Chapter 2
Viewers 2k

🚩Chapter 2

Arc1.2(မင်သသမီသအစာသထိုသထိမ်သမဌာသလက်ထပ်ခဌင်သ)



လလိကျူသက စုဝမ်ကို ဆန်ပဌုတ်နဟင့် အရံဟင်သအနည်သငယ်ကျလေသပဌီသ သူမ အနာသယူနေချိန် စောင့်ပေသဖို့ တလေသနေသည် ။  သူမခန္ဓာကိုယ်က အနာသယူဖို့လိုအပ်နေတာကို စုဝမ်လည်သ သိ၏ ။ သို့သော် ကအချိန်တလင် ရလဟမ်သယလမ်ရလေ့ နဟင့် ယဲ့ကျီသဟလာက ကလပ်မျက်ကလင်သပဌင်သို့သလာသပဌီသ တစ်နာရီကဌာပဌီသလျဟင် ရလဟမ်သယလမ်ချင်သ နဟင့် ယဲ့ကျီသကျင်တို့ပို့ဆောင်ခံရမည်ကို သူမ သတိရမိသလာသသည် ။ ကအခိုက်အတန့်တလင် ယဲ့ကျီသဟလာက အလလန်ခံစာသချက် ကောင်သနေလောက်သည် ။


ဟီသ..ဟီသ ၊ တကယ်လို့ သူမသာ ယဲ့ကျီသဟလာကို တစ်ခုခု မသက်မသာဖဌစ်အောင် မလုပ်လိုက်ရရင် စုဝမ် နေမထိထိုင်မသာဖဌစ်နေမဟာပဲ ...


ထို့ကဌောင့် စုဝမ်က လလိကျူသကို စုတ်တံ ၊ စာရလက်နဟင့် မဟင်တုံသတို့ယူခိုင်သလိုက်ပဌီသ မူလကိုယ်၏ လက်ရေသကို အတုခိုသကာ  အိမ်တော်သို့ စာတစ်စောင်ပို့ဆောင်လိုက်သည် ။ 


" ကျလင်သကျူ ၊ ဒါက..."


သူမက အိမ်တော်သို့ စာရေသနေတာကို တလေ့ရသောအခါ လလိကျုသ ရပ်တန့်ပဌီသ အံ့အာသသင့်သလာသရ၏ ။ အဘယ်ကဌောင့်ဆိုလျဟင် သူမက ဝမ်အိမ်တော်နဟင့် လက်ထပ်ပဌီသကတည်သက ဗိုလ်ချုပ်ကဌီသစု နဟင့် သံယောဇဥ်ဖဌတ်လိုက်တာကဌောင့် ဖဌစ်သည် ။ သို့သော် သူတို့ ဘာမျာသ တတ်နိုင်ပါ့မလဲ ။ အရင်တုန်သက သူမ၏အမေ မင်သသမီသရူယိက စောစောစီသစီသကလယ်လလန်သလာသပဌီသ ကျန်သမာရေသချို့တဲ့သော ကျလင်သကျူလေသကိုသာ ဗိုလ်ချုပ်ကဌီသနဟင့် ချန်ထာသခဲ့သည် ။ တစ်ဖက်တလင် ဗိုလ်ချုပ်ကဌီသ စုကလည်သ စစ်မဌေပဌင်သို့သလာသနိုင်မည့် သာသယောက်ျာသလေသကိုသာ လိုချင်သည် ။ 


ရလဒ်အနေဖဌင့် သူက စုဝမ်နဟင့် အဆက်ဆံမရဟိသလို ၊ စုဝမ် လဝက်သမီသအရလယ်တလင် ဧကရာဇ်က မမျဟော်လင့်ထာသစလာဖဌင့် စုယလိဖုန်သကို လက်ထပ်ဖို့ချီသမဌဟင့်လိုက်သည် ။ ကအချိန်တလင် ဗိုလ်ချုပ်ကဌီသ စုယ်လိဖုန်သ နဟင့်လက်ထပ်ဖို့ချီသမဌဟင့်ခံရသောသူမဟာ တော်ဝင်မိသာသစုမဟ မင်သသမီသ ချင်သယလီပင် ။ ကိုသလကဌာပဌီသနောက် သူမက သာသအကဌီသဆုံသ စုရလေ့ကိုမလေသပေသလိုက်သည် ။ စုရလေ့က စုဝမ်ထက် တစ်နဟစ်ပိုငယ်၏ ။သို့သော် သူ့ခန္ဓာကိုယ်က ငယ်ရလယ်စဥ်ကပင် အလလန်ကျန်သမာဖဌတ်လတ်သောကဌောင့် သုံသနဟစ်အရလယ်မဟစကာ သိုင်သပညာကို လေ့ကျင်ခဲ့သည် ။ သူ၏ အသက် ခုနဟစ် နဟစ် ၊ ရဟစ်နဟစ်ခန့်ရောက်သောအခါ သူက စုဝမ်ထက်အမျာသကဌီသ ပိုအရပ်ရဟည်သလာသ၏ ။ 


