အမျိုးသား
ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း
အပိုင်း
၁၉
တကယ်တော့
ကျိုးချောင်ချောင်၏ အဖေသည် မိထွေးနှင့် ပေါင်းပြီးနောက်
သူ၏အသက်မွေးဝမ်းကြောင်းသည် ခဏတာ ကျဆင်းသွားပြီး ပြန်လည်ကောင်းမွန်လာသည့် ကာလတစ်ခုကို
ဖြတ်သန်းခဲ့၏။ မဟုတ်လျှင် ကျိုးချောင်ချောင်အား ဆရာမဆီသို့ စားသောက်ဖို့ ပို့ရန် သူတို့
ဘယ်လိုလုပ် တတ်နိုင်မှာလဲ? နောက်ဆုံးတွင် သူမကို ပို့လိုက်ခြင်း၏ ကုန်ကျစရိတ်မှာ အိမ်မှာ
ချက်ပြုတ်ရသည်ထက် ပို၍ပင် အကုန်အကျများနေခဲ့သည်။
သို့သော်လည်း
တက္ကသိုလ် ကျူရှင်ကိစ္စသည် ရှုပ်ထွေးသော အရာတစ်ခု ဖြစ်လေသည်။ ကျူရှင်ခမှာ တစ်နှစ်လျှင်
ယွမ်7900ဖြစ်၏။ မီတာခနှင့် ရေဖိုး အတွက် လစဉ် ကုန်ကျစရိတ်များ အပြင် စာအုပ်ဖိုးယွမ်
800နှင့် ကျောင်းနေထိုင်စရိတ်မှာ ယွမ်1200ဖြစ်၏။
ယနေ့ခေတ်တွင်
ဈေးနှုန်းများမှာ မြင့်မားလာ၏။အထူးသဖြင့် ယိဝူမြို့တွင် ဖြစ်၏။ အစားအစာတစ်ပွဲကို အနည်းဆုံး
ယွမ်နှစ်ဆယ် ပေးရ၏။ တစ်နေ့ ယွမ်ငါးဆယ်ကုန်ကျသည်ကို ဈေးကြီးသည်ဟု မဆိုနိုင်ပေ။ကျောင်းတွင်းစားသောက်ဆိုင်သည်
အတော်အတန် ဈေးသက်သာ၏။ သို့သော် လစဉ်အစားအသောက် ကုန်ကျစရိတ်သည် ယွမ် တစ်ထောင်နီးပါး
ရှိ၏။
ကလေးအတွက်
မုန့်ဖိုးနည်းနည်းလောက် ပိုပေးရင် တစ်လလျှင် ယွမ်ထောင့်ငါးရာလောက် ပေးသင့်တယ် မဟုတ်လား?
ဤသည်မှာ ယိဝူကဲ့သို့ မြို့ကြီးတွင် ဖြစ်၏။ သို့သော်လည်း ကျိုးယင်းကျယ်သည် ဤကုန်ကျစရိတ်များကို
ဘယ်သောအခါမှ ထည့်မစဉ်းစားခဲ့ချေ။
သူမမိထွေး၏
စကားများအရ အခြားလူများ၏ ကလေးများသည် အံ့ဩနေကြလေသည်။ သူတို့သည် တက္ကသိုလ်မှ ဘွဲ့ရသည်အထိ
သူတို့ကိုယ်တိုင် ထောက်ပံ့ပေးနိုင်ကြသည်။
ထို့ကြောင့်
ကျိုးချောင်ချောင်၏ အဖေ ကျိုးယင်းကျယ် လျှို့ဝှက်ပေးထားသော ပထမနှစ် ကျူရှင်ခမှလွဲ၍
ဒုတိယနှစ်မှစ၍ ကျိုးချောင်ချောင်သည် တည်းခိုခ၊စာအုပ်ဖိုးနှင့် အခြား အမျိုးမျိုးသော
ကုန်ကျစရိတ်များကို မဖော်ပြဘဲ သူမကိုယ်ပိုင် ကျူရှင်မှ ၀င်ငွေရရှိခဲ့လေသည်။
သူမအဖေ
ကျိုးယင်းကျယ်သည် သူမအား လစဉ် ယွမ်သုံးရာထောက်ပံ့ကာ တစ်နှစ်လျှင် ယွမ် 2400 ရှိလေသည်။
ဤအကြောင်းပြချက်များ
အပေါ် အခြေခံ၍ ကျိုးချောင်ချောင်သည် တကယ်ပင် ခြိုးခြံချွေတာစွာ နေထိုင်ခဲ့၏။ သို့သော်
သူမသည် ကင်မ်ချီ ဟင်းရည်နှင့် ထမင်းဖြူကို အမြဲမစားခဲ့ပေ။ တစ်ခါတရံ သူမတွင် ပိုက်ဆံမရှိသော
အခါတွင်မှ ထိုအရာကို စားခဲ့၏။ သူမသည် ထမင်းအဖြူကို တို့ဟူးအစပ်ကြော်နှင့် စားခဲ့သည့်
အချိန်သာများ၏။ မှန်၏!
