အပိုင်း ၉၆
Viewers 12k

နောက်ဆုံးတွင် ဒါရိုက်တာက သူ၏ကိုယ်ပိုင်အဆက်အသွယ်များနှင့် ယခင်က အလုပ်လုပ်ခဲ့ဖူးသည့် သရုပ်ဆောင်တစ်ယောက်ကိုဆက်သွယ်ကာ ညတွင်းချင်း သူ့အခန်းများကို ရိုက်ကူးရန် ရိုက်ကွင်းဆီသို့လာခိုင်းရသည်။
သူ၏အေးဂျင့်၏ ပြောစကားကိုကြားပြီးသည့်အခါ ခန်းကျယ်က ဘာမှမပြောနိုင်တော့ပဲ ခေါင်းသာခါလိုက်မိသည်။
" ရိုက်ကူးရေးစတာ နှစ်ရက်ပဲရှိသေးတာကို ထပ်ပြောင်းပြန်ပြီ ... ဒီရိုက်ကူးရေးအဖွဲ့က တော်တော်ပြဿနာရှုပ်တာပဲ ..."
" အဆင်ပြေပါတယ် ပြောင်းထားတဲ့သူကို ကျွန်တော်တွေ့ပြီးပြီ ... ကျွန်တော်အရင်က ဒါရိုက်တာလီနဲ့တူတူအလုပ်လုပ်ဖူးတယ် ... သရုပ်ဆောင်တွေကိုသူက လူတော်တွေကိုပဲ ရွေးတာ ခန်းကျဲရဲ့အချိန်တွေ အလဟဿ မဖြစ်ပါဘူး ..."
"ဒါတော့ ဟုတ်ပါတယ် ..."
ခန်းကျယ် ခေါင်းငြိမ့်လိုက်သည်။ သို့သော် ကျန်းဇီမော့က သူများနေရာလုယူထားပြီး နှစ်ရက်အတွင်း နှင်ထုတ်ခံလိုက်ရသဖြင့် ဟာသတစ်ခုကဲ့သို့ဖြစ်နေသည်။
နောက်စနေနေ့ သရုပ်ဆောင်အသစ်များ အဖွဲ့ထဲရောက်လာသည့်အခါ တရားဝင်ဘလော့ဂါက ဆင်ခြေတစ်ခုရှာပြီး ချန်ဖေးက ချင်ခယ့်နေရာတွင် သရုပ်ဆောင်မည်ဖြစ်ကြောင်း microblogပေါ်တွင် တင်ခဲ့သည်။ ပရိသတ်များက တတိယမြောက်သရုပ်ဆောင်ကိုတွေ့ပြီးသည့်အခါ အဘယ့်ကြောင်းပြောင်းသွားပြန်သည်ကို သိချင်နေကြသည်။
( ကျန်းဇီမော့က ဘာဖြစ်သွားတာလဲ သူမပါတော့ဘူးလား )
( အဲ့လိုပဲဖြစ်မယ် ကျန်းဇီမော့က ကျန်းမာရေးမကောင်းလို့ ချန်ဖေးကိုအစားထိုးလိုက်တာပေါ့ )
( ကျန်းမာရေးမကောင်းဘူးဆိုတာ ဆင်ခြေပဲနေမှာပေါ့ ... သူသာ တကယ်နေထိုင်မကောင်းဖြစ်နေတယ်ဆိုရင် ငွေပေးပြီး သူများဇာတ်ကောင်ကို လုယူမယ်တဲ့လား ... ဒီရက်ပိုင်း လိုင်းပေါ်မှာ မကျေနပ်တဲ့လူတွေများနေလို့ ရိုက်ကူးရေးအဖွဲ့က လူပြောင်းလိုက်တာပဲနေမှာ ..."
