အပိုင်း ၉၇
Viewers 12k

ဝမ်ပေါ်နှင့် ကျန်းဇီမော့တို့က အတူတကွ တရားဝင်နေထိုင်နေကြပြီဖြစ်သည်။
ပထမဆုံးနေ့တွင် ဝမ်ပေါ်က အလွန်‌ပျော်ရွှင်နေခဲ့သည်။ ဒုတိယမြောက်နေ့တွင်လည်း သူအလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် ဆယ်ရက်မြောက်နေ့တွင် သူတို့နှစ်ယောက်အတူနေထိုင်ခြင်းက သူထင်ထားသကဲ့သို့ မကောင်းမွန်ကြောင်း သိလိုက်ရသည်။
ဝမ်ပေါ်က ကျန်းဇီမော့ကို အလွန်ချစ်သည်။ အချိန်အတော်ကြာ ကျန်း‌ဇီမော့နောက်မှတကောက်ကောက်လိုက်ပြီး နောက်ဆုံးမှ ချစ်သူဖြစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ သူတို့ တူတူနေနေကြပြီဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးလာချင်သည်။ ချစ်သူရည်းစားများအတူတူပြုလုပ်လေ့ရှိသည့်အရာများကို လုပ်ချင်သော်လည်း ကျန်းဇီမော့က သူ့ကိုငြင်းသည်။
" အရမ်းစောပါသေးတယ် ... အဲ့လောက်မြန်မြန်ကြီး ငါမင်းနဲ့ မလုပ်ချင်သေးဘူး ..."
ကျန်းဇီမော့က ငြင်းလိုက်သည်။
ဝမ်ပေါ်လည်း သဘောပေါက်သွားသဖြင့် ထပ်မမေးတော့ပေ။
ကျန်းဇီမော့က ရက်အနည်းငယ်စိတ်ဓာတ်ကျနေပြီးနောက်တွင် ဖျော်ဖြေရေးနယ်ပယ်မှ ကန်ထုတ်ခံလိုက်ရသည်ကို လက်ခံလိုက်ပြီး အလုပ်တစ်ခု ထပ်ရှာရသည်။ ဘွဲ့ယူသည့်အခမ်းအနားနီးလာချိန်ဖြစ်၍ ကုမ္ပဏီများကလည်း အလုပ်အများအပြားခေါ်ယူနေကြချိန်လည်းဖြစ်သည်။ ကျန်းဇီမော့က သူ၏အလုပ်လျှောက်လွှာကို ကုမ္ပဏီအမြောက်အများသို့ ပေးပို့ထားသော်လည်း တုံ့ပြန်ချက် မရရှိပေ။
သို့သော် ကုမ္ပဏီငယ်များက သူ့ကိုလက်ခံသော်လည်း ကျန်းဇီမော့က စစ်ရှီနှင့် ဝမ်ဖုန်းလုပ်ငန်းစုများတွင် အလုပ်လုပ်ပြီးသည့်နောက် ကုမ္ပဏီငယ်များကို အထင်သေးနေသည်။
လူတွေ့စစ်ဆေးခြင်းအတွက် သွားရမည့်နေ့တွက် ဝမ်ပေါ်က ဧည့်သည့်အိပ်ခန်းထဲတွင် အိပ်နေဆဲဖြစ်သည်။
ကျန်းဇီမော့က တံခါးကိုဆွဲဖွင့်ပြီး ဝမ်ပေါ်ကို ပြောလိုက်သည်။
" အိပ်ရာထချိန်ရောက်ပြီ ..."
ဝမ်ပေါ်က မထချင် ထချင်ဖြင့် နိုးလာပြီး မေးလိုက်သည်။
" ဘာဖြစ်လို့လဲ ..."
ကျန်းဇီမော့က သူ့ကို ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။
" မင်း အိမ်မှာဒီတိုင်းနေလို့ မရဘူးလေ ... မင်းမှာလည်း ငွေမရှိဘူး ငါ့မှာလည်း စုဆောင်းထားတာတွေ မရှိဘူး အလုပ်လုပ်မှရမယ် ..."
ဝမ်ပေါ်က သူအလုပ်လုပ်သင့်ကြောင်း သိသော်လည်း ဝမ်စုက စီးပွားရေးလုပ်ငန်းကြီးအားလုံးကို သူ့ကိူအလုပ်မခန့်ရန် ကြိုတင်သတိပေးထားသည်။ အလုပ်သွားလျှောက်စဉ်ကလည်း HR မန်နေဂျာက သူ့ကိုမြင်ချိန်တွင် အလုပ်မခန့်ချင်၍ပြောချင်းမဟုတ်ပဲ ညီအစ်ကိုနှစ်ယောက်ကြားမှ ပြဿနာများထဲတွင် ဝင်မပါလိုခြင်းဖြစ်သည်ဟုပြောခဲ့၍ သူအရှက်ကွဲ၍ ပြန်လာရသည်။ ထို့ကြောင့် ဝမ်ပေါ်တွင် နည်းလမ်းမရှိပေ။ သူ၏ တစ်လစာကုန်ကျစရိတ်ကိုပင် မကာမိနိုင်သည့် ကုမ္ပဏီအသေးလေး‌တွင်လည်း အလုပ်မလုပ်ချင်ပေ။ သို့ဖြစ်၍ သူ့ကိုယ်သူနားရက်ပေးကာ အိမ်တွင်အနားယူနေခြင်းဖြစ်သည်။
" ကိုယ်သိပြီ ကိုယ်အလုပ်သွားရှာလိုက်ပါ့မယ် ..."
