1960 က ပျော်ရွှင်တဲ့ဘဝ
အခန်း(၂) ပြန်လည်မွေးဖွားခြင်း
လျိုရှောင်ယင် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမမျက်စိရှေ့မှာ ကောက်ရိုးမျှင်များလို လွင့်မြောနေသောအရာများ တွေ့လိုက်သည်။ သူမဟာလည်း အမှိုက်တစ်စလို လွင့်မြောနေကြောင်း ထပ်မံသိလိုက်ပါသေးသည်။
ဒါပေမယ့် သူမမျက်စိရှေ့က အရာတွေက ဘာများလဲ?
အချိန်ခရီးသွားတာလား?ပြန်မွေးဖွားလာတာလား? ဒါမျိုးတွေကို သူမ ဝတ္ထုတွေထဲမှာတော့ ဖတ်ဖူးခဲ့ပါရဲ့....
မသေတာလည်း ကောင်းတော့ကောင်းပါတယ်လေ
သူမလက်တွေကို ဆန့်ထုတ်ပြီး ကြည့်လိုက်မိတော့ ခြောက်သွေ့နေတဲ့လက်သည်းတွေနဲ့ အဝါနက်ရောင် အသားအရေရှိတဲ့ အရိုးပေါ်အရည်တင် လက်တစ်စုံကို တွေ့လိုက်ရသည်။
ဒီလိုပုံစံမျိုး သူမ ဘဝမှာ တစ်ခါမှမမြင်မတွေ့ခဲ့ဖူးပေ....
သူမ မျက်လုံးကစားပြီး ကြည့်လိုက်တော့ အိမ်ရဲ့အခြေအနေဟာ ဆင်းရဲနွမ်းပါးလို့နေပေမယ့် သူမကတော့ အသက်ရှင်နေသေးသည်။
"ယင်ဇီ သမီးနိုးလာပြီဘဲ.."
တံခါးဟာ ပွင့်လာခဲ့ပြီး ညစ်နွမ်းနေတဲ့အဝတ်အစားနဲ့ အဘွားအိုတစ်ယောက်ဟာ စိုးရိမ်စိတ်တွေ အထင်းသားနဲ့ ပြောလာခဲ့သည်။
"ယင်ဇီ မရှိတော့တာထက်တော့ ပိုကောင်းပါတယ်။ မငိုနဲ့တော့နော်..
သေခြင်းတရားကို ဘယ်သူမှ မရှောင်လွှဲနိုင်ဘူးကွယ်"
ထိုအဘွားအိုဟာ သက်ပြင်းချလျက် ခုံတွင် ဝင်ထိုင်လိုက်သည်။
လျိုရှောင်ယင်ဟာ အနည်းငယ်ရှက်သွားသည်။ သူမမှာ ယင်ဇီဆိုတဲ့ မူလပိုင်ရှင်ရဲ့ မှတ်ညဏ်တွေကို မမှတ်မိတော့တာကြောင့် ပြန်ပြောရန် စကားများလည်း ပျောက်ရှလို့နေခဲ့လေသည်။
အဘွားအိုဟာ သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်နေတဲ့ ယင်ဇီကို ကြည့်ကာ "ယင်ဇီ သမီးက တစ်ယောက်တည်းနေတာ၊ ကိစ္စတစ်ခုခုရှိရင် ဟိုဘက်အိမ်က ဦးလေးရှီထို ကို သွားခေါ်လိုက်နော်.. စားပွဲပေါ်မှာ ထမင်းပန်းကန်တင်ထားခဲ့တယ် သမီးစားလိုက်ဦး အဘွား အရင်ပြန်နှင့်တော့မယ်.."
ထို့နောက် အဘွားအို ထွက်သွားလေတော့သည်။ လျိုရှောင်ယင်ဟာ ခြေသံတွေ တစ်လှမ်းချင်း လှမ်းနေတာကို ကြားနေရပြီး အသံတိတ်သွားသည်အထိ နားစွင့်နေမိသည်။
လျိုရှောင်ယင်ဟာ အိမ်ကို တစ်ချက် ကြည့်လိုက်မိသည်။ ဒါက လူနေတဲ့အိမ်ရော ဟုတ်ရဲ့လား?
