Ch 3
Viewers 1k

1960 ခုနှစ်က ပျော်ရွှင်တဲ့ ဘဝ


အခန်း(၃) စေ့စပ်ထားတဲ့သူ


တိတ်ဆိတ်နေတဲ့ ညလယ်မှာ လျို‌ရှောင်ယင် နိုးလာခဲ့ပြီး အိမ်အိုလေးထဲမှာဘဲ ‌ရှိနေသေးတာကြောင့် စိတ်ထဲမှ သက်ပြင်းအသာ ချလိုက်မိသည်။


သူမ နိုးလာခဲ့ပြီး စောင်တွေကို နေရာလွတ်ထဲသို့ ထည့်ထားလိုက်ပြီး နေရာလွတ်လေးထဲမှာဘဲ အဝတ်အစားလဲလိုက်သည်။ မူလပိုင်ရှင်ဟာ underwear မဝတ်ထားတာကြောင့် သူမ အနည်းငယ်တော့ လက်မခံနိုင်ပေ။


လျိုရှောင်ယင်ဟာ သပ်"ရပ်" ဝတ်စားလိုက်သည်။ ဒီမှာ သူမလုပ်နိုင်တာ များများစားစား မရှိပေ။ အိမ်ကိုလှည့်ပတ်ရှာ‌ဖွေကြည့်ပေမယ့် သူမ အဝတ်အစားတွေဟာ ဖာထေးထားတာတွေဘဲ ဖြစ်‌‌နေသည်။


'စစ်တပ်ရဲ့ ထောက်ပံ့ကြေးက အများကြီး မဟုတ်ဘူးလား?


ဒီမိသားစု ဘယ်လိုများ နေထိုင်ကြပါလိမ့်'


လျိုရှောင်ယင်ဟာ ဆက်မတွေးတော့ဘဲ မီးထွန်းလိုက်ပြီး ခြေလက်သန့်စင်ရန် ပြင်လိုက်သည်။ ထို့နောက် ခေါက်ဆွဲစားကာ မြေအောက်ခန်းကို ကြည့်ရှုရန် အသင့်ပြင်ထားလေသည်။


လျိုရှောင်ယင်ဟာ လက်နှိပ်ဓာတ်မီးဖြင့် မြေအောက်ခန်းသို့ဆင်းကြည့်ခဲ့ပြီး ထင်ထားသည့်အတိုင်း စားစရာရယ်လို့ တစ်ခုမျှ မရှိနေချေ။


သူမဟာ ပြောင်းမှုန့်တွေကို ထုပ်ပိုးလိုက်ပြီး ကောက်ရိုးပုံပေါ် တင်ထားလိုက်သည်။ ထို့နောက် အာလူးအချို့နှင့် ဂေါ်ဖီ တို့ကိုပါ ထပ်မံထုပ်ပိုးလိုက်သည်။ ဆောင်းရာသီတွင် စားလို့ရသော အရာများဖြစ်ပြီး အခြားလူများမတွေ့စေရန် ဂရုစိုက်ရမည်။ လျိုရှောင်ယင်ဟာ အပြင်မထွက်မီ မြေအောက်ခန်းတံခါးကို ပြန်ပိတ်ထားခဲ့သေးသည်။


အိမ်တွင် ဒီအတိုင်း ထိုင်စားနေလို့ရသော အခြေအနေမဟုတ်တော့ပေ။ သူမအနေဖြင့် ပိုက်ဆံရမည့်အလုပ်တစ်ခု ရှာရန် လိုအပ်နေသည်။


သို့သော် ယခုခေတ်တွင် ဝင်ငွေရရန် ခက်ခဲလှသည်။ လူတိုင်းဟာ အလုပ်သမားတွေဖြစ်ပြီး လက်မှုပညာသည်တွေသာ ကိုယ်ပိုင်ပိုက်ဆံရှိကြလိမ့်မည်။


လျိုရှောင်ယင်ဟာ သက်ပြင်းချလိုက်ပြီး တော်ရိုင်းတိရစ္ဆာန်နဲ့ ငှက်၊ သားရဲများ ရှိသည်ဟူသော အနောက်ဘက်တောင် စီသို့ ကြည့်လိုက်မိသည်။


