အပိုင်း ၁၅
Viewers 1k

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း

 

အပိုင်း ၁၅

 

 

 

ကျိုးချောင်ချောင်သည် ဒီလို လုပ်ရတာရဲ့ နောက်ကွယ်က အကြောင်းရင်းကို နားမလည်သလိုမျိုးနှင့် သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိ၏။

 

 

သို့သော် ယန်ဝေ့သည် သူမအား အတွေးမများစေခဲ့ပေ။သူသည် ကျိုးချောင်ချောင်အား ကားအပြင်ဘက်သို့ ခေါ်သွားခဲ့၏။ ရပ်ကွက် အ၀င်တွင် ကုန်စုံဆိုင်တစ်ခု ရှိလေသည်။ ကျိုးချောင်ချောင်သည် အထဲသို့ ၀င်သွားခဲ့ပြီး ယန်ဝေ့ သူမဆီမှ ယူသွားနေကျဖြစ်သော နို့နှစ်ဘူးကို ယူလိုက်၏။

 

 

ကျိုးချောင်ချောင်သည် အနည်းငယ် စိတ်လှုပ်ရှားသလို ခံစားခဲ့ရပြီး သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်၏။ သူမသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရင်း တစ်ယောက်တည်း နေလေ့ရှိ၏။ အခြားလူများ၏ ကြင်နာမှုမှာ အမြဲတမ်း တစ်ခဏသာ ဖြစ်ပြီး ပြန်အောက်မေ့သတိရချိန်တွင် သူမကို အနည်းငယ် သွေးထွက်စေလောက်‌သော ဆူးတွေသာ ပေးခဲ့သည်သာဖြစ်၏။

 

 

"ဟင့်အင်း ကျွန်မဘာသာ ကျွန်မ လုပ်နိုင်တယ်" ကျိုးချောင်ချောင်သည် သူမလက်ကို ဆန့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။ သို့သော် အကူအညီလုံး၀ မကမ်းလှမ်းခဲ့လျှင် ပိုကောင်းသလို အမြဲတမ်း ချန်ထားခဲ့ပုံပေါ်နေသည်။

 

 

သို့သော်လည်း ယန်‌ဝေ့သည် ငြင်းခုံစရာနေရာမရှိဘဲ သူမလက်ကို ရှောင်လိုက်၏။ နေ၀င်ချိန်သည် သူ့မျက်နှာပေါ်တွင် ရဲရဲဝောာက်နေသော မီးနီလိုမျိုး အရိပ်ထင်နေပြီး သူ၏သွင်ပြင်လက္ခဏာများကို ပိုပြီး ထင်ရှားအောင် မီးမောင်းထိုးပြနေသလိုပင် ဖြစ်နေ၏။

 

 

"မင်းက မိန်းကလေးလေ ဒီလိုကိစ္စတွေကို ယောက်ျားလေးကပဲ လုပ်သင့်တာ"ယန်ဝေ့က လေးလေးနက်နက်နှင့် ပြောလိုက်၏။

 

 

ကျိုးချောင်ချောင်မှ သူ့ကိုမော့ကြည့်ပြီး "ကျွန်မဘာသာ လုပ်နိုင်ပါတယ်"ဟု တီးတိုးပြောရင်း နှုတ်ခမ်းစူလိုက်သည်။

 

 

ရုတ်တရက် ယန်ဝေ့မှ ပြုံးလိုက်ပြီး သူ့လက်ဖြင့် သူမခေါင်းကို အသာအယာ ပုတ်လိုက်လေသည်။ ထို့နောက် သူကပြော၏။ "ငါသိတယ် ဒါပေမယ့် ဒီအချိန်မှာ မင်းလိုအပ်တာက မင်း ဘာလုပ်နိုင်လဲဆိုတာ မဟုတ်ဘူး ဒါပေမယ့် မင်း လုပ်ကိုလုပ်သင့်တဲ့ဟာ…"

 

 

