Ch 4
Viewers 2k

1960 ခုနှစ်က ပျော်ရွှင်တဲ့ ဘဝ


အခန်း(၄) တောဝက်


အမေလျိုဟာ လျိုရှောင်ယင်ကို မွေးဖွားခဲ့ပြီး နောက်ထပ် ကလေးထပ်မံမမွေးဖွားနိုင်တော့တာကြောင့် သားတစ်ယောက်လိုချင်နေတဲ့ အဖေလျိုဟာ လက်ခံခဲ့သည်။


ဒီလိုနဲ့ဘဲ ၈ နှစ်အရွယ် ဟဲ့ဟောင်ဝိန်ဟာ ၁ နှစ်သမီး လျိုရှောင်ယင်နဲ့ စေ့စပ်ခဲ့ရသည်။


လျိုမျိုးရိုးရဲ့ ထိခိုက်မှုကို ကြားလိုက်ရချိန်မှာ ဟဲ့မိသားစုဟာ ဟောင်ဝိန်ကို အမြန်ပြန်လာစေခဲ့ပြီး လျိုရှောင်ယင်နဲ့ လက်ထပ်ခိုင်းခဲ့သည်။


ဒါကိုကြားတော့ လျိုရှောင်ယင်ဟာ ဟဲ့မိသားစုအပေါ် လေးစားမိသည်။ သားတစ်ယောက်ကို အခြားမိသားစုရဲ့ သားမက်အဖြစ်ပေးလိုက်ဖို့ဆိုတာ မလွယ်မှန်း သူမသိသည်။


ပြီးတော့ သူမရဲ့မိဘတွေက ဆုံးပါးသွားတာတောင် ဟဲ့မိသားစုဟာ သူတို့ကတိကို တည်ခဲ့သည်။


လျိုရှောင်ယင်ရဲ့ နှလုံးသားဟာ ရှုပ်ထွေးနေပြီး သူမ ဒီအချစ်ကို ယုံကြည်ရမလား မယုံကြည်ရဘူးလားဆိုတာ ဝေခွဲမရပေ။


လျိုရှောင်ယင်ဟာ သူမအရှေ့က လူကို ကြည့်ကာ မေးလိုက်သည်။


"ရှင့်အနေနဲ့ရော လက်ထပ်တာကို ဘယ်လိုသဘောရလဲ?"


ဟဲ့ဟောင်ဝိန်ဟာ ထိုမေးခွန်းမျိုးကို မမျှော်လင့်ထားတာကြောင့် ခဏမျှ အံ့အားသင့်သွားရသည်။


"ကိုယ့်မှာ စေ့စပ်ထားတဲ့သူရှိတယ်ဆိုတာ ငယ်ငယ်ကတည်းက သိပါတယ်၊ ပြီးတော့ ဒါဟာ ကိုယ့်တာဝန်ဘဲလေ၊ အမ် ကိုယ်မင်းအပေါ် ကောင်းကောင်း ဆက်ဆံမှာပါ၊ လက်ထပ်ပြီးရင် မင်းက ကိုယ်နဲ့အတူ စစ်တပ်ထဲ လိုက်နေရမယ်"


လျိုရှောင်ယင်ဟာ ပြုံးလိုက်မိသည်။ သူဘာလို့များ ထိုလူနဲ့ အရင်ရင်းနှီးအောင် မနေကြည့်ရတာလဲ?


"အဲ့တာဆို နောက်နွေဦးကျွန်မ ၁၈ နှစ်ပြည့်ပြီးရင် လက်ထပ်ကြတာပေါ့"


လျိုရှောင်ယင်ဟာ ထိုသို့ပြောလိုက်သည်။


ဒါဟာ အဆင်ပြေမှန်း ဟဲ့ဟောင်ဝိန် သိသည်။ အမှန်ဆိုလျှင့် သူမ မိဘတွေ ဆုံးသွားတာ နှစ်ဝက်လောက်သာ ရှိသေးသည်မလား။


သူတို့နှစ်ဦးဟာ စကားအနည်းငယ်ပြောပြီးနောက် ဟဲ့ဟောင်ဝိန်ဟာ ပြန်ရန် ပြင်ဆင်လိုက်သည်။ သူက လျိုရှောင်ယင်အား စစ်တပ်ရဲ့လိပ်စာကို ပေးခဲ့ပြီး စာလှမ်းရေးရန်လည်း မှာခဲ့လေသည်။


ထိုနေ့ခင်းမှာဘဲ ဟဲ့ဟောင်ဝိန်ဟာ အထုပ်အပိုးများနှင့် ပြန်သွားလေသည်။ မပြန်မီ လက်မှတ်အချို့ကို ပေးခဲ့ပြီး လျိုရှောင်ယင် ငြင်းဆန်သော်လည်း နောက်ပိုင်းတွင် အသုံးဝင်လာနိုင်တာကြောင့် လက်ခံထားလိုက်သည်။


