အပိုင်း ၂၀
Viewers 2k

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း

 

အပိုင်း ၂၀

 

 

 

 

"ငါက ယန်မိသားစုရဲ့ အကြီးဆုံးသား ဒါပေမယ့် ငါ့ညီက မိသားစု စီးပွါးရေးကို ဆက်ခံရမှာ"ယန်ဝေ့သည် ကျိုးချောင်ချောင်၏ လက်ကို ကိုင်ထားကာ သူ့မျက်လုံးများသည် သူပြောသလို ဗလာဖြစ်နေပုံရသည်။

 

 

"ငါက ခု ဩဇာအာဏာရှိတဲ့ အကြီးဆုံးသား။ ငါလုပ်ရမယ့် အဓိက ရည်ရွယ်ချက်ကတော့ ဗျူဟာမြောက် အိမ်ထောင်ရေး ဖြစ်ပေါ်ဖို့ပဲ။ ဘ၀တစ်သက်တာ ငါနဲ့အတူ လိုက်မယ့်သူကို ဆုံးဖြတ်ရန် အခြားသူများ လိုအပ်လို့ရှိရင် ငါ ဘာလို့ ငါ့အတွက် မရွေးသင့်ရမှာလဲ?"

 

 

ဤနေရာတွင် ယန်ဝေ့သည် ရုတ်တရက်ပြုံးလိုက်၏။ သူပြောခဲ့သလိုပင် သူ့အကြည့်များသည် ကျိုးချောင်ချောင်အပေါ် စူးစူးစိုက်စိုက် ကြည့်နေမိလေသည်။ "ဘ၀တစ်လျှောက်လုံး ငါ့နောက်လိုက်ပါမယ့် သူကို ရွေးချယ်ဖို့"

 

 

ကျိုးချောင်ချောင်သည် သူ့အကြည့်များ အောက်တွင် ရှက်သွေးဖြာသွား၏။ ထို့နောက် သူမက မေးလိုက်သည်။ "ဒါပေမယ့် ဘာလို့ ကျွန်မလဲ?"

 

 

"ဘာလို့လဲဆိုတော့ မင်းက…"ယန်ဝေ့သည် မော့ကြည့်ကာ ခဏလောက်ချိန်ဆနေ၏။ ကျိုးချောင်ချောင်က သူ့ကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် ယန်ဝေ့ပြောသည်ကို ကြားလိုက်ရသည်။ "မင်းက ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ကျိုးချောင်ချောင်မလို့ပဲ!"

 

 

သူ့စကားများသည် ကျိုးချောင်ချောင်အား

အံ့အားသင့်သွားစေခဲ့၏။ တစ်ဦး‌တည်းသော ချောင်ချောင်တဲ့လား? သူမ တစ်ယောက်တည်းလား?

 

 

မောင်လျန့် - "…"ဒါအတွက် ငါမနေ့က ပိုင်တုမှာ ရှာခဲ့ရတာလား?

 

 

ထိုစဉ် ကျုံးထိုက်၏ မန်နေဂျာဟယ်သည် စိတ်ဆိုးစွာဖြင့် အော်ပြောလေသည်။"မန်နေဂျာယန်ကို စော်ကားခဲ့တဲ့ အရူးက ဘယ်သူလဲ? ဒီ အထင်ကြီးလောက်တဲ့ ပုဂ္ဂိုလ်ကို ဖိတ်ဖို့ ငါအတော်ကြာအောင် သွားခဲ့ရတာ မင်းတို့ထဲမှာ ဘယ်သူက သူ့ကို စော်ကားခဲ့တာလဲ?"

 

 

 သူသည် အစေခံတစ်ယောက်ကဲ့သို့ ပြမူကာ လက်ဖက်ရည်ငှဲ့ပြီး ကြင်နာစွာ ပြောနေလေ၏။မနက်ဖြန် ဆိုက်ထဲကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ရန် သူ့အား သဘောတူလာစေရန် သက်သက်သာ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုသည် အောင်မြင်တော့မည် ဖြစ်၏။ သို့သော် ယခု မစ်စတာယန်သည် မနက်ဖြန် သူ အလုပ်ရှုပ်မှာ ဟုပြောသော စာတစ်စောင် ချက်ချင်း ပို့ခဲ့တယ်တဲ့လား?