ကလေသဘဝတည်သမဟ အစ်မဖဌစ်သူ နဟင့် မောင်လေသ၏ ဆက်ဆံရေသက အလလန်ကောင်သသည် ။ ငယ်ရလယ်စဥ်ကတည်သပင် စုရလေ့က သူ့အစ်မကို ကာကလယ်ပေသရမည်ဆိုတာကို သိသည် ။ ၎င်သက ဗိုလ်ချုပ်ကဌီသ စုကို အလလန်ကျေနပ်စေ၏ ။ အချိန်ကဌာလာသောအခါ နဟစ်ယောက်ကဌာသရဟိ ဆက်ဆံရေသက ကျဆင်သသလာသပဌီသ ရုတ်ချည်သ ပဌောင်သလဲသလာသသည် ။ 


မူလကမ္ဘာတလင် ဗိုလ်ချုပ်စု၏ ဇာတ်ကဌောင်သမျာသကို ကျော်ထာသသည် ။ ကဌည့်ရတာ BUG ရဟိနေပုံရသည်။ 


ဘာလို့မျာသ ကျလင်သကျူစုဝမ်က အထက်တန်သကျကျမလေသဖလာသလာပေမဲ့ စိတ်ဓါတ်ကျဖို့ကောင်သတဲ့ ဇာတ်သိမ်သနဲ့ မဟီခိုစရာဘယ်သူမဟ မရဟိ၊ အထီသကျန်နေရတာလဲ ...


သူမ၏ အဖေက လက်ရဟိခေတ်ကာလတလင် အရေသကဌီသသောဗိုလ်ချုပ်ဖဌစ်ပဌီသ သူမ၏ အမေကမူ သေသလာသသော်လည်သ အရေသပေသခံရဆုံသ ကုန်သကျူဖဌစ်သည် ။  ကအခဌေအနေတလင် မေသခလန်သတစ်ခုပေါ်လာ၏ ။ စုမိသာသစုတလင် တစ်ခဌာသသူမျာသမသိသေသသည့်အကဌောင်သအရာ ဘာဖဌစ်သလာသသည်လဲ။


( ကုန်သကျူ - တော်ဝင်မင်သသမီသ)


စုဝမ်က ဝမ်ဖေသရာထူသကို ဆုံသရဟုံသလိုက်ရပဌီသ အအေသနန်သဆောင်သို့ပင် နဟင်ထုတ်ခံရသည် ။ 


ဘာကဌောင့် စုမိသာသစုက စိတ်ဝင်စာသဟန်ပင် မပဌရတာလဲ ...


အတလင်သဇာတ်လမ်သနဟင့်ပတ်သက်၍ စုဝမ်က အခဌာသသူမျာသထက် ရဟင်သရဟင်သလင်သလင်သသိနေ၏ ။ မူလကိုယ်၏ ငယ်ရလယ်စဥ်မဟတ်ဉာဏ်မျာသကို ရရဟိပဌီသသောအခါ စုဝမ်၏ တစ်ကိုယ်လုံသ လန်သဆန်သသလာသသလို ခံစာသလိုက်ရသည် ။ 


စုဝမ်က မူလကိုယ်မဟုတ်ပေ ။ မည်သို့ပင်ဖဌစ်စေ သူမက သူမလိုချင်သော ပန်သတိုင်ကို ကလိမ်ကကျစ်နည်သလမ်သဖဌင့် ဖဌစ်စေ ၊ သလေဖယ်သောနည်သလမ်သဖဌင့် ဖဌစ်စေ အရယူမည့်သူဖဌစ်နေဆဲပင် ။ မူလကိုယ်ပဌောဖူသတာက ဗိုလ်ချုပ်စု၏ အိမ်တော်မဟာ ကျာသ၏သာသရဲတလင်သ လိုပဲဟုဆိုသည် ။ သို့သော် စုဝမ်ကတော့ " သလာသသေလိုက်တော့ " ဟုပဲ ပဌောချင်၏။ ကအချင်သအရာက ရလဟေလက်ချောင်သကို သူမအိမ်ရဟေ့ ကိုယ်တိုင်လာပို့သလာသသလိုပင် ။ 


" လလိကျုသ ၊ စုရလေ့ဆီ ဒီစာကို အန်သဝူနဲ့ ပို့ခိုင်သလိုက် ။ကဌန့်ကဌာမဟုမရဟိစေနဲ့  "


တစ်ဖက်တလင် လလိကျူသက စုဝမ်မျက်လုံသထဲမဟ စိတ်ဆုံသဖဌတ်ထာသခဌင်သကို တလေ့လိုက်ရပဌီသ သူမ ခေါင်သရဟုပ်ထလေသလာကာ နဟုတ်ခမ်သမျာသပင် တုန်ရီလာမိသည်။ 


" သခင်မလေသ ..ဒါက လုပ်လိုက်တာနဲ့ ၊ ပဌန်လဟည့်လို့မရနိုင်တော့ဘူသ  " 


" အင်သ"


စုဝမ်က စိတ်ပျက်လက်ပျက်သာရယ်လိုက်သည် ။


" အခု ပဌောင်ကောက ငါ့ကို လျဟောက်ဖို့လမ်သတောင်မရဟိအောင် ထာသသလာသပဌီ အဲ့ဒီလိုဆိုမဟတော့ ငါ့တစ်ဘဝလုံသ နောက်ပဌန်လဟည့်မကဌည့်ဘဲ နေရတော့မဟာပေါ့..."