ဟဲ့ဟောင်ဝိန် ထွက်ခွာတာကို ကြည့်လိုက်ပြီး စားပွဲပေါ်က အရာများကို ရှင်းလင်းလိုက်သည်။


မူလပိုင်ရှင်မှာ စေ့စပ်ထားတဲ့သူရှိတယ်ဆ်ိုတာဟာ သူမ မမျှော်လင့်ထားတဲ့အရာ ဖြစ်လေသည်။ ဝမ်ရန်ရဲ့ သစ္စာဖောက်မှုတွေဟာ မနေ့တနေ့ကလိုဘဲ စိတ်ထဲ နာကျင်နေရသေးတာကြောင့် ယရင်ဘဝနဲ့ ယခုဘဝ ဖြစ်သော်လည်း သူမနှလုံးသားက အနည်းငယ် ခုခံချင်နေသည်။


သို့သော် သူမဟာ မိဘမဲ့ ဖြစ်ပြီး အသိဆွေမျိုးအင်အား ရယ်လို့လည်း မရှိချေ။ ယနေ့ခေတ်တွင် သူမလို အပျိုလေးများအပြင်ထွက်တိုင်း မိတ်ဆက်စာများ အပေးခံရသည်မှာ ဆိုးလွန်းသည်။


သူမဟာ ကိုယ့်ဘာသာ ငတ်မသေအောင် နေနိုင်သော်လည်း တောင်ပေါ်ကိုတော့ တစ်သက်လုံး တက်နိုင်လိမ့်မည်မဟုတ်....


လျိုရှောင်ယင်ဟာ သူမရဲ့ခြောက်သွေ့နေတဲ့ ဆံပင်ကြမ်း များကို စိတ်ရှုပ်စွာ ဖွာဆွဲလိုက်မိသည်။


"ကောင်းပြီ ‌နောက်မှ ဒီအကြောင်း ထပ်ပြောကြတာပေါ့"


လျိုရှောင်ယင်ဟာ ရေနွေးအိုးတည်လိုက်ပြီး တံခါးကိုချက်(ဂျက်)ထိုးကာ ရေချိုးရန် နေရာလွတ်ထဲမှ ပလပ်စတစ်တုံကင်တစ်ခု ယူလိုက်သည်။


ဒီခန္ဓာကိုယ်ဟာ ဘယ်လောက်ကြာအောင် ရေမချိုးဘဲ နေခဲ့သလဲ သူမမသိ... နှစ်ခါပြန်ချိုးမှ အနံ့ပျောက်မည် ထင်သည်။


အိမ်က ရေကန်ထဲတွင် ရေမရှိသလို ထင်းလည်း မရှိပေ။ ကြည့်ရတာ အိမ်မှာ လုပ်စရာတွေ တစ်ပုံကြီးဘဲ...!


ညနေ နေဝင်ရီတရောအချိန်တွင် လျိုရှောင်ယင်သည် ရေနှစ်ပုံးဖြင့် မြစ်ထဲသို့ ရေခပ်ရန် ဆင်းလာ‌သည်။


ထိုအချိန်ဟာ ရွာသားများ အလုပ်ဆင်းချိန်ဖြစ်ပြီး သူမကို မြင်ကြသော်လည်း ပင်ပန်းနေကြတာကြောင့် မည်သူမျှ လာမနှုတ်ဆက်ကြပေ။


"ရှောင်ယင်..!"


လျိုရှောင်ယင် အနောက်ကို လှည့်ကြည့်လိုက်တော့ သူမနဲ့ရွယ်တူ အသက် ၁၆,၁၇ ခန့် မိန်းကလေးတစ်ယောက်ဖြစ်သည်။


သူမရဲ့အဝတ်အစားတွေမှာ ဖာထေးထားခြင်းမရှိဘဲ နီမြန်းပြည့်တင်းနေတဲ့ အသားအရေကြောင့် အစာအာဟာရ ပြတ်လပ်မှု မရှိသူဆိုတာ လျိုရှောင်ယင် သိလိုက်သည်။


လျိုရှောင်ယင်ဟာ ခနတာ အံ့ဩသွားပြီး ဘယ်သူဘယ်ဝါမှန်းမသိတာကြောင့် အသံတိတ် ကြည့်နေမိသည်။


"မင်း ဘာဖြစ်နေတာလဲ ရှောင်ယင်? ငါ အရင်ရက်လောက်ကမှ ကျောင်းကပြန်ရောက်တာ၊ မင်း မိသားစုရဲ့ သတင်းကို ကြားရတာ ငါတကယ် စိတ်မကောင်းလိုက်တာ"


မိန်းကလေးဟာ သနားစရာ ပုံစံမျိုးဖြင့် ပြောနေသော်လည်း သူမမျက်လုံးထဲတွင် လှောင်ရိပ်များ ပါနေသည်။


လျိုရှောင်ယင်က စကားမပြောတတ်တော့ဘူးလား? သူမက ညဏ်ရည်ညဏ်သွေး နောက်ကျနေတယ်လို့ မင်းတို့ထင်လား? ဘယ်လောက်တောင် သိသာလိုက်တဲ့ လှောင်ပြောင်မှုမျိုးလဲ...!