 

 

အမယ်လေး အလုပ်ရှုပ်တယ်တဲ့လား? သူသည် ရောက်ရောက်ချင်း ကားထဲသို့ ၀င်ကာ နောက်ပြန်မကြည့်ဘဲ ထွက်သွား၏။ သူ ဒေါသထွက်ရမယ်! ငါဟာ လက်ဆောင်တွေနဲ့အတူ နည်းနည်း နောက်ကျခဲ့ရုံပဲ တစ်ယောက်ယောက်က သူ့ကို ဘယ်လိုလုပ် စော်ကားခဲ့တာလဲ? အဲ့တာ ဘယ်သူလဲ?!

 

 

မန်နေဂျာဟယ်သည် မစ်စတာယန်ကို ဦးဆောင်လမ်းပြသော အလုပ်သမားများကို မေးရန် ဒေါသတကြီး ထွက်ပြေးသွားလေသည်။ မကြာမီ ဘာဖြစ်ခဲ့သည်ဆိုသည့် စိတ်ကူး သူ့တွင်ရှိခဲ့၏။

 

 

ထိုစဉ် အင်တာဗျူးသည့် အခန်းထဲတွင် ရွမ်ရှောင်ကျောင်းသည် မကျေနပ်သည့် မန်နေဂျာအား ရှင်းပြနေတုန်းပင်ဖြစ်၏။ " အစ်မကျန်း ဒီကိစ္စမှာ ကျွန်မ တစ်ယောက်ယောက်ကို ရည်ရွယ်တာ မဟုတ်ဘူး။ တကယ်ပဲ သူမဟာ ကျွန်မတို့ ကုမ္ပဏီအတွက် အရည်အချင်း မပြည့်စုံဘူး။ ပြီးတော့ ကျွန်မ သူ့ကို မကျေနပ်တာဟာ သူမမှာ ပိုက်ဆံမရှိလို့ အထင်သေးတာကြောင့် မဟုတ်ဘူး။ သူမမှာ အရည်အချင်း မရှိလို့ပဲ။"

 

 

စာရွက်စာတမ်းများကို အထပ်လိုက် ကိုင်ထားသော အစ်မကျန်းသည် ကျိုးချောင်ချောင်ကို မသိဘဲ သူမအကျိုးအတွက် ၀င်ရောက်ခဲ့ခြင်း မဟုတ်ပေ။ သူမ၏ မကျေနပ်မှုသည် သူမ အဖေ၏အဆက်အသွယ်များမှ တစ်ဆင့် ကုမ္ပဏီသို့ ၀င်ရောက်ခဲ့သော ရွမ်ရှောင်ကျောင်းကို ဦးတည်နေခြင်း ဖြစ်သည်။ ယခု သူမသည် မန်နေဂျာအငယ် တစ်ယောက်ကဲ့သို့ ပြုမူနေလေသည်။ခုတော့ သူမက အရည်အချင်းဆိုတဲ့အကြောင်း ပြောနေတယ်တဲ့လား? ဟာသပဲ။

 

 

ထို့ကြောင့် အစ်မကျန်းသည် ပြုံးရုံသာ ပြုံးလိုက်ပြီး ပြောခဲ့သည်။ "တစ်ရက်ခြားဆိုတာ ဆောင်းဦးသုံးရာသီလောက် ကြာတယ်လို့ ပြောကြတယ်။ နင်နဲ့သူမဟာ အချင်းချင်း မတွေ့တာ နှစ်,နှစ်လောက်ရှိနေပြီ။ နင် ဘယ်လိုလုပ်ပြီး သူမရဲ့ အရည်အချင်းတွေ အကြောင်း သိနေရတာလဲ?"

