Ch 1
Viewers 1k

1960 ခုနှစ်ရဲ့ ပျော်ရွှင်ဖွယ် ဘဝ


အခန်း (၁) အတိတ်


လျိုရှောင်ယင် သတိမလစ်ခင်မှာတွေးလိုက်မိတာက သူမနောက်ဆုံးမှာ လွယ်မြောက်သွားပြီ ဆိုတဲ့ အတွေး...


လျိုရှောင်ယင် မသေဆုံးခင်က သူမအသက်က ၂၈ နှစ်ဘဲ ရှိသေးသည်။ သူမရဲ့ အကိုနှစ်ယောက်အပါအဝင် သူတို့မိသားစုမှာ မောင်နှစ်မ သုံးယောက်ရှိသည်။


ကျေးလက်ဒေသမှာ မွေးဖွားသူဖြစ်ပေမယ့် တစ်ဦးတည်းသောသမီးဖြစ်တဲ့ လျိုရှောင်ယင်ဟာ ငယ်စဉ်ကတည်းက အလိုလိုက်ခံရရင်း ကြီးပြင်းလာတာပါ။ ကြီးပြင်းလာခဲ့ပေမယ့် လယ်ယာလုပ်ငန်းကလွဲလို့ သူမမိသားစုက သူမကို တခြားအလုပ် ပေးမလုပ်ခဲ့ပါဘူး။

အသက် ၂၀ ရောက်လာတဲ့အခါ သူမမှာ ဝမ်ရန် လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ရခဲ့သည်။ ဝမ်ရန်က သူမထက် အသက် ၂ နှစ်သာကြီးတဲ့ ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်သည်။


လျိုရှောင်ယင်ကတော့ ဂျူနီယာအထက်တန်းကျောင်းသာတက်ခဲ့ရပြီး

 ဘွဲရပြီးကတည်းက အခုချိန်ထိ စာအုပ်ကို လှည့်တောင်မကြည့်ခဲ့ရပါဘူး။ ဒါကြောင့် သူမကိုချစ်တဲ့ သူမ့ကောင်လေးအပါအဝင် ကျောင်းတက်နိုင်တဲ့သူတွေကို သူမ တကယ် မနာလိုဖြစ်မိသည်။

စတွဲတုန်းကတော့ ဝမ်ရန်က လျိုရှောင်ယင်နဲ့ အတူတူနေဖို့ မစဉ်းစားခဲ့ဘူး။ ဒါပေမယ့် လျိုရှောင်ယင်ရဲ့ လျှို့ဝှက်ချက်ကို သိပြီးတဲ့အချိန်မှာတော့ အတူတူနေဖြစ်ခဲ့ကြသည်။


လျိုရှောင်ယင် အသက် ၁၈ နှစ်ပြည့်တဲ့အခါ သူမမှာ နေရာလွတ်လေးတစ်ခု ရှိလာခဲ့သည်။


(ဒီဝတ္ထုထဲမှာတော့ နေရာလွတ်အကြောင်း အများကြီး ထည့်မပြောထားပါဘူးရှင့် တရုတ်ဝတ္ထုတွေနဲ့ ရင်းနှီးပြီးသားလူတွေကတော့ ဘယ်လိုမျိုးလဲဆိုတာ သိကြလောက်မှာပါ)


မှော်နဲ့ဆိုင်တာမျိုး မဟုတ်ပေမယ့် အဲ့လိုနေရာလွတ်လေးတွေက ထောင်နဲ့ချီ ရှိနေတတ်ကြသည်။


လျိုရှောင်ယင်ကတော့ ပစ္စည်းတွေနဲ့ အစားအသောက်‌တွေကို expire date မကုန်ဘဲ နေရာလွတ်ထဲ တစ်သက်လုံး ထည့်ထားနိုင်သည်။


သူမအသုံးမပြုတဲ့ ပစ္စည်းတွေကိုလည်း လွှင့်မပစ်ဘဲ အဲ့ဒီနေရာလွတ်လေးထဲမှာဘဲ သိမ်းထားလေ့ရှိသည်။ သူမက supermarket က ပစ္စည်းတွေနဲ့ အလှကုန်အမျိုးမျိုးကို သက်တမ်းကုန်ဆုံးခြင်းမရှိတာ‌ကြောင့် မကြာခဏ နေရာလွတ်ထဲ သိမ်းထားတတ်သည်။


