Chapter 157
ရုံရှားက ပန်းဟွာကို ဤမေးခွန်းအား ရုတ်တရက် မေးလာဖို့ မမျှော်လင့်ထားချေ။သူ ပန်းဟန်ကိုကြည့်ကာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
ဤကိစ္စမှာ ပန်းဟွာ အား ဝင်မပါဝင်စေချင်ပေ။ထို့ကြောင့် သူမအား အသိမပေးဘဲ သူမအတွက် ထွက်လမ်းရှာခဲ့သည်။ မအောင်မြင်ပါက ဘန်ဟန်အား ဤအစီအစဉ်များနှင့်မသက်ဆိုင်ကြောင်း ဖြေရှင်းရမည်။ထို့အပြင်၊ သူမသည် ကျန်းမိသားစု၏ သွေးသား ပါဝင်သောကြောင့် သူမ ကောင်းမွန်သောဘဝတွင် ဆက်လက်ရှင်သန်နေနိုင်သည်။
ထို့ကြောင့် ပန်းမိသားစု၏ အာဏာနှင့် ဆက်သွယ်မှုများကို တမင်တကာ ရှောင်ရှားခဲ့ပြီး ဘန်မိသားစုအား သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ပါဝင်ခွင့်မပြုခဲ့ပေ။သူ လျှို့ဝှက်ထားပြီး ရည်မှန်းချက်ကိုတောင် ထုတ်မပြပေ။သိုပသော် ဟွာဟွာက ဤကိစ္စကို ဘယ်လို ခန့်မှန်းမိသွားမှန်း သူနားမလည်ပေ။
အခန်းက တိတ်ဆိတ်သွား၏။
ပန်းဟွာသည် လက်ရာမြောက်သော လက်ဖက်ရည်ခွက်နှစ်ခွက်ကိုယူကာ လက်ဖက်ရည်များ ငှဲ့၍ တစ်ခွက်ကို ရုံရှား ၏လက်ထဲသို့ ထည့်လိုက်သည်။
"ဖြေးဖြေးချင်းစဉ်းစားပါ၊ကျွန်မက အလျင်လိုနေတာမဟုတ်ပါဘူး"
"ဟွာဟွာ၊ မင်း ဘာသိချင်တာလဲ" ရုံရှား က လေးလံသော လက်ဖက်ရည်ခွက်ကို ခါးသီးစွာပြုံးပြီး တစ်ဝက်ကို သောက်လိုက်သည်။
"ကျွန်မကို ဖုံးကွယ်ထားတာကိုသာ ပြောပြပါ" ပန်းဟွာက မျက်ခုံးပင့်ကာ အပြုံးမပျက်ဖြင့် သူ့ကို ကြည့်သည်။ "ရှင် အခု တရားရုံးကို သွားစရာ မလိုဘူး၊ ကျွန်မလည်း လုပ်စရာ မရှိဘူး၊ ရှင် ဖြည်းဖြည်းချင်း ပြောနိုင်တယ် ၊ ကျွန်မလည်း ဖြည်းဖြည်းချင်း နားထောင်နိုင်တယ်"
ရုံရှား ခါးသီးစွာပြုံး၍ လက်ဖက်ရည်ခွက်ကို ချလိုက်ချင်သော်လည်း ပန်းဟွာ သူ့ကို တားလိုက်သည်။
"လက်ဖက်ရည်ခွက်ကို မချပါနဲ့၊ ရှင် စကားပြောရင်း ရေဆာနေမယ်"
ထိုအခါ ရုံရှား လက်ဖက်ရည်ခွက်ကို ပြန်ကိုင်လိုက်၏။
"အင်း ဖြည်းဖြည်းနားထောင်၊ ကိုယ်လည်း ဖြည်းဖြည်းပြောမယ်"
