Volume 11 : ဓာတုဗေဒဌာန
Chapter 242 (ဓာတုဓာတ်ပြုမှု ၁၇)
မျှော်မှန်းထားသည့်အတိုင်း ဓာတုစက်ရုံရှိ ပျက်စီးသွားသော ရုပ်အလောင်းလေးလောင်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး သီးခြားစီ စုံစမ်းစစ်ဆေးခဲ့သည်။ တောက်လောင်သောမီးသည် လူတို့ကို လောင်ကျွမ်းစေသော်လည်း ပျက်စီးနေသော အရိုးများကို သပ်သပ်ရပ်ရပ် ပိုင်းဖြတ်ကာ ချွန်ထက်သော ကိရိယာများဖြင့် ခုတ်ထစ်ခဲ့ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များကို တစ်စစီဖြစ်အောင် မပြောင်းလဲစေပေ။
ခယ်ရှောင်ပင်းသည် ကီးဘုတ်ကို ချက်ချင်းနှိပ်လိုက်ပြီး ဒီအဓိကဖိုင်ကို သူ့လက်ပ်တော့ထဲ ကူးထည့်လိုက်သည်။
ကွန်ပျူတာသည် ကြိုးမဲ့ကွန်ရက်သို့ ချိတ်ဆက်ထားပြီး ဒေတာပို့လွှတ်မှုအမြန်နှုန်းသည် တစ်မိနစ်မပြည့်မီတွင် တိုးတက်မှုဘားက 60% သို့ ရောက်ရှိခဲ့သည်။ သို့သော် ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာပြီး လူနှစ်ဦးကြား စကားစမြည်ပြောနေကြသည်။ "ခေါင်းဆောင်ချန်ရဲ့ ရုံးခန်းမှာ အလင်းရောင်တစ်ခုရှိနေသလိုပဲ။"
တစ်ခြားလူက ဆိုသည်။ "သွားကြည့်စမ်း။"
ယွဲ့ရှင်းဝမ်သည် ရုံးတွင်းရှိ အသံများကို ဖယ်ရှားရန် သူ၏ စွမ်းရည်ကို အသုံးပြုခဲ့သော်လည်း ကွန်ပျူတာကို ဖွင့်လိုက်သောအခါတွင် အလင်းရောင်ကို မဖယ်ရှားနိုင်ဘဲ အမှောင်ထဲတွင် ကွန်ပျူတာဖန်သားပြင်မှ အလင်းရောင်မှိန်မှိန်ဖြင့် တာဝန်ကျနေသော တပ်သားများကို စွဲဆောင်ခဲ့သည်။
ခယ်ရှောင်ပင်းသည် ဖန်သားပြင်ပေါ်ရှိ တိုးတက်မှုဘားကို စိုက်ကြည့်ကာ စိတ်လှုပ်ရှားစွာ အသက်ရှူသွင်းလိုက်သည်။
ရုံးခန်းတံခါးဆီသို့ ခြေလှမ်းများလှမ်းလာသည်ကိုမြင်တော့ ယွဲ့ရှင်းဝမ်က ချက်ချင်းဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး ချတ်ချန်နယ်တွင် စာရိုက်ခဲ့သည်။ "စီနီယာအစ်မလန် တံခါးကိုပိတ်လိုက်။" လန်ယာရုန်သည် ခေါင်းငြိမ့်ပြကာ ညာလက်ကိုမြှောက်ပြီး အရပ်ဘက်ရေးရာဗျူရိုအသေးလေးကို တံခါးနောက်မှ တိုက်ရိုက်ချထားလိုက်သည်။
