Chapter 244
Viewers 22k

Volume 11 : ဓာတုဗေဒဌာန


Chapter 244 (ဓာတုဓာတ်ပြုမှု ၁၉)


ရှောင်းဝမ်ဟွေ့၏ အမူအရာမှာ ထူးဆန်းသည်။ သူသည် ဓာတုဗေဌာနမှ ဘွဲ့ရပြီး သက်ဆိုင်ရာ အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခဲ့ပြီး လူသတ်ရန် ဓာတုပစ္စည်းများ အသုံးပြုဖို့ ရည်ရွယ်ချက် အခြေအနေများနှင့် ကိုက်ညီခဲ့သည်။


ချန်ရှို့မိန် မနေ့က နုတ်ထွက်ပြီးချိန်မှာ သူသည် ဓာတုစက်ရုံမှာ မရှိခဲ့သလို သူဘယ်မှာရှိနေသလဲဆိုတာ ဘယ်သူမှသက်သေမပြနိုင်တာကြောင့် သူ့မှာ ပြစ်မှုကျူးလွန်ရန် အချိန်အများကြီးရှိသည်။


သူ့မိန်းမနှင့်သမီးသေဆုံးသော်လည်း သေဆုံးရသည့်အကြောင်းရင်းမှာ မှားယွင်းနေသည်။ သူက ရဲကို လိမ်ညာပြီး မိန်းမနှင့်သမီးသေဆုံးရခြင်းအကြောင်းရင်းကို ဖုံးကွယ်ထားခဲ့သည်။ ဒီလူနှစ်ယောက်၏ သေဆုံးရခြင်းအကြောင်းရင်းမှာ ပြဿနာရှိနိုင်ပြီး ယင်းက သူ့စိတ်ကိုပျက်စီးသွားစေကာ လက်စားချေခြင်းဆီသို့ ဦးတည်သွားခဲ့သည်။


သို့သော် ရှင်းပြလို့မရနိုင်သော မေးခွန်းတချို့ရှိပါသေးသည်။ သူသည် ဤမျှလောက်များစွာသောပစ္စည်းများကို ဘယ်ကရသနည်း။ သူသည် ဟိုက်ဒရိုဖလိုရစ်အက်စစ်ကို မည်သည့်နေရာတွင် ပြုလုပ်ခဲ့သနည်း။


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။ "လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဓာတုစက်ရုံက ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို ရှောင်းဝမ်ဟွေ့က ပြုပြင်ခဲ့ပြီး သူ့မိန်းမနဲ့သမီး သေဆုံးမှုအကြောင်းကို ဘယ်သူ့ကိုမှ မပြောခဲ့ဖူးတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေက သူ့မိန်းမနဲ့သမီး အသက်ရှင်နေသေးတယ်လို့ ထင်နေကြပြီး သူ့သမီးကို ဆရာဝန်နဲ့ သွားပြမလို့ဆိုတဲ့ သူ့အကြောင်းပြချက်ကို ယုံခဲ့ကြတယ်။ လိပ်စာအချက်အလက်က သူ့အရင်နေအိမ်ဖြစ်ပြီး ပိုင်ဆိုင်မှုကို သူ့နာမည်နဲ့ မှတ်ပုံတင်ထားတယ်။"


ကျန်းဖျင်စစ်: "သူ့မိန်းမက အခြားပိုင်ဆိုင်မှုတွေကို ထားသွားခဲ့ရင် ဓာတ်ခွဲခန်းအဖြစ် ပြောင်းလဲခဲ့တာလား။"


ယွဲ့ရှင်းဝမ်လည်း တွေးမိသည်။ အကယ်၍ ရှောင်းဝမ်ဟွေ့သည် စမ်းသပ်မှုများပြုလုပ်ပြီး ဓာတုပစ္စည်းအမြောက်အမြားထုတ်လုပ်သိမ်းဆည်းထားရာ ဓာတ်ခွဲခန်းအဖြစ် လျှို့ဝှက်စွာပြောင်းလဲခဲ့လျှင် ရှောင်းဝမ်ဟွေ့၏ ပြစ်မှုဆိုင်ရာ လုပ်နည်းလုပ်ဟန်ကို ရှင်းပြနိုင်မည်ဖြစ်သည်။