"ငယ်ငယ်တုန်းက အမေက ကိုယ့်ကိုမချစ်ခဲ့ဘူး၊ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို မွေးပြီး အမေက ကိုယ်အလေးချိန်တက်လာတယ်၊ဘယ်လိုပဲလုပ်လုပ် အရင်လိုပြန်မပိန်တော့ဘူး"
သူ၏ လေသံက ပျော့ပျောင်းနေသည်။ သူ့အမေ၏ ခံစားချက်ကို နားလည်ပေးခြင်းမရှိပေ။
"ဒါပေမယ့် ကံကောင်းတာက ကိုယ် ငယ်ငယ်ကတည်းက ရုပ်ရည်ချောမောတယ်၊ အမေက တဖြည်းဖြည်း ကိုယ့်ကို ပိုချစ်လာပေမယ့် စည်းကမ်းတော့ နည်းနည်း တင်းကြပ်တယ်၊ ကိုယ်က အစ်ကိုကြီးလောက် မတော်ဘူးလို့လည်း သူမထင်ေနတယ်"
ဇာတ်လမ်းအစကိုကြားတော့ ပန်းဟွာ ပေါက်ကွဲသွား၏။
"အဓိပ္ပာယ်မရှိလိုက်တာ၊ ဘယ်သူမှ မွေးလာဖို့ မရွေးချယ်ထားဘူးလေ၊ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင်တောင် ကိုယ့်ကိုကိုယ် ဒါမှမဟုတ် ရှင့်အဖေကို အပြစ်တင်ရမှာ၊ ဘာမှမသိတဲ့ရှင့်ကို ဘာလို့ အပြစ်တင်ရမှာလဲ"
သူမ စိတ်ရှိသလောက်ပြောဆိုပြီးနောက် သူမပြောနေသူမှာ သေဆုံးသွားသော ယောက္ခမဖြစ်ကြောင်း သတိရမိသည်။ သူမတော်တော် ယုတ်မာတဲ့ချွေးမဖြစ်နေတာပဲ....
သို့သော် ရုံရှားက စိတ်မဆိုး။သူမ မျက်နှာသည် ဒေါသကြောင့်နီရဲလာသည်ကိုမြင်လျှင် သူက ပြုံးပြီး "စိတ်မဆိုးနဲ့၊နှစ်တွေကြာခဲ့ပြီ"
သူမ၏ အဖိုး၊ အဖွားနှင့် မိဘများထံမှ အလိုလိုက်ခံပြီး ကြီးပြင်းလာခဲ့သည့် ပန်းဟွာသည် ငယ်စဉ်က ရုံရှား ဘယ်လိုနေထိုင်ခဲ့ရမည်ဆိုသည်ကို စိတ်ကူးပင်ယဉ်မကြည့်နိုင်ပေ။ သူမ အသက်ပြင်းပြင်းရှူပြီး နောက်ဆုံးတွင် စိတ်ကို လျှော့ချလိုက်သည်။
"နောက်ပိုင်းမှာ အဖေ့ရဲ့အလုပ်ကလည်း သိပ်မချောမွေ့တော့ဘူး၊အရင်ကလို အမေနဲ့အဖေ အချိန်သိပ်မရှိတော့ဘူး၊ကိုယ့်အဖေမှာ အငယ်အနှောင်းတစ်ယောက်ရှိနေတယ်လို့ အမေက သံသယရှိတယ်၊ ကိုယ့်ကို မွေးကတည်းက ဘယ်လောက်တောင် အနစ်နာခံခဲ့တယ်ဆိုတာ ပြောပြတတ်တယ်" ရုံရှားက လှောင်ပြောင်သလို ပြုံးလိုက်သည်။
“နောက်တော့ သူမ သေသွားတယ်၊အပြင်မှာတော့ ဖျားနာလို့သေတယ်လို့ ပြောတယ်”
"ပြောတယ်?..."
