အပိုင်း ၁၀၀
Viewers 12k

ဝမ်မင်ယီ ကူကယ်ရာမဲ့နေသည်။ အကယ်၍ သူက သာမန်လူဖြစ်ပါက လုယွင်ဖေးနှင့် တစ်ခန်းတည်းတူတူနေမည်သာဖြစ်သည်။ ယခင် အခြေအနေနှင့်ဆိုလျှင် သူတို့နှစ်ယောက် တစ်ညလုံးစကားပြောနေနိုင်သော်လည်း ယခုက မတူတော့ပေ။ ထို့ကြောင့် သူတခြားအခန်းတွင် အိပ်ရန်သာ ရွေးချယ်စရာရှိတော့သည်။
" ငါ တစ်ယောက်တည်းအိပ်ရတာ အကျင့်ပါနေလို့ပါ ... ဘေးမှလူရှိရင် ငါမအိပ်တတ်ဘူး ..."
လုယွင်ဖေးက မယုံကြည်ပေ။
" ငါ အရင်ကလည်း မင်းအိမ်မှာ လာအိပ်နေကြပါ ... မင်းမှာ ဘယ်တုန်းက အဲ့ပြဿနာရှိသွားတာလဲ ..."
" ဖျော်ဖြေရေးနယ်ပယ်ထဲ ရောက်ပြီးမှပါ ..."
ဝမ်မင်ယီက မျက်တောင်တစ်ချက်မျှ မခတ်ပဲ လိမ်ပြောလိုက်သည်။
" နောက်တစ်ကြိမ် မင်းနဲ့တွေ့ရင်တော့ ငါကောင်းကောင်းပြန်အိပ်နေနိုင်လောက်ပါပြီ အဲ့တော့မှ တူတူအိပ်ကြမယ်လေ ..."
သူ့စကားများကြောင့် လုယွင်ဖေး အနည်းငယ် စိတ်ဓာတ်ကျသွားသည့်ပုံပင်။
" ဒါဆိုလည်း ကောင်းကောင်းအနားယူတော့လေ ... မင်း နာမည်ကြီးကြီး မကြီးကြီး မင်းရဲ့ခန္ဓာကိုယ်က အရေးအကြီးဆုံးပဲ ..."
ဝမ်မင်ယီက ဆန်စေ့ကို နှုတ်သီးဖြင့်ကောက်စားနေသည့် ကြက်ပေါက်လေးကဲ့သို့ ခေါင်းငြိမ့်ပြလိုက်သည်။
" ငါ နားလည်ပါတယ် ... မင်းနဲ့ ပြန့်ကျင်းယွမ်တို့ တူတူရှိနေတာကြာပြီ ခုထိ ကားမမောင်းကြသေးဘူးလို့ ငါမထင်ထားဘူး ... မကြိုးစားကြည့်ချင်ဘူးလား ..."
( T/N - ကားမောင်းတာက အဟမ်းအဟမ်းလုပ်တာကို ပြောတာပါ )
လုယွင်ဖေးက သူဤကဲ့သို့ တဲ့တိုးကြီး မေးလာမည်ဟု မထင်ထားပေ။ အနောက်ကိုလှည့်ကြည့်လိုက်သောအခါ ပြန့်ကျင်းယွမ်မရှိနေသည်ကိုတွေ့မှ စိတ်အေးသွားသည်။
သူ သက်ပြင်းချပြီး ဝမ်မင်ကို တီးတိုးပြောလိုက်သည်။
" မလုပ်ချင်တာ ငါမဟုတ်ဘူး သူလေ ... သူက ဒီကိစ္စကိုလုပ်ဖို့ အရမ်းစောသေးတယ် ထင်နေတာ တာဝန်မဲ့တဲ့လူ မဖြစ်ချင်ဘူးတဲ့ ..."
ဝမ်မင်ယီ သ‌ဘောပေါက်သွားသည်။
" ငါ့ကောကောလိုပဲ ..."
