Chapter 70
Viewers 17k

👥️Chapter 70



ညဉ့်နက်သန်းခေါင် ရေချိုးခန်းထဲ၌


ယီချန်းယန်၏ လှုပ်ရှားမှုများသည် လျင်မြန်လွန်းလှသည်။ ယန်အန်းယွီ သတိပြန်ဝင်လာသောအခါတွင် သူသည် တစ်ဖက်လူရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ်ဖက်ထား​ခြင်းခံရ​နေ​ပြီး လုံးဝမလှုပ်ရှားနိုင်တော့ပေ။


"ချန်း...ချန်းယန် ကျွန်တော်..."


ယီချန်းယန်က သူ့​ကို စကားပြောခွင့်မပေးဘဲ  ငုံ့ပြီး သူ့နှုတ်ခမ်းကို နှစ်ကြိမ် ငုံ​ထွေးလိုက်လေသည်။၎င်းနောက် သတို့သမီးပုံစံ ​​ပွေ့ချီကာ အိပ်ခန်းဆီ တိတ်ဆိတ်စွာ ပြန်လျှောက်သွားခဲ့သည်။


အခန်း၏ ကုတင်ဘေးရှိ မီးအိမ်မှ အလင်းရောင်မှိန်ဖျော့ဖျော့ဖျော့ ရှိနေသေးသည်။ယီချန်းယန်က ယန်အန်းယုကို ပွေ့ချီပြီး ကုတင်ပေါ်တွင် ထိုင်​စေ၏။သို့သော်လည်း သူက နှုတ်ဆိတ်နေဆဲ​ဖြစ်သည်။ သူ့လက်တွေကလည်းယန်အန်းယု၏ခါးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားပြီး ဘာပဲဖြစ်နေဖြစ်နေ လက်မလွှတ်တော့မည့်အတိုင်းဖြစ်၏။


ယီချန်းယန် မသိစိတ်ဖြင့် အားသုံးပြီး သူ့ကို ပို၍တင်းကျပ်စွာ ပွေ့ဖက်လိုက်သောအခါတွင် ယန်အန်းယုက အမှန်တကယ် အနည်းငယ်ပဲ တွန့်သွားခဲ့သည်။


ထွေးပွေ့မှုက အလွန်တင်းကျပ်လွန်း​သောကြောင့် ယန်အန်းယုကို နာကျင်စေပေမဲ့ ယီချန်းယန်၏ စိုးရိမ်မှုကို သူခံစားမိသည့်အတွက် နူးညံ့စွာပြောလိုက်၏။

"တောင်းပန်ပါတယ် ချန်းယန်...ခုနက ခင်ဗျားကို ကြောက်​အောင်လုပ်မိသွားလား"


"..." 

ယီချန်းယန်က ဘာမှပြန်မဖြေဘဲ တိတ်တဆိတ်သာ ဝန်ခံလေသည်။


"တောင်းပန်ပါတယ် တောင်းပန်ပါတယ်" 


ယီချန်းယန်၏ စိတ်အခြေအနေက တိုးတိုး၍ ပျက်ယွင်းလာနေသည်ကို မြင်လိုက်ရသောအခါ ယန်အန်းယု ကပျာကယာရှင်းပြလိုက်၏။


"တကယ် မရည်ရွယ်ပါဘူး...အိပ်မက်ဆိုးကနေ လန့်နိုးလာတော့ တိုက်တိုက်ဆိုင်ဆိုင် ညသန်းခေါင်ဖြစ်နေတာ...အဲဒါကြောင့် မော့မီရဲ့ ခံစားချက်တွေကို တကယ် ခံစားဖူးအောင် ရုပ်ရှင်ထဲက  ဇာတ်ဝင်ခန်းတစ်ခု လေ့ကျင့်ချင်ခဲ့တာ... တခြားရည်ရွယ်ချက် မရှိပါဘူး"


"အိပ်မက်ဆိုး မက်ခဲ့တာလား" အချက်အလက်အချို့ကို တိကျစွာ ဖမ်းယူရင်း ယီချန်းယန်က ပြောလိုက်သည်။


"အင်း...ဒီရက်ပိုင်းမှာ အိပ်မက်ဆိုးတွေ ဆက်တိုက် မက်နေတာ" 

ယန်အန်းယုက ရိုးသားစွာ ဝန်ခံခဲ့သည်။ ဖုံးကွယ်ထားလိုက်လျှင် ယီချန်းယန်ကို ပို၍ပင် စိုးရိမ်အောင်လုပ်မိစေမည့် ကိစ္စတချို့ရှိလေသည်။