ရှေးဟောင်းအိမ်တစ်လုံးလိုပုံစံဖြစ်ပြီး အိမ်ထဲတွင် သေတ္တာနှစ်လုံးနှင့် စောင်နှစ်ထည်ကို တွေ့ရသည်။ တစ်ခုတည်းသော ပြတင်းပေါက်ကိုလည်း အဝတ်စုတ်များနဲ့ ကာထားသည်။ ကြမ်းပြင်တွင်တော့ စားပွဲငယ်လေးတစ်လုံး ရှိလေသည်။
လျိုရှောင်ယင်ဟာ အနက်ရောင်ချည်သားဖိနပ်ကိုစီးကာ အခန်းပြင်သို့ထွက်လာခဲ့သည်။ ဒါက မီးဖိုချောင်ဘဲဖြစ်ရမယ်။ အိုးအသေးလေးတစ်လုံးဟာ မြေမီးဖိုပေါ်မှာ ရှိနေပြီး မီးမွှေးလိုက်ရင်တော့ နွေးလာလောက်သည်။
မီးဖိုဘေးမှာတော့ တစ်မီတာလောက်မြင့်တဲ့ ရေတုံကင်တစ်ခု ရှိပြီး ရေလည်း တစ်ဝက်လောက် ရှိနေသည်။
ထို့နောက် လျိုရှောင်ယင်ဟာ ကြမ်းပြင်ပေါ်မှာ သစ်သားတံခါး တစ်ခုတွေ့တာကြောင့် ဖွင့်ကြည့်လိုက်မိတော့ လှေခါးငယ်တစ်ခု ပေါ်လာသည်။ အောက်တွင်မှောင်မဲနေတာကြောင့် သူမ ဆင်းတော့မကြည့်ရဲပေ။
"ဂလူးဂလူးလူး..." လျိုရှောင်ယင်ရဲ့ ဗိုက်ဟာ မြည်လာပြီး သူမအလွန်ဆာလောင်နေကြောင်း သိလိုက်ရသည်။ ထို့နောက် သူမရဲ့အကြည့်တွေဟာ တံခါးဘောင်ဘေးက ကြွေပန်းကန်လုံးတစ်လုံးအပေါ်ကျရောက်သွားသည်။
သူမဟာ တူတစ်ချောင်းဖြင့် wowotou(တရုတ်အစာသွပ်ပေါင်မုန့်တစ်မျိုး) ရဲ့ ဂေါ်ဖီကို စတင်စားလိုက်သည်။ အမှန်တိုင်းပြောရရင်တော့ ဒါမျိုးကိုစားတာ လျိုရှောင်ယင်ဘဝမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူမ ရွာမှာစားဖူးတဲ့ Wowotou ဟာ ဒီလိုဝါးရမခက်လှပေ။ ခန့်မှန်းရသလောက်တော့ ဒီဟာကို ပြောင်းဆန်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါလိမ့်မယ်။
လျိုရှောင်ယင်ကတော့ ရေနဲ့ မျောချကာ စားလိုက်ရသည်။
'ဘုရားရေ ဘယ်လိုတောင် ကံဆိုးလိုက်တဲ့နေ့လဲ!' လျိုရှောင်ယင်ဟာ တွေးတောလျက် ခုံပေါ်ထိုင်ချကာ အခန်းကို ကြည့်နေလိုက်မိသည်။
သူမရဲ့ နေရာလွတ်လေးအကြောင်း စဉ်းစားရင်း သူမစိတ်က နေရာလွတ်လေးစီ ရောက်ရှိခဲ့သည်။
'အခုထိ ရှိသေးတာဘဲ!!' သူမ ပျော်ရွှင်နေပေမယ့် ခေါင်းအနည်းငယ် မူးဝေလာလေသည်။ သွေးတွင်းသကြားဓာတ်နည်းတာမျိုး သူမအကြိမ်များစွာ ဖြစ်ခဲ့ဖူးသည်။ နေရာလွတ်လေးနဲ့ ပြန်ဆက်သွယ်ကာ လျိုရှောင်ယင်ဟာ အစားအစာများကို ဖြည်းညှင်းစွာ စားသောက်နေလေသည်။
ပစ္စည်းတွေအားလုံးက မပို့ဆောင်ရသေးမီ ကျန်ရှိနေခဲ့တာတွေ ဖြစ်သည်။
ဒါတွေဟာ ဘီလီယံနဲ့ချီ တန်တာကြောင့် ဘယ်လောက်တန်ဖိုးကြီးလဲဆိုတာတွေးကြည့်ရုံနဲ့ သိနိုင်သည်။