တံခါးအပြင်ဘက်မှာ သော့ဖွင့်သံထွက်ပေါ်လာကာ ယွဲ့ရှင်းဝမ်သည် ခယ်ရှောက်ပင်း၏ပခုံးကို အသာပုတ်ပြီး အမြန်ဒေတာကူးယူဖို့ အချက်ပြလိုက်သည်။ ခယ်ရှောင်ပင်းသည် ဒေတာကူးယူရန် ကီးဘုတ်ကို လျင်မြန်စွာ ရိုက်နှိပ်ပြီး အခြားသူများက အပြင်ဘက်မှာ ဖြစ်ပျက်နေတာကို နားစွင့်ရင်း ထိတ်လန့်နေကြသည်။
တံခါးကို အတွင်းမှ အားပြင်းပြင်းဖြင့် ပိတ်ဆို့လိုက်သကဲ့သို့ တံခါးကို မည်မျှပင်တွန်းတွန်း မဖွင့်နိုင်သောကြောင့် တာဝန်ကျရဲအရာရှိများက အံ့သြသွားကြသည်။ တာဝန်ကျရဲအရာရှိ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရဲမေက ဆိုသည်။ "တံခါးဖွင့်လို့မရဘူး၊ သော့မှားနေတာလား။"
အခြားသူတစ်ဦးက သော့ကိုငုံ့ကြည့်ကာ ပြောသည်။ "သော့ကမှန်ပါတယ်။ တံခါးလော့ ပျက်သွားတာလား။"
ရဲမေက ပြောလိုက်သည်။ "အဲဒါကို ပြင်ပေးဖို့ နည်းပညာဌာနက တစ်ယောက်ယောက်ကို သွားရှာရအောင်။"
စီနီယာအစ်မလန်သည် အရပ်ဘက်ရေးရာဗျူရိုဖြင့် တံခါးကို ပိတ်ဆို့ထားတာကြောင့် အပြင်မှာ တာဝန်ကျရဲအရာရှိများက တံခါးကို မဖွင့်နိုင်ဘဲ တံခါးလော့ပျက်သွားတယ်လို့ ယူဆသည့်အတွက် ခယ်ရှောင်ပင်း အချိန်လုံလောက်ခဲ့သည်။
နှစ်မိနစ်အကြာမှာတော့ လက်ပ်တော့ထဲက ဒေတာကော်ပီဟာ 100% ပြည့်သွားပါပြီ။ ရှင်းယန်သည် လက်ဗွေရာ မကျန်စေရန် ခယ်ရှောင်ပင်း ထိမိသော နေရာအားလုံးကို ဂရုတစိုက် သုတ်လိုက်သည်။
ယွဲ့ရှင်းဝမ်က ရိုးရိုးရှင်းရှင်း အမူအရာပြလိုက်သည်။ "ပြန်ဆုတ်မယ်။"
ကျန်းဖျင်စစ်သည် ကိုသြဒီနိတ်စနစ်ကိုဖွင့်ကာ သူ၏အဖွဲ့ဝင်များကို ပြတင်းပေါက်သို့ စေလွတ်ပြီး ကောင်းကင်သို့စုပေါင်းပျံသန်းခဲ့သည်။ လန်ယာရုန်သည် သူမ၏ ညာလက်ကို ဆုတ်လိုက်ပြီး တံခါးကို ပိတ်ဆို့နေသော အရပ်ဘက်ရေးရာဗျူရိုက ချက်ချင်း ပျောက်သွားသည်။
ထိုစဉ်တွင် နည်းပညာရှင် ရောက်လာပြီး သော့ကို ကောက်ကိုင်လိုက်ပြီး တံခါးလော့ကို လှည့်ကာ တံခါးလော့က ချောချောမွေ့မွေ့ ပွင့်သွားသည်။ နည်းပညာရှင်က တွေးဆသည်။ "တံခါးလော့က မပျက်ပါဘူး။"
တာဝန်ကျရဲအရာရှိနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မီးဖွင့်ရန် အခန်းထဲသို့ ဝင်လိုက်သည်။
အခန်းက ဗလာဖြစ်နေပြီး ပြတင်းပေါက်တွေ ပိတ်ထားကာ ထောင့်က ကင်မရာပျက်နေသည်။