"ဘာအိပ်မက်မက်တာလဲ" 

ထိုသည်ကို ​ကြားလိုက်ရသည်နှင့်အမျှ ယီချန်းယန်၏လက်များ တဖြည်းဖြည်းချင်း ပြေလျော့သွားပြီး ယခင်ကလောက် တင်းတင်းကျပ်ကျပ် ဖက်ထားခြင်းမရှိ​တော့ပေ။


"နိုးလာတော့ မမှတ်မိတော့ဘူး"

ယန်အန်းယုက ပြုံးရုံသာ​ပြု​လေသည်။ "ဘာပဲဖြစ်ဖြစ် ဒါက အိပ်မက်တစ်ခုတင်လေ... ဒါက ဘာမှအရေးကြီးဘူး...​မော့မီလို ကောင်းကောင်းသရုပ်မဆောင်နိုင်လို့ နည်းနည်းဖိအားဖြစ်နေလို့ ထင်ပါတယ်"


ယခု​အချိန်မှာ ယန်အန်းယုက ကိစ္စများကို ယီချန်းယန်ထံမှ ဖုံးကွယ်ထားခဲ,ပြီး ယေဘုယျအားဖြင့် ပွင့်ပွင့်လင်းလင်း ပြောတတ်သည်။


ယီချန်းယန်၏အမူအရာက အလွန်​ကြီးမဆိုးရွားတော့ဘဲ ယန်အန်းယုကို ဖြည်းညှင်းစွာ လွှတ်​ပေးလိုက်သည်။ ထို့နောက် လက်ကို ဖမ်းဆုပ်လိုက်ပြီး ယန်အန်းယု​၏ လက်ကောက်ဝတ်ကို စိုက်ကြည့်နေသည်။


ဤ​အချိန်တွင် ယန်အန်းယု ကိုက်ထားသည့် အရာများ ကျန်နေသေးသော်လည်း ယီချန်းယန်က လုံးဝ ဂရုမစိုက်ဘဲ ထိုပေါ်ကို နှုတ်ခမ်းဖြင့် ဖိကပ်ကာ ညင်သာစွာ နမ်းလိုက်​လေသည်။


"ဘာလို့ 'ဝါး' ကို ရွေးတာလဲ"


ယန်အန်းယုက အနည်းငယ် တုန်သွားပြီး ၎င်းနောက် အလေးအနက်ပြန်ဖြေလိုက်၏။


"ဒီဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ ကျွန်တော်ထင်တယ်... အဲဒါက ကျွန်တော့်ကို ဘယ်လိုဆွဲဆောင်ခဲ့တာလဲဆိုတာတော့ မရှင်းပြတတ်ဘူး...ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော့်အတွက် ရုပ်ရှင်တစ်ခုရဲ့ အမျိုးသားဇာတ်ဆောင်အဖြစ် ပထမဆုံးအကြိမ် သရုပ်ဆောင်ရတာလေ... ​မော့မီကာရိုက်တာက တကယ်ခက်ခဲတယ်... ဒီအခက်အခဲကို ကျော်ဖြတ်ပြီး သူ့ကို ကောင်းကောင်းကြီး ကျွမ်းကျင်အောင် အကောင်းဆုံး လုပ်ရမယ်လို့ထင်မိတယ်"


ယီချန်းယန် အံ့အားသင့်မသွားဘဲ မ​နေနိုင်။ယန်အန်းယုရဲ့ စိတ်ဓာတ်က ဒီလိုမျိုး အကောင်းမြင်တတ်ပြီး တက်ကြွနေတုန်းပဲ ဒါပေမဲ့...


မကြာသေးမီလများအတွင်း၊ထန်းရှောင် ဒုတိယအမျိုးသားဇာတ်လိုက်အဖြစ်သရုပ်ဆောင်ပြီး ယန်အန်းယုနှင့်တွဲ သရုပ်ဆောင်ရခြင်း၏ရလဒ်အနေဖြင့် ယီချန်းယန်တစ်ယောက် သဘာဝအတိုင်းစိတ်မချဖြစ်ပြီး ကုမ္ပဏီ၏အကြီးတန်းအရာရှိအဖြစ် သူ၏အထောက်အထားကို အသုံးပြု​ပြီး 'ဝါး'ရိုက်ကူးရေးကို သွားရောက်လည်ပတ်ခဲ့သည်။ 


