အမျိုးသား
ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း
အပိုင်း
၁၇
ကျိုးချောင်ချောင်သည်
ယန်ဝေ့အား အထိတ်တလန့်ကြည့်လိုက်ပြီး စိတ်ထဲတွင် အော်ပြောနေ၏။ "ဘာလို့လဲ? အလုပ်လက်မဲ့
လူတစ်ယောက်မှာ ယွမ် ၁၄မီလီယမ်တန်တဲ့ ကားတစ်စီး ဘာလို့ ရှိတာလဲ? ငါစီးလာခဲ့တဲ့ ကားဟာ
ယွမ်၁၄မီလီယမ် တန်တာလား?"
ရုတ်တရက် သူမသည် ပြုံးစိစိလုပ်ပြီး သူမကိုယ်သူမ တွေးနေ၏
- စီးရတာ သက်တောင့်သက်သာရှိတယ်ဆိုတာ မဆန်းပါဘူး။
ဟော်ထျန်းဟောက်သည်
ခက်ခက်ခဲခဲ မမေးမီ အချိန် တော်တော်ကြာကြာ ယန်ဝေ့အား အံ့အားသင့်စွာ စိုက်ကြည့်နေ၏။"အဲ့ဒိ
Maybach က မင်းဟာလား?"
ယန်ဝေ့သည်
အနည်းငယ် ပြုံးပြီး ပြောလေသည်။" ပြီးခဲ့တဲ့နှစ်က ငါ့မွေးနေ့အတွက် ငါ့ညီဆီကနေ ရခဲ့တဲ့
လက်ဆောင်ပါ"
ယန်ယဲ့အတွက်
၁၄မီလီယမ်တန်တဲ့ ကားတစ်စီးကို လက်ဆောင်အဖြစ် သူ့အားပေးရန်မှာ သာမန်ပဲဖြစ်သည်ကို ကျိုးချောင်ချောင်
ရုတ်တရက် နားလည်လိုက်၏။တကယ်တော့ ယွီယောင်ဖျော်ဖြေရေးသည် နိုင်ငံတွင် ထိပ်ဆုံးမှရပ်တည်နေသော
ဖျော်ဖြေရေး ကုမ္ပဏီများထဲမှ တစ်ခုပင် ဖြစ်သည်!
ပိုင်ဟွေ့မင်သည်
တစ်လမ်းလုံး Maybach ကို စိတ်မ၀င်စားခဲ့သော်လည်း သူမသည် မျက်လုံးအပြူးသားနှင့် ယန်ဝေ့ကို
ကြည့်လိုက်လေသည်။ သို့သော် သူမသည် ဟော်ထျန်းဟောက် တစ်လမ်းလုံး ထိုအကြောင်း ရှင်းပြခဲ့သည်ကို
ကြားခဲ့ပြီးလေပြီ။
ကမ္ဘာလုံးဆိုင်ရာကန့်သတ်ချက်
100 ယူနစ်ရှိတဲ့ အလွန့်အလွန် ဈေးကြီးသောကားဖြစ်၏။ ကားအမှတ်အသားကို ပလက်တီနမ်ဖြင့် ပြုလုပ်ထားပြီး
ယွမ်နှစ်သိန်း နီးပါးခန့် တန်၏။ ရှေ့မီးတစ်စုံသည် ယွန်နှစ်သိန်းခွဲ တန်ပြီး ဘမ်ပါသည်
ယွမ်တစ်သိန်း ရှစ်သောင်းတန်သည်။ ဟော်ထျန်းဟောက်သည် ခုလေးတင် ထိုအကြောင်းကို ပြောနေခဲ့ချိန်တွင်
သူမသည် သက်ပြင်းတောင် မချနိုင်ခဲ့ပေ။ ဤကားနှင့် သူမ၏ ဘ၀သည် အလှမ်းဝေးကွာလွန်းလှသည်…
သူမ
ထိုအကြောင်းကို မတွေးဝံ့လောက်အောင်ပင် အလွန်ဝေးကွာလွန်း၏။ ယခု တစ်ချိန်က ဝေးကွာလွန်းလှသည်
ဆိုသည့် ကား၏ပိုင်ရှင်သည် သူမဆိုဖာပေါ်တွင် ထိုင်နေသည်။ ဟာ…
"ရှင်က
ကျိုးချောင်ချောင်ရဲ့ ကောင်လေးလား?" ပိုင်ဟွေ့မင်က မယုံသက်ာနှင့် မေးလိုက်သည်။
ဤလူသည် ကျိုးချောင်ချောင်ကို ဘယ်လိုတွေ့ခဲ့သလဲဆိုတာ သူမ နားမလည်ခဲ့ပေ။
ယန်ဝေ့က
ပြုံးပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။"ငါ သူ့ကို မြင်မြင်ချင်း ချစ်ခဲ့ပြီး တော်တော်ကြာကြာ
လိုက်ခဲ့တာ…"
ပိုင်ဟွေ့မင်၏
အမူအရာမှာ ပိုပြီး ကြက်သေသေနေခဲ့ပြီး သူမသည် အော်ပြောချင်နေ၏ - "ရှင် ကန်းနေတာပဲ
ဖြစ်ရမယ်!"
