အပိုင်း ၉၉
Viewers 12k

" ဟုတ်တယ် ..."
ဝမ်မင်ယီ တည်ငြိမ်စွာပြောလိုက်သည်။
လုယွင်ဖေးက သူ့ကဲ့သို့ မတည်ငြိမ်နိုင်ပေ။
" ဒါဆို မင်းအ‌ဖေရဲ့ ရုပ်ရှင်အသစ်အတွက် လူတွေ့ဖြေလာတာပေါ့ ..."
" ဟုတ္ပါတယ္ဆို ..."
" မင်း သူ့ကို လန့်သေအောင် လုပ်ခဲ့သေးတာလား ..."
" အဲ့လိုတော့ မလုပ်ပါဘူး ... ငါ့ကို ဘယ်လိုလူလို့များ ထင်နေတာလဲ ..."
ဝမ်မင်ယီ သူ့ကိုကြည့်လိုက်သည်။
လုယွင်ဖေးက သူ့သူငယ်ချင်းအကြောင်း သူသိသည်။ ဤနေရာတွင် လူတွေ့ဖြေရန် ရုတ်တရက်ပေါ်လာခြင်းက သူ့အဖေအိုကြီးကို လန့်သွားအောင်လုပ်ရန်သာဖြစ်နိုင်သည်။
ဝမ်မင်ယီက သူ၏သင်္ကာမကင်းဖြစ်နေသော မျက်လုံးများကိုကြည့်ကာ ပြောလိုက်သည်။
" ငါ သူ့ရှေ့ကို ခပ်တည်တည်သွားပြီး ငါအသက်ရှင်နေဆဲဆိုတာ ပြောပြချင်ရုံပဲ ... သူဘယ်လိုပဲ ခံစားနေနေ ငါဂရုမစိုက်ဘူး ...
" သူ တော်တော်စိတ်လှုပ်ရှားသွားပြီး ညမအိပ်နိုင်လောက်တော့ဘူး ..."
" ဒါဆို‌ရင်တော့ အကောင်းဆုံးပဲပေါ့ ...ငါလိုချင်တာလည်း ဒါမျိုး အကျိုးသက်ရောက်မှုပဲ ..."
ဝမ်မင်ယီ ပြုံးလိုက်သည်။
လုယွင်ဖေးက သူ့ကို ကူကယ်ရာမဲ့စွာကြည့်ပြီး သက်ပြင်းချလိုက်သည်။
" သနားစရာ ဒါရိုက်တာကျောက် ..."
" သူက ဘယ်နေရာများ သနားစရာကောင်းလို့လဲ ငါကမှ သနားစရာကောင်းတာ ဟုတ်ပြီလား ..."
ဝမ်မင်ယီက လုယွင်ဖေးကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
" ရုပ်ရှင်ရိုက်ပြီးသွားရင်တော့ မင်းက သနားစရာမကောင်းတော့ပါဘူး ကောင်းကင်မှာ ပျံနေလို့ရပြီလေ ..."
" လူတွေ့ဖြေတာတောင် အောင်ပါ့မလား မသိပါဘူးကွာ ... ငါ မဟုတ်ပဲ တစ်ယောက်ယောက်အောင်သွားတာလည်း ဖြစ်နိုင်တာပဲ ..."
လုယွင်ဖေးက မဖြစ်နိုင်ဟု တွေးလိုက်မိသည်။
" မင်းအဖေပါဆိုမှ မင်းကို အအောင်မပေးပဲ နေမလား ..."
" ဘယ္သူသိမွာလဲ ..."
ဝမ်မင်ယီ သက်ပြင်းချလိုက်သည်။
သူတို့သုံးယောက်သား ကျောင်းဝင်းထဲကို လှည့်ပတ်ကြည့်နေကြသည်။ အချိန်အနည်းငယ်ကြာသသောအခါ ညစာစားရန်အချိန်ပင်ရောက်လာသည်။
" ငါတို့ကျောင်းကန်တင်းမှာ မင်းကိုလိုက်ကျွေးမယ်လေ ဒါမှမဟုတ် အပြင်မှာစားချင်လား ..."
