အပိုင်း ၁၂၁ (Extra 7)
Viewers 12k

[ကောကောရဲ့ အင်္ဂလိပ်စကားပြောက ကောင်းလိုက်တာ... အသံထွက်တွေက လုံးဝထိပ်တန်းပဲ...]
[ကောကောရဲ့ ခန္ဓာကိုယ်ကလည်းရှယ်ပဲ... အရပ်လည်းရှည်တယ် ခြေတံကြီးကလည်း အရှည်ကြီး...]
[ကောကောရဲ့ မျက်နှာကလည်း အကောင်းဆုံးပဲ အရမ်းချောတယ်... မင်မင်ထက်တောင်ချောနေသလိုပဲ...]
[မဟုတ်ပါဘူးနော် ကောကောရဲ့ အော်ရာကိုက တကယ့်ကို လွှမ်းမိုးခြယ်လှယ်နိုင်တဲ့ပုံကြီး... မင်မင်က ကောကောရှေ့မှာ ကလေးလေးကြနေတာပဲ...]
[ကောကောရဲ့လက်က အခုထိမချသေးဘူး... ဘုရားသခင်ရေ သူ့လက်ကို ချခိုင်းပေးပါလား...အတွေးတွေလွန်နေမိပါပြီ...]
[ဘာလို့ လက်ချထားရမှာလဲ (ရယ်နေ) ငါ့တို့ကောကောက မင်မင်နဲ့အတူတူကြီးပြင်းထာတာလေ... အခြားလူတွေထက် ကောကောကပဲ အသားယူရမှာပေါ့(ရယ်နေ)]
[တော်ပါတော့... ငါအဲ့တာတွေမတွေးချင်ပါဘူးဆို... ငါဖြူဖြူစင်စင်လေးပဲနေပါရစေ...]
[မရဘူးအပေါ်ထပ်က အစ်မရေ.... ရှင်က လုံးဝမဖြူစင်တော့ပါဘူး ညစ်ထေးနေပါပြီ...]
[ဟားဟားဟားဟားဟား....]
တိုက်ရိုက်ထုတ်လွှင့်သည့်နေရာတွင် ပျော်စရာအပြည့်ဖြစ်နေသည်။
စစ်ကျွင်းတောက်က ဝမ်မင်ယီကို စူပါးမားကတ်ရောက်သည်အထိ ပခုံးဖက်ထားပြီး အထဲရောက်မှလွှတ်ပေးလိုက်သည်။
အဖွဲ့သားများမှာ မည်သူကဘာဝယ်မည်ဟု ဆွေးနွေးနေကြသည်။ မဲခွဲမနေတော့ဘဲ ယောက်ျားလေးအဖွဲ့ မိန်းကလေးအဖွဲ့ဟူ၍သာ အဖွဲ့ခွဲချလိုက်သည်။
တောင်တက်သည့်အခါတွင် သုံးသောပစ္စည်စများကို စစ်ကျွင်းတောက်က သိပေသည်။ သူက ကျန်းဖုန်းကို ပရိုဂရမ်အဖွဲ့က သူတို့ကိုဘာပြင်ပေးထားသလဲမေးလေသည်။ ကျန်းဖုန်းကလည်း ဘာမှမပြင်ပေးဘဲ တဲများသာပြင်ပေးကြောင်း ပြောလေသည်။
စစ်ကျွင်းတောက်က မလွယ်ကူသလိုခံစားလိုက်ရသည်။
"ဒါဆို ကျွန်တော်တို့ အများကြီးဝယ်ရမှာပဲ..."
သူပြောလိုက်သည်နှင့် တစ်စုံတစ်ခုကိုတွေးမိပြီး အဖွဲ့သားများကို မေးလိုက်သည်။
"အကုန်လုံးမှာ အဝတ်အစားထူထူတွေ ယူလာကြလား...."
အချို့က ခေါင်းငြိမ်ပြပြီး အချို့က ကိုးရိုးကားရားရယ်ကြသည်။
စစ်ကျွင်းတောက်က နားလည်သွားသည်။
"အပိုပါတဲ့လူက နောက်တစ်ယောက်ကိုငှားပေးလိုက်ကြပါ.. လုံးဝမပါလာတဲ့လူတွေကတော့ တစ်ခုစီဝယ်မှရမယ်... ဒါပေမဲ့ ကျွန်တော်တို့သုံးရမယ့်ငွေက ကန့်သတ်ထားတယ်..."