 

 

ရွမ်ရှောင်ကျောင်းက နှုတ်ခမ်းတွန့်လိုက်ပြီး ပြန်မငြင်းဆိုခဲ့ပေ။ သူမသည် မကျေနပ်ပုံ ပေါ်နေ၏။ အခန်းတွင် သူတို့နှစ်ယောက်တည်းသာ ရှိသည် မဟုတ်ပေ။ အစ်မကျန်းက ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်နေသည်ဟု ထင်နေကြသော အခြားသူများလည်း ရှိနေကြ၏။

 

 

အစ်မကျန်းသည် ရွမ်ရှောင်ကျောင်းဘက်မှ သည်းမခံနိုင်ဆုံး ဖြစ်ကာ သူမသည် မနှစ်မြို့စရာ ကောင်းသော နှလုံးဖောက် ဝေဒနာကို ခဏလောက် ခံစားခဲ့ရလေသည်။

 

 

"ဘာဖြစ်နေကြတာလဲ?" သူမ တွေးနေခဲ့သည့်အတိုင်း မန်နေဂျာဟယ်သည် တံခါးကို တွန်းဖွင့်ကာ ၀င်လာခဲ့၏။ အပြင်တွင် အင်တာဗျူးအတွက် စောင့်နေကြသော လူများသည် အထဲသို့ ချောင်းကြည့်ကြပြီး မြန်မြန် နောက်ဆုတ်သွားကြ၏။

 

 

မန်နေဂျာဟယ်သည် တံခါးကို အရှိန်ပြင်းစွာ ပိတ်လိုက်ပြီး ဤလူများကို အော်ပြောလိုက်၏။ "ဘယ်သူလဲ? ဘယ်သူလဲ??? မစ်စတာယန်ကို ဘယ်သူစော်ကားခဲ့ဝာာလဲ?"

 

 

လူတိုင်းက အံ့အားသင့်သွားကြပြီး မေးခဲ့သည်။ "မန်နေဂျာ ဘယ်က…ဘယ်က မစ်စတာယန်လဲ?"

 

 

"ဘယ်တစ်ယောက်လဲ ဟုတ်လား?" မန်နေဂျာဟယ်သည် ဒေါသတကြီး ရယ်လိုက်၏။ "နင်တို့ တွေ့တဲ့ မစ်စတာယန်က အများကြီး ရှိလို့လား?ဘယ်သူက တစ်ယောက်ယောက်ကို စိတ်ဆိုးအောင် လုပ်ခဲ့လဲဆိုတာ နင်တို့မသိဘူးလား? နင်တို့ ကိုယ်တိုင် ဒါကို မသိဘူးလား?"

 

 

အစ်မကျန်းသည် မျက်မှောင်ကြုတ်ပြီး ခဏလောက် တွေးနေ၏။ သူမသည် သတိထားပြီး မေးလိုက်၏။ "မန်နေဂျာ ပြောတာ ခုနကလေးတင် ဒီမှာ ရှိခဲ့တဲ့ အရပ် ၁.၉မီတာလောက် ရှည်တဲ့ ဆံပင်တိုတိုနဲ့ ယောက်ကျားကို ပြောတာလား?"

 

 

မန်နေဂျာဟယ်သည် မစ်စတာယန် အရပ်ဘယ်လောက်ရှည်သည်ကို မသိခဲ့ပေ။ သို့သော် သူသည် အတော် အရပ်ရှည်၏။ သူသည် စိတ်ပျက်လက်ပျက်နှင့် ခြေထောက်ကို ဆောင့်လိုက်၏။ "ငါမသိဘူး ငါမသိဘူး ငါမသိဘူး! ခု ချက်ချင်း မစ်စတာယန်ဆီ သွားပြီး ဒူးထောက် တောင်းပန်! မြန်မြန်!"

 

 

မန်နေဂျာဟယ်သည် အားရပါးရ တံခါးကို လက်ညှိုးထိုးပြခဲ့သည်။ သို့သော် နောက်တွင် ဤအသုံးမကျသည့် လူများက ဘာလုပ်နိုင်မှာလဲ ဟု နားလည်သဘောပေါက်သွား၏။ သူသည် ဒေါသထွက်လျက် လှည့်ပတ်ကြည့်ကာ ထွက်သွားလေသည်။

 

 

ယန်ဝေ့သည် ကျိုးချောင်ချောင်ကို အိမ်ပြန်ပို့ခဲ့၏။ သူမသည် ကားပေါ်မှ ဆင်းသောအခါ ရိုသေကျိုးနွံ့စွာ ပြန်လှည့်ပြီး ယန်ဝေ့အား နှုတ်ဆက်ခဲ့၏။

 

 

သို့သော် သူမကို အံ့အားသင့်စေရန် ယန်ဝေ့သည် ‌ကားပေါ်မှ အလွန် တည်ကြည်လေးနက်စွာ ဆင်းလိုက်သည်။ကျိုးချောင်ချောင်က မျက်လုံးပြူးပြီး မေးလိုက်၏။ "ရှင် ဘာလို့ ဆင်းတာလဲ? ရှင်ဘာလုပ် နေတာလဲ?"

