အပိုင်း၁၅၉
Viewers 14k

Chapter 159


 စစ်သားများသည် အပြစ်ရှိစိတ်ကြောင့် ပန်းဟွာ၏ မျက်လုံးများကို မကြည့်ဝံ့ကြ။ သူတို့အားလုံးမှာ အရွယ်ရောက်ပြီးသား သူများဖြစ်သော်လည်း မကောင်းမှုတစ်ခုခု လုပ်ခဲ့သည့် တရားခံများလို မလုံမလဲဖြစ်နေကြသည်။


ပန်းဟွာသည် သားရေဖိနပ်ငယ်နှင့် ရွှေရောင်ဖျော့ပျော့ချပ်ကာကို ၀တ်ထားသည်။ သူမ၏ဆံပင်ကို လှပသော ကျောက်စိမ်းသရဖူဖြင့် ချည်နှောင်ထား၍ ရဲရင့်ပြီး ခံ့ညားသော ရောင်ဝါရှိသည်။ သူမကိုသာ မိန်းမမှန်းမသိပါက၊ ဘယ်မိန်းကလေးမဆို သူမကို  မြင်မြင်ချင်း ချစ်မိသွားနိုင်၏။


ချောက်..ချောက်


ပန်းဟွာ ဓားကို ခါးမှာချပ်ပြီး စစ်သားများရှေ့မှာ လျှောက်သွားနေသည်။  


"ညဉ့်နက်ပြီ၊ရှင်တို့ ဘာလို့ မအိပ်သေးတာလဲ၊ ဘာတွေပြောနေတာလဲ"


စစ်သားငယ်တစ်ဦးသည် ငယ်ရွယ်သေး၍ စိတ်ကို အေးချမ်းအောင် မထားနိုင်ပေ။ 


 "ကျွင်းကျူး ကျွန်တော်တို့က သာမန်ပြည်သူတွေကို ကူညီဖို့ ကြိုးစားနေတာပါ"


 "သြော် ဟုတ်ပါပြီ...."

 

ပန်းဟွာက နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။  ထို့နောက် သူမက အသက်ပြင်းပြင်းရှူကာ "ဘာတွေဖုတ်နေတာလဲ"


 “ဒါက… ပြင်ပနိုင်ငံငယ်လေးက သွင်းလာတဲ့ ဈေးပေါတဲ့ အစားအသောက်ပါ ၊စိုက်ရတာလည်း လွယ်တယ်၊ ဒါပေမယ့် စားရင် အရမ်းအရသာရှိတာ"


စစ်သားငယ်သည် အနက်ရောင်အဝိုင်း အရာတစ်ခုကို မီးထဲမှ ထုတ်ယူလိုက်သည်။ 


 "ဒါပေမယ့် ခဏခဏ စားလို့လည်း ကောင်းပါတယ်"


 "မင်းတို့ ဘိုးဘေးတွေက ငါ့အဘိုးအောက်မှာ အလုပ်လုပ်ဖူးလား" 


ပန်းဟွာသည် ဤစစ်သားငယ်က ရင်းနှီးပုံပေါက်သည်ဟု ခံစားမိသည်။  အဖိုးဖြစ်သူ၏ စစ်သားများထဲက တစ်ယောက်ဖြစ်ပုံရသည်။


 "ကျွင်းကျူး ကျွန်တော့်ရဲ့အဖိုးက စစ်သူကြီးပန်း လက်ထက်မှာ ရှေ့ပြေးအရာရှိဖြစ်ခဲ့တာပါ"


ပန်းဟွာ၏ အဘိုးကို ပြောလာသောအခါ စစ်သား၏ မျက်လုံးများ တောက်ပလာသည်။  "ကျွင်းကျူး သူ့ကို မှတ်မိနေမယ်လို့ မထင်ပါဘူး"