ညစာ
စားနေစဉ်အတွင်း ဟော်ထျန်းဟောက်သည် အလွန် သက်တောင့်သက်သာ မရှိပုံပေါ်နေပြီး လီလီနှင့်
ပိုင်ဟွေ့မင်တို့ တောင်မှ မျက်နှာမကောင်းကြပေ။
လီလီသည်
မရယ်ချင်ရယ်ချင် ရယ်လိုက်ပြီး ကျိုးချောင်ချောင်အား များများစားရန် ပြောလိုက်သည်။ ထိုစဉ်
ပိုင်ရှုရမ်နှင့် ပိုင်ကျုံးကျယ်တို့သာ ကျိုးချောင်ချောင်အတွက် ပျော်ရွှင်နေကြ၏။ ယန်ဝေ့နှင့်
ကျိုးချောင်ချောင်သည် စားသောက်ပြီးသည့်နောက် ထူးခြားသော အခြေအနေ ရှိသည့် ပိုင်မိသားစုမှ
ထွက်ခွာသွားလေသည်။
ပိုင်ဟွေ့မင်နှင့်
ဟော်ထျန်းဟောက်တို့သည်
ယန်ဝေ့ဟာ
ကြွားဝါခဲ့ရုံပဲ ဆိုတာ သက်သေပြရန် လသာဆောင်သို့ သွားကြည့်ကြလေသည်။ မကြာမီ ယန်ဝေ့နှင့်
ကျိုးချောင်ချောင်သည် သူတို့၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။ ယန်ဝေ့နောက်မှ ကျိုးချောင်ချောင်က
လိုက်ပါနေခဲ့၏။ ဘာကြောင့်မှန်းမသိ ယန်ဝေ့သည် တစ်ခဏလောက် နှေးနေသည်။ ထို့နောက် သူ့ဘေးနားမှ
ဖြတ်သွားမည့် ကျိုးချောင်ချောင်ကို စောင့်ရင်း ရပ်နေ၏။ သူသည် သူမကိုဖက်ပြီး ကားထဲသို့
၀င်သွားလေသည်။
"နောက်ဆုံးတော့
သူဟာ အဲ့ဒိ Zeppelin ထဲကို တကယ် ၀င်သွားဝာာပဲ…" နောက်ဆုံး၌ ဟော်ထျန်းဟောက်သည်
အံ့အားသင့်စွာ ပြောရင်း လက်ခံလိုက်သည်။"ငါတို့ နိုင်ငံမှာတောင် ဒီလိုကား အများကြီး
မရှိဘူး…"
"အဲ့ဒါက
၁၄မီလီယမ်ပဲ ရှိတာ မဟုတ်လား? ငါတို့ နိုင်ငံမှာ ပိုက်ဆံနည်းနည်း ရှိတဲ့ လူတွေကတော့
အဲ့လိုကားကို တတ်နိုင်တယ်" ပိုင်ဟွေ့မင်သည် အမှတ်မထင် သူမနှုတ်ခမ်းကို ကိုက်လိုက်ရင်း
စိတ်ဆိုးစွာဖြင့် ပြောလေသည် - "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူမက အဲ့လိုကောင်လေးမျိုး
ဘယ်လို တွေ့ခဲ့တာလဲ? သူမက အရမ်း ရိုင်းစိုင်းပြီး ရုပ်လည်းဆိုးတယ်"
ပွင့်ပွင့်လင်းလင်း
ပြောရလျှင် သူမသည် အရာရာတိုင်းတွင် ကျိုးချောင်ချောင်ထက် ပိုတော်၏။ သူတို့ကလေးဘ၀တုန်းက
သူမသည် ပိုလှ၊ပိုအရပ်ရှည်ပြီး ရင်လည်းကြီးသည်။ သူမသည် စာလည်းတော်ကာ စာမေးပွဲများတွင်