 

 

ယန်ဝေ့သည် သူမနေထိုင်သည့် နေရာကို စောင်းငဲ့ကြည့်ပြီး မကျေနပ်သလို ပြောလိုက်သည်။" ငါ မင်းကို အ‌ပေါ်ထပ်ကို လိုက်ပို့မလို့ပါ!"

 

 

ကျိုးချောင်ချောင်သည် သူ့ကို သံသယအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်‌လိုက်လေသည်။ ယန်ဝေ့သည် နေသည့်နေရာဆီသို့ ကျိုးချောင်ချောင်နောက်မှ လိုက်ခဲ့၏။

 

 

ဤရပ်ကွက်အတွင်းရှိ အဆောက်အဦးတိုင်းတွင် ၂၄လွှာလောက်ရှိပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်က ဆောက်ထားခဲ့သလိုပင် အိမ်အားလုံးနီးပါးသည် အသစ်ဖြစ်နေသည်။ ကျိုးချောင်ချောင်သည် ၁၇လွှာ တွင်နေပြီး ဓါတ်လှေကားမှာ ငွေရောင်ဖြစ်၏။

 

 

ကျိုးချောင်ချောင်၏ နေထိုင်မှု အခြေအနေသည် သူနှင့် ကွာလှသည်။ ယန်ဝေ့သည်လည်း ယိဝူမြို့တွင် တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်၏။ ပတ်၀န်းကျင်သန့်ပြီး လသာဆောင်တိုင်းသည် နေ့အချိန်အတော်များများတွင် နေရောင်ခြည် ရလေသည်။ ပြင်သစ်ပြတင်းပေါက်များမှ အပြင်သို့ ကြည့်လိုက်လျှင် လှပသော မြက်ခင်းစိမ်းစိမ်း၊ သစ်တောအုပ်များ၊ ရေကန်နှင့် တူသော ကျောက်တုံးများနှင့် ကွေ့ကောက်နေသော လမ်းများ ရှိကြလေသည်။

 

 

ထို့ပြင် အပန်းဖြေသည့် အသုံးအဆောင် ပစ္စည်းများသည်လည်း အရည်အသွေး အကောင်းဆုံးပင် ဖြစ်ကြ၏။ ရေကူးကန်၊ တင်းနစ်ကွင်း၊ ဘက်စကတ်ဘောကွင်း၊ gymနှင့် ကလေးများအတွက် ကစားကွင်း သေးသေးလေး ရှိလေသည်။

 

 

ယိဝူမြို့၏ အလွန်ရှာဖွေလိုသော အိမ်ခြံမြေဈေးကွက်တွင် ထိုကဲ့‌သို့သော အသုံးအဆောင်ပစ္စည်းများနှင့် ရပ်ကွက်များ၊ ပတ်၀န်းကျင်ကောင်းများသည် အလိုအလျောက် ဈေးမသက်သာချေ။

 

 

ယွီယောင်မှ ထွက်ပြီးနောက် ယန်ဝေ့သည် တိုက်ခန်း မြန်မြန် ၀ယ်လိုက်သည်။ သို့သော် သူသည်  ထိုနေရာတွင် တစ်ယောက်တည်းနေရန် သူကိုယ်တိုင် လစ်လပ်နေခဲ့၏။ ထို့ကြောင့် သူ့အား ယန်မိသားစု နေထိုင်ရာအိမ်သို့ ပြန်ခေါ်ခဲ့ရလေသည်။

 

 

ကျိုးချောင်ချောင် နေထိုင်သည့် နေရာတွင် တစ်စတုရန်းလက်မစီကို အသုံးပြုရန် ချဲ့ထွင်ထားသည်။ ဓါတ်လှေကား စောင့်သည့် နေရာတွင်တောင်မှ ကျဉ်းမြောင်းသည့် စင်္ကြလမ်း သာသာပဲရှိ၏။

 

 