လုယွင်ဖေးက မေးလိုက်သည်။
" ကန်တင်းပဲသွားရအောင် ... ငါ ကန်တင်းမှာ မစားရ‌တာတော်တော်ကြာပြီ ..."
" ဒါဆိုလည်း သွားရအောင် ငါတို့ကျောင်းကန်တင်းက စားစရာတွေက ကောင်းတယ် ..."
" သွားကြတာပေါ့ ..."
ပြန့်ကျင်းယွမ်က သူတို့နောက်မှ တိတ်တဆိတ်သာလိုက်လာပြီး ဝင်မနှောင့်ယှက်ပေ။ သူ့ကိုကြည့်ရသည်မှာ တစ်ယောက်တည်း အေးအေးလူလူ လမ်းလျှောက်နေသည်နှင့်ပင်တူသည်။
လုယွင်ဖေးနှင့် ပြန့်ကျင်းယွမ်က ဝမ်မင်ယီ့အတွက် စားစရာများ မှာပေးလိုက်သည်။ သူတို့စားပွဲတွင် ထိုင်လိုက်ချိန်၌ ဝမ်မင်ယီ့ထံသို့ ဖုန်းတစ်ခု ဝင်လာသည်။
ဝမ်မင်ယီက တစ်ချက်ကြည့်ပြီးနောက် ပြန်မဖြေပဲ စားပွဲပေါ် မှောက်ထားလိုက်သည်။
လုယွင်ဖေးက သူ့ကိုမေးသည်။
" ဖုန်းမကိုင်ဘူးလား ..."
" ငါမကိုင္ခ်င္လို့ ..."
" ဘယ်သူလဲ မင်းအဖေလား ..."
" ငါ့မှာအဖေမှ မရှိတာ အဲ့ဒါ ဒါရိုက်တာကျောက်လေ ... ဆက်ဆံရေးတွေကို မရောထွေးပစ်ပါနဲ့လား အိုကေ..."
လုယွင်ဖေး "....."
ဘေးတွင်ထိုင်နေသည့် ပြန့်ကျင်းယွမ်က ပြုံးရုံသာပြုံးပြီး ဘာမှမပြောပေ။
ဖုန်းက အချိန်အတော်ကြာမြည်နေပြီးမှ ရပ်သွားသည်။ လုယွင်ဖေးက ဝမ်မင်ယီကို လှမ်းကြည့်လိုက်သည့်အခါ သူ့မျက်နှာက တည်ကြည်နေသည်ကိုသာ တွေ့လိုက်ရသည်။ စားနေစဉ်မှာပင် သူကချီးကျူးလိုက်သည်။
" မင်းတို့ ကန်တင်းက စားစရာတွေ တော်တော်ကောင်းတာပဲ ..."
" ဒါဆိုလည်း ထပ်စားဦးလေ ..."
လုယွင်ဖေးက ဟင်းများ ထပ်ထည့်ပေးနေသည်။
စားပွဲပေါ်မှ ဖုန်းက ထပ်မြည်လာပြန်သည်။
လုယွင်ဖေးက ဖုန်းကိုလှမ်းကြည့်လိုက်သောအခါ screenပေါ်တွင် နည်းပြကျောက်ဟု မှတ်ထားသည်ကို မြင်လိုက်ရသည်။
" မင်း မကိုင်ဘူးလားဟ ..."
လုယွင်ဖေးက ဖုန်းက သူ့မျက်နှာရှေ့တွင် ခါပြလိုက်သည်။
" တကယ်ကြီး မကိုင်တော့ဘူးလား ..."
" ထားလိုက်ပါတော့လေ ..."
ဝမ်မင်ယီ တူကိုချပြီးနောက် ဝင့်ကြွားစွာပြောလိုက်သည်။
" မင်းကို မျက်နှာသာပေးလိုက်မယ် ..."