ကျန်းဇီမော့က မျက်မှောင်ကြုတ်နေ၍ ဝမ်ပေါ်သူ့ကို ချော့မော့ပြောလိုက်ရသည်။
ကျန်းဇီမော့က သူ ဝတ်ကျေတန်းကျေသာပြောမှန်းသိသော်လည်း အင်တာဗျူးအချိန်နီးနေ၍ အမြန်ထွက်သွားရန်ပြင်လိုက်သည်။
" မမေ့နဲ့နော် ..."
ထို့နောက် အိမ်ပြင်ထွက်သွားသည်။
ဝမ်ပေါ်က သူ့ဆံပင်များကို ထိုးဖွလိုက်ပြီး စတင်၍ ကိုယ်လက်သန့်စင်လိုက်သည်။
ဤတစ်ကြိမ် ကုမ္ပဏီက လစာကောင်းကောင်းပေးမည်ဖြစ်၍ ကျန်းဇီမော့ ကျေနပ်နေသည်။ သို့သော်HRမန်နေဂျာက သူနှင့် စကားပြောပြီးသည့်အခါ သူ့ကိုစိတ်ဝင်စားသည့်ပုံမပြပဲ အိမ်ပြန်၍ ဆက်သွယ်မည့်အချိန်ကိုသာ စောင့်နေရန်ပြောသည်။
ကျန်းဇီမော့ သတင်းကိုသာစောင့်နေပြီး လမ်းမဘေးမှ ခုံတန်းတစ်ခုပေါ်တွင် ထိုင်နေသည်။ သူ့ရှေ့မှ ပိတ်ဆို့နေသော ယာဉ်ကြောကြီးကိုကြည့်ကာ သူ့ကိုယ်သူ သနားမိလာသည်။
ဤကမ္ဘာမျိုးတွင် ဝမ်မင်ယီကဲ့သို့လူမျိုးများကမည်သည့်အရာကိုမှ စိတ်ပူပန်နေရန် မလိုပေ။ အခြားလူများကို နောက်ကွယ်မှ မကောင်းကြံထားပြီး နေချင်သလိုနေကြသော်လည်း နောက်ဆုံးတွင် ပြန်လည်ပေးဆပ်ရန် မလိုပေ။ သူတို့မှားပါသည်ဟု ပြောလိုက်သည်နှင့် လူတိုင်းက ခွင့်လွှတ်ပြီး ချစ်ခင်ပေးကြသည်။ သို့သော် သူ့ကဲ့သို့လူမျိုးများကမူ မည်မျှပင် ပေးဆပ်ထားသော်လည်း နောက်ဆုံးတွင် ဘာမှမကျန်ခဲ့ပေ။
သူ တဖြည်းဖြည်းဝမ်းနည်းလာပြီး မျက်ရည်ကျလုနီးပါးပင်ဖြစ်လာသည်။
ထိုအချိန် ကားထဲတွင်ထိုင်နေသည့် စုန့်ချန်က ဤမြင်ကွင်းကို တွေ့လိုက်သည်။
ကျန်းဇီမော့၏ ဝမ်းနည်းပူဆွေးနေသည့်မျက်နှာကို မြင်လိုက်သည့်အခါ ဖုန်းထုတ်၍ ဓာတ်ပုံရိုက်ထားလိုက်သည်။ ထို့နောက် ကားတံခါးဖွင့်ပြီး အပြင်ထွက်လာသည်။
" ဟဲလို ..."
စုန့်ချန်က သူ့ရှေ့တွင်ရပ်ပြီး businessကတ်ကို ထုတ်ပေးလိုက်သည်။
" ငါ့နာမည်က စုန့်ဟယ်ပါ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ပါ... ရုပ်ရှင်ရိုက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဖုန်းခေါ်လိုက်လို့ရပါတယ် ... ကျေးဇူးပါ ..."
ကျန်းဇီမော့ အနည်းငယ်စိတ်ရှုပ်သွားပြီး လက်ထဲမှ businessကတ်ကိုကြည့်လိုက်သည့်အခါ ဟွမ်းယွီယဉ်ကျေးမှုနှင့်ဖျော်ဖြေရေးစတူဒီယိုဟု ရေးထားသည်ကို တွေ့လိုက်သည်။
" ကျေးဇူးတင်ပါတယ် ..."
