အပိုင်း ၁၂၀ (Extra 6)
Viewers 12k

ဝမ်မင်ယီက သေသေချာချာတွေးပြီးမေးလိုက်သည်။
"ငါ့ရဲ့ ပါတနာကို ခေါ်လာရမှာလား..."
"ဒါပေါ့ မစိုးရိမ်ပါနဲ့... မင်းစုန်ဟယ်ကိုခေါ်သွားလိုက်ပေါ့... ငါ့ပါတနာကို လုစုန့်နဲ့လဲလိုက်မယ်..."
"မလိုပါဘူး....."
ဝမ်မင်ယီက ငြင်းလိုက်သည်။
"နောက်တစ်ပိုင်း ဘယ်မှာရိုက်ကူးမှာလဲ ဘာအကြောင်းရိုက်မှာလဲသာပြောပါ...."
"Eနိုင်ငံမှာလေ....."
ကျန်းဖုန်းကပြောလိုက်သည်။
"တောင်တက်ပြီး bungee ခုန်မှာ...."
"ငါတွေးထားလိုက်မယ် ပြီးရင်အကြောင်းပြန်မယ်...."
ဝမ်မင်ယီကပြောလိုက်သည်။
"ကောင်းပြီလေ...."
ကျန်းဖုန်းက ဖုန်းချလိုက်သည်။
စစ်ကျွင်းတောက်ပြန်လာသည့်အချိန်တွင် ဝမ်မင်ယီကမေးလိုက်သည်။
"ကော အခုတလော အလုပ်ရှုပ်နေလား..."
"ဘာဖြစ်လို့လဲ...."
စစ်ကျွင်းတောက်ကမေးလိုက်သည်။
"ကျန်းဖုန်းက အခုရသစုံရှိုးရိုက်မယ်တဲ့... အဲ့ရှိုးမှာ ကျွန်တော့်ကို လာရိုက်ကူးဖို့အကူအညီတောင်းနေတာ... ဒါပေမဲ့ လာရိုက်ကူးတဲ့စတားတွေက သူတို့ရဲ့ ပါတနာကိုခေါ်လာရမယ်တဲ့လေ... ဒီတော့ ကျွန်တော်က ကော ကိုခေါ်သွားချင်လို့...."
ဝမ်မင်ယီက သူ့ကိုကြည့်ပြီးပြောလိုက်သည်။
"အတူတူသွားကစားရအောင်လေ... ဟုတ်ပြီလား..."
"ဘယ်တော့လဲ...."
"နောက်အပတ်ထဲ..."
"ဘယ်နှရက်လဲ..."
"သုံးရက်လောက်ပေါ့....."
စစ်ကျွင်းတောက်က သူ၏မျှော်လင့်တကြီးဖြစ်နေသော မျက်လုံများကိုကြည့်ပြီး ရယ်လိုက်မိသည်။
"ကောင်းပြီလေ... ကိုယ် စီစဉ်ထားလိုက်မယ်..."
"ကောင်းလိုက်တာ...."
ဝမ်မင်ယီပျော်သွားသည်။
"ဒါဆို ကျွန်တော် သူ့ကို သဘောတူတယ်လို့ပြောဖို့ ဖုန်းခေါ်လိုက်ဦးမယ်...."
"ကောင်းပြီလေ..."
နောက်တစ်နေ့တွင် စစ်ကျွင်းတောက်က လင်းမူကို ထိုအကြောင်းပြောပြီး သူ့အတွက် အားလပ်ရက်ငါးရက်ယူရန်ပြောလိုက်သည်။
လင်းမူက အတောအလေးအားကိုးရသည်။ ခဏအကြာတွင် သူ့အတွက် အစီအစဉ်များကို အသစ်ပြန်လုပ်ပေးလိုက်သည်။
ဝမ်မင်ယီလာမည်ဟုသိ၍ ပရိုဂရမ်အဖွဲ့က အပျော်ကြီးပျော်နေပြီး စိတ်လှုပ်ရှားလွန်း၍ အိပ်မရဖြစ်ကာ စာချုပ်ကိုအသေအချာပြင်ပေးလေသည်။ ချန်းလုက ဝမ်မင်ယီရပိုင်ခွင့်အတွက် အချက်အလက်အချို့ထည့်ပြီးမှ လက်မှတ်ထိုးပေးလိုက်သည်။
နောက်တစ်နေ့တွင် ပရိုဂရမ်က တရားဝင်ဖွင့်လေပြီ။ ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့က ခရီးဆောင်အိတ်ကိုထုတ်ပိုးပြီး လေဆိပ်ကို အတူတူသွားကြလေသည်။ သူတို့ လေဆိပ်ထဲဝင်သည်နှင့် ပရိတ်သတ်များစွာက ဝိုင်းအုံလာခဲ့သည်။ စစ်ကျွင်းတောက်က ဝမ်မင်ယီရှေ့ကို ချက်ချင်းထွက်ရပ်လိုက်ပြီး တစ်လမ်းလုံးကာကွယ်ပေးသွားခဲ့သည်။
သူတို့ထွက်သွားပြီးမှ ပရိတ်သတ်များက ပြန်လည်တုံ့ပြန်လာနိုင်သည်။
"ငါ့တိတိလေးဘေးနားကဘယ်သူလဲ... ဘော်ဒီဂတ်လား... အခုခေတ်ဘော်ဒီဂတ်တွေက ဒီလောက်ချောနေကြပြီလား...."