နှစ်ယောက်သား တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ကြပြီး ဖုန်းကို ချက်ချင်းကောက်ကိုင်ကာ အခြေအနေကို သတင်းပို့ဖို့ ခေါင်းဆောင်ကို ဖုန်းဆက်လိုက်သည်။
ဖုန်းခေါ်ဆိုသည့်အကြောင်းအရာကို ကြားရသော ခယ်ရှောင်ပင်းသည် လေထဲတွင် တိုးတိုးလေးဖြင့် အသက်ရှူသွင်းပြီး ပြောသည်။ "ကံကောင်းလို့ အချက်အလက်တွေကို အန္တရာယ်မရှိဘဲ ကူးယူနိုင်ခဲ့တယ်။ ရဲတွေနဲ့ ပြေးတမ်းလိုက်တမ်း ကစားရတာ တကယ့်ကို ခက်ခဲတယ်။ တစ်ယောက်ယောက် ဝင်သွားတယ်ဆိုတာ သူတို့သိသွားလောက်ပြီ။"
ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။ "မှုခင်းအရာရှိတွေရဲ့ မျက်စိအောက်ကနေ သဲလွန်စတွေ မကျန်ဘဲ အချက်အလက်တွေကို ခိုးယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့ အခန်းထဲကို ဝင်ချင်ရင် လက်ပူးလက်ကြပ်မမိသရွေ့ ပြတင်းပေါက်တွေနဲ့ စောင့်ကြည့်ကင်မရာတွေကို ဖျက်ဆီးပစ်ရမယ်။"
ခယ်ရှောင်ပင်းက ပြုံးပြီးပြောသည်။ "မှန်တယ်။ ရှင်းယန်က ငါ့လက်ဗွေရာတွေကို အခုပဲ သေသေချာချာ သုတ်ခဲ့တာ။ တစ်ယောက်ယောက်က ဒီမှာ ရှိနေတယ်လို့ သံသယရှိရင်တောင်မှ သူတို့က ငါတို့ကို ရှာမတွေ့နိုင်ဘူး။" သူက ရှင်းယန်ကို ကြည့်လိုက်တော့ တစ်ဖက်လူက မျက်မှောင်ကြုတ်နေတာကို တွေ့လိုက်ရသည်။ သူက အတွေးနယ်ထဲနစ်မြောနေပုံရပြီး ခယ်ရှောင်ပင်းက ရှင်းယန်၏ပခုံးကို ညင်သာစွာပုတ်လိုက်သည်။ "ဟေ့၊ မင်းဘာတွေတွေးနေတာလဲ။"
ရှင်းယန်က ခဏလောက် နှုတ်ဆိတ်နေပြီး တိုးတိုးပြောလာသည်။ "ငါတွေးနေတာ၊ လူသတ်သမားက လူသတ်တဲ့အခါ ဟိုက်ဒရိုဖလိုရစ်အက်စစ် အမြောက်အမြား သုံးထားတာကြောင့် မကြာသေးမီနှစ်တွေအတွင်း ဓာတုစက်ရုံကထုတ်တဲ့ ကင်ဆာဆေးတွေမှာ ဟိုက်ဒရိုဖလိုရစ်အက်စစ် မလိုအပ်သလို၊ ဂိုဒေါင်မှာ ဟိုက်ဒရိုဖလိုရစ်အက်စစ်ကို မသိမ်းဆည်းထားဘူး၊ ဒီတော့ လူသတ်သမားက ဒီဓာတုပစ္စည်းကို ဘယ်မှာပြင်ဆင်ခဲ့တာလဲ။"
ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ပြီး ခန့်မှန်းသည်။ "လင်းယွိစန်းက ဟိုက်ဒရိုဖလိုရစ်အက်စစ်နဲ့ ပတ်သတ်တဲ့ စမ်းသပ်မှုတွေ မင်းကိုလုပ်ခိုင်းခဲ့တယ်မဟုတ်ဘူးလား။ ဓာတ်ခွဲခန်းမှာ ပြင်ဆင်တာများလား။"