 "ငယ်ငယ်တုန်းက မင်းအဘိုး ငါ့အိမ်ကို ဧည့်သည်အဖြစ် လာခဲ့ဖူးတယ်" 


 အလွန် ပျော်တတ်သော အဘိုးအိုတစ်ဦးဖြစ်ကြောင်း သတိရမိသည်။ သူသည် တောင်ဘက်၌သာ ရှာတွေ့နိုင်သော ကလေးကစားစရာပစ္စည်းများကို သူမအတွက် ယူလာခဲ့ဖူးသည်။


  "အဘိုးကပြောဖူးတယ်၊ မင်းအဘိုးက အရမ်းတော်တဲ့သူတဲ့"


 ဤချီးကျူးစကားများသည် စစ်သားငယ်အား ပျားရည်သောက်လိုက်ရသကဲ့သို့ ခံစားရစေသည်။သူ့ ရင်ဘတ်ကို မားမားမတ်မတ်ထားလိုက်၏။သူ့သွေးများကလည်း ပွက်ပွက်ဆူနေပြီး အခုအချိန်မှာ တိုက်ပွဲဝင်ဖို့ပင် အသင့်ဖြစ်နေပေပြီ။


"ဒါပေမယ့် အခု ကျွန်မတို့က စစ်တပ်စခန်းမှာ ရောက်နေတာ၊ကျွန်မကို ရာထူးနာမည်တပ်ပြီး ခေါ်စရာ မလိုဘူး၊ကျွန်မကို စစ်သူကြီးပန်းလို့ခေါ်ရင်ရပြီ"   


ပန်းဟွာသည် ငုတ်တုတ်ထိုင်ကာ ကန်စွန်းဥအား အခွံခွာလိုက်သည်။ သို့သော် ပူလွန်းတာကြောင့် သူမ မတို့ရဲမကိုင်ရဲဖြစ်နေ၏။  


"ကျွန်မက အဘိုးလောက် မတော်သေးပေမယ့် စစ်တပ်ရဲ့ စည်းကမ်းတွေကိုတော့ သိနေပါတယ်၊ ကျွန်မက မိန်းမတစ်ယောက်မို့လို့ဆိုပြီး အထင်မသေးပါနဲ့"


 လှပသွယ်လျသောလက်ချောင်းများဖြင့် စူးစမ်းလိုစိတ်ရှိသော ကလေးတစ်ယောက်လို၊ ကန်စွန်းဥများအား ကိုင်ကြည့်နေသည်ကို စစ်သူကြီးများက စောင့်ကြည့်နေကြသည်။  ယင်းကြောင့် စစ်သူကြီးပန်း ဆိုသော စကားက သူမနှင့်မလိုက်ဖက်ပေ။


သို့သော် ဤမြင်ကွင်းကြောင့် နဂိုက တရားရုံးကို မကောင်းကြောင်းပြောခဲ့၍ ကြောက်ရွံ့နေခဲ့ကြတာပင်။


 "စစ်သူကြီးပန်း" 


ပန်းဟွာသည် ထင်ရှားကျော်ကြားသော စစ်သူကြီးတစ်ဦးမှ ဆင်းသက်လာခြင်းကြောင့် စစ်သားငယ်က ထိုအတိုင်းပင် ခေါ်လိုက်သည်။

 

"စောစောက ကျွန်တော်တို့ စကားနဲ့ လုပ်ရပ်တွေက မသင့်တော်သလို ဖြစ်သွားပါတယ်၊ တောင်းပန်ပါတယ်"


 "ရှင်မှန်ပါတယ်" 


ပန်းဟွာသည် ကန်စွန်းဥ၏ အတွင်းပိုင်း နူးညံ့မှုကို မြည်းစမ်းကြည့်သည်။ ချိုပြီးမွှေးစိမ့်နေ၏။  


 "အပြစ်မဲ့တဲ့ ပြည်သူတွေကို ဘယ်သူက အန္တရာယ်ပြုချင်မှာလဲ”