( ရိုက်ကူးရေးအဖွဲ့က မကျေနပ်တဲ့လူတွေရှိရုံနဲ့တော့ ပြောင်းပစ်မယ်မထင်ဘူး ... သူ့ကို နောက်ကွယ်ကပံ့ပိုးနေတဲ့လူက သဘောမကျတော့လို့ ကန်ထုတ်လိုက်တာဖြစ်မယ် )
( အရင်တည်းက ကျန်းဇီမော့က သရုပ်ဆောင်မကောင်းလို့ ခန်းကျယ်နဲ့တူတူသရုပ်မဆောင်နိုင်ဖြစ်သေးတယ်လေ ... ပြီးတော့ ခန်းကျယ်ကလည်းတစ်ခုခုပြောခဲ့တယ်ဆိုတော့ အဲ့ဒါကို တောင့်မခံနိုင်လို့များလား )
( ဘယ်သူသိမှာလဲ ... ဒါပေမယ့်လည်း ကျန်းဇီမော့မပါတော့ဘူးလေ ပျော်လို့ရပြီ ဟားဟားဟား )
( ဟုတ်သားပဲ ဟားဟားဟား )
( ကျန်းဇီမော့က ဖျော်ဖြေရးနယ်ပယ်ထဲက လုံးဝထွက်သွားပြီး ငါ့မျက်စိရှေ့မှာ နောက်ထပ်ပေါ်မလာတော့ရင်တော့ အကောင်းဆုံးပဲ )
‌ဆွေးနွေးမှုများက အလွန်များပြားနေသော်လည်း အကြောင်းအရင်းအတိအကျကို မည်သူမျှ မသိကြပေ။ သို့သော်လည်း အင်တာနက်အသုံးပြုသူများက ကျန်းဇီမော့ကိုသဘောမကျကြပေ။ ယခုအခါတွင် သူ့နေရာကို အစားထိုးလိုက်ပြီဖြစ်၍ ပျော်နေကြသည်။ ကျန်းဇီမော့နေရာတွင် အစားထိုးလိုက်သူက ဝမ်မင်ယီမဟုတ်သဖြင့်သာ နှမျောတဿဖြစ်နေကြသည်။
( ဝမ်မင်ယီက နောက်ထပ်ရုပ်ရှင်တစ်ကား ဘယ်တော့ရိုက်မလဲ မသိဘူးနော် )
( ဇာတ်လမ်းတွဲတစ်ကားလောက်ရိုက်ရင်ကောင်းမယ် ... ဟိုတစ်လောက ခန်းကျယ်နဲ့ ဝမ်မင်ယီတူတူရိုက်ထားတဲ့ ကြော်ညာတစ်ခုတောင် တွေ့လိုက်သေးတယ် ... သူ့သရုပ်ဆောင်စွမ်းရည်က တော်တော်လေးကောင်းတယ် သူတို့ကို ဇာတ်လမ်းတွဲလေး ရိုက်စေချင်တယ် )
( ငါတို့မောင်ငယ်လေးက အရမ်းငယ်သေးတော့ ငယ်ရွယ်တဲ့ ‌အိုင်ဒေါဒရာမာလေးတွေရိုက်ဖို့ င့်တော်တယ် ... တက္ကသိုလ်ဇာတ်လမ်းတွဲလေးဆိုလည်းကောင်းမှာ မောင်ငယ်လေးတွေ ညီမ‌ငယ်လေးတွေရဲ့ အချစ်ဇာတ်လမ်းလေးတွေကြည့်ချင်တယ် )
( ‌‌ငါတို့မောင်ငယ်လေးကို ရှေးခေတ်ဝတ်စုံနဲ့ မမြင်ဖူးသေးဘူးနော် ရာဇဝင်ဇာတ်လမ်းလေးတွေ ရိုက်ရင်လည်းကောင်းမယ် )
အင်တာနက်အသုံးပြုသူများက စိတ်အားထက်သန်စွာဖြင့် တစ်ခုပြီးတစ်ခု အဆိုပြုကြသော်လည်း ဝမ်မင်ယီနှင့်က မသက်ဆိုင်တော့ပေ။ ကျောက်ဝမ်ယွီ၏အဖွဲ့ကလည်း တရုတ်နိုင်ငံသို့ပြန်လာတော့မည်ဖြစ်သည်။ ထို့အပြင် သူတို့၏ လူတွေ့စစ်ဆေးခြင်းအတွက် လိုအပ်ချက်များကိုလည်း ထုတ်ပြန်လိုက်သည်။ ၎င်း၏လိုအပ်ချက်က အရပ် ၁၇၆စင်တီမီတာကျော် ၊ အသက်၁၈နှစ်မှ ၂၆နှစ်အတွင်း ယောက်ျားလေး၊ သရုပ်ဆောင် အတွေ့အကြုံ ရှိရှိ မရှိရှိ အဆင်ပြေသည်။
ချန်လုက ဝမ်မင်ယီကို ရှင်းပြနေသည်။
" အရွေးခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ ဒါရိုက်တာကျောက်ရဲ့ ရုပ်ရှင်အတွက် ကြိုးစားကြည့်တာ မမှားဘူး ..."