ရွာသားတော်တော်များများဟာ အမဲလိုက်မုဆိုးများ မဟုတ်ကြဘဲ မှိုနှင့် သီးနှံများကိုသာ အဓိကထား စိုက်ပျိုးကြသူများဖြစ်ကြသည်။ ထိုတောင်တွင် သားရဲဝက်ဝံများနဲ့ သတ္တဝါရိုင်းများ ပေါများတာကြောင့် ကြောက်ကြပုံပေါ်သည်။


လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရွာသားများကို တောဝက်များက သတ်ဖြတ်ဖူးတာကြောင့် တောင်ပေါ်သို့ မတက်ရဲကြတော့ဘဲ ထင်းနှင့် အသီးအရွက်များကို စုဆောင်းထားကြပြီး နေထိုင်ကြရသည်။


လျိုရှောင်ယင်ဟာ ကြောက်ရွံ့သွားသည်။ သူမဟာ တောင်ပေါ်မှာကြီးပြင်းခဲ့ပေမယ့် အမဲလိုက်ခြင်းကို မကျွမ်းကျင်ပေ။


သူမ နိုင်ငံခြားသွားစဉ်က မိမိ ကိုယ်ကို ကာကွယ်ရန် အဆိပ်မြှားတံများ ဝယ်ခဲ့ဖူးသည်။ သို့သော် ဒါဟာ အသုံးဝင်လာလိမ့်မယ်လို့ သူမ မတွေးမိပါ။


လျိုရှောင်ယင်ဟာ ထိုအရာကို တခါမျှ အသုံးမပြုခဲ့ဖူးပေ။ ဝယ်တုန်းကတော့ ပိုင်ရှင်က သူမအား အသုံးပြုပုံကို သင်ကြားပေးလိုက်သည်။ ထိုအရာဟာ အခန့်မသင့်လျှင့် မိမိကိုယ်ကိုပါ ထိခိုက်စေနိုင်သည်။


လျိုရှောင်ယင်ဟာ ထိုအရာကိုစမ်းကြည့်ရန် တောင်ပေါ်သို့တက်မည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် တောနက်ထဲသို့ မသွားဘဲ တောင်ဘေးနားပတ်လည်တွင်သာ စမ်းကြည့်ရန် စဉ်းစားလိုက်သည်။


လျိုရှောင်ယင်ဟာ တံခါးကို ပိတ်ထားလိုက်ပြီး အနောက်တံခါးက ဝါးတောင်းကို လွယ်ကာ တောင်‌ပေါ်သို့ တိုက်ရိုက်တက်သွား‌လေသည်။


လမ်းတွင်တော့ လူသူရယ်လို့ မရှိပေ။ ရွာသားတွေဟာ ဤနေရာတွင် အလုပ်လုပ်ကြသော်လည်း ချက်ချင်းစိုက် ချက်ချင်းရိတ်သိမ်းတတ်ကြသည်။ အသီးအရွက်ခူးရန် သို့မဟုတ် စိုက်ပျိုးရန်မှလွဲ၍ မည်သူမျှ တောင်ပေါ်သို့ မတက်ကြပေ။


မိနစ် ၂၀ လောက် လျှောက်ပြီးချိန်တွင် တောသည် နက်သည်ထက် နက်လာပြီး တောင်ဟာလည်း ပို၍ မက်စောက်လာခဲ့သည်။ လျိုရှောင်ယင်ဟာ ဒီနေရာတွင် သားကောင်ရှာရန် ဆုံးဖြတ်လိုက်သည်။


သူမဟာ မြှားတောင့်ကို လက်ကောက်ဝတ်တွင် တပ်ဆင်လိုက်ပြီး မြှားတံကိုပါ ထည့်ထားကာ အရှေ့ဘက်သို့ ချိန်ထားလိုက်သည်။


ဘာလို့ ဒီလိုလုပ်ရတာလဲ? ထိုအရာဟာ အရမ်းလျင်မြန်ပြီး သတိမထားပါက သူမကို ပြန်၍ထိခိုက်စေနိုင်ပြီး အသက်ပါသေဆုံးစေနိုင်သည်။ ပြောရလျှင် သူမ ထိုအရာကို နည်းနည်းတော့ ကြောက်နေမိသေးသည်။


'ရွှတ်...ရွှတ်'