လုယွင်ဖေးက ပြုံး၍ပြန်ပြောလိုက်သည်။
" ဒါဆို ငါတော်တော် မျက်နှာရသွားတာပဲ ..."
" ဒါပေါ့ ..."
ဝမ်မင်ယီက သူ့ကိုပြန်ပြောပြီးနောက် ဖုန်းကိုင်လိုက်သည်။
" ဘာကိစၥရွိလို့လဲ ..."
" သားလေး Bမြို့မှာရှိသေးလား ဘယ်မှာတည်းလဲ ... ပါပါးလာခေါ်မယ်လေ ညစာတူတူစားရအောင် ..."
ကျောက်ဝမ်ယွီက နွေးထွေးစွာပြောရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။
သို့သော်လည်း ဝမ်မင်ယီက ဂရုမစိုက်ပေ။
" တော်ပြီ ... ကျွန်တော့် သူငယ်ချင်းတွေနဲ့ စားနေတယ် ..."
ကျောက်ဝမ်ယွီ အံ့ဩသွားသည်။
" ဒီမြို့မှာ မင်းသူငယ်ချင်းတွေ ရှိသေးတာလား ..."
ဒါကို ကြည့်ရုံနဲ့ လူစကားပြောနေတာ မဟုတ်ဘူးဆိုတာသိနိုင်တယ် ... သူ့ကို နည်းနည်းမှ ဂရုမစိုက်တာပဲ ...
ဝမ်မင်ယီက သရော်လိုက်သည်။
" သူငယ်ချင်းတွေတင် မကဘူး ပရိသတ်တွေလည်းရှိတယ် ..."
ထို့နောက် ဟမ့်ခနဲ နှာမှုတ်ပြီး ဖုန်းချလိုက်သည်။
လုယွင်ဖေး "....."
လုယွင်ဖေးက တိတ်တဆိတ်ဖြင့် သူ့ရှေ့သို့ စွပ်ပြုတ်ပန်းကန်ကို တိုးပေးလိုက်သည်။
ဝမ်မင်ယီက ညစာစားပြီး၍ သူငယ်ချင်းများနှင့်လည်း ဆုံပြီးပြီဖြစ်၍ Xမြို့သို့ပြန်ရန် စီစဉ်နေသည်။
သူက ဤမြို့သို့ ရောက်လာခဲသောကြောင့် လုယွင်ဖေးက အကြံပေးလိုက်သည်။
" မင်း ဒီည မပြန်နဲ့တော့လေ ... မင်းက ဒီကို‌လာခဲတယ် ... ဒီညငါတို့အိမ်မှာ နေဖို့ဖိတ်မယ်လေ... ငါနဲ့တူတူအိပ်လေ ညကျအေးဆေးစကားပြောလို့လည်းရတယ် ..."
ပြန့်ကျင်းယွမ်က နောက်ဆုံးစကားတစ်ခွန်းကို မကျေမနပ်ဖြစ်ဟန်ဖြင့် သိသိသာသာ ချောင်းဟန့်လိုက်သည်။
လုယွင်ဖေးက သူ့ဘက်လှည့်လာသည်။
" ဘာတွေ ချောင်းလာဆိုးပြနေတာပဲ ... သူက မင်းနဲ့မတွေ့ခင်တည်းက ခင်လာ‌တဲ့ သူငယ်ချင်းလေ ..."
ဝမ်မင်ယီကလည်း သဘောတူသည်။
" ဟုတ်တယ် ... ငါနဲ့ ယွင်ဖေးနဲ့ စတွေ့တုန်းက မင်းပြဿနာတွေနဲ့မင်း ရှုပ်နေတုန်းပဲရှိသေးတာလေ ..."
ပြန့်ကျင်းယွမ် ကူကယ်ရာမဲ့သွားသည်။
" ကိုယ့်ရဲ့ ထင်မြင်ချက်လေးကိုပဲ ပြောပြတာလေ ..."
" ကန့်ကွက်တာ တရားမဝင်လို့ ငြင်းပယ်ပါတယ် ..."
