Chapter 86
Viewers 5k

👥️Chapter 86



ရှန်းဟွမ်၏ ဤတစ်သုတ်အဆိုတော်အသစ်များကြားတွင် ချင်နွော်ရှီနှင့် ရှန်းသုန်းဟောင့်တို့သည် လက်ရှိအချိန်တွင် အနိမ့်ဆုံးနေရာသို့ရောက်ရှိနေကြသည်။သို့သော်လည်း ဟွမ်ချွမ်းက ဤအခွင့်အရေးကို အမိအရယူပြီးအမြင့်ကိုတက်ခဲ့သည်။ယန်မိသားစု၏ ဦးလေးများလိုမျိုး ယန်ကျွယ့်က သူ့ကို အမြင့်ဆက်တက်ခွင့်မပြုနိုင်ပေ။သူက ဟွမ်ချွမ်းကို အမြင့်တစ်နေရာအထိ တက်သွားသည်ကို ကြည့်​နေပြီးမှ ဟွမ်ချွမ်း ရုတ်တရက် ​ပြုတ်ကျသွားအောင် တမင်တွန်းချလိုက်သည်။


"ကောက အရမ်းချောမောပြီး ဩဇာလွှမ်းမိုးတဲ့သူလို့ ရုတ်တရက်​ကြီးခံစားရတယ်"

ယန်အန်းယုက ကြည်ညိုလေးစားမှုများဖြင့်ပြောလိုက်ရင်း မျက်လုံးများက တောက်ပ​နေခဲ့သည်။


ယန်ကျွယ့်က မေးကိုချီလိုက်ပြီး နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

"အမှန်တရားတွေပြောနေတာပဲ"


"သြော် ပြီး​တော့ တော်တော်လေးလည်း အတ္တပေမဝါဒီဆန်တယ်"


"..."


ထိုအချိန်မှာပင် ဂုဏ်ယူနေသော ဥက္ကဋ္ဌယန်က မျက်ခုံးများတွန့်သွားပြီး ခပ်မာမာပြောလေသည်။


"ယန်အန်းယု 'မြေခွေးနတ်ဆိုး၏ဒဏ္ဍာရီ' ကို အာရုံစိုက်နေတဲ့သူတွေ အများကြီးရှိနေပြီ... ငါနဲ့ယန်မိသားစုကို အရှက်မရစေနဲ့"


"သိပါတယ်...ကျွန်​တော် အကောင်းဆုံးလုပ်မှာပါ"

ယန်အန်းယုက ခေါင်းညိတ်လိုက်ပြီး ၎င်းနောက်မေးလိုက်၏။


"ဟုတ်သားပဲကော... ​​နွော်ရှီရဲ့ ပြဿနာအတွက် သူ့ကို ဘယ်လိုကူညီရမလဲ စဉ်းစားပြီးပြီလား"


ချင်နွော်ရှီအကြောင်းထည့်ပြောပြီးသည်နှင့် ယန်ကျွယ့်၏အမူအရာကအနည်းငယ်ပြောင်းသွားသည်။

"ငါစဉ်းစားနေတုန်းပဲ...အချိန်တစ်ခုကိုစောင့်...သူ့အတွက် တိုက်ပွဲဝင်ရမဲ့အခွင့်အရေးရှိလာမဲ့အချိန်"


"ကော ကျွန်​တော့်မှာ အစီအစဉ်တစ်ခုရှိတယ်...ကျွန်တော် စဉ်းစားနေတာ ဒီလိုမျိုးလုပ်ကြရင်ရော...." 

ယန်အန်းယု၏သူငယ်အိမ်များလှုပ်ခတ်သွားပြီး သူ့နားထဲသို့ တစ်စုံတစ်ခုကို တိုးတိုး​​လေးပြောလိုက်သည်။


သူ့စကားကိုကြားပြီးနောက် ယန်ကျွယ့်၏တွန့်​နေ​သောမျက်ခုံးမွှေးများ အနည်းငယ်ပြေလျော့သွားသော်လည်း သးက သတိရှိရှိပြောလိုက်ဆဲဖြစ်၏။

"သူကိုယ်တိုင်က ဒီကိစ္စကို ဆန္ဒရှိရင် ငါကိုယ်တိုင်ဝင်ပါမယ်" 


"မှန်တယ် ကျွန်တော်တို့ နွော်ရှီရဲ့ ဆုံးဖြတ်ချက်ကို လေးစား​ပေးသင့်တုန်းပဲ"

ယန်အန်းယုကလည်း ခေါင်းညိတ်သည်။

"ကောဒါဆို ကျွန်တော် နွော်ရှီကို သွားပြောလိုက်ဦးမယ်...အခု သူဘယ်မှာနေလဲ"


"သူက အခု ငါနဲ့ အတူနေနေတာ... ​ပြီးမှ မင်းကို လိပ်စာ ပို့ပေးမယ်"


"ဝိုး ကောတို့ တကယ်ပဲ ကျွန်​တော့်ကို ဖုံးကွယ်ပြီး တိတ်တိတ်လေး အတူတူနေနေကြတာပေါ့"

ယန်အန်းယုက အံ့အားသင့်စွာပြောသည်။


"..."