ကျန်းဇီမော့က သူလိမ်ညာသည်ဟုတ်မဟုတ်ကို မသိသောကြောင့် ကိုယ်တိုင်သွားစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
စုန့်ချန်က ထိုအမူအရာကိုမြင်လိုက်သော်လည်း ဘာမှမပြောပဲ ပြုံးပြကာ ကားပေါ်ပြန်တက်သွားသည်။
ကျန်းဇီမော့က သူထွက်သွားသည်ကိုကြည့်ပြီး အိမ်ကို မြေအောက်ရထားဖြင့် ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သည့်အခါ ဝမ်ပေါ်ကို မတွေ့သောကြောင့် အလုပ်သွားရှာသည်ဟုသာ ထင်လိုက်မိသည်။ သူ အနည်းငယ် သက်တောင့်သက်သာဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ကွန်ပျူတာဖွင့်ပြီး သူရခဲ့သည့်ကတ်ပေါ်မှ ကုမ္ပဏီကို စုံစမ်းလိုက်သည်။
ကုမ္ပဏီအကြောင်းမိတ်ဆက်ထားသည်ကို အင်တာနက်ပေါ်တွင် တွေ့လိုက်ရသည့်အခါ ကျန်းဇီမော့ အံ့အားသင့်သွားသည်။ ရုပ်ရှင်ရိုက်ကွင်းမှ ပြန်လာပြီးသည့်နေ့မှစ၍ ဖျော်ဖြေရေးနယ်ပယ်နှင့် ဘာမှမဆိုင်တော့ဟု ထင်ခဲ့မိသော်လည်း ယနေ့ရခဲ့သည့် businessကတ်ကြောင့် သူ့ထံသို့ အခွင့်အရေးကောင်းကြီးတစ်ခု ရောက်လာမှန်း သိလိုက်ရသည်။
ဤအခွင့်အရေးကို ဖမ်းဆုပ်နိုင်သရွေ့ သူ့ကို ဆူပူကျိန်းမောင်းခဲ့သူများနှင့် ရိုက်ကူးရေးအဖွဲ့ကို သူတို့အမှားအတွက် မျက်ခွက်ဖြတ်ရိုက်နိုင်လိမ့်မည်။
ကျန်းဇီမော့က စုန့်ချန်ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။
" ဟဲလို ကျွန်တော်က ခုနတုန်းက businessesကတ် ရခဲ့တဲ့သူပါ ..."တစ်ဖက်မှလူက ရယ်လိုက်သည်။
" ငါ့ကို ချက်ချင်းပဲ ဖုန်းခေါ်တယ်ဆိုတော့ မင်းကရုပ်ရှင်ရိုက်ဖို့ စိတ်ဝင်စားတဲ့ပုံပဲ ..."
" ဟုတ်ပါတယ် ..."
ကျန်းဇီမော့က ဖြေလိုက်သည်။
စုန့်ချန်က အပြုံးဖြင့်ပြောလိုက်သည်။
" ငါ မင်းကို emailပေးမယ်လေ အဲ့ဒီကို အလုပ်လျှောက်လွှာပို့ပေးလိုက် .. ပြီးတော့ မေလ ၄ရက်နေ့ ကျရင် လူတွေ့ဖြေဖို့ ငါပို့ပေးတဲ့လိပ်စာအတိုင်းလာခဲ့ ..."
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ..."
ကျန်းဇီမော့က ကျေးဇူးတင်လိုက်သည်။
ကောင်းကင်ဘုံက ကောင်းချီပေးလိုက်သည်ဟု ခံစားမိ၍ ပျော်ရွှင်စွာရယ်လိုက်မိသည်။
ဝမ်ပေါ်က ညစာဝယ်ပြီး ပြန်လာသည့်အချိန်ထိ သူက ပျော်ရွှင်နေခဲ့သည်။ ဝမ်ပေါ်ကလည်း သူ့ကိုပြုံးပြီးပြောလိုက်သည်။
" ကိုယ် အလုပ်ရခဲ့တယ် ... လစာကလည်းအဆင်ပြေတယ် အလုပ်ချိန်လည်း သိပ်မများဘူး ..."
" တကယ္လား ..."
ဝမ်ပေါ် ခေါင်းငြိမ့်ပြလိုက်သည်။
ကျန်းဇီမော့က သူ့ကိုပျော်ရွှင်စွာဖြင့် ဖက်လိုက်သည်။
" ဒီနေ့က ပျော်စရာနေ့လေးပဲ ... ငါလည်း လူကောင်းတစ်ယောက်နဲ့တွေ့လို့ မကြာခင် အလုပ်သစ်တစ်ခု ရတော့မယ် ..."
" ဒါဆိုရင် ကောင်းတာပေါ့ ..."