ဝမ်မင်ယီ လက်ခါပြလိုက်သည်။
လုယွင်ဖေးကလည်း သဘောတူသည်။
" မင်းဒီည ဧည့်သည်တွေ အိပ်တဲ့အခန်းထဲအိပ်လေ မင်မင်နဲ့ငါက အိပ်ခန်းအကြီးထဲမှာ အိပ်မယ် ..."
ပြန့်ကျင်းယွမ် မျက်လုံးပင့်လိုက်သည်။
" ဒါကြီးကို သင့်တော်တယ်လို့ ထင်ကြတာလား ..."
" အရမ်း သင့်တော်တာပေါ့ ..."
ပြန့်ကျင်းယွမ် : အင်းလေ ငါဘာပြောနိုင်တော့မှာလဲ ...ပြန့်ကွင်းယွမ် ဘာမှပြန်မပြောသည်ကို မြင်သောအခါမှ လုယွင်ဖေးက ပြောလိုက်သည်။
" ဒါဆို ဒီလိုပဲ စီစဉ်လိုက်ပြီနော် ..."
ဤစာသင်နှစ်တွင် သူတို့နှစ်ယောက် တစ်အိမ်တည်းတူတူစနေကြသည်ကို ဝမ်မင်ယီသိသည်။ လုယွင်ဖေးက အိမ်အသစ်၏ပုံကို ပို့ပေးခဲ့သော် သူတစ်ခါမှ မရောက်ဖူးသေးသဖြင့် အနည်းငယ် စိတ်ဝင်စားနေသည်။
" အိုကေ ... "
သို့ရာတွင် ထိုသို့ပြောပြီးသည်နှင့် သူက ည၁၂နာရီတွင် အသွင်ပြောင်းမည်ကို အမှတ်ရသွားသည်။
" ဒါပေမဲ့ ..."
ဝမ်မင်ယီက ပြောလိုက်သည်။
" ငါ အရမ်းလည်း ခေါင်းမမာပါဘူး မင်းက အိပ်ခန်းအကြီးထဲမှာ ပြန့်ကျင်းယွမ်နဲ့ အိပ်လေ ... ငါက ဧည့်သည်အခန်းမှာပဲ နေမယ် ..."
လုယွင်ဖေး "....."
ပြန့်ကျင်းယွမ် "....."
ဝမ်မင်ယီက သူ့အတွက် စဉ်းစားပေးနေသည်ထင်၍ လုယွင်ဖေးကပြောလိုက်သည်။
" ငါ မင်းနဲ့ အိပ်မယ်လေ ဘာမှ မဖြစ်ပါဘူး ..."
ဝမ်မင်ယီက သူ့အကြောင်းအားလုံးသိသည်။ လုယွင်ဖေးသည်လည်း သူ့ကဲ့သို့ပင် ချစ်ရသူတစ်ယောက်ရှိခဲ့သည်မှာ အလွန်ကြာပြီဖြစ်သည်။
ဝမ်မင်ယီက ပြုံး၍ ပြောလိုက်သည်။
" မင်းဘေးက လူကိုပဲ မေးလိုက်ပါဦး ... သူက မင်းမအိပ်ချင်ဘူးဆိုတာနဲ့ ချက်ချင်းမအိပ်ဘူး တန်းပြောလိုက်တာပဲလေ ..."
လုယွင်ဖေး "....."
ပြန့်ကျင်းယွမ်က ပြုံးပြလိုက်သည်။
" လောလောဆယ်တော့ မအိပ်ချင်တော့ဘူးလေ ..."
လုယွင်ဖေး "....."
ဘာလို့လဲမသိပေမယ့် လေသံက ကျေနပ်တဲ့ပုံမပေါ်ဘူး ...