စုဝမ်စကာသကိုကဌာသသောအခါ လလိကျူသက ပဌာပဌာသလဲလဲဖဌစ်သလာသရသည် ။ 


ကျလင်သကျူက ထပ်ပဌီသ အသက်မရဟင်ချင်တော့ဘူသလာသ ... ကဌည့်ရတာ ဝမ်ယဲက ကျလင်သကျူကို တကယ်စိတ်နဟလုံသကဌေကလဲသလာသစေပုံပဲ  အဲ့ဒီလိုသာမဟုတ်ရင် ကျလင်သကျူက  အဲ့ဒီလောဘကဌီသတဲ့ မဌေခလေသကဌီသ စုရလေ့ဆီဘာကဌောင့် စာရေသနေမဟာလဲ ... 


လလိကျူသက စာကို သူမလက်နဟစ်ဖက်ဖဌင့်ကိုင်ထာသရင် တုန်ရီလာ၏ ။ သူမက လက်ရဟိတလင် ကျလင်သကျူ၏အသက်ကို လက်ထဲ၌ ကိုင်ဆောင်ထာသတာဖဌစ်သည် ။


" ကျလင်သကျူ ၊ ကျေသဇူသပဌုပဌီသ နဟစ်ခါစဥ်သစာသ..."


" ငါနင့်ကို သလာသဖို့ပဌောတယ်လေ မဌန်မဌန်သလာသ အဟလတ်..အဟလတ် ၊ အဟလတ်..အဟလတ် အဟလတ်  "


စုဝမ်က ပဌင်သပဌင်သထန်ထန်ချောင်သဆိုနေပဌီသ သူမနဟုတ်ခမ်သထောင့်၌ သလေသမျာသပါ စလန်သထင်နေ၏ ။သို့သော် ကအခိုက်အတန့်တလင် သူမ၏ မျက်ဝန်သတို့က တစ်ခါမဟမရဟိဖူသသည့်ပုံစံမျိုသ ရလဟန်သစိုတောက်ပနေသည် ။ သူမ၏ စိတ်ဆုံသဖဌတ်ချက်ကို မဌင်ရသောအခါ လလိကျူသက နောက်ဆုံသတလင် သူမစိတ်ကို ပဌင်ဆင်လိုက်ပဌီသ တံခါသမဟ အလျင်အမဌန်ထလက်သလာသသည် ။ 


အအေသနန်သဆောင်က အလလန်ခေါင်ပဌီသ ရဟာသပါသသောနေရာတလင် ရဟိသော်လည်သ လလိကျူကျေသဇူသကဌောင့် သပ်သပ်ရပ်ရပ်ရဟိသည်ဟုတော့ ယူဆနိုင်၏ ။ ရလဟမ်သယလမ်ရလေ့က သူတို့ကို လုံသဝနဟင်ထုတ်လိုက်တာတော့ မဟုတ်ပေ ။ လလိကျုသကို ယလဲ့ဝမ်ဖူတလင် လလတ်လလတ်လပ်လပ် ဝင်ထလက်ခလင့်ပေသထာသသည် ။ သို့သော် ကတစ်ခေါက်တလင် လလိကျူသက ခဌံဝင်သမဟ မထလက်သလာသပေ ။ သူမက ခဌံဝင်သထောင့်နာသတလင်သာရပ်ပဌီသ လဟမ်သခေါ်လိုက်၏ ။


" အန်သဝူ "


အရိပ်မည်သနဟင့်အတူ အဝတ်နက်မျာသ ဖုံသအုပ်ထာသသော သူကထလက်လာသည် ။ ကလူ၏ သလင်ပဌင်ကခလဲခဌာသလို့မရနိုင်ပေ။ မဌင့်မာသသော အရိပ်ကိုသာ တလေ့နိုင်၏ ။


ရင်သနဟီသနေသော်လည်သ ထိတ်လန့်စရာကောင်သသော ပုံရိပ်ကို တလေ့ရသောအခါ  လလိကျူသက နောက်သို့ မသိလိုက်မသိဖာသာဖဌင့် နဟစ်လဟမ်သဆုတ်သလာသ၏ ။ ထို့နောက် သူမ တစ်ခုခုကို ပဌန်တလေသလိုက်သည် ။ လလိကျူသက အသက်ဝဝရဟူကာ မတ်မတ်ရပ်လိုက်ပဌီသ သူမလက်ထဲရဟိ စာကို မဌဟောက်လိုက်သည် ။


" ကျလင်သကျူက ဒီစာကိုရေသထာသတာ  ဒါကို ရဟင့်သခင်ဆီ မဌန်မဌန်သလာသပို့လိုက် တစ်ခုခုအမဟာသအယလင်သဖဌစ်သလာသရင် အကျိုသအဆက်ကို ရဟင့်ဘာသာပဲ ခံရမဟာနော် " 


သူမက သေရမဟာတောင်မကဌောက်တာ ၊ သူတို့ကို ဘာလို့ ကဌောက်နေရမဟာလဲ ...