လူတိုင်း "....."
ဝမ်မင်ယီကသက်ပြင်းချလိုက်ပြီး စစ်ကျွင်းတောက်၏လက်ကိုပုတ်လိုက်သည်။
"လုပ်ရမှာအများကြီးပါလား...."
စစ်ကျွင်းတောက်က ဘာမှပြန်မပြောဘဲ လူတိုင်းဆီမှ ပိုက်ဆံယူကာ ခေါင်းထဲတွင် အစီအစဉ်များချလေတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသူများက ဘဲမေမေနောက်လိုက်နေကြသော ဘဲသားပေါက်လေးများလို စစ်ကျွင်းတောက်နောက်လိုက်နေကြသော လူများကိုကြည့်နေလေသည်။ သူတို့က စစ်ကျွင်းတောက်ဝယ်ဟုပြောလျှင် ဝယ်ကြသည်။ မဝယ်ရဟုပြောလျှင် ချက်ချင်း ပြန်ချလိုက်သည်။
ကျိုးလျန့်လို အနည်းငယ် ဆိုးသွမ်းသောလူကလည်းရှိနေသးသည်။
"ကျွန်တော် အာလူးကြော်မစားရတာ တကယ်ကြာနေပြီ... တစ်ထုတ်တည်းဝယ်မှာလေနော်..."
စစ်ကျွင်းတောက်က အတော်လေး ကူကယ်ရာမဲ့သွားရသည်။
"ကျွန်တော်ပြန်ရောက်ရင် ကြော်ကျွေးပါ့မယ်... ငွေကအကန့်အသတ်နဲ့မလို့ပါဗျာ... နည်းနည်းလောက် ချွေတာရအောင်ပါ..."
ဝမ်မင်ယီက သံယောင်လိုက်လေသည်။
"ဟုတ်တယ် ပြန်ချထားလိုက်ပါ...."
ကျိုးလျန့်က အာလူးကြော်ကိုပြန်ချပြီး သူတို့နောက်ကို လိမ်လိမ်မာမာလေးလိုက်လာပြီး အခြား လိုအပ်သည်များကိုသာ ဝယ်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုက်ို ကြည့်နေကြသူများက မရယ်ဘဲ မနေနိုင်တော့ပေ။
[အစ်ကိုကြီးက ညီလေးအုပ်စုကို ဦးဆောင်နေတဲ့အတိုင်းပဲ...]
[ဟားဟားဟား.... အနိုင်ကျင့်နေတဲ့အစ်ကိုလို့ပြောရမလား.... အစ်ကိုကောင်းလို့ပြောရမလား....]
[ဒါပေမဲ့ ကောကောက အတော်လေးသိတယ်နော်... သူယူသမျှက အသုံးဝင်တာတွေချည်းပဲ...]
[ဟုတ်တယ်.... ကောကောက ဘာလုပ်တဲ့လူလဲပဲ... စကားပြောကောင်းသလို အပြုအမူလည်းကောင်းတယ်...]
[သူ့ကိုယ်ပိုင်စတိုင်နဲ့သူ ဦးဆောင်သွားတာနော်...]
[ဝမ်မင်ယီရဲ့ ပရိတ်သတ်အနေနဲ့က သူ့ကိုရှစ်ခါလောက် မြင်ဖူးတယ်ထင်တာပဲ... သူ့မှာ ပိုက်ဆံအတော်လေးရှိတော့ စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ရမယ်...]
[စီးပွားရေးလုပ်ငန်းရှင်က ရသစုံရှိုးကို လာမယ်တဲ့လား... အပေါ်ထပ်ကလူရေ ရူးနေလား...]
[စီးပွားရေးလုပ်ငန်းရှင်ဆိုတာနဲ့ လာလို့မရတော့ဘူးလား... တကယ်ဘဲနော် ဇွတ်ကို မနာလိုနေကြတာ...]
[CEOတွေဆိုတာက အားယားမနေဘူးလေ.. သူကြတော့ရော...]
[CEOတွေမှာ အားလပ်ချိန်မရှိလို့လား... ဘာတွေပြောနေတာလဲ...]
[ဟိုးအပေါ်ထပ်က အစ်မရေ ကောကောက CEOကြီးမှန်း ဘယ်လိုလုပ်သိလဲ ပြောပါဦး...]
