အပိုင်း ၉၈
Viewers 12k

ကျောက်ဝမ်ယွီ သူ့ရှေ့မှလူကို ကြည့်နေမိသည်။ သူ့သားဤနေရာသို့ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ၏ အံ့အားသင့်မှုကို ဝမ်မင်ယီ သတိပြုမိပြီး ရင်ထဲတွင် သရော်လိုက်သည်။
ဒီထက်ပိုပြီး အံ့ဩသွားရမှာလေ ... သေတဲ့အထိ လန့်သွားရင် ပိုတောင်ကောင်းဦးမယ် ...
‌ကျောက်ဝမ်ယွီကို အေးစက်စွာကြည့်ပြီးနောက် တခြားသူများကို အကြည့်လွှဲလိုက်သည်။
‌ကျောက်ဝမ်ယွီ "....."
‌ကျောက်ဝမ်ယွီ အငြင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
‌ကျောက်ဝမ်ယွီ၏ လက်ထောက်က သူ့သူဌေး၏ပြောင်းလဲမှုကို သတိမထားမိပဲ ဝမ်မင်ယီကို လုပ်ရိုးလုပ်စဉ်အတိုင်း လူတွေ့စစ်ဆေးချက်တွင် ပါဝင်သည့်အချက်များကို ပြောပြနေသည်။
ထို့နောက် ကျောက်ဝမ်ယွီ မေးခွန်းမေးရမည့်အလှည့်ရောက်လာသည်။
‌ကျောက်ဝမ်ယွီ၏ ခေါင်းထဲတွင် သူ့သားကအဘယ့်ကြောင့် ဤနေရာသို့ရောက်လာသလဲဟူသည့် မေးခွန်းများဖြင့်သာပြည့်နေသည်။
သူ ဘာလို့ ဒီကိုရောက်လာပါလိမ့် ... ပြီးတော့ ဘာလို့ငါ့ကိုမကြည့်တာလဲ ငါက အလယ်တည့်တည့်ကြီးမှာ ထိုင်နေတာလေ ...
သူ့ထံမှ စကားသံမထွက်လာသဖြင့် လက်ထောက်က သူ့ကို ပဟေဠိဖြစ်စွာကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် မေးခွန်းမေးရတော့မည့်အချိန်ဖြစ်ကြောင်း သတိပေးလိုက်သည်။
ထိုအခါမှ ကျောက်ဝမ်ယွီ တုံ့ပြန်တော့သည်။ သူချောင်းဟန့်ပြီးသားဖြစ်သူကို အပြစ်မကင်းသလို ကြည့်လိုက်ပြီး စိတ်ခံစားချက်များကို သရုပ်ဆောင်ပြရန် ပြောလိုက်သည်။
သူ၏လိုအပ်ချက်များနှင့်ကိုက်ညီစွာ ဝမ်မင်ယီက သူပြောသည့် ခံစားချက်အမူအယာတစ်ခုစီတိုင်းကို လေးနက်စွာသရုပ်ဆောင်နိုင်သည်။ စိတ်ခံစားချက်များကိုလည်း မြန်ဆန်စွာ ‌ပြောင်းလဲနိုင်သည်။ မျက်လုံးများမှိတ်ပြီး ပြန်ဖွင့်လိုက်သည်နှင့် နောက်ထပ် ခံစားချက်တစ်မျိုးကို သရုပ်ဆောင်ပြနိုင်သည်။
ကျောက်ဝမ်ယွီက သူ၏တည်ကြည်သော သရုပ်ဆောင်ချက်ကိုကြည့်ပြီး ရင်ထဲတွင် အကြိမ်ကြိမ် ခေါင်းငြိမ့်နေသည်။
သူ့သားဖြစ်ထိုက်ပါပေတယ် ... ကောင်းကောင်းသရုပ်ဆောင်နိုင်တာပဲ ...