" ဘယလို အလုပ်မျိုးလဲ ပြောပြရမလား ... ဒါရိုက်တာ ကျောက်ဝမ်ယွီရိုက်မယ့် ရုပ်ရှင်အသစ်တဲ့ ....ငါ သူတို့ စတူဒီယိုက ဇာတ်ညွှန်းရေးဆရာကိုတွေ့ခဲ့တယ် ... သူကငါ့ကို ရုပ်ရှင်အတွက် လူတွေ့လာဖြေဖို့ခေါ်တာ ..."
ဝမ်ပေါ် အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ကောင်းတာပေါ့ ရှောင်မော့ တကယ်ဝမ်းသာစရာကြီးပဲ ..."
ကျန်းဇီမော့ပြုံးနေသည်။ သူလည်း ဤကိစ္စကို သတင်းကောင်းတစ်ခုဟု တွေးနေမိသည်။ သူ့ထံတွင် နောက်ခံအင်အားနှင့် ပရိသတ်များ မရှိသော်လည်း ဖျော်ဖြေရေးနယ်ပယ်ထဲဝင်ရောက်ရန် လက်မှတ်တတစ်စောင်ရလာခဲ့ပြန်ပြီဖြစ်သည်။
" အဲ့အချိန်ကျမှ ဝမ်မင်ယီရဲ့ ပရိသတ်တွေ စိတ်ကြီးဝင်နိုင်ဦးမလား ကြည့်ရသေးတာပေါ့ ..."
" အဲ့လိုပဲဖြစ်မှာပေါ့ ... ဝမ်မင်ယီ ဘဝတစ်လျှောက်လုံးမှာ ဒါရိုက်တာ ကျောက်ဝမ်ယွီလိုလူမျိုးနဲ့ ဆုံဖူးမှာမဟုတ်ဘူး ... သူတော့ မင်းကို မနာလိုဖြစ်နေတော့မှာပဲ ..."
ဝမ်ပေါ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
ကျန်းဇီမော့ကလည်း အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။
ကျန်းဇီမော့ ပျော်နေသည်ကို မြင်သောအခါ ဝမ်ပေါ်လည်း စိတ်အေးသွားရသည်။ ကျန်းဇီမော့က သူ့ကို မည်သည့်ကုမ္ပဏီတွင် မည်သည့်အလုပ်လုပ်မည်ကို မေးမည် စိုးရိမ်နေခြင်းဖြစ်သည်။ ယခုအခါ ကျန်းဇီမော့က မမေးသဖြင့် မသိမသာ စိတ်အေးသွားမိသည်။ အမှန်တွင် သူက အလုပ်ရလာခြင်းမဟုတ်ပဲ သူငယ်ချင်းတစ်ယောက်ထံမှ ပိုက်ဆံချေးလာခြင်းဖြစ်သည်။ ၎င်းက ဖြေရှင်းချက်မဟုတ်သော်လည်း ယခုလက်ရှိတွင် ဤ ဖြေရှင်းချက်တစ်ခုသာရှိသည်။
မေလ ရောက်ခါနီးပြီဖြစ်၍ ဝမ်မင်ယီ၏ မွေးနေ့လည်း နီးကပ်လာပြီဖြစ်သည်။ ၎င်းက သူတို့နှစ်ယောက် ပြန်လည်ပြေလည်သွားပြီးနောက် ဝမ်မင်ယီ၏ ပထမဆုံးမွေးနေ့ဖြစ်သည်။ ထို့ကြောင့် စစ်ကျွင်းတောက်က အလွန်အရေးကြီးသည်ဟု သတ်မှတ်ထားပြီး သူ့ကိုစောစီးစွာမေးလိုက်သည်။
" ဒီနှစ်မွေးနေ့ကို ဘယ်လိုကုန်ဆုံးချင်လဲ ..."
ဝမ်မင်ယီ ခဏတာတွေးပြီးနောက် တစ်ဖက်သို့လှည့်ပြီး သူ့ကို ဖက်လိုက်သည်။
" ကျွန်တော်တို့ နှစ်ယောက်တည်းပဲလေ ..."
စစ်ကျွင်းတောက် သူ့ခေါင်းကို အသာအယာပုတ်ပေးလိုက်သည်။
" သူငယ်ချင်းတွေကို မဖိတ်တော့ဘူးလား ..."
" သူတို့ကိုနောက်မှ သပ်သပ်ဖိတ်လိုက်မယ် ..."
" ကောင်းပါပြီ ..."
စစ်ကျွင်းတောက် ပြန်ဖြေလိုက်သည်။
မကြာမီ သူတစ်စုံတစ်ခုကိုတွေးမိပြီးနောက် မေးလိုက်သည်။
" မင့်မင့်အဖေက တရုတ်ကို ပြန်လာတော့မယ်လေ သူ့ကိုရော မဖိတ်တော့ဘူးလား ..."
ဝမ်မင်ယီ နှာမှုတ်ပြီး အေးစက်စွာပြောလိုက်သည်။
" သူနဲ့မှ မထိုက်တန်တာ ..."