ယန်ကျွယ့်၏ နှုတ်ခမ်းများ ဆတ်ခနဲတုန်သွားကာ စူးစူးရဲရဲ ကြည့်နေသည်။


 "မင်းက ဒီလိုပြောဖို့ သတ္တိရှိသေးတယ်ပေါ့ ...မင်းလည်း အတူတူပဲ မဟုတ်ဘူးလား...ယီချန်းယန်နဲ့ လက်ထပ်ပြီး သူနဲ့အတူတူနေတာကို ငါ့ဆီကနေဖုံးကွယ်ထားတယ်...သူ့ဆီကနေ ပြောင်စင်နေအောင်​တောင် အစားခံလိုက်ရသေးတယ်...သူကမင်းကို ရောင်းစားရင်တောင်မှ သူ့ကို ပိုက်ဆံကူရေပေးချင်ရင် ကူရေပေးဦးမဲ့ကောင်"


"အာ..."


ယန်အန်းယုက ရှက်ကိုးရှက်ကန်းဖြင့် အနည်းငယ် ပြုံးလိုက်သည်။


"စိတ်မပူပါနဲ့ ချန်းယန်က များသောအားဖြင့် ကျွန်​တော့်ကို အနိုင်မကျင့်ရက်ပါဘူး...သူက အိပ်ရာထဲမှာပဲ အနိုင်ကျင့်တာ့ပါ အမ်း–—"


ယန်ကျွယ့် ချက်ချင်းပင် လက်ကတစ်ဖက်မြောက်ကာ ဖြတ်ချပစ်လိုက်သည်။သူ့နှုတ်ခမ်းများက မသိစိတ်ဖြင့်တဆတ်ဆတ်တုန်နေ၏။


"နေ့ခင်းကြောင်တောင် ငါ့ရုံးခန်းမှာ ဒီလိုမျိုးအရာတွေပြောဖို့ သင့်တော်တယ်လို့ မင်းထင်​နေလား"


ယန်အန်းယုကအနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းကိုကုတ်လိုက်ပြီး ယန်ကျွယ့်ထံသို့ လျှောက်သွားကာ ပခုံးကိုနှိပ်ပေး၊ ကျောကို ထု​ပေးလုပ်​လေသည်။


"​ကော နောင်ကျရင် ချန်းယန်နဲ့ကျွန်​တော်က ​ကောနဲ့ နွော်ရှီကို ဝတ္တရားနဲ့အညီ ရိုသေလေးစားမှုပြမှာပါ"


ယန်ကျွယ့် : "..."


ဒီစာကားက တစ်ခုခုမှားနေတယ်လို့ ခံစားရတာက ဘာကြောင့်လဲ...


****


S မြို့တော် တောင်ပိုင်းခရိုင်


မနက်ခင်းတွင် ယန်ကျွယ့် နှင့်တွေ့ဆုံပြီးနောက် ယန်အန်းယု ထိုနေ့မွန်းလွဲပိုင်းတွင် ချင်​နွော်ရှီဆီသို့သွားခဲ့သည်။


ယန်ကျွယ့်က ချင်နွော်ရှီနှင့် အတူရှိရန် ဇွဲ​ကောင်း​နေသောကြောင့် ယန်သားအမိက 'စစ်အေး'တိုက်ပွဲတွင်းမှာရှိနေဆဲဖြစ်သည်။ယန်ကျွယ့်က လောလောဆယ် ယန်အိမ်ကို မပြန်နိုင်သောကြောင့် အိမ်အသစ်တစ်လုံးဝယ်ပြီး ချင်​နွော်ကိုလည်း အိမ်သို့ ​ခေါ်လာခဲ့သည်။


ယခုအချိန်တွင် အချိန်ဇယားများစွာမရှိသည့်အပြင် အပြင်ထွက်ရန် အဆင်မပြေသည့် ချင်နွော်ရှီက ဤအနားတစ်ဝိုက်တွင် ရံဖန်ရံခါ လူမမြင်အောင် လျှောက်ပတ်သွားလာနေလျှင်နေ၊ မဟုတ်လျှင်လည်း အိမ်တွင်းပုန်းနေပြီး သီချင်းရေးနေတတ်သည်။