ရှောင်းဝမ်ဟွေ့သည် သံသယအရှိဆုံးဖြစ်ပြီး အဓိကက သူ့မိန်းမနှင့်သမီးသေဆုံးရခြင်းအကြောင်းရင်းကို ရှာဖွေရန်ဖြစ်သည်။


ခယ်ရှောင်ပင်း: "သူ့မိန်းမနာမည် ဘယ်လိုခေါ်လဲ။ ရဲတွေက သူတို့သေဆုံးရတဲ့ အကြောင်းရင်းကို မသိဘူးလား။"


ယွဲ့ရှင်းဝမ်သည် ရဲအဖွဲ့မှ တွေ့ရှိသည့် အချက်အလက်ကို ဖွင့်ပြီး ခယ်ရှောင်ပင်းအား ပေးလိုက်သည်။ "သူ့မိန်းမက ချင်ရူ၊ သူ့သမီးက ရှောင်းနျန်ရူ၊ ‌ဒေသခံတွေ မဟုတ်ဘူး။ သူ့သမီးက ဗဟိုကျောင်းမှာ ကျောင်းတတ်နေတယ်။ ရဲတွေက ကျောင်းကို လာရောက်စစ်ဆေးခဲ့တယ်။ ဆရာဖြစ်သူပြောတာကတော့ ရှောင်းနျန်ရူက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရုတ်တရက် ကျောင်းမလာတော့တာကြောင့် အိမ်ကိုဖုန်းဆက်ခဲ့ပြီး သူမအဖေက သူ့သမီး ရေနစ်သေဆုံးသွားတဲ့အတွက် ကျောင်းက ဝမ်းနည်းကြောင်းပြောပြပြီး အဲဒီကတည်းက ထပ်မဆက်သွယ်တော့ဘူးတဲ့။"


သူက ခေတ္တရပ်ပြီး ဆိုသည်။ "တစ်နည်းပြောရရင် သူ့မိန်းနဲ့သမီး ရေကူးရင်း ရေနစ်သေဆုံးသွားခဲ့တယ်။ အဲဒါက ပြင်ပကမ္ဘာကို သူပြောခဲ့တဲ့စကားပဲ။ ဒါပေမဲ့ ရဲတွေက ကျွန်းရဲ့သတိပေးချက်မှတ်တမ်းတွေကို စစ်ဆေးခဲ့တယ်။ လွန်ခဲ့တဲ့ငါးနှစ်က နွေရာသီမှာ ချင်ရူနဲ့ ရှောင်းနျန်ရူတို့ကို ကယ်တင်ဖို့ 120 ကို ဖုန်းခေါ်တဲ့မှတ်တမ်း မရရှိခဲ့ဘူး။ ရှောင်းဝမ်ဟွေ့က သူတို့က သေဆုံးတာကိုရပ်ကြည့်ပြီး 120 ကို အကူအညီပေးဖို့ မခေါ်ခဲ့တာဖြစ်နိုင်တယ်။"


လျှိုကျောက်ချင်း: "ဒါက အရမ်းထူးဆန်းတာပဲ။ ရှောင်းဝမ်ဟွေ့ကိုယ်တိုင်က ဆေးပညာကို မသင်ယူထားတာကြောင့် သူ့မိန်းမနဲ့ကလေးကို ကယ်တင်နိုင်သလားဆိုတာ မဆုံးဖြတ်နိုင်ဘူး။ ဒါကြောင့် သူတို့ရေနစ်နေတာကို သိလိုက်ရပြီးတဲ့နောက် သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက 120 ကို အကူအညီတောင်းတာပဲ။ သူက အပြင်ထွက်သွားပြီး သူ့မိန်းမနဲ့ကလေးပဲ ဟိုတယ်မှာကျန်ပြီး ရေကူးရင်း ရေနစ်သွားရင်တော့ တစ်မျိုးပေါ့။ ပြီးတော့ သူ ပြန်လာတဲ့အခါ သူတို့နှစ်ယောက်စလုံးက သေနှင့်နေပြီ…"