စစ်ကျွင်းတောက် "....."
စစ်ကျွင်းတောက်က မမေးလိုက်ရကောင်းသားဟု တွေးနေမိသည်။
ဝမ်မင်ယီ ထိုင်ရာမှထလာပြီး သူ့ကိုပြောလိုက်သည်။
" ကျွန်တော် သန်ဘက်ခါကျရင် လူတွေ့သွားဖြေရဦးမယ် ..."
" ကိုယ်လည်း လိုက်‌မယ်လေ ..."
ဝမ်မင်ယီ မလိုအပ်ဟု ထင်လိုက်မိသည်။
" ရတယ် ... ကျွန်တော် လူတွေ့ဖြေပြီးရင် ပြန်လာမယ် ..."
" အဖေနဲ့ တစ်ရက်လောက် တူတူမနေတော့ဘူးလား ..."
ဝမ်မင်ယီ က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
" ကျွန်တော့်မှာ အဖေမှမရှိတာ ... အဲ့ဒါ ဒါရိုက်တာကျောက်လေ ... ကျွန်တော်က သာမန်သရုပ်ဆောင်လေးတစ်ယောက်ပဲ နာမည်ကြီးဒါရိုက်တာကျောက်နဲ့ တူတူမနေရဲပါဘူး ..."
စစ်ကျွင်းတောက် "...."
စစ်ကျွင်းတောက် မရယ်မိအောင် သတိထားနေရသည်။
ဝမ်မင်ယီက ဒါရိုက်တာကျောက်ဝမ်ယွီကို အထင်အမြင်သေးဟန်ဖြင့် "ဟမ့်" ဟု ပြောလိုက်သည်။လူတွေ့စစ်ဆေးမည့်နေ့တွင် ဝမ်မင်ယီက စောစောထပြီး Bမြို့သို့ ‌ချန်လုနှင့်အတူတူ လေယာဉ်စီးသွားသည်။
ချန်လုက အလွန်စိတ်လှုပ်ရှားနေပြီး ပြောလိုက်သည်။
" အရမ်း စိတ်မလှုပ်ရှားနဲ့ ပုံမှန်လိုပဲ သရုပ်ဆောင်ပြလိုက်နော် ..."
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုတ် စိတ်မပူပါနဲ့ ..."
ယခုအချိန်တွင် စိတ်လှုပ်ရှားနေသည့်လူက သူမဟုတ်ပဲ တစ်ခြားတစ်ယောက်ဖြစ်သည်။
" ဒီ လူတွေ့စစ်ဆေးချက်မှာ လူတွေအများကြီး ပါကြမယ်ထင်တယ် ... အောင်သွားရင်တော့ ကောင်းတာပေါ့ ... မအောင်ဘူးဆိုရင်လည်း ဝမ်းမနည်းပါနဲ့ ..."
ဝမ်မင်ယီ ခေါင်းသာငြိမ့်ပြလိုက်သည်။
" သိပ် မခက်ခဲလောက်ဘူးထင်ပါတယ် ..."
သူက ကျောက်ဝမ်ယွီကို စိတ်မသက်မသာဖြစ်အောင်သာ လုပ်ချင်နေသည်။
" သွားကြတာပေါ့ ..."
" ဟုတ် ..."
သူ ဖြေဆိုရမည့်အချိန်က နေ့လယ်မှသာဖြစ်သည်။ ဝမ်မင်ယီနှင့် ချန်လုတို့က ဟိုတယ်သို့သွား၍ တစ်ရေးတစ်မောအိပ်၍ နေ့လယ်စာစားပြီးမှ ဖြေဆိုရမည့်နေရာသို့ တူတူသွားကြသည်။
‌လူတွေ့စစ်ဆေးမည့်နေရာက ဟွမ်းယွီရုံးအဆောက်အဦးတွင်ဖြစ်သည်။ ချန်လုပြောသည့်အတိုင်း သရုပ်ဆောင်အတော်များများ ပါဝင်ကြသည်။ သူတို့ကို ဝန်ထမ်းများက အုပ်စုများခွဲထားသည့်အတွက် နားနေခန်းထဲတွင် အမှတ်စဉ်အလိုက် စောင့်နေကြသည်။
ဝမ်မင်ယီနှင့်ချန်လုကို ဝန်ထမ်းတစ်ယောက်က နားနေခန်းထဲ ခေါ်သွားသည်။ နားနေခန်းထဲမှ အခြားသရုပ်ဆောင်များက ဝမ်မင်ယီ့ကို ‌မြင်သည့်အခါ အံ့အားသင့်ပြီး စိတ်လှုပ်ရှားသွားကြသည်။ သူကိုသိသည့် တစ်စုံတစ်ယောက် ရောက်လာပြီး သူ့ညီမလေးအတွက် လက်မှတ်တောင်းကာ သူနှင့် စကားစမြည်ပြောနေသည်။
" ငါက ဒီနေရာကို အတွေ့အကြုံ လာယူရုံပါပဲ ..."