သူ့စိတ်နေစိတ်ထားအရ ချင်နွော်ရှီအနေဖြင့် တစ်နေ့မှာ ယခုလို လူတစ်ယောက်ကို အားကိုးရမည်ဟု ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးပေ။သို့ပေမဲ့ အရာအားလုံးမှာ ခြွင်းချက်ရှိပြီး အချစ်က အရာများစွာကို ပြောင်းလဲနိုင်၊ ခွင့်လွှတ်နိုင်​လေသည်။


ယနေ့မွန်းလွဲပိုင်းက ယန်အန်းယု၏ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခြင်းဖြစ်သည်။သူက ခြံရှေ့၊ နောက်ဖေး၊ ရေကူးကန်၊ ဥယျာဉ် စသည်ဖြင့် အိမ်အတွင်းအပြင် အကုန်ပတ်ကြည့်ခဲ့သည်။ ဒုတိယထပ် တောင်ဘက်ခြမ်းရှိ သီချင်းဆိုလေ့ကျင့်​ရေးအခန်းကို သူ အကြိုက်ဆုံးဖြစ်သည်။


ယင်းကလည်း ယန်ကျွယ့်က ချင်နွော်ရှီအတွက် ငွေအမြောက်အများ အကုန်အကျခံပြီး တစ်ယောက်ယောက်ကို အထူးတလည်တည်ဆောက်ခိုင်းထားခြင်းဖြစ်လေသည်။ အထဲမှာ စန္ဒယားနှင့် ဂစ်တာလိုမျိုး တူရိယာအစုံအလင်ရှိ၏။ အသံကိရိယာများက အလွန်အံ့သြဖွယ်အကျိုးသက်ရောက်မှုရှိပြီး သူတို့ အခန်းထဲတွင် တစ်နေ့တာလုံးကဲနေနိုင်သလို ခံစားရသည်။


တစ်​ခေါက်​လှည့်ပတ်​ကြည့်ပြီးနောက် ယန်အန်းယုက ပထမထပ်ဧည့်ခန်းတွင် ထိုင်လိုက်သည်။


"ဒီနေရာက ကြီးပြီး ခမ်းနားလိုက်တာ...နွော်ရှီ ကြည့်ရတာ ငါ့​ကောက မင်းကို အများကြီး အလိုလိုက်သလိုပဲ... ဆိုတော့ သူပြင်ဆင်ထားတဲ့ မင်္ဂလာဦးအိမ်လေးကို ကျေနပ်ရဲ့လား"


"မင်္ဂလာဦးအိမ်လား"

ချင်နွော်ရှီ အံ့သြသွားပြီး အနည်းငယ်ရှက်သွားသည်။

"​ရှောင်ယု မဟုတ်ကဟုတ်ကတွေမပြောပါနဲ့"


"ဟားဟား...ငါမင်းကို မစတော့ပါဘူး" ထို့နောက် ယန်အန်းယုက ခေါင်းစဉ်ပြောင်းလိုက်သည်။

"နွော်ရှီ ငါ မကြာခင် 'မြေခွေးနတ်ဆိုး၏ဒဏ္ဍာရီ' ရုပ်ရှင်ကို ရိုက်ကူးတော့မယ်ဆိုတာ မင်းသိတယ်မဟုတ်လား"


"အင်း အ​ကောင်းဆုံးကြိုးစားနော်"

ချင်နွော်ရှီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။


ယန်အန်းယုက ခေါင်းခါလိုက်သည်။ 


"ဟင့်အင်း မဟုတ်ဘူး... ဒီပွဲအတွက် အကောင်းဆုံးကြိုးစားရမဲ့ သူက ငါတစ်ယောက်ထဲ မဟုတ်ဘူး...မင်းရောကြိုးစားရမှာ"


ချင်နွော်ရှီ: "ဟင်"


"ဒီလိုပါ​နွော်ရှီ ငါ​ဖြစ်​စေချင်တာက..."


