အပိုင်း ၁၈
Viewers 1k

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း

 

အပိုင်း ၁၈

 

 

 

ကျိုးချောင်ချောင်သည် အလုပ်တစ်ခု လိုအပ်နေ၏။ အမျိုးသားဇာတ်လိုက်ဖြစ်သူ ယန်ယဲ့ထံမှ ယွမ်ငါးသိန်းနှင့် အမျိုးမျိုးသော လျော်ကြေးများ ရပြီးနောက် သူမထပ်ပြီး ပျင်းနေလို့ မဖြစ်တော့ပေ၊ မဟုတ်ရင် သူမ ဘာမှ မပြီးတော့ဘူး ဆိုသည်ကို သူမ သိလိုက်၏။

 

 

ထို့ပြင် ယန်ဝေ့ပြောခဲ့သည့် ပြဿနာသည် တစ်ရက်နှစ်ရက်တည်းနှင့် ဖြေရှင်းနိုင်သည့် အရာ မဟုတ်ပေ။ထို့ကြောင့် အလုပ်လုပ်ပြီး သူမစိတ်ကို တည်ငြိမ်အောင်လုပ်ရမှသာ ကောင်းပေလိမ့်မည်။

 

 

ထို့ကြောင့် ကျိုးချောင်ချောင်သည် အလုပ်ရှာသည့် ၀က်ဘ်ဆိုဒ်ကို ဖွင့်ပြီး အလုပ်တစ်ခု ရှာရန် ဆုံးဖြတ်ခဲ့လေသည်။

 

 

ကျိုးချောင်ချောင်သည် စီးပွားရေးစာရင်းကိုင်ဖြင့် တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး အစက သူမကို ဘွဲ့လွန်ကျောင်းတက်ရန် အကြံပြုခဲ့ကြ၏။ သို့သော် ကျရှုံးပြီးနောက် သူမထွက်ခဲ့ပြီး အလုပ်တစ်ခု ရှာခဲ့လေသည်။ သူမ ဘယ်လို အခြေအနေရောက်ခဲ့လဲဆိုတာ မသိရသေးပေ။နောက်ဆုံးတွင် အခြားသူတစ်ဦးမှ သိမ်းယူသွားရန်သာ အလုပ်တစ်ခုရှာခဲ့ရသလိုဖြစ်၏။

 

 

ထို့နောက် သူမသည် အလုပ်ရှာရာတွင် အခက်အခဲဖြစ်ခဲ့သည်။ ကုမ္ပဏီကောင်းများသည် သူမကို အတွေ့အကြုံမရှိသေးသော စာရင်းကိုင်တစ်ယောက် အဖြစ် မလိုချင်ခဲ့ပေ။ ဆင်းရဲသည့် ကုမ္ပဏီများသည် သူမကို တွန့်ဆုတ်စေခဲ့၏။ နောက်ဆုံး၌ သူမသည် ယွမ်နှစ်ထောင့်ငါးရာသာ ရသော စူပါမားကတ် အသေးလေးတွင် ငွေကိုင်အဖြစ် အလုပ်လုပ်ခဲ့ရလေတော့သည်။

 

 

ကျိုးချောင်ချောင်သည် အတွေးတွေပျောက်နေရင်း ပေ့ခ်ျတွင် တင်ထားသော အလုပ်အမျိုးမျိုးကို စူးစိုက်ကြည့်နေခဲ့သည်။ သူမ ဘွဲ့ရပြီးတုန်းကလည်း အလုပ်ရှာခဲ့ပြီးပြီ။ အခြားသူများအတွက်တော့ ဒါသည် ရိုးရှင်းသော ကိစ္စပင်ဖြစ်၏။ သူမအတွက်ကျမှ ဘာလို့ အရမ်း ခက်ခဲနေရတာလဲ?

 

 

သို့သော်လည်း ယိဝူမြို့တွင် လူအများအပြားကို ခေါ်ယူနေကြတုန်းပင်။ ကျိုးချောင်ချောင်သည် ကုမ္ပဏီအများကြီးကို မြန်မြန် ဆက်သွယ်ခဲ့ပြီး အင်တာဗျူးအတွက် ရက်ချိန်းလိုက်သည်။

 

 

သို့သော်လည်း အင်တာဗျူးမည့်သူများသည် အမြဲတမ်း ထူးဆန်းသည့် မေးခွန်းများကိုသာ မေးရင်း သူမကို ဘယ်တော့မှ လက်မခံခဲ့ချေ။

 

 

"ဟဲလို ငါတို့ တစ်စုံ‌တစ်ယောက်ကို ခန့်ပြီးသွားပြီ"

 

 

"‌၀မ်းနည်းပါတယ် မင်းရဲ့ အလုပ်အတွေ့အကြုံ ဘယ်လောက်ရှိပြီလဲ?"