ကျိုးချောင်ချောင်သည် သူမခေါင်းကို အုပ်လိုက်ပြီး သူ့ကိုကြည့်လိုက်သည်။ သူတို့သည် မျဉ်းပြိုင်နှစ်ကြောင်းကဲ့သို့ပင်။ အဲ့ဒါက သူတို့၏ အဆင့်အတန်းဖြစ်စေ၊ဗဟုသုတဖြစ်စေ၊ အမြင်နှင့်အတွေ့အကြုံ ဖြစ်စေ၊ချမ်းသာကြွယ်၀မှု ဖြစ်စေ။

 

 

သို့သော် ကံကြမ္မာအလှည့်အပြောင်းသည် ဤနွေရာသီတွင် စတင်လာခဲ့လေသည်…

 

 

***

 

ကျိုးချောင်ချောင်အမေ၏ မိသားစုနာမည်မှာ ပိုင်ဖြစ်ပြီး သူမတွင် ရှုလန်ဆိုသည့် လှပသော နာမည်တစ်ခုရှိခဲ့၏။ ပိုင်ရှုလန်သည် ပိုင်မိသားစု၏ အကြီးဆုံးသမီးဖြစ်ပြီး အစ်ကိုတစ်ယောက်နှင့် မောင်လေးရှိသည်။

 

 

ပိုင်မိသားစုသည် စာပေမိသားစုဖြစ်ပြီး ပိုင်ရှုလန်၏ ပင်ကိုစရိုက်မှာ နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိလှ၏။သူမ ပြုံးလိုက်သည့်အခါ သူမမျက်နှာတွင် အမြဲအပြုံးမပျက်ပေ။

 

 

ပိုင်ရှုလန် သေဆုံးပြီးနောက် ပိုင်မိသားစုသည် ၀မ်းနည်းပူဆွေးခဲ့ကြ၏။ ကျေးလက်ဒေသတွင် နေထိုင်ခဲ့သော အစောပိုင်းနှစ်များတွင် ကျန်းမာရေးချို့တဲ့မှုကြောင့် ပိုင်၏မိဘနှစ်ပါးစလုံးသည် ထိုနှစ် ဆောင်းရာသီတွင် အသက်မရှင်ခဲ့ပေ။ ရလဒ်အနေဖြင့် ပိုင်မိသားစုသည် ကျိုးမိသားစုနှင့် အဆက်အသွယ် ဖြတ်လိုက်ပြီး အားလပ်ရက် သို့မဟုတ် အခြားအချိန်များတွင်ပါ အချင်းချင်း မဆက်သွယ်ခဲ့ချေ။

 

 

ထိုသို့သော အကြောင်းအရာများကြောင့် ကျိုးချောင်ချောင်သည် သူမအဖေနှင့် နေခဲ့ရ၏။ မဟုတ်လျှင် သူမအဘိုးအဘွားများသည် သူမကို ခေါ်သွားလိမ့်မည် ဖြစ်ပေသည်။

 

 

ပိုင်မိသားစုသည် စာပေမိသားစု ဖြစ်သော်လည်း သူတို့၏ အကြီးဆုံးသားသည် သူတို့နေခဲ့ရသောခေတ်ကြောင့် စာမဖတ်တတ်၊ မရေးတတ်သော လီလီဟု အမည်ရသည့် ရွာသူလေးနှင့် လက်ထပ်ခဲ့၏။ ပိုင်ရှုလန်သည် ရွာမှ လူငယ်တစ်ယောက်နှင့် လက်ထပ်ခဲ့သည်။ သူသည် အလုပ်ကြိုးစားပြီး ဘ၀တွင် တစ်ခုခုကို ဖြစ်မြောက်အောင်မြင်အောင် လုပ်သူဖြစ်၏။ ထိုလူငယ်မှာ ကျိုးချောင်ချောင်၏ အဖေ ကျိုးယင်းကျယ်ပင် ဖြစ်၏။

 

 