[တကယ်တော့ စစ်ကျွင်းတောက်ကလေ မင်မင်နဲ့ အတော်လေးနီးစပ်တယ်ရယ်... ငါမင်မင်နောက်အတော်လေးလိုက်ဖူးတယ်... ငါဗွီဒီယိုလိုက်ရိုက်တိုင်း ကောကောစစ်ကျွင်းတောက် ခဏခဏပါလာတာမြင်တယ်... ဖျတ်ခနဲပါလာတာမျိုးတွေ အများကြီးပဲ...]
[လိမ်တာလားတော့မသိပေမဲ့ ချိုလိုက်တာ...]
[ဘုရားရေ လှလိုက်တဲ့ ညီအစ်ကိုချစ်ခြင်းပဲ.. တကယ်လေးစားမိတယ်...]
[ဘေးဖယ်ကြ ငါ့အိမ်က အစ်ကိုကို လွှင့်ပစ်ချင်လာလို့... ငါက တခြားမြို့က တက္ကသိုလ်ကိုတက်တာလေ... ငါ့အစ်ကိုကို လိုက်ပို့ပေးပါလားလို့ပြောတော့ ငါက ကလေးမဟုတ်တော့ဘူးလို့ပြောပြီး လိုက်မပို့ဘူးတော်... ငါ့အစ်ကို ငါနဲ့အတူတူသွားလာတာမျိုးက အရမ်းရှားပဲ...]
[ငါသည်းမခံနိုင်တော့ဘူး ချိုလိုက်တာ....]
[မနာလိုဘူး တကယ်မနာလိုတာ...]
ပရိုဂရမ်အဖွဲ့ပေးသည့်ပိုက်ဆံမှာ လောက်ရုံမျှသာဖြစ်ပြီး သူတို့လိုအပ်သည်များကို ဝယ်နိုင်ရုံမျှဖြစ်သည်။
စစ်ကျွင်းတောက်က ဟိုဟာသည်ဟာဝယ်ယူပြီး မိန်းကလေးများပြန်အလာကိုစောင့်လေသည်။
မိန်းကလေးများက ချိန်းဆိုထားသည့်အချိန်တွင် ပြန်ရောက်လာပြီး နှစ်ဖွဲ့လုံးက ပစ္စည်းများများကိုစစ်ဆေးကာ မလိုအပ်သည်များကိုပြန်ထားလိုက်သည်။ ခဏအကြာတွင် ငွေချေလိုက်သည်။
အပြန်လမ်းတွင် လူတိုင်းက ပျော်ရွှင်နေကြသည်။ မနက်ဖြန်တောင်တက်ရမည်ကိုတွေးပြီးရယ်မောနေကြလေသည်။
တောင်တက်ရန်အတွက် ပြင်ဆင်စရာများက များလှသည်။ သူတို့အိမ်ပြန်ရောက်သည်နှင့် အပေါ်ထပ်တက်ကြကာ ထုပ်ပိုးကြလေသည်။
စစ်ကျွင်းတောက်က ထုပ်ပိုးရန်အလျှင်မလိုပေ။ မီးဖိုချောင်ထဲဝင်ကာ အာလူးကိုဆေးပြီး အာလူးကြော်လုပ်ရန် ပြင်လေသည်။
ဝမ်မင်ယီက အပြုံးလေးဖြင့်ပြောလိုက်သည်။
"တအားတက်ကြွနေတာပဲနော်..."
"ကိုယ့်စကားနဲ့ကိုယ် ပြောသလိုလုပ်ရမှာပဲလေ..."
ဝမ်မင်ယီက စိတ်ဆိုးချင်ယောင်ဆောင်လေသည်။
"ကျွန်တော်က ကော ကို တခြားလူတွေအတွက် အာလူးကြော်ပေးဖို့ သဘောတူလို့လား...."
ပရိတ်သတ်များမှာ ပွက်လောရိုက်သွားပြန်သည်။
[ဘုရားရေ... ဝမ်မင်ယီကအရမ်းချစ်ဖို့ကောင်းတာပဲ...]
[ချိုလိုက်တာ... ဝမ်မင်ယီကတကယ့်ကို ကလေးဆိုးလေးကြလို့...]
[ကောကောကလည်း သူ့ရဲ့ပိုင်စိုးပိုင်နင်းအမူအယာကိုသဘောတွေကျနေတာ...]