ထိုနောက်မှာတော့ ယန်အန်းယုက သည်ကနေ့ သူလာရသည့် အကြောင်းအရင်းကို ရှင်းပြခဲ့၏။


ရှန်းရှဇာတ်လမ်းတွဲ 'မြေခွေးနတ်ဆိုး၏ဒဏ္ဍာရီ' ၏ အဓိကဇာတ်ဝင်​တေးအတွက် စီမံခန့်ခွဲမှုအဖွဲ့က အရည်အချင်းရှိသော အဆိုတော်ဟောင်းတစ်ယောက်ကို ဖျော်ဖြေရန် ရွေးချယ်ထားပြီးဖြစ်သည်။ တခြားသူများအတွက်မူ ထုတ်လုပ်ရေးကုမ္ပဏီက မဆုံးဖြတ်ရသေးပါချေ။


ချင်​နွော်ရှီ၏ အော်ပရာအသံများသည် ထူးခြားပြီး သူကရှေး​​သံစဥ်များတွင် အလွန်ကျွမ်းကျင်ကြောင်း ယန်အန်းယုက သိထားသောကြောင့် ချင်နွော်ရှီက ဇာတ်သိမ်းသီချင်းအပြင် ဇာတ်လမ်းတွဲ၏ OST များထဲမှ တစ်ပုဒ်သို့မဟုတ် နှစ်ပုဒ်ကို တာဝန်ယူနိုင်မည်ဟု သူထင်သည်။


ထို့အပြင် ချင်နွော်ရှီကို မြေခွေးနီနေရာမှ ဧည့်သည်သရုပ်ဆောင်အဖြစ်နှင့် ​ပေါ်လာ၍ရသည်ဟုလည်း ယန်အန်းယုထင်သည်။ဤအပိုဇာတ်ကောင်က ကောင်းမွန်သည့်သရုပ်ဆောင်စွမ်းရည်များမလိုအပ်ဘဲ အကြမ်းဖျင်းရိုက်ချက်အနည်းငယ်သာရှိလေသည်။သို့ပေမဲ့ လအနည်းငယ်ကြာအောင် ငြိမ်နေသည့် ချင်နွော်ရှီအတွက်မူ သူ့မျက်နှာကို အနည်းငယ်ပြရန်ပဲလိုအပ်လေသည်။


ယန်အန်းယု ယန်ကျွယ့်နှင့်လည်း ဆွေးနွေးခဲ့သည်။ချင်နွော်ရှီက ဤအခွင့်အရေးကို အသုံးချပြီး လူအများ၏အာရုံများကို သူ့ထံ ဆွဲဆောင်နိုင်သည်။ဤသည်ကလည်း တိုးတက်မှုကိုရှာဖွေပြီး သူ့ကိုယ်သူ တည်ငြိမ်စေခြင်းဖြစ်လေသည်။


"ဘယ်လိုလဲ နွော်ရှီ"


"ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာက သဘောတူပြီး ထုတ်လုပ်ရေး အဖွဲ့သားတွေကရှန်းဟွမ်နဲ့ လာဆွေးနွေးမယ်ဆိုရင် ငါ ကျေကျေနပ်နပ်ကြီး သီချင်းရေးဖို့ဆန္ဒရှိပါတယ်...ဒါပေမဲ့ ငါ့ကိုသရုပ်ဆောင်စေချင်တာကကျတော့..."

ချင်နွော်ရှီက တန့်သွားပြီးခေါင်းခါလိုက်လေသည်။


ယန်အန်းယုက သူ့ကို ချက်ချင်း အားပေးလိုက်၏။

"နွော်ရှီ စိတ်မပူပါနဲ့...ငါ ဇာတ်ညွှန်းဖတ်ပြီးပြီ...အဲဒီဇာတ်ကောင်က ရိုက်ချက်နည်းနည်းပဲရှိတာ...​ပြီး​တော့မင်းက မြေခွေးနီပုံစံနဲ့ အရမ်းလိုက်တယ်"


"..." 


ချင်နွော်ရှီက ဘာမှမပြောဘဲ တွေးတောနေဆဲ​ဖြစ်သည်။


"ဒါပေမဲ့ မင်းတကယ် ဆန္ဒမရှိရင် ငါမင်းကို အတင်းအကြပ်မလုပ်ခိုင်းပါဘူး"


ယန်အန်းယု အနည်းငယ်စိတ်ပျက်သွားသော်လည်း ချင်နွော်ရှီက ရုတ်တရက် သူ့နှုတ်ခမ်းကို ကွေးလိုက်သည်။

"ရှောင်ယု ငါစမ်းကြည့်မယ်"


"နွော်ရှီ မင်းတကယ်ဆန္ဒရှိတာလား"


"အင်း"


ဤလများအတွင်း ချင်နွော်ရှီ အရာများစွာကို သိရှိလာခဲ့သည်။လူတွေက စိတ်ကူးမယဉ်နိုင်လောက်သော ပျော်ရွှင်မှုများကို မရရှိနိုင်ခင်မှာ အမြဲတမ်း ကြိုးစားပြီး ပြောင်းလဲခဲ့ရပေသည်။