"ဟုတ်တယ်၊ ကောလဟာလတွေပဲ၊ သူမက အဆိပ်နဲ့သေတာ အဲဒီတုန်းက ကိုယ် ငယ်ငယ်လေးရှိသေးတော့ ဘယ်လိုအဆိပ်မျိုးနဲ့ အဆိပ်မိမှန်းမသိဘူး၊မနှစ်ကမှသိခဲ့တာ။သူမ (အချစ်ပဲ)အဆိပ်မိလို့ သေတယ်ဆိုတာကိုလေ၊ အဲ့ဒီအချစ်ပဲကို ကိုယ့်အဖေ ပေးတာ"
ပန်းဟွာ အေးခဲသွားသလို ခံစားလိုက်ရသည်။ ရုံရှား ၏မိခင်သည် မိမိကိုယ်ကို သတ်သေခြင်း သို့မဟုတ် လူသတ်မှုဖြင့် သေဆုံးခဲ့သည် ။
သူမကို ဘယ်သူသတ်တာလဲ။
သူမကို မနာလိုတဲ့သူကလား ဒါမှမဟုတ် ... ရုံရှား ရဲ့အဖေလား။
ပန်းမိသားစုသည် အလွန်သဟဇာတဖြစ်ခဲ့သည်။ ပန်းဟွာသည် မိသားစုထဲတွင် ရန်ပွဲများ။ဖြစ်သည်ကို မတွေ့ကြုံခဲ့ရသော်လည်း သူမ၏ သူငယ်ချင်းများထံမှ အကြောင်းအရာတချို့သိခဲ့ရ၏။ယင်းမှာ အဓိကဇနီးသည် ကိုယ်လုပ်တော်၊ မယားငယ်များကို အရှက်ခွဲတတ်သည်။ထိုအခါ ထိုဒုတိယဇနီးများသာ် ခင်ပွန်းသည်အား အဓိကဇနီး၏မကောင်းကြောင်းများကိာ တီးတိုး ပြောဆိုသည်။ သို့ဖြင့် နောက်ပိုင်းမှာ မကျေနပ်ချက် အမျိုးမျိုး စုစည်းပြီး နာမည်ကြီး ဇာတ်လမ်းတစ်ပုဒ်အဖြစ် ရေးသားနိုင်သည်အထိ ဇာတ်လမ်းကရှုပ်ထွေးလာတော့သည်။
ရုံရှား စကားက်ို သူမကြားလိုက်ရလျှင် သူမ၏ ပထမဆုံး အတွေးက အရင်က ကြားခဲ့ရသည့် မိသားစုလျှို့ဝှက်ချက်ပင်။
ရုံရှားသည် သူမ၏ ထူးဆန်းသော မျက်နှာထားကိုမြင်ပြီး နားလည်မှုလွဲသွားသည်ကို သိလိုက်သည်။ သူက ဆက်ပြောသည်-
"အဖေနဲ့ အမေက အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတယ်၊အဖေ့မှာ မယားငယ် မရှိဘူး၊ အမေ ဆုံးပါးသွားတဲ့အခါ အဖေက အမေ့ကို လွမ်းဆွတ်ပြီး ကဗျာတွေ စာတွေ တနေကုန် ရေးတတ်တယ်၊သူမ ဖျားနာပြီး ကွယ်လွန်တဲ့နေ့မှာပဲ သူလည်း အမေနဲ့အတူ သင်္ဂြိုဟ်ချင်တယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့ဖူးတယ်"
မတူညီသည့် အချိန်မှာ မွေးဖွားပြီး သင်္ချိုင်းတစ်ခုတည်းမှာပဲ သေဆုံးသွားချင်တာမျိုးဖြစ်မည်။
ကြည်နူးစရာကောင်းသည့် အချစ်ဇာတ်လမ်းမှန်း သိသာထင်ရှားလှသော်လည်း ပန်းဟွာ ကတော့ သိပ်ပြီးမခံစားခဲ့ရချေ။ ဤသည်က ဘက်လိုက်ခြင်းမျိုးဖြစ်နိုင်သည်။ သူမကတော့ ခင်ပွန်းဖြစ်သူ ရုံရှား ၏ဘ၀ကို သူ့မိဘများ၏ အချစ်ဇာတ်လမ်းထက် ပိုဂရုစိုက်သည်။