အဝတ်အစားတွေ၊ အလှကုန်တွေ၊ အထက်တန်းဆန်တာ အလယ်တန်းစားနဲ့ အဆင့်နိမ့်တာ အကုန်အစုံ ရှိသည်။ စစ်ဇုန်အတွင်း တင်ပို့ရတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် လုံလောက်တာထက် ပိုနေလေသည်။
လျိုရှောင်ယင်သည် ထိုနေရာနဲ့ အနည်းငယ် နေသားကျသလို ဖြစ်လာသည်။ သို့သော် သူမတွင် ဆွေမျိုးမရှိသလို ဒီနေရာကို ရောက်ကတည်းက စကားပြောရန် အဖော်ဟုလည်းမရှိခဲ့ပေ။ အိမ်ဟာလည်း ယိုယွင်းနေတဲ့ အနေအထားဖြစ်တာကြောင့် သူမ စိတ်မသက်သာဖြစ်နေတာတော့ အမှန်ပင် ဖြစ်သည်။
လျိုရှောင်ယင် အပြင်ဘက်ကို ကြည့်လိုက်မိတော့ အနည်းငယ် မှောင်စပြုလာတာကြောင့် ပန်းကန်ကို ပြန်ပို့ရန် ဆေးကြောလိုက်သည်။ ဒါသည်လည်း သူတစ်ပါးပစ္စည်းဘဲ မဟုတ်လား..?
ပြန်ပို့ဖို့ စဉ်းစားပြီးတော့ လျိုရှောင်ယင်သည် ထိုပန်းကန်ထဲသို့ ပြောင်းမှုန့်များကို ထည့်လိုက်သေးသည်။ ခေါက်ဆွဲက wowotou ထက်တော့ ပိုကောင်းတာပေါ့...!
လျိုရှောင်ယင် အပြင်ထွက်လာသော ခြံလွတ်ကြီးသည် အတော်အတန်ကျယ်ဝန်းလေသည်။ အနည်းငယ်အေးပြီး ပတ်ဝန်းကျင်ဟာ အဝါရောင်သန်းနေတာကြောင့် ဆောင်းဦးရာသီ ဆိုတာ သူမသိလိုက်သည်။
သူမဟာ အဝတ်တွေကို ပိုနွေးစေအောင် တင်းတင်းကြပ်ကြပ် ဆွဲထားလိုက်ပြီး တစ်ဘက်အိမ်သို့ ထွက်လာလိုက်သည်။
လျိုရှောင်ယင်က အဘွားအိုရဲ့ အိမ်ကို ဘယ်လိုများသိလဲ..? သိချင်နေကြမှာပေါ့..
လျိုရှောင်ယင် ယခု နေတဲ့ အိမ်ဘေးတွင် အိမ် တစ်လုံးတည်းသာရှိပြီး ကျန်တဲ့အိမ်တွေကတော့ တောင်တွေရဲ့ တခြားဘက် အလွန်ဝေးတဲ့ နေရာမှာ တည်ရှိကြသည်။
အဘွားအိုရဲ့ အိမ်ဟာလည်း လျိုရှောင်ယင်အိမ်လို ယိုယွင်းစွာ တည်ရှိနေသော်လည်း သူမအိမ်ထက် အနည်းငယ် ပိုကြီးလေသည်။
သစ်သားတွေနဲ့ ကာရံထားပြီး အဝင်တံခါးရယ်လို့ မရှိတာကြောင့် သူမ အိမ်ထဲသို့ တိုက်ရိုက်ဝင်သွားနိုင်သည်။
အိမ်ထဲတွင်တော့ ညစာ စားနေကြဟန် တူသည်။အဘွားအိုသည် လျိုရှောင်ယင်အား လာရောက်နှုတ်ဆက်ကာ "ကောင်းပြီး ခနစောင့်ပါဦးကွယ်" ဟု ပြောလိုက်သည်။
"ယင်ဇီ လာမီးလှုံလှည့်ပါဦး" အသက် ၂၀ အရွယ် လူတစ်ယောက်က နှုတ်ဆက်လာသဖြင့် သူမ ဝင်ထိုင်လိုက်သည်။
သို့သော် သူမသည် တုပ်တုပ်မျှ မလှုပ်ရဲပေ။ ကလေးတစ်ဖက်နဲ့ မိန်းမတစ်ယောက်သည် သူမအား စူးစူးစိုက်စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။
အဲ့လူကြီးကတော့ ဦးလေး ရှီထို ဖြစ်ရမယ်။ ကလေးနဲ့တစ်ယောက်က သူ့မိန်းမဘဲ နေမယ်..