ရှန်းရှဇာတ်လမ်းတွဲ'မြေခွေးနတ်ဆိုး၏ဒဏ္ဍာရီ' ၏ဇာတ်လမ်းဇာတ်ကွက်က ရှုပ်ထွေးမှုမရှိသည့်အပြင် ပင်မအကြောင်းအရာကလည်း အလွန်ရှင်းလင်းပြတ်သား​လေသည်။ ဇာတ်လမ်း၏စိတ်လှုပ်ရှားစရာကောင်းသောအပိုင်းက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ ထာဝရရှင်သန်ခြင်းကို ရှာဖွေခြင်းလုပ်ငန်းစဥ်ထဲမှာတည်ရှိလေသည်။


​လောကမှာ ဘုံသုံးခုရှိ၏။

နတ်ဘုရားများနှင့် မသေမျိုး/ထာဝရရှင်သန်သူများက ဟိုးအထက်အမြင့်ကြီးမှာရှိပြီး ရိုသေလေးစားမှုကို ခံယူရလေသည်။ဆန့်ကျင်ဘက်အားဖြင့်၊ ​မြေအောက်ကမ္ဘာ ငရဲပြည်က မှောင်ရိပ်သန်းကာ စိတ်ပျက်အားငယ်စရာကောင်းပြီး ကြောက်စရာအတိဖြစ်၏။ 


အဝါရောင်စမ်းချောင်း၏ အောက်ခြေတွင်မူ ထောင်ပေါင်းများစွာသော သရဲတစ္ဆေညည်းသံများပြည့်နေပြီး တနေကုန် မှောင်မဲပြီး အလင်း​ရောင်မဲ့နေကာ အဆုံးမဲ့ အထီးကျန်မှုကို ခံစားရ​လေသည်။ထိုစဥ် စီရင်စု ကိုးခုရှိသော သေမျိုး​လောက လူ့ဘုံက ကျယ်ပြောပြီး အရင်းအမြစ်နှင့် သတ္တဝါများ ကုံလုံပေါများလေသည်။ လူနှင့် မိစ္ဆာများ အတူယှဉ်တွဲနေထိုင်ကြပြီး သက်ရှိသတ္တဝါများစွာ ရှိခဲ့သည်။ ဇာတ်လမ်းသည် လူသားများနေထိုင်သည့် အရိပ်အယောင်မရှိသော မြောက်ဘက်စွန်းနယ်မြေတွင် စတင်ခဲ့သည်။


ဤနေရာတွင် နေထိုင်သည်မှာ မျက်လုံးပြာဝိညာဉ်မြေခွေးအုပ်စုတစ်စု ဖြစ်သည်။ သူတို့၏သားမွေးများသည် နှင်းများကဲ့သို့ဖြူစွတ်ပြီး ၎င်းတို့၏ကိုယ်တွင်းအမြူတေက ကမ္ဘာပေါ်တွင် ရှားပါးရတနာတစ်ခုဖြစ်လေသည်။


သို့သော် တစ်နေ့တွင် နတ်ဆိုးကျင့်​ကြံသူတစ်စုက ဤဝိညာဥ်မြေခွေးအုပ်စုအများအပြားကို တိုက်ခိုက်ပြီး အမဲလိုက်ခဲ့သည်။ ၎င်းတို့ကို အနားပတ်ဝန်းကျင်ရှိ မိစ္ဆာများစွာက ၎င်းတို့၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ပရမ်းအပတာအခြေအနေထဲမှာဝင်ပါခဲ့ကြသည်။ မိသားစု အသတ်ခံခဲ့ရသော အမျိုးသားဇာတ်လိုက် အားချယ်က စိတ်ဖောက်ပြီး ရုတ်တရက် နတ်ဆိုးအသွင်ပြောင်းလဲခြင်းအခြေအနေကိုရောက်သွားခဲ့သည်။


အရေးကြီးသောအချိန်ကာလတွင် လင်းယွမ်ဂိုဏ်း၏ခေါင်းဆောင် ချင်ဟွမ်သည် အချိန်မီရောက်လာသည်။အားချယ်၏ သွေးနီရောင်မျက်လုံးများကို မြင်လိုက်ရသောအခါ ခေါင်းဆောင်ချင်းဟွမ်က အားချယ်က နှင်းမြေခွေးမဟုတ်ဘဲ ဒဏ္ဍာရီထဲက မျက်လုံးနီမြေခွေးနတ်ဆိုးဖြစ်ပြီး နတ်ဆိုး​​ဘုံမှ သတ္တဝါတစ်ကောင်ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။