ပန်းဟွာက ဤစကားမျိုး ပြောလိမ့်မည်ဟု စစ်သူကြီးများ မထင်ထား၍ သူမကို အံ့အားသင့်စွာ ကြည့်ကြသည်။  ခဏအကြာတွင် အသက်အကြီးဆုံး စစ်သူကြီးက "ကျွင်းကျူးက ချဲ့ကားပြောနေတာပဲ၊ ကျွန်တော်တို့က ပျင်းလာလို့ ငြီးညူမိတာပါ"


ပန်းဟွာက သူတို့အား အမှန်အတိုင်းပြောလာအောင် ရည်ရွယ်ချက်ရှိရှိ အစ်အောက်နေသည်ဟု ထိုစစ်သူကြီးက ထင်နေခြင်းပင်။


 "ပြောချင်တာပြော အရေးမကြီးဘူး၊ ဘာပဲဖြစ်ဖြစ် အပေါ်က ထိုင်နေတဲ့လူက အဆင်မပြေတာပါ"  ပန်းဟွာသည် ကန်စွန်းဥကို ချလိုက်ပြီး ပါးစပ်ကို သုတ်လိုက်သည်။  "ငယ်ငယ်ကတည်းက ကျွန်မတို့က သိပ်မတည့်ဘူး၊ကျွန်မတို့ကြားက မုန်းတီးမှုက နှစ်ကြာနေပြီ၊ ဒါကြောင့် ရှ်ငတို့ သူ့ကို အပြစ်တင်ချင်တင်ပါ၊ရှင်တို့ သူ့ကိုအပြစ်တင်ရင် ကျွန်မလည်း ဒေါသပြေတယ်"


စစ်သူကြီးများက ပန်းဟွာကို စာနာစိတ်ဖြင့် ကြည့်လိုက်ကြသည်။ သူမ၏ မိသားစုသည် မြို့တော်တွင် ဓားစာခံအဖြစ် ကျန်ရစ်ခဲ့သည်။ သူတို့သည် ဆယ်စုနှစ်တစ်ခုကျော် ဂုဏ်ကျက်သရေရှိခဲ့သော်လည်း ယခုတော့ ရာထူးများအချခံလိုက်ရသည်။ ထို့ကြောင့် လက်ရှိဧကရာဇ်ကို မကောင်းကြောင်းပြောသောအခါ သူမ သဘောကျသည်မှာ အံ့သြစရာမဟုတ်ပေ။


ငွေသံချပ်ဝတ် စစ်သားတစ်ဦးက  “ကျွန်တော်လည်း သူ့ကို ပြောချင်တာကြာပြီ၊ ဧကရာဇ်ဟာ နန်းတက်နေတာတောင် အခုထိ ကလေးဆန်ချင်တုန်း၊   လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အင်ပါယာမှာ ဘေးအန္တရာယ်တွေ ကျရောက်ခဲ့တယ်၊ လူတွေက နေစရာနေရာမရှိသလို နေရာတိုင်းမှာလည်း ငတ်နေတဲ့လူတွေရှိတယ်၊ သူနဲ့ နန်းတွင်းက အရာရှိဆိုးတွေက ဘာကိုမှ ဂရုမစိုက်ဘူး" 


ပြောရင်း ထိုသူက ဒေါသထွက်ပြီး မြေပြင်ပေါ်သို့ လက်သီးနှင့်ထိုးလိုက်၏။  


"ဒီလိုလူအတွက် အလုပ်လုပ်ရတာ မကျေနပ်ဘူး!"