လျိုရှောင်ယင်ဟာ ပြုံးပြလိုက်ပြီး "ရပါတယ် ဦးလေး သမီး ပန်းကန်ပြန်လာပို့တာပါ အိမ်မှာ မီးလှုံလိုက်လို့အဆင်ပြေပါတယ်" ဟု ပြောလိုက်သည်။
လျိုရှောင်ယင်သည် ပန်းကန်ကို မီးဖိုဘေးချကာ ထွက်သွားရန်ပြုစဉ်....
ရှီထိုသည် ပြောင်းမှုန့်ထည့်ထားသောပန်းကန်ကိုကြည့်လိုက်ကာ အလျင်အမြန် လျိုရှောင်ယင်သို့ ပြန်ပေးလာပြီး "ဦီးလေးတို့ ဒါကို လက်မခံနိုင်ဘူး ဒါတွေက သိပ်ဈေးကြီးလွန်းတယ်"
ဈေးကြီးတယ်..? သူမ ပန်းကန်ကိုတစ်ချက်ကြည့်လိုက်ပြီး ဖြစ်နိုင်ရဲ့လား ပြန်စဉ်းစားလိုက်မိသည်။
အဘွားအိုဟာလည်း ပြန်ယူသွားရန် ပြောရှာသည်။
"ယင်ဇီ သမီးဒါတွေကို ပြန်ယူသွားပြီး ကိုယ့်ဘာသာဘဲ ခေါက်ဆွဲကောင်းကောင်းလေး လုပ်စားပါကွယ်"
သို့သော် ရှီထိုရဲ့မိန်းမသည် ပန်းကန်ကို ကြည့်ကာ
"ဟူဇီလေးက ဒါမျိုး ကောင်းတာတွေ မစားခဲ့ရတာ အတော်တောင် ကြာနေပြီ..."
"ရှောင်ဟွား!!!" ရှီထိုသည် သူ့ဇနီးသည်အား တစ်ချက် အော်လိုက်ကာ စူးစိုက်ကြည့်နေလေသည်။ ထိုအမျိုးသမီးဟာ လက်တွေကို နှိမ့်ချထားပေမယ့် စူးစိုက်စွာပင် ပြန်၍ကြည့်နေသည်။
"ဦးလေးရှီထို အဲ့လိုမပြောပါနဲ့ သမီး နည်းနည်း ပြန်ယူသွားလိုက်ပါမယ် နည်းနည်းဆို သမီးအတွက် လုံလောက်ပါတယ်"
လျိုရှောင်ယင်ကတော့ ဒီကိစ္စသေးသေးလေးကလွဲလို့ ကျန်တာတွေက အကုန်ကောင်းတယ်လို့ ထင်မိသည်။
အဘွားအိုဟာ လျိုရှောင်ယင်က လိမ်ညာပြောဆိုနေတာမဟုတ်မှန်းသိသည်။ သူမ အိမ်ရဲ့ အခြေအနေကိုလည်း ပြန်ငဲ့ကြည့်မိတာကြောင့် လက်ခံထားလိုက်သည်။
"ရှီရှီရယ် ယင်ဇီကို အဲ့လောက်မပြောပါနဲ့၊ သူ့အဖေက အမဲလိုက် ကျွမ်းတော့ အိမ်မှာ စားစရာတွေရှိမှာပါ။ ဒါပေမယ့် ယင်ဇီ သမီးမိဘတွေက ရှိတော့တာ မဟုတ်ဘူး၊ နောက်ဆို အသားခြောက်လှမ်းပြီး စားလို့ရတော့မှာမဟုတ်ဘူး သမီး ချွေတာစားနော်။"
လျိုရှောင်ယင်ဟာ လက်ခံကြောင်း ခေါင်းညိတ်ပြကာ စကားအနည်းငယ်ပြောပြီးနောက် အိမ်ပြန်လာလိုက်သည်။
အိမ်ထဲမှာ အေးစက်နေတာကြောင့် မီးလှုံရန် ခြံထဲမှ ထင်းများကို သယ်လာလိုက်သည်။
ကျေးလက်ဒေသမှာ နေထိုင်ခဲ့တဲ့ သူမအတွက်တော့ အရမ်းကြီး ခက်ခဲမှု မရှိပေ...