ရှင်းယန်က ခေါင်းခါသည်။ "အဲဒီနေ့က သူငါ့ကိုပေးခဲ့တဲ့ပစ္စည်းတွေက ဟိုဒရိုဖလိုရစ်အက်စစ် 5 မီလီလီတာလောက်ပဲ ပြင်ဆင်ခိုင်းခဲ့ပြီး အဲဒါက လူ့ခန္ဓာကိုယ်ကို တိုက်စားဖို့ မလုံလောက်ဘူး။ ဒါ့အပြင် ဟိုက်ဒရိုဖလိုရစ်အက်စစ်က ဖန်နဲ့ ကျောက်စိမ်းတွေကို တိုက်စားနိုင်တာကြောင့် သိုလှောင်မှုအခြေအနေတွေကလည်း အရမ်းတင်းကျပ်တယ်။"
ယွဲ့ရှင်းဝမ်က အံ့သြစွာမေးသည်။ "ဖန်ကိုတိုက်စားနိုင်တာလား။ ပုံမှန်အားဖြင့် ဓာတုပစ္စည်းတွေကို ဖန်ပုလင်းတွေထဲ ထည့်တာပါ။ ဟိုက်ဒရိုဖလိုရစ်အက်စစ်က ဖန်ကိုတိုက်စားနိုင်တော့ ဘယ်လိုသိမ်းဆည်းမှာလဲ။"
ရှင်းယန်က ရှင်းပြသည်။ "ဟိုက်ဒရိုဖလိုရစ်အက်စစ်က ဖန်ကို တိုက်စားနိုင်ပေမဲ့ ပေါ်လီသင်းကိုတော့ မတိုက်စားနိုင်ဘူး။ ဒါကြောင့် ဟိုက်ဒရိုဖလိုရစ်အက်စစ်ကို ပေါ်လီသင်းနဲ့ပြုလုပ်ထားတဲ့ ပလပ်စတစ်သိုလှောင်ကန်တွေမှာ သိမ်းဆည်းနိုင်တယ်။"
[𝗧𝗞: 𝗣𝗼𝗹𝘆𝘁𝗵𝗲𝗻𝗲 ကို ပစ္စည်းတစ်ခုအနေနဲ့ ဥပမာပေးရရင် ကိုယ်တို့တွေ သောက်နေကြ ရေသန့်ဘူး၊ ဖျော်ရည်ဘူး၊ ဒါမှမဟုတ် ဆီဘူး၊ အဲဒါတွေအားလုံးက ပေါ်လီသင်းနဲ့ လုပ်ထားတာပါ။]
ခယ်ရှောင်ပင်းက ရုတ်တရက် သဘောပေါက်သွားသည်။ "ငါမှတ်မိပြီ။ အဲဒီနေ့က စမ်းသပ်မှုလုပ်တဲ့အခါ နောက်ဆုံးထုတ်ကုန်ကိုစုဆောင်းဖို့ မင်းက အလုံပိတ်ပလပ်စတစ်ပုလင်းတွေသုံးခဲ့ပြီး ဖန်ပုလင်းတွေကို ဘာလို့မသုံးတာလဲလို့ ငါတွေးနေခဲ့တာ။ တစ်နည်းပြောရရင် လူသတ်သမားက လူ့ခန္ဓာကိုယ်ကို ပျက်စီးစေမဲ့ ဟိုက်ဒရိုဖလိုရစ်အက်စစ်ကို အလုံအလောက်သိမ်းဆည်းချင်တယ်ဆိုရင် သူ့မှာ ပလပ်စတစ်ဘူးတွေ အများကြီးရှိရမှာပေါ့။"
ရှင်းယန်: "မှန်တယ်။ ဒီပလပ်စတစ်ဘူးတွေရဲ့ ပမာဏက စူပါမားကတ်တွေမှာ တွေ့ရတဲ့ ဟင်းချက်ဆီဘူးကြီးတွေနဲ့ ဆင်တူပြီး အလင်းရောင်မရအောင် အလုံပိတ်ထားရမယ်။"
ယွဲ့ရှင်းဝမ်က ဒီအကြောင်းကို သေသေချာချာ စဉ်းစားခဲ့သည်။ "စက်ရုံမှာ အဆင်သင့်လုပ်ထားတဲ့ ဓာတုပစ္စည်းတွေ မရှိဘူး၊ လူသတ်သမားက သူကိုယ်တိုင် ဟိုက်ဒရိုဖလိုရစ်အက်စစ်ကို ဖန်တီးဖို့ နည်းလမ်းရှာလိမ့်မယ်။ ဒါကြောင့် လူသတ်သမားမှာ လူသတ်မှု ဓာတုပစ္စည်းတွေ သိမ်းဆည်းဖို့ သီးခြားဓာတ်ခွဲခန်းတစ်ခု ရှိနိုင်တယ်။"