ယန်အန်းယု သရုပ်ဆောင်နေချိန်မှာ သူက ရိုက်ကွင်းအပြင်ဘက်ကနေ ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။အခြားသော စရိုက်ခွဲတစ်ခုဖြစ်သည့် ညီလေးမော့လီအဖြစ် သရုပ်ဆောင်သောအခါ ယန်အန်းယုက  ပုန်ကန်တတ်သော ဗီဇကို ကောင်းစွာပြသနိုင်ခဲ့သည်။ သူ၏ မျက်လုံးများထဲရှိအမူအရာနှင့် သူ၏ လှုပ်ရှားမှုများ နှစ်ခုစလုံးသည် အလွန်တိကျပြီး သူ့မှာ အမျိုးသားဇာတ်လိုက်၏ ကိုယ့်ကိုယ်ကိုယ် ထိခိုက်​အောင်လုပ်တတ်သော အမူအကျင့်လည်း ရှိသည်။ယင်းက တကယ်...တကယ်ကို ဟိုးအရင်တုန်းက 

ယန်သခင်လေးအတိုင်းပါပင်။


ယီချန်းယန်၏ဖခင်သည် မမျှော်လင့်ဘဲ စောစီးစွာသေဆုံးသွားခဲ့ပြီး သူ့မိခင်သည် သူမ၏ဘဝတွင် အနိမ့်ကျဆုံးအဆင့်တွင် ကွယ်လွန်သွားခဲ့သည်။ သူမသည် အလွန်ဝမ်းနည်းပူ​ဆွေးကာ နောင်တများစွာရခဲ့ပြီး သားဖြစ်သူ​ခမ်းနားတောက်ပသောစင်​မြင့်​ပေါ်ကိုတက်ကာ ရုပ်ရှင်ဧကရာဇ်ဘွဲ့ကို ရရှိခဲ့သည့် ဂုဏ်ယူဝံ့ဖွယ်အချိန်ကို မမြင်နိုင်ခဲ့ပေ။


သူသည် တစ်ချိန်က သူငယ်ချင်းများ၏ သစ္စာဖောက်ခြင်းကိုလည်း ခံခဲ့ရပြီး သူ့ကို လက်တစ်ဖက်ကမ်းကာ ပံ့ပိုးပေးခဲ့သော ယန်ဖန်းကလည်း နောက်ဆုံးမှာ လူလိမ်အကြီးစားကြီးဖြစ်နေခဲ့သည်။


ယီချန်းယန်ကို ကတိ အမျိုးမျိုးပေးခဲ့ကြသောသူများက သူ့ကိုထားကာထွက်သွားခဲ့ကြပြီး ယီချန်းယန်သည်လည်း 'အင်အားကြီးပြီး အမှီအခိုကင်းမဲ့သူ' ဖြစ်လာခဲ့သည်။သူ တခြားဘယ်သူ့ကိုမှ မလိုအပ်တော့သည်မှာ လက်ရှိ ယန်အန်းယုရောက်လာသည့်တိုင်ဖြစ်၏။


သို့ပေမဲ့ ယခုအချိန်မှာ ယန်အန်းယုက ​​တခြားသူတစ်​ယောက်ဖြစ်သွားမှာကို သူ အလွန်ကြောက်၍နေသည်။


လက်ဖဝါးအကြီးကြီးတစ်ခုက ယန်အန်းယု၏ပါးပြင်ကို အုပ်ကိုင်ထားပြီး လက်ချောင်းများက သူ့ကို ညင်သာစွာ ပွတ်သပ်နေသည်။


"ရှောင်ယု...ကိုယ့်ကိုကိုယ် အရမ်းဖိအားမပေးပါနဲ့... မင်းသရုပ်ဆောင်တာ အရမ်းကောင်းနေပါပြီ...နောင်ကျရင် ဇာတ်ရုပ်တစ်ခုကို ခွဲခြမ်းစိတ်ဖြာတဲ့အခါ မင်းမသိနိုင်တဲ့နေရာတွေရှိရင် ကိုယ့်ကိုပြောရမယ်...ကိုယ် မင်းကိုကူညီမယ်"


"အင်း"