 တခြားသူများ ငြိမ်သွားသည်ယ သူတို့အားလုံးဟာ ခံယူချက်ရှိသးများပင်။ လူတွေရဲ့သွေးတွေနဲ့ သူတို့ရဲ့ဓားတွေကို ဘယ်သူက စွန်းထင်းချင်နေမှာလဲ။  ဧကရာဇ်၏အမိန့်ကို မနာခံ၍ မရနခြင်းကြောင့်သာဖြစ်သည်။သူတို့မှာ ရွေးချယ်စရာမရှိချေ။


ပန်းဟွာသည် ဒေါသထွက်နေသော စစ်သူကြီးများကို ကြည့်ကာ သက်ပြင်းရှည်ကြီး ထုတ်လိုက်သည်။ဤသည်က ပန်းမိသားစုသည် နယ်စပ်ကို မျိုးဆက်ပေါင်းများစွာ ကာကွယ်ရန် ဆန္ဒရှိခဲ့သော အကြောင်းရင်းဖြစ်နိုင်သည်။စစ်သားတချို့က စာမတတ်၊ တချို့က အဆင့်နိမ့်ကျပြီး တချို့က ခွင့်မလွှတ်နိုင်သည့် အမှားများတောင် လုပ်ဖူးကြသည်။ သို့သော် သူတို့အများစုမှာ ဝါသနာပါကြသည်။ ပြည်သူအတွက် သွေးစွန်းခံကြသည်။ သူတို့သည် အချစ်ဇာတ်လမ်းဆိုသည်ကို နားမလည်သလို ကဗျာကိုပါ မခံစားတတ်သော်လည်း ဘယ်သူ့ကို ဓားဖြင့်ရွယ်သင့်မှန်း ကောင်းကောင်းသိကြ၏။


စစ်သူကြီးတစ်ယောက်၏ အောင်မြင်မှုကို လူထောင်ပေါင်းများစွာ၏ အရိုးပေါ်မှာ တည်ဆောက်ခဲ့ကြတာပင်။မင်းဆက် အပြောင်းအလဲ၊ နိုင်ငံများကြားမှ ရုန်းကန်မှုထဲတွင်၊ အဆင်းရဲဆုံး ပြည်သူတွေက အမြဲတမ်း ပြည်သူပင်။


 ထို့ကြောင့်လည်း သူမ၏ အဖိုးသည် သူ့ရဲဘော်များအကြောင်းပြောသောအခါ အမြဲတမ်း စိတ်ခံစားချက်များနှင့် ပြောတတ်မှန်း သူမ နားလည်သွားရပြီ။


 အကယ်၍ သူမ၏ အဖိုးသည် စစ်မြေပြင်တွင် တိုက်ခိုက်ရင်း ဒဏ်ရာအပြင်းအထန်မရခဲ့ပါက၊ သူသည် ဓားမကိုင်နိုင်မချင်း နယ်စပ်ကို နှစ်ပေါင်းများစွာ စောင့်ကြပ်နေပေမည်။  


 သူမ လက်ထဲက ကန်စွန်းဥသည် အေးလာ၍  စစ်သားငယ်ကို ပြလိုက်၏။  "ဒါက နာမည်ဘယ်လိုခေါ်လဲ"


 "တရားဝင်နာမည်တော့ မရှိပါဘူး၊လူတိုင်းကတော့ ကန်စွန်းဥလို့ခေါ်တယ်"


စစ်သားငယ်သည် နောက်ထပ် ကန်စွန်းဥအနည်းငယ်ကို မီးထဲမှ ဆွဲထုတ်ကာ အခြားသူများကို ဝေငှပေးသည်။ သူတို့သည် စားနိုင်သောက်နိုင်ကြသည်။ ညစာ ယာဂုက ဗိုက်ပြည့်ဖို့ မလုံလောက်တာကြောင့် ကန်စွန်းဥစား၍ ဗိုက်ဖြည့်ရသည်ပင်။


များသောအားဖြင့် အမဲလိုက်ခြင်း၊သို့မဟုတ် နှံကောင်များ၊ပုရစ်များ စသည်ဖြင့် မျိုချနိုင်သော အကောင်ပလောင်များကို စားကြ၏။ 