ပိုင်မိသားစု၏ မိဘနှစ်ပါးလုံး သေဆုံးသွားပြီးနောက် ကျိုးချောင်ချောင်၏ ဦးလေးနှင့် အဒေါ်သည် အချစ်တစ်ခုတည်းကြောင့် လက်ထပ်လိုက်ကြသည်။ထို့ကြောင့် သူတို့၏ လက်ထပ်ခြင်းသည် သူမအမေနှင့် ဦးကြီးတို့၏ လက်ထပ်မှုနှင့်စာလျှင် ပို၍ကောင်းမွန် သာယာခဲ့၏။

 

 

သူမဦးကြီးနာမည်မှာ ရှုရမ်ဖြစ်ပြီး သူနှင့်သူ့ဇနီး လီလီသည် လွန်ခဲ့သော နှစ်အနည်းငယ်က မြို့ထဲတွင် အိမ်တစ်လုံး ၀ယ်နိုင်ခဲ့သည်အထိ ဆယ်နှစ်ကျော်ကျော်လောက် ရွာတွင် လယ်လုပ်ခဲ့ကြလေသည်။

 

 

ယိဝူမြို့ရှိ အိမ်ဈေးနှုန်းများမှာ ကျိုတိုရှိဈေးနှုန်းများနှင့် ယှဉ်ပြီး များလွန်းသောကြောင့် သူတို့သည် ရှန်းအန်းမြို့တွင် အခြေချနေထိုင်ခဲ့လေသည်။

 

 

သူတို့၏အိမ်သည် အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်းရှိပြီး တစ်ရာစတုရန်းမီတာ နီးပါးခန့် ရှိ၏။ ဦးကြီးဖြစ်သူ ပိုင်ရှုရမ်နှင့် အဒေါ်ဖြစ်သူ လီလီတွင် ပိုင်ကျုံးကျယ်နှင့် ပိုင်ဟွေ့မင်ဆိုသည့် သားတစ်ယောက်နှင့် သမီး‌တစ်ယောက်ရှိ၏။ ပိုင်ကျုံးကျယ်သည် ကျိုးချောင်ချောင်ထက် သုံးနှစ်ကြီးပြီး ၂၇နှစ်ရှိပြီဖြစ်သည်။ သူသည်လက်ထပ်ပြီးကာ ပိုင်ဇီဟွေ့အမည်ရသည့် ၁ နှစ်ခွဲအရွယ်သားတစ်ယောက်လည်းရှိသည်။

 

 

မိသားစု ခြောက်ယောက်လုံးသည် အိပ်ခန်းသုံးခု၊ဧည့်ခန်းတစ်ခုပါသော အိမ်တွင်နေကြ၏။ ထို့ကြောင့် နေ့တိုင်း ကိစ္စအများအပြား ပုံမှန်ဖြစ်လေ့ရှိ၏။

 

 

ကျိုးချောင်ချောင်သည် မြေညီထပ်သို့ သွားသော ဓါ‌တ်လှေကားပေါ်တွင် ယန်ဝေ့အား ကြည့်လိုက်သည်။ထို့နောက် ယန်ဝေ့ကို ရုတ်တရက် လှည့်မေးလိုက်၏။ "နေပါဦး ကျွန်မ ဦးကြီးအိမ်ကို ကျွန်မနှင့်အတူ ရှင်ဘာလို့ လိုက်လာတာလဲ?"

 

 

"ကောင်လေးတစ်ယောက်လို ဒါမှမဟုတ် တစ်ခုခုလိုမျိုး နို့ဘူးတွေသယ်လာရင်း ဒီရောက်လာတာ သူနဲ့ ဘာဆိုင်လို့လဲ? သူက ငါတို့နဲ့ ဆက်ဆက်ဆံဆံမှ မရှိတာ သူ့ကို သူငယ်ချင်းလို့တောင် ခေါ်ခိုင်းနေပုံရတယ် "

 

 

ယန်ဝေ့သည် ကျိုးချောင်ချောင်၏ နှေးကွေးသော တုံ့ပြန်မှုကို သတိထားမိပြီး အေးအေးဆေးဆေး ပြန်ပြောလိုက်၏။ "အမှန်ပဲ! ဒါပေမယ့်လည်း သူဒီမှာရှိနေပြီဆိုမှတော့ သွားကြည့်ရအောင်"

