Chapter 160
ဝန်ကြီး ကျိုးပင်းအမ်က နေမကောင်းဟုဆိုကာ နှုတ်ထွက်ကြောင်း အခိုင်အမာဆိုသည်။ ဖုန်းနင်း ဧကရာဇ်ကလည်း သူ့ကို မတားပေ။သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့တောင် မပေးဘဲ ချက်ချင်း နှုတ်ထွက်ခွင့်ပြုလိုက်သည်။
ကျိုးပင်းအမ် ရာထူးမှ နုတ်ထွက်ပြီးနောက် ကျန်းချီဟွိုက် နှင့် ကျောက်ဝေ့ရှန်းတို့သည်လည်း သူ့ခြေရာကို လိုက်နင်းခဲ့ကြသည်။တရားရုံးတွင် ကျန်ခဲ့သော နောက်ဆုံအရာရှိများသည် လည်း တရားရုံးမှ ထွက်ခွာသွားခဲ့သည်။မင်းဆက်တစ်ခုလုံးသည် ပြိုကျတော့မည့် အဆောက်အဦးတစ်ခုလိုပင်။ မုန်တိုင်းဝင်လိုက်ပါက၊ ဖျက်ဆီး၍ရနေပေပြီ။သို့သော်လည်း ကျန်းလော သည် ယခုထိ မူးယစ်သောက်စားနေသည်။ ဝိုင်နှင့် မိန်းမများသည် သူ၏ ဆင်ခြင်ဉာဏ်ကို ပျက်ပြားစေ၏။သူသည် သမိုင်းတွင် နာမည်ဆိုးဖြင့် ထင်ရှားကျော်ကြားသော ဧကရာဇ်မင်းများကဲ့သို့ပင် နေ့စွဲကိုပင် မသိဘဲ ကမ္ဘာကြီးတစ်ခုလုံး သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ထင်ခဲ့သည်။
ယခု နန်းတော်တွင် ဧကရီမရှိသဖြင့် တစ်ချိန်က နင်းဝမ်မင်းသား၏ ကြင်ယာတော်ဖြစ်ခဲ့သော ရှဲ့ဝမ်ယွီသည် ချောင်ထိုးခံနေရ၏။ နန်းတော်ရှိလူများက သူမကို ဧကရီ ဟုခေါ်သော်လည်း သူမတွင် တရားဝင်ရာထူးမရှိပေ။ သူမသည် နန်းတော်ထဲတွင် အဆင်မပြေစွာပင် နေထိုင်ခဲ့ရသည်။ နန်းတော်ရှိ အခြား ကိုယ်လုပ်တောမများသည် သူမ နောက်မှ မယ်တော်ဧကရီကြောင့် သူမကိုဒုက္ခမပေးဝံ့ကြပေ။
ဖုန်းနင်းဧကရာဇ်သည် လူမှန်းသူမှန်း မသိသော်လည်း၊ မယ်တော်ဧကကီအား ချစ်ခင်ရင်းစွဲရှိ၏။သို့သော် ဧကရာဇ်ကို သူမက မျက်နှာသာမပေးပေ။သူမသည် နန်းတော်တွင် သက်သတ်လွတ်အစားအစာစားပြီး တရားထိုင်၊ ဆုတောင်းနေခဲ့သည်။ ဧကရာဇ်သည် သူမနှင့် မသက်ဆိုင်သလိုပင်။ ဧကရာဇ်က သူမအား ဘွဲ့နှင်းသဘင်ခန်းမ၌ မယ်တော်ဧကရီရာထူး အပ်နှင်းခဲ့သော အမိန့်စာကိုပင် လွှင့်ပစ်ခဲ့၏။ ရှဲ့ဝမ်ယွီ ကို ဧကရာဇ်က မနှစ်သက်သော်လည်း မယ်တော်ဧကရီကတော့ သူမကို ရံဖန်ရံခါ တွေ့သည်။
"ဧကရီ...အရောင်စိုတာလေး ဝတ်သင့်ပါတယ်"
ရှဲ့ဝမ်ယွီ ၏ အစေခံက သူမ၏ နက်မှောင်ပြီး အုံ့မှိုင်းနေသော ဝတ်စုံကို မြင်သော် ပြောလိုက်၏။
ရှဲ့ဝမ်ယွီသည် ပထမဇနီးဖြစ်သော်လည်း သူမသည် ဤအခြေအနေသို့ ကျရောက်ခဲ့သည်။ ဧကရာဇ်က တကယ်မုန်းစရာကောင်းတယ်...