ပန်းဟွာသည် ဤစစ်သူကြီးများနှင့် တင်ပျဉ်ခွေထိုင်ကာ နေရာအသီးသီး၏ ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင်အကြောင်း ဆွေးနွေးသည်။မြို့တော်က မိန်းမပျိုများသာမြင်လျှင် ယုံမှာမဟုတ်ကြ။ 


ပန်းဟွာကျွင်းကျူး သည် ဘဝတွင် ပျော်ရွှင်မှုကို အမြဲအာရုံစိုက်ခဲ့သည်။ ဤသည်က လူတိုင်းနီးပါးသိကြသည့် အရာတစ်ခုပင်။သူမသည် အစားအသောက်နှင့် အဝတ်အစားကောင်းများ ရှိပြီး အပြင်ထွက်သည့်အခါမှာလည်း ဇိမ်ခံရထားကိုသာ စီးသည်။ယခုလို အေးမြသော မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ နံစော်နေသော လူအချို့နှင့် စကားပြောဆိုခြင်းသည် ကမ္ဘာကြီးပြောင်းပြန်ဖြစ်သွားခြင်းပင်။


ရုံရှား ရောက်လာသောအခါ၊ ပန်းဟွာ ၏ လက်ထဲမှ ကန်စွန်းဥသည် တစ်ဝက်ကုန်နေပြီဖြစ်သည်။သူမ၏ ဖြူဖွေးသော ပါးပြင်များသည် ပြာများ စွန်းထင်းနေခဲ့သည်။ သူမသည် ရှက်ရွံ့နေသော်လည်း တစ်ချိန်တည်းမှာပင် ချစ်စရာကောင်းနေသည်။ သို့သော်၊ ရုံရှား သည် သူ့နှလုံးသားကို တစ်စုံတစ်ခုက ညှစ်ထားသလိုမျိုး ခံစားမိသည်။ 


စစ်သူကြီးနှင့် စစ်သားများကို လေးစားကြောင်း ဟွာဟွာပြောခဲ့ဖူးသည်ကို သတိရမိသည်။သို့သော် စစ်သားမျယး၏ဘဝသည် ခက်ခဲလွန်းသောကြောင့် သူမ မဖြစ်ချင်ဟုပြောဖူးသည်။ 


 ယခုမူ သူမသည် အေးစက်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။သူမတွင် လက်ရာမြောက်သော လက်ဝတ်ရတနာများ သို့မဟုတ် ပြီးပြည့်စုံသော မိတ်ကပ်လည်း မခြယ်သထားပေ။သူမသည် စစ်သားများနှင့်အတူ အနက်ရောင်အစားအစာတစ်ခုကို ဖြစ်သလိုစားနေသည်။ ဤသည်က သူ့ကို အသက်ရှူမဝသလို ခံစားရစေ၏။သူသးမကို သူက  အကောင်းဆုံး၊ ဂုဏ်အရှိဆုံးနှင့် အလှပဆုံးများကို ပေးချင်ခဲ့သည်။ သူမကို ဒုက္ခပေးချင်တာမဟုတ်။


 "ရုံရှား .."

  

ရုံရှား အနားမကပ်ခင်မှာ ပန်းဟွာက ပထမဆုံး လှည့်ကြည့်လိုက်ပြီးလက်ကို ဝှေ့ယမ်းလိုက်သည်။


 တင်ပျဉ်ခွေထိုင်နေသော စစ်သူကြီးများသည် မတ်တတ်ထ၍ ရုံရှား ကို အလေးပြုကြသည်။ အစပိုင်းမှာတော့ သူတို့သည် ရုံရှား က ပညာရှင်တစ်ယောက်ဖြစ်ပြီး ဘယ်လိုတိုက်ခိုက်ရမှန်းမသိသည့်အတွက် ရှုံ့ချခဲ့သည်။သို့သော်လည်း လမ်းတစ်လျှောက်တွင် ရုံရှား သည် ဒုက္ခပေးသူအားလုံးကို ချေမှုန်းနိုင်ခဲ့သည်။သို့ဖြစ်၍ စစ်သူကြီးများနှင့် စစ်သားများသည် ရုံရှား ကို လေးစားမှုအပြည့်ရှိသည်။