 

 

"မင်း ငွေကိုင်တစ်ယောက်အနေနဲ့ပဲ နှစ်,နှစ်လောက် လုပ်ခဲ့တာလား?"

 

 

"မင်း ဘယ်ကျောင်းကနေ ဘွဲ့ရခဲ့တာလဲ?"

 

 

"မင်း ခုထိ အိမ်ထောင် မပြုရသေးဘူးလား?"

 

 

" မင်း ဘယ်တော့ လက်ထပ်မယ်လို့ စီစဉ်ထားလဲ?"

 

 

"မင်း ကလေးဘယ်နှယောက် လိုချင်တယ်လို့ တွေးဖူးလား?"

 

 

ကျိုးချောင်ချောင်သည် အလုပ်အင်တာဗျူးအတွက် ယိဝူမြို့၏ နေရာတိုင်းတွင် သူမအိတ်ကို သယ်သွားခဲ့၏။ပူပြင်းလှသည့် နွေနေရာင်ခြည်သည် သူမခေါင်းအထက်တွင် ခြစ်ခြစ်တောက်ပူနေပြီး သူမ၏ ဆံပင်တုအောက်တွင်ပါ ချွေးများ တပြိုက်ပြိုက် ကျလေသည်။

 

 

သူမသည် လျန့်ကျားမင်အား ခေါ်ပြီး ညည်းညူလိုက်၏။ "ဒါက ဘာအဓိပ္ပါယ်လဲ? ငွေကိုင်တစ်ယောက်အနေနဲ့ နှစ်‌,နှစ်လောက် အတွေ့အကြုံရှိတာကို ထည့်မစဉ်းစားဘူးလား? ငါဘယ်ကျောင်းကနေ ဘွဲ့ရခဲ့လဲဆိုတာ တကယ်ပဲ အရေးကြီးလို့လား? ငါ အိမ်ထောင် မရှိတာကြောင့်နဲ့ ငါ့ကို ငြင်းလို့ရလို့လား? ပြီးတော့ ငါ့မှာ ကလေးရှိ၊မရှိ လည်း မေးလိုက်သေးတယ်။ ကလေးမရှိတဲ့ လူတွေကို သူတို့က မလိုချင်ကြတာလား? ငါအရမ်း ဒေါသထွက်တယ် မင်ပေါင်"

 

 

လျန့်ကျားမင်သည် အသင့်စား စားသောက်ဆိုင်တွင် ထိုင်စားနေသည်။ ထိုစဉ် ကျိုးချောင်ချောင်အား စကားပြောနေခဲ့သည်။

 

 

"နင် ဘာလို့ အဲ့လောက် အလျင်လိုနေတာလဲ? အခုခေတ်မှာ အလုပ်အင်တာဗျူးတဲ့သူတွေဟာ အဲ့လောက် မရိုးရှင်းကြဘူး။ အချို့ ကုမ္ပဏီတွေက မိန်းကလေးတွေကို မခန့်ချင်ကြဘူး။ နင်လက်မထပ်ရင် ဟန်းနီးမွန်း မထွက်တော့ဘူးလား? ပြီးတော့ ကိုယ်၀န်အတွက် ခွင့်ရော? အဲ့ဒါပြီးတော့ မီးဖွားခွင့်ရော? အချို့လူတွေက ရာသီလာရင်တောင် ခွင့်ယူကြတယ်! အဲ့ဒါကြောင့် ကုမ္ပဏီတွေက အများကြီး အာရုံစိုက်ကြရတယ်။"

 

 

ကျိုးချောင်ချောင်သည် ၀မ်းနည်းစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ပြောလေသည်။ "ငါ့ကို မိန်းကလေးတစ်ယောက် အနေနဲ့ မွေးဖွားခဲ့တာ အမှားတစ်ခုလား?"