သို့သော်လည်း
သူမသည် သနားစရာကောင်းပြီး ကျောင်းသားများကြားတွင် အထီးကျန်သော ဝံပုလွေတစ်ကောင်လို ဖြစ်နေသည်။
ကျိုးချောင်ချောင်သည်
နှာခေါင်းကိုအုပ်ကာ ခေါင်းမော့ပြီး လည်နေသော မျက်နှာကျက်အား ကြည့်လိုက်သည်။ သူမသည်
မိုက်မဲလှသည်ဟု လူတိုင်းက ပြောကြ၏။သို့သော် လူမိုက်မှာလည်း သူတို့၏ ကောင်းကျိုးများ
ရှိသည်ဟု သူမ အမေက ပြောခဲ့ဖူးသည်။ အမြဲတမ်း သူမ ကံမကောင်းခဲ့သော်လည်း လူမိုက်မှာလည်း
သူတို့၏ ကောင်းကျိုးများ ရှိသည်ဟု သူမ အမေက ပြောခဲ့သည်ကို သူမယုံကြည်နေတုန်းပင် ဖြစ်၏။
အခန်းဟာ
ခဏလောက် တိတ်ဆိတ်နေခဲ့ပြီး ရွမ်ရှောင်ကျောင်း သည်လည်း ပြုံးနေဆဲပင်။ သူမက ပြောလိုက်၏။"
နင့်မှာ သူငယ်ချင်း တစ်ယောက်မှတောင် မရှိဘူး မလား? နင့်အိပ်ဆောင်က လူတွေက နင့်ကို သနားစရာလေးလို့
ခေါ်တာကို ငါကြားခဲ့တယ်"
"ငါ့မှာ
သူငယ်ချင်းရှိတယ် " ကျိုးချောင်ချောင်က သူမကို ပြန်ပြောလိုက်သည်။
ရွမ်ရှောင်ကျောင်း
သရော်ခြင်းကို တော်တော်ကြာကြာ သည်းခံပြီး နောက်ဆုံးတွင် ကျိုးချောင်ချောင်က ပြန်လည်ချေပပြောဆိုလိုက်၏။
သူမသည် မကျေပ်မနပ်ဖြင့် ငုံ့နေခဲ့ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ " တက္ကသိုလ်
တက်တည်းက ကျားမင်ကို ငါသိလာတာ ခုထိကို ငါတို့ တွဲနေတုန်းပဲ"
ရွမ်ရှောင်ကျောင်းက
ရယ်ပြီး ပြောလိုက်၏။"ကျားမင်လား? တောင့်တောင့်ဖြောင့်ဖြောင့်ကျောင်းသားကို သုံးနှစ်ကြာအောင်လိုက်ခဲ့တဲ့သူ
အဆုံးမှာတော့ သူ့ကို လော်စပီကာနဲ့ လိုက်ခဲ့ရဝာယ်မလား?"
ကျိုးချောင်ချောင်သည်
ရုတ်တရက် သူမလက်ကို လွှတ်လိုက်ပြီး ရွမ်ရှောင်ကျောင်းအား လှည့်ကြည့်လိုက်၏။ ကမ္ဘာမြေကြီး
စွမ်းအားကြောင့် သူမနှာခေါင်းမှ သွေးများ စီးကျလာပြီး သူမအကြည့်များသည် ရှက်ကိုးရှက်ကန်းဖြစ်လာသည်။
သို့သော်
ဤသို့ကသိကအောက် ဖြစ်ရသည့် အခြေအနေတွင်တောင်မှ ကျိုးချောင်ချောင်သည် ရွမ်ရှောင်ကျောင်းကို
အော်ပြောခဲ့သေး၏။" ကျားမင်က အကျင့်စာရိတ္တ ကောင်းတဲ့သူ တစ်ယောက်ပဲ!"