[အရမ်းများလွန်းသွားပြီ... ဒီအတွဲက သကြားတွေ တအားကျဲချတာပဲ...]
[ငါဇာတ်ကားကြည့်တုန်းက ဝမ်မင်ယီကို အဲ့လောက်စိတ်မဝင်စားမိဘူး... အခုဒီရှိုးကြည့်မိမှ သူကအရမ်းချစ်ဖို့ကောင်းကြောင်းသိလိုက်ရတာပဲ..]
စစ်ကျွင်းတောက်က အာလူးနွှာနေရင်းမေးလိုက်သည်။
"ခွင့်မပြုထားဘူးလား..."
"ဒါပေါ့...."
ဝမ်မင်ယီက သူ့နားကပ်လာသည်။
"ကော ကြော်တာ ကျွန်တော်ပဲစားမှာ..."
စစ်ကျွင်းတောက်က ရယ်လိုက်သည်။
"သဘောမတူဘူးလားပြော...."
ဝမ်မင်ယီကပြောလိုက်သည်။
စစ်ကျွင်းတောက်က ငြင်ငြင်သာသာလေးပြောလိုက်သည်။
"သဘောတူပါတယ်ဗျာ..."
"ဒါဆိုလည်းပြီးရော...."
[အား.... ငါသေသွားပြီ... လာမကယ်ကြပါနဲ့တော့...]
[ကောကောကတကယ့်ကို ပြောစကားနားထောင်တဲ့ အိမ်မွေးတိရိစ္ဆာန်ကြီးလိုပဲ... မင်းပြောသမျှ အကုန်နားထောင်မှာပဲ...]
[ငါထပ်မကြည့်နိုင်တော့ဘူး... ငါ့မှာကြ ဘာလို့ဒီလိုအစ်ကိုမရှိတာလဲ... ငါ့အစ်ကိုနဲ့ လဲပေးကြပါ...]
[အစ်ကိုရှိတဲ့လူတွေပြောပေးကြပါ... အစ်ကိုအများစုက ဒီလိုပဲလားဟင်... ငါ့အစ်ကိုကတော့ ဒီလိုမဟုတ်ဘူးဟ.... ငိုနေပါပြီနော်...]
[ဒါဘာကို နိုင်ငံခြားခရီးစဉ်ရှိုးလဲ... ညီအစ်ကိုချစ်ခြင်းပြတဲ့ ရှိုးကို... ]
[ဝမ်မင်ယီမလာခင်ကတော့ ပုံမှန်နိုင်ငံခြား ခရီးစဉ်ရှိုးပဲ အပေါ်ထပ်ရေ...]
[ဝမ်မင်ယီရဲ့ ဂုဏ်ယူနေတဲ့ပုံကို တကယ်သဘောကျတယ်... ဟီးဟီး သူကအရမ်းချစ်ဖို့ကောင်းတာပဲ...]
[အပေါ်ထပ်ရေ ငါလည်းအတူတူပဲ....]
[ဟားဟား ဟားဟား ဟားဟား...]
စစ်ကျွင်းတောက်က အာလူးများကို ခပ်ပါးပါးလှီးလိုက်သည်။ ထို့နောက်တွင် ဆီပူထဲထည့်၍ကြော်လိုက်သည်။ အာလူးများကို ကြွပ်ရွစေရန် နှစ်ခါပင်ကြော်လိုက်သေးသည်။
ဝမ်မင်ယီက စားကြည့်လိုက်သည်။
"မဆိုးဘူး...."
စစ်ကျွင်းတောက်က အရသာမှုန့်များကိုရှာတွေ့သွား၍ အပေါ်ကဖြူးလိုက်ကာ ခရမ်းချဉ်သီးဆော့စ်ကိုပါ ပြင်လိုက်သည်။
ဝမ်မင်ယီက ပျော်ပျော်ကြီးစားလေသည်။
"အခြားသူတွေအတွက် ချန်လိုက်ဦး...."
စစ်ကျွင်းတောက်က နောက်တစ်ခုယူကာ ဝမ်မင်ယီကို ခွံ့ကျွေးလိုက်သည်။
ဝမ်မင်ယီက သူခွံ့ကျွေးသည်ကိုစားပြီး မျက်လုံးများကွေးညွတ်အောင် ပြုံးလိုက်သည်။
"ကျွန်တော့်ကို စိတ်ကျေနပ်အောင်လုပ်ပေးမှရမှာနောိ..."