ဝမ်မင်ယီကို ဇာတ်ညွှန်းရေးဆရာထံသွားပြီး ဇာတ်ကွက်တစ်ခုကို သရုပ်ဆောင်ခိုင်းသည်။ လက်ထောက်ဒါရိုက်တာက မတ်ထပ်ရပ်ပြီး ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်မည်အပြု ကျောက်ဝမ်ယွီက သူ့ပခုံးကိုဖိထားကာ ပြောလိုက်သည်။
" ငါ လုပ်လိုက်မယ် ..."
ထိုစကားပြောလိုက်ချိန်တွင် နေရာတွင်ရှိနေသူအားလုံး အံ့အားသင့်သွားကြသည်။ လူပေါင်းများစွာကို အင်တာဗျူးပြီးနောက်တွင် ဒါရိုက်တာကိုယ်တိုင်က ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်ပေးရန် ထလာသည်က ပထမဆုံးအကြိမ်ဖြစ်သည်။
အားလုံးက မသိမသာဖြင့် သူ့ကိုလှည့်ကြည့်လိုက်ကြသည်။ ဒါရိုက်တာကျောက်က ဝမ်မင်ယီကို အလွန်ကျေနပ်နေပုံရသည်။
ဝမ်မင်ယီက သူလာနေသည်ကို မြင်သော်လည်း မတုန်မလှုပ်မျက်နှာဖြင့်သာ နေသည်။
လက်ထဲမှကတ်ကိုကြည့်ပြီး ကျောက်ဝမ်ယွီကို ပေးလိုက်သည်။
ကျောက်ဝမ်ယွီက တစ်ချက်ကြည့်ပြီးနောက် သူသရုပ်ဆောင်ပြရမည့် ဇာတ်ကောင်ကို ရွေးပေးလိုက်သည်။
ဤကဲ့သို့ ဇာတ်ဝင်ခန်းတစ်ခုကို သရုပ်ဆောင်ပြရသည်က မခက်ခဲပေ။ လိုအပ်သည့်စာသားများလည်း အလွန်များသဖြင့် သရုပ်ဆောင်များက လွတ်လွတ်လပ်လပ် သရုပ်ဆောင်ပြနိုင်သည်။ ဝမ်မင်ယီက ကောင်းမွန်စွာ သရုပ်ဆောင်ပြနိုင်ခဲ့ပြီး ပြောင်မြောင်သည့် သရုပ်ဆောင်ချက်ဖြင့် ဇာတ်ဝင်ခန်းကို အဆုံးသတ်ခဲ့သည်။
ကျောက်ဝမ်ယွီက သူ၏သရုပ်ဆောင်ချက်ကို ကျေနပ်နေသည်။
" မဆိုးပါဘူး ... မင်း အရင်က တခြားဒါရိုက်တာတွေနဲ့ အလုပ်လုပ်ဖူးလား ..."
ကျောက်ဝမ်ယွီက မေးလိုက်သည်။
ဝမ်မင်ယီ ပြောစရာစကားပျောက်ရှသွားသည်။
ဒါဆို သူမိတ်ဆက်နေတုန်းက နား‌မထောင်ဘူးပေါ့ ... သားတစ်ယောက်လုံးရဲ့ လျှောက်လွှာကိုလည်း ဂရုတစိုက်မကြည့်ဘူးပေါ့ ... ဒီလိုအဖေမျိုးက ဘယ်နေရာ အသုံးဝင်မှာလဲ ...
" ကျွန်တော့ရဲ့လျှောက်လွှာထဲမှာ ပါပါတယ် ... ကျွန်တော်အခန်းထဲ ဝင်ဝင်လာချင်း ပြောလိုက်ပါတယ် ..."