သူမထက် အမှတ်များ၏။ နောင်တွင် သူမသည် လစာပိုများသည့် အလုပ်ကောင်းတစ်ခုကို တွေ့ခဲ့လေသည်။
ယွမ်နှစ်သောင်း လစာနှင့်အတူ ကောင်လေး တစ်ယောက်ကိုတောင် တွေ့ခဲ့၏။ ခုချိန်ထိ ကျိုးချောင်ချောင်က
ရည်းစားရှာရခြင်းသည် ပြီးခဲ့သည့် အနှစ်၂၀မှာ သူမ၏ အားစိုက်ထုတ်မှုများ အချည်းနှီးဖြစ်သွားခဲ့ရသလိုမျိုး
သူမအား ခံစားရစေသည်။
++++
"ကျေးဇူးအများကြီးတင်ပါတယ်!"
ကျိုးချောင်ချောင်သည် ယန်ဝေ့၏ ကြင်နာမှုကို ခံစားသိရှိခဲ့ရ၏။ထို့ကြောင့် သူမသည် ကျေးဇူးတရားကို
ဖော်ပြသင့်သည်ဟု ထင်မိလေသည်။
ယန်ဝေ့သည်
သူမကို သွားခွင့်ပြုပြီး မေးလိုက်သည်။ "မင်း ငယ်ငယ်တုန်းက သူတို့ရဲ့အိမ်မှာ ဘယ်လို
စားခဲ့ရတာလဲ?" သူသည် သူမအား စောစောကလို ရုတ်တရက် ဖက်လိုက်ပြီး အပေါ်ကနေ အကြည့်ကို
ခံစားလိုက်သည်။ သို့သော် သူ့ရင်ခွင်ထဲတွင် ဤမိန်းကလေး ရှိခြင်းသည် အတော် သက်တောင့်သက်သာဖြစ်မိ၏။
ကျိုးချောင်ချောင်က
ရှင်းပြလိုက်သည်။ "ကျွန်မ
အမေသေပြီးတော့
ကျွန်မ မိထွေးက ကိုယ်၀န်ရှိလာပြီး ကျွန်မအဖေက အလုပ်လုပ်ခဲ့ရတယ်။ ကျွန်မမိထွေးက ကျွန်မကို
ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့ဘူး အဲ့ဒါကြောင့် ကျွန်မကို စာသင်ဖို့ ရွာကကျောင်းကို
ပို့ခဲ့ပြီး အဖွားနဲ့ နေခဲ့ရတယ်။ အဲ့ဒိအချိန်မှာ ကျွန်မအဒေါ်က လက်မထပ်ရသေးဘူး။ သူမက
ကျွန်မကို စောင့်ရှောက်ပေးခဲ့တယ်။ နောက်တော့ အဲ့ဒိမှာ ကျွန်မ တစ်ယောက်တည်း နေခဲ့ပြီး
အချိန်အများစုဟာ ကျွန်မ ဆရာမရဲ့ အိမ်မှာပဲ စားသောက်ခဲ့တယ်။ ကျွန်မ ဆရာမ အလုပ်ရှုပ်တဲ့အချိန်ဆို
ကျွန်မဦးကြီး အိမ်မှာ သွားစားတယ်။ အိုး အဲ့ဒိအချိန် ကျွန်မဦးကြီးက ရှန့်အန်းမြို့မှာ
မနေသေးဘူး သူ့အိမ်က ရွာမှာ ရှိတုန်းပဲ"
ယန်ဝေ့က
ခေါင်းညိတ်ပြီး ကျိုးချောင်ချောင်ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။"မင်း အများကြီး
ဖြတ်သန်းလာခဲ့ရတာပဲ"
ဤမိန်းကလေးသည်
ကတုံးနှင့် ဆိုသည်ကို သူခဏလောက် မေ့ကောင်း မေ့နေနိုင်ခဲ့၏။ သူ့လက်ကို ရုတ်လိုက်ချိန်တွင်