ကျန်းဖျင်စစ်က ခေါင်းယမ်းသည်။ "ဒီထင်မြင်ချက်က မမှန်ဘူး။ သူ့မိန်းမနဲ့သမီး သေသွားတဲ့အချိန်မှာ သူမရှိခဲ့ရင် သူပြန်ရောက်တဲ့အခါ သူတို့အလောင်းတွေကို ပြန်သယ်သွားတာ ဒါမှမဟုတ် သူတို့ကို မီးသဂြိုလ်ပြီး အရိုးပြာအိုးတွေကို ပြန်ယူရမယ်။"


ယွဲ့ရှင်းဝမ်က ရဲစုံစမ်းစစ်ဆေးရေးမှတ်တမ်းတွေကို ညွှန်ပြပြီး အားလုံးကို ပြသလိုက်သည်။ "ပိုထူးဆန်းတာက ရဲတွေက မြို့တွင်းနဲ့ မြို့သင်္ချိုင်းတွေကို စစ်ဆေးခဲ့ပြီး ချင်ရူနဲ့ ရှောင်းနျန်ရူတို့အတွက် မီးသဂြိုလ်တဲ့ မှတ်တမ်းတွေ မတွေ့ခဲ့ရဘူး။"


ခယ်ရှောင်ပင်းသည် နားထောင်လေလေ၊ ဒေါသပိုထွက်လေလေဖြစ်သည်။ "သူ့မိန်းမနဲ့သမီးတွေရဲ့ အလောင်းတွေကို တောနက်နက်ထဲမှာ မြုပ်နှံလောက်တဲ့အထိတော့ မဆိုးဘူးမလား။"


"အလောင်းတွေလည်း မရှိသလို သူ့မိန်းမနဲ့သမီးလည်း မသေဘူး။" ရှင်းယန်က ခယ်ရှောင်ပင်းကိုကြည့်ပြီး တစ်လုံးချင်းပြောလိုက်သည်ာ "တစ်ခါတလေ အသက်ရှင်နေရတာက သေတာထက် ပိုကြောက်စရာကောင်းတယ်။"


ခယ်ရှောင်ပင်းသည် ခဏလောက် ထိတ်လန့်သွားပြီး နောက်ဆုံးမှာ တုံ့ပြန်ခဲ့သည်။ "ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာလား။ သူ့မိန်းမနဲ့သမီးက လူသားမဆန်တော့သလို တစ္ဆေသရဲဖြစ်သွားပြီး သူတို့ရဲ့မျက်နှာတွေကို လုံးဝမပြနိုင်တော့တာလား။ အဲဒါက လူမှုရေးအရ သေသွားသလိုပဲပေါ့။"


ရှင်းယန်က ခေါင်းငြိမ့်ပြီး အေးအေးဆေးဆေးပြောသည်။ "ရှောင်းဝမ်ဟွေ့နဲ့ ချင်ရူတို့က တရားဝင်လင်မယားတွေဖြစ်ပြီး လက်ထပ်စာချုပ် ရှိတယ်၊ ရှောင်းနျန်ရူက သူတို့ရဲ့ သမီးဖြစ်ပြီး မွေးစာရင်းလည်း ရှိတယ်၊ ဒီလူနှစ်ယောက်ရဲ့ အထောက်အထားတွေကတော့ မမှားနိုင်လောက်ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်က သူ့သမီး ကျောင်းမတက်တော့ဘဲ သူ့သမီး ရေနစ်သွားတာလို့ ဆရာကို ပြောပေမဲ့ စက်ရုံက လုပ်ဖော်ကိုင်ဖက်တွေကိုတော့ မပြောခဲ့ဘူး…”


ခယ်ရှောင်ပင်းက ဒီအတွေးကိုလိုက်ပြီး ပြောခဲ့သည်။ "ဒါဆို သူ့မိန်းမနဲ့သမီးရဲ့ မတော်တဆမှုက စက်ရုံက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်နေတာများလား။"