 

 

သူ့တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ လွဲနေတယ်လို့ ကျိုးချောင်ချောင် ခံစားမိသော်လည်း သူမလက်ညှိုး ထိုးမပြနိုင်ခဲ့ပေ။

 

 

ကံကောင်းသွားသလိုပါပဲ၊ ကျိုးချောင်ချောင် ရောက်ချိန်တွင် သူမဦးကြီးသည် အိမ်သို့ပြန်ရောက်ရုံသာ ရှိပြီး တံခါးပိတ်ရန် မေ့နေခဲ့၏။ သူ၀င်လာလာချင်း သူ့ဇနီးသည် သူ့ကို ဆူပူကြိမ်းမောင်းနေခဲ့သည်။

 

 

ထို့ကြောင့် ကျိုးချောင်ချောင် တံခါးနားသို့ရောက်ချိန်တွင် အထဲဘက်မှ သူမ၏အဒေါ် အော်ပြောနေသည်ကို သူမ ကြားလိုက်ရ၏။ " ရှင်က ၀က်လား? ဟမ်? ရှင်က ၀က်လား? ကျွန်မ ရှင့်ကို မေးနေတယ်လေ ရှင့်တူမ ခုထိ ရှင့်ကို ပိုက်ဆံတွေ ပြန်ပေးပြီးပြီလား?"

 

 

ပိုင်ရှုရမ်၏ အသံသည် အနည်းငယ် အားစိုက်ပြီး ပြောနေဟန်ဖြစ်သည်။ "ချောင်ချောင်က တော်တဲ့ကလေးမလေးပဲ သူမမှာ လောလောဆယ် အခက်အခဲတချို့ ရှိနေလို့ပါ သူမအခက်အခဲတွေ ပြီးသွားရင် ပိုက်ဆံတွေ ဘာလို့ ပြန်မပေးဘဲနေလိမ့်မှာလဲ?"

 

 

လီလီက ဒေါသတကြီး အော်ပြောလိုက်၏။ "သူမက ပိုက်ဆံတွေ ဘယ်က‌ရမှာမလို့လဲ? ဟမ်?သူမက ပိုက်ဆံတွေ ဘယ်က‌ရမှာမလို့လဲ? ကျွန်မ ရှင့်ကို မေးနေတယ်လေ ဒီလူ့အသိုင်းအဝိုင်းမှာ ဘယ်သူက တစ်လကို ၂၅၀၀ ယွမ် ရမှာတဲ့လဲ? ရှင့်တူမက သင့်တော်တဲ့ အလုပ်တစ်ခုတောင် မရှာနိုင်တဲ့ အသုံးမ၀င်တဲ့ တက္ကသိုလ်ကျောင်းသူ သာသာပဲမလား? သူမက ယွမ် ၂၅၀၀ ရတဲ့ အလုပ်တောင် မရှိတာ"

 

 

ပိုင်ရှုရမ်က သက်ပြင်းချပြီး ပြောလိုက်သည်။ "ချောင်ချောင်က စာကိုကောင်းကောင်း လေ့လာနေတာ ခုက သူမမှာ ကံဆိုးမှုတွေရှိနေခဲ့လို့ပါ သူမဘွဲ့ရခဲ့တဲ့ အချိန်မှာ သူမရဲ့ဆရာတွေက သူမကို ဘွဲ့လွန်ကျောင်းတက်ဖို့ ထောက်ခံပေးခဲ့ကြတာပဲ ဒါပေမယ့် နောက်တော့ တက္ကသိုလ်က ပရော်ဖက်ဆာရဲ့ သမီးဖြစ်သူက …"

 

 