ဝမ်မင်ယီ သံသယဝင်လာသည်။
" သူတို့က အပေါ်ထပ်ကလေ ဘာတွေများ စိုးရိပ်နေရတာလဲ ..."
လုယွင်ဖေး ခေါင်းခါလိုက်သည်။
" ဘယ္သူသိမွာလဲ ..."
" ဒါဆိုလည်း ငါတို့ကို အပေါ်ထပ်ကိုပို့လိုက်သင့်တယ် ..."
ဝမ်မင်ယီ မျက်လုံးများအရောင်တောက်သွားသည်။
" ငါတို့ သည်းမခံနိုင်တဲ့တစ်ရက် topပဲလုပ်တော့မယ်လေ ... အဲ့အခါကျမှ သူတို့ခံရလို့ နောင်တရပြီး အပေါ်ထပ်ပြန်တက်ချင်ကြမှာ ... ငါတို့အတွက် အမြတ်ချည်းပဲ ..."
လုယွင်ဖေးရယ်လိုက်သည်။
" မင်း တော်တော် အရှက်မရှိတာပဲ ..."
" ငါလည်း သူတို့အဲ့လိုတွေးတယ် ထင်မိလို့လေ ..."
လုယွင်ဖေး ခေါင်းခါလိုက်ပြန်သည်။
" စီနီယာက အလိုလိုက်တာနဲ့ပဲ မင်းက သူ့ကိုပြန်ပြီးtopချင်နေတာလား ... "
ဝမ်မင်ယီ နှာမှုတ်လိုက်သည်။
" ဘယ်သူမှ မွေးတည်းက topဖြစ်မလာဘူးလေ ..."
" ဘယ်သူမဆို မွေးတည်းက topဖြစ်ဖြစ် မဖြစ်ဖြစ် သေချာတာတစ်ခုကတော့ ‌မင်းက topမဟုတ်ဘူးဆိုတာပဲ ..."
ပြောပြီးသည်နှင့် လုယွင်ဖေး အာရပါးရရယ်တော့သည်။
ပြန့်ကျင်းယွမ် သစ်သီးများသယ်လာချိန်တွင် လုယွင်ဖေးရယ်နေသည်ကို မြင်လိုက်ရသည်။ ဝမ်မင်ယီကလည်း မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။
" မင်း ဘာစကားပြောတာလဲ "...." "
" ငါပြောချင်တာ မင်းရဲ့စိတ်ထားက စင်မြင့်တစ်ခုလောက်နီးနီး ကြီးတယ်လို့ ဟားဟားဟား ..."
လုယွင်ဖေး ထပ်ရယ်ပြန်သည်။
ပြန့်ကျင့်ယွမ်က သူဘာကြောင့်ရယ်နေသည်ကို နားမလည်သည့်အတွက် စိတ်ရှုပ်သွားသည်။
ဝမ်မင်ယီ သစ်သီးကိုစားကာ ရေချိုးပြီးနောက် ကပ်လျက်အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ တံခါးမပိတ်မီ လုယွင်ဖေးကို လှမ်းပြောလိုက်သည်။
" ငါ ပင်ပန်းနေလို့ အိပ်တော့မယ် ... မင်းလည်း စောစောအိပ်လေ ..."
" အေးအေး ..."