တစ်ဖက်လူက ပြောလိုက်သည်။
" ငါ အရွေးခံရမယ်မထင်ဘူး ... ဒါရိုက်တာကျောက်က သရုပ်ဆောင်အသစ်တွေကို လူကြားထဲမှာရွေးတယ်ဆိုတာ တော်တော်ရှားတယ် ... ငါ့အေးဂျင့်ကလည်း အတွေ့အကြုံယူရအောင်ပဲ လွှတ်လိုက်တာ ရမယ်တော့ မထင်ပါဘူး ... မင်းကတော့ ငါ့ထက်တော်တော့ ရနိုင်သေးတယ် ..."
ဝမ်မင်ယီက ပြုံးပြလိုက်သည်။
" ငါလည်း မသေချာပါဘူး ... ဒါရိုက်တာကျောက်က ငါ့လို talent showက တက်လာတဲ့ သရုပ်ဆောင်တွေကို သဘောကျပုံမရဘူးလေ ..."
သူပြောပြီးသည်နှင့် အခန်းတံခါးပွင့်လာသည်။ ဝမ်မင်ယီ လှည့်ကြည့်လိုက်သည့်အခါ ကျန်းဇီမော့နှင့် ဝမ်ပေါ်ကို တွေ့လိုက်ရသည်။
သူက ဘာလို့ ဒီကိုရောက်နေတာလဲ ...
ထိုအတွေးကို ကျန်းဇီမော့နှင့် ဝမ်မင်ယီတို့ ပြိုင်တူတွေးလိုက်မိကြသည်။
ဝန်ထမ်းက ကျန်းဇီမော့ထိုင်ရန် နေရာစီစဉ်ပေးလိုက်သည်။
ဝမ်မင်ယီကိုစိုက်ကြည့်နေသော ကျန်းဇီမော့၏ မျက်လုံးထဲတွင် မယုံကြည်မှုများဖြင့် ပြည့်နေသည်။
လူတွေ့ဖြေရန် လိုအပ်ချက်များထဲတွင် သရုပ်ဆောင်အတွေ့အကြုံရှိရန်မလိုဟူသည့်အချက်ကို ဝမ်မင်ယီအမှတ်ရသွားသည် ။ သူက ကျန်းဇီမော့နှင့် စကားပြောရန်ပျင်းလွန်းသည့်အတွက် ‌သူ့ဘေးနားမှလူနှင့်သာ စကားစမြည်ပြောနေသည်။
ထိုလူက အင်တာနက်ကို ရက်ပေါင်းများစွာအသုံးမပြုဖြစ်၍ ကျန်းဇီမော့နှင့် သူ့အကြားမှ ရန်ငြိုးများကိုမသိပဲ ပြောလက်စအကြောင်းကိုသာ ဆက်ပြောနေသည်။
" မင်းကတော့ အဆင်ပြေမှာပါ ... မင်းက ရုပ်ရှင်ဧကရာဇ်ခန်းကျယ်နဲ့ ဒါရိုက်တာ ယွီရွှမ်ဝမ်တို့နဲ့ အလုပ်တူတူလုပ်ဖူးတာပဲ ... ဒါလည်း အတွေ့အကြုံတစ်ခုပဲလေ ..."
ထိုလူက ရိုးသားပြီး တဲ့တိုးဆန်သည်ဟု ဝမ်မင်ယီတွေးလိုက်မိသည်။ အားလုံးက ဤနေရာကို လူတွေ့ဖြေဆိုရန် ရောက်လာခြင်းဖြစ်သော်လည်း ထိုလူက တခြားလူများအတွက်ပါ အကြံဉာဏ်ပေးနေသေးသည်။ ထို့ကြောင့် သူ၏ wechatတွင် အပ်လိုက်ပြီးနောက် ပြောလိုက်သည်။
" ‌မင်းပြောတာ ဟုတ်လောက်မှာပါ ..."
ခဏတာစောင့်ဆိုင်းပြီးနောက် ဟိုတယ်၏ နားနေခန်းတစ်ခုတွင် လူတွေ့ဖြေရန် အလှည့်ကျလာသည်။ ဝမ်မင်ယီက စိတ်မလှုပ်ရှားနေသော်လည်း ဖြစ်စဉ်ကို ကြိုတွေးမိ၍ မဖြေဆိုမီ သန့်စင်ခန်းကို ထွက်သွားသည်။
ကျန်းဇီမော့ကလည်း သူ့နောက်လိုက်လာသည်။ ဝမ်ပေါ်ကလည်း ကျန်းဇီမော့ တစ်ခုခုလုပ်မည်စိုး၍ နောက်မှလိုက်သွားသည်။
ချန်လုကလည်း မြင်လိုက်သဖြင့် နောက်မှလိုက်ရန်ကြံသော်လည်း မိန်းကလေးဖြစ်နေ‌၍ အမျိုးသားသန့်စင်ခန်းထဲကို ဝင်မရပေ။
" ငါ့ကို တွေ့ရတာ အံ့ဩသွားလား ..."