 

 

"ဟုတ်တာပေါ့"လျန့်ကျားမင်သည် တူကိုချပြီး ပါးစပ်သုပ်လိုက်သည်။"ဒီလောကမှာ သည်းခံပြီး ရှင်သန်ရမှာပဲ။ ငါတို့ တရားမျှတဖို့ အကြောင်း ဘယ်လောက်ပဲပြောပြော ကိစ္စကိုမရှိတာ။ အဲ့ဒါက ဝေးလွန်းသေးတယ်"

 

 

ကျိုးချောင်ချောင်သည် စိတ်ဆိုးစွာဖြင့် အော်ပြောလေသည်။"အဲ့ဒါက ကိစ္စတစ်ခုဆိုရင် ငါခုချက်ချင်း လက်ထပ်မယ်"

 

 

ဖုန်းချပြီးနောက် လျန့်ကျားမင်သည် နဖူးတွန့်လိုက်ပြီး မေးလိုက်၏။"နင် ဘယ်သူ့ကို လက်ထပ်မလို့လဲ? နင့်မှာ ကောင်လေး တစ်ယောက်ဝောာင် မရှိဘူးမလား? နေဦး ဒါဖြစ်နိုင်ပါ့....."

 

 

လျန့်ကျားမင်သည် သူမ မျက်နှာကို အုပ်လိုက်ပြီး အံ့အားသင့်စွာ ပြောလေသည်။ "နင် ငါ့ကို ကြိတ်ကြိုက်နေတာလား??? မဖြစ်နိုင်တာ!!"

 

 

လျန့်ကျားမင်သည် တစ်ကိုယ်တော် ဖျော်ဖြေမှုသာ လုပ်ခဲ့သည်ကို ကျိုးချောင်ချောင် မသိခဲ့ချေ။

 

 

ထိုစဉ် အခြားသူများက ရူးနေသည့်လူဟု အထင်လွဲနေကြသော ကျိုးချောင်ချောင်တွင် ယနေ့အတွက် အလုပ်အင်တာဗျူး ရှိလေသည်။ မကြာသေးမီက IPO ကြောင့် တိုးချဲ့လာသော ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတစ်ခု ဖြစ်ကာ စာရင်းကိုင် အများအပြား ရရန် အရေးတကြီး လိုအပ်နေလေသည်။

 

 

ကျိုးချောင်ချောင်သည် အချိန်ကြာကြာ အွန်လိုင်းတွင် ရှာနေခဲ့ပြီး အလုပ်ချိန် ၉နာရီမှ ၅နာရီ၊စနေ ‌တနဂ်‌နွေပိတ်ရက်နှင့် တစ်လကို လစာ ယွမ် ၇၈၀၀ ကမ်းလှမ်းသော ကုမ္ပဏီတစ်ခုကို တွေ့ခဲ့၏။ ထိုအလုပ်မှာ သူမနှင့် သင့်တော်သည်ဟု တွေးပြီး စိတ်အားထက်သန်စွာဖြင့် အလုပ်လျှောက်ခဲ့ကာ အလုပ်အင်တာဗျူးအတွက် ကမ်းလှမ်းခြင်းကို လက်ခံရရှိခဲ့လေသည်။

 

 

သို့သော် ကျိုးချောင်ချောင်သည် ဘယ်သူက သူမကို အင်တာဗျူးမလဲဆိုသည်ကို သိခဲ့လျှင် သူမ သွားမည်မဟုတ်ပေ။

 

 

ကျိုးချောင်ချောင် ကောလိပ်တက်ချိန်တွင် သူမ၏ ပရော်ဖက်ဆာသည် ဘွဲ့လွန်ကျောင်းအတွက် သူမကို အကြံပြုခဲ့၏။ သို့သော် နောက်ပိုင်းတွင် အခြားပရော်ဖက်ဆာ၏ သမီးသည် သူမ စပေါ့ကို ယူခဲ့၏။အဘယ်ကြောင့်ဆိုသော် သူမလျှောက်မည့် ပရိုဂရမ်မှ သူမအား လက်မခံခဲ့သောကြောင့်ပင်။ ဤကျောင်းသူ၏ နာမည်မှာ ရွမ်ရှောင်ကျောင်း ဖြစ်ပြီး ထိုတက္ကသိုလ်မှ ပရော်ဖက်ဆာရွမ်၏ သမီးသာဖြစ်၏။

 

 