ယန်အန်းယုက ခပ်ဖျော့ဖျော့ပြုံးကာ သူ့ဘက်ကနေစပြီး သူ့မျက်နှာကို ပွတ်နေသော ယီချန်းယန်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့စိတ်က ကြည်လင်​နေပြီး ရံဖန်ရံခါ ကိစ္စများကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ထို့ကြောင့် အထူးသဖြင့် ရင်းနှီးသူများနှင့်ပတ်သတ်လာလျှင် အသေးအမွှားအသေးစိတ်အချက်လေးတွေကို အမြဲသတိပြုမိနိုင်​​လေသည်။


ယခင်က သူသည် 'ဝါး' ဇာတ်လမ်းကို အလွန်စိတ်ဝင်စားပြီး ရိုက်ကူး​ရေးကိူသာ စိတ်ထဲထားခဲ့ကာ ယီချန်းယန်၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို လျစ်လျူရှုထားခဲ့သည်။သို့သော်လည်း ယနေ့ညတွင် ယီချန်းယန်၏ စိုးရိမ်ပူပန်မှုများနှင့် စိတ်မချမှုများကို အပြည့်အဝ ရိပ်မိနိုင်ခဲ့သည်။


"ချန်းယန်...ဒါက ရိုက်ကူးရေးသက်သက်တင်... ဒါကို အတည်မယူပါနဲ့နော်" 


ယန်အန်းယုက ယီချန်းယန်၏လက်ကို ဆုပ်ကိုင်ထားပြီး ၎င်းတို့၏ နွေးထွေးမှုများသည် အချင်းချင်း၏ လက်ဖဝါးများဆီသို့ ကူးလူးပျံ့နှံ့သွားသည်။


 "ကျွန်တော်က အရမ်းကျန်းမာပြီး စိတ်အခြေအနေလည်း အရမ်းကောင်းတယ်... ​မော့မီက သူဘယ်သူလဲဆိုတာ မခွဲခြားနိုင်ပေမဲ့ ကျွန်တော်က မတူဘူး.. ကျွန်တော်က အမြဲတမ်း ကောင်းကောင်းသိပါတယ်"


သူ့စိတ်ထဲတွင် ထူးဆန်းသောခံစားမှုတစ်ခုနှင့်အတူ သူ့အိပ်မက်ထဲတွင် အပိုင်းပိုင်းပြတ်တောက်နေသော မှတ်ဉာဏ်အချို့ရှိနေသော်လည်း၊ ယင်းတို့အားလုံးက ယန်အန်းယုကို စိတ်ရှုပ်​ထွေးစေသော်လည်း၊ သူဘယ်သူလဲ၊ သူဘာလိုချင်လဲဆိုသည်ကို ကောင်းကောင်းသိနေဆဲဖြစ်လေသည်။


ယီချန်းယန်အတွက် သူဆက်လက်ရှိနေမည်။


ယန်အန်းယု၏ မျက်လုံးများတွင် ပြတ်သားမှု အလင်းရောင်ကို မြင်လိုက်ရသောအခါ ယီချန်းယန်က နောက်ဆုံးတွင် အပြုံးရိပ်တစ်ခုကို ဖျစ်ညှစ်ထုတ်လိုက်သည်။


"ဟားဟား ကျွန်​တော့််သရုပ်ဆောင်ချက်တွေက တကယ်တိုးတက်လာပုံပဲ" 

ထိုအချိန်တွင် ယန်အန်းယုက သူ့ကို  ရုတ်တရက် စ​နောက်လိုက်သည်။ 


"ချန်းယန်တောင် ​အရူးလုပ်ခံရပြီး ကြောင်သွားတယ်"


ယီချန်းယန်က အကူအညီမဲ့စွာဖြင့် ယန်အန်းယု၏ပါးကို ဆွဲလိုက်လေသည်။သူ့အသံက တုန်နေအောင် ချစ်ခင်မြတ်နိုးများဖြင့် ပြည့်နှက်နေသည်။

"အင်း... ဒါဆို ကိုယ် မင်းကို အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ပေးလိုက်မယ်၊ဟုတ်ပြီလား"


"ကောင်းပြီဗျာ"


ယန်အန်းယု၏ မျက်လုံးများက တောက်ပ၍သွားပြီး မိုက်ကို ကိုင်ထားသလို ဟန်ဆောင်ကာ အတည်ပေါက်နှင့်ပြောလေသည်။