"ငါတော့ ဘော်ဒီဂတ်လို့မထင်ဘူး.... ရင်းနှီးနေသလိုခံစားရပေမဲ့ မမှတ်မိဘူးဖြစ်နေတာ....'
"ငါ့တိတိရဲ့ ကောကောလို့ခံစားနေရတယ်နော်..."
"ဟမ်..."
"အဲ့တာ ငါတို့တိတိလေးခွေးကိုကယ်ပေးချိန် သူ့ဘေးမှာရှိနေတဲ့ ကောကောမလား..."
သူမပြောလိုက်သည်နှင့် လူတိုင်းက မှတ်မိသွားကြသည်
"ဟုတ်တယ်သူပဲ... ဒါကြောင့်ရင်းနှီးနေတာကိုး...."
"ငါ့တိတိလေးကချောလိုက်တာနော်... သူ့ကောကောကလည်းချောချက်ပဲ....."
လူတိုင်းက စစ်ကျွင်းတောက်အကြောင်း စိတ်ဝင်တစားပြောနေကြသည်။
"ဒီတော့ ငါ့တိတိလေးကဒီတစ်ခေါက်ဘာသွားလုပ်တာလဲ... သူ့ကောကောကိုရော ဘာလို့ခေါ်သွားတာလဲ...."
ပရိတ်သတ်များက အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်လေသံတည်းထွက်လာသည်မှာ "ငါလည်းမသိဘူးလေ....." ဟုသတည်း။
.....
ကျန်းဖုန်းနှင့် စုန့်ဟယ်တို့ကအစောကြီးကတည်းက ရိုက်ကူးရေးစနေပြီဖြစ်ပြီး ပရိုဂရမ်အဖွဲ့နှင့်အတူ ဝမ်မင်ယီကိုစောင့်နေကြသည်။
အခြားဧည့်သည်များက ဝမ်မင်ယီလာမည်မှနိးမသိ၍ မည်သူလာမည်လဲ သိချင်နေကြသည်။
အရသစုံရှိူးမှာ တိုက်ရိုက်ထုတ်လွှင့်ပြသနေရာ အင်တာနက်အသုံးပြုသူများကလည်း မည်သူလာမည်ဖြစ်ကြောင်း ငြင်းခုန်နေကြသည်။
ဝမ်မင်ယီက တံခါးခေါက်လိုက်ပြီး အထဲသို့ဝင်လာချိန်တွင် လူတိုင်း၏ခေါင်းများက ဝမ်မင်ယီဘက်လှည့်လာကြသည်။ သူတို့ဝမ်မင်ယီကိုမြင်သည်နှင့် ချက်ချင်းစိတ်လှုပ်ရှားသွားကြသည်။
"ဘရားရေ ဝမ်မင်ယီပဲ...."
ကျန်းရှု့ရှု့ကပြောလိုက်သည်။
"ပရိုဂရမ်အဖွဲ့က ဝမ်မင်ယီကိုဖိတ်လိုက်နိုင်တယ်ပေါ့..."
"Peng Shenghuiဆိုတာ ဘာလဲသိလား..."
ကျိူးလျန့် က သူ့ပါတနာကိုပြောလိုက်သည်။
"အဲ့တာက အခုပဲ....."