ဝမ်မင်ယီက ပြုံးပြီးပြန်ဖြေလိုက်သည်။
" ချန်ကျဲပြောတာလည်း ဟုတ်သားပဲ ..."
အချိန်ကျ၍ လူတွေ့စစ်ဆေးချက်တွင် လူလုံးထွက်ပြလိုက်မှ ဒါရိုက်တာကျောက် သေအောင်မလန့်သွားရန်သာ မျှော်လင့်နေရသည်။
" လူတွေ့စစ်ဆေးမည့်အချိန်က မသတ်မှတ်ရသေးဘူး ... ဒါပေမဲ့ မေလအစောပိုင်းလောက်ဖြစ်မယ်ထင်တယ် ... အဲ့အချိန်ကျ ပြန်သတိပေးမယ်လေ ..."
" ဟုတ် ကောင်းပါပြီ ..."
ဝမ်မင်ယီ ဖုန်းချလိုက်သည်။
စစ်ကျွင်းတောက် ပြန်လာချိန်၌ ဝမ်မင်ယီက စိတ်ကြည်လင်စွာဖြင့် ရုပ်ရှင်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
" သတင်းကောင်းတစ်ခုခုရှိလို့လား ..."
သူမေးလိုက်သည်။
" ကျန်းဇီမော့က ရိုက်ကူးရေးအဖွဲ့ထဲက ထုတ်ခံလိုက်ရပြီ ..."
ဝမ်မင်ယီ ပြောပြလိုက်သည်။
စစ်ကျွင်းတောက်က ခေါင်းငြိမ့်ပြလိုက်သည်။
" ဝမ်စုလက်ချက်ပဲဖြစ်မယ် ... ဝမ်စုက ဝမ်ပေါ်ကို အိမ်ကနှင်ချလိုက်တယ်လို့ ကိုယ်ကြားတယ် ..."
ဝမ်မင်ယီ ထိတ်လန့်သွားသည်။
" ဝိုး ...ဝမ်ပေါ်ရဲ့အစ်ကိုကြီးက အရမ်းမိုက်တာပဲ ..."
" ဘယ်သူ့ကိုမိုက်တယ်လို့ ပြောလိုက်တာလဲ ..."
စစ်ကျွင်းတောက်က မေးလိုက်သည်။
ဝမ်မင်ယီ ခဏတာအံ့အားသင့်သွားပြီးနောက် ရယ်လိုက်သည်။
" ဒါလေးပြောတာကို စိတ်အနှောင့်အယှက်ဖြစ်သွားတာလား ... ကောကောလည်း မိုက်တယ် အရမ်းမိုက်တယ် ..."
စစ်ကျွင်းတောက်က သူ့ဘေးတွင်ထိုင်ပြီး အစောပိုင်းကကိစ္စကိုဆက်ပြောသည်။
" ဝမ်စုက ဝမ်ပေါ့်ရဲ့ငွေတွေကို ကျန်းဇီမော့ လောဘကြီးနေတာသိလို့ ဒီလိုလုပ်လိုက်တာဖြစ်မယ် ... ဝမ်ပေါ်လည်း ကျန်းဇီမော့အကြောင်းကို အကြောင်းစုံသိပြီး သူနဲ့အဆက်ဖြတ်လိုက်ဖို့ မျှော်လင့်ပြီး တမင်လှည့်စားလိုက်တာဖြစ်မယ် ..."