သစ်ရွက်လျှပ်တိုက်သံများကို ကြားနေရပြီး လျိုရှောင်ယင်ဟာ ဖြေးညှင်းစွာဖြင့် အရှေ့သို့ တစ်လှမ်းချင်းလှမ်းလိုက်သည်။ ခဏအကြာတွင် မီးခိုးရောင်ယုန်ငယ်လေးတစ်ကောင်ကို အပင်ခြေရင်းတွင် တွေ့လိုက်ရသည်။


လျိုရှောင်ယင်ဟာ အသက်ဝအောင် ရှုသွင်းလိုက်ပြီး ယုန်ငယ်ကို ချိန်ရွယ်ထားလိုက်သည်။


မြှားပစ်သံသာကြားလိုက်ရပြီး ယုန်ရဲ့ခြေထောက်ကို ထိသွားသည်။


သွေးထွက်ပြီး ရုန်းကန်နေသော ယုန်ကို ယူရန် သူမအမြန်ပြေးသွားလိုက်သည်။


ထို့နောက် ဓားမြှောင်ဖြင့် ယုန်လည်ပင်းကို လှီးလိုက်ကာ နေရာလွတ်ထဲသို့ ထည့်ထားလိုက်သည်။


"ခေါင်းကို ထိပါးနီးလေးကို"


လျိုရှောင်ယင်ဟာ ယုန်ခေါင်းကို ချိန်ထားခဲ့ပေမယ့် လက်ချော်ကာ ခြေထောက်ကို မှန်သွားသည်။


သို့သော် ဒါဟာလည်း ကံကောင်းပါတယ်။ လျိုရှောင်ယင်ဟာ နောက်ထပ် ယုန်နဲ့ ငှက်များကို ခြောက်လှန့်နေမိခဲ့သော်လည်း အဆုံးတွင် ငှက်တစ်ကောင်မိကာ ကျေနပ်သွားတာကြောင့် တောင်အောက်ပြန်ဆင်းရန် ဆုံးဖြတ်လိုက်သည်။


ဝါးထောင်းထဲသို့ ထင်းအပြည့်ထည့်ကာ မွန်းလွဲအချိန်တွင် တောင်အောက်ဆင်းကာ အိမ်သို့ပြန်လာလိုက်သည်။


လျိုရှောင်ယင် တောင်အောက်ဆင်းလာတော့ သူမအိမ်ရှေ့တွင် အစိမ်းရောင် အဝတ်အစားနဲ့ လူတစ်ယောက်ရပ်နေတာကို တွေ့လိုက်ရသည်။


ထိုလူဟာ သူမကို စောင့်နေပုံပေါ်နေမယ့် လျိုရှောင်ယင် တကယ် ထိုလူကို မသိပေ။


လျိုရှောင်ယင် တံခါးရှေ့ရောက်တော့ ထိုလူဟာ သူမကို သတိထားမိသည်ထင်... သူမကို ကြည့်လာသည်။


လျိုရှောင်ယင်ဟာလည်း ထိုလူကို စူးစိုက်စွာပြန်ကြည့်မိတော့ ထိုလူဟာ အတော်ချောသည်။


ထိုလူတွင် ခက်ထန်သောမျက်နှာ၊ ဂျုံရောင် အသားအရေနှင့် ၁.၈ မီတာလောက်မြင့်သောအရပ် ရှိသည်။ မျက်နှာတွင် ဘာခံစားချက်မျှ မရှိပေ။


Cool guy လား ?


လျိုရှောင်ယင်ဟာ ထိုလူကို မသင်္ကာစွာ ကြည့်နေစဉ်မှာဘဲ ထိုလူဟာ သူမစီသို့ လျှောက်လာသည်။


"ဒီက မိန်းကလေး ကိုယ်က Hejiawan ကလာတာပါ၊ ကိုယ့်နာမည်က ဟဲ့ဟောင်ဝိန် လို့ခေါ်ပါတယ်။ ဒီမှာ လျိုရှောင်ယင်ရဲ့ မိသားစုများ ရှိလား မသိဘူး"


ထိုလူရဲ့အသံဟာ ညှို့ဓာတ်ပြင်းပြီး လေသံခပ်နိမ့်နိမ့်ဖြစ်သည်။


လျိုရှောင်ယင်က ထိုသူကို ပြန်ကြည့်ကာ ခေါင်းညိတ်ပြပြီး "ဟုတ်ကဲ့ ကျွန်မက လျိုရှောင်ယင်ပါ။ ဘာကိစ္စများရှိလို့လဲရှင့်"


ဟဲ့ဟောင်ဝိန်ဟာ သူ့ရှေ့က ဝါးထောင်းလွယ်ထားတဲ့ ပိန်ပိန်ပါးပါးအမျိုးသမီးက သူနဲ့ စေ့စပ်ထားတဲ့သူဆိုတာ တကယ်မယုံနိုင်ပေ။


လျိုရှောင်ယင်ဟာ ဟောင်ဝိန်မျက်လုံးထဲက သနားရိပ်ကို မြင်လိုက်ရသည်။ သူက အခု ဆင်းရဲနေလို့များလား?