ရွမ်ရှောင်ကျောင်းနှင့် ကျိုးချောင်ချောင်သည် ရွယ်တူများ ဖြစ်ကြပြီး နှစ်ယောက်စလုံးသည် ဘွဲ့လွန်ကျောင်း ထောက်ခံချက်အတွက် အရည်အချင်းပြည့်မီကြလေသည်။ သို့သော် ရှောင်ကျောင်းသည် သူမကိုယ်တိုင် လေ့လာရန် အခွင့်အရေးကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့ပြီး ၀င်ခွင့်စာမေးပွဲ ကျခဲ့၏။‌ နောက်တစ်နှစ်အား သူမ မစောင့်ချင်ခဲ့ပေ။ ထို့ကြောင့် သူမ၏ အဖေသည် ကျိုးချောင်ချောင်၏ စပေါ့ကိုယူခဲ့၏။

 

 

ကျိုးချောင်ချောင်သည် ကျောင်းလျှောက်ခဲ့ပြီး လခပေးခြင်း၊ စာမေးပွဲအောင်ခြင်းနှင့် နောက်ဆုံး အတည်ပြုချက်တို့ အတွက် စောင့်နေခဲ့ချိန်ထိ ထိုအကြောင်းကို သူမ မသိခဲ့ပေ။ ရုတ်တရက် သူမအစား အခြား တစ်ယောက်ကို စပေါ့ပေးခဲ့သည်ဟု သူမအား ပြောကြလေသည်။

 

 

ကျိုးချောင်ချောင်သည် ထိုအချိန်က ရှော့ရလောက်သည့် အခြေအ‌နေထိဖြစ်နေခဲ့၏။ သူမသည် ထိုအကြောင်းကို စုံစမ်းပြီးနောက် နောက်ဆုံး မိနစ်အထိ သူမအား အစားထိုးခဲ့သည်ကို သိရှိသွားခဲ့ရ၏။ သူမ၏ စပေါ့ကိုယူခဲ့သော သူမှာ သူမနှင့် ဆက်ဆံရေးမပြေလည်သော ရွမ်ရှောင်ကျောင်းဖြစ်သည်။

 

 

သူမ အလွန်ဒေါသထွက်ခဲ့လေသည်။ သူမ ကျောင်းတက်သည့် အချိန်တွင် ဘယ်တော့မှ အခက်အခဲမရှိခဲ့ချေ။ ထို့ကြောင့် တစ်ယောက်ယောက်က သူမ၏ စပေါ့ကို ဘာကြောင့် လုယူခဲ့သည် ဆိုသည်ကို မသိခဲ့ပေ။နောက်ဆုံးတွင် သူမ၏ သုံးနှစ်ဝာာ တိတ်ဆိတ်နေမှုမှာ ပျောက်ကွယ်သွားပြီး ထိုအကြောင်းနှင့်ပတ်သက်ပြီး ရင်ဆိုင်ရန် ရှောင်ကျောင်း၏ အိပ်ဆောင်သို့ သွားခဲ့သည်။

 

 

ချက်ချင်းဆိုသလို  ရွမ်ရှောင်ကျောင်းသည် ဘွဲ့လွန် စာမေးပွဲကျခဲ့သည် ဆိုသည်ကို တစ်ဆောင်လုံး သိသွားခဲ့၏။ သူမဟာ သူမ၏ဂုဏ်ကို အဲ့လောက်တောင် တန်ဖိုးထားတာလား? သူမသည် လူအများရှေ့တွင် ကျိုးချောင်ချောင်ကို အရှက်ခွဲခဲ့သည်။ ကျိုးချောင်ချောင်သည် မတုံ့ပြန်နိုင်ခဲ့ဘဲ ရှက်ကိုးရှက်ကန်း ဖြစ်ခဲ့ရလေသည်။သူမသည် ရွမ်ရှောင်ကျောင်းကို ကျိန်ဆဲရင်း စိတ်ဆိုးစွာ ထွက်သွားပြီး လှေကားပေါ်မှ ပြုတ်ကျကာ လက်ကျိုးသွားခဲ့သည်။

 

 

လျန့်ကျားမင်သည် ကျိုးချောင်ချောင်၏ အိပ်ဖော်အိပ်ဖက် ဖြစ်ပြီး တစ်ယောက်ယောက် လက်ကျိုးသွားသည်ဟု ကြားခဲ့ချိန်တွင် ထိုသူမှာ ကျိုးချောင်ချောင် ဖြစ်မည်ဟု ခန့်မှန်းကာ သူမကိုတွေ့ရန် အပြေးသွားခဲ့၏။ သူမ ဖြစ်နေခဲ့လေသည်။ ဤဖြစ်ရပ်သည် နှစ်ဖက်ကြားတွင် အငြိအစွန်းဖြစ်ပေါ်စေခဲ့သည်။ ကျိုးချောင်ချောင်တွင် ရွမ်ရှောင်ကျောင်း၏ အဖေ လုယူသွားခဲ့သော သူမ၏စာတမ်း ရှိခဲ့ပြီး နောက်ဆုံးနေ့တွင်သာ တင်ပြခွင့်ပြုခဲ့သည်။