အခန်းထဲမှာ နည်းနည်းနွေးလာတော့ တံခါးကို ချက်(ဂျက်)ထိုးလိုက်ကာ စားပွဲနားလေးသို့ လျှောက်လာခဲ့သည်။
စောင်အပါးလေးကို ကြည့်ရင်းဖြင့် မစ္စစ်လီနဲ့ စကားပြောခဲ့တာကို သတိရလိုက်မိသည်။
အခုရောက်နေတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက် ကိုဘဲ...!!!
ယခုနှစ်က ၁၉၆၅ ခုနှစ်ဖြစ်လေသည်။ မူလပိုင်ရှင်ရဲ့နာမည်ဟာလည်း လျိုရှောင်ယင် ဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်သည်။ သူမအဖေက စစ်သားတစ်ယောက်ဖြစ်ပြီး အမေရဲ့အမျိုးတွေကတော့ တောင်တွေရဲ့ဟိုဘက် မိုင် ၃၀ အကွာမှာ နေကြလေသည်။
သူမရဲ့ဖခင်ဖြစ်သူ လျိုဟိုင်မင်ဟာ စစ်ဆင်ရေးတစ်ခုမှာ သေဆုံးခဲ့ရပြီး အမေကတော့ ခင်ပွန်းကိုဆုံးရှုံးရမှုအတွက် ပူဆွေးသောကရောက်လျက် ထပ်မံသေဆုံးခဲ့ကာ လျိုရှောင်ယင်အားတစ်ယောက်တည်း ကျန်ရစ်စေခဲ့သည်။ လျိုရှောင်ယင်ဟာ တစ်နှစ်ခွဲလောက်အထိ တစ်ယောက်တည်း နေထိုင်ခဲ့ရင်း အဆုံးတွင် အစာရေစာ ပြတ်လပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
အမှုထမ်းဟောင်းတွေကို ထောက်ပံ့ကြေးပေးတာရှိရက်နဲ့ ဘာကြောင့် မူလပိုင်ရှင်က ငတ်ပြတ်ပြီး သေရတာလဲ...?
လျိုရှောင်ယင်ဟာ သေတ္တာတွေအတွင်းသို့ လိုက်လံရှာဖွေကြည့်တော့ လက်ကိုင်ပုဝါအဟောင်းလေးထဲတွင် ယွမ် ၅၀၀ ကို တွေ့လိုက်လေသည်။ ၁၀ ယွမ် ထက်ကျော်သောအကြွေစေ့များလည်း ရှိနေသေးသည်။
ဒီခေတ်ကြီးထဲမှာ အရာရာတိုင်းအတွကိ ပေးဆပ်မှုတွေရှိတာမလို့ မူလပိုင်ရှင်က ငတ်ပြတ်ပြီး သေသွားတာဟာလည်း အဆန်းတော့မဟုတ်ပါဘူးလေ...
ရွာထဲက အလုပ်သမားတွေဘဲ စားစရာရှိကြမှာ..
ကောင်းကင်ပေါ်က မုန့်တွေကျလာမယ်ဆိုရင်တော့ သူမ တစ်နေကုန် ဘာမှမလုပ်ဘဲ အိမ်ထဲမှာဘဲ အချိန်ဖြုန်းနေတော့မှာ..
လျိုရှောင်ယင်ဟာ ပိုက်ဆံတွေကို နေရာလွတ်လေးစီ ထည့်ထားလိုက်ပြီးတော့ စောင်အစုံလိုက် ကို ထုတ်လာလိုက်သည်။
စုတ်ပြဲနေတဲ့စောင်တွေကို အခင်းအဖြစ်ထားပြီးတော့ အိပ်ယာမဝင်ခင် သူမ အဝတ်အစားတွေကိုလည်း ချွတ်ပစ်လိုက်လေသည်။
--ပြီး--