သန့်စင်ခန်းထဲတွင် မည်သူမျှ မရှိသည်ကို မြင်လိုက်ရသောအခါ ကျန်းဇီမော့က ဝမ်မက်ယီ့ကို လေသံပြတ်ပြတ်ဖြင့် မေးလိုက်သည်။
ဝမ်မင်ယီက သူ့ကိုကြည့်မနေပေ။
" ဒါက မတော်တဆမှမဟုတ်တာ ... စိတ်အနှောင့်အယှက် ဖြစ်စရာလေ ..."
ကျန်းဇီမော့ကပြုံးပြီး သူ့ကိုကြည့်ကာ ဖြေလိုက်သည်။
"ဒါဆိုရင် မင်းပိုပြီး စိတ်အနှောင့်အယှက်ဖြစ်သင့်တာပေါ့ ... ဘာလို့လဲဆိုတာ မတော်တဆမဟုတ်ပဲ ဒီရုပ်ရှင်ကားမှာ ငါသရုပ်ဆောင်ရမှာလေ ..."
စုန့်ချန်က ဟွမ်းယွီ၏ ဇာတ်ညွှန်းရေးဆရာများထဲမှတစ်ယောက်ဖြစ်သည်။ သူ့ကို businessကတ်ကို သီးသန့်ပေးခဲ့သည်ဖြစ်၍ သူ၏ဇာတ်ညွှန်းအတွက် သင့်တော်သူဖြစ်၍ ပေးခဲ့ကြောင်း သိသာသည်။ ထိုကိစ္စ၏ အဓိပ္ပါယ်က သိသာလွန်းသည်ဟု ကျန်းဇီမော့ ထင်လိုက်မိသည်။
ဝမ်မင်ယီက ခက်ဖျော့ဖျော့ ပြုံးလိုက်သည်။
" ဒါဆိုလည်း အဲ့တော့မှ တွေ့ကြ‌တာပေါ့ ..."
ဝမ်မင်ယီက ဘေစင်တွင် လက်ဆေး‌ပြီးနောက် ထွက်သွားသည်။
ခဏအကြာတွင် ကျန်းဇီမော့ ဖြေဆိုရမည့်အလှည့်ရောက်လာသဖြင့် ဝမ်ပေါ်က တံခါးနားအထိ လိုက်ပို့သည်။ ကျန်းဇီမော့ မျက်လုံးမှိတ်ကာ စိတ်တည်ငြိမ်ရန် ကြိုးစားနေသည်။ ထို့နောက် တံခါးဖွင့်ကာ ဝင်သွားတော့သည်။ ဝင်သွားသည်နှင့် ကျောက်ဝမ်ယွီက အလယ်တည့်တည့်ခုံတွင် မျက်နှာတည်ဖြင့် ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူ၏ဘယ်ဘက်တွင် ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ဖြစ်သည့် ယန်ယွင်နှင့် စုန့်ချန်တို့ထိုင်နေကာ ညာဘက်တွင် သူ၏လက်ထောက်နှင့် လက်ထောက်ဒါရိုက်တာစွင်းအန်းတို့ ထိုင်နေကြသည်။
စုန့်ချန်က သူဝင်လာသည်နှင့် ယန်ယွင်နှင့် ကျောက်ဝမ်ယွီကို စကားအချို့ တီးတိုးပြောလိုက်သည်။
ထိုစကားများကို ကြားသည့်အခါ ကျောက်ဝမ်ယွီက မျက်ခုံးပင့်ပြီး သူ့ကို စိုက်ကြည့်နေသည်။
ကျန်းဇီမော့က သူ့ကိုပြုံးပြကာ ဦးညွှတ်လိုက်ပြီးနောက် လက်ထောက်ဖြစ်သူက လူတွေ့စစ်ဆေးချက်၏ စည်းမျဉ်းနှင့် ပါဝင်သည့်အကြောင်းအရာများ တညိငြိမ်စွာပြောနေသည်ကို နားထောင်လိုက်သည်။
ကျန်းဇီမော့က သိရှိကြောင်း ခေါင်းငြိမ့်ပြလိုက်သည့်အခါ စစ်ဆေးချက်ကို တရားဝင်စတင်တော့သည်။