ကိစ္စက ထိုသို့ပင် ဖြစ်သွားခဲ့သည်။ ဝမ်မင်ယီက ပျော်နေသော်လည်း သူ့အဖေက မပျော်နိုင်ပေ။
ကျောက်ဝမ်ယွီက ဖြေဆိုမည့်သူမရှိသော ဖုန်းကိုသာ ဆက်တိုက်ခေါ်နေမိသည်။
သူ့သားက ဖုန်းမကိုင်ရင် ဘယ်လိုလုပ်မလဲ ... သူ့ကိုကြည့်ရတာ စကားပြောချင်ပုံလည်းမရဘူး ...
ကျောက်ဝမ်ယွီအနည်းငယ် ဝမ်းနည်းသွားသည်။ သို့ရာတွင် သူ့သား ဖျော်ဖြေရေးနယ်ပယ်ထဲ အဘယ့်ကြောင့်ဝင်လာသည်ကို သူနားမလည်ပေ။
ဘာလို့ပါလဲ ... ပြီးတော့ ဒီအသိုင်းအဝိုင်းတစ်ခုတည်းပဲဟာကို ဘာလို့ သူ့ကို မပြောပြရတာလဲ ...
အချိန်အတန်ကြာတွေးပြီးသည့်နောက် နောက်ထပ်သားတစ်ယောက်ကိုသာ ဖုန်းခေါ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
စစ်ကျွင်းတောက်ကို ဝမ်မင်ယီက လုယွင်ဖေးအိမ်တွင် နေချင်ကြောင်း ဖုန်းဆက်ပြောသည်။ ဤမြို့တွင် တစ်ညနေပြီး မနက်စောစော ပြန်လာမည့်အကြောင်းလည်း ပြောလိုက်သည်။ စစ်ကျွင်းတောက်ကလည်း မတားမြစ်ပဲ အသွင်ပြောင်းမည့်အချိန်ကိုသာ အာရုံစိုက်ရန် ပြောလိုက်သည်။
ဖုန်းချပြီးသည်နှင့် ကျောက်ဝမ်ယွီထံမှ ဖုန်းဝင်လာသည်။ စစ်ကျွင်းတောက် သက်ပြင်းချလိုက်သည်။
သားအဖနှစ်ယောက် လိုက်လည်းလိုက်ပါတယ် အချိန်က ကွက်တိတွေကြီးပဲ ...
ဖုန်းကိုင်လိုက်သည့်အခါ ကျောက်ဝမ်ယွီ၏ အံ့ဩတကြီးဖြစ်နေသည့်အသံကို ကြားလိုက်ရသည်။
" ကျွင်းကျွင်းရေ မင်မင်က ဘယ်လိုဖြစ်လို့ သရုပ်ဆောင်ဖြစ်လာတာလဲ ... ဒီလို ကိစ္စကြီးကို ပြောလည်း မပြောပြပါလား ..."
" ကျွန်တော့်ကို ပြောခွင့်မပြုလို့ပါ ..."
" မင်းရဲ့ ခေါင်းကိုင်အမေရောသိလား ..."
" သူမလည်း နှစ်သစ်ကူးအကြို မတိုင်ခင်ကအထိ မသိဘူး ..."
" သူမက ပါပါးကိုလည်း မပြောပါလား ..."
" မင်မင်က မပြောခိုင်းတာဖြစ်မယ် ..."
စစ်ကျွင်းတောက် တည်ငြိမ်စွာဖြင့်သာ မေးလိုက်သည်။
"မင်မင်နဲ့ တွေ့ခဲ့တယ်မလား ..."
" ဒါပေါ့ ..."
ကျောက်ဝမ်ယွီ သက်ပြင်းချလိုက်သည်။
" ပါပါးက သူ့ကို ညစာစားဖို့ခေါ်သေးတယ် ဒါပေမဲ့ သူက မလာချင်ဘူး ..."
ထိုသို့ပြောခြင်းက သူ့သားငယ်လေး၏ ဆင်ခြေတစ်ခုဟုပင် ကျောက်ဝမ်ယွီ ထင်သွားသည်။
" သူ့ သူငယ်ချင်းတွေနဲ့ ညစာစားနေတယ်လို့ပြောတယ် ..."