"သူမ ဘွဲ့လွန်ကျောင်း ဘာလို့မတက်လဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး ခု သူမကို ကြည့်လိုက်စမ်း စိတ်ညစ်စရာ အခြေအနေ ရောက်နေတာ သူမမှာ ကောင်လေးတစ်ယောက်ဝောာင် မရှိဘူး သူမကိုမြူဆွယ်တဲ့ ကောင်လေးတချို့ကိုတောင် ရှင်မြင်ဖူးရဲ့လား? သူမက ရိုင်းစိုင်းလွန်းတယ်လို့ သူတို့ အကုန်လုံးက ထင်နေကြတာ ရှင်က သူမထက် ပိုပြီးတောင် မိုက်မဲသေးတယ် သူမကို ပိုက်ဆံတွေ ပေးနေတုန်း"

 

 

ပိုင်ရှုရမ်မှာ တိတ်ဆိတ်သွားခဲ့၏။ သူပိုငြင်းလေ ပိုပြီး ကသိကအောက်ဖြစ်လေ ဆိုသည်ကို သိလိုက်ရ၏။အခန်းထဲရှိ တိတ်ဆိတ်မှုမှာ ပိုပြင်းထန်လာလေသည်။

 

 

ယန်ဝေ့သည် စကားပြောနေသည်ကို နားထောင်ပြီး သူ့ရင်ထဲတွင် အမည်မဖော်နိုင်လောက်အောင် ဒေါသများ ထွက်လာသည်။ သူ့ရှေ့မှ မိန်းကလေးကို ကြည့်လိုက်၏။ သူမသည် ခေါင်းကိုငုံ့ပြီး သူမ၏အမူအရာကို  စကြံလမ်း၏ အရိပ်ထဲတွင် ကွယ်ဝှက်‌ထားလေ၏။

 

 

ယန်ဝေ့သည် တံခါးနားသို့ကပ်ပြီး အမှားတစ်ခုခု လုပ်မိမည်ကို သူ့ကိုယ်သူတားရန် ကြိုးစား‌ရင်း အသက်ပြင်းပြင်း ရှုလိုက်လေသည်။

 

 

သူမကို အဝေးသို့ ခေါ်သွားသင့်၊ မသင့်ကို စဉ်းစား‌နေရင်း ငြိမ်သက်နေသော ကျိုးချောင်ချောင်အား ကြည့်လိုက်၏။ သို့သော် သူမက ရုတ်တရက် မော့ကြည့်လိုက်သည်။ သူမသည် တံခါးကို တစ်ချက်မျှကြည့်ပြီးနောက် ယန်ဝေ့ဘက်သို့ လှည့်ပြီး လက်ဟန်အမူအရာကို တိတ်တိတ်လေး လုပ်ပြခဲ့သည်။ သူမသည် ခဏလောက် အာရုံစိုက်ပြီး နားထောင်‌နေခဲ့၏။

 

 

အတွင်းဘက်မှ ဆူညံသံများ နည်းသွား၏။ ဖြစ်နိုင်သည်မှာ လီလီ၏ ချွေးမသည် ကလေးနှင့်အတူ အပြင်သို့ ထွက်လာသောကြောင့်ပင်။ အထဲတွင် နေ့စဉ်ဘ၀၏ အခြေအမြစ်မရှိသော စကားများ တတွတ်တွတ်ပြောခြင်းကို ပြန်စနေခဲ့သည်။

 

 

ကျိုးချောင်ချောင်သည် မိနစ်အနည်းငယ်လောက် စောင့်လိုက်၏။ ထို့နောက် ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။"ယန်ဝေ့ ဒါငါ့ဦးကြီးရဲ့အိမ်ပဲ ဒီလမ်းအတိုင်းသွားရအောင်"

 

 

ထို့နောက် ကျိုးချောင်ချောင်သည် တောက်ပစွာပြုံးရင်း ယန်ဝေ့ဘက်သို့ လှည့်လိုက်၏။ သူမသည် သူ့ကိုတံခါးဆီသို့ ဆွဲခေါ်ပြီး အော်ပြောလိုက်၏။ "တံခါး ဘာလို့ မပိတ်ထားဝာာလဲ? ဦးကြီး ကျွန်မ ချောင်ချောင်ပါ"