"
အဲ့ဒါကို ဘေးလူလို့ ခေါ်တယ်။ ကျောင်းမှာ ရည်းစား ရှိနေပြီးပြီ" ရွမ်ရှောင်ကျောင်းက
လှောင်ရယ် ရယ်လိုက်ပြီး သူမဘေးရှိ စီနီယာ လုပ်ဖော်ကိုင်ဖက်များကို ပြောလိုက်သည်။"
ကျွန်မတို့က အတန်းဖော်တွေ ဖြစ်ပေမယ့် ကျွန်မတို့ရဲ့နယ်ပယ်က ရိုးသားဖြောင့်မတ်တာကို
အရမ်း တန်ဖိုးထားတာမလို့ မစ်ကျိုးချောင်ချောင်ဟာ ကျွန်မတို့ရဲ့ ကုမ္ပဏီအတွက် မသင့်တော်ဘူးလို့
ကျွန်မထင်တယ်"
ကျိုးချောင်ချောင်သည်
ရွမ်ရှောင်ကျောင်းအား စိုက်ကြည့်ကာ သူမကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။"ဘယ်လောက်
ရယ်ဖို့ကောင်းလိုက်လဲ! ဘယ်နယ်ပယ်မဆို ရိုးသားဖြောင့်မတ်တာကို တန်ဖိုးမထားလို့လား? စာရင်းကိုင်နယ်ပယ်မှာ
နင် အလုပ်လုပ်လို့ ရတယ်ဆိုတာ အဲ့ကုမ္ပဏီကလည်း ရိုးသားတာကို တန်ဖိုးမထားဘူးလို့ ပြလိုက်တာပဲ!"
ရွမ်ရှောင်ကျောင်းက
သူမသည် ဤကဲ့သို့ စကား ပြောဝံ့သည်ဟု မယုံကြည်နိုင်ဖြစ်ကာ အံ့အားသင့်ရင်း ကျိုးချောင်ချောင်ကို
လှည့်ကြည့်လိုက်သည်။
ကျိုးချောင်ချောင်သည်
သူမ ဘယ်လောက် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ဆိုသည်ကို သဘောဝောာင် မပေါက်ဘဲ ပေါင်ပေါ်လက်တင်ကာ
တစ်ခစ်ခစ်ရယ်လိုက်၏။ သို့သော် သူမသည် သူမကိုယ်သူမ အလွန် ဂုဏ်ယူနေခဲ့မိ၏။ သူမသည် ရွမ်ရှောင်ကျောင်းကို
လက်ညှိုးထိုးပြီး ပြောလိုက်သည်။" နင် ရူးနေလား? အခု ငါ့ကို စည်းကမ်းတွေ လာပြောပေးမယ့်
ပရော်ဖက်ဆာ အဖေ မရှိဘူး!"
ကျိုးချောင်ချောင်သည်
သူမကိုယ်တိုင် လုံး၀ အရှုံးပေးလိုက်၏။ သူမသည် လှည့်ပတ်ပြီး ရွမ်ရှောင်ကျောင်းကို ကြည့်ကာ
ပြောလေသည်။" နင်သိလား နင်ငါ့ကို မကျေနပ်ရင်ဝောာင် နင်ဘာလုပ်နိုင်လို့လဲ? နင်ငါ့ကို
ကိုက်လို့မရဘူး"
"ကျိုး…ချောင်…ချောင်!"
ရွမ်ရှောင်ကျောင်းသည် ရုတ်တရက် မတ်တပ်ရပ်ကာ ကျိုးချောင်ချောင်ကို လက်ညှိုးထိုးကာ အော်လိုက်လေသည်။
ကျိုးချောင်ချောင်က
ဆက်ပြီး လှည့်ပတ်နေ၏! ဆက်ပြီး ရန်စနေ၏!
"နင့်
အစ်မကို ခေါ်လိုက်စမ်း! ငါနင့်ကို ကောင်းကောင်း မသိဘူး…!" ကျိုးချောင်ချောင်သည်
သူမကို ကြည့်ပြီး ဂုဏ်ယူစွာ ပြောလိုက်၏။" အဲ့ဒိကျောင်းက လူမိုက်က လူတွေကို ပထဆုံး
လိမ်လည်လှည့်ဖြားနေတဲ့ အရူးပဲ။ သူ့မှာ ကောင်မလေးရှိတယ်လို့ ကျောင်းက ဘယ်သူက သိခဲ့လို့လဲ?