ရှင်းယန်: "သူ့မိန်းမနဲ့သမီးကို ကျွန်းကိုခရီးထွက်ဖို့ မခေါ်သွားဘူးဆိုပါစို့၊ ဒါပေမဲ့ သူ့မိန်းမနဲ့သမီးက သူ့ကိုရှာဖို့ ဓာတုစက်ရုံကို ရောက်လာတယ်။ ရလဒ်အနေနဲ့ လုပ်ဖက်ကိုင်ဖက်တချို့က သူတို့ကို မတော်တဆမှုဖြစ်သွားစေပြီး သူတို့ခန္ဓာကိုယ်တွေ တိုက်စားသွားပြီးတော့ လူတွေကို အတွေ့မခံနိုင်တော့ဘူး။ သူ့မိန်းမနဲ့သမီးရဲ့ မိမိကိုယ်ကိုတန်ဖိုးမှုကြောင့် ဒီအဖြစ်အပျက်ကို လူသိရှင်ကြားမထုတ်ဖော်ဘဲ 'ရေနစ်သေဆုံးခြင်း' ဆိုတဲ့ အကြောင်းပြချက်နဲ့ လူမှုရေးအရ ဖုံးကွယ်ထားခဲ့ပြီး လျှို့ဝှက်နေရာတစ်ခုမှာ ဆေးကုသမှု ခံယူခဲ့တယ်။"


လျှိုကျောက်ချင်း: "မတော်တဆဖြစ်ပွားတဲ့နေ့မှာ သားအမိနှစ်ယောက်ကို ဆရာဝန်ပြဖို့ ဆေးရုံသွားသင့်တယ်မဟုတ်လား။ ဒါကြောင့် ငါတို့ရှာရမှာက မီးလောင်ပြီးနောက် ဗဟိုဆေးရုံရဲ့ အရေးပေါ်ဌာနက လူနာမှတ်တမ်းမဟုတ်ဘဲ ဒေသဆိုင်ရာ ဆေးရုံကြီးရဲ့ အရေပြားရောဂါဌာန ဒါမှမဟုတ် မီးလောင်ရာဌာနမှာ သားအမိနှစ်ယောက်ရဲ့ ဆေးမှတ်တမ်းတွေကို ရှိ၊မရှိကို ရှာရမှာ။"


ရှင်းယန်၏ သော့ချက်စကားလုံး 'တိုက်စားခြင်း' အခြေခံ၍ ကျိုးကြောင်းဆင်ခြင်ခြင်းဖြင့် လူတိုင်း၏ တွေးခေါ်မှုမှာ လုံးဝရှင်းလင်းလာသည်။


ရှင်းယန်၏ ကောက်ချက်ချမှုသည် လူသတ်သမား၏ စရိုက်လက္ခဏာများနှင့် ပြစ်မှုကျူးလွန်သောရည်ရွယ်ချက်အထိ အမှုတစ်ခုလုံးကို ရှင်းလင်းနိုင်သည်။ နောက်တစ်ဆင့်သည် အတည်ပြုရန် နောက်ဆုံးအဆင့်ဖြစ်သည်။


အချိန်က မနက် 3 နာရီထိုးနေပြီး ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်လိုက်သည်။ "မင်းရဲ့ကိုဩဒီနိတ်စနစ်စွမ်းရည်ကို အသုံးပြုလို့ရပြီလား။"


ကျန်းဖျင်စစ်: "အင်း၊ ‌အဆင်ပြေထားပြီ။"


ယွဲ့ရှင်းဝမ်က ချင်လုကို မေးလိုက်သည်။ "ကျောက်ထုလွှာလှုပ်ရှားမှုက ဘယ်နှစ်ကြိမ်ကျန်သေးလဲ။"


ချင်လု: အခုလေးတင် ငါ အဲဒါကို သုံးလိုက်တာ။ စောင့်ဆိုင်းချိန်ပြည့်ဖို့ မနက်ဖြန်ညအထိ ငါတို့ထပ်စောင့်ရမှာ။"


လျှိုကျောက်ချင်း ခေါင်းကိုက်စွာ ပြောသည်။ "မနက်ဖြန်ညဆိုရင်တော့ ငါတို့ အရမ်းနောက်ကျနေပြီမဟုတ်ဘူးလား။ ငါတို့ဘယ်လိုပဲတွေးပါစေ မှုခင်းရဲတွေကလည်း တွေးနိုင်တာပဲ။ ဒါ့အပြင် စစ်ဆေးဖို့ ငါတို့ထက် သူတို့က ပိုလွယ်ကူတယ်။ ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ သတင်းအချက်အလက်တွေကို ဆေးရုံးကြီးတွေကနေ အလိုအလျောက် ပေးပို့နိုင်တယ်။"