 

 

ကျိုးချောင်ချောင်သည် ကြောက်လန့်သွားခဲ့၏! သူမလက်ကျိုးခဲ့ပြီး အဖျားလည်း ကြီးနေသည်…

 

 

‌ရွမ်ရှောင်ကျောင်းသည် ငယ်စဉ်က ပျက်စီးသော ကလေးတစ်ယောက် ဖြစ်ပြီး သူမ၏ ပင်ကိုစရိုက်မှာ မကောင်းလှပေ။ သူမ ဘွဲ့လွန် ၀င်ခွင့် စာမေးပွဲ ဖြေချိန်တွင် သူမ၏ ပင်ကိုအရည်အချင်းမှာ အလွန်ညံ့ဖျင်းပြီး အဆက်အသွယ်များ အပေါ်သာ မှီခိုနေသည်ဟု သူမအိပ်ဆောင်မှ မိန်းကလေး တစ်ယောက်က ပြောခဲ့လေသည်။

 

 

ရွမ်ရှောင်ကျောင်းမှာ ဒါမျိုးတွေ ရှိနိုင်ပါ့မလား? သူမကို တိုက်ရိုက် လက်ခံရန် ကမ်းလှမ်းချက်ကို လက်ခံမည့်အစား စာမေးပွဲဖြေခြင်းကိုသာ တောင်းဆိုခဲ့သည်။ရလဒ်အနေဖြင့် သူမကျရှုံးခဲ့၏။ စာမေးပွဲဖြေဆိုခွင့် ရရှိသူများ စာရင်းနှင့် တိုက်ရိုက်ဝင်ခွင့် ဖြေဆိုသူများစာရင်းကို အထူးရှင်းပြခြင်းမရှိဘဲ ပူးတွဲတင်ထားသည်။

 

 

ထို့ကြောင့် ရွမ်ရှောင်ကျောင်းသည် စာရင်းတင်ထားချိန်တွင် သူမ စာမေးပွဲ မအောင်သည်ကို မည်သူမျှ မသိစေရန် သူမအဖေကို စပေါ့အလွယ်တကူ တောင်းလိုက်၏။နောက်ဆုံးတွင် ကျိုးချောင်ချောင်သည် ထိန်းသိမ်းထားသည့် စပေါ့အကြောင်း ဖော်ထုတ်ပြီးနောက် သူမသည်

ရွမ်ရှောင်ကျောင်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့သည်။

 

 

ရွမ်ရှောင်ကျောင်းသည် သူမအိပ်ဆောင်မှ မိန်းကလေးမှ သူမကို စပြီး မသရော်မီ ဂုဏ်ယူရန် အခွင့်အရေးတောင်မှ မရှိခဲ့ပေ။ အခြားအခန်းဖော်များတောင်မှ သူမကို အထင်မြင်သေးသလို ကြည့်ခဲ့ကြလေသည်။ ရွမ်ရှောင်ကျောင်းသည် ကျိုးချောင်ချောင်အား သူမအသည်းနှလုံးထဲကနေ သတ်ချင်နေခဲ့မိသည်။

 

 

သူမသည် ကျိုးချောင်ချောင်ကို ထပ်ပြီး တွေ့ရလိမ့်မည်ဟုပင် မထင်ခဲ့ချေ။ ကျိုးချောင်ချောင် လက်ကျိုးသွားသည်ဟု သူမကြားခဲ့ရ၏။ ဘွဲ့ရပြီးနောက် ဈေး၀ယ်စင်တာတစ်ခုတွင် ငွေကိုင် တစ်ယောက်အနေဖြင့် အလုပ်ရခဲ့သည်။ ထိုဖြစ်ရပ်ကတည်းက ရွမ်ရှောင်ကျောင်း ကျိုးချောင်ချောင်ကို တွေ့ခဲ့သည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။

 

 