သို့သော် ခေါင်းဆောင် ချင်းဟွမ်က အားချယ်ကို ပြန်ခေါ်လာကာ တပည့်အဖြစ် လက်ခံပြီး သူ့ကို ဖြည်းဖြည်းချင်း သင်ကြားဆုံးမကာ ယဥ်ပါးအောင်လုပ်ရန် ဇွဲသန်နေဆဲဖြစ်သည်။ အမျိုးသမီးဇာတ်လိုက် မုရှီးကလည်း ခေါင်းဆောင်၏ တပည့်ဖြစ်သည်။ဝါစဥ်အရ သူမကအားချယ်၏စီနီယာဖြစ်၏။


ဇာတ်လိုက်နှင့်ဇာတ်လိုက်မက ဂိုဏ်း၌ ကျင့်ကြံရေးနည်းလမ်းများ​သင်ယူပြီး လေ့ကျင့်ကြလေသည်။ သူတို့ နှစ်ယောက် ကြီးပြင်းလာသောအခါ ခေါင်းဆောင်ချင်းဟွမ်က သူတို့ကို လောကကြီးကို တွေ့ကြုံခံစားရန် တောင်ပေါ်မှဆင်းခိုင်းခဲ့သည်။ နောက်ပိုင်းဇာတ်ကွက်များမှာတော့ အတက်အကျ မျိုးစုံပါပင်...


ယခုတစ်ပတ်တွင် 'မြေခွေးနတ်ဆိုး၏ဒဏ္ဍာရီ' ၏တရားဝင်အကောင့်တွင် သရုပ်ဆောင်များ၏ မိတ်ကပ်ဓာတ်ပုံများကို တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့သည်။


အမျိုးသားဇာတ်လိုက်တဖြစ်လဲ ယန်အန်းယုက လုံးဝကွဲပြားသော ဓာတ်ပုံနှစ်ခုကို ရိုက်ခဲ့၏။ တစ်ဖက်တွင် ဆိုးသွမ်း​ပြီး တက်ကြွသောတပည့်ငယ်​လေးကို တွေ့ရပြီး တစ်ဖက်တွင် နတ်ဆိုးအသွင်ပြောင်းသွားချိန် ၎င်း၏ ရက်စက်ကြမ်း​ကြုတ်​သောပုံစံကို ပြသထားသည်။


ဇာတ်လမ်း၏နောက်ပိုင်းတွင်၊ အားချယ်၏နတ်ဆိုးဗီဇက ပြောင်းလဲရခက်ခဲလာသည်။လှုံ့​​​ဆော်ခံရသည်နှင့် ထိန်းချုပ်၍မရဘဲ တစ်ခါတည်း နတ်ဆိုးအသွင်ပြောင်းလဲခြင်းအခြေအနေကို တန်းရောက်သွားခဲ့သည်။


မိတ်ကပ်ဓာတ်ပုံများ ထွက်လာပြီးနောက်မှာ အားလုံးက ယေဘုယျအားဖြင့် အလွန်ကို ကျေနပ်ခဲ့ကြသည်။ ယန်အန်းယု၏ဖန်များဆိုလျှင် တစ်ပြိုင်နက်တည်း အလွန်ကိုမှ စိတ်လှုပ်ရှားသွားကြသည်။ နတ်ဆိုးပုံစံအားချယ်က တကယ်ကို အရမ်းယောက်ျားပီသ အရမ်းချောမောပြီး အထူးသဖြင့်ဆွဲဆောင်မှုရှိတယ်...


ရက်အနည်းငယ်အကြာတွင် 'ဝါး' ဇာတ်ကားမှ လှုပ်ရှားမှုများ ရှိလာသည်၊၊ အဖွဲ့သားများသည် ရုပ်ရှင်နမူနာ၏ ပထမဆုံးဗားရှင်းကို ထုတ်ဝေခဲ့သည်။


ရုပ်ရှင်နမူနာတွင် ယန်အန်းယုက တစ်ခါတစ်ရံတွင် သူရဲဘောကြောင်သော အစ်ကိုကြီးမော့မီဖြစ်သော်လည်း ဇာတ်ဝင်ခန်းကပြောင်းသွားသည်နှင့်

သူက သူ၏ ပုန်ကန်တတ်သော ညီလေး ​မော့လီ ဖြစ်လာပေမည်။ သူ၏ ဇာတ်ကောင်စရိုက်ကလည်း စရိုက်ခွဲနှစ်ခုနှင့်ဖြစ်လေသည်။