"ဒါပေမယ့် တကယ်တမ်းတော့ အဖေက သာမန်အတိုင်း သေတာမဟုတ်ပါဘူး၊ အမေ့လိုပဲ အချစ်ပဲ အဆိပ်သင့်ပြီး သေဆုံးသွားတယ်" ရုံရှားသည် လက်ဖက်ရည်အေးကို သောက်လိုက်သည်။ "ဒါပေမယ့် သူကိုယ်တိုင်ကလည်း အသက်မရှင်ချင်ဘူးလို့ ထင်တယ်၊အဆိပ်မခတ်ခံရရင်တောင် နှစ်ပေါင်းများစွာ ကြာအောင် အသက်ရှင်ဖို့ မလွယ်ဘူး"
“နောက်တော့ အစ်ကိုအကြီးဆုံးလည်း ဖျားတယ်၊သူ တနေ့ထက်တနေ့ ပိုပိန်လာတယ်၊ သူ မသေခင်မှာ အဖေ့ရဲ့ရာထူးကို ဆက်ခံဖို့ အမိန့်ပြန်တမ်း မရခဲ့ဘူး၊မရီးဖြစ်သူကလည်း ဝမ်းနည်းစရာကာလမှာ အိမ်ပြန်တုန်း မတော်တဆ ကိုယ်ဝန်ပျက်ကျသွားတယ်” ရုံရှား ၏ မျက်လုံးများသည် ထောင့်ရှိ ပန်းအိုးပေါ်တွင် ရောက်ရှိသွားသည်။
"နောက်ဆုံးတော့ မိသားစုထဲမှာ ကိုယ် တစ်ယောက်ထဲပဲ ကျန်တော့တယ်"
"အခု ရှင့်မှာ ကျွန်မ ရှိတယ်လေ..." ရုံရှား ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ "ဒီအိမ်ဟာ ခမ်းနားထည်ဝါတဲ့ အိမ်ကြီးမဟုတ်ပေမယ့် ဗလာကျင်းနေတဲ့ အိမ်လေးက ပြန်စည်ကားလာခဲ့တယ်"
“ဒီ…” ပန်းဟွာက ခေါင်းကို လှည့်ကာ “ဒီအကြောင်း မပြောကြစို့နဲ့"
သူမသည် ထိုအရာများကို တွေ့ကြုံခံစားခဲ့ရသော ရုံရှား ၏ စကားကို နားထောင်ရုံဖြင့် ဝမ်းနည်းသွားရသည်။
ရုံရှားက သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
"ကိုယ် ဒီအရာတွေကို စိတ်ထဲမှာ ဝှက်ထားပြီးတော့ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး...ဟွာဟွာ၊ ကိုယ်နဲ့ ခဏလောက်ထိုင်ပေးလို့ရမလား"
ပန်းဟွာက နှုတ်ခမ်းကို ဖွဖွကိုက်ကာ ခေါင်းညိတ်သည်။
"မင်းဝမ်းနည်းနေစရာ မလိုပါဘူး၊ ဒီအတွေ့အကြုံတွေက ကံကောင်းလို့ရတာတော့ မဟုတ်ပေမယ့် အနည်းဆုံးတော့ မင်းကို တွေ့ရတာ ကိုယ် ကံကောင်းခဲ့တယ်လေ"
"ဒီအချိန်မှာတောင် စကားက တတ်တုန်း..."
"အပို မပြောပါဘူး၊ အမှန်အတိုင်းပဲ ပြောတာပါ"
"ရှင် တခြားအကြောင်းတွေပြောဦးမှာလား၊မဟုတ်ရင် ကျွန်မ အိပ်တော့မယ်"
ရုံရှားက သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ "ဆက်ေပြာမယ်။ မသွားနဲ့.."