 

 

ကျိုးချောင်ချောင်သည် သူမမျက်နှာတွင် ပျော်ရွှင်စွာ ပြုံးနေရင်းနှင့် တံခါးကို ဆွဲဖွင့်လိုက်၏။ သူမ အမြဲလုပ်နေကျအတိုင်း သူမဟာ ဧည့်သည် တစ်ယောက်အနေနှင့် လာလည်သလိုမျိုးပင် ဖြစ်၏။

 

 

ထိုခဏတွင် ယန်ဝေ့သည် သူမနှလုံးသားထဲတွင် မသက်မသာနှင့် နာကျင်မှုများ တိုးလာသည်ကို ခံစားမိလိုက်၏။ သူသည် သူမကို ကိုင်ထားပြီး ကာကွယ်ချင်လောက်အောင် သူမသည် အရမ်းသန်မာလွန်း၏။သူ၏အတောင်ပံများဟာ သူမကို ဘ၀တစ်သက်စာ အုပ်မိုးကာကွယ်ရန် အတွက် လုံလောက်ပေသည်။

 

 

"ချောင်ချောင် နင်ဘာလို့ လာတာလဲ?" ပိုင်ရှုရမ်သည် ကျိုးချောင်ချောင်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူ၏ မျက်နှာသည် ပြုံးရောင်သမ်းသွားလေသည်။

 

 

ကျိုးချောင်ချောင်သည် တခစ်ခစ်ရယ်လိုက်ပြီး သူမခေါင်းကိုပွတ်လိုက်၏။ "ဦးကြီး ကျွန်မ ဦိးကြီးကို တွေ့ဖို့ လာခဲ့တာ"

 

 

လီလီက လှောင်ရယ်လိုက်လေသည်။"ချောင်ချောင် နင်ဆံပင် သွားလုပ်ခဲ့တာလား?"

 

 

ပိုင်ရှုရမ်သည် မျက်မှောင်ကြုတ်ပြီး လီလီကို လှည့်ကြည့်လိုက်၏။ သူတိတ်တိတ်နေခဲ့သော်လည်း လီလီသည် သူ,မပျော်မှန်းကို သိပြီး အခြားဘာတစ်ခုမျှ မပြောခဲ့ချေ။

 

 

ပိုင်ရှုရမ်၏ အကြီးဆုံးသား ဖြစ်သူ ပိုင်ကျုံးကျယ်သည် သူ၏အဖေနှင့် စရိုက်တူလေသည်။ သူသည် ကျိုးချောင်ချောင်အား တွေ့လိုက်ချိန်တွင် ပြုံးပြီး ပြောလိုက်သည်။"ချောင်ချောင် နင် အချိန်ကောင်းကျမှ ရောက်လာတာပဲ ညစာ အဆင့်သင့်ပဲ…အာ…"

 

 

ပိုင်ကျုံးကျယ်သည် ကျိုးချောင်ချောင်နောက်မှ ၀င်လာသော ယန်ဝေ့အား ကြည့်လိုက်သည်။ သူ့မျက်နှာသည် ပဟေဠိဆန်သော အမူအရာရှိနေ၏။

 

 

ထိုခဏတာတွင် ယန်ဝေ့၏ အနည်းငယ်ပြုံးပြီး ကြည့်ကောင်းသော မျက်နှာကို သူတို့ တွေ့ခဲ့ရပြီး သူ၏ဖီးနစ်မျက်လုံးများသည် အေးမြသော ကြယ်လေးများလို တောက်ပနေ၏။ သူတို့ကို ငုံ့ကြည့်လိုက်သည့်ဘက်သည် အရမ်းပင်မြင့်လွန်းနေသည်။

 

 

"Hello ကျွန်တော်က ချောင်ချောင်ရဲ့ ကောင်လေး ယန်ဝေ့ပါ" သူ၏ နက်နဲလှသော ပီယာနိုလို အသံကို သူတို့ကြားခဲ့ရလေသည်။