ထို့ကြောင့် ဤရက်ပိုင်းအတွင်း 'ယုယုအဖွဲ့' ဟုခေါ်သောအသစ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ အကြောင်းမှာ ယန်အန်းယုက gongနှင့် shou ​ကြားမှာ ပြောင်းလဲနိုင်သည်ကို ပိုပိုပြီး သဘောပေါက်လာသောကြောင့် ဖြစ်သည်။ Self-gong နှင့် self-shou တို့သည်လည်း လုံးဝအဆင်ပြေပါသည်။


ယခုလိုအချိန်မျိုးမှာ ယုယန်ဖန်များလည်း အထိန်းကွပ်မဲ့လာသည်။ယန်အန်းယု၏ ရက်စက်ကြမ်းကြုတ်သောတစ်ဖက်ခြမ်းကို သူတို့မြင်လိုက်ရချိန်မှာ 'Love Attack For 29 Days' က ယန်အန်းယု၏ ပရောပရီလုပ်တတ်သော ဇာတ်ကောင်နှင့် ပေါင်းစပ်လိုက်သည့်အခါ ....သူက gongပါဝါအပြည့်ရှိနေတယ်မဟုတ်ဘူးလား...


ထို့ကြောင့် ယုယန်ဖန်များသည် ယခင်ရုပ်ရှင်ကားများရှိ ယီချန်းယန်၏ဖျားနာနေသည့်ပုံစံ၊ငို​နေသည့်ပုံစံသို့မဟုတ် မောပန်းနွမ်းနယ်နေသည့်ပုံစံများကို အထူးတလည်းရွေးချယ်ပြီး ယန်အန်းယု၏ ပရော်ပရည်လုပ်တတ်ပြီး ဆိုးသွမ်းသောသခင်လေး၊ လူရမ်းကားမျက်နှာထားနှင့် အန္တရာယ်များသောလူငယ်နှင့် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးဇာတ်ကောင် တို့နှင့်တွဲ​ပေးလိုက်သည်။ထို့နောက် သူတို့နှစ်ဦးကို အတူတူ တည်းဖြတ်လိုက်ကြသည်။ဖျော်ဖြေရေးလောကထဲမှာ သူတို့ BL ဗီဒီယိုများစွာကို ဖန်တီးခဲ့လေသည်။


ယနေ့မှာ ယန်အန်းယုက ၎င်းတို့ကို မတော်တဆ မြင်သွားခဲ့လေသည်။


****


S ​မြို့​တော် ပေရှင်းခရိုင်


ညဘက် အနားယူချိန်ရောက်သောအခါ ယီချန်းယန်က ရေချိုးခန်းထဲတွင် ရေချိုးနေသည်။ထိုစဥ် ယန်အန်းယုက သူ့နောက်ဆုံး Weibo ပို့စ်၏ မှတ်ချက်များကို လှန်​​​လှောကြည့်နေ၏။ထို့နောက်တွင် သူ 'ယုကောရဲ့အောက်မှာ အားနည်းစွာပင့်သက်ရှိုက်နေသောယန်ယန်' ဟူသော ID နှင့် CP ဖန်ကို သတိပြုမိလိုက်သည်။


ဖူး...ယန်အန်းယု ချက်ချင်း ရယ်မောမိလိုက်သည်။ ဒီပုံက...


စပ်စပ်စုစုနှင့် ယန်အန်းယု ကလစ်နှိပ်ပြီး ဤ CP ဖန်၏ ကိုယ်ပိုင်ပင်မစာမျက်နှာထဲကို ဝင်ကြည့်လိုက်သည်။ ပို့စ်နှစ်ခုကို ဆွဲလိုက်ပြီးနောက် ဗွီဒီယိုတစ်ခုမြင်လိုက်ရပြီး ခေါင်းစဉ်မှာ-


[ယုယန်]သတိပေးချက်၊တစ်ခုလုံးသည် လိင်မှုကိစ္စအရိပ်အမြွက်များ၊ X-rated ပစ္စည်းအမျိုးအစားအားလုံးနှင့် ပြည့်နေပါသည်။ ဖြူစင်သော ကလေးများ ယောင်မှား၍ပင် ဝင်မလာသင့်ပါ။


ကြည့်ခွင့်မပေးလေလေ၊ 'ဖြူစင်သော' ယန်အန်းယုက  ကြည့်ချင်လေလေဖြစ်၏။ထို့ကြောင့် သူက ဗီဒီယိုကို သဘာဝအတိုင်း နှိပ်လိုက်တော့သည်...