ရှင်းယန်: "ဟုတ်တယ်၊ ဒီလူသတ်သမားဟာ အရမ်းလျှို့ဝှက်ထားရုံသာမက အရမ်းကျွမ်းကျင်တယ်။"
ယွဲ့ရှင်းဝမ်သည် ချတ်ချန်နယ်တွင် ချက်ချင်းစာရိုက်ခဲ့သည်။ "အုပ်စုအေမှကျောင်းသားတွေ၊ သံသယရှိသူတွေရဲ့ အိပ်လိပ်စာတွေကို စုံစမ်းတဲ့အခါ သတိထားပါ။ တစ်ယောက်ယောက်က သူတို့ရဲ့အိမ်ကို အန္တရာယ်ရှိတဲ့ပစ္စည်းတွေနဲ့ ဓာတုဓာတ်ခွဲခန်းအဖြစ်ကို ပြောင်းလဲထားတာဖြစ်နိုင်တယ်။"
ထိုအချိန်တွင် ချင်လုနှင့် အခြားသူများသည် ကျင်းထိုက်လူနေရပ်ကွက်၏အဝင်ဝသို့ ရောက်ရှိလာပြီး သုတေသနအဖွဲ့မှ စာကိုမြင်ပြီးနောက် ရွှီယိရှန်းက ချက်ချင်းပြန်ပြောသည်။ "နားလည်ပြီ၊ ငါတို့သတိထားပါ့မယ်။"
ချင်လု: "စီနီယာအစ်ကိုရွှီက mitosis ကိုသုံးပြီူ အရင်စူးစမ်းလိုက်ပါလား။ ကျွန်မတို့ငါးယောက် ချက်ချင်းဝင်သွားရင် မကောင်းဘူး။"
ရွှီယိရှန်းက လေးနက်စွာပြုံးပြီး ပြောသည်။ "ကိစ္စမရှိပါဘူး၊ ငါ့ညီငယ်လေးက အကောင်းဆုံးပဲ၊ ကိုယ်ပွားက ဒဏ်ရာရသွားရင်တောင် မူလခန္ဓာကိုယ်က အဆင်ပြေတယ်။ unit 1၊ အခန်း 4၊ 16 ထပ်၊ ငါ့ကို ပို့ပေးလိုက်။"
ချင်လုသည် သူ့ကို အပေါ်ထပ်ကို ပို့ပေးလိုက်ပြီး ရွှီယိရှန်းသည် အရိပ်တစ်ခုကို အမြန်ခွဲပြီး ရှောင်းဝမ်ဟွေ့၏အခန်းထဲကို ဝင်သွားသည်။
မနက် 2 နာရီ ထိုးနေပြီး ရှောင်းဝမ်ဟွေ့က နိုးနေသေးသည်။
ရွှီယိရှန်း အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သူသည် ရှောင်းဝမ်ဟွေ့၏ အကြည့်နဲ့သွားဆုံပြီး ရွှီယိရှန်းသည် ချက်ချင်း တစ်ဖက်လူ၏အနောက်ကို ရွှေ့သွားပြီး သူ့အိမ်တစ်ဝိုက်ကို လေကဲ့သို့အရှိန်ဖြင့် လှည့်ပတ်ကာ ပြန်ဆုတ်သွားခဲ့သည်။
သူသည် ရင်ဘတ်ကို ပွတ်သပ်ရင်း ထိတ်လန့်တကြားပြောသည်။ "Shit၊ ဒီညဇီးကွက်က ဧည့်ခန်းထဲမှာထိုင်ပြီး သရဲကားကြည့်နေတယ်။ ငါအမြန်ပြန်ဆုတ်ခဲ့တာ ကံကောင်းသွားတယ်၊ သူက အမြင်မှားသွားတယ်လို့ တွေးမိလောက်ပြီး အဲဒီမှာ သူ့မျက်စိတွေကို ဆက်တိုက်ပွတ်နေတယ်။"
လူတိုင်း: "..."