လျိုရှောင်ယင်ဟာ သူမကို လှည့်မကြည့်တော့ဘဲ ပြန်လာလိုက်သည်။


"ဟေး မင်းဘယ်သွားတာလဲ ဒါက ရိုင်းတယ်နော်"


သူမနောက်က ကောင်မလေးကတော့ ခြေထောက်ကို ဆောင့်ကာ အော်ပြောနေပြီး ရယ်ပါရယ်နေခဲ့သည်။


ယခုမြင်ကွင်းမြင်လိုက်ရတော့ မစ္စစ်လီ ဟာ ရှောင်ယင် နံဘေးကို လာကာ "ယင်ဇီ ရန်ရွှယ်ဟွာ ပြောတာတွေကို စိတ်ထဲမထားနဲ့နော် သူမ သူ့အမေလိုဘဲ အပြောဆိုးတယ်"


သူမနာမည်က ရန်ရွှယ်ဟွာ လို့သိရပြီး လျိုရှောင်ယင်က ခေါင်းညိတ်ပြီး အဖြေမပေးခဲ့ပါဘူး။ အိမ်ပြန်ရောက်တော့ ရေကန်ကို ရေဖြည့်ပြီး အိမ်သန့်ရှင်းရေးလုပ်ကာ အိပ်ယာဝင်ဖို့ ပြင်ဆင်သည်။ မကြာခင် မှောင်တော့မှာ ဖြစ်သလို အိမ်ထဲမှာ လျှပ်စစ်မီးလည်း မရှိတော့တာမို့ စောစော အိပ်ရာဝင်ရုံပါပဲ။


လျိုရှောင်ယင် က သူမ တစ်ခုခုလုပ်သင့်သလားလို့ တွေးလိုက်မိသည်။ အိမ်မှာ တစ်နှစ်ခွဲကျော်ကြာအောင် စားစရာပိုရှိနေရင် အရင်လို အတူတူနီးပါးဖြစ်သင့်သည်။


အလုပ်မသွားရင် ငတ်မသေနိုင်ဘူးဆိုတာ လူတွေကို မြင်အောင်ကြည့်ရအောင်၊ သံသယဖြစ်စရာ မဟုတ်ဘူးလား။


ပျင်းရိနေသော လျိုရှောင်ယင်သည် မှိန်းခနဲ အိပ်ပျော်သွားပြီး ဤဆိုးကျိုးများသည် သူမကို စိုးရိမ်ရန် လုံလောက်သည်။


နောက်နေ့မနက်စောစောမှာ လျိုရှောင်ယင်ဟာ သူမရဲ့ကျောပြင်မှာ ဝါးတောင်းထမ်းပြီး တောင်ပေါ်တက်သွားသည်။ အိမ်မှာ ထင်းမီးတွေ ကုန်သွားပြီမို့ ဆောင်းရာသီ မတိုင်ခင် အမဲလိုက်ဖို့ သွားခဲ့သည်။


လျိုရှောင်ယင်၏ နေရာလွတ်ထဲတွင် လတ်ဆတ်သော အသားများ၊ ဝက် ၃ ကောင်၊ ကြက်များနှင့် ဘဲများ အရှုပ်အထွေးများစွာဖြင့်အသတ်ခံခဲ့ရသည်။


ဝမ်ရန်သည် ဤပြည်တွင်းအသားများကို ကြိုက်နှစ်သက်သောကြောင့် ၎င်းတို့အားလုံးသည် သူ့တစ်သက်တာတွင် ကျေးလက်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။


ထုံးစံအတိုင်း လျိုရှောင်ယင်သည် ထင်းများကို ပြင်ဆင်ပြီး သားကောင်ရှာရန် လေးနှင့် တံကျင်ကိုယူ၍ နေရာလွတ်ထဲတွင် ထည့်ထားသည်။


"AEUH..." အကွာအဝေးသည် ပြောင်းလဲသွားခဲ့သည်။


လျိုရှောင်ယင်သည် သူမ၏လက်ကို နေရာလွတ်ထဲသို့ ချထားလိုက်ပြီး အသံနောက်တွင် ငြိမ်သက်စွာ လျှောက်သွားသည်။