 "စစ်သူကြီးတို့ သက်သာသလို နေကြပါ၊ စစ်တပ်မှာ ဒီစည်းမျဉ်းတွေကို အာရုံစိုက်နေစရာ မလိုပါဘူး" 


ရုံရှား သည် ပန်းဟွာ ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။


စစ်သူကြီးများသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ထိုင်ကြ၏။


 "မင်း ဘာစားနေတာလဲ" 


ပန်းဟွာသည် စားစရာတစ်ခုခုအား မြိန်ရေရှက်ရေစားနေသည်ကို ရုံရှား မြင်လိုက်သည်။ သူမက သူ့လက်ထဲသို့ ကန်စွန်းဥ ထည့်ပေးကာ ကန်စွန်းဥက နည်းနည်းအေးနေပြီး မပျော့ပျောင်းသော်လည်း ချိုမြိန်မှုကတော့ လုံးဝလျော့မသွား။


  "ဒါက နာမည်ဘယ်လိုခေါ်လဲ စိုက်ရတာလွယ်လား"


" ကန်စွန်းဥလို့ ခေါ်တယ်၊ စိုက်ရလွယ်တယ်လို့ ပြောကြပါတယ်"  စစ်သားငယ်က ခေါင်းကုတ်ကာ ရှက်ရွံ့စွာပြုံးလိုက်သည်။  "ဗိုက်ပြည့်ဖို့ ကျွန်တော် ဖွက်ပြီး ယူလာတာပါ၊ ဘယ်လိုစိုက်ရမှန်းမသိပါဘူး"


"အဆင်ပြေပါတယ်" 


ရုံရှား ပြုံးလိုက်သည်။  စစ်တန်းလျားများတွင် ပစ္စည်းများ ယူဆောင်ခြင်းကို တားမြစ်သည့် စည်းကမ်းရှိသော်လည်း အပြင်ထွက်ရန် အစားအစာ လုံလောက်မှု မရှိပေ။ထို့ကြောင့် စစ်သားများသည် ဗိုက်ပြည့်ဖို့ လျှို့ဝှက်အစားအစာများ ယူလာခဲ့လျှင်လည်း မသိဟန်ဆောင်ကြရသည်။


 "နာမည်သိတာ ကောင်းပါတယ်"


 ဤကန်စွန်းဥက အတော်အရသာကောင်းသည်။စိုက်ပျိုးရလွယ်ကူလျှင် ဆင်းရဲသားအချို့၏ ငတ်မွတ်မှုကို သက်သာစေနိုင်သည်။ ကန်စွန်းဥကို စားပြီးနောက် ရုံရှား သည် ပါးစပ်ထောင့်များကို သုတ်လိုက်သည်။  


"စစ်သူကြီးတို့အားလုံးက တပ်မတော်မှာ စစ်မှုထမ်းဟောင်းတွေပဲ၊အားလုံးရဲ့ အကြောင်းကို ကျွန်တော် ကြားပြီးပြီ၊ ဒီနေ့ ကျွန်တော် ပြောစရာတစ်ခုရှိတယ်"


 အသက်အကြီးဆုံးစစ်သူကြီးက ချက်ချင်းပြောသည်။ " ကျေးဇူးပြုပြီး ပြောပါ"