သရဲကားကြည့်နေသော ရှောင်းဝမ်ဟွေ့သည် သူ့ရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ပြီးနောက် ချက်ချင်း ပျောက်သွားခဲ့သည်။ ၎င်းက သူ့ကို သေလောက်အောင် ထိတ်လန့်စေနိုင်သည်။ လျှိုကျောက်ချင်းသည် ကူကယ်ရာမဲ့ နဖူးကို ကိုင်လိုက်ပြီး "မင်း သူ့အိမ်ရဲ့အပြင်အဆင်ကို စူးစမ်းခဲ့လား။"
ရွှီယိရှန်းက ပြောသည်။ "အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်း၊ အိပ်ရှင်အိပ်ခန်း၊ ကလေးအခန်းနဲ့ စာကျက်ခန်းပဲ။ ဒါပေမဲ့ ထူးဆန်းတာက ကလေးအခန်းထဲမှာ တစ်ယောက်မှမရှိဘူး။"
ချင်လုက သံသယဖြစ်စွာ မေးသည်။ "သူ့မှာ သမီးရှိတယ်မဟုတ်ဘူးလား။ သူ့သမီးက ခြေထောက်ခေါက်သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ တစ်နေ့လုံး အလုပ်ပျက်နေခဲ့တာကို။ သူ့သမီးက ဆေးရုံတင်ထားရလို့လား။"
ချင်မြောင်က အေးစက်စွာပြောသည်။ "သူ့သမီးက ဆေးရုံတင်ထားရပြီး သူက ဆေးရုံကို အဖော်မလိုက်ပေးဘဲ ညသန်းခေါင် အိမ်မှာ သရဲကားတွေ ကြည့်နေသေးတာလား။ ဒီလူနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေပြီ။ ရှင်းဝမ်ပြောခဲ့တဲ့ ဓာတုဓာတ်ခွဲခန်းကို စီနီယာအစ်ကိုရှာတွေ့ခဲ့လား။"
ရွှီယိရှန်းက ခေါင်းယမ်းသည်။ "မတွေ့ဘူး။ မီးဖိုချောင်မှာ အိုးတွေ၊ ဒယ်အိုးတွေ အစုံအလင်ရှိတယ်။ ရေချိုးခန်းထဲက ဖိနပ်နဲ့ သွားတိုက်တံခွက်တွေက အတွဲလိုက်ရှိပြီး ကလေးအခန်းထဲမှာ အရုပ်မတွေ၊ မိန်းကလေးတွေရဲ့ အဝတ်အစားနဲ့ အရုပ်တွေ အများကြီးရှိတယ်။ အဲဒါက နွေးထွေးတဲ့ မိသားစုသုံးယောက်လိုပါပဲ။"
အိမ်ထဲမှာ သူတစ်ယောက်တည်းကလွဲရင်ပေါ့။
ချင်လုက စဉ်းစားမရဖြစ်နေသည်။ "သူ့သမီးက ဆေးရုံတက်နေပြီး သူ့မိန်းမက ဒီည သမီးကို အဖော်ပြုပေးပြီးတော့ သူက အိမ်မှာ တစ်ယောက်တည်း တီဗီကြည့်နေတာလား။"