စစ်ကျွင်းတောက်ကမေးလိုက်သည်။
"ကိုယ်က ဘယ်လိုလုပ်ပေးရမှာလဲ..."
ဝမ်မင်ယီကတွေးလိုက်ပြီး သူ့နားနားကိုကပ်ပြောလေသည်။
"အခန်းထဲပြန်ရောက်ရင် ကျွန်တော့်ကိုနမ်းရမယ်..."
စစ်ကျွင်းတောက်က အခန်းထဲပြန်ရန်ပင်မလိုဟု တွေးလိုက်သည်။ ဝမ်မင်ယီ၏ ခါးကိုကိုင်လိုက်ပြီးပြောလိုက်သည်။
"ကိုယ့်နောက်လိုက်ခဲ့..."
ထို့နောက်တွင် နှစ်ယောက်သား မီးဖိုချောင်ထဲကထွက်ကာ စတိုခန်းထဲဝင်လိုက်သည်။
စတိုခန်းထဲတွင် ကင်မရာမရှိပေ။ အထဲသို့ဝင်လိုက်သည်နှင့် စစ်ကျွင်းတောက်က တံခါးပိတ်လိုက်ပြီး ဝမ်မင်ယီကိုဖက်ကာ နမ်းရှိုက်လေတော့သည်။
ဝမ်မင်ယီက စစ်ကျွင်းတောက်ဤကဲ့သို့ ကင်မရာမမြင်ကွယ်ရာကိုရွေးပြီး သူ့ကိုနမ်းလာမည်ဟုမထင်ခဲ့ပေ။ အတော်လေးစိတ်လှုပ်ရှားသွားပြီး သူ့လက်မောင်းထဲပစ်ဝင်လိုက်သည်။
အမှောင်ထဲတွင် အချိန်အတော်ကြာနမ်းပြီးနောက်တွင် စစ်ကျွင်းတောက်က မေးလာသည်။
"ရပြီလား...."
"ခပ်ပြင်းပြင်းလေးလုပ်ကြည့်...."
ဝမ်မင်ယီက တိုးတိုးလေးပြောလိုက်သည်။ ထိုစကားကိုကြားပြီး စစ်ကျွင်းတောက်က သူ့နှုတ်ခမ်းများကို စုပ်ယူလေတော့သည်။
"ထပ်ပြင်းစေချင်သေးလား...."
ဝမ်မင်ယီက တိတ်တိတ်လေးပြုံးလိုက်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ဖြစ်နိုင်သေးရင်ပေါ့..."
လူနှစ်ယောက်မှာ စတိုခန်းထဲတွင် သုံးလေးကြိမ်မျှနမ်းလိုက်ကြသော်လည်း ထွက်လာရန် တွန့်ဆုတ်နေကြဆဲဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေကြသောလူများက သေလောက်အောင်စိတ်ပူသွားကြသည်
[ကင်မရာက ဘာလို့ပြောင်းသွားရတာလဲ...ငါဝမ်မင်ယီကိုမြင်ချင်တယ်လို့... သူတို့ မီးဖိုချောင်ထဲကနေ ဘယ်ရောက်သွားကြတာလဲ သိချင်တယ်...]
[ကင်မရာက ဘာလို့နေရာပြောင်းသွားရတာလဲ... ငါ့ကောကောက တိတိလေးကို ဘယ်လိုကျေနပ်အောင်လုပ်ပေးမလဲ သိချင်လို့စောင့်နေပါတယ်ဆိုမှပဲ...]
[ငါ့မှာသေလုမျောပါးဖြစ်နေတဲ့ သူငယ်ချင်းရှိတယ်... သူက သူမသေခင်လေး... ကောကောက တိတိလေးကို ဘယ်လိုစိတ်ကျေနပ်အောင် လုပ်ပေးလိုက်လဲသိချင်တယ်တဲ့... ငါ့သူငယ်ချင်းကို စိတ်ချလက်ချသေခိုင်းလိုက်ကြပါ...]
[အား.... ငါဒီရှိုးရဲ့ဒါရိုက်တာကို ဓားတွေပို့ချင်လာတယ်... ဒီတစ်ခေါက် ဘာလို့ ကင်မရာပိတ်လိုက်တာလဲလို့...]