သူ့နာရီသည် သူမဆံပင်နှင့်ညိကာ "ပက်"ဆိုပြီး ဆွဲထုတ်လိုက်ရသည်။
ကျိုးချောင်ချောင်၏
ပြောင်နေသော ခေါင်းသည် နေကဲ့သို့ တောက်ပနေခဲ့သည်။
ယန်ဝေ့
- "…"
ကျိုးချောင်ချောင်လည်း
သူ့လက်တွင် ချိတ်နေသော ဆံပင်တုကို လှည့်ကြည့်က တိုးညင်းစွာ ပြောလိုက်၏။" အဲ့တစ်ခုကို
၄၈၉၉ ယွမ် ပေးရတယ်"
"ပျက်စီးသွားရင်
ငါအဲ့ဒါအတွက် ပေးပါ့မယ်"ယန်ဝေ့သည် ခဏလောက် တိတ်ဆိတ်နေပြီးနောက် ပြန်ပြောခဲ့လေသည်။
ယန်ဝေ့
ကျိုးချောင်ချောင်ကို အိမ်ပြန်ပို့ခဲ့သည့် အချိန်မှာ ညဆယ်နာရီခွဲပင် မရှိသေးပါ။ ကျိုးချောင်ချောင်သည်
သူမအိတ်နှင့် ကားအပြင်သို့ ထွက်ပြီးနောက် ယန်ဝေ့၏ လက်ကို မြင်ရန်အတွက်သာ တံခါးကို လှည့်ပိတ်လိုက်၏။
သူသည် သူမအား မော့ကြည့်ပြီး ပြောလေသည်။ "ချောင်ချောင် မင်း စဉ်းစားပေးမှာလား?"
ကျိုးချောင်ချောင်က
စဉ်းစားမရ ဖြစ်သွား၏။ "ဘာကို စဉ်းစားရမှာလဲ?"
ယန်ဝေ့က
သူမကို ပြုံးပြလိုက်၏။ သူတို့အပေါ်ရှိ နူးညံ့သိမ်မွေ့သော လရောင်သည် သူ၏ အေးစက်စက်
အပြုအမူကို အနည်းငယ် နူးညံ့စေခဲ့သည်။သူသည် ကျိုးချောင်ချောင်အား မေးလိုက်၏။" မင်း
ငါ့ကို လက်ထပ်မှာလား?"
ကျိုးချောင်ချောင်
- "???"
မောင်လျန့်
- "!!!"
ထိုသို့ပြောပြီးနောက်
ယန်ဝေ့သည် တံခါးပိတ်ပြီး မှန်ချကာ လေးနက်စွာ စိုက်ကြည့်သော မျက်လုံးများဖြင့် ကျိုးချောင်ချောင်အား
ကြည့်နေသည်။"ငါ အလေးအနက်ထားပြီး ပြောနေတာ။ စဉ်းစားပေးပါ"
သူသည်
မောင်လျန့်ဘက်သို့ လှည့်ပြီး ပြောလေ၏။ "သွားရအောင်!"
မောင်လျန့်သည်
ကြောင်အမ်းအမ်းဖြင့် ကားကို စမောင်းခဲ့လေသည်။ ဖြစ်ပျက်ခဲ့တာကို သူမ သဘောပေါက်သွားသည်
အထိပင်။ သူမသည် ကားကို အမြန်လိုက်ပြီး တံခါးခေါက်ကာ အော်ပြောလိုက်သည်။ "နေဦး နေဦး နေဦး…"
မောင်လျန့်သည်
ရုတ်တရက် ကားကိုရပ်လိုက်ပြီး ယန်ဝေ့မှာ ကျိုးချောင်ချောင်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်၏။
သူမသည်
သူ့ကို စိုက်ကြည့်ပြီး မေးလေသည်။ "ရှင် ကျွန်မကို ဘာလို့ လက်ထပ်ချင်တာလဲ?"