လျှိုကျောက်ချင်း: "ဒီနည်းပဲ ရှင်းပြလို့ရတယ်။ ဒါပေမဲ့ ရှောင်းဝမ်ဟွေ့က နည်းနည်းတော့ ထူးဆန်းနေသေးတယ်။ အဲဒါကို အရင်ဆုံး ချရေးပြီး နောက်မှ ရှင်းဝမ်နဲ့ အခြားသူတွေနဲ့ ဆွေးနွေးကြည့်ရအောင်။ အမြန်လုပ်ပြီး နောက်ဆုံရပ်ကို သွားကြရအောင်။"
ချင်လုသည် ခေါင်းငြိမ့်ပြပြီး နောက်ထပ် ကိုသြဒီနိတ်များကို ရှာဖွေရန် ကမ္ဘာကို ထုတ်ယူလိုက်သည်။
တစ်ချိန်တည်းမှာပင် ယွဲ့ရှင်းဝမ်နှင့် အဖွဲ့ဘီမှ အခြားသူများ သည် လေထဲမှ မီးသတ်တပ်ဖွဲ့ဆီသို့ ပျံသန်းလာပြီး ပြတင်းပေါက်မှ ဝင်ရန် တူညီသော နည်းလမ်းကို အသုံးပြုကာ မီးသတ်တပ်ဖွဲ့၏ ဓာတုစက်ရုံ မီးလောင်မှုနှင့် ပတ်သက်သော အချက်အလက်များကို ကူးယူခဲ့သည်။ ကံကောင်းထောက်မစွာ သူတို့သည် ဤတစ်ကြိမ်တွင် အထူးသတိထားခဲ့ပြီး တာဝန်ကျဝန်ထမ်းများအား သတိပေးခြင်းမပြုခဲ့ပေ။
နောက်ဆုံးဆုံရပ်ကက ဆေးရုံပါ။
ညဘက်တွင် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များသာရှိသော ရဲတပ်ဖွဲ့နှင့် မတူဘဲ၊ ဌာနတစ်ခုစီတွင် တာဝန်ကျသော ဆရာဝန်များနှင့် သူနာပြုများသာမက လူနာအများအပြားလည်း ရှိနေသည်။ လူငါးယောက်အတူတကွလုပ်ဆောင်ဖို့က ခက်ခဲသည့်အတွက် ယွဲ့ရှင်းဝမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျန်တဲ့သူတွေက အပြင်မှာစောင့်ထားကြပါ။ ခယ်ရှောင်ပင်းနဲ့ ငါဝင်သွားပြီး ကုတ်အင်္ကျီအဖြူဝတ်ပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်း ဟန်ဆောင်လိုက်မယ်။"
ကျန်းဖျင်စစ်သည် ဖွင့်ထားသော ပြတင်းပေါက်တစ်ခုကို တွေ့ရှိပြီး အမြန်ပြေးဝင်ကာ အဖြူရောင် ကုတ်အင်္ကျီနှစ်စုံကို ခိုးယူပြီး ယွဲ့ရှင်းဝမ်နှင့် ခယ်ရှောင်ပင်းတို့ကို ပြောင်းလဲခိုင်းလိုက်သည်။ ခယ်ရှောင်ပင်းက မနေနိုင်ဘဲ စနောက်သည်။ "ဖျင်စစ်က ဒီည တကယ်ကို 'ပျံသန်းသူခိုး'ဖြစ်သွားပြီ။"
ကျန်းဖျင်စစ်က အေးဆေးတည်ငြိမ်စွာပြောသည်။ "ပစ္စည်းခိုးတာကို ငါမကြိုက်ဘူး။ မင်းတို့သုံးပြီးသွားရင် မြန်မြန်ပြန်ထားသင့်တယ်။"