သူမ ဘွဲ့လွန်လေ့လာမှုပြီး နောက်တွင် သူမအဖေသည် သူမကို Sino-Thai ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် မိတ်ဆက်ပေးခဲ့သည်။ သူမသည် ကောင်းကောင်း အလုပ်လုပ်ခဲ့ပြီး တစ်လလျှင် ယွမ် တစ်သောင်းသုံးထောင် ရရှိခဲ့လေသည်။ သူမ သူဌေးမှ သူမအား မန်နေဂျာ အငယ်တစ်ယောက် အဖြစ် မြန်မြန် ရာထူးတိုးပေးခဲ့၏။‌

 

 

ကုမ္ပဏီသို့ ၀င်ပြီးနောက် အင်တာဗျူးတစ်ခုတွင် သူမပထမဆုံး အကြိမ် ပါ၀င်လာခဲ့လေသည်။ ပိုပြီးဆုံးဖြတ်ချက်ချနိုင်စွမ်းသည် သူမဘေးရှိ ရာထူးကြီးသည့် လုပ်ဖော်ကိုင်ဖက်များ လက်ထဲတွင်သာရှိသော်လည်း အင်တာဗျူးမည့်သူ တစ်ယောက်အနေဖြင့် သူမကိုယ်သူမ ဂုဏ်ယူနေခဲ့၏။

 

 

 ကျိုးချောင်ချောင်သည် ၃၂ယောက်မြောက် အင်တာဗျူး ဖြေရမည့်သူ ဖြစ်သည်။ ဆံပင်အညိုကို သဘာ၀အတိုင်း သူမပုခုံးပေါ်သို့ ချထားကာ အဖြူရောင်ရှပ်နှင့် အနက်ရောင် ၀တ်စုံကို ၀တ်ထားလေသည်။သူမ၏ မိတ်ကပ်ပါးပါးလေးသည် သူမ၏ သဘာ၀ဆန်ဆန် ကျက်သရေနှင့် ပေါင်းစပ်ပြီး သူမကို နူးညံ့သိမ်မွေ့စေ၏။သူမ၏ ကော်လံအဖြူ ၀တ်စုံအောက်တွင် အခြားသူများကို စာနာစိတ်များ ဖြစ်ပေါ်လာစေမိသည်။

 

 

သို့သော်လည်း ရွမ်ရှောင်ကျောင်းသည် ထိုပြုမူပုံကို မမြင်ခဲ့ပေ။ သူတို့ အချင်းချင်း တွေ့ကြချိန်တွင် သူတို့၏ အပြုအမူများသည် ချက်ချင်း တုန်လှုပ်သွားလေသည်။သို့သော် ကျိုးချောင်ချောင်သည် ရုပ်ဆိုးပုံ ပေါက်နေသောကြောင့် အရမ်း မဆိုးခဲ့ပေ။ ရွမ်ရှောင်ကျောင်းသည် အလွန် ဂုဏ်ယူမဆုံး ဖြစ်ခဲ့လေသည်။

 

 

အင်တာဗျူး စတင်ခဲ့သည်။ ရွမ်ရှောင်‌ကျောင်းသည် ဘာတစ်ခုမျှ မပြောဝံ့ခဲ့ချေ။ ကျိုးချောင်ချောင်သည် အေးစက်စက် အမူအရာဖြင့် အင်တာဗျူးကို ဆက်ဖြေခဲ့လေသည်။

 

 

ရွမ်ရှောင်ကျောင်း၏ လုပ်ဖော်ကိုင်ဖက်က ကျိုးချောင်ချောင်အား မေးလိုက်၏။"မင်း အရင်က ဘယ်မှာ အလုပ်လုပ်ခဲ့သလဲ?"

 

 

ကျိုးချောင်ချောင်က အကြပ်ရိုက်စွာ ပြန်ပြောခဲ့သည်။"အရင်က စူပါမားကတ်အသေးတစ်ခုမှာ စာရင်းကိုင်တစ်ယောက် အနေနဲ့ ကျွန်မ အလုပ်လုပ်ခဲ့ပါတယ်"

 

 

အင်တာဗျူးသည့်သူသည် ကျိုးချောင်ချောင်၏ တုံ့ပြန်မှုကို သဘောမကျပုံပေါ်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။"ငါတို့ကုမ္ပဏီကို နားလည်ရဲ့လား "

 

 