ရုံရှား သည် အင်္ကျီရင်ဘတ်ထဲမှ ရွှေတံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။  "နင်းဝမ်မင်းသားဟာ ဧကရာဇ် နန်းစွန့်ဖို့ အတင်းအကြပ် တပ်တွေသုံးပြီးလုပ်နေပါတယ်၊ အခု ဧကရာဇ်နဲ့ အိမ်ရှေ့စံတို့လည်း ပိတ်မိနေပါတယ်၊ ကျွန်တော်ကတော့ နင်းဝမ်မင်းသားကို နှိမ်နှင်းပြီး ဧကရာဇ်နှဲ့ အိမ်ရှေ့စံတို့ကို ကယ်တင်စေလိုပါတယ်၊ စစ်သူကြီးအားလုံးကို မေတ္တာရပ်ခံအပ်ပါတယ်"


 "စစ်တပ်သုံးတပ်ရဲ့ ကျားတံဆိပ် ...."  စစ်သူကြီးဟောင်းက ချက်ချင်း လက်သီးဆုပ်ပြီး "ကျားတံဆိပ်ကိုမြင်ရတာ အမျိုးသား ကာကွယ်ရေးတပ်မှူးကို တွေ့တာနဲ့ အတူတူပါပဲ၊ ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ အမိန့်ကို နားထောင်ဖို့ ဆန္ဒရှိပါတယ်"


ပန်းဟွာသည် စစ်သူကြီးဟောင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ စောစောကပင် သူက စကားကိုသတိထားပြီးပြောနေသေးသည်။ယခု၊ ရုံရှား စကားအနည်းငယ်ပြောပြီးနောက်မှ သူက ချက်ချင်းလှုပ်ရှားတော့၏။ ဒီလူကို ရုံရှား က ငှားရမ်းခဲ့တာလား။


 "ကျွန်တော်တို့ ဗိုလ်ချုပ်ရဲ့ အမိန့်ကို နားထောင်ဖို့ ဆန္ဒရှိပါတယ်!"  


တခြားသူများကလည်း လိုက်ပြောလေသည်။


"ကျွန်တော်တို့ ဗိုလ်ချုပ်ရဲ့ အမိန့်ကို နားထောင်ဖို့ ဆန္ဒရှိတယ်!" 


ပန်းဟွာ- ခဏနေပါဦး၊ ဒါက လက်ရှိဧကရာဇ်ကို ဖြုတ်ချဖို့ပဲ။ ဒါကို သူတို့က ပေါ့ပေါ့တန်တန် သဘောတူတယ် မဟုတ်လား?


နင်းဝမ်မင်းသား ထီးနန်းတက်ပြီးနောက် နေရာတိုင်းတွင် စစ်သူကြီးများအား နှိမ်နင်းခဲ့သည်ကို ပန်းဟွာ မသိခဲ့ပေ။ အဆင့်နိမ့်ပါးသော စစ်သားများသည် ယခုလစာပင် မရကြသေး။ သူတို့လက်အောက်က စစ်သားများလည်း ငတ်နေကြသည်။ ထို့ကြောင့် စစ်သူကြီးများ၏ စိတ်ထဲတွင် ဖုန်းနင်း ဧကရာဇ်သည် မျှော်လင့်ချက်ကင်းမဲ့ပြီး မစွမ်းဆောင်နိုင်သော အုပ်စိုးရှင်ဖြစ်သည်။ ထို့အပြင် စစ်စခန်းများတွင် လူများရှိပြီးဖြစ်သောကြောင့ စစ်စခန်းကို ထိန်းချုပ်ရန် အလွန်လွယ်ကူသည်။ စစ်သားတများသည် ပညာမတတ်သော်လည်း မညံ့ဖျင်းကြချေ။ရုံရှားက မတရားမှုကို အသံကျယ်ကျယ်နှင့် ပြောဝံ့သည့်အတွက် သူတို့လည်း သဘောတူကြသည်။