ဝမ်မင်ယီ တံခါးကိုလော့ချလိုက်ပြီး မွေ့ရာပေါ်လှဲကျ စစ်ကျွင်းတောက်ကို မက်ဆေ့ပို့လိုက်သည်။
( အိပ်ရာဝင်တော့မယ် )
စစ်ကျွင်းတောက်က replyပြန်သည်။
( စောစော အနားယူနော် ... ခုနတုန်းက မင်မင့်အဖေဖုန်းဆက်ပြီးတော့ လူတွေ့စစ်ဆေးချက်အောင် တဲ့အကြောင်း ပြောသွားသေးတယ် )
လူတွေ့စစ်ဆေးချက်အောင်သွားသည်ကို ဝမ်မင်ယီ မအံ့ဩပေ။ မအောင်မှသာ အံ့ဩရမည်ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ဝမ်ဝေ့ကို ဖုန်းခေါ်ပြီး သူ့ယောက်ျားက သားအရင်းကိုကျော်ပြီး အခြားလူများကို ရွေးချယ်လိုက်ကြောင်း တိုင်တန်းမည်ဖြစ်သည်။
ဝမ်မင်ယီ တစ်စုံတစ်ခုကိုတွေးမိသွားသည်။
( အိုး ဒီနေ့လူတွေဖြေတော့ ကျန်းဇီမော့နဲ့ တွေ့ခဲ့သေးတယ် )
စစ်ကျွင်းတောက် အနည်းငယ် အံ့ဩသွားရသည်။
( သူလည်း လာဖြေတယ်ပေါ့ ... သူ တကယ်ပဲ ဖျော်ဖြေရေးလောကထဲ ခြေချမလို့များလား )
(အသုံး မဝင်ပါဘူး ... သူ့တစ်ဘဝလုံး ဒါရိုက်တာကျောက်ရဲ့ ရုပ်ရှင်တွေထဲ ပါလို့မရလောက်ဘူး )
စစ်ကျွင်းတောက် ရယ်လိုက်မိသည်။
( ဟုတ္သားပဲ )
ဒါရိုက်တာကျောက်သာ သူ့သားကို အဆုံးရှုံးခံမယ်ဆိုရင်ပေါ့ ...
သူတို့နှစ်ယောက် စကားစမြည်ပြောနေကြပြီးနောက် ၁၂နာရီထိုးတော့မည်ကို ဝမ်မင်ယီ သတိထားလိုက်မိသဖြင့် စစ်ကျွင်းတောက်ကို နှုတ်ဆက်ပြီး မျက်လုံးများမှိတ်ထားလိုက်သည်။
နောက်နေ့မနက်တွင် ပြန့်ကျင်းယွမ်က စောစောနိုးလာသည်။ အိပ်မောကျနေဆဲဖြစ်သည့် လုယွင်ဖေးကိုကြည့်ကာ ကိုင်ထားသည့် လက်ကိုအသာ ဖြုတ်လိုက်သည်။ ထို့နောက် လုယွင်ဖေးအတွက် မနက်စာပြင်ဆင်ရန် အောက်ထပ်သို့ဆင်းသွားသည်။
" အလျင်မလိုပါနဲ့ ... ဝမ်မင်ယီလည်း အိပ်နေဦးမှာ သူနိုးလာမှ နေ့လယ်စာတူတူစားကြမယ်လေ ..."
လုယွင်ဖေးက ပြန့်ကျင်းယွမ်၏ခါးကို ပြန်ဖက်ထားလိုက်သည်။
" မင်းရော မနက်စာ မစားတော့ဘူးလား ..."
ပြန့်ကျင်းယွမ်မေးလိုက်သည်။
လုယွင်ဖေးကို သူ့ကိုမှီထားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ပြန့်ကျင်းယွမ်မြင်သည့်အခါ သူအိပ်ချင်နေသေးကြောင်းသိလိုက်သည်။ မည်သူမှ မနက်စာမစားသည့်အတွက် သူလည်း ပြန်အိပ်နေလိုက်သည်။ ပြန့်ကျင်းယွမ်က လုယွင်ဖေးကို ပြန်ဖက်ထားပြီး နှုတ်ခမ်းကိုနမ်းလိုက်သည်။
ဝမ်မင်ယီ နိုးလာသည့်အခါ ဆယ်နာရီခွဲပြီဖြစ်၍ လူအသွင်ပြန်ပြောင်းနေပြီဖြစ်သည်။
သူ အဝတ်အစားများလဲပြီး တံခါးဖွင့်ကာ အပြင်ထွက်လာသည်။
လုယွင်ဖေးတို့နှစ်ယောက် သူ့ထက်ဆယ်မိနစ် စောနိုးနေကြသည်။ သူတို့နှစ်ယောက် ကိုယ်လက်သန့်စင်ပြီး မနက်စာပြင်နေချိန်တွင် ဝမ်မင်ယီ ထွက်လာခြင်းဖြစ်သည်။
ဝမ်မင်ယီ မျက်နှာသစ်ပြီးနောက် သူတို့ကို မေးလိုက်သည်။
" မနက္စာ ဘာစားၾကမွာလဲ ..."