"အစ်ကိုကြီးဖျားပြီး ဆုံးသွားတော့ သူသောက်တဲ့ ဆေးဝါးတွေက ခန္ဓာကိုယ်အတွက် အရမ်းအန္တရာယ်များတယ်ဆိုတာ သိလိုက်ရတယ်၊ လူတွေက သူတို့ကိုယ်သူတို့ လန်းဆန်းအောင် သောက်ကြတတဲ့ ဆေးတွေပေါ့၊ ဒါပေမယ့် တကယ်တမ်းကျတော့ လွယ်လွယ် သောက်တိုင်း မကောင်းဘူး၊ကိုယ်က အဲဒီတုန်းက ဆယ်ကျော်သက်အရွယ်ပဲရှိသေးတာ၊သံသယဖြစ်စရာတစ်ခုခုတွေ့ရင်တောင် ဘယ်သူ့ကိုမှ ယုံကြည်ရမှန်း မသိတာကြောင့် ဘယ်သူ့ကိုမှ မပြောရဲတော့ဘူး"
"ပြဿနာတွေက ပိုများလာတယ်။ နောက်ဆုံးတော့ နောက်ကွယ်က ချုပ်ကိုင်သူ ဘယ်သူလဲဆိုတာ သိလိုက်ရတယ်" ခဏရပ်ပြီး ရုံရှား က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "အဲဒါ ဧကရာဇ်ပဲ"
သူက ပန်းဟွာကို ငုံ့ကြည့်ကာ သူမက ဧကရာဇ်အား ကာကွယ်ပြောပေးမည်ဟု တွေးနေခဲ့သည်။ မထင်မှတ်ဘဲ၊ သူမသည် တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေပြီး ဧကရာဇ်ကို ကာကွယ်ရန် ရည်ရွယ်ချက်မရှိပေ။
"ဧကရာဇ်က ကိုယ့်ကို ကြင်နာချင်ဟန်ဆောင်ပြီး လျှို့ဝှက်သူလျှိုများ၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့တယ်....."
ရုံရှား၏ လှပသောမျက်လုံးများသည် သရော်လိုစိတ်အပြည့်ရှိသည်။
"တစ်တိုင်းပြည်လုံးက ကိုယ့်ကို လူကြီးလူကောင်းတစ်ယောက်လို့ ချီးမွမ်းကြပေမယ့် ကိုယ်ဟာ လျှို့ဝှက်အေးဂျင့်တွေရဲ့ အလုပ်ကို လုပ်နေတာဆိုတာကို သူတို့မသိခဲ့ကြဘူး"
ယခုလို ထိတ်လန့်စရာကောင်းသည့် သတင်းမျိုး ကြားရသူတိုင်း တုန်လှုပ်ချောက်ချားကြပေမည်။
ပန်းဟွာ အံ့သြတုန်လှုပ်မိသော်လည်း အခြားအရာတစ်ခုခုကြောင့်သာ သူမ အလွန်တုန်လှုပ်သွားခဲ့သည်။ "ရှင့်ရဲ့ ဓားပညာဟာ ခြောက်လှန့်ဖို့အတွက်ပဲကောင်းတာ၊ ဒါပေမယ့် ရှင်က ဘယ်လိုလုပ် လျှို့ဝှက် ခေါင်းဆောင် ဖြစ်တာလဲ"
"လျှို့ဝှက်သူလျှိုတွေရဲ့ခေါင်းဆောင်က လူသတ်သမားတွေရဲ့ခေါင်းဆောင်မဟုတ်ဘူးလေ၊ ကိုယ်ကဘာလို့ကွန်ဖူးပညာတတ်ရမှာလဲ၊ကိုယ်က အားလူံထက် ပိုထက်မြက်နေလို့ မဖြစ်နိုင်ဘူးလား"