လေပြေသည်
သစ်ရွက်များကို တိုက်ခတ်နေကာ ညဘက်တွင် တဝီဝီမြည်သံနှင့် တူသော သစ်ရွက်ချင်း ပွတ်တိုက်သံကို
ဖြစ်စေသည်။ ကျိုးချောင်ချောင်သည် ညလေပြေညင်း၏ အေးမြမှုနှင့် အဖော်မဲ့ခြင်းကို ခံစားမိပြီး
ယန်ဝေ့ ပြောသည်ကို ကြားခဲ့ရလေသည်။"မင်း မိသားစု တစ်ခု လိုအပ်နေတယ် တိုက်ဆိုင်စွာ ငါလည်းပဲ"
ယန်ဝေ့သည်
သူမကို ကားထဲမှ စိတ်ပျက်စွာ ပြုံးပြလိုက်ပြီး ပြောလေ၏။ "ငါ ဒီနှစ် အသက်
သုံးဆယ်ပြည့်ပြီ
မိသားစုဆိုတဲ့ အဓိပ္ပါယ်ကို ငါနားလည်တယ် မင်းလည်း ကောင်းကောင်း လုပ်နိုင်မယ်လို့ ငါယုံတယ်"
ကျိုးချောင်ချောင်သည်
နားထောင်နေရင်း နှလုံးသားနာကျင်ခဲ့ရ၏။ ဘယ်သူက သူမထက်ပိုပြီး မိသားစု လိုအပ်သလဲ? သူမသည်
အိမ်တစ်လုံး လိုချင်ခဲ့ပြီး ပျော်ရွှင်စရာ မိသားစု ဖြစ်ပေါ်လာရန် မျှော်လင့်ခဲ့သည်။သူမ
အတူအိပ်စက်နိုင်သော မိသားစု၀င် တစ်ယောက် အလိုရှိခဲ့၏။
"ဒါပေမယ့်
ကျွန်မ…" ကျိုးချောင်ချောင်သည် သူမ ဒါကို ကောင်းကောင်း လုပ်နိုင်မယ် မထင်ဘူးဟု
ပြောချင်ခဲ့သည်။
ယန်ဝေ့က
ဖြတ်ပြောလိုက်သည်။" အဖြေ ဒါမှမဟုတ် မင်းရဲ့ အတွေးတွေကို ခုချက်ချင်း ငါ့ကို မပြောရပါဘူး။
မင်း ပြန်သွားပြီး စဉ်းစားပြီးတော့မှ ငါ့ကိုပြောပါ။ ကောင်းကောင်း ဆိုးဆိုး ငါလက်ခံနိုင်တယ်
"
"ဒါပေမယ့်
ဘာလို့ ကျွန်မလဲ?" ကျိုးချောင်ချောင်သည် နားမလည်နိုင်ဖြစ်ခဲ့ရသည်။
ယန်ဝေ့က
ပြုံးကာ သူမကို မော့ကြည့်လိုက်သည်။"မင်း မဟုတ်ရင် ငါ တောင်းဆိုနေမှာ မဟုတ်ဘူး။
ချောင်ချောင် ဖြစ်နိုင်ရင် အလွယ်တကူ မငြင်းလိုက်ပါနဲ့။ ခံစားချက်တွေကို ဖြစ်အောင်လုပ်လို့ရတယ်
ဒါပေမယ့် အဲ့လို ကံကြမ္မာမျိုးတော့ မလာနိုင်ဘူး။ မင်း ကြိုးစားပြီး လက်ခံနိုင်မယ်လို့
မျှော်လင့်ပါတယ်။ ငါကတော့ မင်းကို ဒီလိုမျိုး ချစ်မြတ်နိုးပေးနိုင်တယ်၊ ကာကွယ်ပေးနိုင်တယ်၊
ငါ့မှာ ဘာမှမရှိရင် တောင်မှပေါ့ "
ညကောင်းကင်
အောက်တွင် ရပ်နေရင်း၊ ယန်ဝေ့၏ ဈေးကြီးသော Maybach ကားကိုကြည့်ရင်း ကျိုးချောင်ချောင်သည်
လေးနက်စွာ စဉ်းစားနေခဲ့၏။ "ချစ်မြတ်နိုးတာလား? ဒါပေမယ့် ကျွန်မ တို့က အလွန် အလှမ်းဝေးလှပါတယ်…"