ရှဲ့ဝမ်ယွီက အေးစက်စွာ ပြုံးလိုက်ပြီး
"ဘာလို့ ဝတ်ရမှာလဲ၊ဒါက အရမ်းကောင်းမယ် ထင်တယ်"
"ဧကရီ"
ထိုစဉ် မိန်းမစိုးလေးတစ်ယောက် ပြေးဝင်လာပြီး သူမရှေ့မှာ ဒူးထောက်ကာ ရှိုက်ကြီးတငင် အော်ဟစ်လိုက်သည်။
"အကြီးဆုံးသခင်လေးရှဲ့ ကွယ်လွန်သွားပါပြီ"
ရှဲ့ဝမ်ယွီ ၏ မျက်ခွံများ တုန်ခါသွားကာ ပါးပြင်များကပါ ဖြူဖျော့နေသော်လည်း သူမ မျက်ရည်တစ်စက်မှ မကျပေ။ သူမက ခြောက်သွေ့နေသော ပါးပြင်များကို ထိလိုက်ပြီး "ငါသိပါတယ်၊ မင်းထွက်သွားလို့ရပြီ"
"ဧကရီ ၊ ဝမ်းနည်းပါတယ် "
မိန်းမစိုးက မျက်ရည်များသုတ်ပြီး ထွက်သွားခဲ့သည်။ အခန်းထဲမှာ ငိုသံကြားတော့ရှဲ့ဝမ်ယွီက
"မင်း ဘာအတွက် ငိုနေတာလဲ၊ ငိုစရာရှိလို့လား၊ မင်းကို ငါ ငိုခွင့်မပေးဘူး..."
"ဧကရီဝမ်းနည်းနေရင် ငိုလိုက်ပါ....."
ရှဲ့ဝမ်ယွီက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး
"ဘာလို့ ငိုရမှာလဲ၊ အပြစ်တင်စရာ လူရှိရင်သာ အပြစ်တင်မိမှာ…”
အပြစ်တင်ချင်လျှင် မိမိကိုယ်ကို အပြစ်တင်ရမည်။မှားယွင်းသော ခြေလှမ်းတစ်လှမ်းမှ စ၍ ခြေလှမ်းများစွာ မှားသွားကာ ဤကဲ့သို့ အဆုံးသတ်သွားနိုင်သည်။ သူမသည် မှန်ထဲမှ သူ့ကိုယ်သူ ကြည့်၍ ရယ်လိုက်သည်။
“ဒီနေ့ အဝတ်အစားက အတော်ဖြစ်သွားတာပေါ့"
သူမသည် စားပွဲကို မှီကာ မတ်တပ်ထရပ်လိုက်ပြီး နန်းတော်တံခါးမှ ထွက်လာခဲ့သည်။သူမ လျှောက်လာရင်း အမျိုးသမီးများ၏ သီချင်းဆိုသံ နှင့် ယောက်ျားတစ်ယောက်၏ ရယ်မောသံကိုကြားလိုက်ရ၏။ သူမသည် အသံ၏ ဦးတည်ရာသို့ လျှောက်လာရာ ကျန်းလော နှင့် မက်မွန်ပွင့်အောက်တွင် ပျော်ပါးနေသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးမှာ ပူးကပ်စွာရှိနေကြသည်။မြင်သူတိုင်းပင်ရှက်စရာ ကောင်းသည်အထိ အမြင်မတော်ပေ။ နေ့ခင်းကြောင်တောင် မြေကြီးကို အိပ်ရာအဖြစ်၊ ကောင်းကင်ကို စောင်အဖြစ် သုံး၍ ချစ်ကြည်နူးနေကြ၏။သူမ သူတို့ကို မကြည့်တော့ဘဲ လှည့်ထွက်သွားလိုက်၏။
"အရှင်မင်းကြီး၊ အဲဒါ ဧကရီ မလား.." ထိုစဉ် ကျန်းလော ၏ ရင်ခွင်ထဲရှိ အမျိုးသမီးက ပြောသည်။
"သူမက အရှင်မင်းကြီးက်ို ဘာလို့ လာမနှုတ်ဆက်တာလဲ"
"ဘာဧကရီလဲ၊ သူမကို ငါ မမြင်ချင်ဘူး"
ကျန်းလော က သူမ၏လည်ပင်းမှာ အနီရောင်အမှတ်အသားတစ်ခုချန်ထားလိုက်သည်။