ရွှီယိရှန်း: "ချင်လုရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုမရှိဘဲ ဒီကနေ ထွက်ချင်ရင် ဂျူနီယာညီဘေးကို ထပ်ပြီးတူးခိုင်းရုံပေါ့။" သူက ယွဲ့ရှင်းဝမ်ကို အပြုံးဖြင့် ကြည့်ကာ "ဒါမှမဟုတ် ငါ့ရဲ့ mitosis ကိုသုံးပြီး အပြင်ကို တစ်ချက်လောက်သွားပြီး အနီးနားမှာ ဘယ်သူမှမရှိရင် မင်းတို့အတွက် ရှောင်နျန်ကို လမ်းကြောင်းတစ်ခုတူးခိုင်းလိုက်မယ်။ မင်းတို့က ဖျင်စစ်ရဲ့ ကိုဩဒီနိတ်စနစ်ကိုသုံးပြီး အပြင်ထွက်ပြီး စုံစမ်းလို့ရတယ်မလား။"


ယွဲ့ရှင်းဝမ်က ရိုးရိုးရှင်းရှင်းပဲ ဆုံးဖြတ်ချက်ချလိုက်သည်။ "ကောင်းပြီ၊ စီနီယာအစ်ကို အပြင်ထွက်ပြီး လမ်းသွားကြည့်လိုက်ပါ။"


ရွှီယိရှန်းသည် ချက်ချင်းပင် ကိုယ်ပွားငါးခုခွဲကာ ၎င်းတို့ထဲမှတစ်ခုကို မြေပြင်ပေါ် စေလွတ်ခဲ့ပြီး စူးစမ်းလေ့လာပြီးနောက် သူ၏မူလခန္ဓာကိုယ်သို့ ပြန်သွားကာ ပြောလိုက်သည်။ "အပြင်မှာ အရမ်းတိတ်နေတယ်၊ တစ္ဆေအရိပ်တောင် မရှိဘူး။"


ယွဲ့ရှင်းဝမ်က ကျန်းရှောင်နျန်ကိုကြည့်ကာ "လမ်းကို တူးလိုက်ပါ။"


ကျန်းရှောင်နျန်သည် လျှို့ဝှက်ဥမင်လိုဏ်ခေါင်းတူးရန် မြေတူးစက်ကို အလျင်အမြန်အသုံးပြုကာ မြေအောက်အခြေစိုက်စခန်းမှ လူအားလုံးထွက်လာနိုင်ခဲ့သည်။


ယွဲ့ရှင်းဝမ်က ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။ "ငါ၊ ဖျင်စစ်၊ စီနီယာအစ်ကိုလျှို၊ စီနီယာအစ်ကိုရွှီ၊ ခယ်ရှောင်ပင်းနဲ့ ရှင်းယန်တို့က အပြင်ထွက်မယ်၊ အဓိက ပစ်မှတ်ကတော့ ဒီမြို့မှာရှိတဲ့ ဆေးရုံကြီးတွေကို ရှာဖို့ပဲ၊ အထူးသဖြင့် အရေပြားရောဂါနဲ့ မီးလောင်ဌာနမှာ လွန်ခဲ့ငါးနှစ်က အမှုအချက်အလက်တွေကို ရှာဖွေပြီး ရှောင်းဝမ်ဟွေ့ရဲ့ မိန်းမနဲ့ သမီးတို့ရဲ့ အမှုရှိ၊မရှိကို ကြည့်မယ်။"


ရွှီယိရှန်း: "ရှောင်းဝမ်ဟွေ့နဲ့ သူ့မိဘတွေနဲ့ မိန်းမတို့ရဲ့ အမည်ခံ အခြားပိုင်ဆိုင်မှုတွေကို စစ်ဆေးဖို့ အိပ်ရာစီမံခန့်ခွဲရေးဗျူရိုကိုလည်း သွားရမယ်။"


ကျန်းဖျင်စစ်က တိုးတိုးလေးပြောလိုက်သည်။ "မြန်မြန်သွားကြစို့။"


နံနက် 3 နာရီတွင် အရက်ဆိုင်များ၊ KTV များ စသည်တို့တွင် ညဇီးကွက်တချို့သာ လှုပ်ရှားနေသဖြင့် လမ်းများ လွတ်နေပါသည်။ အားလုံး၏ အာရုံစူးစိုက်မှုကိုမခံရဘဲ ကျန်းဖျင်စစ်သည် အဖွဲ့လိုက် လေထဲတွင် ပျံဝဲနေခဲ့သည်။


ခယ်ရှောင်ပင်းသည် သူ့လက်ပ်တော့ကိုဖွင့်ပြီး မြို့၏မြေပုံကို ရှာကြည့်လိုက်သည်။ "မြူနီစီပယ်ပြည်သူ့ဆေးရုံကို အရင်သွားပါ..."