အစပိုင်းတွင် လျန့်ကျားမင်သည် သူမ၏ သုတေသနတွင် ကူညီခဲ့ပြီးသော်လည်း ကျိုးချောင်ချောင်သည် ရွမ်ရှောင်ကျောင်းကို မြင်လိုက်ချိန်တွင် အလွန် ဒေါသထွက်ခဲ့၏။ သူမသည် ထိုအကြောင်းကို မေ့နေခဲ့သော ကြောင့်ပင်။

 

 

ရွမ်ရှောင်ကျောင်း ဖြစ်ရပ်ပြီးနောက် သူမသည်သူမ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဓာတ်ပုံအချို့ကို ယူပြီး ကျောင်းတွင်း ၀က်ဘ်ဆိုဒ်တွင် တင်ပြီး ဝောာင်မှ ကျိုးချောင်ချောင် မကောင်းကြောင်းများကို တစ်ကျောင်းလုံးကို ပြောခဲ့လေသည်။

 

 

ရွမ်ရှောင်ကျောင်း၏ လုပ်ရပ်များသည် ကျိုးချောင်ချောင်၏ ဘ၀ကို အသက်ပင် မရှူနိုင်လောက်အောင် ဖျက်စီးခဲ့လေသည်။

 

 

ကျိုးချောင်ချောင်ဟာ ဒေါသထွက်ပြီး ဘာလုပ်နိုင်မှာလဲ? သူမသည် နည်းနည်းလောက် ခုခံခဲ့သေး၏။သို့သော် ရွမ်ရှောင်ကျောင်း၏ အဖေသည် သူမ စာတမ်းကို ပိတ်လိုက်သည်။ ထို့ကြောင့် သူမ ဘာမျှ မပြောနိုင်တော့ချေ။

 

 

အင်တာဗျူးသည့် သူ၏ အရိုးရှင်းဆုံးနှင့် စိန်ခေါ်ဆုံး မေးခွန်းကို ရင်ဆိုင်ရင်း ကျိုးချောင်ချောင်သည် မပြောမီ တစ်မိနစ်လောက် စောင့်ခဲ့၏။ "ဝောာင်းပန်ပါတယ်"

 

 

ရာထူးကြီးသည့်သူက သမ်းဝေပြီး ပြောလိုက်၏။"ငါထင်တယ် မင်းတက္ကသိုလ်မှာ ကောင်းကောင်းလုပ်ခဲ့တယ်လို့ ငါမင်းကို အတော် သဘောကျတယ် အာ…"

 

 

ကျိုးချောင်ချောင်သည် သူမ ကြားခဲ့ရသည့် အရာကြောင့် အံ့အားသင့်သွားခဲ့၏။ သူမ၏ မျက်နှာသေ သည် ပျောက်သွားပြီး ရှော့ရသွားသည့် ပုံစံဖြစ်သွားသည်။ ရုတ်တရက် ပြုံးပြီး မပြောမီ သူမသည် ခဏလောက် စီနီယာကို ကြည့်နေမိ၏။"ကျေးဇူးတင်ပါတယ်!" ဒါဆိုရပြီ။

 

 

ကျိုးချောင်ချောင်သည် လှည့်ထွက်သွား၏။ သို့သော် တံခါးကိုဖွင့်ရန် မေ့ခဲ့၏။ သူမသည် တံခါးဆီသို့ ပြေးသွားပြီး နှာခေါင်းမှ သွေးများစထွက်လာလေသည်။ ရွမ်ရှောင်ကျောင်းက လှောင်ရယ် ရယ်လိုက်၏။ ထို့နောက် သူမသည် သနားစရာလေသံဖြင့် ပြောလေသည်။ "ချောင်ချောင် နင် တကယ့်ကို အရမ်း ကိုးယိုးကားယားနိုင်တာပဲ"

 

 

ရွမ်ရှောင်ကျောင်းဘေးရှိ အင်တာဗျူးသည့်သူသည် အံ့အားသင့်သွားပြီး သူမဘက်သို့ လှည့်မေးလိုက်၏။"မင်း သူမကို သိတာလား?"

 

 

ရွမ်ရှောင်ကျောင်းသည် ပါးစပ်အုပ်ပြီး ရယ်ကာ ပြောလိုက်သည်။" သူမက ကျွန်မနဲ့ တက္ကသိုလ်အတူတူ တက်ခဲ့ဝာာ ပြီးတော့ ကျောင်းမှာ သူမက အတော်လေး နာမည်ကြီးတယ်"

 

 

နာမည်ကြီးတယ်တဲ့လား? ဟုတ်သည်။ သူမသည် တက္ကသိုလ်တွင် အတော် နာမည်ကြီးခဲ့၏။ အားလုံးသည် ရွမ်ရှောင်ကျောင်းကြောင့်ပင် ဖြစ်၏!