အင်တာနက်အသုံးပြုသူများမှာလည်း သူတို့လိုပင် အံ့အားတကြီးဖြစ်သွားကြပြီး "အား အား အား...."ဟူသော ကျည်ဆန်ကွန်းမန့်များစွာ တက်လာသည်။
[လိမ်နေတာမလား.... ဝမ်မင်ယီကြီးတဲ့လေ... ပရိုဂရမ်အဖွဲ့က အရမ်းအံ့ဩဖို့ကောင်းတာပဲ....]
[ဝမ်မင်ယီ... တိတိလေးကိုချစ်တယ်....]
[ဘုရားရေ... ဒါပုံမှန်ရှိုးလေးပဲလေ သူတို့က ဝမ်မင်ယီကိုခေါ်ဖို့ တတ်နိုင်တယ်တဲ့လား...]
[ပရိုဂရမ်အဖွဲ့က ဒီတစ်နှစ်လုံးစာ ပိုက်ဆံသုံးပြီး ဝမ်မင်ယီကိုခေါ်လာတာနေမှာ... ဟား ဟားဟား ]
[ဝမ်မင်ယီက အရမ်းနာမည်ကြီးနေပေမဲ့ သူ့ရဲ့မူလရည်ရွယ်ချက်ကို မမေ့ဘူး... အခုလိုမထင်မရှား ရှိုးလေးမှာတောင် ဝင်ပါသေးတယ်... ငါသူ့ကိုတကယ်သဘောကျတယ်...]
[ကျန်းဖုန်းက သူ့ကိုဖိတ်လိုက်တာများလား... အချင်းချင်းဇာတ်တိုက်ထားတာများလား... ငါလည်းမသိတော့ဘူး...]
[အဲ့လိုမပြောစမ်းနဲ့... သူတို့အချင်းချင်းတည့်နေတာမြင်လို့လား... ဇာတ်တိုက်ထားတယ်ဆိုရင် ရောက်လာလာချင်းကတည်းက ချနေကြပြီပေါ့...]
[ဘာမှမနာလိုအူတိုဖြစ်မနေနဲ့... ဝမ်မင်ယီကဖြင့် ရုပ်ရှင်ဘုရင်ဖြစ်နေပြီ... ကျန်းဖုန်းကရော.. အခုထိဘာအလုပ်မှမရသေးဘူး...]
[ပြဿနာမရှာနဲ့တော့.... ကျန်းဖုန်းကလည်း အရင်နှစ်က "flower world"မှာ ပါခဲ့တာပဲ... သူ့ရဲ့အင်တာဗျူးမှာဆိုရင် ဝမ်မင်ယီထောက်ခံပေးလို့ ဒီနေရာကိုရတယ်လို့ပြောခဲ့တယ်လေ.... fandomတွေကဖြင့် အခုဆိုရန်မဖြစ်တော့ဘူး သူငယ်ချင်းတွေဖြစ်ကုန်တာကြာပြီ... ပြဿနာမရှာကြစမ်းနဲ့...."
ခဏအကြာတွင် တိုက်ရိုက်ထုတ်လွှင့်သည့်နေရာတွင် ကျည်ဆန်ကောမန့်များစွာ တက်လာပြီး ပရိုဂရမ်အဖွဲ့ကလည်း hot searchဝယ်ချလိုက်သည်။ အင်တာနက်အသုံးအပြုများစွာက ချက်ချင်း liveထဲဝင်လာကြပြီး ရသစုံရှိုးကို ကြည့်ကြလေသည်။
ဝမ်မင်ယီနှင့် စစ်ကျွင်းတောက် အထဲသို့ဝင်လာကြသည်။ မည်သူက စလိုက်သလဲမသိပါသော်လည်း လူတိုင်းက လက်ခုပ်တီးပြီးကြိုဆိုကြလေသည်။
"မင်္ဂလာပါ... ဒါကျွန်တော့် ကော. ပါ စစ်ကျွင်းတောက်လို့ခေါ်တယ်...."
ဝမ်မင်ယီကပြောလိုက်သည်။
"ကျွန်တော့်ကော နဲ့ ကျွန်တော်က ဒီအပိုင်းမှာ ခဏတာဧည့်သည်တွေအဖြစ် ပါဝင်သွားကြမှာပါ... ဒီအပိုင်းမှာ ပါဝင်ကစားကြမှာဖြစ်တော့ ကျွန်တော်တို့ဆိုးဆိုးဝါးဝါးတွေလုပ်မိရင် စိတ်မဆိုးကြပါနဲ့နော်..."
လူတိုင်းရယ်မောလိုက်ကြသည်။
ဝမ်မင်ယီလည်းရယ်မောလိုက်သည်။
"ခရီးဆောင်အိတ်တွေအရင် ယူကြတာပေါ့... ငါမင်းတို့ကို အခန်းလိုက်ပြမယ်....."