"သူမ မလာတာကောင်းတယ်၊မဟုတ်ရင် ငါကိုယ်တော် အစာစားချင်စိတ် ပျက်သွားမှာ"
ကိုယ်လုပ်တော်က ချက်ချင်းတခစ်ခစ်ရယ်မောလိုက်သည်။သူမက ပထမမယားဖြစ်တော့ရော ဘာဖြစ်လဲ၊ မြင့်မြတ်တဲ့မိသားစုရဲ့သမီးဖြစ်တော့ရော၊အခုအချိန်မှာ သူမလို ပြည့်တန်ဆာအိမ်က လာတဲ့ မိန်းကလေးနဲ့တောင် မယှဉ်နိုင်ဘူးမလား၊ တကယ်ရယ်စရာကောင်းတယ်။
စူးစမ်းလေ့လာရေးတပ်သည် ကျုံးကျိုး သို့ရောက်ရှိပြီးနောက် ချီတက်ခြင်း ရပ်တန့်သွားကြောင်း တရားရုံးရှိ လူများ တွေ့ရှိခဲ့ကြသည်။ သူပုန်စစ်တပ်က သူတို့ရှေ့မှာ ရှင်းရှင်းလင်းလင်းရှိနေသော်လည်း မလှုပ်ရှားကြချေ။ ဒါက ဘာကိုဆိုလိုတာလဲ။ ဤသတင်းကို မျက်နှာလိုမျက်နှာရလုပ်သူ အရာရှိတစ်ဦးကြားပြီးနောက်၊ သူသည် ရုံရှား အကြောင်းတိုင်ကြားရန် ကျန်းလောထံသို့ချက်ချင်းသွားခဲ့သည်။
ကျန်းလော ဒေါသထွက်ကာရုံရှားကို ပြစ်တင်ရှုတ်ချသည့် တော်ဝင်အမိန့်သုံးစောင်ကို ပေးပို့ခဲ့သည်။ အကယ်၍ ရုံရှား ချက်ချင်း ရှေ့ဆက်မတိုက်ပါက၊ မြို့တော်တွင်ကျန်ရှိနေသည့် ပန်းမိသားစုသည် ချက်ချင်းအသက်ဆုံးရှုံးမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ သို့သော် တော်ဝင်အမိန့်စာသုံးစောင်ကို မထုတ်ပြန်မီတွင် အရေးတကြီး သတင်းစကားတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကောကုန်းချမ်အမ် သည် အင်အားတစ်သိန်းရှိ ပုန်ကန်သည်ဟု ဆိုနိုင်သော စူးစမ်းလေ့လာရေးတပ်ကို ဦးဆောင်ခဲ့သည်။ ဖုန်းနင်းဧကရာဇ်သည် အငြိမ်းစားဧကရာဇ်နှင့် အိမ်ရှေ့စဲကို နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်းလည်း ကြေငြာခဲ့သည်။ အငြိမ်းစားဧကရာဇ် ရည်ရွယ်ထားသော ဆက်ခံသူမှာ ဖုန်းနင်း ဧကရာဇ်မဟုတ်ဘဲ အိမ်ရှေ့စံဖြစ်ကြောင်း စသည်ဖြင့်။ ထိတ်လန့်စရာအကောင်းဆုံးမှာ ရုံရှား တွင် စစ်တပ်သုံးဖွဲ့အား ဦးဆောင်နိုင်သော ကျားတံဆိပ်ပါရှိရုံသာမက အငြိမ်းစားဧကရာဇ်က အိမ်ရှေ့စံအား ပေးထားသည့် တော်ဝင်အမိန့်လည်း ပါရှိသည်။
အိမ်ရှေ့စံ ၏ လုပ်ရပ်ကြောင့် တရားရုံးလည်း ပြာယာခတ်သွားခဲ့သည်။ ကျန်းလောသည် သူ့ဒေါသကို ဖြေဖျောက်ရန် ပန်းမိသားစုကို သတ်ပစ်ချင်သော်လည်း နန်းတွင်းမှအရာရှိတို့က တားဆီးခဲ့သည်။ အကယ်၍ ရုံရှား သည် မြို့တော်ကို အမှန်တကယ် တိုက်ခိုက်ခဲ့ပါက ပန်းမိသားစုကို သုံး၍ ရုံရှား နှင့် ညှိနှိုင်း၍ ရသေးသည်။