လုယွင်ဖေး အံ့ဩသွားသည်။
" မင်း ဘာလို့ အစောကြီးနိုးနေတာလဲ ..."
" မနက် ၁၁နာရီထိုးတော့မယ်လေ စောလို့လား ..."
" မင်း အမြဲတမ်း ၁၁နာရီကျော်မှ နိုးတာမလား ..."ဝမ်မင်ယီ သမ်းဝေလိုက်သည်။
" အဲ့ဒါ အရင်တုန်းကငါလေ အခု မအဲ့လိုမဟုတ်တော့ဘူး ..."
" လွယ်တော့ မလွယ်ဘူးပဲ ..."
လုယွင်ဖေး မှတ်ချက်ချလိုက်သည်။
" ဒါဆို ဘာစားၾကမွာလဲ ..."
" ဖက်ထုပ်ဆို အဆင်ပြေလား ..."
ဝမ်မင်ယီ သဘောတူ‌သည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
အချိန်က နေ့လယ်ရောက်ခါနီးနေ၍ မနက်စာနှင့် နေ့လယ်စာကို ပေါင်းစားလိုက်ရသည်။ လုယွင်ဖေးက ဝမ်မင်ယီ ဖက်ထုတ်မကြိုက်မည်စိုး၍ ပြန့်ကျင်းယွမ်ကို သူ့အတွက် ထမင်းကြော်ခိုင်းလိုက်သည်။
ဝမ်မင်ယီက ပြန့်ကျင်းယွမ်ပုံကို ရိုက်ပြီး wechatမှ [x လူသစ်အဖွဲ့ချုပ်] ထဲ ဓာတ်ပုံတစ်ပုံပို့လိုက်သည်။
( ဝမ်မင်ယီ : ငါ့အတွက် ထမင်းကြော်ကြော်ပေးတဲ့ ကျင်းယွမ် )
သူတို့ အားလုံး ထိတ်လန့်သွားပြီး ဝိုင်းမေးကြသည်။
( နင် ကျင်းယွမ်နဲ့ တွေ့နေတာလား .. သူက နင့်အတွက် ထမင်းတောင် ကြော်ပေးနေတယ် ... နင်နဲ့သူက တစ်ခုခုရှိတာလား )
( သူ နင့်ကိုကြိုက်နေတာလား )
တစ်ယောက်က ဖြတ်ပြောလိုက်သည်။
ဝမ်မင်ယီ အားပါးရပါးအော်ရယ်ပြီး သူ့ဖုန်းကို လုယွင်ဖေးကို ပြလိုက်သည့်အခါ လုယွင်ဖေးကပါ ရယ်နေသည်။
" ကျောင်းတုန်းက လူတွေကိုပို့လိုက်တာ မှန်သွားတယ်
" ဒါပေါ့ ငါတို့ရဲ့သခင်လေးကျင်းယွမ်က ကျောင်းမှာတုန်းက အရမ်းမိုက်ခဲ့တာ ... တစ်နေ့မှာ ငါ့အတွက် ထမင်းပါကြော်ပေးနေလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ ... ထင်တောင် မထင်ထားမိဘူး ..."
" ဒါဆိုလည်း မင်း ကုန်အောင်စားသင့်တယ် ..."