 တရားရုံးတွင် နင်းဝမ်မင်းသား သည် စစ်မက်ရေးရာ ဝန်ကြီးဌာနနှင့် အခွန်ဝန်ကြီးဌာနတို့ အစားအသောက်နှင့် ပတ်သက်၍ ငြင်းခုံနေသည့် စကားများကို ငိုက်မျဉ်းစွာ နားထောင်နေသည်။ သူက နဖူးကို ပွတ်ပြီး စိတ်မရှည်စွာဖြင့်ပြောသည်။ "ဒါက အစားအသောက်ပဲလေ၊ စစ်တပ်က နေရာတော်တော်များများကို ဖြတ်သွားမှာ ၊အဲဒီက စားစရာတွေ စုဆောင်းရုံနဲ့ လုံလောက်ပါတယ်"


 ဝန်ကြီး ကျိုးပင်းအမ်က "ပြည်နယ်နဲ့ ခရိုင်တွေကနေ အစားအစာတွေကို ဘယ်လို လွယ်လွယ်ကူကူ စုဆောင်းနိုင်မလဲ ... "


 "အရာရှိကျိုး ၊ ကမ္ဘာကြီးတစ်ခုလုံးကို ငါပိုင်တယ်၊ စစ်သားတွေအတွက် စားစရာတွေ လှူတာ ဘာများမှားနေသလဲ" ကျန်းလောက ကျိုးပင်းအမ် စကားကို အေးစက်စွာ နှောင့်ယှက်လိုက်သည်။ "ဒါမှမဟုတ် ငါ့အမိန့်တွေက အသုံးမဝင်ဘူးလို့ မင်းထင်နေတာလား"


 "ကျွန်တော်…… နားလည်ပါပြီ” 


ကျိုးပင်းအမ် နောက်ပြန်ဆုတ်သွားကာ စကားပြန်မပြောတော့။ တရားရုံးက ချက်ချင်း ငြိမ်သွား၏။ အရာရှိများသည် ဧကရာဇ်၏ စကားကြောင့် တစ်ကိုယ်လုံးအေးစက်သွားသလို ခံစားလိုက်ရသည်။ယခုဆို နေရာတိုင်းမှာ အဓိကရုဏ်းများ ရှိနေ၍ ပြည်သူများကို ငြိမ်သက်စေဖို့ အချိန်တန်ပေပြီ။ သို့တိုင် ဧကရာဇ်သည် အစားအသောက်ကိစ္စကို ယခုမှ ဆွေးနွေးနေသည်။


 ပုန်ကန်တဲ့လူ မရှိဘူးလို့ သူထင်ခဲ့တာလား။ အကယ်၍ တရားရုံးသည် မိုးခေါင်ရေရှားပြီးနောက် ပြည်သူများကို နှိမ်နင်းရန် တပ်များစေလွှတ်မည့်အစား ပုန်ကန်သူများကို ကောင်းစွာ ငြိမ်သက်စေခဲ့မည်ဆိုလျှင်၊ ယခုလို ဖြစ်စရာအကြောင်းမရှိ။ ဧကရာဇ်ဖြစ်ပြီး ပြည်သူကို မြက်ပင်လိုသလောထားသည်။သူ့လိုလူက တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မလဲ...


သုံးရက်အကြာတွင် အိမ်ရှေ့စံကို ကယ်တင်ဖို့ နန်းတော်ထဲသို့ ဝင်ရန်  အရာရှိများက အစီအစဉ်ချခဲ့သည်။ သို့သော် သူတို့ကို ဖုန်းနင်း ဧကရာဇ်က ဖော်ထုတ်နိုင်ခဲ့သည်။ ထိုနေ့တွင် အရာရှိ တစ်ဒါဇင်ကျော် ခေါင်းဖြတ်ခဲ့သည်။သွေးထိုးလှုံ့ဆော်သူများ၏ ဦးခေါင်းကို အများသူငှာအား ပြသရန် စျေးအဝင်ဝတွင် ချိတ်ဆွဲထားပြီး မရေမတွက်နိုင်သော လူများကို ကြည့်ရှုရန် ဆွဲဆောင်ခဲ့သည်။



xxxxxx