[ငါ့ကောကောက တိတိကိုဘယ်လို ချော့လဲသိချင်ပါတယ်ဆို...]
[ငါငိုနေပြီနော်... တကယ်ငိုနေပြီ...]
[ငါတို့မြင်ချင်တယ်ဆိုနေမှပဲ... သူတို့ဘာလုပ်နေကြလဲ ပြောပြကြပါလား.... သိချင်လွန်းလို့ အူတွေအသည်းတွေယားနေပြီလို့...]
[စတူဒီယိုထဲမှာ လူတွေအများကြီးရှိတယ်ထင်လား.... ငါအခုချက်ချင်း သွားပြီးကြည့်မလို့...]
[သူတို့က နိုင်ငံခြားရောက်နေတာလေဟ... ငါ့ဒီတစ်သက် ကောကောက တိတိကို ဘယ်လိုစိတ်ကျေနပ်အောင်လုပ်ပေးလိုက်လဲ ကြည့်ခွင့်ရပါ့မလားနော်...]
ကင်မရာပေါ်တွင် ဝမ်မင်ယီပြန်ပေါ်လာချိန်တွင် လူတိုင်းအတူတူ အာလူးကြော်စားနေချိန်ဖြစ်သည်။
ပရိတ်သတ်များမှာမျက်ရည်ဝေနေတော့သည်။
[ဘာလို့ဒီကို ရောက်လာရတာလဲ.. ငါသိချင်တယ်လို့ အား.... စစ်ကျွင်းတောက်ကောကောက ငါတို့တိတိလေးကို ဘယ်လိုစိတ်ကျေနပ်အောင်လုပ်ပေးလဲ တကယ်မြင်ချင်တယ်လို့...]
[ငါလေးသကြားစားချင်ရုံပါ... ဘာလို့ဒီလောက်တောင် ခက်ခဲနေရတာလဲ...]
[အား... ကောကောက မင်မင်ကို အားလူးကြော်ကျွေးနေပြန်ပြီ.... သကြားတွေလာနေပြီ... အရမ်းချိုတယ်...]
[အရမ်းချိုတယ်ဝေ့.... ကောကောက မင်မင်ကို အရမ်းသဘောကျပုံပဲနော်... ခဏခဏခွံ့ကျွေးနေတာများ... မင်မင်က သူ့ဘာသာစားနိုင်ပါတယ်နော်...]
[အပေါ်ထပ်က အစ်မရေ... ဟားဟားဟားဟားဟားဟား....]
[ဒီနှစ်ထဲမှာ အကြိုက်ဆုံး ဝါးမြင်းလေးနဲ့ ဇီးသီးစိမ်းအတွဲပဲ...ခိခိခိခိ... ငါ့ကောကောက တအားအလိုလိုက်ပြီး သဘာဝလည်းကျတယ်... လူမမြင်ကွယ်ရာမှာဆို ပိုချိုလောက်မှာပဲ...]
[ဘုရားရေ.... လူမမြင်ကွယ်ရာမှာဆို ဖက်လည်းဖက်လောက်တယ်... အရမ်းကိုတင်းတင်းဖက်လောက်မှာ... ငါမေ့လဲတော့မှာပဲ... တကယ့်ကိုလှပတဲ့အချစ်ပဲ... အချစ်စစ်ပဲဖြစ်ရမယ်...]
[ငါလည်း အရမ်းကိုအစစ်အမှန်ဆန်တယ်လို့ ထင်မိတယ်... အဓိကအချက်က သူတို့က ဟန်ဆောင်နေတာမဟုတ်ဘဲ အရမ်းကိုသဘာဝကျနေလို့ပဲ...]
[ငါလည်းအဲ့လိုတွေးမိတယ် အတူတူကြီးပြင်းလာကြပြီး တစ်ယောက်လိုချင်တာ တစ်ယောက်သိကြတယ်... တကယ့်ကို စစ်မှန်တဲ့ သူငယ်ချင်းတွေပဲ...]
[ငါတော့ အဲ့လိုမထင်ဘူးနော်... ဘယ်သူငယ်ချင်းအချစ်က ဒီလောက် တွယ်ကပ်ပြီး အလိုလိုက်ကြလို့လဲ... နင်တို့သူငယ်ချင်းအချစ်က အရမ်းဂေးနေသလိုပဲနော်..]