" ဒီထမင်းကြော်ကို မကုန်ရင် မင်းချီးကျုးထားတာတွေ အလကားဖြစ်သွားမှာ ..."
" ငါကုန်အောင်စားပါ့မယ် ..."
ဝမ်မင်ယီ အပြစ်မကင်းစိတ်ဖြင့် ပြောလိုက်သည်။
ထမင်းကြော်ကိုလာချချိန်တွင် လုယွင်ဖေးကို ပန်းကန်တစ်ဝက်စာ ခွဲပေးလိုက်ကာ ပြောလိုက်သည်။
" ငါက တစ်ယောက်တည်း စားတတ်တဲ့သူမှ မဟုတ်တာ ..."
လုယွင်ဖေးလည်း သူနှင့်တူတူမျှစားလိုက်ရသည်။
သူတို့၏ အပြန်အလှန်တုံ့ပြန်မှုကိုကြည့်ပြီး ပြန့်ကျင်းယွမ်က မူလတန်းကလေးနှစ်ယောက်က သူ့ရှေ့တွင် ထိုင်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ အမြင်အရဆိုလျှင် လုယွင်ဖေး ၊ လီယွမ်ချင်းနှင့် ဝမ်မင်ယီတို့သုံးယောက်ထဲတွင် ဝမ်မင်ယီက အငယ်ဆုံးဖြစ်သော်လည်း ဝမ်မင်ယီက ကျန်နှစ်ယောက်ကို အကာကွယ်ပေးဆုံးဖြစ်သည်။
ဝမ်မင်ယီ စားနေစဉ်တွင် ဖုန်းမြည်လာသည်။ ယူကြည့်လိုက်သည့်အခါ ချန်လုဖြစ်နေသည်ကို မြင်လိုက်ရသည်။
ဖုန်းကိုင်လိုက်သည့်အခါ ချန်လု၏ အံ့ဩတကြီးအော်ပြောသံကို ကြားလိုက်ရသည်။
" မင်မင်ရေ နင်က တကယ်တော်တာပဲ မနေ့က လူတွေ့ဖြေတာအောင်တယ်တဲ့ ... ဒါရိုက်တာကျောက်က ကျဲကို ဖုန်းဆက်တယ် ... သူ့ရဲ့ ရုပ်ရှင်အသစ်မှာ မင်းကိုထည့်ရိုက်မယ်တဲ့ ..."
မနေ့ညတည်းက ရလဒ်ကိုသိပြီးသည့် ဝမ်မင်ယီက အလွန်တည်ငြိမ်နေပြီး " အိုး " ဟူသာ ပြောလိုက်သည်။
" နင် စိတ်မလှုပ်ရှားဘူးလား ..."
ဝမ်မင်ယီက စားနေလျက် သူ့ကိုပြန်ဖြေလိုက်သည်။
" ဒါက စိတ်လှုပ်ရှားစရာကိစ္စမှ မဟုတ်တာ ..."
ခ်န္လု "....."
သူမ၏ အနုပညာရှင်လေးက အလွန်စွမ်းအားကြီးသည်ဟု ချန်လုထင်လိုက်မိသည်။ သူက ကိစ္စတိုင်းကို အလွယ်တကူမပျော်ရွှင် ဝမ်းမနည်းတတ်ပဲ အပြစ်ရှာခြင်းများနှင့် ကြုံတွေ့လာပါကလည်း အံ့အားမသင့်တတ်ပေ။
" ငါတို့တွေ Bမြို့မှာ ရှိနေတုန်းဆိုတော့ ဒါရိုက်တာကျောက်ကိုသွားတွေ့ပြီး စကားပြောကြမလား ... အဲ့ဒါဆို မင်မင့်ကိုလည်း ရုပ်ရှင်အပေါ် အလေးအနက်ထားတယ်လို့ ထင်သွားမှာပေါ့ ..."