အနောက်ဘက်ရှိ အဆောက်အဦး နှစ်ခုကြားထဲမှ ဘက်စကတ်ဘောကွင်းမှ လွဲ၍ မည်သည့် အဆောက်အဦးမျှမရှိပေ။ အရှေ့ဘက်တွင် လျှောတစ်ခုနှင့် ကစားကွင်း သေးသေးတစ်ခုသာ ရှိပြီး အခြားဘာမျှမရှိပေ။

 

 

မြက်ခင်းပြင်သည် သေးငယ်ပြီး သစ်ပင်အနည်းငယ်အား ကျိုးတိုးကျဲတဲ စိုက်ထား၏။ အချို့ကျောက်တုံးများကို မျက်ခင်းပြင်ရှိ လမ်းဘေးတွင် စီထားကြသည်။

 

 

ယန်ဝေ့သည် တစ်ခုမျှ မပြောဘဲ တောက်လျှောက် နောက်မှ လိုက်လာခဲ့သည်။ သူသည် ကျိုးချောင်ချောင်နှင့် အတူရှိချင်မိ၏။ သူမသည်သာ သူ့ကို ဤကဲ့သို့ ရင်ခုန်အောင် လုပ်နိုင်သောသူဖြစ်သည်။ ထို့ပြင် သူမသည် သူ၏ပဟေဠိလိုဖြစ်နေသော ဘ၀တွင် ပျောက်ဆုံးနေသော အပိုင်းအစလိုပင် သူ့ဘ၀ကို ဖြည့်စွက်ပေးနိုင်စွမ်း ရှိသည်။

 

 

သို့သော် ကျိုးချောင်ချောင်သည် မတူကွဲပြားသည်ကို သူသိခဲ့၏။ သူမသည် ခုထိ ငယ်ရွယ်သေးသည်။ သူတို့ဘ၀သည် ဘယ်တော့မှ မဖြတ်သော ပြိုင်မျဉ်းနှစ်ကြောင်းလိုပင် ဖြစ်၏။ သူတို့ဘယ်လို နီးစပ်ခဲ့သည်မှာ ကိစ္စမရှိပေ။

 

 

သို့သော်လည်း သူသည် သူ၏ ဦးတည်ရာလမ်းကြောင်းကို ပြောင်းလိုက်သည်။

 

 

သူသည် ဓါတ်လှေကားစောင့်နေရင်း သူ့ရှေ့ရှိ မိန်းကလေးကို ကြည့်လိုက်၏။ သူသည် သူမအကြောင်း မစုံစမ်းခဲ့ပေ။ သို့သော်လည်း ရိပ်ခနဲမြင်လိုက်လျှင်တောင်မှ သူမဘ၀သည် သူမ ပြထားသည်ထက် ပိုခက်ခဲသည်ကို သူသိခဲ့သည်။

 

 

သူမ ဆန္ဒရှိမည်ဆိုလျှင် သူတို့သည် အတူတကွရှိကြပြီး သူသည် ဘ၀တစ်လျှောက်လုံး သူမကို ကာကွယ် ပေးမည်ဖြစ်သည်။

 

 

စက်ြလမ်းတွင် သဘာ၀အလင်းရောင် မလုံလောက်သောကြောင့် နေ့ခင်းဘက်တွင် မီးများပွင့်နေလေသည်။အချို့ ထူးဆန်းသော ကြော်ငြာများကို စက်ြလမ်း၏ နံရံများတွင် ကပ်ထား၏။ ကျိုးချောင်ချောင် ဓါတ်လှေကား ခလုတ်ကို နှိပ်ပြီးနောက် ဒင်ဆိုသည့် အသံကို သူတို့မကြားမီ တစ်မိနစ်နီးပါးလောက် စောင့်ခဲ့ရသည်။

 

 

ဓါတ်လှေကားတံခါး များသည် အလိုအလျောက် ပွင့်သွား၏။ အတွင်းဘက်သို့ ယန်ဝေ့ ပထမဆုံး မြင်လိုက်ရသည်မှာ အထပ်လိုက်ရှိသည့် ကြော်ငြာစာရွက်များ ဖြစ်သည်။

 

 

သင့် ရေပိုက်ပြင်ပါက ၁၃၀××××××××သို့ ခေါ်ပါ။

 

 

××××မှ ပရိဘောဂများကို အိမ်တိုင်ရာရောက် ၀ယ်ယူလိုက်ပါ။

 

 

×××ဟိုတယ်၊ ဖုန်း - ၁၅၈××××××××

 