ဝမ်မင်ယီ အေးစက်စွာပြောလိုက်သည်။
သူ ထိုသို့ပြောလိုက်သည်နှင့် သူ့နောက်မှ စစ်ဆေးသည့်လူများက အသက်ပြင်းပြင်းရှုလိုက်ကြသည်။ ယနေ့ခေတ်လူငယ်များက ကောင်းကင်က မည်မျှကြီးမားကျယ်ပြန့်သည်ကို မသိကြသည့်ပုံဟု တွေးနေကြသည်။ ဒါရိုက်တာကို ထိုပုံဖြင့်စကားပြောပါက သရုပ်ဆောင်စွမ်းရည်ကောင်းများရှိလျှင်ပင် အရွေးချယ်မခံရနိုင်ပေ။
ကျောက်ဝမ်ယွီက သူ့ကို ထွက်သွားရန် အော်တော့မည်ကိုသိ၍ သူတို့အားလုံးမသိမသာ ခေါင်းခါလိုက်ကြသည်။ သို့ရာတွင် အံ့အားသင့်စရာကောင်းသည်မှာ ကျောက်ဝမ်ယွီက ဘာမှမပြောပဲ ရယ်ရုံသာရယ်နေသည်။ သူအနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလိုက်သေးသည်။
" ငါခုနက အာရုံမစိုက်လိုက်မိလို့ပါ ..."
သူ့နောက်က လူများက စိတ်ထဲတွင်အော်ဟစ်နေကြသည်။
ဒါရိုက်တာကြီး မဟုတ်သေးဘူးလေ ... ဒါ ခင်ဗျားစတိုင်မှ မဟုတ်တာ ...
" ဒါဆိုလည်း ကျွန်တော့်ရဲ့လျှောက်လွှာကို နောက်တစ်ကြိမ်ပြန်ဖတ်လိုက်ပါ ..."
ဝမ်မင်ယီက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
သူပြောတဲ့စကားတွေကို ဂရုမစိုက်တဲ့အပြင် အာရုံမစိုက်မိဘူးလို့လည်းပြောသေးတယ် ဘယ်လိုလူလဲ ....
ထိုစကားများကိုကြားသည့်အခါ နောက်မှလူလေးယောက်လုံး ဆွံ့အသွားပြန်သည်။
ဒီဟာလေး ဘယ်လိုတောင် သတ္တိတွေရှိနေတာလဲ ... လူတွေ့လာဖြေတာရော ဟုတ်ရဲ့လား ...
ဝမ်မင်ယီက ထိုအချိန်တွင် ကျောက်ဝမ်ယွီကို စကားမပြောချင်နေပေ။ သူ စကားတစ်ခွန်းပြောလိုက်တိုင်း ဝမ်မင်ယီစိတ်တိုနေရသည့်အတွက် ကျောက်ဝမ်ယွီကို မမြင်ချင်တော့ပေ။ ထို့ကြောင့် ထွက်သွားရန်သာ စီစဉ်လိုက်သည်။
" အင်တာဗျူးဖို့ လိုတာရှိသေးလားမသိဘူး မရှိရင် ကျွန်တော်ပြန်တော့မယ် ..."
ကျောက်ဝမ်ယွီက သူ့ကိုမေးစရာမေးခွန်းများစွာ ရှိနေသေးသဖြင့် အလျင်အမြန်ပြောလိုက်သည်။
" မင်း အလုပ်မရှုပ်ရင် ခဏစောင့်ပါလား ... ညစာတူတူစားကြမယ်လေ ..."
အနောက်မှ စစ်ဆေးသူလေးယောက်က ကျောက်ဝမ်ယွီကို ကြည့်နေပြီး ဝမ်မင်ယီလည်း သူ့ကိုကြည့်လိုက်မိသည်။
ဒီနေ့ နေကအနောက်ဘက်က ထွက်လာမလားတောင် စိတ်ပူရတယ် ... ဒါရိုက်တာကျောက်က ဖျော်ဖြေရေးနယ်ပယ်ထဲ ရောက်တာမကြာသေးတဲ့ သရုပ်ဆောင်လေးကို အာရုံစိုက်နေတာလား ... သူဘာပြောပြောဂရုမစိုက်တဲ့အပြင် သဘောတောင်ကျနေသလိုပဲ ... အဲ့ကောင်လေးက ဒါရိုက်တာကျောက်ရဲ့ မျက်လုံးကို ဘယ်လိုဖမ်းစားသွားလဲတော့မသိဘူး ... လက်ရှိအခြေအနေအရဆိုရင်တော့ ခေါင်းဆောင်မင်းသားက သူပဲဖြစ်တော့မယ်ထင်တယ် ...သို့သော် ခဏအကြာတွင် သူတို့အားလုံး အံ့အားသင့်သွားရပြန်သည်။ ဝမ်မင်ယီက ဖိတ်ကြားချက်ကို သဘောကျပုံမရ‌ပဲ အေးစက်သောမျက်နှာဖြင့် ဂရုမစိုက်သလို ပြောလိုက်သည်။
" ကျွန်တော် အရမ်းအလုပ်များပါတယ် ... တခြားကိစ္စတွေလည်း လုပ်စရာရှိတယ် စစ်ဆေးချက်ပြီးပြီဆိုရင်သွားခွင့်ပြုပါဦး ..."