" ကျန်းဇီမော့က ဝမ်ပေါ်ရဲ့ငွေတွေကိုပဲ လောဘကြီးတာမဟုတ်ဘူး ... သူစိတ်ထားကောင်းတာကိုပါ အသုံးချနေတာ ... သူက ကျန်းဇီမော့ကို စိတ်ရောကိုယ်ပါ ရှု့ထောင့်အမျိုးမျိုးက ကောင်းကောင်းဆက်ဆံပေးနေတာလေ ..."
ဝမ်မင်ယီက ကျန်းဇီမော့အကြောင်းကို သူအလွန်သိနေပြီဟု ခံစားလိုက်ရသည်။
" ဘာပဲဖြစ်ဖြစ် ရလဒ်ကတော့ ဒီလိုပဲ ... ဝမ်ပေါ်က ဝမ်မိသားစုအိမ်က နှင်ထုတ်ခံလိုက်ရတယ် ... သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဝမ်စုက လက်လွှဲယူလိုက်တယ် ... ဝမ်စုကလည်း ကျန်းဇီမော့ကို ငွေသုံးပြီးမထောက်ပံ့ပေးချင်တာနဲ့ သိတဲ့အတိုင်းပဲ ကျန်းဇီမေသရုပ်ဆောင်စာရင်းထဲက ထွက်သွားရတာပဲ ..."
" ကျွတ်ကျွတ် ဟာသပြဇာတ်ကြီးလိုပဲ ..".
ဝမ်မင်ယီပြောလိုက်သည်။
" ဒါနဲ့ စကားမစပ် ကျွန်တော့အဖေ ပြန်လာတော့မယ်တဲ့ ..."
" အဲ့ဒါကြောင့် ပျော်နေတာလား ..."
ဝမ်မင်ယီ ခေါင်းခါလိုက်သည်။
" ကျွန်တော့်ရဲ့ နောက်ထပ်ရုပ်ရှင်ကားတစ်ခုကို ရွေးပြီးလို့ ပျော်နေတာပါ ... ကျန်းဇီမော့က ကျွန်တော့်ဆီက ဇာတ်ကောင်တစ်နေရာ လုယူသွားရုံနဲ့ ကျွန်တော့်မှာ ဘာမှမကျန်တော့ဘူးထင်နေတာ ... အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ နောက်ထပ်ရုပ်ရှင်က ဘယလိုဆိုတာ သူ့ကိုကြည့်ခိုင်းရမယ် ..."
စစ်ကျွင်းတောက် ပြုံးရုံသာပြုံးနေလိုက်မိသည်။
" မင်းပျော်နေရင် ပြီးတာပဲ ..."
ဝမ်မင်ယီလည်း ပြုံးပြလိုက်သည်။
" ဒါပေါ့ ..."
ဝမ်မင်ယီ၏ ပျော်ရွှင်မှုနှင့် ဆန့်ကျင်စွာ ကျန်းဇီမော့က အလွန်စိတ်တိုနေပြီဖြစ်သည်။
ရိုက်ကူးရေးအဖွဲ့က အတင်းအကျပ်ပြန်လွှတ်လိုက်သဖြင့် ကျန်း‌ဇီမော့က ဖရိုဖရဲဖြင့် ထွက်သွားရပြီး နောက်‌တစ်နေ့တွင် Xမြို့သို့ ပြန်ရောက်လာသည်။ ဝမ်ပေါ်က တက္ကစီတစ်စီးငှား၍ သူ့ကိုလာခေါ်သည်။ သူတို့နှစ်ယောက်လုံး ကားထဲတွင်ထိုင်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေကြသည်။
ကျန်းဇီမော့ နားမလည်နိုင်ဖြစ်နေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကအထိ ကိစ္စများက အဆင်ပြေချောမွေ့နေခဲ့သည်။
သူက ဝမ်မင်ယီရဲ့နေရာကို လုယူနိုင်ခဲ့တဲ့ အောင်နိုင်သူကြီးဖြစ်ခဲ့တာလေ အခုတော့ အရှုံးသမားဖြစ်သွားပြန်တာလား ...