" မသွားတော့ပါဘူး ... ကျွန်တော် ခဏနေရင် လေဆိပ်ကို တိုက်ရိုက်သွားမှာ ... ၃နာရီထိုးမှ လေဆိပ်မှာတွေ့မယ်နော် ..."
ဝမ်မင်ယီ ငြင်းလိုက်သည်။
သူက အလွန်အထာကျသည်ဟု ချန်လု ထင်လိုက်မိသည်။
" ဒါရိုက်တာကျောက်ကိုတွေ့ဖို့က သိပ်မကြာပါဘူး ..."
" တွေ့စရာမလိုပါဘူးချန်ကျဲရဲ့ ..."
ဝမ်မင်ယီက တွန့်ဆုတ်ခြင်း မရှိပေ။
ခ်န္လု "....."
ချန်လု ကူကယ်ရာမဲ့သွားသည်။
" မင်မင် ချန်ကျဲကို ရိုးရိုးသားသားပြောနော် ... ဒါရိုက်တာကျောက်ကို သဘောမကျဘူးလား ..."
ဝမ်မင်ယီ၏ အခြေအနေက ပုံမှန်မဟုတ်ဟု သူမ တွေးမိလာသည်။
" နင် အရင်ကဆို အဲ့လို မလုပ်ပါဘူး ... အခြားဒါရိုက်တာတွေနဲ့ လူတွေ့ဖြေတုန်းကဆိုရင် သူတို့ကို အရမ်းလေးစားပြီး စကားလည်း ရိုရိုသေသေနဲ့ သွားပြောတယ်လေ ... ဒါပေမဲ့ ဒီတစ်ကြိမ် ဒါရိုက်တာကျောက်နဲ့ကျမှ သူနဲ့စကားမပြောချင် ဖြစ်နေသလိုပဲ ..."
သူမ စကားမှ စိုးရိမ်ပူပန်မှုများကြောင့် ဝမ်မင်ယီက သူ့အေးဂျင့်ကို တစ်ချိန်လုံးကြောက်လန့်မနေစေချင်၍ တဲ့တိုးသာပြောလိုက်သည်။
" ကျွန်တော်သူနဲ့ စကားသိပ်မပြောချင်ဘူး ... ကျောက်ဝမ်ယွီက ကျွန်တော့်အဖေလေ ... အခုလောလောဆယ်သူနဲ့ သိပ်အဆင်မပြေတဲ့ အခြေအနေမှာရှိတယ် ..."
ဒုန်း ...
တစ်စုံတစ်ခု ပြုတ်ကျသွားသံကို ဝမ်မင်ယီ ကြားလိုက်ရသည်။
ဝမ်မင်ယီ သိချင်သွားသည်။
" ချန်ကျဲ ဘာဖြစ်တာလဲ ..."
ချန်ကျဲက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဖုန်းကိုပြန်ကောက်လိုက်သည်။
" ကျဲရဲ့ဖုန်း ပြုတ်ကျသွားတာပါ လန့်သွားလား ..."
ချန်လု ယခုချိန်တွင် စိတ်ရှုပ်ထွေးနေသည်။ သူမရဲ့ မင်းသားလေးက ဘာပြောလိုက်တာလဲ ... ကျော်ဝမ်ယွီက သူ့အဖေတဲ့လား ... ကျောက်ဝမ်ယွီရဲ့ မျိုးရိုးကကျောက်လေ ... ဝမ်မင်ယီရဲ့ မျိုးရိုးနာမည်က ဝမ်လေ ...
" ဒါရိုက်တာကျောက်က မင်မင့်အဖေလား ..."
ချန်လု မယုံနိုင်သေးပေ။
" ဟုတ်ပါတယ် ..."
" ဒါပေမဲ့ မင်မင်က ဝမ်မျိုးရိုးလေ ..."
" ကျွန်တော်က အမေ့မျိုးရိုးနာမည် ယူထားတာပါ ... ဝမ်မင်ယီက ကျောက်မင်ယီဆိုတဲ့ နာမည်ထက် ပိုကောင်းတယ်မလား ..."