ကျောက်ဝမ်ယွီ "......"
နောက်မှလူများ "....."
" တကယ္မအားဘူးလား ..."
ကျောက်ဝမ်ယွီပြောလိုက်သည်။
ဝမ်မင်ယီက သူ့ကိုပြုံးပြပြီး ယဉ်ကျေးစွာပြောလိုက်သည်။
" လူတွေ့စစ်ဆေးချက်မှာ ပါဝင်ခွင့်ရလို့ အရမ်းဝမ်းသာပါတယ် ဒါရိုက်တာကျောက် ... ကျွန်တော်တို့ နောက်တစ်ကြိမ်ဆုံဖို့ မျှော်လင့်နေပါတယ် ..."
ကျောက်ဝမ်ယွီ "...."
‌အနောက်မှာ ထိုင်နေတဲ့လူအားလုံး မင်းတစ်စက်မှ ဝမ်းမသာဘူးဆိုတာ မြင်ကြတယ်နော် ...
ဝမ်မင်ယီက ပြောပြီးနောက် တံခါးဖွင့်ကာ ထွက်သွားသည်။
သူထွက်သွားသည်ကို မြင်ပြီးနောက် ကျောက်ဝမ်ယွီတွင် မေးခွန်းများစွာရှိသေးသော်လည်း အနောက်တွင်စောင့်ဆိုင်းနေသည့် သရုပ်ဆောင်များစွာရှိသေးသဖြင့် နောက်မှလိုက်မသွားနိုင်ပေ။ စိတ်ဓာတ်ကျစွာဖြင့် ခုံတွင်ပြန်ထိုင်လိုက်သည်။
ကျောက်ဝမ်ယွီ၏ စိတ်အခြေအနေမကောင်းဟု ထင်သွားသဖြင့် သူ့လက်ထောက်က နှစ်သိမ့်ပေးကာပြောလိုက်သည်။
" မေ့ထားလိုက်ပါ ဒါရိုက်တာကျောက်ရယ် ဒီလိုကလေးမျိုးတွေဆိုတာ မိဘက သွန်သင်ဆုံးမမှုညံ့ဖျင်းလို့ဖြစ်တာ ..."
ကျောက်ဝမ်ယွီ ကြားသည့်အခါ ခုံပေါ်မှစာရင်းစာရွက်များကို ဆောင့်ချလိုက်သည်။
" မိဘက သွန်သင်ဆုံးမမှုညံ့ဖျင်းတယ်ဆိုတာ ဘာစကားပြောတာလဲ ... ဒါရိုက်တာကို ကပ်ဖားရပ်ဖားလုပ်တာမျိုးမှ ယဉ်ကျေးတယ်ခေါ်မှာလား ... ငါတို့လောကထဲမှာ ဒီလိုသရုပ်ဆောင်မျိုးတွေ ပုံနေတာပဲလေ ... ငါကတော့ ဒီလိုမျိုး မနှိမ့်ချတတ် စိတ်ကြီးမဝင်တတ်တဲ့ပဲ ကိုယ်ပိုင် အကျင့်စရိုက်အတိုင်း နေတတ်တဲ့သူတွေကိုပဲ သဘောကျတယ် ..."
လက်ထောက်ဖြစ်သူက အမြန်တောင်းပန်လိုက်သည်။
" ကျွန်တော်ပြောတာ မှားသွားပါတယ် ... ရှောင်ဝမ်က တခြားလူတွေနဲ့ နည်းနည်းကွဲထွက်နေလို့လေ ... ဒါပေမဲ့ သူ့ကိုကြည့်ရတာ အနုပညာရှင်နဲ့တော့ တူတယ် ..."