သူမက ဝမ်ရန်ကို သူမ့ဘဝရဲ့ အရေးအပါဆုံး လူတစ်ယောက်လို့ ထင်မိတာကြောင့် သူမမိဘတွေတောင် မသိတဲ့ အဲ့ဒီလျှို့ဝှက်ချက်ကို ပြောပြခဲ့သည်။ ဝမ်ရန်က လျိုရှောင်ယင်ရဲ့ လျှို့ဝှက်ချက်ကို သိသွားတဲ့အချိန်မှာ မနာလိုဖြစ်ပေမယ့် သူ့စိတ်ကိုသူ အကောင်းဆုံး ထိန်းထားနိုင်ခဲ့သည်။ ဝမ်ရန်ကလည်း လျိုရှောင်ယင်လို ကျေးလက်တောသားလေးတစ်ယောက်ဖြစ်ပြီး အဆင်မပြေတဲ့မိသားစုက မွေးလာရပေမယ့် သူ့မှာကျ အဲ့လိုအစွမ်းမျိုး ဘာလို့ ရှိမနေရတာလဲ? သူ ဒါကိုတော့ တကယ် မကျေနပ် ဖြစ်မိတယ်။


ဝမ်ရန် ဘွဲ့ရပြီးချိန်မှာတော့ နှစ်ဦးသဘောတူ လက်ထပ်ဖြစ်ခဲ့ကြသည်။


လျိုရှောင်ယင်ကတော့ သူမ ဆုံးဖြတ်ချက်မှန်ကန်တယ်လို့ ယုံကြည်ခဲ့သည်။ ဘာလို့လည်းဆိုတော့ ဝမ်ရန်က သူမအပေါ်ရော သူမ မိသားစုအပေါ်ပါ ကောင်းကောင်းဆက်ဆံပြီး နာမည်ကောင်း ရခဲ့တာမလို့ပါ။

လက်ထပ်ပြီးချိန်မှာလည်း ဝမ်ရန်က သူမကို တကယ် ပျော်ရွှင်အောင် ထားခဲ့သည်။


လျိုရှောင်ယင်ကတော့ အပျော်ကြီးပျော်နေခဲ့ပြီး နေ့ရက်တိုင်းဟာ ဝမ်ရန်ရဲ့ အပြုံးတွေနဲ့ ချိုမြိန်လို့နေခဲ့သည်။


ဝမ်ရန်ကတော့ ဘွဲ့ရပြီးပေမယ့် အလုပ်မရှာခဲ့ဘဲ ကုန်သွယ်ရေး company တစ်ခုကို တည်ထောင်ပြီး ပြည်ပကုန်သွယ်မှုနဲ့ နယ်ဝေးကုန်သွယ်မှုတွေကို အဓိကထား လုပ်ကိုင်ခဲ့သည်။


ဝမ်ရန်က သူရဲ့စိတ်ကူးကို ပြောပြတဲ့အချိန် လျိုရှောင်ယင်က အံ့အားသင့်သွားပေမယ့် လက်ခံပေးခဲ့သည်။


ဝမ်ရန်ကတော့ လျိုရှောင်ယင်ရဲ့ နေရာလွတ်လေးကို သူ့အလုပ်အတွက် အသုံးပြုပါတော့သည်။ မီတာထောင်နဲ့ချီကျယ်ဝန်းတာကြောင့် သူ့ ကုန်သွယ်ရေးလုပ်ငန်းအတွက် အေးဆေးပါဘဲ...


သက်ရှိတွေကလွဲလို့ ကျန်တဲ့ဘယ်အရာမဆို ထည့်လို့ ရသည်။

အစပိုင်းမှာတော့ လျိုရှောင်ယင်က စိုးရိမ်နေခဲ့သေးသည်။ ဒါမယ့်လည်း နောက်ဆုံးမှာတော့ သူမမှာ သွားလာဖို့ ယာဉ်တစ်စီးတောင် မရှိခဲ့ပါဘူး။ဆင်ခြေဖုံးရပ်ကွက်မှာ စက်ရုံလေးတစ်ရုံကိုဘဲ ငှားရမ်းပြီး နေခဲ့ကြသည်။