ကျန်းလော ဒေါသထွက်ကာ စားပွဲပေါ်ရှိ ပစ္စည်းများအားလုံးကို ရိုက်ချိုးပစ်လိုက်သည်။
"ရုံရှား က ကြောင်သူတော်တစ်ယောက်ပါ၊ ပန်းမိသားစု သေတာ၊ရှင်တာကို သူ အသက် ဂရုမစိုက်ပါဘူး၊ ပန်းမိသားစုကြောင့် သူ့အစီအစဉ်တွေကို ဘာကြောင့်ပြောင်းရမှာလဲ..."
ပန်းဟွာကျွင်းကျူး အတွက် ဘယ်လို နက်နဲတဲ့ ခံစားချက်တွေရှိမှာလဲ။ ဘာအရူးအမူးလဲ... ဒါတွေအားလုံးက သူ့အတွက်ပဲလေ။
"သူက ပန်းဟွာကို လုံးဝ ဂရုမစိုက်ဘူး။ သူလိုချင်တာက ငါ့ရဲ့ ရာဇပလ္လင်ပဲ"
ကျန်းလော အံကြိတ်ကာ ဧကရာဇ် ယွင်ချင် ချုပ်နှောင်ထားသည့်နေရာသို့ သွားခဲ့သည်။ ဧကရာဇ် ယွင်ချင် သည် ကျန်းလော ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပြီး သူသည် လူသားကဲ့သို့ပင် မဟုတ်တော့ပေ။
တစ်ချိန်က မြင့်မြတ်ပြီး တန်ခိုးကြီးသော ဧကရာဇ်သည် သူ့အား ဝတ်ပြုရန် မိန်းမစိုး နှစ်ဦး သို့မဟုတ် သုံးဦးသာ ရှိသည်။ သူသည် ကျန်းလော၏ အလွဲသုံးစားမှုကို အခါအားလျော်စွာ ခံနိုင်ရည်ရှိခဲ့သည်။ ဧကရာဇ် ယွင်ချင်သည် ဒေါသထွက်နေပြီဖြစ်သောကြောင့် စကားပင်မပြောနိုင်ပေ။ "ခင်ဗျားရဲ့တရားမဝင်သားက နောက်ဆုံးတော့ မြို့တော်ကို ပုန်ကန်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်" ကျန်းလောက လှောင်ပြောင်သည်။
"ကျွန်တော့်ကိုပြောပါ၊ သူက ခင်ဗျားကိုကယ်ဖို့လား ဒါမှမဟုတ် ရာဇပလ္လင်ကိုလိုချင်တာလား"
ဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ခေါင်းကို ပြင်းပြင်းထန်ထန် ခါသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်။
"ခွမ်း"
ကျန်းလောသည် ရုတ်တရက် စားပွဲပေါ်ရှိ လက်ဖက်ရည်ပွဲအားလုံးကို အရူးအမူး ရိုက်ချိုးလိုက်သည်။
"သူက လူယုတ်မာပဲ၊ သူက ငါကိုယ်တော်နဲ့ တိုက်ချင်တာလား"
ဧကရာဇ် ယွင်ချင်သည် ကျန်းလော ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ ပြီးလျှင် သူ့လည်ချောင်းက ဩရှရှ အသံများ ထွက်ပေါ်လာသည်။
"အရှင်မင်းကြီး"
ဝမ်ကုန်းပုန်းခမျာ လက်ကိုပတ်တီး ပတ်လျက်သားနှင့် ဧကရာဇ်ကို ကူညီရန် သွားခဲ့သည်။
"နေကောင်းရဲ့လား"
ဧကရာဇ်သည် တုန်ရီနေသော လက်ကို ဆန့်ထုတ်ကာ ကျန်းလော ထွက်ခွာသွားသော ဦးတည်ရာကို ညွှန်ပြသည်။ သူ့မျက်လုံးများက စိုးရိမ်စိတ်တို့ ပြည့်နှက်နေ၏ ။