" တော်တော်လေးတူတာ ..."
ကျောက်ဝမ်ယွီ ကျေနပ်သွားသည်။
" သူ့ရဲ့လျှောက်လွှာပြပါဦး ငါကြည့်ချင်လို့ ..."
လက်ထောက်က စာရွက်စာတမ်းများကို ချက်ချင်းပေးလိုက်သည်။ ထို့နောက် ဝန်ထမ်းတစ်ယောက်ကို နောက်ထပ်ဖြေဆိုသူတစ်ယောက်ကို မခေါ်လာသေးရန် အသိပေးလိုက်သည်။
ဝမ်မင်ယီ၏ လျှောက်လွှာကိုကြည့်ပြီး ကျောက်ဝမ်ယွီ မျက်မှောင်ကြုတ်လိုက်သည်။
" သူက talent showကပဲ ..."
သူ့သားဖြစ်ပြီး အဲ့လိုtalent showတွေ သွားပြိုင်တယ်ပေါ့ ... အဲ့ဒါတွေက ဘာများကောင်းလို့လဲ ... သူတော့ သဘောမကျပါဘူး ...
လက်ထောက်က ခေါင်းငြိမ့်ပြလိုက်ပြီး လျှောက်လွှာကို ညွှန်ပြလိုက်သည်။
" ပထမေနရာ ရခဲ့တာပါ ..."
" ဟုတ်တယ်လေ သူက အဲ့လိုမျိုးပဲ ... သူ ပထမ မရနိုင်တဲ့နေရာ ရှိလို့လား ..."
သူ့သားက ချောမောတဲ့မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစားလှလှလေးရှိတဲ့အပြင် သီချင်းဆိုပြီးကနိုင်သေးတယ်လေ သူ ပထမ မရရင် ဘယ်သူရမှာလဲ ...
လက်ထောက်က ဆက်ပြောလိုက်သည်။
" သူက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာလည်း ပထမရတယ်ထင်တယ် ... "
ကျောက်ဝမ်ယွီက ဤအချိန်တွင် ပျော်ရွှင်နေသည်ကိုသိ၍ သူက ဝမ်မင်ယီကို သိသိသာသာချီးကျူးပေးလိုက်သည်။ ကျောက်ဝမ်ယွီကလည်း သူ့လက်ထောက်ထံမှ ကြားရသည့်အတွက် မနေနိုင်ပဲ ရယ်မောကာ ပြောလိုက်သည်။
" ကောင်းတယ် အရမ်းတော်တာပဲ ..."
" ဝမ်မင်ယီက အရင်တုန်းကလည်း ရုပ်ရှင်တစ်ခုမှာ ပါဖူးပါတယ် သူဒီမှာရေးထားတယ် ..."
လက်ထောက်က စာရွက်ပေါ်မှ တစ်နေရာကို ညွှန်ပြလိုက်သည်။" ဒီရုပ်ရှင်က တုံ့ပြန်ချက်ကောင်းတွေရထားတယ် သူလည်း အဲ့ကားကြောင့် နာမည်ကြီးလာခဲ့တာ ... ဒါပေမဲ့ ဒီကားက သာမန်အိုင်ဒေါဇာတ်လမ်းတွဲပဲ ... ဒါရိုက်တာ ယွီရွှမ်ဝမ်ရဲ့ မိနစ်ပိုင်းစာ ကြော်ငြာလေးနဲ့ ယှဉ်ရင် အဲ့ဒါကတောင် ပိုပြီးဆွဲဆောင်မှုရှိသေးတယ် ... သူ့ရဲ့ သရုပ်တောင်စွမ်းရည်လည်း ပိုကောင်းလာစေတယ် ... ပြီးတော့ အဲ့ကြော်ငြာမှာ သူ့ရဲ့ပါတနာက ခန်းကျယ်လေ ..."