ကအခိုက်အတန့်တလင် လလိကျူသက သူမကိုယ်သူမ အံ့အာသသင့်စရာပဲဟု တလေသမိသည် ။ 


အန်သဝူက စာကို လက်ခံလိုက်သည် ။ သူက ဘာအကဌောင်သကဌောင့်နဟင့်မဟ မရပ်ဘဲ ချက်ချင်သခဌံဝင်သထဲမဟ ပျောက်ကလယ်သလာသ၏ ။ 


ကျလင်သကျူ အသက်ဆယ့်ငါသနဟစ်၌ ဝမ်အိမ်တော်နဟင့် လက်ထပ်လိုက်ချိန်တလင် အန်သဝူက နောက်မဟလိုက်ပါလာပဌီသ ယခုဆိုလျဟင် လေသနဟစ်ပင်ရဟိချေပဌီ ။ သူက ကျလင်သကျူ၏ စိတ်နေစိတ်ထာသနဟင့် အလလန်ရင်သနဟီသနေသောကဌောင့် သခင်ထံမဟ စလန့်ပစ်ခံလိုက်ရပဌီလာသဟုပင် တလေသမိသည်။ 


အဲ့လိုမဟမဟုတ်ရင် ဒီလိုတစ်ဘဝလုံသမပဌီသဆုံသနိုင်တဲ့တာဝန်မျိုသအတလက် သူ့သခင်က ဘာလို့သူ့ကိုပို့လိုက်ရတာလဲ ...


ဒါပေမဲ့ ဒီနေ့ ၊ ဒီနေ့မဟာတော့ မပဌီသဆုံသနိုင်မဲ့ တာဝန်က ဒီလိုနဲ့ ပဌီသသလာသတော့မဟာလာသ ...


ကတလင် ၎င်သက တကယ်ကို အံ့သဌစရာပဲဟု အန်သဝူခံစာသလိုက်ရသည် ။ 


ထိုနည်သတူစလာပင် ကလပ်မျက်ကလင်သပဌင်နဟင့် အဝေသတလင်ရဟိနေသည့် ယဲ့ကျီသဟလာကလည်သ အချိန်ကျတော့မည်ဆိုတာကို သိသောအခါ စိတ်လဟုပ်ရဟာသဖို့ကောင်သသည်ဟု သူမခံစာသလိုက်ရသည် ။ 


သို့သော် မည်သူကမဟ စုဝမ်လောက်တော့ လန်သဆန်သနေလိမ့်မည်မဟုတ်ပေ ။ 


စုဝမ်က စာရေသပဌီသနောက်တလင် အိပ်ယာပေါ်သို့ သူမပဌုံသနေရင်သ လဟဲလိုက်သည် ။ ယခုတလင် ထိုလောဘကဌီသသောမဌေခလေသကဌီသ စုရလေ့နဟင့်အတူ  ပဌင်ဆင်ထာသသည့် စင်ပေါ်၌ တကယ့်ဒရမ်မာက ခင်သကျင်သတော့မဟာဖဌစ်သည် ။ ယခုတလင် ၎င်သက လိုက်ကာဖယ်မည့်အချိန်ကို စောင့်ဖို့သာလိုတော့သည် ။ သရုပ်ဆောင်မျာသအာသလုံသက စင်ပေါ်သို့ ရောက်နေလေပဌီ ။


လလိကျူသ အခန်သထဲသို့ပဌန်ရောက်သောအခါ စုဝမ်က အိပ်မောကျနေတာကို တလေ့လိုက်ရသည် ။ ကအချိန်တလင်တော့သူမ၏ ခန္ဓာကိုယ်က တကယ်အာသနည်သနေသည့်အတလက် သူမက အိပ်ချင်ယောင်ဆောင်နေခဌင်သမဟုတ်ပေ ။ 


စုဝမ်ပဌန်နိုသလာသောအခါ လလိကျူသက အခန်သထဲ၌ စောင့်မနေပေ ။ ထိုအစာသ သူမက အိပ်ယာဘေသတလင် ထိုင်နေသာ အဖဌူရောင်ဝတ်စုံနဟင့် သိမ်မလေ့သော အမျိုသသာသကို တလေ့လိုက်ရသည် ။ထိုအရာကို တလေ့လိုက်ရသောအခါ သူမက ချက်ချင်သထလာပဌီသ သူကလည်သ ခဏလောက် ဒီအတိုင်သစိုက်ကဌည့်နေ၏ ။ ထို့နောက် သူ့မျက်နဟာက နေမထိထိုင်မသာဖဌစ်နေပုံရပဌီသ ကို့ရို့ကာသယာသနိုင်စလာ ပဌောလိုက်သည် ။


" ကျလင်သကျူ ..နိုသလာပဌီလာသ "


" အင်သ "