"ဒါ ဖြစ်နိုင်တယ်၊ရှင်က ကျွန်မထက် အများကြီးတော်တယ်၊ ဆက်ပြော၊ ကျွန်မ နားထောင်နေတယ်"
ရုံရှား ခေါင်းယမ်းကာ ပြုံးလိုက်သည်။
"လျှို့ဝှက်သူလျှိုတစ်ယောက်အနေနဲ့ အလုပ်ပိုလုပ်လေလေ၊ တိုင်းပြည်တစ်ခုလုံးက အပေါက်တွေနဲ့ ပြည့်နေတဲ့ အခွံအလွတ်တစ်ခုလို ခံစားလာလေလေ၊ မျှော်လင့်ချက်တွေ ကင်းမဲ့လာလေပါပဲ၊ အဲဒီတုန်းကတော့ ဧကရာဇ်ဖြစ်ဖို့ သတ္တိရှိတဲ့ မင်းသားတစ်ပါးကို ထောက်ပံ့ရတာ ကောင်းမယ်လို့ ထင်ခဲ့တယ်"
ပန်းဟွာသည် ဧကရာဇ် ယွင်ချင်၏ သားတော်များကို တွေးတောပြီး စိတ်ရှုပ်ထွေးသောလေသံဖြင့် မေးသည်။
"သူ့ကို တွေ့ခဲ့တာလား"
ရုံရှား - "မင်း ကိုယ့်ကို ဒီမေးခွန်းမမေးဘူးလို့ ထင်ခဲ့တာ"
ပန်းဟွာ: "…"
"ဟွာဟွာ၊ ကိုယ်က လူကြီးလူကောင်းမဟုတ်ဘူး၊ ရည်မှန်းချက်ကြီးတဲ့လူပါ၊ မင်းနဲ့ မင်ူရဲ့မောင်လေး ရတနာတွေ မြှုပ်ထားတဲ့ နေရာတွေက ကိုယ်နဲ့ သက်ဆိုင်တယ်"
"ရှင်လည်း အဲဒီမှာ ပစ္စည်းတွေ မြှုပ်ထားတာလား"
ရုံရှား ရယ်လိုက်သည်။ "ဟုတ်တယ် သံထည်လေးတွေ မမြှုပ်ထားတယ်"
"သံထည်ပစ္စည်းက နည်းနည်းတော့ အဆင်မပြေဘူး မဟုတ်ဘူးလား"
ပန်းဟွာ သေသေချာချာ စဉ်းစားကြည်ြသည်။ယခင်က သူမနှင့် ရုံရှား မကြာခဏတွေ့ခဲ့ရသည်ကို မထူးဆန်းဟုထင်ခဲ့သည်။ ယခု ရုံရှားက ပြတ်ပြတ်သားသား ရှင်းပြလိုက်တော့မှ တစ်ခုခုမှားနေပြီဟု သူမ ခံစားလိုက်ရ၏။
ပထမအကြိမ်က မနက်အစောကြီးဖြစ်ပြီး ဒုတိယတစ်ကြိမ်ကတော့ မှောင်လုနီးပါးဖြစ်နေပါပြီ။ ဒီအချိန်မှာ ဘယ်သူက တောကိုသွားမှာလဲ။
ထိုသို့တွေးရင်း သူမ လည်ပင်းနောက်ကျောမှာ အေးစက်သွားသလို ခံစားလိုက်ရ၏။ တော်သေးသည်။ ရုံရှားက သူမကို နှုတ်ပိတ်ဖို့ မသတ်ခဲ့။
"ရှင် ကျွန်မတို့ကို နှုတ်ပိတ်ဖို့ မသတ်ခဲ့တာ ကံကောင်းသွားတာပေါ့"
" တခြားတစ်ယောက်ဆိုရင် ကိုယ် ဒီလမ်းကို ရွေးချယ်ရလိမ့်မယ်။ ဒါပေမယ့် မင်းနဲ့ကျတော့ ကွာသွားတယ်"