သူထုတ်ပြောခဲ့လို့လား? တစ်ယောက်ယောက်က သူ့ကို ဖြားယောင်းနေတယ်ဆိုတာ သိရင် ခုထိ သူ့မှာ
ကောင်မလေးရှိတယ်လို့ ထုတ်ပြောမှာ မဟုတ်ဘူး။ သူက ပြဿနာ ရှိတဲ့သူ မဟုတ်လား? ပြီးဝောာ့
နင်က ကျားမင်ကို ဘေးလူလို့တောင် ခေါ်ရဲသေးတယ်။ နင် တန်ဖိုးထားတဲ့ပုံစံက အလွန်ဆိုးတာပဲ!"
ရွမ်ရှောင်ကျောင်းသည်
ကျိုးချောင်ချောင် အလွန်ရဲတင်းသည်ကို မယုံကြည်နိုင် ဖြစ်ကာ စိတ်ဆိုးစွာဖြင့် ပြောလိုက်၏။"
တော်တော့! ဒါဟာ အလုပ်အင်တာဗျူးတဲ့ နေရာ။ နင်ဘာလို့ ဒီနေရာမှာ ဒေါသပေါက်ကွဲနေရဝာာလဲ?"
ကျိုးချောင်ချောင်က
ကောင်းကင်သို့ မော့ကြည့်ကာ ပြောလေသည်။"လား လား လား ငါဒီကို အလုပ်လုပ်ဖို့ လာတာ
မဟုတ်ဘူး။ ဒေါသပေါက်ကွဲတော့ရော ဘာဖြစ်လဲ? ဘယ်သူက စပြီး အနိုင်ကျင့်ခဲ့တာလဲ? နင့်ကို
ကျားမင်က အပြစ်ရှာခွင့် ပြုလိုက်တာလား ဟမ်!"
ဤအချိန်တွင်
ကျိုးချောင်ချောင်သည် တံခါးဖွင့်ရန် သတိရသွားလေသည်။ သူမသည် တံခါးကိုဆွဲဖွင့်ကာ ခေါင်းကိုလှည့်ပြီး
ရွမ်ရှောင်ကျောင်းအား ပြောလိုက်၏။"ဟီးဟီး …ငါသွားတော့မယ်"
ထို့နောက်
သူမသည် ရွမ်ရှောင်ကျောင်းဘက်သို့ လှည့်ပြီး လှောင်ပြောင်ကာ ထွက်သွား၏။ အိုး ဘယ်လောက်တောင်
အားရကျေနပ်ဖွယ် ကောင်းလိုက်လဲ! အတိတ်မှာတုန်းက သူမ၏ အဖေသည် ပရော်ဖက်ဆာ တစ်ယောက်ဖြစ်ပြီး
လူတိုင်းက သူမကို မြှောက်ပင့်ခဲ့ကြရ၏။ သူမကို အနိုင်ကျင့်ခဲ့တာတောင်မှ ပြန်ပြီး မခုခံရဲခဲ့ပေ။
သို့သော်
ယခု သူမသည် လူ့အဖွဲ့အစည်းထဲသို့ ရောက်လာခဲ့ချေပြီ။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ!
လူ့အဖွဲ့အစည်းရှိ လူတိုင်းတွင် ဩဇာအာဏာရှိသော ဖခင် ရှိတာလား?
လား
လား လား လား လား…ဒီအရူးကတော့ ငါ့ကို ရူးအောင် လုပ်နေတာပဲ။
"အိုး
အူးပ်စ်!"
ရှေ့သို့
မကြည့်သော အကျိုးဆက်ကြောင့် သူမသည် တစ်စုံတစ်ယောက်၏ လက်မောင်းထဲသို့ ချက်ချင်း ၀င်တိုက်မိလေ၏။
ကျိုးချောင်ချောင်သည် သူမ နဖူးကိုကိုင်ပြီး မော့ကြည့်လိုက်မိသည်။ ယန်ဝေ့သည်လည်း သူမအား
ပြုံးရွှင်သော မျက်နှာဖြင့် ငုံ့ကြည့်နေခဲ့၏။
"ယန်ဝေ့
ရှင်ဒီမှာ ဘာလုပ်နေတာလဲ?" ကျိုးချောင်ချောင်သည် သူမ နဖူးအား အုပ်ထားရင်း သိချင်စိတ်
ပြင်းပြစွာဖြင့် သူ့ကို မေးလိုက်၏။
ယန်ဝေ့သည်
အထဲဘက်သို့ ငဲ့ကြည့်လိုက်ပြီး စိတ်ပျက်စရာ အခြေအနေ ဖြစ်နေသည့် ရွမ်ရှောင်ကျောင်းကို
တွေ့လိုက်ရ၏။ သူမ ဘေးပတ်လည်ရှိ လူများသည် မျက်မှောင်ကြုတ်ကာ အချို့သည် ရွမ်ရှောင်ကျောင်းကို
ကြည့်ပြီး အချို့မှာ ကျိုးချောင်ချောင်ကို ကြည့်နေကြ၏။
ယန်ဝေ့သည်
ကျိုးချောင်ချောင် နား,နားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။"ငါ ကစားဖို့ လာခဲ့တာ"
ကစားတာလား?
