက်ခဲ့မယ်"

 

 

"အား?" ကျိုးချောင်ချောင်က တအံ့တဩပြောလိုက်၏။ "ဒါက အိမ်အရောက်ပို့ပေးသလိုလား?