ကျောက်ဝမ်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။
ဝမ်မင်ယီ၏ လျှောက်လွှာကို စားပွဲပေါ် ပြန်တင်လိုက်ပြီး နာနည်နောက်တွင် အမှန်ခြစ်တစ်ခုခြစ်ကာ နောက်ထပ်အင်တာဗျူးတစ်ခုကို စတင်တော့သည်။
ဝမ်မင်ယီ လူတွေ့ဖြေပြီးသွားသည့်အခါ ချန်လုက သူ့ဆီပြေးလာပြီး မေးလိုက်သည်။
" ဘယ်လိုလဲ အဆင်ပြေလား ..."
" မဆိုးပါဘူး ..."
ဝမ်မင်ယီပြောလိုက်သည်။
" ကောင်းတာပေါ့... ကျန်တဲ့အပိုင်းကတော့ ဒါရိုက်တာကျောက်အပေါ်ပဲ မူတည်တော့တယ် ..."
ချန်လု ခေါင်းငြိမ့်ပြလိုက်ငည်။
" ပြဿနာ မရှိလောက်ပါဘူး ... ဒါရိုက်တာကျောက်က ကျွန်တော့်ကို ညစာစားဖို့ချိန်းပေမယ့် ငြင်းလိုက်တယ် ..."
ဝမ်မင်ယီက ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။
ချန်လု ထိတ်လန့်သွားသည်။
" ဘာလို့လဲ ..."
ဝမ်မင်ယီက တည်ကြည်စွာပြောလိုက်သည်။
" သူနဲ့တူတူ ညစာမစားချင်လို့လေ ..."
ခ်န္လု "....."
ချန်လုက သူ့ကိုကြည့်ပြီး အံ့ဩတကြီးဖြင့် မေးလိုက်သည်။
" မင်မင်‌ ဒါရိုက်တာကျောက်နဲ့ မပူးပေါင်းချင်ဘူးလား ..."
" ပူးပေါင်းချင်ပါတယ် ..."
" ဒါဆိုရင် ဘာလို့ သူနဲ့ ညစာတူတူမစားတာလဲ ..."
" သူနဲ့ ပူးပေါင်းမယ်ဆိုတာတဲ့ပဲ ညစာတူတူစားဖို လိုလို့လား ..."
ဝမ်မင်ယီ သူမကို လှမ်းကြည့်လိုက်သည်။
" သူက ကျွန်တော်ရုပ်ရှင်ရိုက်ဖို့ အသုံးချခံသက်သက်ပဲ ..."
ခ်န္လု "......"
သူမ၏ အနုပညာရှင်လေးက အံ့မခန်းးစရာကောင်းသည်ဟု ချန်လုထင်လိုက်မိသည်။ ဝမ်မင်ယီမှလွဲ၍ ကမ္ဘာပေါ်တွင် ဤစကားမျိုးပြောမည့်သူ မရှိနိုင်တော့ပေ။
" မင်မင်က ဒါရိုက်တာကျောက်ကို ငြင်းလိုက်တာပေါ့ ..."
" အဲ့လိုပဲ ပြောရမှာပေါ့ ..."
ဓာတ်လှေကားရောက်လာ၍ ဝမ်မင်ယီ အထဲဝင်လိုက်သည်။
" ဒါဆို ဒါရိုက်တာကျောက်က မင်မင်ရဲ့ အသုံးချခံပေါ့ ..."
သူမကလည်း ဝမ်မင်ယီ့နောက်မှ လိုက်ဝင်လာသည်။
" ကြည့်ရတာ ဒါရိုက်တာကျောက်က သဘောကောင်းပုံရတယ် ..."
ဝမ်မင်ယီ ရယ်လိုက်သည်။
ကျောက်ဝမ်ယွီ သဘောမကောင်းဘူးးဆိုရင် သူ့သားက ထွက်ပြေးသွားမှာပေါ့ ...
ပထမထပ်ကို သွားသည့်ခလုတ်ကိုနှိပ်လိုက်ပြီး ချန်လုကိုနှိပ်လိုက်သည်။
" ဘာအမှားမှ မရှိလောက်ပါဘူး စိတ်မပူပါနဲ့ ..."