ဘာကို ကစားတာလဲ?
ယန်ဝေ့သည်
သူ့လက်ကို မြှောက်ပြီး ကျိုးချောင်ချောင်၏ မျက်နှာကို သူ့အင်္ကျီလက်ဖြင့် သုတ်ကာ ရယ်လေသည်။"
မင်း ဘာလို့ အဲ့လောက် ရှုပ်ရတာလဲ?"
"အာ!"
ကျိုးချောင်ချောင်သည် သူမတွင် နှာခေါင်းသွေးတွေ ရှိနေသေးသည်ကို သတိရမိသွား၏! သူမက မြန်မြန်
ပြောလိုက်သည်။" ရှင့်အ၀တ်အစားတွေ ညစ်ပတ်သွားလိမ့်မယ် "
"ရပါတယ်"
ယန်ဝေ့သည် သူမ၏ ဆန့်ကျင်နေသော လက်ကို ဖယ်လိုက်ပြီး ကျိုးချောင်ချောင်ကို ပြုံးပြလိုက်လေသည်။"
ရပါတယ် အ၀တ်အစားပဲဟာ "
ကျိုးချောင်ချောင်သည်
သူ့ကို ငိုင်ပြီး မော့ကြည့်နေမိလေသည်။ ယန်ဝေ့လည်း သူမကို ငုံ့ကြည့်နေလေ၏။ သူသည် ကျိုးချောင်ချောင်ကို
မေးလိုက်၏။" မင်းစိတ်ကို ပြင်ဆင်ပြီးပြီလား?"
ကျိုးချောင်ချောင်သည်
ရိုးသားစွာဖြင့် ခေါင်းခါကာ ပြောလိုက်၏။"ဟင့်အင်း ကျွန်မကြောက်တယ်!"
၎င်းသည်
ဘ၀တွင် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပြီး သူမသည် အလျင်စလို ဆုံးဖြတ်မှုကို မလုပ်ဝံ့ခဲ့ပေ။
သူမသည် သူမ၏ အမေကဲ့သို့ အဆုံးမသတ်ချင်ခဲ့ပေ။ သူမအမေ၏ ဘ၀တစ်ခုလုံးသည် သူမအဖေအနားတွင်ပဲ
လည်ပတ်နေကာ အနည်းငယ်သော အခက်အခဲမှ မလွတ်မြောက် နိုင်ခဲ့ပေ။
ယန်ဝေ့သည်
ခေါင်းညိတ်ပြီး ပြောလိုက်၏။ "ကောင်းပြီလေ မင်းအချိန်ယူပြီး စဉ်းစားလိုက်ပါဦး။
ဒါပေမယ့် မကြောက်လိုက်ပါနဲ့ မင်းသဘောတူတူ၊မတူတူ ငါ မင်းကို အန္တရာယ်ပြုမှာ မဟုတ်ဘူး။"
ရွမ်ရှောင်ကျောင်းသည်
တံခါးအပြင်ဘက်တွင် ကျိုးချောင်ချောင်နှင့် ယောက်ျားတစ်ယောက် ရင်းနှီးမှု ရှိနေသည်ကို
ကြည့်လိုက်၏။ အစတွင် သူမ မယုံကြည်နိုင်ခဲ့ပေ။ သို့သော် နောက်တွင် သူမ အနည်းငယ် စိတ်ထိခိုက်ခဲ့ရလေသည်။
ကျိုးချောင်ချောင်၏
ဘ၀သည် အမြဲရှုပ်ထွေးနေခဲ့၏။ကျိုးချောင်ချောင် တက္ကသိုလ် တက်သည့် နှစ်များသည် သူမဘ၀၏
အရှုပ်ထွေးဆုံး အချိန်ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ရွမ်ရှောင်ကျောင်း ခံစားမိလေသည်။
ရှုပ်ပွနေသောဆံပင်တိုတို၊
အရပ်ပုပု၊ ခြောက်သွေ့သွေ့ အဝါရောင်ဆံပင်၊အသားအရည် ညစ်ထပ်ထပ်နှင့် သူမသည် အဖြူရောင်