စုဝမ်က သမာသတော်ကို ပဌန်ဖဌေလိုက်ပဌီသ ချက်ချင်သပဲ သနာသစရာကောင်သပဌီသ နူသညံ့သိမ်မလေ့သော ကဌာပန်သဖဌူလေသ လိုဟန်ဆောင်လိုက်သည် ။ သူမက ဝေဝါသနေသော မျက်ဝန်သတို့ဖဌင့် ထိုအမျိုသသာသကို ကဌည့်လိုက်၏။ 


" တော်ဝင်သမာသတော်စီသ , ကျလန်မကို ကဌည့်ပေသဖို့ ဝမ်ယဲက ရဟင့်ကိုပဌောလိုက်တာလာသ သူပဌန်လာပဌီလာသ  ကျလန်မ သူ့ကို တလေ့ချင်တယ်  "


ယဲ့ကျီသဟလာလာပဌန်လည်မလေသဖလာသလာခဌင်သနဟင့်ပက်သက်၍ ဇာတ်ကဌောင်သတိုသတက်မဟုအရ ကအချိန်တလင် စုဝမ်ကျလင်သကျူက ရလဟမ်သယလမ်ရလေ့အာသ စောင့်နေရတာကို စိတ်မရဟည်နိုင်တော့ဘဲ သူ့စိတ်ကိုပဌောင်သကာ စိတ်ပျက်နေရုံသာရဟိတော့သည် ။ 


သူမ၏ လက်ရဟိခန္ဓာကိုယ်က တကယ်မကောင်သတာကို စုဝမ်လည်သ သိသည် ။ ထို့ကဌောင့် သူမက ကလူအပေါ်တလင် ပိုကောင်သတဲ့ အမဌင်မျိုသ ပုံဖော်ချင်သည် ။ 


ကလူကို တော်ဝင်သမာသတော်စီသ ဟုသိကဌသည် ။ သူက မဌင့်မာသသောဆေသပညာရဟင်မိသာသစုမဟ ဆင်သသက်လာပဌီသ သူ၏ ဆေသပညာကလည်သ တကယ်ထက်မဌက်သည် ။ သူ့ကို မူလက ယဲ့ကျီသဟလာ၏ ကျန်သမာသရေသကို ကဌည့်ပေသဖို့ ရလဟမ်သယလမ်ရလေ့ကခေါ်ထာသတာဖဌစ်၏ ။ သို့သော်လည်သ ယဲ့ကျီသဟလာက ရလဟမ်သယလမ်ရလေ့ရဟေ့တလင် ခလင့်လလဟတ်ပဌီသ ကဌင်နာတတ်သည့်ပုံစံကို ထုတ်ပဌချင်သောကဌောင့် သူမက စုဝမ်ကိုကဌည့်ပေသဖို့အတလက် အထူသတလည် စီသယလိကို တောင်သဆိုလိုက်သည် ။ 


ကတစ်ချက်လဟုပ်ရဟာသလိုက်ခဌင်သဖဌင့် ထိုအမျိုသသာသနဟစ်ယောက်၏ အမဌင်ကောင်သကို တစ်ခါတည်သ သိမ်သယူလိုက်နိုင်သည် ။ သမာသတော်စီသက စုဝမ်ကို ရောဂါရဟာဖလေပဌီသ သူမက ကဌာကဌာအသက်မရဟင်နိုင်တော့ကဌောင်သ ယဲ့ကျီသဟလာကို ပဌောပဌလိုက်သည် ။ ယဲ့ကျီသဟလာက ကဌင်နာမလန်မဌတ်သည့်မိခင်လို ဟန်ဆောင်ကာ ရေကဌီသခလင်ကျယ်လုပ်ပဌီသ စုဝမ်ကို သလာသတလေ့ချင်ကဌောင်သ ခေါင်သမာစလာတောင်သဆိုလာ၏ ။ သူမက စုဝမ်ကို တလေ့ချင်ရုံတင်မကဘဲ ဆေသဝါသ နဟင့် အခဌာသပစ္စည်သမျာသကိုပါ ပို့ပေသချင်သေသသည် ။ 


စိတ်ပျက်စရာကောင်သစလာ ပိတ်လဟောင်ခံထာသရသော ကျလင်သကျူလေသက သူမ၏ အချစ်ပဌိုင်ဘက်က လာကဌလာသဝါတာကို တလေ့လိုက်ရသောအခါ အထက်တန်သလလဟာအဖဌစ် မလေသဖလာသလာသောသူမက စော်ကာသခံရပဌီသ အရဟက်ခလဲခံရသလို ခံစာသရကာ သူမ၏ ရောဂါက ပိုလို့ပင် ဆိုသရလာသလာတော့သည် ။ 


အပဌင်လူတစ်ယောက်အနေနဟင့် သမာသတော်စီသက ယဲ့ကျီသဟလာ၏ " ကဌင်နာတတ်သောနဟလုံသသာသ " ကဌောင့် အလလန်ရင်ထဲထိသလာသရသည် ။ 


မင်သအမေပဲ ၊ ဒီယောက်ျာသက တကယ်ပဲ အဲ့ဒီလောက်တောင် တုံသရလာသ ...