ကျန်းဖျင်စစ်သည် လမ်းညွှန်ချက်အရ ပါလာဘိုလာအချက်အလက်ကို တွက်ချက်ပြီး လူတိုင်းကို ဆေးရုံခေါင်မိုးပေါ် တိုက်ရိုက်ဆင်းသက်စေခဲ့သည်။ သူ့အတွေ့အကြုံအရ လျှိုကျောက်ချင်းသည် အတွင်းလူနာဌာန၏ မီးလောင်ရာဌာနနှင့် အရေပြားရောဂါဌာနကို လျင်မြန်စွာ တွေ့ရှိခဲ့ပြီး အချက်အလက်ကို ကူးယူရန်အတွက် ခယ်ရှောင်ပင်းကို ပြတင်းပေါက်မှ ခေါ်ဆောင်သွားခဲ့သည်။


မြူနီစီပယ်ပြည်သူ့ဆေးရုံကြီး၊ ဒုတိယမြူနီစီပယ်ဆေးရုံ၊ ဆေးတက္ကသိုလ် တွဲဖက်ဆေးရုံ...


ဆေးရုံတစ်ခုပြီးတစ်ခုရှာဖွေပြီးနောက် ခယ်ရှောင်ပင်းသည် လွန်ခဲ့သည့်ငါးနှစ်က ကုသခံခဲ့ရသော 'မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဆေးရုံ'၏။မီးလောင်ရာဌာနတွင် ရင်းနှီးသောအမည်နှစ်ခုကို တွေ့ရှိခဲ့သည်။ ချင်ရူနှင့် ရှောင်းနျန်ရူတို့ကို လွန်ခဲ့သောငါးနှစ်က ကုသမှုခံယူခဲ့သည်။


ခယ်ရှောင်ပင်းသည် အချက်အလက်များကို စိတ်လှုပ်ရှားစွာ ကူးယူပြီးနောက် လူတိုင်းနှင့်အတူ အိမ်ရာစီမံခန့်ခွဲရေးဗျူရိုထံ သွားခဲ့သည်။


ရွှီယိရှန်းသည် အိမ်ရာစီမံခန့်ခွဲရေးဗျူရို၏ စုံစမ်းရေးစင်တာကို တွေ့ရှိပြီး ခယ်ရှောင်ပင်းကို ကွန်ပျူတာ စကားဝှက်ဖော်ရန် တောင်းဆိုပြီးနောက် ရှောင်းဝမ်ဟွေ့၊ ချင်ရူနှင့် အခြားသူများ၏ ID နံပါတ်များကို ရိုက်ထည့်ကာ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး စုံစမ်းခဲ့သည်။ အိမ်ခြံမြေများကို ယခုအွန်လိုင်းတွင် အမည်ရင်းဖြင့်မှတ်ပုံတင်ထားသောကြောင့် ကျင်းထိုက်လူနေရပ်ကွက်ရှိအိမ်အပြင် ရှောင်းဝမ်ဟွေ့၏မိန်းမ၊ ချင်ရူသည် လက်မထပ်ခင် ဆင်ခြေဖုံးရပ်ကွက်များမှာ သူမဝယ်ယူခဲ့သော အိမ်ခြံမြေများရှိတာကို တွေ့ရှိခဲ့သည်။


ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ချတ်ချန်နယ်သို့ စုံစမ်းစစ်ဆေးရေး တိုးတက်မှုကို လျင်မြန်စွာ ပြောပြခဲ့သည်။ "ရှင်းယန်ရဲ့ထင်မြင်ချက်က မှန်တယ်။ ရှောင်းဝမ်ဟွေ့ရဲ့ မိန်းမနဲ့သမီးက မသေသေးပေမဲ့ သူတို့ရဲ့ခန္ဓာကိုယ်နေရာအများစုက ဓာတုပစ္စည်းတွေကြောင့် ပျက်စီးသွားခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူခဲ့ကြတယ်။ ယွဲ့ဟွာလူနေရပ်ကွက်၊ တောင်ဘက်ဆင်ခြေဖုံးက အဆောက်အဦး 7၊ နံပါတ် 102 ကို သူ့မိန်းရဲ့ပိုင်ဆိုင်မှုမှာ ငါတို့တွေ့ရှိခဲ့တယ်။"


ချင်လုက မေးသည်။ "နင်တို့ အခု စုံစမ်းဖို့ အဲဒီကို သွားမလို့လား။"


ယွဲ့ရှင်းဝမ်: "ဟုတ်တယ်၊ ငါတို့ မြန်မြန်လုပ်ရမယ်၊ ဒါကြောင့် ဒီညမအိပ်တော့ဘူး။ ဖျင်စစ်ရဲ့ ကိုဩဒီနိတ်စနစ်က နာရီဝက်စောင့်ဆိုင်းချိန်ပြီးသွားရင် ငါတို့ ယွဲ့ဟွာလူနေရပ်ကွက်ကို သွားမယ်။"


အခုလေးတင် ကျန်းဖျင်စစ်သည် လူတိုင်းကို ဆေးရုံတော်တော်များများဆီ ဆက်တိုက်ခေါ်သွားခဲ့ပြီး သူ၏စွမ်းရည် တစ်ဖန် စောင့်ဆိုင်းချိန်ရောက်သွားလေသည်။ ကံကောင်းထောက်မစွာ သင်္ချာဌာန၏ ကိုသြဒီနိတ်စနစ်စွမ်းရည်ကို မိနစ် 30 အတွင်း ပြန်လည်ရရှိနိုင်ပြီး ခရီးသွားသည့်အခါ အလွန်အသုံးဝင်သည်။


ထိုအချိန်တွင် လူတိုင်းသည် ရှောင်းဝမ်ဟွေ့၏မိန်းမနှင့်သမီးများ၏ ကုသမှုမှတ်တမ်းများကို ကြည့်ရင်း အိမ်ရာစီမံခန့်ခွဲရေးဗျူဂို၏ခေါင်မိုးပေါ်တွင် ပုန်းအောင်းနေကြသည်။


လျှိုကျောက်ချင်းက မျက်မှောင်ကြုတ်ကာ "သူ့မိန်းမနဲ့သမီးက ဆာလဖျူရစ်အက်ဆစ်ကြောင့် မျက်နှာမှာ ဒဏ်ရာရသွားပြီး 80% ကျော်က တိုက်စားသွားတယ်။ အရေးပြားအပေါ်ယံလွှာနဲ့ ‌အရေပြားအောက်ခံလွှာအားလုံးလည်း ထိခိုက်သွားပြီး တိုက်စားမှုက ကြွက်သားအလွှာအထိ ရောက်သွားတာကြောင့် အရေပြားအစားထိုးခြင်းတောင် ကုသဖို့ ခက်ခဲတယ်…"


ခယ်ရှောင်ပင်းက တိုးတိုးပြောသည်။ "80% က မျက်နှာတစ်ခုလုံး ပျက်စီးတာနဲ့အတူတူပဲ။ ပုံမှန်အတိုင်း အလုပ်သွားလို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူက သူ့မိန်းမနဲ့သမီးကို ဖုံးကွယ်ထားချင်တာ အံ့ဩစရာမရှိပါဘူး။" သူက ခေတ္တရပ်ပြီး ရှင်းယန်ကို သံသယဖြစ်စွာ ကြည့်ရင်း ပြောလိုက်သည်။ "လွန်ခဲ့တဲ့ငါးနှစ်က ဒီလိုဖြစ်ခဲ့တာဆိုတော့ ရှောင်းဝမ်ဟွေ့က ဘာကြောင့် မကြာသေးခင်ကမှ လက်စားချေဖို့ စတင်ခဲ့တာလဲ။"


ရှင်းယန်: "ယွဲ့ဟွာလူနေရပ်ကွက်ကို သွားကြည့်တဲ့အခါ ငါတို့ အဖြေကို ရှာတွေ့နိုင်မှာပါ။"