သို့သော် သူမ တကယ် အံ့ဩသွားရသည်။


"ကျွန်တော်က မိန်းကလေးနဲ့ စေ့စပ်ထားတဲ့သူပါ"


"ဘာ!!"


လျိုရှောင်ယင် အမှန်ပင် အံ့ဩသွားရသည်။ သူမ မှာ စေ့စပ်ထားတဲ့သူ ရှိသေးတာလား? ဒါမှမဟုတ် စစ်သားအစ်ကိုလား?


လျိုရှောင်ယင် အိမ်ထဲဝင်လာတော့ ထိုလူဟာ ထိုင်နှင့်ပြီးသားဖြစ်နေသည်။


"အမ်..ဘာအရေးလဲ ဗိုက်ဆာနေပြီ စားဖို့တစ်ခုခုချက်ရမယ်.."


ဟောင်ဝိန်ရဲ့ အထုပ်အပိုးတွေကိုမြင်တော့ ထိုလူဟာ အဝေးကြီးက လာခဲ့ရမှန်း သူမသိလိုက်သည်။


ဟောဝိန်ဟာ ထိုသို့ကြားပြီးနောက် သူ့ဗိုက်ဟာ အမှန်ဆာလောင်နေတာကြောင့် ခေါင်းကိုကုတ်ကာ..


"အာ..ကိုယ်တကယ်ဘာမှ မစားရသေးဘူး"


လျိုရှောင်ယင်ဟာ ဟောင်ဝိန်ရဲ့ ချစ်စရာအပြုအမူကိုတွေ့တော့ စတွေ့တုန်းက ရုပ်တည်နဲ့ လူမှ ဟုတ်ရဲ့လား ပြန်တွေးမိသည်။


သူမဟာ ရှက်သွေးဖြာသွားပြီး အိမ်အပြင်သို့ထွက်ရန် "ကျွန်မ ချက်ပြုတ်လိုက်ပါမယ့် ရှင် အထဲမှာဘဲ ထိုင်နေပါ" ဟု ပြောကာ ထွက်လာလေသည်။


'ဘုရားရေ ငါဘာလို့များ ရှက်နေရတာလဲ? အရင်လူကို သစ္စာဖောက်ပြီး အသစ်ရှာဖို့များ တွေးနေတာလား လျိုရှောင်ယင်ရေ !!'


လျိုရှောင်ယင်ဟာ အသက်ဝအောင် ရှုလိုက်ပြီး ငှက်တစ်ကောင်ကို ပြုတ်ကာ အမွှေးနှုတ်ပြီး ခေါက်ဆွဲဖြင့် ရောပြုတ်လိုက်‌ပြီး စွပ်ပြုတ်ချက်လိုက်သည်။


ချက်လို့ပြီးသွားတော့ စားစရာကို စားပွဲပေါ်တင်ကာ 


"စားလို့ရပြီနော်။ အိမ်မှာ တခြားဘာမှ မရှိဘူး အဲ့တော့ ဒါကိုဘဲ စားကြရအောင်"


ဒါက မကောင်းလို့လား? ဟဲ့ဟောင်ဝိန်ဟာ စွပ်ပြုတ်ကို ကြည့်လိုက်ပြီး ခဏအတွင်း ကုန်အောင် စားလိုက်သည်။


"မဆိုးပါဘူး" 


လျိုရှောင်ယင်ဟာ ပြုံးလိုက်ပြီး ဟောဝိန်အား ပန်ကိတ်လှမ်းပေးလိုက်သည်။ သူတို့နှစ်ယောက်လုံး စကားမပြောဘဲ စားသာစားနေကြသည်။


လျိုရှောင်ယင် အံ့ဩစွာကြည့်နေစဉ်မှာဘဲ ဟောဝိန်ဟာ ဆယ်ခုမြောက်ပန်ကိတ်ကို ကုန်သွားသည်။