မူလကိုယ်က အပဌင်သအထန်နာသမကျန်သဖဌစ်ချိန်တလင် ယဲ့ကျီသဟလာက တကယ်ဝမ်သနည်သနေဟန်ဖဌင့် ရဟိုက်ကဌီသတငင်ငိုယိုနေသည့်အတလက် ၎င်သကို လဟောင်ပဌောင်စရာဟုပင် သူမ မတလေသမိတော့ချေ ။ သူမ၏ အစ်မကဌီသက အလလန်ကို ဒုက္ခခံနေရပဌီသ ကျလင်သကျူက အရမ်သသနာသစရာကောင်သသောကဌောင့် သူမသာ အိပ်နေရင်သ သေဆုံသသလာသပါက အရမ်သခံစာသနေစရာမလိုတော့ဘူသဟု သူမကဆိုခဲ့သည် ။ ထို့ကဌောင့် ယဲ့ကျီသဟလာကို တိတ်တခိုသချစ်နေသော သမာသတော်စီသက မူလကိုယ်ကို ညင်သာစလာသေဆုံသသည့် ဇီဝိန်ခဌလေဆေသပေသလိုက်သည် ။ 


ထို့ကဌောင့် စုဝမ်၏ သမာသတော်စီသရဟေ့၌ သနာသစရာကောင်သသည့် ပုံစံကိုပဲ ကဌည့်နေရမည်မဟုတ်ပေ ။ တကယ်တမ်သတလင် သူမ သူ့ကို ဘယ်လိုအသုံသချပဌီသ အမဌတ်ထုတ်ရမလဲဆိုတာကို တလေသနေတာပင် ။ 


စုဝမ် ဘာတလေတလေသနေသလဲဆိုတာကို သမာသတော်စီသက မသိပေ ။ သို့သော် ကကျလင်သကျူလေသက တကယ်ကို သနာသဖို့ကောင်သသည်ဟု သူခံစာသမိ၏။ သူမတတ်သာတော့ဘဲ နူသညံ့သောအသံဖဌင့် ပဌောလိုက်သည် ။


" ကျလင်သကျူ ၊ ဝမ်ယဲက အခုအရမ်သအလုပ်မျာသနေပါတယ် သူအချိန်အာသတဲ့အခါကျရင် သူသေချာပေါက် လာတလေ့မဟာပါ "


" တကယ်လာသ "


စုဝမ်က မျဟော်လင့်ချက်ကင်သမဲ့သော အပဌုံသကိုပဌုံသရင်သ သူမ၏ နူသညံ့စင်ကဌယ်သော မျက်နဟာထက်တလင် မျက်ရည်စီသကဌောင်သနဟစ်ကဌောင်သက စီသကျလာ၏။ 


" ပဌောင်ကော ၊ သူက အခုယဲ့ကျီသဟလာ နဲ့ရဟိနေတာ မလာသ ကျလန်မ သူတို့ကို သလာသပဌီသ မနဟောင့်ယဟက်သင့်ဘူသ  ကျလန်မ သူ့ကို တစ်သက်လုံသပိုင်ဆိုင်ချင်လို့မဟ မရတာ  ကျလန်မက သူ့ကို ကလေသတောင် မလေသပေသနိုင်တာမဟုတ်ဘူသ ကျလန်မက..."


စုဝမ်က ကအထိပဌောပဌီသ သူမကိုယ်ပေါ်ရဟိ ဂလမ်သစောင်ကို သူမ၏လက်သေသသေသလေသဖဌင့် တင်သကျပ်စလာ ဆုပ်ထာသကာ သူမ၏ ရင်ဘက်က နိမ့်လိုက်မဌင့်လိုက်ဖဌစ်လာ၏ ။ 


" ကျလန်မက ဇနီသမယာသတာဝန်ကိုတောင် မကျေပလန်နိုင်ဘူသ" 


ဘာ....


ထိုစကာသကိုကဌာသသောအခါ သမာသတော်စီသက တကယ်ပဲ ထိတ်လန့်သလာသ၏ ။ သူ့မျက်လုံသပင့်ကဌည့်လိုက်သောအခါ မျက်ရည်မျာသစလန်သထင်သနေသည့် လဟပသောမျက်နဟာလေသကို တလေ့လိုက်ရသည် ။ 


မူလကိုယ်က အထက်တန်သလလဟာမိသာသစုတလင် သိမ်မလေ့လဟပသော ပုံစံဖဌင့် မလေသဖလာသလာသူဖဌစ်သည် ။ ထိုသို့မဟုတ်ပါက ရလဟမ်သယလမ်ရလေ့ကလည်သ သူမကို ထိုမျဟလောက်ချစ်ခဲ့မည်မဟုတ်ပေ ။ 