ရှပ်အင်းကျီနှင့် ဖျော့တော့တော့ ဂျင်းဘောင်းဘီကို အမြဲ၀တ်လေ့ရှိသည်။ ရှပ်အဖြူရောင်မှာ
ဖြူသွားသည် အထိ လျှော်ဖွပ်ထားသည်နှင့် တူနေလေသည်။ သူမသည် တက္ကသိုလ် ပထမနှစ်မှ အတန်းကြီးသည်အထိ
အားကစားဖိနပ် တစ်ရံကိုသာ စီးခဲ့လေသည်။
ရွမ်ရှောင်ကျောင်းသည်
ကျောင်းတွင်း ၀က်ဘ်ဆိုဒ်တွင် အမျိုးမျိုးသော သတင်းရင်းမြစ်မှ သတင်းအချက်အလက်များကို
တင်ခဲ့၏။ နောက်ဆုံးခြောက်လတွင် ကျိုးချောင်ချောင်သည် တစ်ကျောင်းလုံး၏ အဟားခံရသူ ဖြစ်လာခဲ့လေသည်။
သို့သော်
အခုတောင်မှ အလွန်ကောင်းမွန်စွာ ၀တ်စားထားပြီး ကြည့်ကောင်းသော ထိုလူသည် သူမ၏ တက္ကသိုလ်
နေ့ရက်များ အတွင်း သူမ ထားခဲ့သော ထက်မြတ်သော စွဲလန်းမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ယခုအချိန်ထိ
ထိုကဲ့သို့သော လူဟာ ကြွယ်၀ချမ်းသာတဲ့ ကောင်လေး တစ်ယောက်နဲ့ တူသောသူနှင့် အမှန်တကယ်ပဲရင်းနှီး
ကျွမ်း၀င်နေတာလား?
ရွမ်ရှောင်ကျောင်းသည်
မယုံကြည်နိုင်ခဲ့ပေ။ ယန်ဝေ့၏ ရုတ်တရက် အကြည့်တွင် သူမသည် ခြိမ်းခြောက်မှုကို တွေ့ခဲ့ရပြီး
သူမ၏ အမူအရာမှာ အထိတ်တလန့် ဖြစ်သွားခဲ့ရလေသည်။
အဲ့ဒါ
ဘယ်လို အကြည့်မျိုးလဲ? ကျိုးချောင်ချောင်အတွက် သူ့ဒေါသကို ပြေပျောက်ချင်ခဲ့တာလား?
ကျိုးချောင်ချောင်သည်လည်း
လှည့်ကြည့်ပြီး
ရွမ်ရှောင်ကျောင်းအား
ရယ်စရာ မျက်နှာအမူအရာမျိုး လုပ်ပြခဲ့၏။ နောက်ဆုံးတွင် ရွမ်ရှောင်ကျောင်းဘေးမှ တစ်စုံတစ်ယောက်သည်
ထပ်ပြီး အချိန်မဆွဲနိုင်တော့ဘဲ ပြောလိုက်သည်။
"ဒီလူတွေဟာ ဘယ်သူတွေလဲ? ကမ္ဘာကြီးဟာ တကယ်ကိုပဲ
ငှက်မျိုးစုံနဲ့ ပြည့်နေတဲ့ သစ်တော့ကြီး တစ်ခုလိုပဲ။ ကုမ္ပဏီအင်တာဗျူးက ရယ်စရာကောင်းနေသလိုပဲ"
ရွမ်ရှောင်ကျောင်းနှင့်အတူ
မပျော်ရွှင်သော လူများလည်း ရှိကာ ပြုံးပြီး ပြောလိုက်၏။ "ဒါပေမယ့် ဒါက အခြားလူကို
ပထမဆုံး ရန်စလိုက်တဲ့ ငါတို့ ကုမ္ပဏီရဲ့ အလုပ်သမားလေ!"
"ငါ
ဒီအငွေ့အသက်တွေကို မခံနိုင်ဘူး။ ဘယ်လို အလုပ်မျိုးက ဒါကိုခံနိုင်ရည်ရှိဖို့ ထိုက်တန်မှာလဲ?