ခယ်ရှောင်ပင်းက ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ။ လေထဲမှာ လွင့်နေတဲ့ အဖြူရောင် ကုတ်အင်္ကျီကို ဝတ်ရတာ တကယ်ကို မသင့်တော်ဘူး။"
နှစ်ယောက်သား အရေးပေါ်ဌာနထဲသို့ အမြန်ခိုးဝင်ကာ ယွဲ့ရှင်းဝမ်သည် ဆရာဝန်ရုံးခန်းတံခါးကို အလျင်အမြန်ပိတ်ဆို့ပြီး အရေးပေါ်ခန်းရှိ လူနာအချက်အလက်အားလုံးကို ကူးယူရန် ခယ်ရှောင်ပင်းကို တောင်းဆိုခဲ့သည်။
စာရွက်စာတမ်းတွေ ကူးယူပြီး သူတို့ထွက်သွားတာနဲ့ အမျိုးသမီးဆရာဝန်က သူတို့ကို တားပြီး တိုက်ရိုက်အမိန့်ပေးလိုက်သည်။ "အလုပ်သင်တွေမလား။ ဟိုကိုသွားပြီး ဆေးပြောင်းပေးဦး။ ငါ အလုပ်ရှုပ်နေတယ်။"
ခယ်ရှောင်ပင်းနှင့် ယွဲ့ရှင်းဝမ်တို့သည် ရယ်ရမလား ငိုရမလား မသိတော့ချေ။ ခယ်ရှောင်ပင်းက ပြောလိုက်သည်။ "ဒေါက်-ဒေါက်တာ၊ ကျွန်တော် ဗိုက်နာနေလို့ အိမ်သာအရင်သွားလိုက်ဦးမယ်။"
သူတို့နှစ်ဦးသည် လျင်မြန်စွာ လွတ်မြောက်ခဲ့ပြီး ကျန်းဖျင်စစ် ပုန်းအောင်းနေသည့်နေရာကို ရှာတွေ့ခဲ့ပြီး ကုတ်အကျီအဖြူကို ပြောင်းလဲခဲ့သည်။
ကျန်းဖျင်စစ်သည် ကုတ်အင်္ကျီအဖြူကို မူလအနေအထားသို့ ပြန်ပို့ပြီးနောက် အားလုံးကို အခြေစိုက်စခန်းသို့ ပျံသန်းရန် ခေါ်သွားခဲ့သည်။
အခြေစိုက်စခန်းသို့ရောက်သောအခါ ချင်လု၏အဖွဲ့လည်း ပြန်ရောက်နေပြီး အားလုံးက အဓိပ္ပါယ်မရှိတာတွေ မပြောချေ။ သူတို့က တိုက်ရိုက် နေရာများပြောင်းပြီး မြေအောက်ထဲကိူ ဝင်သွားကြသည်။
ကျန်းရှောင်နျန်သည် မြေအောက်ကာကွယ်ရေး အဆောက်အအုံများကို ခိုင်ခံ့စေပြီး စီနီယာအစ်မမန့်လော်သည် အခန်းထဲသို့ လတ်ဆတ်သောလေကို ထုတ်လွတ်ထားသည်။
လူတိုင်းက သက်ပြင်းရှည်ကြီးချရင်း ယွဲ့ရှင်းဝမ်သည် အားလုံးကို အခန်းအလယ်သို့ ခေါ်ကာ လက်ခုပ်တီးပြီး ဆိုသည်။ "လာကြ၊ ရှာတွေ့သမျှ အချက်အလက်အားလုံးကို အကျဉ်းချုပ်မယ်။ ဒီလူသတ်သမားက သဲလွန်စတွေ မချန်ထားဘူးဆိုတာ ငါမယုံဘူး။"
#TK