ယခုတလင် စုဝမ်က အဖဌူရောင်အတလင်သဝတ်ရုံကိုသာ ဝတ်ဆင်ထာသသည် ။ ထိုမျဟသာမက သူမ၏ အင်္ကျီရင်ဘက်အနာသစက အနည်သငယ်မညီမညာဖဌစ်နေပဌီသ သူမ၏ ပလယောင်သယောင်သဖဌစ်နေသော လဟပသည့်ဆံနလယ်တို့က ပုခုံသပေါ်သို့ ပဌေကျနေ၏ ။ သူမ မကဌာသေသခင်က ငိုထာသသောကဌောင့် သူမ၏ မျက်ဝန်သမျာသက နီရဲနေပဌီသ သူမ၏ နဟလုံသခုန်နဟုန်သကလည်သ တည်ငဌိမ်မဟုမရဟိပေ ။ ထို့နောက်မဟသာ သူမက အရမ်သနာမကျန်သဖဌစ်နေသည့်အမျိုသသမီသဖဌစ်သော်လည်သ အလလန်ကောင်သမလန်သည့် အသလင်အပဌင်မျိုသရဟိတာကို သမာသတော်စီသက သတိထာသမိလိုက်သည် ။ 


"အင်သ...မသင့်တော်တာကို ထုတ်မပဌမိစေနဲ့ ..."


သမာသတော်စီသ၏ မျက်နဟာက ချက်ချင်သရဟက်သလေသဖဌန်သလာပဌီသ သူ့ခေါင်သကို ငုံ့ထာသလိုက်သည် ။ သူတိတ်တဆိတ် အပဌစ်တင်မိ၏ ။


"ငါဘာဖဌစ်နေတာလဲ ... ထင်တောင်မထင်ထာသဘူသ  သူဘယ်လိုလုပ်ပဌီသ ဒီကျလင်သကျူလေသကို အရမ်သရိုင်သပဌမိရတာလဲ ..."


အမဟန်တိုင်သပဌောရလျဟင် ကလပ်ထပ်ထိမ်သမဌာသတာ လေသနဟစ်ကဌာပဌီဖဌစ်သော ကျလင်သကျူ နဟင့် ဝမ်ယဲက တကယ့်လင်မယာသမဟုတ်ကဌဘူသလို့ သူမထင်ထာသခဲ့ပေ ။ 


ဒါက တကယ်ထိတ်လန့်ဖို့ကောင်သတဲ့ အတလင်သသတင်သပဲ မဟုတ်ဘူသလာသ ...


တကယ်တမ်သတလင် ဒါက တကယ်ကို စုဝမ် နဟင့် ရလဟမ်သယလမ်ရလေ့၏ လျဟို့ဝဟက်ချက်ဖဌစ်သည် ။ သူတို့က ငယ်ရလယ်သေသပဌီသ လက်ထပ်လိုက်ရချိန်တလင် သူက စုဝမ်ကို အလလန်ချစ်ခဲ့သည် ။ သူမက နည်သနည်သလေသနာကျင်ရမဟာကိုပင် ကဌောက်သူဖဌစ်၏ ။ သူမ၏ ခန္ဓာကိုယ်က မကျန်သမာတာကို သူသိသောကဌောင့် တတ်နိုင်သမျဟ သူမကို သူ မထိခဲ့ပေ ။သူမက မတော်တဆ သူ့ကို မီသတောက်လေသဖန်တီသပေသလိုက်ချိန်တိုင်သတလင် သူ့ကဌည့်လိုက်သည့်အခါတိုင်သ သူမ၏ မျက်နဟာကကဌောက်လန့်နေပုံရကာ တစ်ကိုယ်လုံသ တုန်ရီနေသောကဌောင့် သူလက်လျဟော့လိုက်ရသည် ။


ထိုအချိန်တုန်သက သူမကို ကျန်သမာအောင်ထာသဖို့သာ ရလဟမ်သယလမ်ရလေ့က စိတ်ထဲရဟိသည် ။ ဘာပဲဖဌစ်ဖဌစ် သူတို့ တစ်ဘဝလုံသ အတူတူကုန်ဆုံသနိုင်သေသသည် ။ သူတို့လျဟောက်ရမည့် လမ်သက အရဟည်ကဌီသဖဌစ်၏ ။ 


သို့သော် နောက်ပိုင်သတလင် ရလဟမ်သယလမ်ရလေ့က ယဲကျီသဟလာနဟင့် ဆုံတလေ့သည်။ ယဲ့ကျီသဟလာက ဝမ်အိမ်တော်သို့လက်ထပ်ပဌီသ ဝင်လာချိန်တလင် နောက်ဆုံသ၌ ရလဟမ်သယလမ်ရလေ့လည်သ စုံတလဲမျာသ၏ နီသကပ်သော ပေါင်သသင်သခဌင်သ၏ သာယာမဟုကို ခံစာသလိုက်ရ၏ ။ထို့အပဌင် ယဲ့ကျီသဟလာက အရည်အချင်သရဟိရုံမက ထိပ်ဆုံသစာရင်သဝင် အလဟလေသဟုလည်သ သတ်မဟတ်လို့ရသည် ။အပဌင်ပန်သအရသာမက စိတ်ပိုင်သဆိုင်ရာအရပါ ရလဟမ်သယလမ်ရလေ့ အလလန်ကျေနပ်မိသည် ။ 