 

 

"သူမဟာ ကျောင်းတွင်း လှုပ်ရှားမှုတွေမှာလည်းမပါသလို အခြားသူတွေနဲ့လည်း မဆက်ဆံဘူး။ ရှင် သိလား? သူမ အပြင်သွားတဲ့အချိန်မှာ သူမအိပ်ဆောင်က ရေဘူးထဲမှာ ရေနွေးတွေ ယူ‌သွားလေ့ရှိတယ်။ ဘာက ပိုပြီး ရယ်ဖို့ကောင်းလဲဆို စားသောက်ဆိုင်ကနေ ထမင်းအဖြူချည်းပဲ ၀ယ်ပြီး ပြတင်းပေါက်နားမှာ ရှိတဲ့အဒေါ်ကို သူ့ထမင်းပေါ်ကို ဟင်းရည်စမ်းပေးဖို့တောင်းလေ့ရှိတယ်" ရွမ်ရှောင်ကျောင်းက ပြုံးနေရင်း ပြောလိုက်၏။

 

 

နာမည်ကြီးတာလား?

 

 

ကျိုးချောင်ချောင်သည် မျက်နှာကျက်ကို လှည့်ပတ်ကြည့်ကာ တွေးလိုက်၏။ "ဟုတ်တယ် အရမ်း နာမည်ကြီးခဲ့တာပဲ! တွန့်တိုတာကြောင့် နာမည်ကြီးတယ်၊ အဆင်မပြေလို့ နာမည်ကြီးတယ်၊ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် နာမည်ကြီးတယ်။ လူတိုင်း အမုန်းရဆုံး စာဂျပိုးတစ်ယောက်။ လူမှုဆက်ဆံရေး စွမ်းရည်နဲ့ လူသားဆက်ဆံရေးတွေကို လုံး၀ လျစ်လျူရှုပြီး ဘယ်လို စာလေ့လာရမလဲ ဆိုဝာာပဲ သိတာ "

 

 

ကျိုးချောင်ချောင်သည် အနည်းငယ် မူးဝေကာ ပြောချင်မိ၏။" ငါ့မှာ ပိုက်ဆံမရှိလို့ ငါတွန့်တိုခဲ့တယ် ဒါပေမယ့် ဘယ်သူ့ကိုမှ အကြွေးပေးဖို့ မရှိဘူး။ တစ်ခါတရံ လူမှုဆက်ဆံရေး ကျွမ်းကျင်မှုနှင့် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတို့ကို ပံ့ပိုးဖို့  ငွေလိုအပ်တယ်။ ငါမတတ်နိုင်ဘူး။ ငါလည်း နင့်ကို မထိခိုက်စေဘူး။"

 

 

သူမတွင် တစ်ရက်လျှင် ယွမ်၁၀ နှင့် ဆယ်ရက်လျှင် ယွမ်တစ်ရာ ရှိကာ တစ်လ အတွက် ယွမ်သုံးရာသာရှိခဲ့လေသည်။ တစ်နပ်စာအတွက် ထမင်းအဖြူသည်မှာ တစ်ယွမ်၊အသီးအရွက်များမှာ နှစ်ယွမ် စုစုပေါင်း သုံးယွမ်သာ ပေးနိုင်၏။

 

 

သူမသည် တစ်ပတ်လျှင် သုံးရက် အလုပ်လုပ်ခဲ့ပြီး တစ်လလျှင် ယွမ်တစ်ထောင် စုခဲ့၏။ ခြောက်လတစ်ဖြတ်လျှင် ယွမ်လေးထောင် စုထားနိုင်ခဲ့သည်။ သို့သော် မိထွေးဖြစ်သူသည် သူ့ကိုယ်ပိုင်ကျူရှင်ခကို နောက်ခြောက်လ တစ်ဖြတ်အတွက်ချွေတာခိုင်းသည်။

 

 

သူမသည် တစ်ယွမ်ပဲ ဖြစ်ဖြစ် အနည်းငယ် စုထားချင်ခဲ့သည်။

 

 

သူမ ဘာမှားခဲ့လို့လဲ? သူမ တစ်ယောက်ယောက်ကို ထိခိုက်စေလို့လား?