ဝမ်မင်ယီ ရှင်းပြလိုက်သည်။
ချန်လု : ဝမ်မင်ယီက ပိုကောင်းမယ်ထင်တယ် ...
" ဒါဆို ဗီဗီယန်နဲ့ ဒါရိုက်တာကျောက်က လင်မယားပေါ့ ..."
" ဟုတ်တယ် ..."
ချန်လု : ထူးခြားဆန်းကြယ်တဲ့အရာတစ်ခုကို ငါသိလိုက်ရသလို ခံစားချက်ကြီးပါလား ...
" ကျွန်တော်စားနေတုန်းမို့ ဖုန်းချလိုက်မယ်နော် ... လေဆိပ်မှာ ညနေ၃နာရီထိုးရင်တွေ့ကြမယ်လေ ..."
" အေးပါ အေးပါ ..."
ချန်လု ဖုန်းချလိုက်သည်။
သူမ စိတ်ငြိမ်ငြိမ်ထားရန် လိုနေသည်။ ဤသတင်း၏ အရှိန်အဝါက အလွန်ကြီးမားလှသည်။
သူမရဲ့ အနုပညာရှင်လေးက ကျောက်ဝမ်ယွီရဲ့သားတဲ့လား ... ဘယ်သူက ယုံနိုင်မှာလဲ ...
လုယွင်ဖေးက ဖုန်းချလိုက်သည်ကိုမြင်သည့်အခါ သူ့ကိုမေးလိုက်သည်။
" မင်းရဲ့ အေးဂျင့်လား ..."
" ဟုတ်တယ် ..."
" မင်းအဖေက ကျောက်ဝမ်ယွီဆိုတာ သူ့ကိုကြိုမပြောပြထားဘူးလား ..."
ဝမ်မင်ယီ ပြုံးပြလိုက်သည်။
" အံ့သြအောင် လုပ်လိုက်တာလေ ..."
" တကယ့် အံ့ဩစရာကိစ္စကြီးပဲ ..."
" အဲ့ဒါကြောင့် သူမကို စိတ်ငြိမ်အောင်အချိန်ပေးလိုက်တာလေ ..."
ညနေသုံးနာရီထိုး၍ လေဆိပ်တွင်ဆုံကြသည့်အခါ ချန်လုက စိတ်ငြိမ်သွားပြီဖြစ်သည်။ သူက ဝမ်မင်ယီကို အထက်အောင် ဘေးဘယ်ညာကြည့်လိုက်သည်။
" ချန်ကျဲကို မပြောပြထားသေးတာ ဘာရှိလဲ ... အခုပြောပြ ... ငါတောင့်ခံထားတယ် ..."
" အဲ့လိုမရှိပာဘူး ... ကျွန်တော့မိဘတွေက ကွာရှင်းပြီး တစ်အိုးတစ်အိမ်ထူးထောင်ထားကြတာမဟုတ်ဘူးလေ ... ကျွန်တော့်မှာ မိဘနှစ်ပါးလုံးရှိသေးတာလည်း ချန်ကျဲသိတာပဲ ..."
" ဒါဆို တော်သေးတာပေါ့ ... နောက်တစ်ခါဆို ငါ့နှလုံးသားထဲ တောင့်မခံထားနိုင်တော့လောက်ဘူး ..."
ချန်လုက ရင်ဘတ်ကို ပုတ်နေသည်။
ဝမ်မင်ယီက ပြုံးပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
" မင်းရဲ့ နောက်ခံအင်အားနဲ့များ talent showကို ဝင်ပြိုင်နေသေးတယ် ... တီဗီဇာတ်လမ်းတွဲတွေ ရိုက်လို့ရတယ်လေ ... ဒါမှမဟုတ် ဒါရိုက်တာကျောက်ရဲ့ရုပ်ရှင်နဲ့ ပွဲဦးထွက်လို့ရနေတာကို ... တခြားလူတွေနဲ့ ပြိုင်နေဖို့မှ မလိုတာ ..."