"ကျေးဇူးတင်ပါတယ်... တကယ်တော့ ဒီနေ့ ဒီဆုကို ရတာ အရမ်းဂုဏ်ယူမိပါတယ်...ကျွန်တော်က မင်းတို့ထင်ထားသလောက် မပြီးပြည့်စုံပါဘူးဗျ...ကျွန်​တော်လည်းတစ်ခါက အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့ဖူးတယ်... ရုန်းကန်ခဲ့ရတယ်...အခက်အခဲ​တွေလည်းရှိခဲ့တယ်...ဒီနေ့ စင်မြင့်ပေါ် မှာပြန်ရပ်တည်နိုင်ရေးအတွက် ဒါရိုက်တာတွေ၊ ထုတ်လုပ်ရေး အဖွဲ့သားတွေနဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ၊မိသားစုနဲ့ချစ်ရတဲ့ဖန်တွေ အပါအဝင် ကုမ္ပဏီကို တကယ် ကျေးဇူးတင်ပါတယ်... ကျွန်တော့်ကို ရွေးချယ်ပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်...တလျှောက်လုံး ကျွန်တော့်ကို အားပေးခဲ့ကြတဲ့သူတွေ၊လိုက်ပါအဖော်ပြုပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်...ဒီဆုကို မင်းတို့လည်းညီတူညီမျှပိုင်ပါတယ်"


သည်ကောင်စုတ်လေးက သရုပ်ဆောင်ရသည်ကို ပိုပိုပြီးကြိုက်လာသည်။ယီချန်းယန်၏ နှုတ်ခမ်းများ ကွေးညွှတ်လာကာ သူ့မျက်လုံးများသည် ရွှင်မြူးမှုဖြင့် ပြည့်နှက်နေ၏။ဒါပေမဲ့ ဒီစကားကို ဘာလို့ ဒီလောက် ရင်းနှီးနေပါလိမ့်...


"ဒါက ကိုယ့်ရဲ့–"


ယန်အန်းယုက ယီချန်းယန်၏စကားကိုဝင်ဖြတ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"မှန်တယ်...ချန်းယန် ပထမဆုံးဆုရတုန်းက ပြောခဲ့တဲ့ ရင်ထဲထိစရာမိန့်ခွန်းလေ...အရမ်းအရေးပါတာနော်...ဟားဟား မမျှော်လင့်ထားဘူးမလား...ကျွန်တော် အဲဒါကို အလွတ်ကျက်ပြီး ရုပ်ရှင်ပွဲတော်တွေက ခင်ဗျားရဲ့ ဗီဒီယိုတွေအားလုံးကို အမှတ်အသားပြုထားတယ်"


ယီချန်းယန်: "..."


တစ်ဖန်ထပ်ပြီး၊သူက တစ်ယောက်သောသူ၏ အလွန်မြင့်မားသော megadareခွန်အားကို သက်သေခံနေ​ရပြန်ပါသည်။


"ချန်းယန် ကျွန်တော့်ကိုလိုအပ်နေသရွေ့ ကျွန်တော်ဒီမှာအမြဲရှိနေမှာပါ" 

ယန်အန်းယုက ယီချန်းယန်ကို ဖက်ကာ သူ့နောက်ကျောကို လက်တစ်ဖက်ဖြင့် ပုတ်​ပေး​လေသည်။

"ဒါကြောင့် လိမ္မာနော်... မကြောက်နဲ့ မကြောက်နဲ့"


"မင်း သုံးနှစ်သားကလေးကို ချော့နေတာလား" 

ယီချန်းယန် ရယ်ရမလား ငိုရမလား မသိ​ပေ။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ကျွန်တော် အသိသာကြီးကို ချော့နေ....."


ယန်အန်းယုက ခဏရပ်သွားပြီး အနည်းငယ်ရှက်နေပုံပေါ်လေသည်။ထို့နောက် ယီချန်းယန်၏နားနားကပ်ကာ တိုးတိုးလေးဆို၏။


"ကျွန်တော့်လောင်ကုန်းကို ချော့နေတာလေဗျာ"


ချက်ချင်းပင်၊ ယီချန်းယန်၏ နှလုံးသား ရင်ခုန်နှုန်းများမှားသွားပြီး အနှီမြေခွေးလေးကြောင့် ဝုန်းဒိုင်းကျဲသွားရသည်။


သူက ရုတ်တရက် ယန်အန်းယုကို ကုတင်ပေါ် ဖိချလိုက်ပြီး နှာဖျားဖြင့်အသာတို့ထိလိုက်ရင်း သူ့အကြည့်များက မည်းမှောင်သွားခဲ့သည်။