သူက သရုပ်ဆောင်အရည်အချင်း မရှိသည့်အတွက် ပထမစစ်ဆေးချက်တွင် ခံစားချက်များအားလုံးက်ု သရုပ်ဆောင် ခိုင်သည့်အခါ အသက်မဝင်ပဲ အမူအယာများကထပ်နေသည်။ ဝမ်းနည်းမှုနှင့် စိတ်ရှုပ်ထွေးနေသည့် ပုံစံနှစ်မျိုးမှလွဲ၍ ဆန်းသစ်သော အမူအယာနှင့် ထူးခြားချက်များ မရှိပေ။ ကျောက်ဝမ်ယွီက သူ့ကိုကြည့်ပြီး စုန့်ချန်ပေးသည့် ဓာတ်ပုံကို တစ်ချက်ကြည့်လိုက်သည်။ စုန့်ချန်က ဤလူသစ်လေးကို အလွန်သဘောကျပုံပေါ်သော်လည်း ကျောက်ဝမ်ယွီက သာမန်ဟုသာ တွေးလိုက်ပြီး သူက အလွန်စိမ်းသည်ဟုလည်းထင်လိုက်သည်။ စိမ်းသည်ဟူသောအဓိပ္ပါယ်မှာ သရုပ်ဆောင်ညံ့သော်လည်း လေ့လာသင်ယူနိုင်သည့်အခြေအနေဟု ဆိုလိုသည်။ အကယ်၍ ဒါရိုက်တာက အလိုရှိပါက သူ၏ သဘောအကျဆုံး သရုပ်ဆောင်ချက်ကိုပါ ထည့်သွင်းနိုင်သည်။
ကျောက်ဝမ်ယွီက အမှားတစ်ဝက်. အမှန်တစ်ဝက်ပေးလိုက်ကာ စဉ်းစားနေဆဲဟု ဆုံးဖြတ်လိုက်သည်။
ကျန်းဇီမော့ဖြေပြီးသည့်နောက်တွင် လူနှစ်ယောက်ထပ်ဖြေပြီးမှ ဝမ်မင်ယီ၏ အလှည့်ရောက်မည်ဖြစ်သည်။
ကျောက်ဝမ်ယွီ၏ လက်ထောက်က သူ့ကိုဝမ်မင်ယီ၏ နာမည်ကို ပြောရန်ပြင်လိုက်သော်လည်း သူက မက်ဆေ့တစ်ခုကို အကြောင်းပြန်နေ၍ လက်အမူအယာပြပြီး တိုက်ရိုက် ဝင်လာခိုင်းလိုက်သည်။
ဝမ်မင်ယီကို ခေါ်လာရန် ဝန်ထမ်းကို သူပြောလိုက်သည်။
ဝမ်မင်ယီမြင်သည့်အခါ စိတ်ကိုတင်းထားပြီး ခေါင်းမော့လိုက်သည်။ သူနှင့်စကားပြောနေသည့်လူက သူ့ကို အားပေးလိုက်သည်။
" ႀကိဳးစားထား ..."
ချန်လု ရင်ထဲ တဒိန်းဒိန်းဖြစ်နေသည်။ သူမက တည်ငြိမ်ရန်ကြိုးစားသော်လည်း ဝမ်မင်ယီ၏အသက်နှင့် ဤအသက်မွေးဝမ်းကြောင်းကို စတင်ခဲ့သည်မှာ မကြာသေး၍ သူမ စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ သို့သော် သူမမျက်နှာက တည်ကြည်နေ၍ ဝမ်မင်ယီက သတိမထားမိလိုက်ပေ။
ဝမ်မင်ယီက ဝန်ထမ်းနောက်မှ‌လိုက်ကာ လူတွေ့ဖြေဆိုရမည့်အခန်းထဲ ဝင်သွာစသည်။
အခန်းထဲ ဝင်လိုက်သည်နှင့် သူ၏ တာဝန်ယူမှုမရှိသည့်အဖေက ခေါင်းငုံ့၍ မက်ဆေ့ကိုအကြောင်းပြန်နေပုံရပြီး သားဖြစ်သူဝင်လာသည်ကိုပင် မသိပေ။
ဝမ်မင်ယီပြုံး၍ အခြားလူများကိုကြည့်ကာ ချိုသာစွာပြောလိုက်သည်။
" မင်္ဂလာပါ ဆရာတို့ ... ကျွန်တော့်နာမည်က ဝမ်မင်ယီပါ ... အရင်တုန်းက ရှိုးမှာပါဖူးပါတယ် ..."
ကျောက်ဝမ်ယွီက "ဝမ်မင်ယီ" ဟူသည့် စကားလုံးသုံးကို ရုတ်တရက်ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့သားအမည်ကို သူ့‌အသံထွက်အတိုင်းပြောလိုက်သည်။ သူ မော့ကြည့်လိုက်သည့်အခါ လက်ထဲမှဖုန်းပင် ပြုတ်ကျမတတ်ဖြစ်သွာသည်။
နာမည်အသံထွက်တူခြင်းမကဘူး သူ့သားအစစ် ဖြစ်နေပါလား ... စမတ်ကျပြီး ပျော်ရွှင်နေတတ်တဲ့ သူ့ရဲ့ ခံ့ညားတဲ့သားလေးပါလား ...