ချနိလု နားမလည်နိုင်ဖြစ်နေသည်
" အဲ့ဒာက မတူဘူးလေ ... တကယ်လို့ ကျွန်တော်သူ့ရုပ်ရှင်တွေနဲ့ ပွဲဦးထွက်လိုက်ရင် ကျွန်တော်တို့ကြားက တော်စပ်မှုကို တစ်ယောက်ယောက်က ဖော်လိုက်မှာပဲ ... အနာဂတ်မှာ ကျွန်တော်ဘယ်လောက်နာမည်ကြီးပြီး အောင်မြင်ပါစေ ကျောက်ဝမ်ယွီရဲ့သားဆိုတဲ့ ခေါင်းစဉ်အောက်က ထွက်လို့ရတော့မှာ မဟုတ်ဘူး ... Talent howမှာပါပြီး ကြော်ငြာတွေရိုက် ဓာတ်လမ်းလေးတွေရိုက်ပြီး နာမည်ရလာမှ သူ့ရုပ်ရှင်မှာပါလိုက်တော့ ကျွန်တော်က သူ့သားမဟုတ်ပဲ သရုပ်ဆောင်ဝမ်မင်ယီဆိုတဲ့ နာမည်တစ်ခုဖြစ်လာ‌တာပေါ့ .. ကျွန်တော်က ဒါကို ပိုသဘောကျတယ် ..."
ချန်လု ခေါင်းငြိမ့်လိုက်သည်။
" ဒါလည်း ဟုတ်တာပဲ ..."
" ကျွန်တော်ပြောတာကို ယုံတာလား ..."
ချန်လု စိတ်ရှုပ်သွားသည်။
" ဟမ် ငါ့ကိုလိမ်တာလား ..."
" အဲ့ဒါက လိမ်တယ်ပြောလို့ မရပါဘူး ... တကယ့်အကြောင်းပြချက်က အဲ့လောက်မလေးနက်တာပဲရှိတယ် ..."
ဝမ်မင်ယီ ရှက်သွားသဖြင့် အတော်ကြာအောင် ရယ်လိုက်သည်။
" ကျွန်တော်က အဖေ့ကို သဘောမကျဘူးလို့ပြော‌တယ်လေ ... ကျွန်တော့်အဖေက talent showက တက်လာတဲ့လူတွေကို သဘောမကျလို့ ကျွန်တော်တမင်လုပ်ခဲ့တာ
ခ်န္လု "...."
ဒီကောင်လေး တော်တော်ကလေးဆန်တာပဲ ... ယုံတောင်မယုံနိုင်ဘူး ...
" တကယ်လို့ တခြားသူတွေက မင်းနဲ့ ဒါရိုက်တာကျော်ရဲ့တော်စပ်မှုကိုသိသွားပြီး ဘာလို့လဲမေးရင်တော့ အမှန်အတိုင်းပြောပြသင့်တယ် ..."
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်သည်။
" စိတ်မပူပါနဲ့ ..."
သူတို့နှစ်ယောက် ခရီးစဉ်တစ်လျှောက်လုံး လေယာဉ်ပေါ်တွင် စကားပြောသွားကြသည်။
တစ်ဖက်တွင်မူ ကျန်းဇီမော့က ဖုန်းကိုကိုင်ထားပြီး စုန့်ချန်ကို လူတွေ့စစ်ဆေးမှု၏ ရလဒ်ကိုမေးရန် တွန့်ဆုတ်နေမိသည်။
ရလဒ်ကတော့ ဘာမှန်းမသိသေးဘူး ... စုန့်ချန်ကသူ့ကို အကြံပြုထားတာဆိုတော့ အရွေးခံရလောက်မှာပါနော် ...