"ညပဲရှိသေးတာ...နည်းနည်း​လောက်ထပ်အိပ်ရအောင်နော်ရှောင်ယု"


"ခင်ဗျား လိမ်လိမ်မာမာအိပ်မယ်လို့ မယုံပါဘူးနော်...ခင်ဗျား လုပ်ချင်–" 

ဤအထိပြောပြီးချိန်မှာ ယန်အန်းယု၏မျက်နှာက နီရဲလာ၏။

"–ပုံစံအသစ်တစ်ခုထပ်စမ်းကြည့်ချင်လား"


"သိရဲ့သားနဲ့မေးနေတယ်ကွာ"


>>NSFW


များမကြာမီ ကာရန်မညီသောသံစဥ်များ၊အသက်ရှူသံပြင်ပြင်းနှင့်စိတ်ခံစားချက်များက အခန်းထဲမှာ ပဲ့တင်ထပ်လာသည်။ညည်းသံများနှင့် တကျွီကျွီမြည်သံများက ရောယှက်နေပြီး ရိုက်ခတ်သံပြင်းပြင်းနှင့် စိုစိုစွတ်စွတ်အသံများက တကယ်ကိုကြားရသူများအား ရှက်သွေးဖြာကာ နှလုံးခုန်နှုန်းများမြန်လာစေသည်။


ယန်အန်းယု၏ ညည်းညူသံများနှင့်ရှိူက်သံများက သူ့နားကပင်သူကြားနိုင်လေသည်။ယီချန်းယန်၏ လှုပ်ရှားမှုများက ပိုပို၍ပြင်းထန်လာပြီး ယန်အန်းယု၏ အထိမခံနိုင်ဆုံးနေရာများကို ဆောင့်နေသည်။သူက သူ့အထဲကို အကြိမ်ကြိမ်အခါ ထိုးသွင်းသိမ်းပိုက်၍နေပြီး သူ့ရင်ခွင်ထဲ တုန်ရီနေသည့် ယန်အန်းယုကပဲ သူ့အာရုံကိုအလုံးစုံသိမ်းပိုက်ထား၏။ကိုယ်ချင်းပူးကပ် လိမ်ညစ်ကာ နွေးထွေးမှု၊စွတ်စိုမှု၊တင်းကြပ်နေမှုတို့ကို တချိန်တည်းမှာ ခံစားရင်း ယီချန်းယန် အနှီလူက အမှန်တကယ် သူ့အပိုင်ဖြစ်ကြောင်းအခိုင်အမာအသက်သေထူနေခဲ့သည်။


ထိုကိစ္စလုပ်နေစဥ်ကာလတွင်းမှာ သူတို့အောက်က အိပ်ရာခင်းက စေးကပ်ကပ်အရည်များနှင့် တဖြည်းဖြည်စိုရွှဲလာပြီး ယန်အန်းယု၏အသံကကွဲအက်ပြီး ပြာ​လာသည်။နောက်ဆုံးမှာ ယီချန်းယန်က ယန်အန်းယု၏တင်ပါးကို တင်းတင်းကြပ်ကြပ်ဖျစ်ညစ်ရင်း သူ့ကိုယ်တွင်းအနက်ရှိုင်းဆုံးနေရာထဲကို သုတ်ရည်ပူများပန်းထည့်လိုက်၏။


နောက်တစ်နေ့တွင် ယန်အန်းယု နိုးလာပြီးနောက် တစ်ကိုယ်လုံး ပျော့ခွေပြီး ထော့နဲ့ထောနဲ့ဖြစ်နေကာ ယီချန်းယန်၏ ရင်ဘတ်ကို မှီ​ပြီး အနားယူရုံသာတတ်နိုင်ခဲ့သည်။


ထိုအတောအတွင်း ယီချန်းယန်က သူ့နောက်စေ့ကို ပွတ်သပ်​ရင်း ယန်အန်းယု၏လက်ချောင်းများအကြားတွင် သူ့လက်ချောင်းများကို တိုးဝင်ကာ လက်​ချောင်းများကို ဖြည်းညှင်းစွာ သွယ်ယှက်လိုက်သည်။


ယန်အန်းယုက ချက်ချင်းပင် သူ့လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်ပြီး ပြုံးလိုက်သည်။ 


"ချန်းယန် မကြောက်ပါနဲ့...ကျွန်တော်ကသာ ချန်းယန်ကို ထားမသွားချင်တဲ့သူပါ"