ကျန်းဖုန်းနှင့် စုန့်ဟယ်ရောက်လာပြီး စစ်ကျွင်းတောက်နှင့် ဝမ်မင်ယီတို့ကို အပေါ်ခေါ်သွားသည်။
"အခန်းမလောက်တော့လို့ မင်းက မင်းရဲ့ကော နဲ့ တစ်ခန်းတည်းနေလို့ရမလား..."
စုန့်ဟယ်မေးလိုက်သည်။
သူနှင့် ကျန်းဖုန်းတို့က ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်၏ဆက်ဆံရေးကို flower worldရိုက်ကတည်းက သိနေသဖြင့် အခြားလူများလို မစပ်စုချင်နေပေ။
ဝမ်မင်ယီက ခေါင်းသာငြိမ့်လိုက်သည်။
"ရပါတယ်...."
လူတိုင်းက ကိုယ့်အခန်းကိုယ်ဝင်ကာ ခရီးဆောင်အိတ်များထားကြသည်။ ကျန်းဖုန်းနှင့် စုန့်ဟယ်တို့က ဟင်းချက်တာဝန်ကိုရကြသည်။ စကားအနည်းငယ်မျှပြောပြီးနောက်တွင် စစ်ကျွင်းတောက်နှင့် ဝမ်မင်ယီကိုထားခဲ့ပြီး အောက်ထပ်ကိုဆင်းလေသည်။
ထိုအချိန်တွင် စစ်ကျွင်းတောက်အကြောင်း စိတ်ဝင်စားနေကြသော အင်တာနက်အသုံးပြုသူများက ကြွက်ကြွက်ညံနေကြသည်။
[ဝမ်မင်ယီမှာ အစ်ကိုရှိတယ်လား...]
[မျိုးရိုးနာမည်မတူတော့ ဝမ်းကွဲတွေပဲဖြစ်ရမယ်...]
[ဝမ်မင်ယီရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ ငါတို့တိတိလေးက သူနဲ့ငယ်ငယ်ကတည်းက အတူကြီးပြင်းလာခဲ့တဲ့ အိမ်နီးချင်းအစ်ကိုတစ်ယောက်ရှိတယ်လို့ပြောဖူးတယ်...]
[ကျူးမား... ကျူးမား..] "
[သေစမ်း... ဝမ်မင်ယီက ချစ်ဖို့ကောင်းချက်ပဲ...]
[ငါလည်း ကျူးမားကိုကြိုက်တယ်.... အဲ့လိုပြောမှတော့ ဝမ်မင်ယီက ရသစုံရှိုးကို စတားတစ်ယောက်ခေါ်မလာဘဲ သာမန်လူကို ခေါ်လာတယ်နော်...]
[ဘာပဲဖြစ်ဖြစ်ပါ သူတို့ဆက်ဆံရေေကောင်းတယ်လေ...]
[ချစ်စရာလေး ငါတို့အချစ်လေးဘာချက်နေတာလဲမသိဘူး...]
[စောင့်ပါဦး အစ်မရယ်... ကျွန်တော်မျိုးမလည်း ငါ့ကောကောချက်တာစားချင်ပါတယ်ဆို...]
ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့က အဝတ်အစားများကို နေရာချလိုက်ကြသည်။
"အောက်ဆင်းကြရအောင်..."
ဝမ်မင်ယီပြောလိုက်သည်။
"အကူအညီလိုသေးလား သွားကြည့်ကြတာပေါ့..."
"ကောင်းပြီလေ...."
အောက်ထပ်နှ စတားများမှာ ချက်ပြုတ်ရန် ပြင်ဆင်နေကြပြီး ယောက်လေးအများစုက ဘာမှမလုပ်တတ်သဖြင့် ဟင်းသီးဟင်းရွက်များဆေးကျောရန်ကို ခိုင်းကြပြီး အချို့မှာမူ မီးဖိုချောင်ထဲမှ နှင်ထုတ်ခံထားကြရသည်။
ဝမ်မင်ယီအောက်ထပ်ဆင်းလာသည်နှင့် ဆိုဖာပေါ်တွင်ထိုင်နေပြီး မနက်ဖြန်တောင်တက်ရန်အတွက် မြေပုံကိုကြည့်နေသော ကျန်းဖုန်းကိုမြင်လိုက်ရသည်။
"စုန့်ဟယ်ဘယ်မှာလဲ...."