ဟောင်ဝိန်ဟာ ခေါင်းကုတ်လိုက်ပြီး "ကိုယ်တောင်းပန်ပါတယ်၊ စားတာ နည်းနည်းများသွားတယ် ထင်တယ်"


လျိုရှောင်ယင်ဟာ ဟောင်ဝိန်က သူအများကြီးစားတာကြောင့် သူမစိတ်ပျက်သွားမှာကို စိုးရိမ်နေတယ် ထင်မိတာကြောင့် အမြန်ဘဲ လက်ကာပြကာ "ဘာမှမဖြစ်ပါဘူး စားနိုင်တာဟာ ဘုရားကပေးတဲ့ ဆုလဒ်ဘဲ"


ဟဲ့ဟောင်ဝိန်ဟာ သူ့ရှေ့က မျက်နှာလေးကို ကြည့်နေမိပြီး သူ့နှလုံးသားထဲတွင် နွေးထွေးသွားသလို ခံစားရသည်။ သူ့မိသားစုဟာ အစားအများကြီးစားတာမျိုးကို မလိုလားပေ။ သူ့ကို စစ်တပ်ထဲပို့လိုက်ပြီး သူ့အတွက်ထောက်ပံ့ကြေးဖြင့်သာ လောက်ငှအောင် စားရသည်။


သူ့အမေဟာ သူငယ်ငယ်လေးတုန်းက 'စားနိုင်တာဟာ ဘုရားပေးတဲ့ဆုလဒ်ဘဲ' ဟု ပြောဖူးသည်။


လျိုရှောင်ယင်က ဟောင်ဝိန်ရဲ့ တည်ငြိမ်နေတဲ့ ပုံကို ကြည့်ကာ ရှက်ရွံ့နေသည်အထင်ဖြင့် "အမှန်တိုင်းပြောရရင် ကျွန်မက အများကြီးမစားနိုင်ဘူး။ စားနိုင်တဲ့သူတွေဟာ ကံကောင်းတယ်လို့ ကျွန်မတော့ ထင်တယ်" ဟုပြောလိုက်သည်။


ဟဲ့ဟောင်ဝိန်ဟာ သူမကို ကြည့်ကာ "ကိုယ်အဆင်ပြေပါတယ်" ဟု ပြုံးလျက် ဆိုသည်။


လျိုရှောင်ယင်ဟာ ထိုသူကို ပြုံး၍ကြည့်ကာ 

'ဘုရားရေ အဲ့လူက ငါ့ကို သွေးဆောင်ဖြှားယောင်းနေတာများလား'


"မင်း ကိုယ်တို့ရဲ့ ဆက်ဆံရေးကို သိလား?"

ဟဲ့ဟောင်ဝိန်ဟာ ရုတ်တရက် မေးလာသည်။


"ကျွန်မ မသိဘူး" လျိုရှောင်ယင်ဟာ ငေးမောစွာ ပြန်ဖြေလေသည်။


ဟဲ့ဟောင်ဝိန်ဟာ မအံ့ဩပေ။ သူက "ကိုယ်သိတဲ့အချိန်မှာ စစ်တပ်ထဲမဝင်ရသေးဘူး။ မင်းအဖေကြောင့် ငါ့အိမ်က မင်းနဲ့ လက်ထပ်ခိုင်းခဲ့တာ " ဟု ဆက်ပြောလေသည်။


သူမအ‌ဖေ လျို ဟာသူမကို ဟဲ့မျိုးရိုးစီ ပေးအပ်ခဲ့တာ ဖြစ်သည်။


စပါးဆယ်အိတ်ဟာ သူမတို့မိသားစုကို ကယ်တင်ခဲ့တာကြောင့် ဟဲ့မျိုးရိုးက အဖိုးဖြစ်သူဟာ အဖေ လျိုကို ခမည်းခမက် တော်ရန် ဟောင်ဝိန်ကို အခြားသူများနည်းတူ စေ့စပ်ကြောင်းလမ်းပေးခဲ့လေသည်။


သ့ဖန်း က ငြင်းဆိုခဲ့ပေမယ့် အဖေလျိုကတော့ ဟဲ့မျိုးရိုးက သူတို့မိသားစုကို ကယ်တင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။


--ပြီး--