ဒါက အရည်အချင်း မရှိလို့လား?"
ယန်ဝေ့သည်
ထွက်သွားချင်နေသော ကျိုးချောင်ချောင်ကို ဆွဲထားလိုက်၏။ ထိုစကားများကို ကြားလိုက်ရသောကြောင့်
သူသည် ထိုလူအား ပြန်လှည့်ကြည့်ပြီး ပြင်းပြစွာ မေးလိုက်သည်။"ဒါဆို အရည်အချင်းရှိ၊မရှိကို
သည်းခံနိုင်စွမ်းနဲ့ ဆုံးဖြတ်ရတာလား? ကျုံးထိုက် ကော်ပိုရေးရှင်းက တကယ်ပဲ ငါ့ကို စပရိုက်
လုပ်လိုက်တာပဲ!"
ယန်ဝေ့သည်
စားပွဲနောက်တွင်ထိုင်နေသော လူတန်းကိုကြည့်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်။ "ငါ့
ကောင်မလေးရဲ့ အရည်အချင်းက မင်းတို့ အားလုံးထက် သာတယ်ဆိုတာ ငါသိတယ်။ ကုမ္ပဏီတစ်ခုရဲ့
အပြုအမူကို အင်တာဗျူးနေတဲ့ အတွင်း လူသစ်တွေကို ဘယ်လိုဆက်ဆံလဲ ဆိုတာ ကြည့်ပြီး သိနိုင်တယ်။
မကိုင်တွယ်နိုင်ဘဲ လူသစ်တွေကို အပြစ်တင်တာကမှ တကယ်ကို ကမ္ဘာကြီးဟာ ငှက်မျိုးစုံနဲ့ပြည့်နေတဲ့
သစ်တောကြီးပဲလို့ ပြလိုက်တာပဲ"
သူသည်
သူမကိုယ်သူမချေပရန် အင်တာဗျူးသည့် သူ၏ စကားများကို သုံးကာ ဒေါသထွက်အောင် လုပ်သွားခဲ့လေသည်။
သူမသည် မတ်တပ်ရပ်လိုက်ပြီး စားပွဲကို ပြင်းထန်စွာ ရိုက်လိုက်၏။ သို့သော် ယန်ဝေ့သည်
လူတွေနှင့် မငြင်းခုံချင်ခဲ့ပေ။ သူသည် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ထင်သော ပုဂ္ဂိုလ်များကို
ကျောခိုင်းကာ တံခါးကို အလွယ်တကူ ပိတ်လိုက်လေသည်။
ထိုစကားများသည်
သူမ၏ လည်ပင်းတွင် တစ်နေပြီး သူမအား အသက်ရှူ ကြပ်လုနီးပါး ဖြစ်စေ၏။
ယန်ဝေ့သည်
ကျိုးချောင်ချောင်၏ လက်ကိုကိုင်ကာ ထွက်သွားလေသည်။ သူ၏ ယွမ်၁၄သန်း တန် Maybach ကို ၀င်ပေါက်တွင်
ပါကင်ထိုးထား၏။ မောင်လျန့်သည် ထိုနေရာတွင်ရှိနေကာ ခေါင်းငုံ့ပြီး ဖုန်းပွတ်နေခဲ့၏။
မောင်လျန့်သည်
ယန်ဝေ့ထွက်လာချိန်တွင် သူ၏ဖုန်းကို အဝေးတွင် ထားလိုက်ပြီး ကျိုးချောင်ချောင်အား မြင်သော်
အံ့အားသင့်သွားလေသည်။ သူသည် အံ့အားတသင့် ပြောလိုက်၏။ "မစ် ကျိုး မင်း ဒီမှာ ဘာလုပ်နေတာလဲ?"
ကျိုးချောင်ချောင်က
ပြန်ပြောလိုက်သည်။"ကျွန်မ အင်တာဗျူးလာဖြေတာ! ယန်ဝေ့ ရှင်ရော ဘာလို့ ဒီရောက်နေတာလဲ?"