"အရှင်မင်းကြီး၊ စိတ်အေးအေးထားပါ" ဝမ်ကုန်းကုန်းက သူ့မျက်ရည်ကို သုတ်လိုက်ရင်း "ကောကုန်းချမ်အမ်က ကျွန်တော်တို့ကို ကယ်တင်ဖို့ သေချာပေါက် လာပါလိမ့်မယ်။"
ဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွားသော်လည်း စကားမပြောနိုင်။ ဝမ်းကုန်းကုန်းကလည်း သူဘာကိုဆိုလိုသည်ကို နားမလည်။ နောက်ဆုံးတွင် ဧကရာဇ်ယွင်ချင် ဒေါသကြောင့် မူးလဲသွားသည်။
ရုံရှားသည် သူပုန်တပ်များနှင့် တိုက်ခိုက်မည်ဟု အင်ပါယာတရားရုံးက မူလက ယူဆခဲ့သည်။ နှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက် သတ်ပစ်ပြီး တရားရုံးကသာ အကျိုးခံစားခွင့် ရလိမ့်မည်။ သို့သော် ရုံရှား၏ စူးစမ်းလေ့လာရေးတပ်ဖွဲ့သည် သူပုန်တပ်များနှင့် ပဋိပက္ခ မဖြစ်ကြပေ။ ယင်းအစားသူပုန်တပ်များသည် ရူးသွပ်သွားပုံရသည်။ သူတို့သည် ရုံရှားကို ခေါင်းဆောင်အဖြစ် ရုတ်တရက် ခန့်အပ်လိုက်ကြပြီး သူပုန်တပ်များအားလုံး ရုံရှား၏ လက်ထဲသို့ ကျရောက်သွားကြသည်။
ရုံရှား တွင် စူးစမ်းလေ့လာရေးတပ်ဖွဲ့အင်အား ငါးသောင်းသာရှိသည်။ သူတို့မှာလည်း စားနပ်ရိက္ခာ အလုံအလောက် မရှိပေ။မည်သို့စေ၊ သူပုန်တပ်များကို ရုံရှား ဦးဆောင်မထားသင့်ပေ။
ရုံရှားက သူပုန်တပ်ကို လက်အောက်ခံအဖြစ် ထားနိုင်ရအောင် သူ့မှာ ဘယ်လိုစွမ်းရည်မျိုးရှိနေတာလဲ၊ တရားရုံးရှိ အသုံးမဝင်သောလူများ ရှုပ်ထွေးနေဆဲဖြစ်သည်။ ကျိုးပင်းအမ်၊ ယောင်ဖေးကျီ၊ ကျန်းချီဟွိုက်၊ ကျောက်ဝေ့ရှန်း နှင့် အခြားသူများသည် ဖြစ်နိုင်ခြေကို ဖျတ်ခနဲ မှန်းဆခဲ့ကြသည်။
"ဒီသူပုန်တပ်တွေက ကောကုန်းချမ်အမ် နဲ့ ပတ်သက်တာများလား"
သူတို့လေးယောက်ထဲမှာ ကျန်းချီဟွိုက်က ရုံရှားနှင့် အဆက်အသွယ်မခုပ်ဖူးပေ။
"မဟုတ်ရင် ဒီလို တိုက်ဆိုင်မှုမျိုး ဖြစ်နိုင်မှာလဲ၊ ဒီသူပုန်တပ်တွေက ရုံရှားနဲ့တွေ့တဲ့အခါ သူ့ကို ဘာကိစ္စ ဦးညွှတ်ကြတာလဲ၊ ရိက္ခာနဲ့ ပစ္စည်းအလုံအလောက်မရှိတဲ့ ကောကုန်းချမ်အမ်က ရုတ်တရက် ယုံကြည်မှုတွေ ရသွားတာလဲ"
တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ တုံးကျိုး၊ ရှီကျိုးနှင့် ရွှယ်ကျိုး ရှိ သူပုန်ခေါင်းဆောင်များသည် ရုံရှား၏ လူအများစုဖြစ်သည်။ရုံရှား ရောက်လာမည့်နေ့ကို စောင့်နေကြးခြင်းဖြစ်မည်။
"ဒါ..."