ရိုက်ကူးရေးအဖွဲ့၏ မမျှတမှုကို microblogတွင်ပင် ထုတ်ဖော်မပြောရဲပေ။ အဘယ့်ကြောင့်ဆိုသော် အင်တာနက်အသုံးပြုသူများက သူ့ကိုဆူပူကျိန်းမောင်းပြီး ရိုက်ကူးရေးအဖွဲ့ကလည်း သူ့အကြောင်း မဟုတ်မမှန်များပြောဆိုမည်ကို ကြောက်နေရသည်။ တရားဝင် ဘလော့မှ သရု‌ပ်ဆောင်အသစ်အစားထိုးမှု‌အောက်တွင် ပွဲတော်ကြီးကျင်းပနေကြသည်။ အားလုံးက ပြောနေကြသည်မှာ " ကျန်းဇီမော့က ထွက်သွားသင့်တာကြာပြီ ... ငါတို့ ချန်ဖေးကို ထောက်ပံ့ပေးကြမယ် " ဟူ၍ပင်။ သူ အလွန်ဝမ်းနည်းသွားသော်လည်း ထုတ်မပြောနိုင်ပေ။
သူ့မျက်နှာက ဝမ်းနည်းရိပ်သန်းသွားသည်ကို ဝမ်ပေါ်မြင်လိုက်သဖြင့် နှစ်သိမ့်ပေးလိုက်သည်။
" ဝမ်းမနည်းပါနဲ့ ရှောင်မော့ အခွင့်အရေးရရင် ထပ်သရုပ်ဆောင်နိုင်ဦးမှာပါ ..."
သို့ရာတွင် ကျန်းဇီမော့က ငတုံးမဟုတ်ပေ။
ဘယ်လိုလုပ် အခွင့်အရေးရဦးမှာလဲ ... သူက ဖျော်ဖြေရေးနယ်ပယ်ထဲကမှ မဟုတ်တာ ဘယ်ကနေအခွင့်အရေးရမှာတဲ့လဲ ...
" ဝမ်ပေါ် ငါနားမလည်နိုင်သေးဘူး ... မင်းအစ်ကိုက မင်းအဖေလည်းမဟုတ်ဘူးလေ ... သူက မင်းကိုဘာလုပ်ပိုင်ခွင့်ရှိလို့ အိမ်ကနှင်ထုတ်ရတာလဲ မင်းတို့က တူတူပဲလေ ..."
သူ တီးတိုးပြောလိုက်သည်။
ဝမ်ပေါ်အနည်းငယ်ရှက်သွားပြီး မရှင်းမလင်းဖြစ်နေသည့် ကျန်းဇီမော့မျက်လုံးများကိုကြည့်ကာ ပြန်ဖြေလိုက်သည်။
" ကိုယ့်အဖေက ကျန်းမာရေးမကောင်းတာ နှစ်အတော်ကြာပြီ ... အစ်ကိုကပဲ မိသားစုနဲ့ ကုမ္ပဏီကို ဦးဆောင်နေရတာ သူက ကိစ္စတော်တော်များများကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ..."
" ဒါဆိုရင်လည်း မင်းကို အိမ်ကတော့ နှင်ထုတ်သင့်ပါဘူး ... မင်းအဖေရော ဒီကိစ္စကိုသိလား သဘောတူရဲ့လား ... မင်းတို့နှစ်ယောက်လုံးက သူ့သားအရင်းတွေပဲ ကုမ္ပဏီနဲ့ ပိုင်ဆိုင်မှုတွေကို မျှဝေခံစားသင့်တာပေါ့ ... အခု သူက မင်းကိုနှင်ထုတ်လိုက်တော့ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေအားလုံး သူရသွားပြီမဟုတ်လား ..."