"ဘာလို့လဲဆိုတော့ ကျွန်မက အရမ်း လှလို့လေ"
ရုံရှား က တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။သို့သော်လည် ဤသည်က သူမတို့အား အသက်ချမ်းသာပေးသော အကြောင်းရင်းအစစ်အမှန်မဟုတ်ပေ။ဘာကြောင့်လဲ ဆိုတော့ မောင်နှမများသည် သူ့လျှို့ဝှက်ချက်ကို ရှာဖို့ ဦးနှောက်မရှိတာကြောင့်ပင်။ဤအကြံအစည်အကြောင်းကို ပန်းဟွာကို မပြောခဲ့ပေ။ မဟုတ်လျှင် သူ စာကြည့်ခန်းထဲမှာ အိပ်နေရပေမည်။
"ရှင် အရမ်းလူကိုကြည့်တဲ့ အမြင်ရှိတယ်..." ပန်းဟွာ သည် ရုံရှား ၏ ပခုံးကို ပုတ်ကာ တိတ်ဆိတ်နေခဲ့သည်။
"ဟွာဟွာကို ကိုယ် မငြိတွယ်ချင်ဘူး၊ ပန်းမိသားစုနဲ့ မရောယှက်ချင်ဘူး၊ ကိုယ် ကျရှုံးရင် မင်း မသိသလို ဟန်ဆောင်ပါ၊တခြားအရာအားလုံးကို စီစဉ်ပြီးပြီ၊မင်းကို ပါဝင်ခွင့်မပြုနိုင်ဘူး'
"ဘာတွေပတ်သတ်နေလို့လဲ..." ပန်းဟွာက ဒေါသတကြီးပြောသည်။ "ရှင်က ကျွန်မ ခင်ပွန်းပဲ၊ ရှင် လုပ်ခဲ့တာ ကျွန်မနဲ့ဘာမှမဆိုင်ဘူးလို့ ပြောရင် လူတွေက ကျွန်မကိုယုံမှာမလို့လား"
“အိမ်ရှေ့စံ နန်းတက်ရင် ယုံလိမ့်မယ်”
"အိမ်ရှေ့စံက သူရဲဘောကြောင်တယ်၊ တိုင်းပြည်ကို သူ ဘယ်လိုအုပ်ချုပ်နိုင်မှာလဲ၊ နောက်ပြီး အိမ်ရှေ့စံ သေသလား၊ ရှင်သလားတောင် မသိပါဘူး၊ ရှင် အရမ်းအတွေးလွန်နေပြီ"
"မင်း ကိုယ့်ကို အပြစ်မတင်ဘူးလား" ပန်းဟြွာ သူ့ကို နေ့တိုင်း ခံစားချက်သစ်များ ပေးသည်ဟု ရုံရှား ခံစားရ၏။ "ကိုယ် လိုချင်တာက ဒီကမ္ဘာ..."
"အဲဒါ မကောင်းဘူးလား၊ရှင် ဧကရာဇ်ဖြစ်လာရင် ကျွန်မလည်း ဧကရီဖြစ်မယ်...ရှင် လုပ်ချင်တာလုပ်၊ ကျွန်မ မတားဘူး"
"ဧကရာဇ်က …"
"ကျွန်မ အရူးမဟုတ်ဘူး၊ ပန်းမိသားစုနဲ့ အာဃာတဟောင်းတွေအကြောင်း အဖွားက ကျွန်မကို တစ်ခါမှ မပြောဖူးပေမယ့် ကျွန်မစိတ်ထဲမှာ မှန်းဆချက်တချို့ရှိပါတယ်၊ မယုံဝံ့တာပါ"
ဧကရာဇ်သည် သူ၏ငယ်ဘဝ သူငယ် အဆိပ်ခတ်နိုင်သည်။ သူမ အဖိုးကို မသတ်ဝံ့စရာဘာရှိလဲ...