စစ်ကျွင်းတောက် ထိုင်ခုံတွင် မှီလိုက်သည်။
" သူ့သူငယ်ချင်းတွေကBမြို့မှာပဲ မဟုတ်ဘူး တခြားမြို့တွေမှာလည်းရှိတယ် ... ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးတော့ အားလုံးက မတူတဲ့ကျောင်းတွေကိုရောက်သွားကြတာ သူ့သူငယ်ချင်းတွေက တစ်နိုင်ငံလုံးမှာရှိတယ် ..."
ဒါဆို အမှန်ပဲပေါ့ ...
ကျောက်ဝမ်ယွီ သူနှင့် မစားချင်၍ ဆင်ခြေပေး‌သည်မဟုတ်ကြောင်းသိမှ စိတ်သက်သာရာရသွားသည်။
" မင်မင်က ပါပါးရဲ့ရုပ်ရှင်မှာ တကယ်သရုပ်ဆောင်ချင်တာတဲ့လား ..."
ဒါရိုက်တာကျောက် မရေမရာဖြစ်နေသည်။ သူ့သား၏ သရုပ်ဆောင်ချက်များက အလွန်ပြောင်မြောက်လွန်း၍ ဇာတ်ကားတွင် အမှန်တကယ် သရုပ်ဆောင်ချင်သည်လား သူ့ကို အလန့်တကြားဖြစ်အောင် ကြံစည်ထားသည်လားကို သိချင်နေသည်။
" သူ တကယ် သရုပ်ဆောင်ချင်တာပါ ... မဟုတ်ရင် လူတွေ့စစ်ဆေးချက်ကို ဘယ်သွားပါ့မလဲ ..."
" သဘောပေါက်ပြီ ... ဒါဆိုရင် နောက်မှ သူ့အေးဂျင့်ကို ဆက်သွယ်လိုက်မယ် ..."
ကျောက်ဝမ်ယွီက ပြောလိုက်သည်။
" ပါပါး ဒါဆို ဆုံးဖြတ်လိုက်ပြီလား ..."
" သူက လူတွေ့စစ်ဆေးပွဲတုန်းက ကောင်းကောင်း သရုပ်ဆောင်ပြသွားတယ် ... သူ့အစား တစ်ယောက်ယောက်ကို ရွေးလိုက်ရင် သူစိတ်ဆိုးသွားမှာပေါ့ ..."
သူ ဤနှစ်များတွင် အလုပ်ရှုပ်နေသည့်အတွက် ဝမ်မင်ယီကို ပစ်ထားမိသည်ကို ကျောက်ဝမ်ယွီလည်းသိသည်။ ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်ပြီး ပြဿနာမဖြစ်လိုပေ ။
" ပါပါးလည်း အမှတ်တရအနေနဲ့ မင်မင်နဲ့တူတူ ရုပ်ရှင်လေးတစ်ခု ရိုက်ထားချင်တယ် ... အသက်ကြီးလာရင် ပြန်ကြည့်လို့ရတာပေါ့ ..."
" ဟုတ် အရမ်းကောင်းပါတယ် ပါပါး ... မင်မင့်မွေးနေ့လည်း နီးလာပြီနော် ... ပါပါးပြန်လာပြီး မွေးနေ့ပွဲတူတူလာလုပ်ပါလား ..."
စစ်ကျွင်းတောက်ပြောခါမှ ဝမ်မင်ယီ၏ မွေးနေ့ နီးကပ်လာကြောင်း ကျောက်ဝမ်ယွီ သတိရသွားသည်။
" ပြန်လာဖို့လား ... ဒါဆို အလုပ်တွေကို အပြီးသတ်ပြီး မင်မင့်မွေးနေ့မှ ပြန်လာနိုင်အောင် ကြိုးစားလိုက်မယ် ... မင်မင့်ကိုတော့ မပြောနဲ့ဦးနော် အစီအစဉ်တွေ တစ်ခုခုပြောင်းလဲသွားမှာစိုးလို့လေ ... တကယ်လို့ ရုတ်တရက် ကိစ္စတစ်ခုခုထပ်ပေါ်လာလို့ မလာနိုင်ရင် မင်မင် စိတ်မချမ်းမသာဖြစ်သွားမှာ ..."