"မီးဖိုချောင်ထဲမှာ ဟင်းချက်နေတယ်..."
"ဒါဆို မင်းကြဘာလို့သွားမချက်တာလဲ..."
"မချက်တော့ဘာဖြစ်လဲ..."
ကျန်းဖုန်းက ဘုတောတောလိုက်သည်။
"မင်းသွားချက်ပါလား...."
ဝမ်မင်ယီ "...."
ဝမ်မင်ယီပြုံးလိုက်သည်။
"ငါ့ကော. ချက်လိမ့်မယ်...."
"မင်းကောကော သွားချက်မယ် မင်းကသွားမချက်ဘူးပေါ့..."
"ငါ့ကော သွားရင် ငါသွားတာနဲ့အတူတူပဲ..."
ဝမ်မင်ယီကပြောလိုက်သည်။
"ငါ့ကော က ငါ့အတွက်နေ့တိုင်းချက်ပေးတယ်... စုန့်ဟယ်က မင်းအတွက်နေ့တိုင်းချက်ပေးလို့လားပြော..."
အက်တာနက်အသုံးပြုသူများပေါက်ကွဲသွားကြပြန်သည်။
[အရမ်းချိုတာပဲ.... စစ်ကျွင်းတောက်က ဒီလောက်ချစ်ဖို့ကောင်းတဲ့ အစ်ကိုမျိုးပေါ့လေ...]
[ငါ့အိမ်နီးချင်းအစ်ကိုကြ ဘာလို့သူ့လိုမဖြစ်ရတာလဲ... ငါ့အစ်ကိုကြီးကလည်း ငါ့အတွက် နေ့တိုင်း မချက်ပေးချင်ဘူး... ငါ့ဘာသာပဲချက်စားနေရတာ...]
[တိတိလေးက အရမ်းလူကပ်တာပဲ...]
[ကျန်းဖုန်းနဲ့ စုန့်ဟယ်တို့က တကယ်အစစ်ပါဆို ငါပြောတာမှန်တယ်တွေ့လား ဟားဟားဟားဟားဟား ....]
[ဒီကမ္ဘာကြီးထဲမှာ မင်မင်သာ ငါ့မောင်လေးဆို နေ့တိုင်းကို ချက်ကျွေးပစ်မှာပဲ..]
ကျန်းဖုန်းက ဝမ်မင်ယီပြောသည်ကိုကြားပြီး ဘယ်လိုပြန်ပြောရမလဲပင် မသိတော့၍ စိတ်ဖိစီးသလိုသာကြည့်လိုက်သည်။
"မင်းပြောတာလွန်သွားပြီ..."
"မင်းလည်း အများကြီးပြောပစ်တာပဲလေ...."
ဝမ်မင်ယီကပြောလိုက်သည်။
"ဒါနဲ့ မင်းဘာကြည့်နေတာလဲ..."
"မနက်ဖြန်တက်ကြမယ့် တောင်ရဲ့မြေပုံ...."
"ကြည့်နေနှင့်လိုက် ငါမီးဖိုချောင်ထဲမှာ ကူစရာရှိလား သွားကြည့်လိုက်ဦးမယ်..."
သူနှင့် စစ်ကျွင်းတောက်တို့ မီးဖိုချောင်ထဲဝင်လိုက်ချိန်တွင် မိန်းကလေးအချို့နှင့် စုန့်ဟယ်တို့က အလုပ်ရှုပ်နေကြသည်။ ဝမ်မင်ယီကမေးလိုက်သည်။
"ကျွန်တော် ကူပေးရဦးမလားဗျ...."
မိန်းကလေးများက ငြင်းဆိုလေသည်။
"ရတယ် ရတယ်... ကျွန်မတို့လုပ်လိုက်မယ်..."
ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့ တပ်ပြန်ဆုတ်လာခဲ့ရသည်။
ခဏအကြာတွင် အစားအသောက်များက အဆင်သင့်ဖြစ်ပြီဖြစ်၍ ကောင်မလေးများက ဟင်းပွဲများကို သယ်ထုတ်လာကြသည်။ လူတိုင်း စားပွဲပေါ်တွင်ထိုင်ပြီး စတင်စားသောက်ကြလေသည်။
"မနက်ဖြန် ကျွန်တော်တို့က တောင်တက်ပြီး bungee ခုန်မှာဆိုတော့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေကို စူပါမားကတ်သွားဝယ်ကြရအောင်...."