[မသိဘူးဟေ့... အစစ်လား အတုလားမသိဘူး... အရမ်းချိုပြီးလိုက်ဖက်တယ်ဆိုတာပဲသိတယ်...]
[ဟုတ်ပါ့ဟယ် အရမ်းကိုလိုက်ဖက်တယ်...]
[ကျူးမားပဲ ကျူးမား... အရမ်းကိုလိုက်ဖက်ကြတယ်...]
[ငါမခံနိုင်တော့ဘူး... ငါ့ရဲ့သကြားခံနိုင်ရည်ထက် အရမ်းမြင့်နေပြီ... သုံးကျင်းလောက်ကို ကျော်နေပြီဟ...]
[ငါတော့မကြောက်ပါဘူး... ဟားဟား သကြားတွေကိုချစ်တယ်... သကြားတွေကိုမြတ်နိုးတယ်... မင်မင်ရေ.. နတ်သားလေးရေ သကြားတွေကြဲပေးပါဦးနော်...]
အာလူးကြော်စားပြီးနောက်တွင် ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့က အခန်းထဲပြန်ပြီး အထုတ်အပိုးပြင်လေတော့သည်။ ဝမ်မင်ယီက အထုတ်အပိုးပြင်ရသည်ကို မကြိုက်၍ စစ်ကျွင်းတောက် ထုပ်ပိုးပေးနေသည်ကိုကြည့်ပြီး စကားပြောနေသည်။
စစ်ကျွင်းတောက်က သူ့ပစ္စည်းများကိုပါ ထုပ်ပိုးပေးပြီး သူ့ကိုရေချိုးက အိပ်ရာပြင်ခိုင်းလိုက်သည်။
[အိပ်ကြတော့မှာလား...]
ပရိတ်သတ်များ ခေါင်းထောင်လာကြသည်။
[တစ်ကုတင်တည်းအိပ်ကြမှာတဲ့...]
[မြန်မြန်လေး မြန်မြန်လေး မြန်မြန်လေး မြန်မြန်လေးဗျို့.......]
[ငါတော့ တစ်ယောက်နဲ့တစ်ယောက် အိပ်ရာပေါ်တွန်းချတာကြည့်ချင်တယ်...]
[ငါတော့ ညီအစ်ကိုချင်းဘယ်လိုဖက်အိပ်လဲတကယ်သိချင်တယ်...]
[ညီအစ်ကိုတွေ ဘယ်လိုအိပ်ကြလဲ သိချင်တယ်..]
[ငါကတော့မတူဘူး... အိပ်ရာပေါ်တွန်းချတာရော အချင်းချင်းဖက်တာရောမြင်ချင်တယ်... အထူးသဖြင့် ကောကောက တိတိကို ဖက်ပြီး ခပ်ပြင်းပြင်းနမ်းတာမျိုးပေါ့...]
[ဟားဟား.... ဆက်မပြောပါနဲ့တော အစ်မရယ်... နားလည်ပါပြီ ...]
[ငါရောပဲ...]
သို့သော် သူတို့အားလုံးက ဝမ်မင်ယီ ကင်မရာပိတ်လိုက်သည်ကိုသာ မြင်လေသည်။
"ကောင်းသောညပါ..."
ခဏအကြာတွင် မြင်ကွင်းပြောင်းသွားတော့သည်။
[ငလူး... မင်မင်မကောင်းဘူး... ကင်မရာပိတ်ပစ်တယ်တဲ့....]
[ဖွင့်ပေးပါ... အတူတူအိပ်တာလေးကြည့်ချင်လို့ပါ...]
[ငါငိုနေပြီ.. တအားငိုနေပြီ... မင်မင်က ငါ့ရဲ့ ဖန်နှလုံးသားလေးကို ကွဲကြေသွားစေတာပဲ....]
သို့သော် ဝမ်မင်ယီက သူတို့ပြောနေတာဘာမှမသိပေ။ ကင်မရာပိတ်ပြီးသည်နှင့် စစ်ကျွင်းတောက်ပေါ် ခုန်အုပ်လိုက်သည်။
"ရေအတူတူချိုးကြစို့..."
စစ်ကျွင်းတောက်က သူ့လက်မောင်းထဲရှိလူကိုကြည့်ပြီး ပြုံးလိုက်ကာ ပွေ့ချီလိုက်သည်။
"ချိုးကြတာပေါ့...."