" ဟုတ္ကဲ့ပါပါး ..."
" ဒါဆို မင်းလည်း အလုပ်များနေမှာပေါ့ ... ပါပါးဖုန်းချပြီနော် ..."
ကျောက်ဝမ်ယွီ ဖုန်းချပြီးနောက် ဝမ်ဝေ့ကို ဖုန်းခေါ်လိုက်သည်။
သို့ရာတွင် ဝမ်ဝေ့က အလုပ်ရှုပ်နေသောကြောင့် ဖုန်းမကိုင်ပေ။ ကျောက်ဝမ်ယွီ သက်ပြင်းချလိုက်သည်။ အကယ်၍ သူ့သားက မပြောပြပါက သူ့ဇနီးကလည်း ပြောပြမည်မဟုတ်ပေ။
သူ တကယ်ကို သနားစရာကောင်းနေတာပဲ ... မင်မင် ဖျော်ဖြေရေးနယ်ပယ်ထဲရောက်နေတယ်ဆိုတာ သူ့မိသားစုထဲမှာ နောက်ဆုံးမှသိတာသူပေါ့ ... ဒီလိုဆိုရင်တော့ မဖြစ်သေးပါဘူး ...
လုယွင်ဖေးနှင့် ပြန့်ကျင်းယွမ်တို့က ဝမ်မင်ယီနှက့်အတူ Bမြို့တွင် လည်ပတ်ခဲ့ပြီး နောက်ဆုံးအိမ်ပြန်ရောက်ချိန်တွင် ညဆယ်နာရီထိုးပြီဖြစ်သည်။
ဝမ်မင်ယီ သူတို့ငှားထားသော အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းကို ကြည့်လိုက်သည်။ ၎င်းက မကြီးသော်လည်း အလွန်နွေးထွေးသည်။
" မဆိုးပါဘူး ..."
" ဟုတ္တယ္မလား ..."
လုယွင်ဖေးက ဝင့်ကြွားစွာပြောလိုက်သည်။
" မင်းကို အိပ်ခန်းလိုက်ပြမယ် ..."
လုယွင်ဖေးက ဝမ်မင်ယီကို အိပ်ခန်းကိုခေါ်သွားသည်။ ဤအခန်းကို မည်သူမျှ ဝင်မလာစေရန် အမြဲသော့ခတ်ထားသည့်အတွက် တစ်ခြားလူများက သူတို့ နှစ်ယောက်တူတူအိပ်ကြသည်က်ု မသိပေ။
လုယွင်ဖေး အခန်းတံခါးကိုဖွင့်လိုက်သည့်အခါ အလွန်ကျယ်ဝန်း သန့်ရှင်းသည့် အခန်းတစ်ခုကို မြင်လိုက်ရသည်။ ကုတင်ဘေးမှ စားပွဲလေးပေါ်တွင် လုယွင်ဖေးဖတ်နေကြစာအုပ်များတင်ထားသည်။
" အိပ်ခန်းအကြီးက နည်းနည်းပိုကျယ်တော့ ငါနေ့တိုင်းသန့်ရှင်းရေးလုပ်ရတယ် ... ဘေးက ဧည့်သည်တွေအတွက်အခန်းကတော့ နည်းနည်းသေးတယ် ပြီးတော့ ငါတို့မသုံးတော့တဲ့ ကြောင်အိမ်လို ပစ္စည်းမျိုးတွေထည့်ထားတာနော် မင်းတကယ်အိပ်လို့ရပါ့မလား ... ဒီအခန်းမှာအိပ်တာ ပိုကောင်းမယ်ထင်တယ် ပြန့်ပြန့်က ကိစ္စမရှိပါဘူး တစ်ရက်တစ်လေပဲဟာ သူ့ကို စိတ်မပူနဲ့ ..."
လုယွင်ဖေးက သူ့ကို အကြံပေးသည်။