ယီချန်းယန်၏ နှလုံးသားသည် နွေးထွေးမှုနှင့် နူးညံ့မှုနှစ်ခုစလုံးကို ခံစား​နေရသည်။ တခါတရံ ယန်အန်းယုက အလွန်ထက်မြက်ပြီး သူ့အတွေးများကို အသေးငယ်ဆုံးသော အမူအရာနှင့် လှုပ်ရှားမှုများဖြင့်ပင် အမြဲဖတ်နိုင်သည်။


"ရှောင်ယု...ကိုယ့်ကို ပြောင်းခေါ်ကြည့်ရအောင်... မနေ့ညက အိပ်ယာထဲမှာ မင်း ကိုယ့်ကို ဘယ်လိုခေါ်လဲ"

ထိုသို့ပြောပြီးနောက် ယီချန်းယန်က သည် သူ၏လည်ပင်းချိုင့်ခွက်ထဲသို့ လေအနည်းငယ် မှုတ်ထုတ်လိုက်သည်။


ယန်အန်းယု၏ နားရွက်များ နီရဲလာပြီး ရှက်ကိုးရှက်ကန်းဆိုလိုက်၏။ "လောင်...လောင်ကုန်း..."


"လိမ္မာတယ်...နောက်တစ်ခေါက်ထပ်ခေါ်ကြည့်"


"လောင်ကုန်း" 

ယန်အန်းယုက ကျိုးကျိုးနွံနွံဖြင့် နာခံခဲ့သည်။ ထို့အပြင် သူက ထိုအမျိုးသားကို ချီးမွမ်းရန် မမေ့ခဲ့ပေ။

"ခင်ဗျားက ပြုံးနေတဲ့အခါ တကယ်ကြည့်ကောင်းတယ်...ကမ္ဘာ​ပေါ်မှာအချောဆုံးပဲ"


သူ ယီချန်းယန်ပျော်ရွှင်အောင် တစ်သက်လုံး ချော့ချင်ပါသည်။


နောက်အပတ်ထဲရောက်သည့်အခါမှာယန်အန်းယု၏ သူ၏စိတ်ပုံစံကို ပြုပြင်ပြောင်းလဲပြီး ရုပ်ရှင်ရိုက်ကူးရန် ပြန်လည်လုပ်ဆောင်ခဲ့သည်။


အနီးနားတွင် ဘယ်သူမှမရှိ၊ ရေကျသံပဲ ရှိ၍​နေသည်။မော့မီက မျက်နှာကို ရေအေးဖြင့် အဖန်ဖန် ဆေးကြောပြီးနောက် ရေပိုက်ခေါင်းကို ပိတ်လိုက်သည်။သူ မှန်ထဲက သူ့ပုံရိပ်သူကြည့်လိုက်၏–ပိန်ပါးပါး၊ဖြူဖျော့ဖျော့၊ ဗလာမျက်လုံးများနှင့် ပင်ပန်းနွမ်းနယ်ပြီး နာကျင်ကိုက်ခဲနေသော ခန္ဓာကိုယ်။



သူ့ညီလေးကို ပြန်တွေးကြည့်မိသည်။ ​မော့လီ ​သေဆုံးသွားခဲ့သည်မှာ ခုနစ်နှစ်ရှိပြီဖြစ်သော်လည်း၊သူက သူရဲဘောကြောင်ကာ ပျော့ညံ့ဆဲ၊ လှောင်ပြောင်မှုနှင့်အရှက်ခွဲမှုအားလုံးကို သည်းညည်းခံကာ ခုခံရမည်ကို ကြောက်နေဆဲ။


ရေခဲတမျှ​အေးစက်နေသော ရေစက်ရေပေါက်များက မော့မီ၏မျက်နှာပေါ်ကနေ လှိမ့်ဆင်းလာပြီး သူ့နှလုံးသားထဲကို စီးဆင်းသွားပုံရသည်။ မဟုတ်ဘူး၊သူ့နှလုံသားက ပို၍ပင်အေးစက်သေးသည်။


သူ့နှလုံးသားထဲမှာ နှစ်အတော်ကြာအောင် ဖုံးကွယ်ဖိနှိပ်ထားသောခံစားချက်က နောက်ဆုံးမှာ ပေါက်ကွဲထွက်လာပြီး အအေးဓာတ်က ၎င်း၏အနက်ရှိူင်းဆုံးနေရာများကနေ စိမ့်ထွက်လာခဲ့လေသည်။အ​အေး​ဓာတ်က သူ့ရင်ဘတ်ကနေ သူ့ခြေလက်များအထိ တဖြည်းဖြည်းနှင့်

သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပြီး ​မော့မီကို ဆက်၍သည်းမခံနိုင်ဖြစ်လာစေသည်။သူ ရူးတော့မည်။


ရုတ်တရက် ​မော့မီက သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို အရူးအမူးနီးနီး စတင်၍ကိုက်တော့​လေသည်။


သူ့ပါးစပ်ထဲမှာ သွေးအရသာများ ပြည့်နှက်နေပြီး သူ့လက်ကောက်ဝတ်ပေါ်က ဒဏ်ရာက ပူလောင် နာကျင်နေပေမဲ့ လုံးဝမရပ်လိုက်ပါ​ချေ။ ယင်းအစား သူက နှာမှုတ်လိုက်ကာ သွေးတရဲရဲနှုတ်ခမ်းများဖြင့် ဖောက်လွဲဖောက်ပြန် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ဖန်တီးကာ ထိတ်လန့်ဖွယ် မြင်ကွင်းကို ယူ​ဆောင်လာခဲ့လေသည်။


"ကဒ်...အရမ်းမိုက်တယ် ရှောင်ယု"


ဒါရိုက်တာဖူက ရိုက်ကွင်းအပြင်ဘက်ကနေ အော်လိုက်၏။ စောင့်ကြည့်နေသော တခြားသရုပ်ဆောင်များကလည်း မထိန်းနိုင်ဘဲ သူ့ကို လက်ခုပ်တီးကြသည်။မည်သို့ပင်ဖြစ်စေ ယန်အန်းယုအတွက် သူ့ကိုယ်သူ ယခုလိုပုံရိပ်တစ်ခုအဖြစ် ပြန်လည်တည်ဆောက်ရန် မလွယ်ကူခဲ့ပေ။ဤကာရိုက်တာနှစ်မျိုးအတွက်၊ အခြားတက်သစ်စများဆိုလျှင် သူသရုပ်​ဆောင်သည့်အတိုင်း ကောင်းကောင်း သရုပ်ဆောင်နိုင်မှာမဟုတ်ပေ။


ယခင်တုန်းက ဤအခန်းမှာ NGများအမြဲရှိခဲ့တသည်။မတတ်သာစွာပဲ ဖူချန်းယွမ်လည်း ၎င်းအား နောက်တစ်ရက်ရက်မှာရိုက်ရန် ရက်ရွှေ့ရန် စဉ်းစားခဲ့သော်လည်း ယန်အန်းယု၏ဖော်ပြမှုက ဖူချန်းယွမ်အား ကျေနပ်သွား​စေခဲ့သည်။


ယန်အန်းယုက သူ့ပါးကို ကုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။ လူတိုင်းနှင့် စကားအနည်းငယ်ပြောပြီး ပေါ့ပေါ့ပါးပါးပြောပြီးနောက် အနားတွင် အနားယူရန်သွားခဲ့သည်။


"ထန်းကော် ငါ့ကို ဓာတ်ပုံရိုက်ပေးပါဦး"

ယန်အန်းယုက ပြုံးပြီး Vပို့စ်ပင် လုပ်လိုက်သေးသည်။


"လုပ်ပြန်ပြီ"


ထန်းကော် ငိုချင်သော်လည်း မျက်ရည်ကမကျ။ ဤတစ်ပတ်မှာ သခင်လေးက ဓာတ်ပုံရူး နတ်ဆိုးတစ်ကောင် ဖြစ်လာတော့မည့်အတိုင်း​ဖြစ်၏။ ထို့အပြင် သူက ဆယ်လ်ဖီရိုက်ရုံသာမက ထန်းကော်ကိုပါ သူ့ကိုဓာတ်ပုံအချို့ကို ရိုက်ခိုင်းခဲ့သည်။ 


"အင်း...ထန်းကော် အခုက​နေစပြီး မင်းငါ့ကို အနည်းဆုံး ဓာတ်ပုံသုံးပုံလောက်ရိုက်ပေးရမယ်... ငါ့ရဲ့ရိုက်ကူးရေးအခြေအနေတွေကို အကြမ်းဖျင်းမှတ်တမ်းတင်ထားရမယ်...ပြီးရင် ငါ ချန်းယန်ကို သူစိတ်အေးရအောင် ပို့ပေးလိုက်မယ်"



👥️