 

သင့်ရဲ့ အိမ်သာ ပိတ်ပါက ၁၇၇×××××××× ကိုခေါ်ပါ။

 

 

ကြော်ငြာပြီးရင်း ကြော်ငြာနေကာ သူတို့အားလုံးသည် များသောအားဖြင့် နေ့စဉ်ဘ၀တွင် ကြုံကြိုက်ရသည်ချည်း ဖြစ်၏။ အချို့လူများသည် အခြားလူများ၏ ကြော်ငြာများရှိ ဖုန်းနံပါတ်များကို ကြက်ခြေခတ်ရန် အနက်ရောင် အမှတ်အသားကိုပင် အသုံးပြုကြသည် သို့မဟုတ် ထိုအပေါ်တွင် သူတို့၏ကြော်ငြာများကို တိုက်ရိုက် ထည့်ထားကြလေသည်။

 

 

ထိုကဲ့သို့သော ဓါတ်လှေကားသည် သူ၏ ‌အဆင့်မြင့် နေထိုင်ရာအိမ်တွင်ဆိုလျှင် မဖြစ်နိုင်ပေ။ ယန်ဝေ့၏ အဆင့်မြင့် နေထိုင်ရာအိမ်တွင် အနီရင့်ရောင် ကော်ဇောများနှင့်အတူ ဓါတ်လှေကား အကျယ်ကြီးရှိကာ အထဲသို့ ၀င်လိုက်ချိန်တွင် အသံကိုမျှမကြားရပေ။

 

 

အရည်အသွေးကောင်းသည့် ပန်းချီကားများကို ဓါတ်လှေကား ပတ်လည်တွင် ချိတ်ဆွဲထားလေသည်။သို့သော် ယန်ဝေ့သည် ဘ၀ခံစားမှုနှင့် ပြည့်နေသော ဤဓါတ်လှေကားမျိုးကို မကြိုက်ပေ။ ဖြစ်နိုင်သည်မှာ ၎င်းသည်လည်း ကျိုးချောင်ချောင်၏ တစ်စိတ်တစ်ပိုင်းကို ကိုယ်စားပြုသည်သာ ဖြစ်မည်!

 

 

၁၇ လွှာသို့ မြန်မြန် ရောက်ရှိသွားခဲ့သည်။ ဓါတ်လှေကား တံခါးပွင့်သွားချိန်တွင် သူတို့သည် အကျဉ်းထောင်အခန်းနှင့်တူသော တံခါးတန်းများနှင့်အတူ ရှည်လျားသော စက်ြလမ်းကို မျက်နှာမူလျက် ရှိ၏။ ပြတင်းပေါက် အနည်းငယ်နှင့် မီးမှိန်မှိန်လေးများသာ ရှိသည်။

 

 

ကျိုးချောင်ချောင်သည် ခြောက်ခုမြောက်တံခါးတွင် ရပ်လိုက်ပြီး သော့ဖွင့်ရန် သူမသော့ကို ထုတ်လိုက်သည်။

 

 

ယန်ဝေ့သည် စကားမပြောမီ ကျိုးချောင်ချောင် တံခါးဖွင့်သည်ကို စောင့်နေခဲ့၏။ "ဒါဆို ခု ငါပြန်သွားဝောာ့မယ်"

 

 

ကျိုးချောင်ချောင်သည် တံခါးနောက်တွင် ရပ်နေပြီး ရုတ်တရက် သူ့အား လှမ်းခေါ်လိုက်၏။"ယန်ဝေ့"

 

 

ယန်ဝေ့က သူမကို လှည့်ကြည့်လိုက်သည်။ ကျိုးချောင်ချောင်သည် သူမဆံပင်ကို ဆွဲယူပြီး ရုတ်တရက် သူမ၏ ဆံပင်တုကို ချွတ်လိုက်၏။

 

 

မည်သည့် သတိပေးခြင်းမျိုးမှ မရှိဘဲ ကတုံးပြောင်သည် သူ၏မြင်ကွင်းတွင် ၀င်းလက်နေသည်။

 

 

ယန်ဝေ့ - "…"

 

 

"ကျွန်မ ကတုံးဖြစ်သွားပြီ ရှင် စိတ်အနှောင့်အယှက် ဖြစ်မလား?" ကျိုးချောင်ချောင်က မေးလိုက်သည်။