ယီချန်းယန် ခါးမှာတဘက်ပတ်ပြီး ထွက်လာချိန်မှာ ယန်အန်းယုက သူ့ကို စိုက်ကြည့်နေပြီး ပေါ့ပါးစွာ ပြုံးပြရင်း သူ့ကိုပင် လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရ၏။


"ဘာဖြစ်ပြန်ပြီလဲ"

ယီချန်ယန်က အမြန်လျှောက်လာသည်။


"ဟီးဟီး ကောင်းတာတစ်ခုခု... ချန်းယန် လာကြည့်ကြည့်" 


ယန်အန်းယုက ပြောရင်းဆိုရင်းနှင့် အရိပ်အမြွက်အပြည့်နှင့်ဗီဒီယိုကို ဖွင့်လိုက်သည်။


သူ့ကိုယ်ပိုင်'ပင့်သက်ရှိုက်သံသဲ့သဲ့' ကိုကြားလိုက်ရပြီး ယန်အန်းယုက သူ့ကို ဖိထားပုံရသည်ကို မြင်လိုက်ရသဖြင့် ယီချန်းယန် ခြောက်မိနစ်ကြာ ဗီဒီယိုကို တစ်ဝက်တစ်ပျက်သာ ကြည့်ပြီးပိတ်ပစ်လိုက်သည်။


"ချန်းယန် ရှက်နေတာလား...ခင်ဗျား​အော်တဲ့အခါထွက်လာတဲ့အသံလေးတွေက အရမ်းနားထောင်လို့ကောင်းမှန်း ရုတ်တရက် သိလိုက်ရတယ်"

ယန်အန်းယုက ရူးကြောင်ကြောင် အပြုံးနှင့် ပြောလိုက်၏။


တစ်ယောက်သော ရုပ်ရှင်ဧကရာဇ်ကြီး အကြီးကြီး စိတ်ဓာတ်ကျသွားသည်။


ယန်ယုဖန်အုပ်စုက အလွန်ကြီးမားပြီး ကောင်းမွန်သော BL ဗီဒီယိုများစွာကို ခေတ်နှင့်ရှေးခေတ် နှစ်မျိုးလုံးဖြင့် တည်းဖြတ်ခဲ့သည်မှာ ထင်ရှားသော်လည်း၊ သူ၏ရှောင်ယု ကဤကဲ့သို့သော အရာများကို အဘယ်ကြောင့် ခေါင်းမာစွာ ရှာဖွေတွေ့ရှိခဲ့သနည်း။


"ချန်းယန် ကျွန်တော် ဒီည အပေါ်မှာ နေကြည့်ချင်တယ် ရမလား"

ယန်အန်းယု၏ အတွေးများက လှည့်ပတ်သွားပြီး ယီချန်းယန်၏ တုံ့ပြန်မှုကို မြင်လိုသဖြင့် ပေါ့ပေါ့ပါးပါး ရယ်ရွှန်းဖက်ရွှန်းနှင့် မေးလိုက်သည်။


မထင်မှတ်ဘဲ ယီချန်ယန်က ခေါင်းညိတ်လိုက်သည်။

"ရတယ်"


"အမ်"

ယန်အန်းယု သိသိသာသာ တုန်လှုပ်သွားသည်။

"တ...တကယ်လား ဒါပေမဲ့ ကျွန်တော် ခင်ဗျားကိုနာကျင်​အောင်လုပ်မိမှာကြောက်တယ်"


"အဲလိုမဖြစ်ပါဘူး"

ယီချန်းယန်၏အပြုံးက အဓိပ္ပါယ်တို့ပါနေသည်။


ညဥ့်ရောက်ချိန်မှာတော့ ယန်အန်းယု အမှန်တကယ် အပေါ်ကနေလိုက်ရပေမဲ့ သူ၏ခြေထောက်များကို ခွဲကာ လိမ်လိမ်မာမာဖြင့် သူ့ဘာသူ အပေါ်အောက် လှုပ်ရှားပြီး ယီချန်းယန်၏ 'အနိုင်ကျင့်ခြင်း' ကိုပဲခံရလေသည်။


ထို့ကြောင့်၊ ရှောင်ယုတစ်ယောက် ထိုသို့သော ဝမ်းတွင်းမည်းမစ္စတာရုပ်ရှင်ဧကရာဇ်ကြီးကို တန်​ပြန်တိုက်ခိုက်ရန်အတွက် တန်ပြန်gongလုပ်ခြင်းကဲ့သို့သော တစ်စုံတစ်ရာက.... မျှော်လင့်ချက် မရှိရေးချ မရှိပါချေ။


👥️