ဝမ်ရန်ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ် အားကောင်းခဲ့သည်။ သူက လျိုရှောင်ယင်အပေါ်ကို အမိန့်နဲ့ ခိုင်းစားခဲ့သည်။ လျိုရှောင်ယင်ခမျာ ဝမ်ရန်ရဲ့ စီးတော်ယာဉ်လိုဘဲ လေးနှစ်လောက် ရုန်းကန်ပေးခဲ့ရသည်။ သူမတို့က အဆင်ပြေသထက် ပြေလာခဲ့ပြီးတော့ ဇိမ်ခံကားတစ်စီးတောင် ပိုင်ဆိုင်နိုင်ခဲ့သည်။


ဝမ်ရန်ဟာ ရွာက သူ့မိဘတွေနဲ့ သူ့အကိုမိသားစုကိုပါ ခေါ်တင်လာခဲ့သည်။ ဝမ်ရန့်အမေကတော့ လျိုရှောင်ယင်ကို ဥ မဥနိုင်တဲ့ကြက်မလို မြင်ပြီး နေ့တိုင်း ကောင်းကောင်းမွန်မွန် မဆက်ဆံပေ။


လျိုရှောင်ယင်က ဒေါသထွက်မိပေမယ့် ဝမ်ရန်က သူမကို အမြဲဖြောင်းဖြပြောဆိုခဲ့သည်။ သူ့အမေအပေါ် အထွန့်မတက်ဖို့နဲ့ မိဘတွေအပေါ် ကောင်းကောင်းဆက်ဆံပေးဖို့ပါ ပြောခဲ့သေးသည်။


နောက်တော့ ဝမ်ရန် နောက်မီးလင်းနေတာကို လျိုရှောင်ယင် သိလာခဲ့ရသည်။

 

ဝမ်ရန့်အပေါ် ဖြေရှင်းချက်တောင်းခဲ့ပေမယ့် ဟိုမိန်းမက ကိုယ်ဝန်ရှိနေတာကြောင့် သူမ စိတ်အကြီးအကျယ်ပျက်သွားတော့သည်။


ဝမ်ရန်ကတော့ သူမအပေါ် ပိုကောင်းပေးပြီး ဟိုတစ်ယောက်ရဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့လုပ်ပေးခဲ့ပေမယ့် လျိုရှောင်ယင်ကတော့ ထပ်ပြီး မယုံကြည်နိုင်တော့ပေ။


အခုချိန်မှာတော့ လျိုရှောင်ယင်မှာပိုင်ဆိုင်မှုမရှိတော့ဘဲ မိသားစုအမွေတွေအားလုံးဟာလည်း ဝမ်ရန်နာမည်နဲ့ လွှဲပြောင်းပြီးသား ဖြစ်နေခဲ့သည်။ သူမကို သူမ အရူးတစ်ယောက်လို့ ခံစားလာရပြီး ဝမ်ရန်နဲ့ ကွာရှင်းပြတ်ဆဲဖို့ စီစဉ်တော့သည်။ အနည်းဆုံးတော့ တစ်စုံတစ်ယောက်ရဲ့ ခိုင်းနွား မဖြစ်တော့ဘူးပေါ့။


ဝမ်ရန်က သဘောတူပေးခဲ့ပေမယ့် သူ့အတွက် နောက်ဆုံးအနေနဲ့ အလုပ်တစ်ခုကို လုပ်ပေးဖို့ အမိန့်ပေးလာခဲ့သည်။


ရှော့ပင်းမောတစ်ခုကို စစ်ဇုန်အတွင်းမှာ ဆောက်လုပ်တော့မှာဖြစ်ပြီး သူတို့ပို့ရမယ့်ပစ္စည်းတွေဟာ ဘီလီယံနဲ့ချီပြီး တန်သည်။


လျိုရှောင်ယင်က သဘောတူခဲ့ပြီး လေယာဉ်နဲ့ ခရီးဆက်ခဲ့သည်။ သူမ မသိလိုက်တာတစ်ခုက သူမစီးလာတဲ့လေယာဉ်ဟာ ဖောက်ဖွဲခံတော့မယ် ဆိုတာကိုပါ...


သူမ မသေဆုံးမီမှာ သူမက ကံဆိုးစွာနဲ့ ဝမ်းလျှောနေခဲ့သည်။


ဒီဘီလီယံချီတန်တဲ့ ပစ္စည်းတွေက ဝမ်ရန့်ကို ဘဝပျက်သွားစေနိုင်လောက်မလား....?


--ပြီး--