 

 

ယန်ဝေ့သည် ကျိုးချောင်ချောင် ရုတ်တရက် မေးလိုက်သည့် နောက်ကွယ်က ရည်ရွယ်ချက်ကို နားလည်ပေါ်ပေါ်ခဲ့သည်။သူသည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။" ငါ စိတ်ထဲ မထားပါဘူး"

 

 

"ကျွန်မက အလွန် စမတ်မကျနိုင်ဘူး ရှင် စိတ်အနှောင့်အယှက် ဖြစ်မလား?"ကျိုးချောင်ချောင်က မေးလိုက်၏။

 

 

ယန်ဝေ့ - "မဖြစ်ပါဘူး"

 

 

"ကျွန်မ မိသားစုက ကျွန်မကို သဘောမကျဘူး။ ရှင် စိတ်အနှောင့်အယှက် ဖြစ်မလား?"

 

 

ယန်ဝေ့ - "မဖြစ်ပါဘူး"

 

 

"ကျွန်မ စိတ်တိုနိုင်တယ်၊ စိတ်မချရဘူး၊ အိမ်မှုကိစ္စမှာလည်း မတော်ဘူး။ စိတ်အနှောင့်အယှက် ဖြစ်မလား?"

 

 

ယန်ဝေ့ - " မဖြစ်ပါဘူး"

 

 

"ကျွန်မ ခုထိ ရှင့်ကို သဘောမကျသေးဘူး၊ ရှင့် စိတ်ထဲ ရှိသေးရဲ့လား?"

 

 

ယန်ဝေ့က ခဏလောက်ရပ်ပြီး ပြောလိုက်လေသည်။ "…နောင်တစ်ချိန်မှာ မင်း ငါ့ကို ချစ်လာလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"

 

 

" ဒါဆို ရှင် ကျွန်မကို ချစ်လား?" ကျိုးချောင်ချောင်က ငြင်းလိုက်သည်။

 

 

ယန်ဝေ့က ရုတ်တရက် ပြုံးပြီး မေးလိုက်၏။"ငါ မင်းကို ချစ်တယ်လို့ပြောရင် မင်းယုံမှာလား?"

 

 

ကျိုးချောင်ချောင်က ခေါင်းခါလိုက်သည်။

 

 

ထို့နောက် ယန်ဝေ့က သူမကို မေးလိုက်ပြန်သည်။"ဒါဆို မင်း ဘာလို့ မေးခဲ့တာလဲ?"

 

 

"ကျွန်မ သေချာချင်လို့" ကျိုးချောင်ချောင်က ပြောလိုက်သည်။ သူမသည် သူမကိုယ်တိုင် ဒုက္ခရောက်မည်ကို အတည်ပြုပြီး ရှောင်ချင်နေခဲ့၏။

 

 

ယန်ဝေ့က သူမအား မေးလိုက်သည်။"ချောင်ချောင် ငါဟာ ယန်မိသားစုရဲ့ ဆက်ခံသူ မဟုတ်ဘူး။ မင်း စိတ်ရှိရဲ့လား?"

 

 

ကျိုးချောင်ချောင်က ခေါင်းခါပြီး ပြောလေသည်။" မရှိပါဘူး"

 

 

"ငါဟာ ယန်ယဲ့လိုမျိုး စိတ်ကူးယဉ် မဆန်နိုင်ဘူး။ မင်း စိတ်ရှိရဲ့လား?"

 

 

ကျိုးချောင်ချောင်သည် ဆက်ပြီး ခေါင်းခါနေကာ ပြောလေသည်။"မရှိပါဘူး"

 

 

"ငါ့ရဲ့ မိဘတွေဟာ ငါနဲ့ အရမ်း မရင်းနှီးဘူး။ မင်း စိတ်အနှောင့်အယှက် ဖြစ်မလား?"

 

 

ကျိုးချောင်ချောင် - "မဖြစ်ပါဘူး"

 

 

" တစ်ခါတလေကျ ငါဟာ အေးစက်ပြီး တစ်ခါတလေတော့လည်း မာနကြီးတယ်။ ဒါပေမယ့် ငါ ဒါတွေကို ပြောင်းလဲပစ်ပါ့မယ်။ဒါပေမယ့်လည်း ငါ့မှာ ချွတ်ယွင်းချက်တွေ အများကြီး ရှိသေးတယ်။ မင်း စိတ်ထဲရှိရဲ့လား?"