နာရီဝက်က လျင်မြန်စွာ ကုန်လွန်သွားသော ကျန်းဖျင်စစ်သည် မြေပုံပေါ်ရှိ တည်နေရာအရ ကိုသြဒီနိတ်စနစ်စွမ်းရည်ကို ထပ်မံလုပ်ဆောင်ပြီး လူတိုင်းကို တောင်ပိုင်းဆင်ခြေဖုံးရှိ ယွဲ့ဟွာလူနေရပ်ကွက်သို့ ခေါ်ဆောင်သွားခဲ့သည်။


ဤလူနေရပ်ကွက်သည် ဝေးကွာသောကြောင့် ကျန်းဖျင်စစ်သည် အမြန်ဆုံး လှုပ်ရှားမှုဖော်မြူလာကို အသုံးပြုပြီး လူတိုင်း ထိုနေရာသို့ ရောက်ရန် 15 မိနစ်ခန့် အချိန်ယူခဲ့ရသည်။


အဆောက်အဦး 7၊ နံပါတ် 102။


တံခါးများနှင့် ပြတင်းပေါက်များ ပိတ်ထားသည့်အတွက် အိမ်ထဲမှာ တစ်ယောက်ယောက်ရှိရင် ပြတင်းပေါက်ကနေ ဖောက်ဝင်ဖို့ ခက်လိမ့်မည်။ ယွဲ့ရှင်းဝမ်က ရွှီယိရှန်းကို အချက်ပြလိုက်ပြီး တစ်ဖက်လူက သူ၏ mitosis ကို တိုက်ရိုက်အသုံးပြုကာ အခန်းထဲသို့ စုံစမ်းစစ်ဆေးရန် ကိုယ်ပွားကိုထည့်လိုက်သည်။


ခဏအကြာတွင် ရွှီယိရှန်းသည် သူ့မျက်နှာပေါ်တွင် ရုပ်ဆိုးသောအမူအရာဖြင့် အိမ်ထဲကနေ တံခါးကိုဖွင့်လိုက်သည်။


ယွဲ့ရှင်းဝမ်က မေးလိုက်သည်။ "စီနီယာအစ်ကို အခြေအနေဘယ်လိုလဲ။"


ရွှီယိရှန်းက သက်ပြင်းချပြီး ပြောလိုက်သည်။ "အားလုံး ဝင်ပြီးလာကြည့်ကြ။"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘေးချင်းကပ်လျက် အိမ်ထဲသို့ ဝင်သွားကြသည်။


ဧည့်ခန်းတစ်ခုလုံး အဖြူရောင်များဖြင့် ပြည့်နှက်နေပြီး နံရံတွင် ချိတ်ဆွဲထားသည့် အဖြူအမည်းပုံများက ချင်ရူနှင့် ရှောင်းနျန်ရူတို့ သားအမိဖြစ်ကြောင်း သူတို့မြင်လိုက်ရသည်။


အိမ်သည် ပထမထပ်တွင် တည်ရှိပြီး အခမဲ့ပေးသော မြေအောက်ခန်းနှင့် အကျယ်အဝန်းတူညီသည်။


ရှင်းယန်နှင့် ခယ်ရှောင်ပင်းတို့သည် မြေအောက်ခန်းသို့ လှေကားမှဆင်းကာ ကျယ်ဝန်းသောနေရာအား အလွန်ပရော်ဖက်ရှင်နယ်ကျသော စမ်းသပ်ခုံတန်းလျားတစ်ခုနှင့် ပေါ်လီသင်းပလပ်စတစ်ဘူးများစွာကို မြေပြင်ပေါ်တွင် သေသေသပ်သပ်ချထားသည်။


ခယ်ရှောင်ပင်းက အထဲကိုကြည့်ချင်ပေမဲ့ ရှင်းယန်က ချက်ချင်း လက်ဆန့်ပြီး သူ့ကို ဆွဲလိုက်သည်။ "သတိထား"


ခယ်ရှောင်ပင်းသည် သတိရှိစွာ ရပ်လိုက်သည်။ "အထဲမှာ ဘာပါတာလဲ..."


ရှင်းယန်က တိုးတိုးပြောခဲ့သည်။ "ဟိုက်ဒရိုဖလိုရစ်အက်စစ်"


#TK