ဝမ်မင်ယီက ငြင်းဆိုခဲ့ပြီဖြစ်၍ သူမကိုယ်တိုင်ပြေးသွားပြီး သဘောတူရန်လည်း မဖြစ်နိုင်ပေ။ ချန်လုရင်ထဲတွင်သာ သက်ပြင်းချလိုက်ပြီး သူမကိုယ်သူမ နှစ်သိမ့်လိုက်ရသည်။ ဝမ်မင်ယီက ငယ်ရွယ်သေးသည်ဖြစ်၍ အနာဂတ်‌တွင်လည်း အခွင့်အရေးကောင်းများ ရနိုင်သေးသည်ပင်။
ဝမ်မင်ယီက Xမြို့သို့ ပြန်သွားချင်သော်လည်း Bမြို့သို့ရောက်ပြီးမှ လုယွင်ဖေးကို သွားမတွေ့လျှင် လုယွင်ဖေးသိသွားပါက သူ့ကို သူငယ်ချင်းအဖြစ်မှ စွန့်လွှတ်လိုက်လိမ့်မည်။ ထို့ကြောင့် ဝမ်မင်ယီက ချန်လုကို ဟိုတယ်သို့ အရင်ပြန်သွားခိုင်းလိုက်ပြီး စင်ဟွာသို့ ထွက်လာသည်။ အားလုံးငယ်ရွယ်စဉ်က သူတို့တွင် လေးနက်သည့် မေးခွန်းတစ်ခုစီရှိခဲ့သည်။ ၎င်းမှာ သူတို့အသက်ကြီးလာလျှင် စင်ဟွာတက္ကသိုလ် သို့မဟုတ် ပေကင်းတက္ကသိုလ် မည်သည်ကို တက်ရောက်ကြမည်ဟူသော မေးခွန်းပက်။ ထိုအချိန်က ဝမ်မင်ယီ၏ ရည်ရွယ်ချက်က အလွန်ရိုးရှင်းလှသည်။ စစ်ကျွင်းတောက်သွားသည့်နေရာတိုင်းကို သူသွားမည်သာဖြစ်သည်။
သူတို့နှစ်ယောက်လုံး တရုတ်နိုင်ငံ၏ အကောင်းဆုံးတက္ကသိုလ်နှစ်ခုကို မတက်ရောက်နိုင်ခဲ့သည်မှာ ကံတရားကြောင့်သာဖြစ်နိုင်သည်။ သို့သော်လည်း ထိုကိစ္စက အရေးမကြီးပေ။ သူက ဘဝတစ်လျှောက်လုံးတွင် များစွာရရှိပြီး များစွာ ဆုံးရှုံးထားသော လူမျိုးမဟုတ်သည့်အတွက် ကိစ္စအတော်များများကို ဂရုမစိုက်ပေ။ နှစ်ပေါင်းများစွာ နေထိုင်လာပြီးနောက် ကိစ္စနှစ်ခုကိုသာ အာရုံစိုက်တော့သည်။ ပထမတစ်ခုက စစ်ကျွင်းတောက်နှင့် မည်သည့်အခါမှ မခွဲခွာတော့ရန်ဖြစ်ပြီး နောက်တစ်ခုက သူ့မိဘများသူ့ကို ပြန်လည် အာရုံစိုက်လာရန်ဖြစ်သည်။
အခြားကိစ္စများကို သူအာရုံမစိုက်ပေ။
ထို့အပြင် သူက ချင်းပေသို့ မသွားနိုင်ခဲ့သော်လည်း သူ့သူငယ်ချင်းကောင်းဖြစ်သည့် လုယွင်ဖေးက သွားနိုင်ခဲ့သဖြင့် သူဝမ်းသာရသည်။
လုယွင်ဖေးက ကျောင်းတွင်းလှုပ်ရှားမှုများပြုလုပ်နေစဉ် ဝမ်မင်ယီက wechatမှ စာပို့လိုက်သည်။ ဝမ်မင်ယီက ဤမြို့သို့ရောက်နေ၍ ညစာတူတူစားရန်ခေါ်ခြင်းဖြစ်သည်။