 

 

"ကောင်းပြီ ကျွန်မ စိတ်ထဲရှိတယ်" ကျိုးချောင်ချောင်က ခေါင်းညိတ်လိုက်သည်။

 

 

ယန်ဝေ့ - "…"

 

 

ကျိုးချောင်ချောင်သည် သူမ ကတုံးပြောင်ကို ထိပြီး ပြောလိုက်သည်။ "ကျွန်မ အရမ်းဉာဏ်မကောင်းဘူး။ ရှင် ကျွန်မကို လျစ်လျူရှုရင် ကျွန်မ အတွေးလွန်မယ်။ ကြောက်စရာပဲ"

 

 

ယန်ဝေ့က ပြုံးပြီး အံကြိတ်ကာ ပြောခဲ့သည်။"ငါ …ပြောင်းလဲပါ့မယ်"

 

 

ကျိုးချောင်ချောင်က သူ့ကို စိတ်ရှုပ်ရှုပ်နှင့် ကြည့်လိုက်သည်။ "ရှင် အရမ်း လိုလိုလားလား ရှိပုံမရဘူး မလား?"

 

 

ယန်ဝေ့က ဆက်ပြီး ပြုံးနေကာ အံကြိတ်ထားဆဲပင်။ "ငါ…၀မ်းသာစွာ…လက်ခံပါတယ်!"

 

 

ကျိုးချောင်ချောင်သည် ပိုပြီး စဉ်းစားမရ ဖြစ်ကာ ယန်ဝေ့ကို မေးလိုက်သည်။ "ရှင် ဘာလို့ ကျွန်မအပေါ် အရမ်းကောင်းပေးတာလဲ?"

 

 

ယန်ဝေ့က မော့ကြည့်ကာ ခဏလောက် စဉ်းစားပြီး ပြောလိုက်၏။ "ငါ့မှာ မင်းရဲ့ အပြစ်တွေကို လက်ခံဖို့ အရည်အချင်း အပြည့်အ၀နဲ့ ပွင့်လင်းမှုရှိတာကြောင့် ဖြစ်နိုင်တာပဲ။ မင်းမှာရှိတဲ့ ခွန်အား နှစ်ခုစလုံးက ဘ၀တစ်လျှောက်လုံး ငါ့ကို ပျော်ရွှင်စေဖို့ လုံလောက်တယ်"

 

 

ကျိုးချောင်ချောင်က ပိုပြီး နဖူးတွန့်ကာ ပြောလိုက်သည်။ "နောင်ဝာစ်ချိန်မှာ ကျွန်မရဲ့ ခွန်အားနှစ်ခုလုံးကို ရှင်မကြိုက်ရင် ဘာဖြစ်မှာလဲ?"

 

 

ယန်ဝေ့သည် ရှေ့သို့ တစ်လှမ်းလှမ်းကာ သူမ လက်ကို ကိုင်ပြီး ပြောလေသည်။ "ငါထင်တယ်…အဲ့ဒိအချိန်ကျရင်…"သူသည် သူ၏အိတ်ကပ်ထဲမှ လက်စွပ်ကို ထုတ်ပြီး သူမကို ငုံ့ကြည့်ကာ ပြောလိုက်၏။ "ငါ မင်းကို ချစ်မိနေပြီ"

 

 

လက်စွပ်မှာ စိန်များမပါဘဲ ရိုးရှင်းသော ပလက်တီနမ် လက်စွပ်သာ ဖြစ်သည်။

 

 

"ဒါဆို မင်း ဒါကို ၀တ်ဖို့ ဆန္ဒရှိရဲ့လား?"ယန်ဝေ့က မေးလိုက်သည်။

 

 

ကျိုးချောင်ချောင်သည် သူမလက်ကို ဆန့်ပေးပြီး ပြောလိုက်လေသည်။ "ဟုတ်ကဲ့ ကျွန်မ ကတိပေးပါတယ် စွပ်ပေးပါ!"

 

 

ယန်ဝေ့ -"…"

 

 

အစကဝာည်းက အခြေအနေသည် အတော်လေး မူမမှန်သည်ကို သူ ခံစားမိခဲ့သည်။