ယောင်ဖေးကျီ ဘာမှပြန်မပြောနိုင်ဘဲ ကျိုးပင်းအမ် ကို ကြည့်လိုက်သည်။ ကျိုးမိသားစုနှင့် ပန်းမိသားစုသည် ကောင်းမွန်သောဆက်ဆံရေးရှိသည်။ အကယ်၍ ကောကုန်းချမ်အမ် ပုန်ကန်ခဲ့လျှင် ပန်းမိသားစု အသက်အန္တရာယ်ရှိမရှိ ဆိုသည်က ခန့်မှန်းရခက်သည်။ သူတို့လေးယောက်စလုံး ဘာရာထူးမှမရှိတော့သည်က နှမြောစရာကောင်းလှ၏။ သူတို့ ကူညီချင်လျှင်တောင် စွမ်းအားမရှိတော့။ သူသည် ပန်းမိသားစုကို ကျေးဇူးများစွာ အကြွေးတင်ထားသောကြောင့် ပန်းမိသားစု သေဆုံးသွားမည်ကို မကြည့်နိုင်ပေ။ ကျောက်ဝေ့ရှန်း ခေါင်းယမ်းလိုက်သည်။
“အဲဒီ ခြံဝင်းထဲမှာ အကျဉ်းကျနေတဲ့လူတွေက ပန်းမိသားစု မဟုတ်ဘူး”
သူသည် ပန်းမိသားစုနှင့် နှစ်ပေါင်းများစွာ လျှို့ဝှက်ဆက်သွယ်နေခဲ့သည်။ ရုံရှား သည် စစ်တပ်ကို မြို့ပြင်သို့ ပို့ဆောင်သည့်နေ့ အစောပိုင်းတွင် သူစိမ်းတစ်ဦး ပေးပို့သော ငန်းတစ်ကောင်ကို သူ လက်ခံရရှိခဲ့သည်။ ငန်းသည် တောင်ဘက်သို့ ပျံသန်းသွားသောကြောင့် ယခုလို ခန့်မှန်းမိခြင်းပင်။
ယောင်ဖေးကျီ သည် ကျောက်ဝေ့ရှန်း၏စကားကိုကြားသောအခါ သက်ပြင်းချလိုက်သည်။
"သူတို့မဟုတ်တာ ကောင်းပါတယ်၊ တော်သေးတာပေါ့"
ဒါပေမယ့် ကျောက်ဝေ့ရှန်း က ဘယ်လိုသိတာလဲ။ သူ့စိတ်ထဲမှာ သံသယရှိသော်လည်း မမေးဝံ့၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
" ကောကုန်းချမ်အမ်က ဘာလုပ်ချင်တာလဲ။"
ရုံရှားသည် ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်ပေါ်စေပြီး ဧကရာဇ်အမိန့်နှင့် ဧကရာဇ်ရေးထားသော ကျားတံဆိပ်ကိုပင် ထုတ်ပြခဲ့သည်။ သူ တကယ်ပဲ ဧကရာဇ်နဲ့ အိမ်ရှေ့စံကို ကယ်တင်ချင်တာလား...
"ကျားတံဆိပ်..." ဝန်ကြီး ကျိုးပင်းအမ် သည် ဧကရာဇ် ယွင်ချင် ၏ လူယုံဖြစ်သည်။ အင်ပါယာတရားရုံး၏ လျှို့ဝှက်ချက်အချို့ကို သူသိသည်။
"လွန်ခဲ့တဲ့ အနှစ် ၂၀ က ပျောက်သွားခဲ့တာ"
xxxxx