သစ်ပင်အနောက်ကို ကြည့်လိုက်တော့ လျိုရှောင်ယင် ဟာ အဝေးက သစ်ပင်ကြီးတစ်ပင်ရဲ့ အမြစ်အောက်မှာ တောဝက်ကြီး လဲနေတာကို တွေ့လိုက်ရလေသည်။


တောဝက်သည် အလေးချိန် ကီလိုဂရမ်သုံးရာကျော်ရှိပြီး လျိုရှောင်ယင်အံ့သြသွားသည်။ တောဝက်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေ သည်ကို မြင်လိုက်ရပြီး မောဟိုက်နေပုံပေါ်သည်။


ဘယ်လိုဖြစ်တာလဲ။


လျိုရှောင်ယင် သည် တောဝက်ကို သံသယဖြင့် ကြည့်လိုက်ရာ ၎င်း၏နောက်ခြေများကို အကိုင်းအခက်များဖြင့် ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့ရပြီး သွေးအနည်းငယ်ခဲသွားကာ ဒဏ်ရာအနာတရဖြစ်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။


လျိုရှောင်ယင်သည် ကမောက်ကမ ပြုမူဝံ့ခြင်းမရှိ၊ ၎င်းသည် အရွယ်ရောက်ပြီးသော တောဝက်တစ်ကောင်ဖြစ်ပြီး သူမ၏ လက်နှင့် ခြေထောက်များ သေးငယ်သော်လည်း သူမသည် တောဝက်၏ ပြိုင်ဘက်မဟုတ်ပေ။


လျိုရှောင်ယင်သည် တောဝက်ကို မစားရဘဲ သာမန်မျက်စိဖြင့် နီရဲသောမျက်လုံးဖြင့် ကြည့်ကာ ရွာသို့ပြန်ရောင်းကာ စားစရာရနိုင်စေရန် ကြံရွယ်လိုက်သည်း


အသားက ကောင်းပေမယ့် တောဝက်က ကြမ်းပြီး ချက်ဖို့ အချိန်ကြာသည်။ လျိုရှောင်ယင်က သူမဟာ ဒီလိုအသားမျိုးကို မစားနိုင်တာကြောင့် တောဝက်ကို အစာအဖြစ် လဲလှယ်ပေးချင်သည်။


ဒီခေတ်မှာ အသားက ရှားပါးပြီး အလှူလုပ်ရင် ရွာက သူ့အတွက် သေချာပေါက် အကျိုးရှိလိမ့်မည်။


ဒါကိုတွေးပြီး လျိုရှောင်ယင်သည် သစ်တုံးကို တင်းတင်းကြပ်ကြပ်ချည်ပြီး ပိုထက်ထက်ထက်မြက်တဲ့ မြှားအသစ်နဲ့ အစားထိုးလိုက်သည်။


လျိုရှောင်ယင်သည် တောဝက်ကို ထိတ်လန့်တကြားကြည့်နေခဲ့ပြီး မလှုပ်သောအခါတွင် တောဝက်၏မျက်လုံးများကို တံကျင်ဖြင့်ချက်ချင်းပစ်သတ်လိုက်သည်။


“အိုး.....!!!!" တောဝက်ကြီးက ရုတ်တရက် ထအော်ကာ လှုပ်ယမ်းပစ်သည်။


လျိုရှောင်ယင်သည် လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ဖြင့် သစ်ပင်ထိပ်ပေါ်သို့ တက်ခဲ့သည်။ ကံကောင်းထောက်မစွာ၊ တောဝက်က သူ့ဆီ မလာခဲ့ပေ။


တောဝက်၏ အရိုက်ခံရမှုကြောင့် လက်ကောက်ဝတ်ထူတဲ့ သစ်ပင်တချို့ လဲကျသွားသည်။ လျိုရှောင်ယင် သည် အလွန်ထိတ်လန့်သွားပြီး သူမ၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ ဒီအချိန်မှာ သူမ ဘယ်လောက်တောင် မဆင်မခြင်ပြုမူလိုက်မိသလဲဆိုတာ ခံစားသွားရသည်။


တောဝက်သည် နာရီဝက်ကျော်ကြာ လှုပ်ခါသွားကာ ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျကာ ပတ်ဝန်းကျင် ငြိမ်သက်သွားသည်။


လျိုရှောင်ယင် သည် သစ်ပင်ပေါ်မှ ခုန်ဆင်းကာ သူမ၏ ခြေထောက်များ အနည်းငယ် တုန်ခါလျက် တောဝက်ထံသို့ လျင်မြန်စွာ လမ်းလျှောက်ကာ တောဝက်ကို နေရာလွတ်ထဲသို့ ချထားလိုက်သည်။


ထို့နောက်...နောက်ပြန်လှည့်မကြည့်ဘဲ တောင်ပေါ်မှ ပြေးဆင်းခဲ့တယ်..


အခန်း(၄)

--ပြီး--