လုယွင်ဖေးလည်း ကျောင်းသားခေါင်းဆောင်ကို ခွင့်တောင်း၍ ထွက်လာပြီးနောက် ပြန့်ကျင်းယွမ်ကို ကျောင်းဂိတ်ဝတွင်လာတွေ့ရန် ပြောလိုက်သည်။
ဝမ်မင်ယီရောက်လာသည့်အခါ လုယွင်ဖေးနှင့် ပြန့်ကျင်းယွမ်တို့ သူ့ကို မမှတ်မိလုနီးပါးပင်ဖြစ်သွားသည်။ ဝမ်မင်ယီက လက်ဦးမှုယူပြီး လုယွင်ဖေးကို သွားပုတ်လိုက်သည့်အခါမှ လုယွင်ဖေးတုံ့ပြန်နိုင်တော့သည်။
ရုပ်ဖျက်ခြင်းက ဝမ်မင်ယီ ကျွမ်းကျင်သည့် နည်းပညာတစ်မျိုးဖြစ်သည်။
" မင်းကို မှတ်တောင်မမှတ်မိဘူး ..."
လုယွင်ဖေးက ဝမ်းနည်းစွာပြောလိုက်သည်။
" မမှတ်မိအောင် လုပ်လာရတာပေါ့ ... မဟုတ်ရင် ငါအခု လူသိများလာပြီးဆိုတော့ တွေ့ရင် အဆင်မပြေဖြစ်သွားမှာ ..."
ကျိုးကြောင်းဆီလျော်သဖြင့် လုယွင်ဖေး သဘောတူလိုက်သည်။
" ငါတို့ကျောင်းကို ကြည့်ချင်လား ... ငါလိုက်ပြမယ်လေ ..."
" ကောင်းသားပဲ ..."
ဝမ်မင်ယီက သူနှင့်တူတူကျောင်းကို လိုက်ကြည့်နေသည်။
" ငါ အတန်းမတက်ရတာတောင် ကြာပြီ ..."
ဝမ်မင်ယီ ပြောလိုက်သည်။
လုယွင်ဖေးလည်း သဘောပေါက်သည်။
" မင်းက အလုပ်ရှုပ်နေတာပဲ အတန်းတက်ဖို့ ဘယ်လွယ်ပါ့မလဲ ... မင်းက ဉာဏ်ကောင်းတာပဲ အချိန်ရရင်တော့ စာတွေများများကျက်လ်ုက်ပေါ့ ..."
" အဲ့အချိန်တုန်းက လစ်ဘရယ်အနုပညာကို ရွေးလိုက်မိတာ ကံကောင်းသွားတယ် ... သိပ္ပံကိုသာ ရွေးမိရင် ငါအခု သနားစရာဖြစ်နေလောက်ပြီ ..."
ဝမ်မင်ယီ သက်ပြင်းချလိုက်သည်။
" သိပ္ပံဆိုရင်လည်း ငါမင်းကို သင်ပေးလို့ရပါတယ် ... ငါ့အမှတ်တွေကကောင်းတယ် မင်းကိုစာကူပြပေးလို့ရတယ် ..."
လုယွင်ဖေးက အပြုံးဖြင့် ပြောလိုက်သည်။
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်သည်။
ဟုတ္သားပဲ ...
" မင်း ဒီကို ဘာလို့ ရုတ်တရက်ကြီး လူတွေ့လာဖြေတာလဲ ... ဘယ်ဒါရိုက်တာရဲ့ ရုပ်ရှင်အတွက်လဲ ..."ဝမ်မင်ယီပြုံးပြလိုက်ပြီး ချိုသာစွာပြောလိုက်သည်။
" ဒါရိုက်တာ ကျောက်ဝမ်ယွီရဲ့ ရုပ်ရှင်လေ ..."
လုယွင်ဖေး ထိတ်လန့်သွားသည်။
" မင်းအဖေက ရုပ်ရှင်အသစ်ရိုက်တော့မှာလား ..."