မောင်လျန့်သည်
ယန်ဝေ့ကို ရန်လိုသောအပြုံးနှင့် ကြည့်လိုက်၏။ ကျိုးချောင်ချောင်က သူ ဘာလို့ သူမရဲ့
ရယ်စရာမေးခွန်းကို သိသွားခဲ့လဲဆိုတာ နားမလည်နိုင်ဖြစ်ရင်း နဖူးတွန့်လိုက်လေသည်။
ယန်ဝေ့သည်
ခက်ထန်သော အမူအရာဖြင့် ရှေ့သို့ကြည့်ကာ ပြောလေသည်။"ငါ သူငယ်ချင်း တစ်ယောက်ကို
တွေ့ဖို့လာခဲ့တာ အဆုံးစွန်ထိ တွန်းပို့ခံရတဲ့၊လူတွေကို ကိုက်နေတဲ့ ယုန်ကို ဖမ်းမိသွားတယ်။"
ကျိုးချောင်ချောင်သည်
မျက်လုံးကျယ်သွားကာ မေးလိုက်၏။ "ယုန်လား? ဘယ်မှာလဲ?" ပထမဆုံး သူမသည် ခရီးသည်
ထိုင်ခုံကို ကုန်းကြည့်ပြီး စစ်ဆေးလိုက်၏။ထို့နောက် ပြန်ထိုင်ကာ ယန်ဝေ့ကို ကြည့်ပြီး
မေးလိုက်လေသည်။"ရှင် ကျွန်မကို ပြောတာလား?"
ယန်ဝေ့က
ပြုံးပြီး ပြောလိုက်သည်။"ဟုတ်တယ် ငါဖမ်းခဲ့တဲ့ တစ်ကောင်က ကတုံးနဲ့ယုန် တစ်ကောင်ပဲ"
ကျိုးချောင်ချောင်
- "…" ကတုံး ကတုံးနဲ့ယုန်လား?
ကားစထွက်ခဲ့ကာ
ကျိုးချောင်ချောင်သည် ၀င်ပေါက်မှ ထွက်လာသော လူအနည်းငယ်ကို တွေ့လိုက်ရ၏။ သူတို့ထဲမှ
တစ်ယောက်သည် လှည့်ပတ် ကြည့်နေပုံပေါ်ကာ တစ်စုံတစ်ယောက်ကို ရှာနေလေသည်။ ထို့နောက် ထိုလူသည်
သူတို့၏ ဦးတည်ရာ ဘက်သို့ ကြည့်ကာ အော်ပြောလေသည်။"မစ်စတာ ယန် မစ်စတာ ယန် ကျွန်တော်ပြောတာ
နားထောင်ပါဦး။ ကျွန်တော်…"
ကျိုးချောင်ချောင်သည်
ကျန်သည့် စကားများကို မကြားခဲ့ပေ။ သူမသည် စိတ်ရှုပ်ရှုပ်နှင့် မျက်ဝောာင်သာ ခတ်နိုင်ခဲ့၏။
ထို့နောက် ယန်ဝေ့ဘက်သို့ လှည့်ပြီး မေးလိုက်၏။" သူက ဘယ်သူလဲ?"
ယန်ဝေ့သည်
ခေါင်းတောင် မလှည့်ခဲ့ပေ။ သူသည် ရှေ့သို့ ကြည့်နေခဲ့သောကြောင့် ရယ်မောစွာပင် ပြုံးလိုက်၏။
သူ၏ အသံသည် တည်ငြိမ်ပြီး စိတ်မ၀င်စားပေ။" ဘယ်သူက သိပါ့မလဲ"
ကျိုးချောင်ချောင်
- "…"
"
ချောင်ချောင် မင်း ဘာကို စဉ်းစားသင့်လဲဆိုတာကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါမင်းကို
ဘာပြောခဲ့လဲ ဆိုတာပဲ" ယန်ဝေ့သည် သူမ၏ အာရုံစိုက်မှုကို ပြန်ယူကာ သူမ အတွေးများကို
ဖြတ်လိုက်၏။
ကျိုးချောင်ချောင်သည်
တစ်ခဏလောက် တွေးပြီး ပြောလိုက်၏။ "တကယ်တော့ ကျွန်မမေးချင်ခဲ့တာ ယန်ဝေ့…"
သူမသည် အလွန်ပြင်းပြပြီး အလေးအနက်ထားပုံ ပေါက်နေခဲ့၏။ "ကျွန်မဆိုဝာာ ရှင် ကျိန်းသေလား?"
ယန်ဝေ့သည်
သူမကို ထိုကဲသို့ ကြည့်ပြီး ရုတ်တရက် ပြုံးကာ ပြန်မေးလိုက်လေသည်။"ဘာလို့ မင်း
မဟုတ်ရမှာလဲ?"