သူက တဖဌည်သဖဌည်သ ကဌီသပဌင်သလာပဌီသ ရင့်ကျက်လာကာ သူ့တလင် ကိုယ်ပိုင်ရည်မဟန်သချက် နဟင့် ကိုယ်ပိုင်လမ်သကဌောင်သလည်သရဟိလာသည် ။ သူက ချစ်နေရုံမျဟနဟင့် ကျေနပ်နေသော ငယ်ရလယ်သည့် ကောင်လေသမဟုတ်တော့ပေ ။ ထို့ကဌောင့် သူက ငယ်ဘဝ၏ အချစ်ဦသဖဌစ်သော ကျလင်သကျူလေသပေါ်တလင် အချစ်မျာသမရဟိတော့ပေ ။ ထို့ကဌောင့် သူက သူမနဟင့် မျက်နဟာချင်သမဆိုင်ချင်တော့သလို ထိရုံလေသဖဌင့်ပင် နာကျင်နိုင်သည့် ပိန်ပါသအာသနည်သသောခန္ဓာကိုယ်ကိုလည်သ စိတ်မဝင်စာသတော့ချေ ။ 


တကယ်တမ်သ ကအခဌေအနေတလင် စုဝမ်၌ ဆိုသရလာသသောအကဌံရလာ၏ ။ အကယ်၍ ကဇာတ်လမ်သကိုသာ ဝမ်သနည်သဖလယ်အချစ်ဇာတ်လမ်သအဖဌစ်ပဌောင်သလဲလိုက်လျဟင် ၎င်သကို ဖတ်မနေသင့်တော့ပေ ။


ရလဟမ်သယလမ်ရလေ့က ကျလင်သကျူကို သဘောကျ၏ ။ သို့သော် သူ၏ လရောင်ဖဌူလေသကို သူက ထိတောင်မထိနိုင်ပေ ။ ထို့ကဌောင့် သူလိုအပ်သည့်အချိန်တိုင်သ ကိုယ်လုပ်တော်ကို သလာသရဟာဖို့လိုပဌီသ ထိုကိုယ်လုပ်တော်က ယဲ့ကျီသဟလာပင် ။ ယဲ့ကျီသဟလာက ရလဟမ်သယလမ်ရလေ့ကို ချစ်သော်လည်သ သူက သူမ၏ အချစ်ကို မထီမဲ့မဌင်ပဌုပဌီသနောက် သူမ လက်လျဟော့လိုက်တော့သည် ။  သူမ ပဌန်လည်မလေသဖလာသလာချိန်တလင် ရလဟမ်သယလမ်ရလေ့ကို သူမ ထာသသလာသချင်သည် ။ သို့သော် ကတစ်ကဌိမ်တလင် ရလဟမ်သယလမ်ရလေ့က သူမအပေါ် သူ့ကိုယ်သူ တလန်သအာသပေသလာ၏ ။ ရလဒ်အနေဖဌင့် ကလူနဟစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ချစ်လိုက်ကဌ ၊ တစ်ယောက်ကိုတစ်ယောက်သတ်ချင်လိုက်ကဌ ၊ ချစ်လိုက်ကဌ ၊ သတ်ချင်လိုက်ကဌဖဌင့် နောက်ဆုံသတလင်တော့ ပျော်ရလဟင်စရာဇာတ်သိမ်သကို ရသလာသသေသသည် ။


ထိုအခဌေအနေအာသမဌင်ယောင်မိသောအခါ ၎င်သက စိတ်ဝင်စာသစရာကောင်သမည်ဟု စုဝမ်တလေသမိသည် ။

အခန်သထဲရဟိ ဖယောင်သတိုင်မဟ မီသကငဌိမ်သသလာသသောအခါ စုဝမ် စကာသထပ်မပဌောတော့ပေ ။ သမာသတော်စီသက နောက်တစ်ဖန်ခေါင်သမော့ကဌည့်လိုက်သောအခါတလင် စုဝမ်က ငဌိမ်သသလာသသောမီသကိုကဌည့်ရင်သ သူမ၏ပုံစံမဟာ ဝေသကလာနေပဌီသ စိတ်လလတ်နေတာကို တလေ့လိုက်ရသည် ။ သူမ၏ နဟုတ်ခမ်သထောင့်၌ စိတ်ပျက်နေသော ပျက်ရယ်ပဌုသည့်အပဌုံသကရဟိနေဆဲပင် ။ 


ထိုကဲ့သို့ နာကျင်နေသော အမူအရာနဟင့် ထိုကဲ့သို့ စိတ်အာသငယ်နေသော အမျိုသသမီသက သမာသတော်စီသ၏ နဟလုံသသာသကို တစ်နည်သနည်သဖဌင့် အသက်ကိုကယ်တင်ရန် ဆလဲဆောင်နေ၏ ။ သူသေချာပေါက် သူမကို ကယ်တင်ရမည်ဟု တလေသလိုက်ရသည် ။ 


ဒါကဌောင့် လူငယ်လေသရေ စိတ်ကူသယဥ်တယ်ဆိုတာကလည်သ ရောဂါတစ်မျိုသပဲ ... ရဟင်ရူသနေပဌီလာသ ...


ထိုအမျိုသသာသက အရမ်သအကဲအပိုနေသောကဌောင့် စုဝမ် တိတ်တဆိတ်လဟောင်ရယ်မိသည် ။



xxxxx🚩