ဝမ်မင်ယီက အသေအချာနားထောင်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ညစာစားပြီးနောက်တွင် ဟင်းမချက်ကြသော ယောက်ျားလေးများက ပန်းကန်ဆေးကြပြီး မိန်းကလေးများက အဝတ်အစားလဲကာ အိတ်များယူ၍ ဈေးဝယ်ထွက်ရန် ပြင်ကြလေသည်။
သို့သော် တစ်နာရီမျှလမ်းလျောက်ပြီးချိန်တွင်ပင် စူပါမားကတ်ကို မမြင်ရကြသေးပေ။ အကုန်လုံးက စိုးရိမ်လာတော့သည်။
"လမ်းမှားသွားတာများလား...."
"လမ်းမေးလိုက်ပါလား...."
ကျန်းရှုရှုကအကြံပြုလိုက်သည်။
"ဘယ်သူမေးမှာလဲ...."
ကျိုးလျန့်က သူမကိုမေးလိုက်သည်။
အချင်းချင်း သူကြည့်ငါကြည့်နှင့် အင်္ဂလိပ်စာမတော်သော လူတစ်စုမှာ ကြောင်တောင်တောင်လေးဖြစ်နေကြသည်။
ထိုသို့ အကျဉ်းအကျပ်ဖြစ်နေသော အခြေအနေတွင် ကျန်းဖုန်းက သူ့ကိုယ်သူစတေးပြီးလမ်းမေးရန်ပြင်ချိန်တွင် သူ့ဘေးမှ ကျွမ်းကျင်လှသော အင်္ဂလိပ်စကားပြောသံထွက်ပေါ်လာသည်။ သူလှည့်ကြည့်လိုက်သောအခါတွင် စစ်ကျွင်းတောက်က နယ်ခံများနှင့် စကားပြောနေလေပြီ။
"ဒီလမ်းအတိုင်းသွားရမှာပါ...."
စစ်ကျွင်းတောက်က လမ်းသိသွား၍ သူတို့ကိုလမ်းပြလေသည်။
လူအုပ်ကြီးမှာသူ့နောက်မှပြေးလိုက်ပြီး အချင်းချင်းတီးတိုးပြောကြလေသည်။
"အရမ်းမိုက်တာပဲ...."
ဝမ်မင်ယီက အလွန်ဂုဏ်ယူနေသည်။ သူက အပြုံးကြီးကြီးပြုံးလိုက်သည်။ စစ်ကျွင်းတောက်လည်းပြုံးလိုက်ပြီး သူ့ပခုံးကိုဖက်ကာ ဦးဆောင်သွားလေသည်
ဝမ်မင်ယီက လိမ်လိမ်မာမာလေး သူ့ဘေးမှလိုက်လေသည်။
ထိုမြင်ကွင်းကိုကြည့်နေကြသော အင်တာနက်အသုံးပြုသူများမှာ ပွက်လောရိုက်သွားပြန်သည်။
[သေစမ်း ချိုလိုက်တာတအားပဲ.... ကောကောက အရမ်းကို လူကြီးလူကောင်းဆန်တာပဲ..]
[ကောကောရေ လက်လေးဘေးချထားပါလား... ဘေးမှာကားမရှိပါဘူး.. ဘာလို့ဆက်ကိုင်ထားတာလဲ...]
[ဆက်ဖက်ထားပါစေ.... ညီအစ်ကိုချင်းဖက်တာဘာဖြစ်လဲ... ဒါပုံမှန်ပဲလေ... ဖက်ခိုင်းထားလိုက်...]
[အား..... ငါအများကြီးမစဉ်းစားချင်ပေမဲ့ ငါ့အတွေးငါရပ်တန့်လို့မရဘူး.....]
[ကောကောရေ လက်ပြန်ချလိုက်ပါတော့... မရတော့ဘူး အတွေးတွေပေါက်ကုန်ပြီ...]
[ငါကြိုက်တယ် ဟီးဟီး ဟီးဟီး... ဒီလိုဖြူစင်တဲ့ ညီအစ်ကိုဆက်ဆံရေးကို ကြိုက်တယ်...]
[အပေါ်ထပ်ကလူရေ ဒါက တကယ့်ကို ဖြူစင်တဲ့ညီအစ်ကိုဆက်ဆံရေးပါ.... ဒီလိုဆက်ဆံရေးမျိုး လူ့အဖွဲ့အစည်းမှာ အများကြီးလိုအပ်တယ်...]