"အဖွား မတော်တဆမှုဖြစ်တဲ့နေ့မှာ ကိုယ် သူမဆီကို သွားလည်ခဲ့တယ်၊ သူမက ငါ့ကို တစ်ခုခု ပေးခဲ့တယ်"
"အဖွားက ဘာပေးတာလဲ...ရှင့်ကို"
"စစ်တပ်သုံးခုရဲ့ ကျားတံဆိပ်"
"ဘာပြောလိုက်တယ်...." ပန်းဟွာက ရုံရှား ကို ထိတ်လန့်စွာကြည့်နေသည်။ "ကျားတံဆိပ်က ပျောက်နေတာကြာပြီမလား၊ ဧကရာဇ်က လူထုကို မကြေငြာခဲ့တာပဲရှိတာ"
ဒီလောက်အရေးကြီးတဲ့အရာက အဖွားရဲ့လက်ထဲမှာ အမြဲရှိနေခဲ့တာလား။ အဖွားက ရုံရှား ကို ဘာလို့ပေးတာလဲ။ရုံရှားရဲ့ အတွေးတွေကို သူမက သိထားရက်နဲ့ ကျားတံဆိပ်ကိုပေးတာဟာ ရုံရှားကို ကျန်းမင်းဆက်ကို ပုန်ကန်ခိုင်းတာလား...
ဧကရာဇ် ယွင်ချင်အပေါ် မြင်သော ပန်းဟွာ၏ ခံစားချက်များသည် အလွန်ရှုပ်ထွေးသွားရသည်။ ဧကရာဇ်က သူမကို ဂရုစိုက်သည့်အတွက် ကျေးဇူးတင်မိသော်ငြား၊ ဧကရာဇ်သည် သွေးအေးပြီး နှလုံးသားမရှိသူဖြစ်ကာ အရိပ်နေနေ အခက်ချိုးချိုး လုပ်တတ်သူပင်။သူမ၏ အဘိုးသည် ငယ်ငယ်လေးကတည်းက သူမကို ချစ်ရှာသည်။သူနှင့် ပတ်သက်သည့် အမှတ်တရတိုင်းဟာ ပျော်ရွှင်စရာချည်းပင်။
ဧကရာဇ်ကို သူမလက်ဖြင့် အန္တရာယ်ပြုရန် မစွမ်းဆောင်နိုင်သော်လည်း သူမ၏အဖိုး နစ်နာခဲ့ရသည်ကိုတော့ မသိဟန်ဆောင်၍မရပါပေ။
သူမ ရုံရှားကို စိုက်ကြည့်နေရင်း "ရှင် အောင်မြင်လိမ့်မယ်"
ကျန်းမင်းဆက်သည် နောက်ဆုံးတွင် ခေတ်သစ်တစ်ခုသို့ ဦးတည်သွားမည်ဖြစ်သည်။ မင်းဆက်တစ်ခုသည် အထွတ်အထိပ်ရောက်ပြီးသောအခါ မလွဲမသွေ ကျဆင်းသွားလိမ့်မည်။မင်းဆက်အသစ်ကို အစားထိုးခြင်းဖြင့်သာ ပြန်လည်ဦးမော့စေနိုင်၏။
ရုံရှားသည် သူ ဝန်ခံပါက မုန်တိုင်းတစ်ခုတိုက်ခတ်မည်ဟုထင်ထားသော်လည်း ယခုလို မိုးဖွဲလေးဖြစ်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤကြီးမားသော ခြားနားချက်သည် "ပျော်ရွှင်မှုက ရုတ်တရက် ရောက်လာတတ်သည်" ဟူသော ဆိုးရိုး၏အဓိပ္ပါယ်ကို သူ နားလည်စေခဲ့သည်။
ပန်းဟွာက ရုံရှားကို ရှက်ရွံ့စွာ ကြည့်လိုက်ကာ " ကျားတံဆိပ်ရဲ့ ပုံကို ကျွန်မကို ကြည့်ခွင့်ပြုပါလား၊ ကျွန်မ အရမ်းသိချင်နေတယ်"
xxxxx